← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

အမျိုးသမီးလျို့သည် နှုတ်ခမ်းများအားတင်းတင်းစေ့ကာ ကျန်းရှီထံစိုးရိမ်တကြီးကြည့်လိုက်၏။

ကျန်းရှီမှာအခြေအနေကောင်းနေပါသေးသည်။ဘဝတစ်လျှောက်လုံး အခြားလူများ၏အမူအယာကို ဖတ်ရင်းကုန်ဆုံးလာသူဖြစ်၍ အခြေအနေအချိန်အခါ ဝေဖန်ပိုင်းခြားရာတွင် ကျွမ်းကျင်လှ၏။

သူမသည် တိုးတိတ်စွာမေးလိုက်သည်။

"တစ်ကယ်အရေးတကြီးလုပ်စရာရှိတာလား"

စူးယွင်သည် ခေါင်းငြိမ့်၍

"ကျွန်မတော့ အဲ့လိုထင်တာပဲ"

"အချိန်မဖြုန်းဘဲ ကျွန်မနောက်ကအမြန်လိုက်ခဲ့ကြ။ကျွန်မကအရမ်းအလုပ်များတယ်"

သူမစကားမဆုံးသေးခင်မှာပင် စူးယွင်မှာလေပြည်အလား အထဲသို့ခပ်သွက်သွက်လျှောက်သွားကာ လူအုပ်အား သူမ၏ထွက်သွားသောပုံရိပ်မှတစ်ပါး မည်သည်မှ ချန်မထားရစ်ခဲ့ပေ။

စူးမြောင်သည် ကျန်းရှီ၏လက်အားကိုင်၍ မေးလိုက်၏။

"အမေ ကျွန်မတို့သွားကြမှာလား"

ကျန်းရှီသည် စူးယွင်၏ကျောအားကြည့်ကာ စူးမြောင်၏လက်ကို အသာပုတ်ပေးလိုက်သည်။ခဏတာတိတ်ဆိတ်နေပြီးနောက် သူမစိတ်ထဲရှိမတင်မကျဖြစ်နေမှုကို ပြန်ထိန်းကာ အံကြိတ်၍ပြောလိုက်၏။

"အထဲဝင်ပြီး အရင်ကြည့်ကြစို့"

တစ်မိသားစုလုံးမှာ စူးယွင်မှသူတို့ကိုကူညီမည်အား စောင့်ဆိုင်းနေခြင်းဖြစ်ပေသိ ယခုသူတို့မှာစူးယွင်ပြောသည်အားနားမထောင်ပါလျှင် သူတို့လုပ်နိုင်သည်တို့မရှိနိုင်တော့ပေ။

စူးယွင်သည် စင်မြင့်အောက်တွင် တည်တည်ငြိမ်ငြိမ်ရပ်နေကာ သူတို့ဝင်လာသည်အား ထူးထွေဟန်လုပ်မနေခဲ့ချေ။

လူအုပ်စုမှာ ပြဿနာဖြစ်မည်အား စိုးထိတ်ကြောက်ရွံ့နေကြ၏။အရာရှိဝတ်စုံဝတ်ထားသောကောင်တီတရားသူကြီးနှင့် ဘေးနှစ်ဖက်ရှိ အကြည့်စူးစူးများဖြင့် တုတ်တစ်ချောင်းစီကိုင်ထားကြသော အရာရှိများအားတွေ့သော် သူတို့ကျောများ၌ဇောချွေးမထွက်ဘဲမနေခဲ့ပေ။

(ပေါင်ချိန်ကားထဲကလိုလေ သိတယ်မလား။ပေါင်လူကြီးမင်းက ထိပ်ဆုံးက ဘေးကနေ တုတ်တွေကိုင်ပြီး အမှုစစ်ရင်တုတ်ကိုဆောင့်ချပြီးအော်ကြသလိုလေ)

