မူလဇာစ်မြစ်ကို တိုက်ရိုက်ထိန်းချုပ်ပြီး ရတနာကို ပြန်လည်သွန်းလုပ်ခြင်း
Vol. 51 Ch. 757
"မင်း... မင်းက ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ် ကို ဘယ်လိုလုပ် ဖမ်းဆုပ်နိုင်ရတာလဲ"
ကိုးပတ်လည် မိုးကြိုးသခင်က ထိတ်လန့်တကြား အော်လိုက်သည်။
လျှပ်စီးဆိုသည်မှာ ပုံသဏ္ဌာန်မရှိပေ။ ဤမိုးကြိုးသခင်သည် သူ့ကိုယ်ပိုင်အသိစိတ်ကို စုစည်းနိုင်ခဲ့လို့သာ ပုံသဏ္ဌာန် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဤပုံသဏ္ဌာန်သည် လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ ထိန်းချုပ်ဖို့ အလွန်ခက်ခဲသည်။
မထင်မှတ်စွာ ဤလူသည် သူ့၏ ဖုံးကွယ်မှုများကို ထွင်းဖောက်မြင်ပြီး သူ၏ မူလအရင်းအမြစ်ကို တိုက်ရိုက်ပစ်မှတ်ထားကာ သူ့ပုံစံအမှန်ကို ဖမ်းဆုပ်နိုင်သည်။
ထို့ကြောင့် မိုးကြိုးသခင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရွှယ်အန်းက သူ့စကားတွေကို ဂရုမစိုက်ဘဲ နောက်ထပ်လက်တစ်ဖက်နှင့် လေထဲမှာ နောက်ထပ် ဂါထာမန္တန် တစ်ခုကို ဆွဲလိုက်ပြီး ရုတ်တရက် ခပ်တိုးတိုး ပြောလိုက်သည်။
"တံဆိပ်ခတ်"
ရွှေရောင်အလင်းတန်းတစ်ခုသည် မိုးကြိုးသခင်ကို လုံးဝ ချုပ်နှောင်လိုက်ပြီး အန်းယန်၏ ဒယ်အိုးဆီ ပျံသန်းသွားသည်။
"မလုပ်နဲ့! ငါ့ကိုလွှတ်! ငါ ပစ္စည်းဝိညာဉ် မဖြစ်ချင်ဘူး"
မိုးကြိုးသခင်သည် နောက်ဘာဆက်ဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး လေထဲမှာ ရွှေရောင်အလင်းတန်း၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ ရူးသွပ်မတတ် ရုန်းကန်လူးလွန့်နေသည်။
သို့သော် သူလုပ်သမျှအရာအားလုံးသည် အချည်းနှီးဖြစ်ဖို့ ကံကြမ္မာပါလာပြီးသားဖြစ်သည်။
တိုးညှင်းသော အသံနှင့်အတူ မိုးကြိုးသခင်၏ အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး ဒယ်အိုး မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ တိုးပွားလာသလို မိုးကြိုးပုံစံ မျဉ်းကြောင်းများလည်း ပေါ်လာသည်။
ထို့နောက် ဒယ်အိုးသည် ပြင်းထန်စွာ တုန်ခါလာပြီး တစ်စုံတစ်ခုက အထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေသလိုဖြစ်နေသည်။
ရွှယ်အန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်းနဲ့ ဒါကတန်တယ်"
ရွှယ်အန်းသည် ရှေ့တိုးလိုက်ပြီး သူ့လက်များကို အဆက်မပြတ် လှုပ်ရှားကာ ဒယ်အိုးပေါ်မှာ မှော်ဆန်သော အက္ခရာများ စတင် ရေးထိုးလိုက်သည်။
ထိုသည်မှာ ရှုပ်ထွေးပြီး တစ်ချိန်တည်းမှာပင် နက်နဲလှသော ဂါထာမန္တန်များလည်း လျင်မြန်စွာ ပုံပေါ်လာသည်။
ရှောင်တန်ချန်က အံ့အားသင့်စွာနှင့် ပါးစပ်အဟောင်းသား ကြည့်နေမိသည်။
သူသည် ပစ္စည်းပြုလုပ်ခြင်းပညာနှငိ့ မရင်းနှီးတာ မဟုတ်ပေ။
