လုမိသားစု၏ ဘိုးဘေး၊ ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်သောဓား
Vol. 51 Ch. 761
ရွှယ်အန်းသည် သူ့ခေါင်းကို ထပ်မံ၍ ခြေမွလိုက်သည်။
သူ နောက်တစ်ကြိမ် ပြန်လည်ကောင်းမွန်လာသောအခါ လုကျင့်လုံသည် ပြိုလဲကျတော့မည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
“မင်း... အယုတ်တမာ၊ မကောင်းဆိုးဝါး၊ မင်း ဘာတွေ လိုချင်နေတာလဲ”
“အစက ပြန်စမယ်”
ဖွတ်!
“ကျွန်တော် မှားသွားပါတယ် သခင်ရွှယ်ရယ်၊ ကျွန်တော် တကယ် မှားမှန်းသိပါပြီ၊ ဒီတစ်ခါတော့ ကျွန်တော့်ကို လွှတ်ပေးပါ”
“အစက ပြန်စ”
ဖွတ်!
ဤသို့ သုံးကြိမ်တိုင်တိုင် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် သူ ပြန်လည် အသက်ရှင်လာသောအခါ လုကျင်းလုံသည် စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေသည်။
ထပ်ခါထပ်ခါ ဝိညာဉ်ကွဲကြေမတတ် ခံစားရသော နာကျင်မှု၊ အမှောင်ထုထဲသို့ ထိုးကျသွားခြင်းတို့သည် သူ့ကို ရူးသွပ်သည်အထိ ဖြစ်သွားစေသည်။
“ပ... ပထမအကြိမ်”
ရွှယ်အန်းက ခေါင်းညိတ်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကောင်းမွန်တဲ့ အစပျိုးမှုပဲ၊ မင်း ဆက်ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ကျေးဇူးပြု...”
လုကျင့်လုံ စကားမဆုံးမီမှာပင် ရွှယ်အန်းက သူ့ကို သေခြင်းအရသာအား နောက်တစ်ကြိမ် မြည်းစမ်းစေလိုက်သည်။
သူ နောက်တစ်ကြိမ် နိုးထလာသောအခါ၊ လုကျင့်လုံက ချက်ချင်း အော်ဟစ်လိုက်သည်။
“ဒုတိယအကြိမ်ပါ၊ ကျွန်တော့်ကို လွှတ်ပေးပါတော့၊ ကျွန်တော် မခံနိုင်တော့ဘူး...”
ရွှယ်အန်းသည် မလှုပ်မယှက်ပင် ထပ်မံ၍ ညှစ်ခြေလိုက်သည်။
ဖွတ်!
လုကျင့်လုံသည် ကြီးမားသော နာကြည်းမှုများကြားမှ အမှောင်ထုထဲသို့ နောက်တစ်ကြိမ် ထိုးကျသွားပြန်သည်။
လုကျင့်လုံ၏ တုန်ရီနေသော အသံက ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။
“တတိယအကြိမ်!”
“စတုတ္ထအကြိမ်!”
“ပဉ္စမအကြိမ်!”
...
နောက်ဆုံး၊ (၁၅) ကြိမ်မြောက် အပြီးတွင် လုကျင်းလုံ၏ မျက်လုံးများသည် အသက်မဲ့နေပြီ ဖြစ်သော်လည်း သူ့အနေဖြင့် ရွှယ်အန်းအား တောင်းပန်သော အကြည့်ဖြင့် ကြည့်နေဆဲဖြစ်ပြီး အစွမ်းကုန် ကြိုးစား၍ ပြောလိုက်သည်။
“သခင်ကြီး ဒီတစ်ခါတော့ ကျွန်တော့်ကို လွှတ်ပေးပါ”
သူတစ်ယောက်တည်းသာ မဟုတ်ပေ။
အရာအားလုံးကို မြင်တွေ့နေခဲ့သော ရွှယ်လွေ့လီပင်လျှင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“ရွှယ်အန်း... လုကျငမးလုံ လုပ်ခဲ့တာတွေက တကယ် မှားပါတယ်၊ ဒါပေမဲ့ နသ် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ခဲ့ပြီးပြီ ကျေလောက်ပါပြီ၊ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်ပါ”
ထိုအချိန်တွင် ပိုင်ချင်းအာလည်း အလျင်အမြန် ရောက်ရှိလာပြီး လေပေါ်တွင် ရပ်လျက် သွေးများစိုရွှဲနေသော လုကျင့်လုံကို ထိတ်လန့်တကြား အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ရွှယ်လွေ့လီ ပြောတာ မှန်တယ်၊ လုသခင်လေးကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါ၊ မဟုတ်ရင် နင် သူ့ကို တကယ် သတ်လိုက်မိရင်၊ လုမိသားစုကလည်း ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး”
ရှောင်တန်ချန်ပင်လျှင် ခဏမျှ တုံ့ဆိုင်းပြီးနောက် လက်သီးစုတ် အရိုအသေပြုကာ ပြောလိုက်သည်။
“ဆရာ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်တာ...”