သူတို့သည် စူးယွင်နောက်၌ မဝံ့မရဲဖြင့်ရပ်ကာ လှည့်ပတ်မကြည့်ရဲကြဘဲ မျက်လုံးပြူးများဖြင့်သာ အချင်းချင်းအကြည့်ဖလှယ်နေကြသည်။

စူးယွင်သည် အရင်တစ်ခေါက်နှင့်မတူသောကောင်တီတရားသူကြီးအား မော့ကြည့်လိုက်၏။အရင်တရားသူကြီးမှာ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံထားရသည်ဟု သူမကြားလေသည်။

သူ့အားအာရုံအရမ်းမစိုက်တော့ဘဲ ဦးညွှတ်ကာ တရားသူကြီးအားလျှောက်တင်လိုက်၏။

"ဒီအရပ်သူအမျိုးသမီးစူးယွင်က နစ်နာမှုတွေအတွက် တရားသူကြီးကနေ အရေးယူပေးဖို့မျှော်လင့်ပါတယ်"

တရားသူကြီးသည် သူ့လက်ဖြင့်ခုံအားခေါက်ကာ စူးရှသောလေသံဖြင့်အမိန့်ပေးလာ၏။

"ပြောစေ"

"စူးမိသားစုက ကျွန်မကိုအစောပိုင်းနှစ်တွေထဲကနှင်ထုတ်ခဲ့ကြပါတယ်။အခု ကျွန်မမိသားစုဒုက္ခရောက်ချိန်မှာတော့ တစ်မိသားစုလုံးက သားသမီးကျင့်ဝတ်ဆိုတာကိုသုံးပြီး အကျပ်ကိုင်ဖို့လုပ်ရင်း ကျွန်မအတွက် ခက်ခဲအောင်လုပ်နေကြတာပါ။တရားသူကြီးက ကျွန်မအတွက်ရပ်တည်ပေးဖို့ မျှော်လင့်ပါတယ်"

စူးယွင်သည် တည်ငြိမ်ပေသိ စိတ်ဖိစီးမှုတို့ဖြင့်ပြည့်နေသော လေသံဖြင့်ပြောလိုက်၏။

တရားသူကြီး၏အကြည့်မှာ လူအုပ်ထံရောက်သွားပြီး ပြတ်သား၍မှန်းဆရခက်သောမျက်နှာမှာ သူ့အတွေးများအား သိမြင်နိုင်ရန် ခက်ခဲအောင်လုပ်နေတော့သည်။

"မင်းတို့ကဘယ်သူတွေလဲဆိုတာ မင်းတို့ဘာသာ မိတ်ဆက်ကြ"

လူအုပ်မှာ ကြမ်းပြင်ထက်ဒူးညွှတ်၍ မိတ်ဆက်ရန်မတ်တပ်ရပ်လိုက်ကြ၏။

"ကျွန်တော်မျိုးမက အရပ်သူအမျိုးသမီးစူးလျို့ပါ။

ကျွန်တော်မျိုးမက အရပ်သူအမျိုးသမီးစူးကျန်းပါ။

ကျွန်တော်မျိုးမက အရပ်သူစူးဖူပါ။ကျွန်တော်မျိုးမက အရပ်သူစူးမြောင်ပါ"

"တရားသူကြီးကို နှုတ်ဆက်ပါတယ်"

တရားသူကြီးသည် တည်ငြိမ်သောလေသံဖြင့်ပြောလာ၏။

"အမျိုးသမီးစူးလျို့ အမျိုးသမီးစူးကျန်း.....စူးယွင်ပြောတာကမှန်ပါသလား"

အမျိုးသမီးနှစ်ဦးမှာ အတန်ငယ်တုန်ယင်သွားပြီး သူတို့အသံမှာကြားရရုံလောက်မျှပင်ထွက်၍ ဖြေလာသည်။

"မဟုတ်ပါဘူး"