အမှန်တွင် ဆေးပညာလမ်းစဉ်မှ သခင်တိုင်းနီးပါးသည် ပြုလုပ်ခြင်းပညာများကို အနည်းနဲ့အများ သိကြသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့နှစ်ခုကြားမှာ တူညီမှုများ အများကြီးရှိသည်။
သို့သော် ရွှယ်အန်း၏ ကိုးပတ်လည် မိုးကြိုးသခင်ကို ပစ္စည်းဝိညာဉ်အဖြစ် အတင်းအကျပ်ပြောင်းလဲပြီး သန့်စင်ပြုလုပ်သောနည်းလမ်းသည်တော့ ရှောင်တန်ချန်အတွက် လုံးဝ မကြုံစဖူးအရာဖြစ်သည်။
ထို့အပြင် ရွှယ်အန်းက လေထဲတွင် အက္ခရာများ ရေးထိုးနေသည်ကို တွေ့လိုက်ရချိန် သူက ဘာပြောရမှန်းမသိအောင် အံ့အားသင့်သွားသည်။
ဘယ်လို ကြိုတင်ပြင်ဆင်မှုမှမရှိဘဲ သင်္ကေတများကိုဆွဲဖို့ သူ့လက်များကို တိုက်ရိုက်အသုံးပြုသည်မှာ မယုံနိုင်စရာကောင်းသည်ထက်ပင် ပိုနေပြီဖြစ်သည်။
ရှောင်တန်ချန်တောင်မက ကွေ့ယီတစ်ခုလုံးတွင် မည်သူမှ ဤသို့လုပ်နိုင်သည်ဟု မကြားဖူးပေ။
ဒယ်အိုးပေါ်တွင် အက္ခရာများ တဖြည်းဖြည်း ပုံပေါ်လာတာနှင့်အမျှ အစောပိုင်းက တုန်ခါမှုမှ ရပ်တန့်သွားခဲ့သော ဒယ်အိုးထဲတွင် ငိုကြွေးသံတစ်ခုကို ကြားနေရသည်။
"အရှင် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
"အရှင် ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
"အရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ပစ္စည်းဝိညာဉ် မဖြစ်ခိုင်းပါနဲ့"
ထိုသို့ တောင်းပန်သံများသည် အဆက်မပြတ် ထွက်ပေါ်နေသည်။
ရွှယ်အန်းသည် ထိုဆူညံသံကြောင့် စိတ်မရှည်ဖြစ်လာပြီး မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ဒယ်အိုးထဲမှာ တံဆိပ်ခတ်ခံထားရသော ကိုးပတ်လည် မိုးကြိုးသခင်သည် ချက်ချင်း ပါးစပ်ပိတ်လိုက်သော်လည်း ခဏအကြာမှာ တိုးညှင်းသော ငိုရှိုက်သံများ ထွက်ပေါ်လာသည်ကို ကြားရသည်။
အသံကို ကြည့်ရပါက အမျိုးသမီးတစ်ယောက် ဖြစ်ပုံပေါ်သည်။
ရွှယ်အန်းက စိတ်မလှုပ်ရှားစွာ ပြောလိုက်သည်။
"ပစ္စည်းဝိညာဉ်ဖြစ်လာတာက မင်းအတွက် ဂုဏ်ယူစရာပဲ၊ အချိန်ကျလာရင် မင်းကို အခွင့်အရေးတစ်ခု ငါပေးမယ် ဒါပဲ..."
ရွှယ်အန်း၏ စကားကြောင့် ငိုရှိုက်သံသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သက်ပြင်းချသံနက်နက်တစ်ခုဖြင့်သာ အစားထိုးသွားသည်။
ရွှယ်အန်းက မကြားသလို ဟန်ဆောင်ပြီး အက္ခရာများကို တစ်ခုပြီးတစ်ခု ဆက်လက် ရေးထိုးနေသည်။
အက္ခရာများ၏ ရှုပ်ထွေးမှုကြောင့် ရွှယ်အန်းတောင်မှ သူတို့အပေါ် အားထုတ်မှုအများကြီး သုံးစွဲရလောက်သည်အထိဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ့ဇနီးအတွက် ဒယ်အိုးကို သန့်စင်ပြုလုပ်နေချိန် နက်ရှိုင်းမိုးကြိုးမြို့၏ အလွန်ခမ်းနားသော အခန်းတစ်ခန်းထဲဆွင် လုကျင်းလုံသည် ဒေါသတကြီး ဖြစ်နေသည်။
"ခွေးမသား! ဘယ်သူမှ ငါနဲ့ယှဉ်ပြီး ဘာကိုမှ မလုရဲဘူး၊ အဲ့ဒီကောင် သေမှဖြစ်မယ်၊ ငါ သူ့ကို သတ်မယ်"
