အရောင်းအဝယ်ပြီးမြောက်ခြင်း၊ Lei Zun ကို လက်ဝယ်ပိုင်ဆိုင်ခြင်း
Vol. 51 Ch. 756
ပိုင်ချင်းအာနှင့် ဝတ်ရုံစိမ်းနှင့်အဘိုးအိုတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်သံတည်းပြောလိုက်သည်။
"လုံလောက်တယ်၊ လုံလောက်တာပေါ့"
ဤသို့ အဖိုးတန်ဆေးလုံးသည် လေလံပွဲမတင်ဘဲတောင်မှ မိုးထိအောင် မြင့်မားသော စျေးကို ရနိုင်တာ သေချာသည်။
ထို့ကြောင့် ပိုင်ချင်းအာက လုံးဝမတွေဝေဘဲ နေရာမှာတင် ဆုံးဖြတ်ချက်ချလိုက်သည်။
ဤသည်မှယ ကောင်းကင်ဂိုဏ်းကို စိတ်ခုစေနိုင်သော်လည်း....
အကျိုးစီးပွားအတွက် ထိုသည်မှာ အရေးမကြီးတော့ပေ။
လုကျင်းလုံ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အလွန်ဆိုးရွားစွာ မည်းမှောင်သွားသည်။
သူ့လိုမျိုး ချမ်းသာသည့်မိသားစုမှ သခင်လေးတစ်ယောက်အတွက် လိုချင်တာမရသဖြင့် စိတ်တိုစရာကောင်းရသည့်အပြင် လူရှေ့သူရှေ့တောင် ဖြသ်သွားသောကြောင့် ပိုဆိုးသည်။
ဤသည်မှာ သူ့ကို လုံးဝ အရှက်ကွဲလိုက်သလို ခံစားရသည်။
သို့ဖြစ်ရာ လုကျင်းလုံသည် အေးစက်စက် နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။
သူထွက်သွားပြီးနောက်...
ရွှယ်လွေ့လီသည် ရွှယ်အန်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
ကောင်းရှင်းဟိုင်ကလည်း ဘီလူးသံပရာသီးကိုက်ထားသော ရုပ်ဖြင့် သူ့သမီးကိုခေါ်ကာ နောက်က လိုက်သွားသည်။
ရွှယ်အန်းသည် ပြုံးလိုက်ပြီး အဖိုးတန်ဆေးလုံးကို ပိုင်ချင်းအာဆီ ပစ်ပေးလိုက်သည်။ ထို့နောက် ကိုးပတ်လည် မိုးကြိုးကို ယူလိုက်သည်။
ပိုင်ချင်းအာက ရွှယ်အန်းလို ငယ်ရွယ်သည့် ဆေးဆရာတစ်ယောက်သည် အလွန်ရှားပါးသောကြောင့် သူ့ကို အံ့အားသင့်သည့် မျက်လုံးလေးဖြင့် တောက်လျှောက်ကြည့်နေခဲ့သည်။
ရွှယ်အန်းက ကိုးပတ်လည် မိုးကြိုးသခင်ကိုသွားသည့်အခါ သူမက နှစ်လိုဖွယ်ပြုံးကာ ပြောလိုက်သည်။
"ဂုဏ်သရေရှိလူကြီးမင်းရဲ့ အမည်ကို မေးခွင့်ရှိမလားရှင့်"
"ရွှယ်အန်းပါ"
"ရွှယ်အန်း..."
ပိုင်ချင်းအာသည် သူ့ဘာသာသူ အကြိမ်အနည်းငယ် ရေရွတ်လိုက်သော်လည်း ထိုနာမည်ကို သိသလို မခံစားရပေ။
ဤအချိန်တွင် ရွှယ်အန်းသည် ကိုးပတ်လည် မိုးကြိုးသခင်နှင့်အတူ ထွက်သွားဖို့ လှည့်လိုက်သည်။
ထိုစဉ် ပိုင်ချင်းအာက သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"မစ္စတာရွှယ် ခဏလောက်စောင့်ပါဦး"
ရွှယ်အန်းက ခြေလှမ်းများကို ရပ်ဆဲလိုက်သည်။
"တခြားကိစ္စရှိသေးလို့လား"
ပိုင်ချင်းအာသည် လေးနက်စွာဖြင့် လေသံနှိမ့်ကာ ပြောလိုက်သည်။
"မစ္စတာရွှယ်... ဒီနေ့ကိစ္စက ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး၊ လုမိသားစုကို ထည့်မပြောရင်တောင် နက်ရှိုင်းမိုးကြိုး မြို့သခင်က မကောင်းတဲ့ရည်ရွယ်ချက် ရှိနိုင်တယ်၊ ဒီလေလံပွဲနေရာထဲမှာတော့ သူတို့ သိပ်မလုပ်ရဲသေးဘူး၊ ဒါပေမဲ့ ဒီနေရာကနေ ခြေတစ်လှမ်းအပြင်ထွက်လိုက်တာနဲ့၊ ကျွန်မစိုးရိမ်တာက..."