သူတို့အသံမှာ တိုးလျလွန်း၍ တရားသူကြီးမပြောနှင့် သူတို့ဘေးရပ်နေသော စူးယွင်ပင်သူတို့အဖြေကို ကြားရသည်ဆိုရုံပင်။

တရားသူကြီး၏အသံမှာ ရုတ်ချည်းကျယ်လောင်သွား၏။

"ဖြေလေ"

အမျိုးသမီးနှစ်ဦးမှာ ခေါင်းများငုံ့၍ အသံကျယ်ကျယ်ဖြင့်ဖြေလိုက်ကြသည်။

"တရားသူကြီးကိုပြန်ဖြေရမယ်ဆိုရင် စူးယွင်ပြောသမျှအကုန်လုံးမှားယွင်းနေပါတယ်။ကျွန်မတို့သူမကို.....အိမ်ကနေနှင်မချခဲ့ပါဘူး။အဲ့ဒါကဖြစ်စေရုံ.....အဲ့ဒါ....အဲ့ဒါက...."

အမျိုးသမီးလျို့သည် စကားဆုံးအောင်မပြောနိုင်တော့ဘဲ သူမမျက်လုံးများမှာအကြောက်တရားတို့ဖြင့် ပြည့်နေပြီးကျန်းရှီ၏အင်္ကျီလက်ကို ဆွဲလိုက်၏။

သဘောပေါက်လွယ်သော ကျန်းရှီမှာ ချက်ချင်းဆက်ပြောလိုက်သည်။

"အဲ့ဒါက ကျွန်မတို့တွေ သူမကို သင်ခန်းစာတစ်ခုသင်ပေးချင်ကြရုံပါ။သူမမိဘနှစ်ပါးလုံးက မရှိကြတော့သလို အဘိုးအဘွားတွေကလဲ အသက်ကြီးလှပါပြီ။သူမရဲ့အကြီးအနေနဲ့ သူမကိုသင်ပြပေးဖို့က ကျွန်မရဲ့တာဝန်ပါ"

"တရားသူကြီး သူမရဲ့ရုပ်ရည်ကြောင့် လှည့်စားမခံလိုက်ပါနဲ့။သူမက တစ်ကယ်တော့ ထိန်းမနိုင်သိမ်းမရကလေးတစ်ယောက်ပါ။သူမအကြီးတွေကို ရိုသေလေးစားမှုမရှိသလို အငယ်တွေကိုလည်း ဂရုမစိုက်တတ်ပါဘူး။သူမကတစ်ကယ်ကို ပြဿနာရှာတတ်တဲ့ကလေးတစ်ယောက်ပါ"

ဤအချိန်တွင်တော့ ကျန်းရှီသည် စူးယွင်မှာ မိသားစုအားကူညီရန် ဆန္ဒမရှိသလို သူမတို့အားတရားဥပဒေဖြင့်ဆန့်ကျင်ရန် စီစဉ်နေသည်ကိုသဘောပေါက်သွားလေပြီ။

သူမမှာအကြင်နာမဲ့ပြနေမှတော့ ကျန်းရှီသည် သူမတို့သည်လည်း စာနာသနားမှုပြရန်အကြောင်းအရင်းမရှိဟု ထင်လေသည်။

တရားသူကြီးမှာ အခြားလူများပြောသည်ကို နားထောင်ပြီးနောက် သူ၏အကြည့်မှာ စူးယွင်ထံ ရောက်လာ၏။

"စူးယွင် မင်းမှာပြောချင်တာရှိသေးလား"

စူးယွင်သည် လေးလေးနက်နက်ဦးညွှတ်၍ တည်ငြိမ်စွာပြောလိုက်သည်။

"ကျွန်မမှာ ကျွန်မရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့ အထောက်အထားတွေရှိပါတယ်"

"တင်ပြစေ"

