ဆေးလုံးတိုက်ပွဲ စတင်ခြင်း၊ ကောင်းကင်အောက်ရှိ အရူးအမူး လောင်းကြေးများ
Vol. 51 Ch. 765
ရှောင်တန်ချန်က ပြုံးလိုက်သည်။
“ဆိုင်ရှင်သုန့် ဒီလူကြီးမင်းက ကျွန်တော် အရမ်း လေးစားရတဲ့ ဆရာတစ်ယောက်ပါ၊ သူက ဒီနေရာမှာ ကျင်းပမယ့် ဆေးလုံးဖော်စပ်ခြင်း ပြိုင်ပွဲအတွက် လာခဲ့တာ”
“ဆရာတစ်ယောက်”
သုန့်လင်းရှင်သည် အတော်လေး အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် အသက်နှစ်ဆယ်ကျော် အရွယ်မျှသာ ရှိပုံရပြီး ပေါ့ပေါ့ပါးပါးနှင့် အေးစက်စက်နိုင်သော အမူအရာရှိကာ ပထမတစ်ချက် ကြည့်လိုက်လျှင် အားနည်းသော ပညာတတ်တစ်ဦးကဲ့သို့ ထင်ရသည်။
သို့သော်လည်း သူမ လေးစားကြည်ညိုခံရသော သခင်ကြီးရှောင်တန်ချန်သည် ၎င်းအား ဆရာတစ်ယောက်ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။
ဤပုဂ္ဂိုလ်သည် ရှေးခေတ် ဆေးလုံးဖော်စပ်သည့် မိသားစုကြီး တစ်ခုခုမှ မျိုးဆက်သစ်တစ်ဦး ဖြစ်လောက်သည်လား...
သုန့်လင်းရှင်သည် ဤသို့ တွေးတောနေမိသည်။
ရှောင်တန်ချန်က ပြုံးလျက် ပြောလိုက်သည်။
“ကျွန်တော်တို့ ရောက်တာ နောက်ကျသွားလို့ တည်းခိုစရာနေရာ ရှာမရသေးဘူး ဖြစ်နေတယ်၊ ခင်ဗျားတို့ဆိုင်မှာ ကျွန်တော်တို့ကို ရက်အနည်းငယ်လောက် တည်းခိုခွင့် ပေးနိုင်မလား မသိဘူး”
ရှောင်တန်ချန်သည် သုန့်လင်းရှင်မှာ အားတက်သရော သဘောတူလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သုန့်လင်းရှင်၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားပြီး သူမ၏ မျက်နှာပေါ်တွင် အခက်အခဲ အနည်းငယ် ပေါ်လာသည်။
ရှောင်တန်ချန်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း အနေရခက်သည့် အသွင်သို့ ပြောင်းသွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ခင်ဗျားတို့ဆိုင်မှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား၊ ကိစ္စမရှိပါဘူးရင် ကျွန်တော်တို့ တခြား တည်းမဲ့နေရာ သွားရှာလိုက်ပါ့မယ်”
“မဟုတ်ပါဘူး... ရှောင်သခင်ကြီး၊ ရှငိ နားလည်မှု လွဲနေပါပြီ၊ ဒီမှာ ဘာအခက်အခဲမှ မရှိပါဘူး၊ ရှငိတို့ တည်းခိုတာက ကျွန်မတို့ ကျိသန့်နန်းတော်အတွက် ဂုဏ်ယူစရာတစ်ခုပါ၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ”
ရှောင်တန်ချန်သည် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဤမျှ သေးငယ်သော ကိစ္စတစ်ခုကို မလိုအပ်ဘဲ ရှုပ်ထွေးအောင် လုပ်နေသည်ဟု တွေးမိပြီး သူ့ဆရာရှေ့တွင် မျက်နှာ ပျက်စေခဲ့သည်။
