← Chapters

မသေမျိုး ကျောက်သလင်း တစ်သန်း၊ ကောင်းကင်-တုန်လှုပ်စေသော နဂါး

Vol. 51 Ch. 754

မသေမျိုး ကျောက်သလင်း တစ်သန်း၊ ကောင်းကင်-တုန်လှုပ်စေသော နဂါး

Vol. 51 Ch. 754

ထိုတင်မက ကောင်းရှင်းဟိုင်သည် သီးသန့်အခန်း အပေါ်က ကန့်သတ်အစီအရင်ကိုပါ ဖယ်ရှားလိုက်သည်။

"ဒါ နက်ရှိုင်းမိုးကြိုး မြို့ရဲ့ မြို့သခင်ပဲ"

တစ်စုံတစ်ယောက်က အော်လိုက်သည်။

ကောင်းရှင်းဟိုင်က အနည်းငယ် ပြုံးလိုက်ပြီး သူ့ပတ်ဝန်းကျင်က လူတွေကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"လူကြီးမင်းများခင်ဗျာ၊ ဒီပစ္စည်းက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါကြောင့် အရေးတကြီး မလိုအပ်ဘူးဆိုရင် ခင်ဗျားတို့ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပြီး ကျွန်တော့်ကို ယူခွင့် ပေးနိုင်မလား"

သူ၏ တောင်းဆိုသံကို ကြားလိုက်ရသောအခါ သီးသန့်အခန်းငယ် အများအပြားကြားမှာ တိတ်ဆိတ်မှု ကြီးစိုးသွားသည်။

ပထမဦးစွာ အင်မော်တယ် ကျောက်သလင်းလေးသိန်းဆိုတဲ့ လေလံဈေးက လူအများစု တတ်နိုင်တာထက် ကျော်လွန်နေခဲ့သည်။

ထို့အပြင် ကောင်းရှင်းဟိုင်က နက်ရှိုင်းမိုးကြိုးမြို့၏ မြို့သခင်ဖြစ်ကာ တနည်းအားဖြင့် ဒေသခံ အာဏာပိုင် ဖြစ်နေတော့ သူသည် ဤပစ္စည်းကို ရဖို့ ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားပုံ ပေါ်နေချိန်မှာ လူအများစုသည် ကူကယ်ရာမဲ့စွာဖြင့် လက်လျှော့လိုက်ရသည်။

ထို့ကြောင့် အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်မှု ကြီးစိုးသွားသည်။

ကောင်းရှင်းဟိုင်က သူ့နှလုံးသားထဲမှာ လျှို့ဝှက်စွာနှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

အင်မော်တယ် ကျောက်သလင်း လေးသိန်းက တကယ်ပဲ ဈေးကြီးသည်။

သို့သော် ထိုအရာကို ဝယ်ယူလိုက်လျှင် နက်ရှိုင်းမိုးကြိုး မြို့အတွက် နှစ်ပေါင်းရာနှင့် ချီသော ဂုဏ်ကျက်သရေနှင့် သာယာဝပြောမှုကို ယူဆောင်လာပေးနိုင်သည်။

သူ့သမီးသည ကျန့်ဟုန်တိုက်၏ တပည့်တစ်ယောက် ဖြစ်လာနိုင်သရွေ့ သူသည်လည်း ရွှယ်လွေ့လီနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်ခဲ့မည်ဆိုလျှင် နက်ရှိုင်းမိုးကြိုးမြို့၏ အဆင့်အတန်းသည် ကျောက်တုံးတစ်တုံးပမာ ခိုင်မာသွားလိမ့်မည်။

ကောင်းရှင်းဟိုင်က စင်မြင့်ပေါ်မှာ ရှိနေသော ပိုင်ချင်းအာကို မျက်ရိပ်ပြလိုက်သည်။

ပိုင်ချင်းအာက ခဏတာ စဉ်းစားလိုက်ပြီးနောက် တူကိုထုကာ ရောင်းချမှုကို အပြီးသတ်ရန် ပြင်လိုက်သည်။

လေလံပွဲမစခင် ကောင်းရှင်းဟိုင်က သူမကို ပြောခဲ့ပြီး ဤပွဲအတွင်းမှာ မျက်နှာသာ အနည်းငယ် ပေးဖို့ တောင်းဆိုခဲ့သည်။