စူးယွင်သည် စုဆောင်းထားသမျှသက်သေတို့ကို ဗန်းပေါ်တင်လိုက်၏။

သူမမှာ သူတို့သည် မကောင်းသောအကြံအစည်များသိမ်းထားသည်ဟု သံသယရှိ၍ စူးမိသားစုအားစုံစမ်းရန် တစ်ယောက်ယောက်လွှတ်ပေးဖို့ နဉ်ကျင်းထံတိတ်တဆိတ်အကူအညီတောင်းခဲ့သည်။

သက်သေများအားစစ်ဆေးပြီးနောက် တရားသူကြီးမှာ အမျက်ထွက်လာတော့၏။

တရားသူကြီးသည် စားပွဲအားလက်ဖြင့်ရိုက်ချကာ ဒေါသကြောင့်သူ့အသံမှာ ကျယ်လောင်သွားသည်။

"မင်းတို့က ကလေးမကိုအနိုင်ကျင့်ပြီး မိသားစုကနေ နှင်ထုတ်ခဲ့ကြတယ်။ပြီးတော့ အခုကျ သူမကိုအပိုင်ချည်ဖို့ သားသမီးကျင့်ဝတ်ကိုသုံးပြီး မင်းတို့အရှုပ်တွေရှင်း‌ခိုင်းစေချင်တယ်ပေါ့"

စူးမိသားစုမှာ ဖြစ်မြောက်ခဲ့ကြပေသိ လတ်တလော၌ စူးမိသားစုခေါင်းဆောင်မှာ ခရီးသွားကုန်သည်တစ်ဦးနှင့် တွေ့ဆုံခဲ့လေသည်။ထိုကုန်သည်သည် ဆားကုန်သည်မိသားစုမှဆင်းသက်လာပြီး သူ၏ဘိုးဘေးများမှာလည်း ကြွယ်ဝကာလွှမ်းမိုးမှုရှိသည်ဟု ဆိုလေ၏။

နှစ်ပေါင်းများစွာကြာအောင် စူးမိသားစုခေါင်းဆောင်သည် ဥပဒေအားစစ်ဆေးခြင်းမရှိဘဲ စူးမိသားစုကို စိုးမိုးခဲ့ခြင်းဖြစ်သည်။သူ၏ကိုယ့်ကိုကိုယ်ယုံကြည်မှုမှာ အတော်လေးကြီးပြီး သင့်တော်သည့်စုံစမ်းမှုပင်မလုပ်ဘဲ ထိုကုန်သည်နှင့်ပူးပေါင်းရန် ငွေများရင်းနှီးမြှပ်နှံခဲ့လေ၏။

အဆုံးတွင်တော့ ထိုလူသည်ပိုက်ဆံများဖြင့်ထွက်ပြေးကာ သူတို့မှတရားရုံးဆီတင်ပြရန်လုပ်ချိန်တွင်တော့ ထိုလူအကြောင်းနှင့် အလုပ်အကိုင်အားလုံးမှာ အကြံအဖန်များသာဖြစ်ကြောင်း သိလိုက်ကြတော့သည်။ယခု ထိုကုန်သည်မှာ ခြေရာတစ်စမကျန်ဘဲ ပျောက်ကွယ်သွားပြီပင်။

သို့သည်ကိုပင် ယခုအမျိုးသမီးနှစ်ယောက်မှာ ဗြောင်ငြင်းနေကြသေး၏။

"မဟုတ်ရပါဘူး တရားသူကြီးမင်း။သူမလျှောက်ပြောနေတာတွေကို နားမထောင်ပါနဲ့။အဲ့သက်သေတွေက အတုတွေဖြစ်ရပါမယ်"

"ရဲတင်းလိုက်တာ"

တရားသူကြီးသည် စားပွဲအားလက်ဖြင့်ထပ်ရိုက်ချကာ စူးရှသောလေသံဖြင့်

"ငါ့ရှေ့မှာ အမှန်ပြောဖို့ငြင်းနေကြတုန်းပေါ့"