ထိုအခိုက်တွင် မောက်မာဟန်ဖြင့် မထီမဲ့မြင်ပြုမှုတို့ဖြင့် ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါပေမဲ့ ကျိသန့်နန်းတော်က လောကကြီးကို လိမ်လည်ပြီး နာမည်ကောင်း ခိုးယူနေတဲ့ သူတွေကိုတော့ ကြိုဆိုမှာ မဟုတ်ဘူး”
ထိုစကားနှင့်အတူ ရွှေရောင် ဆေးလုံးဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုးမခငါးခက်ပမာ မုတ်ဆိတ်မွှေးကြီးဖြင့် ပတ်ပတ်လည်တွင် ဆေးလုံးချီများ ဝေ့ဝဲနေသော ကျင့်ကြံသူတစ်ဦးသည် ယုံကြည်မှု အပြည့်ဖြင့် ရှေ့သို့ လှမ်းထွက်လာသည်။
ဤလူကိ မြင်သောအခါ ရှောင်တန်ချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် မည်းမှောင်သွားသည်။
“ချောင်တုရှန်... မင်းကိုး”
ချောင်တုရှန်က လှောင်ရယ်လိုက်သည်။
“ရှောင်တန်ချန်... မင်း ဒီ ဆေးလုံးဖော်စပ် ပြိုင်ပွဲကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ မင်း မနှစ်ကလိုပဲ ရှုံးနိမ့်ပြီး လူတိုင်းရဲ့ ရယ်စရာ ဖြစ်သွားမှာ မကြောက်ဘူးလား”
ဤအကြောင်းကို ထည့်ပြောလိုက်သည်နှင့် ရှောင်တန်ချန်၏ မျက်နှာအမူအရာသည် အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားသည်။
“ချောင်တုရှန်... အဲ့ဒါ မင်း ကံကောင်းသွားတာသက်သက်ပဲ၊ ဒီတစ်ခါတော့၊ ငါ မင်းကို အနိုင်တိုက်မယ်”
ရှောင်တန်ချန်က ကြွေးကြော်လိုက်သည်။
“ငါ့ကို အနိုင်တိုက်မယ်၊ ဟားဟား၊ မင်းကလား...”
ချောင်တုရှန်သည် ရှောင်တန်ချန်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုလူနှစ်ဦးကြားမှ တင်းမာမှုသည် အလွန် ပြင်းထန်လွန်းသဖြင့် ဘေးမှ ကြည့်နေသူများပင် ယမ်းငွေ့နံ့ကို ရလုနီးပါး ဖြစ်နေသည်။
သုန့်လင်းရှင်၏ မျက်နှာတွင် အနေရခက်သည့် အမူအရာ ပေါ်လာသည်။
ဤသည်မှာ သူမ တုံ့ဆိုင်းနေရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤ ဆေးဆရာ ချောင်တုရှန်နှင့် ရှောင်တန်ချန်တို့သည် ရန်သူများ ဖြစ်ကြသည်ကို သူမ ကောင်းစွာ သိသောကြောင့် ဖြစ်သည်။
ယခင် ဆေးလုံးဖော်စပ်ခြင်း ပြိုင်ပွဲတွင်၊
ရှောင်တန်ချန်သည် နည်းပညာပိုင်းအရ ရှုံးနိမ့်ခဲ့ပြီး ချောင်တုရှန်၏ လက်တွင် အရေးနိမ့်ခဲ့သည်။
သူ ဤတစ်ကြိမ် ရောက်ရှိလာခြင်းသည် ချောင်တုရှန်ကို အနိုင်တိုက်ပြီး သူ ဆုံးရှုံးခဲ့သော နာမည်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ပြန်လည် ရယူရန် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ထိုအရာအားလုံးသည် ဖြစ်နိုင်ဖွယ် အလွန်နည်းပါးလိမ့်မည်။
သုန့်လင်းရှင်သည် သူမဘာသာ တွေးနေစဉ်မှာပင် ချောင်တုရှန်သည်တောဘ လှောင်ရယ်လိုက်သည်။
