← Chapters

အလယ်ပိုင်းဒေသ ထျန်ကျောင်း၊ ကျန့်ဟုန်၏ လာရောက်လည်ပတ်ခြင်း

Vol. 51 Ch. 751

အလယ်ပိုင်းဒေသ ထျန်ကျောင်း၊ ကျန့်ဟုန်၏ လာရောက်လည်ပတ်ခြင်း

Vol. 51 Ch. 751

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဒါက အံ့သြစရာတော့ မဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ ရှောင်တန်ချန်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ရွှယ်အန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

"ဆရာ.. ဒီ ကောင်းရှင်းဟိုင်က မဟုတ်မှ..."

ရွှယ်အန်းသည် ခေါင်းအသာငြိမ့်ပြပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ သူ့မှာ သတ်ဖြတ်ချင်တဲ့စိတ် ရှိခဲ့တာ သေချာတယ်"

ရှောင်တန်ချန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် ဆေးသမားတော်တစ်ဦးဖြစ်ပြီး မည်သည့်နေရာသို့ သွားပါစေ လေးစားမှုအား ခံရသူဖြစ်သည်။

ထို့ပြင် သူသည် ကောင်းရှင်းဟိုင်နှင့် သိကျွမ်းသူလည်းဖြစ်သည်။

သို့သော် ထိုသူ့မှာ ဤသို့ မောက်မာတက်ကာ ရည်မှန်းချက်ကြီးတက်သည်။

ရှောင်တန်ချန် ဒေါသမထွက်ဘဲ မည်သို့နေနိုင်ပါမည်နည်း။

ထိုအချိန်တွင် ရွှယ်အန်းသည် ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ရဲ့ တွက်ချက်မှုက မှားသွားတယ်၊ လေလံပွဲကိုတောင် ငါ ကြည့်ချင်စိတ်မရှိဘူးဆို အခုချိန် သူ အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ"

ထိုစကားကို ကြားသောအခါ ရှောင်တန်ချန်၏ နှလုံးသားထဲတွင် အေးစက်မှုမျ ဖြတ်ပြေးသွားသည်။

သူ့ဆရာရွှယ်အန်းသည် အရှေ့ပိုင်းဒေသရှိ ဂိုဏ်းများမှ လေးစားရသော နတ်ဘုရားသတ်ဖြတ်သူဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။

သူ၏ စကားလုံးများထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ရှောင်တန်ချန်ကိုပင် တိတ်တဆိတ် ထိတ်လန့်သွားစေသည်။

"ဒီ အလယ်ပိုင်းဒေသရဲ့ ကောင်းကင်ဂိုဏ်းကတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ရှောင်တန်ချန်က လျင်မြန်စွာ ပြောလိုက်သည်။

"သခင် အလယ်ပိုင်းဒေသက တခြားဒေသတွေနဲ့ မတူတာက သူတို့ရဲ့ ဧရိယာကြောင့်ပါ၊ အဲ့မှာ ကြယ်တွေလို မရေမတွက်နိုင်တဲ့ ဂိုဏ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ဂိုဏ်းပေါင်းစုံတို့ရဲ့မြေလို့တောင် ခေါ်ကြပါတယ်"

"ပြီးတော့ ဒီဂိုဏ်းတွေထဲမှာလည်း အဆင့်သတ်မှတ်ချက်တွေ ရှိသေးတယ်"

"သာမန်ဂိုဏ်းငယ်လေးတွေကို မော်တယ်ဂိုဏ်းလို့ခေါ်ပြီး၊ သူတို့အထက်မှာ အထက်တန်းဂိုဏ်းတွေရှိပြီး အဲ့ဒီထက်ပိုမြင့်ရငါတော့ နတ်ဘုရားဂိုဏ်းလို့ ခေါ်တယ်၊ ဒါပေမဲ့ အင်အားအကြီးဆုံး ဂိုဏ်းတွေကိုကျ ကောင်းကင်ဂိုဏ်းလို့ ခေါ်ပါတယ်"