"တစ်ယောက်ယောက်လာစမ်း ဒီအမျိုးသမီးနှစ်ဦးကို ဆွဲထုတ်ပြီးကြိမ်ဒဏ်ဆယ်ချက်စီပေးလိုက်"

"ဟုတ်ကဲ့"

အမျိုးသမီးနှစ်ဦးမှာ ကြမ်းပြင်ထက်ဒူးထောက်ကာ သူတို့ခေါင်းအားပြင်းပြင်းထန်ထန်ဆောင့်ချ၍

"တရားသူကြီးမင်း ကျေးဇူးပြုပြီးအမျက်မထွက်ပါနဲ့။ကျွန်မတို့ထပ်မလုပ်ရဲတော့ပါဘူး"

သူတို့၏နောက်ခံကျောရိုးမရှိပါဘဲ ကျန်မိသားစုဝင်များမှာ မည်သည့်ပြဿနာမှပတ်မရှာနိုင်ကြတော့ရာ သူတို့၏လုပ်ရပ်မှားများအား ဒူးထောက်ဝန်ခံကြတော့သည်။

"အခုကစပြီး စူးယွင်ဟာ စူးမိသားနဲ့ထပ်သက်ဆိုင်မှုမရှိတော့ဘူးလို့ ငါအမိန့်ချတယ်။မင်းတို့တွေ သူမကိုထပ်ပြီးအနှောင့်အယှက်ပေးခွင့်မရှိတော့ဘူး"

"ဟုတ်ကဲ့ပါ"

တရားသူကြီးသည် သူမဘက်ခေါင်းလှည့်ကြည့်ကာမေးလိုက်၏။

"စူးယွင် မင်းမှာတောင်းဆိုစရာတစ်ခုခုရှိသေးလား"

စူးယွင်မှပြန်‌ဖြေလိုက်သည်။

"တရားသူကြီးရဲ့စီစဉ်မှုက အကောင်းဆုံးဖြစ်ပေမယ့် ကျွန်မမှာတောင်းဆိုစရာတစ်ခုရှိနေပါတယ်"

"ဒါဆိုပြောစေ"

"ကျွန်မရဲ့မိဘတွေက စောစောဆုံးပါးသွားကြတော့ လူကြီးတွေအတွက် မြေချဖို့နဲ့စောင့်ရှောက်ဖို့တာဝန်တွေကို ကျွန်မက ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး။အခုကျ ကျွန်မက စူးမိသားစုဝင်မဟုတ်တော့လို့ အများကြီးဝင်မစွက်ဖက်နိုင်တော့တာအမှန်ပါ။ကျွန်မမိဘများရဲ့ ဝိညာဉ်တွေစိတ်သက်သာရာရစေဖို့ လူကြီးတွေအတွက် ဒီနှစ်တွေမှာ ထောက်ပံ့ကြေးပေးဖို့ပဲ ဆန္ဒရှိပါတယ်"

"ခွင့်ပြုတယ်"

စူးယွင်သည် ဦးညွှတ်၍

"ကျေးဇူးတင်ပါတယ် တရားသူကြီးမင်း"

ပြဿနာအားဖြေရှင်းပြီးသော် စူးယွင်လဲဝမ်ကောဆီပြန်လာခဲ့၏။သို့သော်ငြား သူမအိမ်ပြန်လမ်းတွင် တစ်စုံတစ်ယောက်နှင့်တွေ့ခဲ့လေသည်။

သူ့မျက်နှာမှာ ဆိုးဆိုးဝါးဝါးလောင်ကျွမ်းခံထားရပြီး သူဘယ်သူဆိုသည်အား မမှတ်မိနိုင်အောင်လုပ်နေလေ၏။

သို့သော် စူးယွင်သည် ရင်းနှီးနေသလိုခံစားနေရသည်။သူမမှစကားစရန်ပြင်လိုက်စဉ် ထိုလူ့အသံကိုကြားလိုက်ရ၏။

"စူးယွင် ငါသုန်းကွေ့ပါ"

All Chapters