“မင်း မျက်လုံး ဖွင့်ကြည့်လိုက်စမ်းပါဦး၊ ငါအခု ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာကို”
ထိုသို့ပြောကာ ချောင်တုရှန်သည် သူ၏ ဆေးလုံးဝတ်ရုံကို ဖြန့်ကျက်လိုက်ပြီး သူ၏ ရင်ဘတ်တွင် ချည်ထိုးထားသော တံဆိပ်ငယ်လေးကို ထုတ်ပြလိုက်သည်။
“ဒါက... နက်ရှိုင်းအဆင့် ဆေးဆရာ၊ ဘယ်လိုဖြစ်နိုင်မှာလဲ... မင်းက ဘယ်လိုလုပ် နက်ရှိုင်းအဆင့် ဆေးဆရာ ဖြစ်နိုင်ရတာလဲ”
ထိုတံဆိပ်ကို မြင်သောအခါ ရှောင်တန်ချန် တစ်ကိုယ်လုံး တုန်ရီသွားပြီး မယုံနိုင်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
ချောင်တုရှန်က အောင်နိုင်သူပမာ ရယ်မောလိုက်သည်။
“ငါက ဘာလို့ နက်ရှိုင်းအဆင့် ဆေးဆရာ မဖြစ်နိုင်ရမှာလဲ၊ ငါ မင်းကို ပြောပြမယ် ရှောင်တန်ချန်၊ ငါ အခု နတ်ဆေးဘိုးဘေးရဲ့ ခြေရင်းမှာ ခစားခွင့်ရတဲ့ တပည့်တစ်ယောက် ဖြစ်နေပြီ၊ ဒါကြောင့် နက်ရှိုင်းအဆင့် ဆေးဆရာအဆင့်ကို ရောက်တာက ကြွားဝါစရာတောင် မဟုတ်ဘူး"
ဤစကားကိုကြားသောအခါ ရှောင်တန်ချန်၏ မျက်နှာသည် လုံးဝ ပြာနှမ်းသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤထိုးနှက်ချက်သည် အလွန် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နေ့စဉ်မပြတ် လုံ့လဝီရိယဖြင့် လေ့ကျင့်ခဲ့သည်မှာ ဤ ဆေးလုံးဖော်စပ်ခြင်း ပြိုင်ပွဲတွင် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန်အတွက်သာ ဖြစ်သည်။
သို့သော် မမျှော်လင့်စွာ သူတို့နှစ်ဦးကြားမှ ကွာဟချက်သည် မကျဉ်းမြောင်းသွားသည့်အပြင် အမှန်တကယ်တွင် ပိုလို့ပင်ကျယ်ပြန့်သွားခဲ့သည်။
ယခုအခါ သူ၏ ပြိုင်ဘက်သည် မြေအဆင့် ဆေးဆရာဖြစ်သော နတ်ဆေးဘိုးဘေး၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ရာ ကလဲ့စားချေရန်မှာ ပိုလို့ပင် မျှော်လင့်ချက် ကင်းမဲ့သွားပုံရသည်။
ရှောင်တန်ချန်၏ မျက်နှာအမူအရာကို မြင်သောအခါ ချောင်တုရှန်၏ မျက်နှာပေါ်တွင် မိမိကိုယ်မိမိ ကျေနပ်အားရသော အမူအရာတစ်ခု လျှံကျလုနီးပါး ဖြစ်သွားသည်။
“ရှောင်တန်ချန် ငါသာ မင်းဆိုရင် ငါ လိမ်လိမ်မာမာနဲ့ အိမ်ပြန်ပြီး အရှေ့ပိုင်းဒေသမှာ မင်းရဲ့ ရယ်စရာကောင်းတဲ့ ဆေးဂုဏ်ထူးဆောင်လေး အဖြစ် တိတ်တိတ်လေး နေလိုက်မှာပဲ၊ အလယ်ပိုင်းဒေသကို ဘယ်တော့မှ ခြေမချနဲ့တော့၊ ဒါက မင်းအတွက် ငါ့ရဲ့ စိတ်ရင်းမှန်နဲ့ ပေးတဲ့ အကြံဉာဏ်ပဲ၊ ဟားဟားဟား”
ချောင်တုရှန်သည် အောင်နိုင်သူပမာ ရယ်မောလိုက်သည်။
သို့သော် ထိုအခိုက်တွင် ရွှယ်အန်းက ရုတ်တရက် ထပြောလိုက်သည်။