လုကျင်းလုံ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်သည် လျှံကျတော့မတတ် ပြင်းထန်နေသည်။
"သခင်လေး အဲ့ကိစ္စကို ဒီကျိုးနွံတဲ့အစေခံတာ၀န်ပဲ ထားလိုက်ပါ၊ ကျွန်တော် အဲ့လူရဲ့ခေါင်းကို သခင်လေးဆီ ယူလာခဲ့ပါ့မယ်"
ဆံပင်ဖြူတစ်ဝက်နှင့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် လေးလံသောလေသံဖြင့် ပြောလိုက်တယ်။
တကယ်လို့ တခြားလူများသာ ဤနေရာမှာ ရှိနေပါက ထိုအဘိုးအိုကို တွေ့လိုက်လျှင် တုန်လှုပ်သွားမှာ သေချာသည်။
အဘယ့်ကြောင့်ဆို ဤလူသည် အလယ်ပိုင်းဒေသတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော နှလုံးစားအဘိုးအို ဖြစ်နေသောကြောင့်ဖြစ်သည်။
သူငည် ကျင့်ကြံမှုမှာ အစွမ်းထက်သော်လည်း ပင်ကိုယ်သဘာဝသည် ရက်စက်ပြီး အလွန်ကောက်ကျစ်ကာ ကြမ်းကြုတ်သဖြင့် မရေမတွက်နိုင်သေ။ ကြီးလေးသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး သွေးများနှင့် နစ်မြုပ်နေသည်ဟုပင် ပြောလို့ရသည်။
သို့သော် လွန်ခဲ့တဲ့ ဆယ်နှစ်က သူသည် ရုတ်တရက်ဆိုသလို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
လူအများစုသည် သူ့ကိုသေပြီဟုပင် ထင်ခဲ့ကြသည်။
လူတိုင်းကို အံ့အားသင့်စရာသည်မှာတော့၊ သူသည် ချောင်ထျန်ပြခန်း လုမိသားစု၏ ထိပ်တန်း ဧည့်သည်အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။
လုကျင်းလုံက ခေါင်းခါလိုက်ပြီး မကျေမနပ်ဖြစ်နေသော မျက်နှာနှင့် ပြောလိုက်သည်။
"မလိုဘူး... ဒီကောင်က သူ့ရဲ့ မိန်းမနဲ့ မိသားစုဝင်တွေကိုပါ ခေါ်လာတယ်၊ ငါက သူတို့တွေကို သူ့မျက်စိရှေ့မှာတင် ဖျက်ဆီးပြီး သတ်ပစ်ချင်တယ်၊ ငါ့ကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို သိစေချင်တယ်"
"သခင်လေး သဘောအတိုင်းပါပဲ"
နှလုံးစားအဘိုးအိုသည် ဤကိစ္စကို အလေးအနက်မထားဘဲ သာမာန်မျက်နှာထားနှင့် ပြောလိုက်သည်။
သူသည် ယနေ့မွန်းလွဲပိုင်းမှ နက်ရှိုင်းမိုးကြိုးမြို့ကို ရောက်လာခဲ့ခြစ်ဖြစ်သည်။
သူ ဒီလောက်မြန်မြန် ရောက်လာရသော အကြောင်းရင်းသည် သူ နက်ရှိုင်းသောမိုးကြိုးမြို့ အနီးအနားမှာ ရှိနေတုန်း လုကျင်းလုံ၏ အရေးပေါ်စာကို လက်ခံရရှိသဖြင့် အလွန်ပျော်သွားကာ တခြားအရာအားလုံးကို ချက်ချင်းပစ်ချပြီး အမြန်လာခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် ဤကိစ္စကိုသုံးပြီး လုမိသားစု၏ သားအကြီးဆုံးနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ပါက သူ့ကိုယ်ပိုင်အဆင့်အတန်လည်း ဒီရေအလိုက် မြင့်တက်လာမှာ သေချာသည်။
ထို့အပြင် သူပြိုင်ဘက်သည် အရှေ့ပိုင်းဒေသ ဆေးဆရာတစ်ယောက်မျှသာ ဖြစ်သည်ဆိုတာ သိလိုက်ရချိန် ပိုလို့တောင် ပျော်သွားသည်။
ကောင်းကင်ဘုံကတောင် ငါ့ဘက်မှာ ရှိနေသလိုပဲ...
တစ်ချိန်တည်းမှာပင်...