"တစ်ချိန်က ကောင်းကင်ဂိုဏ်း ဆယ့်နှစ်ဂိုဏ်းဆိုပြီး ရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ တိုက်ခိုက်မှုတွေနဲ့ ရှင်းလင်းဖယ်ရှားမှုတွေ အပြီးမှာ သုံးခုပဲ ကျန်ပါတော့တယ် သူတို့ကတော့ ကျန့်ဟုန်တိုက်၊ ရှုန်းမော့ ချိုင့်ဝှမ်းနဲ့ ကျီလဲ့ခန်းမတို့ဖြစ်ပါတယ်"

"ဒီဂိုဏ်းသုံးခုက အလယ်ပိုင်းဒေသရဲ့ ထိပ်တန်း အင်အားကြီးတွေပါပဲ"

"ပြီးတော့ ရွှယ်လွေ့လီ ဆိုတဲ့လူက ကျန့်ဟုန်တိုက်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ပါ၊ ဂိုဏ်းတစ်ခုအတွင်းမှာ တပည့်တွေကို အဆင့်များစွာ ခွဲခြားထားတာကို ဆရာ သိမယ်နဲ့တူတယ်၊ အနိမ့်ဆုံးကို အခြေခံတပည့်၊ ပြီးရင် အဆင့်၀င်တပည့်၊ အပြင်စည်းတပည့်၊ အဲ့ဒီနောက်မှာ အတွင်းစည်းတပည့်တွေဖြစ်ပြီး၊ အမြင့်ဆုံးကတော့ တိုက်ရိုက်တပည့်တွေပါပဲ"

"ဥပမာအနေနဲ့ ဆရာသတ်ခဲ့တဲ့ သံမဏိအရိုးမဟာမိတ်က ကျီမိသားစုရဲ့ သားအကြီးဆုံး ကျီလီဟွေးဆိုရင် အလယ်ပိုင်းဒေသက ယွီရွှီနန်းတော်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ပါ"

"ဒါပေမဲ့ တိုက်ရိုက်တပည့်တွေအထက်မှာ ပိုပြီးမြင့်မားတဲ့ တည်ရှိမှုတစ်ခု ရှိပါသေးတယ်၊ အဲ့ဒါကို လက်ရွေးစင်တပည့်စစ်စစ် လို့ ခေါ်ပါတယ်"

"အဲ့လူက ဂိုဏ်းတွင်းက တပည့်အားလုံးကို ချေမှုန်းနိုင်လောက်တဲ့ ကျင့်ကြံမှုအဆင့် ရှိပြီး အံ့မခန်း ပါရမီရှိသလ်ု ဂိုဏ်းရဲ့ နောက်ဆက်ခံမယ့် ခေါင်းဆောင်လို့ သတ်မှတ်ခံရသူတွေသာ ဒီဘွဲ့ကို ရနိုင်တာပါ"

"ရွှယ်လွေ့လီက အရမ်းကို အေးစက်ပြီး အလှအပမှာလည်း ပြိုင်ဘက်ကင်းတယ်လို့ ပြောကြပါတယ်၊ သူက အသက်တစ်ရာ လောက်လေးနဲ့ ရွှေအင်မော်တယ်အဆင့်ကို ဖောက်ထွက်နိုင်ခဲ့ပြီး အခု သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းနေပါပြီ၊ အမှန်တရားရှာဖွေသူများ စာရင်းမှာဆို သူက အဆင့် ၈ နေရာမှာ ရှိနေပါတယ်"

"အိုး၊ အမှန်တရားရှာဖွေသူများ စာရင်း ဟုတ်လား?"

ရွှယ်အန်းက မေးလိုက်သည်။

ရှောင်တန်ချန်က ခေါင်းညိတ်သည်။

"သခင် မသိသေးလောက်ဘူးနဲ့တူတယ် အလယ်ပိုင်းဒေသမှာ အမှန်တရားရှာဖွေသူများစာရင်း လို့ခေါ်တဲ့ စာရင်းတစ်ခု ရှိတယ်၊ အဲ့စာရင်းထဲမှာ အင်မော်တယ်အဆင့်ကို ဖောက်ထွက်နိုင်ခြေရှိတဲ့ ဂိုဏ်းပေါင်းစုံက လူငယ်တပည့်တွေရဲ့ နာမည်တွေ ပါဝင်ပါတယ်၊ ဒါကြောင့် ဒီလိုနာမည်ကို ပေးထားတာပါ"