ပိုင်ချင်းအာ ဆိုလိုရင်းသည် ရှင်းနေသည်။ ကောင်းရှင်းဟိုင်ရော ရွှယ်လွေ့လီပါ ရွှယ်အန်းအတွက် အန္တရာယ်ဖြစ်လာနိုင်သည် ဆိုခြင်းဖြစ်သည်။
ရွှယ်အန်းသည် ထိုစကားကြောင့် အံ့အားသင့်မသွားဘဲ ပိုင်ချင်းအာကို စနောက်ချင်ဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဥက္ကဋ္ဌပိုင်က ကျွန်တော့်ရဲ့ လုံခြုံရေးကို တော်တော်လေး စိတ်ပူနေပုံပဲ"
ပိုင်ချင်းအာ၏ မျက်နှာက နည်းနည်း ရဲသွားသော်လည်း အပြုံးနှင့် အမြန်ဖုံးကွယ်လိုက်သည်။
"မစ္စတာရွှယ်... ရှင့်လိုအသက်အရွယ်နဲ့ ထူးချွန်တဲ့ ဆေးဆရာတစ်ယောက်ကို ကျွန်မတို့ လေလံရုံက အမြဲကြိုဆိုပါတယ်၊ ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့ လေလံရုံက ပြည့်စုံတဲ့ အကာအကွယ်ကို ပေးဖို့ ဆန္ဒရှိပါတယ်..."
ထိုစကားသည် ပိုင်ချင်းအာ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြနေသည်။
မည်သို့ပင်ဖြစ်စေ ရွှယ်အန်းသည် သူတို့ မမြင်ဖူးသော ဆေးလုံးကို ဖော်စပ်နိုင်သေ ထိပ်တန်း ဆေးဆရာယောက်ဖြစ်သောကြောင့် သူ့ကို စည်းရုံးနိုင်ခဲ့ရင် လေလံရုံအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးနိုင်သည်။
ထို့ကြောင့် ပိုင်ချင်းအာက ဤလေလံပွဲ အရောင်းအဝယ်ကို ရဖို့အတွက် အင်အားကြီးအဖွဲ့အစည်းများ စိတ်ခုမည်ကိုတောင် မတွေဝေခဲ့သော အကြောင်းရင်းလည်းဖြစ်သည်။
ရွှယ်အန်းလည်း ထိုသည်ကို ရိပ်စားမိသောကြောင့် ခပ်ရေးရေးပြုံးလိုက်သည်။
"မလိုပါဘူး"
ပိုင်ချင်းအာသည် ရွှယ်အန်းမှာ ကျေးဇူးတင်စွာ လက်ခံလိမ့်မည်ဟု တွေးထင်ထားသော်လည်း ထိုစကားကို ကြားလိုက်ရချိန် အံ့အားသင့်သွားသည်။
"ဟင်? မစ္စတာရွှယ်... ရှင် သေချာစဉ်းစားသင့်တယ်လို့ ကျွန်မထင်တယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က လုမိသားစုနဲ့ ကောင်းကင်ဂိုဏ်းကလေ၊ သူတို့ကိုယ်တိုင် မလှုပ်ရှားရင်တောင် နက်ရှိုင်းမိုးကြိုးမြို့ရဲ့ မြို့သခင်ကလည်း ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ၊ ဒါ့ကြောင့်..."
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"စဉ်းစားဖို့မလိုပါဘူး၊ ကျွန်တော့်အတွက်တော့ ဒီလူတွေက အမွှေးကျွတ်နေတဲ့ ကြက်တွေ၊ ခွေးတွေလိုပဲ... ကြောက်စရာ ဘာရှိလို့လဲ"
ထို့နောက်ရွှယ်အန်းသည် ထွက်သွားတော့သည်။
ကြက်တွေ၊ ခွေးတွေ...