“ဒီ ဆေးလုံးပြိုင်ပွဲမှာ ရှောင်တန်ချန် ဝင်ပြိုင်လိမ့်မယ် ပြီးတော့ သူက မင်းကို လူတိုင်းရဲ့ ရှေ့မှာ ဒူးထောက်ပြီး အရှုံးဝန်ခံစေရမယ်”
၎င်း၏ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
ချောင်တုရှန်သည် ရွှယ်အန်းဘက်သို့ လှည့်လိုက်ပြီး နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလို လေသံနဲ့ လာပြောရတာလဲ”
ယခုအချိန်တွင်၊ ရှောင်တန်ချန်သည် သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဒီလူကြီးမင်းက ဆေးဆရာတစ်ယောက်ဖြစ်တဲ့ ရွှယ်သခင်ကြီး၊ ရွှယ်အန်းပဲ”
“ဆေးဆရာ”
ချောင်တုရှန်သည် ထပ်ခါတလဲလဲ ရေရွတ်လိုက်ပြီး ရွှယ်အန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ရာ သူ၏ မျက်နှာသည် ပိုလိုဘပင် ထူးဆန်းသော အမူအရာသို့ ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် အလွန်အမင်း ငယ်ရွယ်လွန်းနေသောကြောင့် ဖြစ်သည်။
ဆေးဖော်စပ်ခြင်းပညာဆိုသည်မှာ မည်သို့ပင် ဆိုစေကာမူ အတွေ့အကြုံကို လိုအပ်သော ပညာရပ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်သူများထဲတွင် မည်သူသည် ဆံဖြူ အဘိုးအိုများမဟုတ်ဘဲ နေမည်နည်း။
ချောင်တုရှန်၏ အရွယ်သည်ပင်လျှင် အတော်လေး ငယ်ရွယ်သည်ဟု သတ်မှတ်ခံထားရသည်။
သို့သော် ချောင်တုရှန်သည် ရွှယ်အန်းကဲ့သို့ ငယ်ရွယ်သူ တစ်ဦးကို ဆေးလုံးဖော်စပ်ခြင်း သခင်အဖြစ် ချီးကျူးခံရသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ထို့ကြောင့် လှောင်ပြောင်သော လေသံဖြင့် ရွှယ်အန်းကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။
“အိုး၊ ကျွန်တော် မေးပါရစေ လေးစားရတြဲ ဆေးဆရာ၊က ဘယ်အဆင့်ဆေးဆရာလဲ”
ရွှယ်အန်းသည် ဤအကြောင်းကို ရှောင်တန်ချန်ထံမှ ကြားသိထားပြီး ဖြစ်သည်။
ဆေးလုံးဖော်စပ်သူများ အစည်းအရုံးအတွင်းတွင် ဆေးဆရာများကို အဆင့် ရှစ်ဆင့် ခွဲခြားထားသည်။
၎င်းတို့မှာ အောက်ခြေ၊ အထက်၊ ဂြိုဟ်၊ အာကာသ၊ အဝါရောင်၊ နက်ရှိုင်း၊ မြေနှင့် ကောင်းကင်တို့ ဖြစ်ကြသည်။
ဝမ်သန့်မြို့သို့ ဝင်ရောက်လိုပြီး တရားဝင် ဘွဲ့တံဆိပ်တစ်ခု ရယူလိုသူ မည်သူမဆို ၎င်းတို့၏ ဆေးလုံးပညာကို စစ်ဆေးရန်နှင့် သူတို့သည် မည်သည့်အဆင့် ဆေးဆရာ ဖြစ်သည်ကို သိရှိရန်အတွက် ဆေးဆရာ အကဲဖြတ်ခြင်းကိုခံယူရသည်။
သို့သော် ရွှယ်အန်းသည် ဝမ်သန့်မြို့သို့ တစ်ခါမျှ မလာဖူးသလို ဆေးဆရာ အကဲဖြတ်ခြင်းကိုလည်း မခံယူဖူးခဲ့ပေ။
ထို့ကြောင့် သူ မည်သည့်အဆင့် ရှိသည်ကို ပြောစရာ အကြောင်းမရှိချေ။