"ရွှယ်လွေ့လီက အဆင့် ၈ မှာပဲ ရှိတယ်ဆိုပေမယ့် အလယ်ပိုင်းဒေသမှာ ကျင့်ကြံသူ သန်းပေါင်းများစွာထက်မက ရှိပြီး ဒီစာရင်းထဲမှာ လူ ၂၀ ပဲ ပါဝင်တာပါ"

"ရွှယ်လွေ့လီ အဆင့် ၈ မှာ ရှိနေတာကပဲ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းသတ္တိကို ပြနေပါပြီ"

ရွှယ်အန်းသည် ခေါင်းလည်းမညိတ် ခေါင်းလည်းမခါပဲ ရုတ်တရက် မေးလိုက်သည်။

"သွေးပင့်ကူတောင်ကရော"

ရှောင်တန်ချန်၏ မျက်နှာအမူအရာသည် သွေးပင့်ကူတောင် ဆိုသော စကားလုံးသုံးလုံးကို ကြားလိုက်ရသောအခါ သိသိသာသာ ပြောင်းလဲသွားသည်။

"သခင် ဘာလို့ ဒီဂိုဏ်းအကြောင်း မေးတာလဲ"

"ဘာမှမဟုတ်ပါဘူး၊ သိချင်လို့ပါပဲ"

ရှောင်တန်ချန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"တကယ်တော့၊ ကျွန်တော် သခင့်ကို အားလုံး မိတ်ဆက်ပေးလို့ မပြီးသေးပါဘူး"

"အလယ်ပိုင်းဒေသရဲ့ ကောင်းကင်ဂိုဏ်းတွေအထက်မှာ တကယ်တမ်း တည်ရှိနေတဲ့ နောက်ထပ် ဂိုဏ်းတစ်ခု ရှိပါသေးတယ်၊ လူတွေက အဲ့ဒါကို ယွမ်ဂိုဏ်း (Yuan Sect) လို့‌ ပြောကြတယ်"

"ပြီးတော့ ယွမ်ဂိုဏ်းက တစ်ခုပဲ ရှိတယ်၊ အဲ့ဒါက သွေးပင့်ကူတောင်ပါပဲ"

"ဒါက အလယ်ပိုင်းဒေသတစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး ဂိုဏ်းဖြစ်ပြီး သူ့ရဲ့ တပည့်တွေက လူအများရှေ့ကို သိပ်မထွက်ကြဘူး အများအားဖြင့် အလယ်ပိုင်းဒေသရဲ့ နတ်ဘုရားနယ်မြေ အတွင်းမှာပဲ လှုပ်ရှားကြတယ် ဒါပေမဲ့ သူတို့ရဲ့ တပည့်တွေက အမှန်တရားရှာဖွေသူများစာရင်းကို အုပ်စိုးထားပြီး၊ ထိပ်ဆုံးနေရာအများစုကို နေရာယူထားကြတယ်"

"အော်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ရှောင်တန်ချန်က ရွှယ်အန်း၏ မျက်နှာအမူအရာကို သတိဖြင့် အကဲခတ်ကြည့်လိုက်ရာ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရမှ သက်ပြင်းချနိုင်ခဲ့သည်။

သူသည် ဤနတ်ဘုရားသတ်ဖြတ်သူက သွေးပင့်ကူတောင်မှ တစ်စုံတစ်ယောက်နှင့် ပဋိပက္ခတစ်ခုခု ဖြစ်ပွားမည်ကို အမှန်ပင် စိုးရိမ်နေခဲ့သည်။

သူသည် ရွှယ်အန်း၏ ကျင့်ကြံမှုအဆင့်ကို အလွန်လေးစားသော်လည်း သွေးပင့်ကူအိမ်တောင်နှင့် ရင်ဆိုင်ရလျှင်တော့ ကွေ့ယီကြယ်တစ်ခုလုံးတွင် မည်သူမျှ အနိုင်ရနိုင်သည်ဟု ပြောရဲမှာ မဟုတ်ပေ။

ရှောင်တန်ချန်သည် နောက်ထပ် စကားအနည်းငယ် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ အခန်းသို့ ပြန်သွားသည်။

ရွှယခအန်းက ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ သူ၏ အစွမ်းထက်သော နတ်ဘုရားအာရုံသည် နက်ရှိုင်းသောမိုးကြိုး မြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယခုအခါ ရွှယ်အန်း၏ နတ်ဘုရားအာရုံသည် မယုံနိုင်လောက်အောင် စုစည်းနေပြီဖြစ်သည်။

ထို့ကြောင့် လုံခြုံရေးတင်းကြပ်စွာ ချထားသော နက်ရှိုင်းသောမိုးကြိုးမြို့ပင်လျှင် ရွှယ်အန်း၏ နတ်ဘုရားအာရုံကို မတားဆီးနိုင်ခဲ့ပေ။

လျင်မြန်စွာပင်...