ပိုင်ချင်းအာသည် ရွှယ်အန်း၏ စကားကြောင့် မှင်သက်သွားရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး သူ၏ ထွက်သွားသော ကျောပြင်ကို ကြည့်ကာ ရင်ထဲတွင် ရုတ်တရက် မကျေမနပ်ဖြစ်သွားသည်။
ဒီလူက အရမ်းကို မောက်မာလွန်းတာပဲ
ရွှယ်အန်း လေလံပွဲရုံက ထွက်သွားပြီးနောက် ဝတ်ရုံစိမ်းနှင့် အဘိုးအိုက မေးလာသည်။
"ဥက္ကဋ္ဌ၊ ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်သလဲ"
ပိုင်ချင်းအာ၏ မျက်နှာအမူအရာသည် အေးစက်သွားသည်။
"နက်ရှိုင်းမိုးကြိုးမြို့နဲ့ လုမိသားစုရဲ့ လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ဖို့ လူလွှတ်လိုက်ပါ၊ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းသတင်းပို့"
"ဟုတ်ကဲ့"
ဝတ်ရုံစိမ်းနှင့် အဘိုးအိုလည်း ပြင်ဆင်ဖို့ အောက်ထပ်ဆင်းသွားသည်။
ပိုင်ချင်းအာသည် ကျယ်ပြောလှသေည လေလံခန်းမထဲမှာရပ်ရင်း ရင်ထဲမှာ တိတ်တဆိတ် တွက်ချက်နေသည်။
ရွှယ်လွေ့လီနှင့် ချောင်ထျန်မှလူများ လှုပ်ရှားဖို့ စဉ်းစားမည်ဆိုပါက ဒီည လှုပ်ရှားမည့်အချိန် ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ညတာရှည်ရှည်သည် အိပ်မက်များကို ပိုနယ်ချဲ့နိုင်သဖြင့် အပြောင်းအလဲများကို ဖြစ်စေနိုင်သည်။ အချိန်သာ အလုံအလောက်ပေးလိုက်ပါက ဤကိုးပတ်လည် မိုးကြိုးသခင်ကို ရွှယ်အန်းသည် ဆေးလုံးအဖြစ် သန့်စင်လိုက်နိုင်သည်။
ထို့ကြောင့် ပိုင်ချင်းအာသည် ရွှယ်လွေ့လီနှင့် တခြားသူများ အကြာကြီး စောင့်နေမှာမဟုတ်ဘူးဆိုတာ သေချာနေသည်။
အချိန်ကျလာသည့်အခါ မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော ထိုလူ၊ မည်သို့ ကိုင်တွယ်မည်နည်းကို သူမ အမှန်ပင်တွေ့ချင်မိသည်။
ဤသည်မှာ ပိုင်ချင်းအာ မလှည့်ထွက်သွားခင် တွေးလိုက်မိသော အရာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းနှင့် တခြားသူများသည် သူတို့တည်းခိုရာကို ပြန်ရောက်ပြီးဖြစ်သည်။
ရှောင်တန်ချန်သည် သူ၏သံသယများကို ထုတ်ပြောလိုက်သညမ။
"ဆရာ ဘာလို့ ဒီပစ္စည်းကို ဒီလောက် အလေးထားနေရတာလဲ၊ ကိုးပတ်လည် မိုးကြိုးသခင်က တန်ဖိုးကြီးတယ်ဆိုပေမယ့် ဆရာ ဖော်စပ်လိုက်တဲ့ အဆင့်မခွဲရသေးတဲ့ အဖိုးတန်ဆေးလုံးနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလေ"
ရှောင်တန်ချန်သည် အခုထိ ထိုအဖိုးတန်ဆေးလုံးအတွက် နှမြောတသဖြစ်နေတုန်းဖြစ်သည်။
ထိုစကားကြားချိန် ရွှယ်အန်းသည် ပြုံးလိုက်ပြီး အန်းယန်ကို ပြောလိုက်သည်။
"ယန်အာ... မင်းရဲ့အိုး ယူလာခဲ့"
"ဟုတ်"
အန်းယန်သည် ဒယ်အိုးပြားကို ရွှယ်အန်းဆီ ကမ်းပေးလိုက်သည်။
ကမ္ဘာပေါ်မှာရှိတုန်းက ထိုအိုးသည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး နှစ်ပိုင်းကွဲသွားခဲ့သည်။
နောက်ပိုင်းမှာ ရွှယ်အန်းသည် နဂါးအသည်း၏ သွေးချီကိုသုံးကာ ပြန်ပြင်ခဲ့သော်လည်း အထဲက ပစ္စည်းဝိညာဉ် Lei Zun သည်တော့ ပျောက်ကွယ်သွားခဲ့သည်။
ပစ္စည်းဝိညာဉ်မရှိပါက ထိုအိုးသည် အကောင်းဆုံးမဟုတ်တော့ပဲ သာမန် ဝိညာဉ်ပစ္စည်း တစ်ခုသာ ဖြစ်နိုင်သည်။
ထို့ကြောင့် ရွှယ်အန်းသည် အန်းယန်၏ ဒယ်အိုးအတွက် ပစ္စည်းဝိညာဉ်အသစ်တစ်ခု ရှာပေးချင်နေခဲ့သည်။
သို့ဖြစ်ရာ ကိုးပတ်လည် မိုးကြိုးသခင်ကို တွေ့သောအချိန် ထိုအတွေးပြန်ပေါ်လာခြင်းဖြစ်သည်။
ဤပစ္စည်းသည် ယခင် ပစ္စည်းဝိညာဉ် Lei Zun ထက်တောင် ပိုအစွမ်းထက်သည့် ကြီးထွားနိုင်သော အလားအလာလည်း ရှိသေ ာကြောင့် ပစ္စည်းဝိညာဉ်ဖြစ်ရန် သင့်တော်လှသည်
ထို့ကြောင့်မို့ ရွှယ်အန်းသည် အရမ်းစိတ်လှုပ်ရှားသွားပြီး လေလံပွဲမှာ သူ ဘယ်လောက်ကုန်ကုန် အနိုင်ရအောင် ယူလာခဲ့ခြင်းဖြစ်သည်။
ရှောင်တန်ချန်သည်တော့ ထိုသည်ကိုမသိဘဲ ရွှယ်အန်းသည် ပုံစံထူးထူးဆန်းဆန်း ရတနာတစ်ခုကို ကောက်ယူလိုက်သည်ကိုသာ ကြည့်နေပြီး ဘာဖြစ်နေမှန်း နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။
ထို့နောက် ရွှယ်အန်းသည် လေသံမာမာဖြင့် အော်လိုက်သည်။
"တက်လာစမ်း"
ဒယ်အိုးနှင့် ကျောက်စိမ်းဘူးထဲက Lei Zunတို့သည် လေထဲကို အတူပျံတက်သွားသည်။
"ဆရာက..."