ထိုတောင်းပန်သံများကို ကြားသောအခါ နာကျင်မှုကြောင့် အသိစိတ် ထုံထိုင်းနေပြီဖြစ်သော လုကျင့်လုံသည် အနည်းငယ် သတိပြန်ဝင်လာပြီး၊ သူ၏နှလုံးသားထဲတွင် အလွန်အမင်း ကလဲ့စားလိုသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။
ငါသာ အိမ်ကို အရှင်ပြန်ရောက်သွားကြည့်၊ လုမိသားစု တစ်စုလုံးကို စုပြီး မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်
သို့သော် အပေါ်ယံတွင်မူ သူသည် ထိုအတွေးကို အရိပ်အယောင်မျှပင် မပြရဲဘဲ ရွှယ်အန်းအား တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့်သာ ကြည့်နေဆဲဖြစ်သည်။
ထိုစဥ် ရွှယ်အန်း၏ နှုတ်ခမ်းများသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။
“သူ့ကို လွှတ်ပေးရမယ်၊ ဟားဟား... ငါ သူ့ရဲ့ အတွေးတွေကို ခံစားမိနေတယ်၊ သူ ခုနက ယန်အာကို ခြိမ်းခြောက်တုန်းက သူ စဉ်းစားခဲ့တာက ဘယ်လို ညှဉ်းပန်းနှိပ်စက်မလဲ ဆိုတာပဲ၊ ငါသာ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ရင် အခု သေသွားတာ ငါတို့နှစ်ယောက် ဖြစ်နိုင်တယ်၊ ဒါကို မင်းတို့က သူ့ကို လွှတ်ပေးဖို့ ပြောမှာလား”
ထိုစကားများကြောင့် အကြံပေးခဲ့ကြသော ပိုင်ချင်းအာနှင့် ရွှယ်လွေ့လီ အပါအဝင် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
ထို့နောက် ရွှယ်အန်းက ကိုယ်ကိုကိုင်းကာ၊ စိတ်အလွန်လှုပ်ရှားနေသော လုကျင့်လုံ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“မင်း ဘာတွေးနေလဲ ငါသိတယ်၊ စိတ်ချ၊ မင်းရဲ့ လုမိသားစုက ငါ့ကို လာစရဲရင် ငါ သူတို့ကိုလည်း ဒီလောကကြီးထဲကနေ ဖယ်ရှားပစ်မယ်”
လုကျင့်လုံ၏ ကြွက်သားများအားလုံး တောင့်တင်းသွားသည်။
“မ... မလုပ်...”
ဤတစ်ခါတော့ ရွှယ်အန်းသည် သူ့ကို နောက်တစ်ကြိမ် ပြန်ရှင်သန်ခွင့် မပေးတော့ဘဲ လက်နှစ်ဖက်ကို ရိုးရှင်းစွာ ရိုက်ခတ်လိုက်သည်။
ကျွတ်
လုကျင့်လုံ၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်အောင် ကြီးမားပြီး မတားဆီးနိုင်သော စွမ်းအားတစ်ခုကြောင့် ဖိသိပ်ခံလိုက်ရပြီး တစ်မီတာ ပတ်လည်ရှိသော အသားနှင့်သွေးတုံးကြီး တစ်တုံး ဖြစ်သွားသည်။
လုကျင်းလုံ၏ နတ်ဘုရားအာရုံသည်လည်း ပျံထွက်လာသည်။
ထိုအချိန်မှာပင်၊ အဝေးမှ ကောင်းကင်ယံမှ ဖြူသော မျဉ်းကြောင်း သေးသေးလေးတစ်ခု ရုတ်တရက် ပေါ်လာပြီး လုကျင်းလုံ၏ နတ်ဘုရားအာရုံကို ဖမ်းဆွဲကာ ဆွဲခေါ်သွားသည်။
“ဒါ... ဘိုးဘေးမြေ”
ရှောင်တန်ချန်က အံ့အားတသင့် အော်လိုက်သည်။
ထိုကဲ့သို့သော ဂုဏ်သရေရှိ မိသားစုများတွင် လျှို့ဝှက် နည်းစနစ်တစ်ခုကို လက်ဆင့်ကမ်းတက်ကြသည်။
မိမိတို့၏ ဘိုးဘေးများကို ကောင်းချဌးမြေ ရှိ ဂူတစ်ခုတွင် ပူဇော်ပြီး လျှို့ဝှက် နည်းစနစ် အမျိုးမျိုးကို အသုံးပြုခြင်းဖြင့် ထိုနေရာကို ဘိုးဘေးမြေ အဖြစ်သို့ ပြောင်းလဲနိုင်သည်။
အကယ်၍ မျိုးနွယ်၏ တရားဝင် သားစဉ်မြေးဆက်တစ်ဦး သေဆုံးသွားပါက ၎င်းတို့၏ နတ်ဘုရားအာရုံကို ဘိုးဘေးမြေသို့ ပြန်လည် ခေါ်ဆောင်နိုင်ပြီး ထိုသို့ဖြင့် သူတို့၏ ဝိညာဉ် ပျက်စီးခြင်းမှ ကာကွယ်နိုင်သည်။