ရွှယ်အန်းသည် နက်ရှိုင်းသောမိုးကြိုး မြို့တစ်ခွင်လုံးရှိ ကျင့်ကြံသူများစွာ၏ အငွေ့အသက်များကို အာရုံခံမိလိုက်သည်။

ထိုအထဲတွင် မရေမတွက်နိုင်သော လွတ်လပ်သောမသေမျိုး လတ်မြောက်အင်မော်တယ်များ ရှိနေပြီး အင်မော်တယ် လည်း ပေါများလှသည်။

သို့သော် ထိုသူများထဲတွင် ရွှေအင်မော်တယ် ကျင့်ကြံမှုအဆင့်သို့ အမှန်တကယ် ရောက်ရှိနေသူများမှာ ရှားပါးသော အရေအတွက်မျှသာ ရှိနေဆဲဖြစ်သည်။

ထိုအငွေ့အသက်များထဲမှ တစ်ခုသည် အလွန် ရင်းနှီးနေသည်။ ၎င်းမှာ နေ့ခင်းဘက် လမ်းပေါ်တွင် သူတွေ့ဆုံခဲ့သော နက်ရှိုင်းသောမိုးကြိုးမြို့၏ မြို့သခင် ကောင်းရှင်းဟိုင်ပင်ဖြစ်သည်။

သူ့ နတ်ဘုရားအာရုံ နယ်ပယ်ထဲတွင် ကောင်းရှင်းဟိုင်၏ အငွေ့အသက်သည် ကြီးမားသော တူကြီးတစ်လက်ကဲ့သို့ တောင့်တင်းပြီး၊ အားကောင်းသော တည်ရှိမှုကို ထုတ်လွှတ်နေသည်။

ထိုစဉ်မှာပင် နက်ရှိုင်းသောမိုးကြိုး မြို့၏ အရှေ့မြောက်ထောင့်တွင် ရွှယ်အန်း၏ နတ်ဘုရားအာရုံသည် အလွန်တရာ အစွမ်းထက်သော အခြား နတ်ဘုရားအာရုံတစ်ခုနှင့် တွေ့ဆုံမိသွားသည်။

ရွှယ်အန်း၏ နှလုံးသားလည်း လှုပ်ရှားသွားသည်။

ထိုသည်မှာလည်း ရွှေအင်မော်တယ် ကျွမ်းကျင်သူတစ်ဦးပင်။ သို့သော် ခြားနားချက်မှာ ဤတစ်ယောက်သည် ရွှယမအန်း ယခင်က သတ်ဖြတ်ခဲ့သော ကျီလီဟွေးကဲ့သို့သော သူများထက် များစွာအားကောင်းနေခြင်း ဖြစ်သည်။

ထို့အပြင် ဤသိ့အလွန်တရာ တန်ခိုးကြီးမားလှသော အငွေ့အသက်ကြားထဲမှာ အရိုးခိုက်အောင် အေးစက်စူးရှသော ဓားဆန္ဒတစ်ခု ပါဝင်နေသည်။

၎င်းသည် နှစ်သောင်းချီ နက်ရှိုင်းသောရေခဲဖြင့် ပုံဖော်ထုလုပ်ထားသော အစွမ်းထက်လှသည့် ရတနာဓားတစ်လက်ကို ရှုမြင်နေရသည့်ပမာ ခံစားရပြီး ကြောက်မက်ဖွယ်ကောင်းစွာ အင်အားကြီးမားလှသည်။

ရွှယ်အန်း ပြုံးလိုက်သည်။

ထိုလူမှာ ကျန့်ဟုန်တိုက်၏ တိုက်ရိုက်တပည့် ရွှယ်လွေ့လီ ဖြစ်ရမည်။

ရွှယမအန်း၏ နတ်ဘုရားအာရုံသညအ ဆက်လက်သွားနေပြီး ရွှယ်လွေ့လီကို ကိုယ်စားပြုသော ဓားဆန္ဒကို ထိမိလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ခုတ်ပိုင်းလာသည်။