ပိုင်ချင်းအာက ကောင်းရှင်းဟိုင်ကို သိပ်ပြီး အထင်မကြီးသော်လည်း လေလံပွဲက နက်ရှိုင်းမိုးကြိုးမြို့မှာ ကျင်းပနေတာဖြစ်သည့်အတွက် သူ့ကို မျက်နှာသာ အနည်းငယ် ပေးရမှာက သင့်တော်သော အပြုအမူသာဖြစ်သည်။

ထို့အပြင် မသေမျိုး ကျောက်သလင်း လေးသိန်းဆိုသော လေလံဈေးသည် လက်ခံနိုင်စရာ ဖြစ်သည့်အတွက် ပိုင်ချင်းအာက သူ့ကို မျက်နှာသာပေးဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် သူမ တူငယ်လေးကို မြှောက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပင် ဒုတိယထပ်က သီးသန့်အခန်းငယ် တစ်ခုမှ မထီမဲ့မြင်ပြုနေဟန် မာနထောင်လွှားမှု ပါဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်တော် အင်မော်တယ်ကျောက်သလင်း တစ်သန်းပေးမယ်"

ဘုန်း

လူတိုင်းသည် ဤလေလံဈေးကြောင့် အံ့အားသင့်သွားပြီး အပေါ်ထပ်ရော အောက်ထပ်ပါ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"ဘယ်သူလဲ"

ကောင်းရှင်းဟိုင်၏ မျက်နှာက အံ့အားသင့်မှုနှင့် ဒေါသကြောင့် ပြာနှမ်းသွားသည်။

ဒီလိုမျိုး လေလံဆွဲလို့ မရဘူးလေ..

၎င်းသည် ပေါ့ပေါ့ဆဆနှင့်ပင် ခြောက်သိန်း တိုးလိုက်တာဖြစ်သောကြောင့် သူ့ကို တိုက်ရိုက် စိန်ခေါ်နေသည်မှာ ထင်ရှားသည်။

ပိုင်ချင်းအာလည်း ဤလေလံဈေးကြောင့် မအံ့သြဘဲ မနေနိုင်နိုင ချေ။ ဘယ်သူကများ ကမ်းလှမ်းလိုက်တာလဲ?

"ငါပဲ"

နောက်ပြောင်မှုနှင့် မာနထောင်လွှားမှု ရောနှောနေသေည အသံနှင့်အတူ သီးသန့်အခန်းငယ်ပေါ်ရှိ ကန့်သတ်အစီအရင်လည်း ဖယ်ရှားခံလိုက်ရသည်။

ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော ဆိုဖာတစ်ခုပေါ်တွင် အလွန် ချောမောသော လူငယ်တစ်ယောက် လှဲနေသည်ကို လူအုပ်ကြီး တွေ့လိုက်ရသည်။

၎င်းမျက်နှာတွင် ဆိုးယုတ်သော အပြုံးတစ်ခုနှင့် ကောင်းရှင်းဟိုင်ကို စိုက်ကြည့်နေသည်။

ထိုလူငယ်၏ ပတ်ပတ်လည်မှာ လိုအပ်သော အစိတ်အပိုင်းများကိုသာ ဖုံးကွယ်ထားပြီး အဝတ်အစား မလုံမခြုံ ဝတ်ဆင်ထားသော အလှလေးများ အများအပြား ရှိနေသည်။

ထို့အပြင် ကျောက်စိမ်း ပန်းကန်ပြားကို ကိုင်ဆောင်ကာ ထိုလူသားအတွက် ဝိညာဉ် သစ်သီးကို ဂရုတစိုက် အခွံခွာပေးနေသော ကိုယ်လုပ်တော်များလည်း ရှိနေသည်။

ဤလူသားသည် သူ၏ အဝတ်အစားမှအစ နေထိုင်မှု ဘဝပုံစံအထိ စည်းစိမ်ချမ်းသာမှုနှင့် ဇိမ်ခံမှုတို့၏ ပြယုဂ်တစ်ခု ဖြစ်နေသည်။

လူတော်တော်များများက ဤလူ ဘယ်သူလဲဆိုသည်ကို မသိကြပေ။

သို့သော် ပိုင်ချင်းအာက သိသည်။

ပိုင်ချင်းအာ၏ ကိုယ်လုံးလေး အနည်းငယ် တုန်သွားပြီး သူမက လေးစားစွာဖြင့် ရှေ့တစ်လှမ်း တိုးလိုက်ပြီး ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

"ဒါက ကျီလဲ့ခန်းမက သခင်လေး လုကျင်းလုံကိုး၊ အရိုအသေပြုပါတယ်ရှင်"

ကျီလဲ့ခန်းမက သခင်လေး လုကျင်းလုံ...