လုမိသားစုတွင်လည်း ဘိုးဘေးမြေ ရှိနေခြင်းဖြစ်သည်။
သို့သော် ဤအရာအားလုံးကို ရင်ဆိုင်ရချိန် ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။
“ထွက်သွားချင်တာလား”
သူစကားပြောလိုက်သည်နှင့် ရွှယ်အန်း၏ မျက်လုံးများမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လုကျင့်လုံ၏ နတ်ဘုရားအာရုံသည် ပြင်းထန်စွာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီးနောက် ဘာမှမရှိတော့သည့် အခြေအနေသို့ ပျောက်ကွယ်သွားသည်။
ဤသို့ဖြင့် နက်ရှိုင်းမိုးကြိုးမြို့မှ လုမိသားစု၏ သားအကြီးဆုံး လုကျင့်လုံသည် ဝိညာဉ် ပျက်စီး ချေမှုန်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သို့သော် လုကျင့်လုံ ပျက်စီးသွားသည့် ထိုအခိုက်အတန့်တွင် သူ့ကို ဆွဲယူနေသော အဖြူရောင် အမျှင်တန်းသည် ရုတ်တရက် တိုးပွားလာပြီး ကြီးမားမြင့်မားလှသော အရိပ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုပုံရိပ်သည် ရွှယ်အန်းနှင့် အခြားသူများကို အေးစက်စွာ နှာခေါင်းရှုံ့ကာ လက်ဖြင့် ရိုက်ချလိုက်သည်။
“ဒါ လုမိသားစုရဲ့ ဘိုးဘေးတစ်ယောက်ပဲ”
ပိုင်ချင်းအာသည် အော်ဟစ်လိုက်ပြီး လူတိုင်း ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
ဤသည်မှာ ရွှယ်အန်းက လုကျင်းလုံ၏ ဝိညာဉ်ကို ဖျက်ဆီးလိုက်သောကြောင့် ဘိုးဘေးမြေ အတွင်းမှ အိပ်စက်နေသော ဘိုးဘေးကို ဒေါသထွက်စေခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
ဘိုးဘေးမြေတွင် နှစ်ပေါင်းမည်မျှ ကြာအောင် အိပ်စက်ခဲ့သည်မသိ၊ မျိုးဆက်ပေါင်းများစွာ၏ ပူဇော်ပသမှုများနှင့် အမွှေးတိုင်များက ဤလုမိသားစု ဘိုးဘေးကို နတ်ဘုရား အဆင့်သို့ ရောက်လုနီးပါး ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူ၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည့်အခါ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် နက်ရှိုင်းသောမိုးကြိုးမြို့၏ နေရာအများစုကို ပြင်းထန်သော အသံများနှင့်အတူ ပြိုကျသွားစေခဲ့သည်။
အားလုံး ထိတ်လန့် အံ့အားသင့်သွားကြသည်။
သို့သော် ရွှယ်အန်းက ထိုအရိပ်သဏ္ဌာန်ကြီးကို မော့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ငါ မင်းကို သတ်ဖို့ အစီအစဉ် မရှိဘူး၊ ဒါပေမဲ့ မင်းက မင်းရဲ့ မျိုးဆက်ကို ကာကွယ်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့ မင်းလည်း သူတို့နဲ့အတူတူ သေလိုက်တာ ပိုကောင်းမယ်”
သူ စကားဆုံးသည်နှင့် ရွှယ်အန်း၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး၊ ၎င်းတို့သည် မိုင်တစ်ရာနီးပါး ရှည်လျားသော ဧရာမ ဓားကြီးတစ်လက်အဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားသည်။
ထို့နောက် ရွှယ်အန်းသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများသည် နတ်ဘုရားအလင်းရောင်ဖြင့် တောက်ပလျက် ဟစ်ကြွေးလိုက်သည်။
“ငါ့ရဲ့ ဓားသိုင်းကို ကြည့်လိုက်ကြ၊ အကြွင်းမဲ့၊ ကောင်းကင်၊ မြေကြီး”
ဘုန်း!