ရွှယမအန်းက ရှောင်မပြေးဘဲ သူ၏ နတ်ဘုရားအာရုံဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"ကြေမွစမ်း"

ထိုဓားအလင်းတန်းသည် လရောင်အောက်တွင် ငြိမ်သက်နေသော ရေပြင်ထဲသို့ အရာဝတ္ထုတစ်ခု ပြုတ်ကျသွားသည့်သမာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

ထို့နောက်တွင် ရွှယ်အန်းက သူ၏ နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ နှုတ်ခမ်းများက ခပ်ရေးရေး အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"စိတ်ဝင်စားစရာပဲ"

တစ်ချိန်တည်းမှာပင်...

နက်ရှိုင်းသောမိုးကြိုး မြို့၏ အရှေ့မြောက်ဘက်ထောင့်တွင် ကျန့်တစ်ရာအထိ မြင့်မားသော ဓားမျှော်စင်အတွင်း၀ယ်...

၎င်းသည် လုံးဝ အဖြူရောင်သုတ်ထားသော အခန်းတစ်ခန်းဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် ခုံတစ်လုံးမှလွဲ၍ ဘာမျှမရှိပေ။

ထိုအချိန်တွင်...

အမျိုးသမီးတစ်ဦးက ခုံပေါ်တွင် တည့်မတ်စွာ ထိုင်နေသည်။

သူမသည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး လှပသော ကိုယ်ဟန်၊ ခါးအထိရှည်သော ဆံနွယ်များနှင့် ပန်းချီကားထဲကပမာ မျက်နှာသွင်ပြင် ရှိသည်။

သို့သော်၊ သူမ၏ တစ်ကိုယ်လုံးက အလွန်အေးစက်ပြီး ပြင်းထန်သော ဓားချ‌ေိကို ထုတ်လွှတ်နေသည်။

ရုတ်တရက်...

ထိုအမျိုးသမီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

တိတ်ဆိတ်နေသော အခန်းထဲတွင် စူးရှသော လျှပ်စီးတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော နှင်းပွင့်များသည် လေထဲတွင် ပွင့်လန်းလာသည်။

ခဏအကြာတွင် ဤ အစွမ်းထက်သော ဓားဆန္ဒသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ထို့နောက် ထိုအမျိုးသမီးသည် သူမ၏ တင်းမာသော မျက်နှာကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။

"နတ်ဘုရားအာရုံ ထုတ်လွှတ်ရုံသက်သက်နဲ့ ငါ့ရဲ့ ဓားဆန္ဒကို ချေမွပစ်နိုင်တာလား၊ ဒါ အမှန်တရားရှာဖွေသူများ စာရင်း ထဲက တစ်ယောက်ယောက်များလား"

ကျောက်မျက်ရတနာများရှိနေသည့်ပမာ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်တွင် တံခါးသညမ ညင်သာစွာ တွန်းဖွင့်ခံလိုက်ရပြီး ကြောက်ရွံ့တုန်လှုပ်နေသော အစေခံမလေးတစ်ဦး ဝင်လာသည်။

"ရွှယ်… မဒမ်ရွှယ် ဘာဖြစ်လို့လဲ"

ထိုအမျိုးသမီးသည် အမှန်တကယ်ပင် ရွှယ်လွေ့လီ ဖြစ်သည်။ သူမက ခေါင်းခါလိုက်ပြီးပြောလာသည်။

"နင်နဲ့ဆိုင်တာ ဘာမှမရှိဘူး၊ ထွက်သွားတော့"

"ဟုတ်ကဲ့ပါ"

အစေခံမလေး ထွက်သွားပြီးနောက် ရွှယ်လွေ့လီ မတ်တပ်ထရပ်လိုက်သည်။ သူမ၏ ဆံနွယ်များ လှုပ်ခါသွားပြီး ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ နက်ရှိုင်းသောမိုးကြိုး မြို့ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

"ဒီတစ်ခေါက် လာရောက်တဲ့ခရီးမှာ သူတို့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမှ ငါ့ကို မဟန့်တားစေရဘူး၊ ဟန့်တားတဲ့သူတွေတော့... သေစေရမယ်"

All Chapters