ထိုနာမည်ကို ကြားလိုက်သောအခါ ရှိနေသူအားလုံး ကျောက်ရုပ်များပမာ ဖြစ်သွားကြသည်။

ကောင်းရှင်းဟိုင် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်နှာအမူအရာသည် အလွန်တရာ အကျည်းတန်သွားသည်။

သူလည်း ကျီလဲ့ခန်းမ အကြောင်းကို သေချာပေါက် သိသည်။

အမှန်တွင် ကွေ့ယီ အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ ကျီလဲ့ခန်း အကြောင်း မကြားဖူးသူ အလွန်ရှားပါးသည်။

အဘယ့်ကြောင့်ဆို ချောင်ထျန်ခန်းမမှ ရောင်းဝယ်သေ ပစ္စည်းများသည် အင်မော်တယ်ကျောက်သလင်းများ ဖြစ်သောကြောင့်ဖြစ်သည်။

ကွေ့ယီ အလယ်ပိုင်းဒေသတစ်ခုလုံးအပြင် တခြားဒေသ အတော်များများမှာတောင် ချောင်ထျန်ခန်းမသည် အင်‌မော်တယ်ကျောက်သလင်း လည်ပတ်မှု၏ ကြီးမားသော အစိတ်အပိုင်းကို လက်ဝါးကြီးအုပ်ထားပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘဏ်ခွဲတွေ ဖြန့်ကျက်ထားသည်။

ယခုလိုကြီးမားကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းကြောင့် သဘာဝအတိုင်း ချောင်ထျန်ခန်းမကို အလွန်အမင်း ချမ်းသာကြွယ်ဝစေသည်။

ကျော်ကြားသေ လေလံအသင်းဖြစ်စေ ဆေးပညာအသင်းများတောင်မှ ချောင်ထျန်ခန်းမ၏ ကြီးမားလှသော ကြွယ်ဝချမ်းသာမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဟု ခန့်မှန်းကြသည်။

ဤလုကျင်းလုံသည် ချောင်ထျန်ခန်းမ၏ လုမိသားစုမှ သားအကြီးဆုံး ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားပြီး အင်အားကြီးသည်ဟု ဆိုကြသော်လည်း သူက မာနကြီးပြီး စွဲဆောင်နိုင်စွမ်းပြင်းကာ အလွန်ဒုက္ခပေးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

မမျှော်လင့်စွာ သူလည်း ယနေ့ လေလံပွဲကို လာခဲ့သည်။

တကယ်လို့ တခြားတစ်ယောက်ယောက်သည အင်မော်တယ် ကျောက်သလင်း တစ်သန်း လေလံဆွဲသည်ဟု ကြေညာခဲ့ပါက တခြားသူများ သံသယရှိကောင်းရှိနိုင်သော်လည်း လုကျင်းလုံ ပြောသည့်အခါ မည်သူမှ သံသယ ရှိမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆို သူ တကယ်ပဲ တတ်နိုင်လို့ဖြစ်သည်။

ချောင်ထျန်ခန်းမအတွက်ဆိုလျှင် အင်မော်တယ် ကျောက်သလင်း တစ်သန်းဆိုသည်မှာ ပမာဏအနည်းငယ်သာဖြစ်သည်။

ထို့ကြောင့် ကောင်းရှင်းဟိုင်မျက်နှာသည် အတော်ပျက်သွားသည်။

ဤအချိန်မှာ လုကျင်းလုံသည် ပိုင်ချင်းအာကို ပြုံးဖြီးဖြီး ကြည့်လာသည်။

"ပိုင်ချင်းအာ မတွေ့ရတာကြာပြီပဲ၊ နင်က ပိုတောင် လှလာသေးတာပဲ၊ ကျွတ် ကျွတ်... သစ်ပင်ပေါ်ကနေ ကြွေကျတော့မယ့် မှည့်နေတဲ့ သစ်သီးတစ်လုံးလိုပဲကွာ"

ပိုင်ချင်းအာ၏ မျက်လုံးထဲတွင် စိတ်အနှောင့်အယှက် ဖြစ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမရဲ့ မျက်နှာအမူအရာသညိ မပြောင်းလဲဘဲ ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။