မြို့သခင်၏ အိမ်တော်တွင် ကောင်းရှင်းဟိုင်သည် ရွှယ်လွေ့လီကို အလွန်ဆိုးရွားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "မစ္စရွှယ်... လေလံပွဲမှာ ရုတ်တရက်ပေါ်လာတဲ့လူက အရှေ့ပိုင်းဒေသက ဆေးဖော်ကျွမ်းကျင်သူတစ်ယောက်နဲ့ အတူရှိနေပြီး၊ ထူးခြားတဲ့ နောက်ခံဘာမှမရှိဘူး"
ရွှယ်လွေ့လီက တိတ်ဆိတ်နေသည်။
ကောင်းရှင်းဟိုင်က အံ့ကြိတ်လိုက်သည်။
"မစ္စရွှယ်... ခင်ဗျားသာ လှုပ်ရှားလိုက်ရင် ခင်ဗျားရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါ့ကြောင့် ဒီကိစ္စကို ခင်ဗျား ကိုင်တွယ်ဖို့မလိုပါဘူး၊ ကျွန်တော့်ကို လုပ်ခွင့်ပေးပါ၊ ကျွန်တော် အဲ့ဒီပစ္စည်းကို သေချာပေါက် ပြန်ယူလာခဲ့ပါ့မယ်"
ရွှယ်လွေ့လီက မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်က တဖြည်းဖြည်း မည်းမှောင်လာသော ကောင်းကင်ကို ကြည့်ကာ အေးစက်သောလေသံနှင့် ပြောလိုက်သည်။
"လုကျင်းလုံဆိုတဲ့ အဲ့ဒီကောင်က ဒီအတိုင်း လက်လွှတ်မှာ မဟုတ်ဘူး၊ မင်းတစ်ယောက်တည်း Lei Zunကို ယူနိုင်ခဲ့ရင်တောင် လုမိသားစုကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ အဲ့ဒီလူရဲ့ လက်ထဲကနေ Lei Zunကို အရင်ဆုံး လဲလှယ်နိုင်ခဲ့ရင်၊ အကောင်းဆုံးပဲ"
ကောင်းရှင်းဟိုင်က ခဏလောက် တွေဝေသွားပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့"
သို့သော် သူငုံ့ချလိုက်ချိန် မျက်လုံးတွေထဲမှာ လောဘကြီးသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
လဲလှယ်မယ်?
ဘယ်လို လဲလှယ်မှာလဲ?
အင်မော်တယ် ကျောက်သလင်း လေးသောင်းဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ...
ဘာပဲဖြစ်ဖြစ် အခုက လေလံပွဲနေရာမှာ မဟုတ်ဘူး၊ သူ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာဘေ၊ ဒီတော့ အဲ့လူကိုသတ်ပြီး ရတနာကို ယူလိုက်ရင် အင်မော်တယ်ကျောက်သခင်း လေးသောင်းကို ချွေတာနိုင်လိမ့်မယ်မဟုတ်လား...
ပြီးတော့ အဲ့လူ အရင်က သူ့သမီးနဲ့ လူသိရှင်ကြား ပဋိပက္ခဖြစ်ခဲ့သေးတယ်၊ ဒီတော့ သူ့ကို အသက်ရှင်ခွင့်ပေးဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး...
သူ့စိတ်ထဲမှာ တွက်ချက်နေလျက် သတ်ဖြတ်လိုစိတ်များသည် ကောင်းရှင်းဟိုင်၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
နေ့အလင်းရောင်သည် ပိုမှိန်ဖျော့လာသည်။
တည်းခိုရုံထဲမှာ မီးအိမ်များ ထွန်းညှိထားရမည့် အချိန်ကိုရောက်လာသည်။
ရွှယ်အန်းလည်း နောက်ဆုံး ဂါထာမန္တန်ကို ထွင်းထုပြီးသွားသည်။
ဟမ့်!
ဒယ်အိုးသည် ခပ်ဖွဖွ တုန်ခါသွားပြီး တောက်ပစွာ လင်းလက်လာကာ အထဲမှာ ထူထပ်ပြီး အစွမ်းထက်သော အက္ခရာများစွာကို ထုတ်ဖော်ပြသလိုက်သည်။
ထိုသည်တင်မကပဲ ရွှေရောင်အလင်းတန်းနှင့် ရောယှက်ကာ လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာသည်။
အစွမ်းထက်သော ရောင်ခြည်တနတစ်ခုလည်း အထဲကနေ ထုတ်လွှတ်နေသည်။
ရွှယ်အန်းက သက်ပြင်းခပ်ဖွဖွချလိုက်ပြီး သိသိသာသာ ပြောင်းလဲသွားသော ဒယ်အိုးကို အန်းယန်ဆီ ကမ်းပေးလိုက်သည်။
"ယန်အာ ဘယ်လိုလဲ၊ ကျေနပ်ရဲ့လား"
အန်းယန်သည် ယူလိုက်ပြီး အရင်ဆုံး အလေးချိန်ကို ချိန်ဆကြည့်ရာ၊ နည်းနည်းပိုလေးလာသည်ကို ခံစားမိသော်လည်း ကိုင်ရတာ ပိုအဆင်ပြေသည်ဟု ထင်မိသည်။
ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူး"
ထိုသို့ပြောရင်း သူမသည် စွမ်းအားကို စမ်းသပ်ချင်သောကြောင့် ဒယ်အိုးကို အားနှင့် လွှဲရိုက်လိုက်သည်။
"မလုပ်..."
ရွှယ်အန်းက သူမကို အချိန်မီ မတားလိုက်နိုင်ပေ။
အန်းယန်က လွှဲရိုက်လိုက်ပြီးဖြစ်သည်။