ရွှယ်အန်းက ခေါင်းခါလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါ့မှာ အခုထိ အဆင့် မရှိသေးဘူး”
“ဘာ၊ အဆင့် မရှိဘူး၊ ဟ ဒီလောက် လေးစားရတဲ့ ဆေးဆရာက အဆင့် မရှိဘူးတဲ့လား” ချောင်တုရှန်သည် အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။
ထို့နောက် ရှောင်တန်ချန်ဘက်သို့ လှည့်ကာ လှောင်ရယ်လိုက်သည်။
“ဟေ့... ရှောင် မင်း ရူးများသွားတာလားဖ မင်းက မုတ်ဆိတ်မွေးတောင် မပြည့်စုံသေးတဲ့ ဒီလို ကလေးတစ်ယောက်ကို ဆေးဆရာအဖြစ် အသိအမှတ် ပြုတယ်ပေါ့၊ မင်း ရှုံးလွန်းလို့ လွတ်သွားတာလား”
ရှောင်တန်ချန်၏ မျက်နှာသည် အလွန်တရာ အကျည်းတန်သွားပြီး ပြင်းပြင်းထန်ထန် ပြန်လည် ချေပရန် ဟန်ပြင်လိုက်သည်။
ရွှယ်အန်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို စကားဆက်မပြောရန် တားဆီးလိုက်သည်။ ထို့နောက် သူသည် ပြောလိုက်သည်။
“ငါ့မှာ အခုထိ အဆင့် မရှိသေးတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဆေးလုံးပြိုင်ပွဲမှာ ငါက လိမ်လည်သူလား ဒါမှမဟုတ် သခင် အစစ်အမှန်လား ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပဲ။ မင်း အတွက်ကတော့...”
“ဟမ်”
ချောင်တုရှန်သည် မထီမဲ့မြင်မျက်နှာဖြင့် မေးစက်လိုက်သည်။
“မင်းက မင်းရဲ့ အောင်ပွဲကို ဒီလောက်တောင် သေချာနေမှတော့ လောင်းကြေးကို နည်းနည်း ပိုကြီးကြီး မလုပ်ချင်ဘူးလား၊ အကယ်၍ ရှောင်တန်ချန်သာ ဆေးလုံးပြိုင်ပွဲမှာ ရှုံးခဲ့ရင် သူက သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးပြီး ဝမ်သန့်မြို့ကနေ ထာဝရ ထွက်သွားမယ်၊ ဆေးလုံးပညာအကြောင်းကို ဘယ်တော့မှ ထပ်မပြောတော့ဘူး”
“ဒါပေမဲ့ မင်းသာ ရှုံးခဲ့ရင်...”
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“မင်းက ကျင့်ကြံသူတွေ အားလုံးရဲ့ ရှေ့မှာ ရှောင်တန်ချန်နဲ့ ငါ့ ရှေ့မှာ ဒူးထောက်ပြီး ကျွန်တော်က ခင်ဗျားတို့ရဲ့ မြေးပါလို့ အော်ပြပြီး အဘိုးလို့ အကြိမ် သုံးရာခေါ်ရမယ်၊ ဘယ်လိုလဲ...”
ဤစကားကိုကြားလိုက်သည်နှင့် အခန်းထဲရှိ လူတိုင်း၏ မျက်နှာများလည သွေးများ ဖြူဆုတ်သွားသည်။
ရှောင်တန်ချန်လည်း အသက်ကို ပြင်းပြင်း ရှူမိလိုက်သည်။
အဘယ်ကြောင့်ဆို လောင်းကြေးသည် အလွန်အမင်း ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ သူ၏ ဘက်မှ လောင်းကြေးသည် ကျင့်ကြံမှု ဖြစ်ပြီး၊ ချောင်တုရှန်ဘက်မှ လောင်းကြေးမှာမူ သူ၏ ဂုဏ်သိက္ခာ တစ်ခုလုံး ဖြစ်သည်။
တစ်ခါတစ်ရံတွင် ဂုဏ်သိက္ခာကို နင်းခြေခံရခြင်းသည် သေခြင်းထက်ပင် ပိုမို ဆိုးရွားသည်ဟု ခံစားရတတ်သည်။