"သခင်လေးလုက နောက်နေတာပဲ ဖြစ်ရမယ်၊ သခင်လေး ဘေးနားက အလှလေးတွေထဲက ဘယ်တစ်ယောက်က အလှပဂေး မဟုတ်လို့လဲ၊ ဘယ်လိုလုပ်ပြီး ကျွန်မလို နှိမ့်ကျသူကို သတိထားမိနိုင်မှာလဲ"

လုကျင်းလုံက သူ့နှုတ်ခမ်းသူ သပ်လိုက်သည်။

"တစ်ခါတလေ အရသာ ပြောင်းတာလည်း ကောင်းတာပဲ"

ထိုစကားကြောင့် ပိုင်ချင်းအာ၏ အမူအရာ တောင့်တင်းသွားပြီး သူမ၏ မျက်နှာသည် ဖြူဖျော့ရာကနေ နီရဲလာသည်။

တခြားတစ်ယောက်ယောက်ကသာ သူမကို ဤသို့ပုံစံနှင့် စကားပြောခဲ့မည်ဆိုပါက ၎င်းတို့ကို ဒေါသတကြီး သတ်ပစ်လိုက်တာ ကြာပြီဖြစ်သည်။

သူမတွင် ပရောပရည်လုပ်တက်သော အသွင်အပြင် ရှိသော်လည်း ကျီလဲ့ခန်းမ ၏ အမွေဆက်ခံသူတစ်ယောက်အနေနင့် သူမသည် ယောက်ျားများနှင့် ပတ်သက်ပါက အရမ်းဂျီးများသည်။

သို့သော် လုကျင်းလုံ၏ နောက်ပြောင်ဟန် စကားလုံးများကို ရင်ဆိုင်ရသောအခါ သူမသည် ဒေါသကို ဖိနှိပ်လျက်သာ ထားနိုင်သည်။

အဘယ့်‌ကြောင့်ဆို သူမ ဤသားအကြီးဆုံးကို လုံးဝ မဆွရဲပေ။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ လုကျင်းလုံသည် အကျယ်ကြီးရယ်လိုက်ပြီး ကောင်းရှင်းဟိုင်ဘက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မြို့သခင်ကောင်းက ဒီပစ္စည်းကို လိုချင်တယ်ဆိုရင် ကျွန်တော်နဲ့ ဈေးပြိုင်သင့်တယ်ဖ ခင်ဗျား နိုင်ရငမ ဒါက ခင်ဗျားဟာ ဖြစ်သွားမှာပဲ"

ထိုသို့ပြောပြီး လုကျင်းလုံသည် ခေါင်းအုံးပေါ်ကို ပြန်မှီလိုက်ပြီး သူ့ ကိုယ်လုပ်တော်တစ်ယောက်မှ သူ့ပါးစပ်နားဆီ ယူလာပေးသော ဝိညာဉ်သစ်သီးကို ကိုက်လိုက်သည်။

သူ့မျက်နှာတွင် လှောင်ပြောင်မှု အပြည့်နှင့် ကောင်းရှင်းဟိုင်ကို လှမ်းကြည့်နေသည်။

ကောင်းရှင်းဟိုင်၏ မျက်နှာမှာ အလွန် အရုပ်ဆိုးနေသည်။ ထိုသည်မှာ အင်‌မော်တယ်ကျောက်သလင်း တစ်သန်းဖြစ်ကာ သူ မထုတ်နိုင်သော ပမာဏဖြစ်သည်။ ထို့ကြောင့် သူသည် အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်သည်။

"သခင်လေးလုက ကျွန်တော့်ရဲ့ နှိမ့်ကျတဲ့ နက်ရှိုင်းမိုးကြိုးမြို့ကို ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး၊ တကယ်ပဲ ကြိုဆိုမှု ပေါ့ဆခဲ့ပါတယ်..."

လုကျင်းလုံက စိတ်မရှည်စွာနှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အပိုတွေ ပြောမနေနဲ့၊ ခင်ဗျား ဒီပစ္စည်းကို ဘာအတွက် လိုချင်လဲ ကျွန်တော် သိတယ်၊ ကျွန်တော် မေးချင်တာက ခင်ဗျား ဈေးဆက်ဆွဲဦးမှာလား ဆိုတာပဲ။ မဆွဲဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး... ဒီပစ္စည်းက ကျွန်တော့်ဟာ ဖြစ်သွားလိမ့်မယ်"