စကားဖြင့် ဖော်ပြ၍ပင်မရနိုင်သော ကြီးမားလှသည့် ဓားအလင်းတန်းကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်လိုက်ကဲ့သို့ ကျဆင်းလာသည်။
ဓားအလင်းတန်း၏ တောက်ပမှုသည် အလွန်ထွန်းလင်းတောက်ပနေသောကြောင့် ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကြား၀ယ် ဤဓားအလင်းတန်းသာလျှင် တစ်ခုတည်း တည်ရှိနေသကဲ့သို့ ထင်ရပြီး လူတိုင်း၏ စိတ်ဝိညာဉ်အား ကြီးမားစွာ တုန်လှုပ်သွားစေသည်။
ဤအရာအားလုံးကို ကြည့်ရှုနေခဲ့သော ရွှယ်လွေ့လီသည် သူမ၏ တည်ငြိမ်မှုကို မထိန်းထားနိုင်တော့ပေ။
သူမသည် ဓားသိုင်း ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤတစ်ချက်တည်းတွင် ပါဝင်သော အံ့မခန်းဖွယ် ဓားအရှိန်အဝါကို သဘာဝအတိုင်း ခံစားမိနိုင်သည်။
ထိုအချိန်တွင် ကြီးမားသော အရိပ်သဏ္ဌာန်ကြီး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး ၎င်းသည် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ဓားအလင်းတန်း ဖြတ်သွားရ။နေရာတွင် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးက ဦးညွှတ်ရသည်။
ထို့ကြောင့် ဓားသည် ၎င်းကို နှစ်ပိုင်းခွဲလိုက်သောအခါတွင် တုံ့ပြန်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ကျွတ်
အရိပ်သဏ္ဌာန်ကြီး၏ အလယ်ဗဟိုတွင် သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်လာပြီး ၎င်းအတွင်းမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းများ ပေါက်ကွဲထွက်လာသည်။
ထို့နောက် အက်ကြောင်းသည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။
အဆုံးတွင် လုမိသားစု ဘိုးဘေး၏ ပုံရိပ်ဖြစ်သော ထိုအရိပ်သဏ္ဌာန်ကြီးသည် ကောင်းကင်ကို စုတ်ဖြဲမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ မြေပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားသော ချောက်နက်ကြီးတစ်ခုမှလွဲ၍ အရာအားလုံးသည် ဟင်းလင်းပြင်အလား ဖြစ်သွားသည်။
“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ လူတစ်ယောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားအရှိန်အဝါကို ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ”
ရွှယ်လွေ့လီသည် မျက်နှာ ဖြူဖျော့လျက် ရေရွတ်လိုက်သည်။ သူမသည် တစ်ချိန်က သူမ၏ ဓားသိုင်းတရားစွမ်းရည်က ကောင်းကင်အောက်တွင် အားလုံးထက် သာလွန်သည်ဟု ယုံကြည်ခဲ့ဖူးသည်။
သို့သော် ဤတစ်ချက်တည်းက သူမအား လေးနက်သော ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ရွှယ်လွေ့လီသည် သူမ၏ ယခင်မာနများအားလုံးသည် ထိုအခိုက်အတန့်တွင် ကျိုးကြေသွားကဲ့သို့ ခံစားလိုက်ရသည်။
ပိုင်ချင်းအာမှာမူ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်လှုပ်နေပြီး ရွှယ်အန်းကို မယုံနိုင်လောက်အောင် ထိတ်လန့်စွာ ကြည့်နေပြီး ပြောစရာ စကားလုံးများ ပျောက်ဆုံးနေသည်။
လေလံပွဲမှစ၍ ဤလူသည် သူမအား ထိတ်လန့်မှုတစ်ခုပြီးတစ်ခု ဆက်တိုက် ပေးခဲ့သည်။
ယခုအချိန်တွင်ပင် သူသည် လုမိသားစု၏ ဘိုးဘေးတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
ဒီလူက ဘယ်သူလဲ...
ပြီးတော့ သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...