ရှောင်တန်ချန်၏ မျက်လုံးများသည် တဖြည်းဖြည်း ပြူးကျယ်လာသည်။
ရွှယ်အန်းသည် လေထဲမှာ နက်နဲရှုပ်ထွေးသော ဂါထာမန္တန်တစ်ခုကို ဆွဲလိုက်ရာ ရွှေရောင် ဖူကွမ်းအလင်းတန်းသည် ဒယ်အိုးနှင့် Lei Zun ပါဝင်သော တောက်ပနေသည့် ဘူးကို ဖုံးလွှမ်းသွားသည်။
Lei Zunအား လေလံပွဲအဖွဲ့သည် ဝိညာဉ်စွမ်းအင်ကို သုံးကာ ထိန်းချုပ်နိုင်ရန် ကြိုးစားပမ်းစား ထောင်ချောက်ဆင်ထားခဲ့သည်။
ယခုအခါ ထိုဖူကွမ်းအလင်းတန်းနှင့် ထိလိုက်သောအခါ ချုပ်နှောင်ထားသည့် ဝိညာဉ်စွမ်းအင်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားသည်။
အစွမ်းထက်သော မိုးကြိုးဝိညာဉ်စွမ်းအင်သည်လည်း နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ထို့နောက် အတွင်းထဲမှ စိတ်လှုပ်ရှားနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟားဟားဟား၊ ငါ Lei Zun ပြန်လည်နိားထလာမယ့်နေ့ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး၊ မင်းတို့ လူသားမျိုးနွယ်စုက ယုတ်မာတဲ့ ကျင့်ကြံသူတွေအားလုံး ပြန်ပေးဆပ်ရလိမ့်မယ်"
ကိုးပတ်လည် မိုးကြိုးသခင်၏ ဟိန်းဟောက်သံနှင့်အတူ အခန်းထဲကလေထုကို လျှပ်စီးကြောင်းများ ထိုးဖောက်သွားပြီး တူးစော်နံ့နေသောအနံ့ကိုသာ ချန်ထားခဲ့သည်။
ရှောင်တန်ချန်က ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအင်ကြောင့် ထောင့်တစ်နေရာတွင် အဖိခံထားရပြီး၊ အရာအားလုံးကို ထိတ်လန့်တုန်လှုပ်နေသော အကြည့်နှင့် ကြည့်နေမိသည်။
ထိုအချိန်မှာပင် တစ်ကျန့်လောက်ထူထဲသော လျှပ်စီးတန်းကြီးတစ်ခုသည် ရွှယ်အန်းဆီ တန်းတန်းမတ်မတ် ပစ်ဝင်လာသည်။
၎င်း၏ စွမ်းအား ပြင်းထန်မှုမှာ တည်းခိုခန်းတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။
"သခင်..."
ရှောင်တန်ချန်က ထိတ်လန့်တကြား အော်လိုက်သည်။
သို့သော် ရွှယ်အန်းသည် မျက်တောင်တစ်ချက်ပင်မခတ်ဘဲ သူ့လက်ကို မြှောက်ကာ လျှပ်စီးတန်းကို ဖမ်းဆုပ်လိုက်ပြီး ပြင်းပြင်းထန်ထန် ညှစ်ချေလိုက်သည်။
ဖောင်း...
လျှပ်စီးသည် ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုသည် ရွှယ်အန်း၏ လက်ဖဝါးထဲမှာ အဖမ်းခံလိုက်ရသည်။