ကောင်းရှင်းဟိုင်သည် ပြန်စကားမပြောနိုင် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် လုကျင်းလုံသည် အနားရှိ သီးသန့်အခန်းတစ်ခန်းမှ ဒေါသတကြီး နှာမှုတ်သံတစ်ခုကို ခပ်ဖျော့ဖျော့ ကြားလိုက်ရသည်။

ထိုအရာကြောင့် လုကျင်းလုံ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုလို့ပင်အသက်၀င်လာပြီး ပြောလိုက်သည်။

"ရွယ်လွေ့လီ... ဒီအချိန်ရောက်နေတာတောင် မင်း ကိုယ့်ကိုယ်ကိုယ် ထုတ်မပြချင်သေးဘူးလား"

ဘုန်း!

နောက်ထပ် သီးသန့်အခန်းတစ်ခန်း၏ အတားအဆီးများလည်း ပွင့်သွားပြီး ရွှယ်လွေ့လီလည်း သူမ ပုံရိပ်ကို ထုတ်ဖော်ပြလိုက်သည်။

လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ဒါက ထျန်ကျောင်း၊ ကျန့်ဟုန်တိုက်က ရွှယ်လွေ့လီပဲ၊ သူမက တိုက်ရိုက်တပည့်လေ၊ သူမတောင် တကယ်လာခဲ့တာပဲ"

"ဒီသခင်လေးလုကလည်း လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရမယ့် လူတစ်ယောက် မဟုတ်ဘူး၊ တော်တော် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာတော့မယ်"

သူမသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး တင်းမာသော မျက်နှာထားနှင့် ပြောလိုက်သည်။

"လုကျင်းလုံ၊ နင် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ"

လုကျင်းလုံက တခစ်ခစ် ရယ်လိုက်ပြီး ရွှယ်လွေ့လီကို ပျော်ရွှင်နေသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"ဘာမှ သိပ်မရှိပါဘူး၊ ငါ နင့်ကို ပြောချင်တာက နင် အရမ်းလိုချင်နေတဲ့ ပစ္စည်းက အခု ငါ့ပိုင်ပစ္စည်း ဖြစ်သွားပြီဆိုတာပဲ"

ရွှယ်လွေ့လီ၏ အမူအရာသည် ပိုလို့ပက် အေးစက်သွားပြီး ဓားဆန္ဒတစ်ခုသည် လေထုထဲတွင် စတင် ပျံ့နှံ့လာသည်။

သို့သော် သူမ လှုပ်ရှားလည်းဘာမှမထူးနိုင်ပေ။

လေလံပွဲသည် သဘာဝအတိုင်း ဈေးအမြင့်ဆုံး ပေးသူဆီကိုသာ ရောက်မည်ဖြစ်ပြီး သူမ လှုပ်ရှားလိုက်သည်မှာ စည်းမျဉ်းများကို ချိုးဖောက်ရာသာ ရောက်လိမ့်မည်။

ထို့အပြင် ချောင်ထျန်ခန်းမက လုမိသားစု၏ စွမ်းအားသည် ကျန့်ဟုန်တိုက်ထက် မနိမ့်ကျပေ။ သူမသာ စိတ်လိုက်မာန်ပါ လှုပ်ရှားလိုက်ပါက ကြီးမားသော ဒုက္ခကို သေချာပေါက် ယူဆောင်လာလိမ့်မည်။

ထိုသည်ကိုမြင်တော့ လုကျင်းလုံက အကျယ်ကြီးရယ်ချကာ ပိုင်ချင်းအာ ဘက်ကို လှည့်ပြောလိုက်သည်။

"ပိုင်ချင်းအာ... ကျေးဇူးပြုပြီး ဆက်လုပ်ပါ"

ပိုင်ချင်းအာက သက်ပြင်းတစ်ချက် ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် ယခုအခါမတိုက်ခိုက်ကြသောကြောင့် အားသာချက်တစ်ခုဖြစ်သည်။ အဆုံးတွင် လေလံဆွဲဈေး ပိုမြင့်လေလေ သူမအတွက် ပိုကောင်းလေဖြစ်သည်။

ထို့ကြောင့် သူမ ရှေ့တိုးလိုက်ပြီး တူကို ထုချဖို့ ပြင်လိုက်သည်။

ထိုအခိုက်အတန့်မှာပဲ ခပ်ဖျော့ဖျော့ အသံတစ်ခု ထွက်လာသည်။

"ဒီပစ္စည်းကို ငါ ယူမယ်"

All Chapters