← Chapters

နှလုံးသားနတ်ဆိုးလျို့ဝှက်နယ်မြေ - ဆေးနှလုံးသား

Vol. 52 Ch. 766

နှလုံးသားနတ်ဆိုးလျို့ဝှက်နယ်မြေ - ဆေးနှလုံးသား

Vol. 52 Ch. 766

ချောင်တုရှန်၏မျက်ခွံများက ရူးသွပ်စွာ တုန်လှုပ်သွားပြီးနောက် သူက ရွှယ်အန်းကို စေ့စေ့ကြည့်ကာ လှောင်ရယ်လိုက်သည်။

“မင်းပြောတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် မင်းစကားလုံးတွေက မင်းအတွက်ပဲလား ရှောင်တန်ချန်ရဲ့ ခံစားချက်နဲ့ရောဆိုင်လား”

ရွှယ်အန်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ ရှောင်တန်ချန်က လေးနက်စွာ ပြောလိုက်သည်။

“ဆရာကြီးရွှယ်ပြောတဲ့ စကားတိုင်းက ငါ့ဆန္ဒပါပဲ”

"ကောင်းပြီ၊ ဒါဆို ဒီလောင်းကြေးကို ငါလက်ခံတယ်။ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်။"

“ ဘယ်လိုအခြေအနေလဲ” ရွှယ်အန်းက ဘာသိဘာသာမေးလိုက်သည်။

“ရှောင်တန်ချန်ရှုံးရင် မင်းလည်း ဒူးထောက်ပြီး ငါ့ကို ‘အဘိုး’လို့ အကြိမ်သုံးရာခေါ်ရမယ်”

ဤစကားများကို သူပြောနေစဉ်တွင် ချောင်တုရှန်၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဝင်ရောက်စွက်ဖက်တော့မည့်ဟန်ဖြင့် ရှောင်တန်ချန်၏ အမူအရာက ပြောင်းသွားသော်လည်း ရွှယ်အန်းက ရယ်လိုက်သည်။

“သဘောတူတယ်”

ချောင်တုရှန်က ကျေနပ်စွာခေါင်းညိတ်၍ ရှောင်တန်ချန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ရှောင်တန်ချန် ဆေးပညာပြိုင်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါတကယ် မျှော်လင့်နေမယ်”

ထိုသို့ပြောကာ ချောင်တုရှန်က မောက်မာစွာ ရယ်မော၍ ထွက်ခွာသွားခဲ့သည်။

ရှောင်တန်ချန်သည် စိတ်ထဲမှ သူ့နှလုံးခုန်သံကို ကျယ်လောင်စွာကြားလိုက်ရသည်။ ချောင်တုရှန်၏ စကားလုံးများမှ ပြင်းထန်သော ယုံကြည်မှုများ ထွက်ပေါ်လာကာ သူ့ကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။

အထူးသဖြင့် ဤလောင်းကြေးသည် သူကိုယ်တိုင်သာမက ရွှယ်အန်း၏ ဂုဏ်သိက္ခာကိုလည်း ထိစေမည်ဖြစ်သောကြောင့် ရှုံးနိမ့်၍ မရပေ။

ယင်းဖိအားကြောင့် ရှောင်တန်ချန်၏ မျက်နှာအမူအရာက အလွန်ဆိုးရွားလျက်ရှိသည်။ ထိုအချိန်၌ အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည့် သုန့်လင်းရှင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“လူကြီးမင်း ရှောင်တန်ချန် ကျွန်မ အကြံဉာဏ်ကို နားထောင်ပြီး ဒီဆေးပညာပြိုင်ပွဲမှာ မပါပါနဲ့။ ချောင်တုရှန်နဲ့ လောင်းဖို့နေနေသာသာ အခု အကောင်းဆုံးက ဝမ်သန့်မြို့ကနေ ချက်ချင်းထွက်သွားဖို့ပဲ”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ရှောင်တန်ချန်၏ မျက်နှာက အရောင်ဖျော့သွားသည်။ သို့သော် ရွှယ်အန်းက ပေါ့ပါးစွာ ပြုံးလိုက်၏။

“အာ… မင်း ဘာလို့ ဒီလိုပြောတာလဲ”

သုန့်လင်းရှင်က ရွှယ်အန်းကို လေးလေးနက်နက်ကြည့်လိုက်သည်။ ထိုလူ၏ အမူအကျင့်များသည် ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ရန် အောက်ခြေမှ တိုးတက်လာခဲ့ရသော သုန့်လင်းရှင်ကို အထူး စိတ်ပျက်အထင်သေးစေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် “အလွန် စိတ်ကြီးဝင်နေ” သောကြောင့်ဖြစ်သည်။

စိတ်ကြီးဝင်ခြင်းတစ်ခုတည်းဖြင့် ချောင်တုရှန်ကဲ့သို့သော လူတစ်ဦးကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်ရန် မလုံလောက်ပေ။ ထို့ကြောင့် သုန့်လင်းရှင်က ဘာသိဘာသာ ပြောလိုက်၏။

“ရှင်နဲ့ လူကြီးမင်း ရှောင်တန်ချန်တို့က နှစ်ယောက်လုံး အဲ့တာကို မသိလောက်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချောင်သာ့ရှန်က သူ့ ဆေးပညာကို ခုန်ပျံကျော်လွှားပြီး တိုးတက်လာနိုင်ခဲ့ရုံတင်မကဘဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပြိုင်ဘက်ကင်းဆေးဘိုးဘေးကြီးရဲ့ အနှစ်သက်ဆုံးဖြစ်လာခဲ့တယ်"

"လွန်ခဲ့တဲ့ သုံးနှစ်လောက်က နတ်ဆေးဘိုးဘေးက ကမ္ဘာမြေအဆင့်ဆေးပညာရှင်ဖြစ်လာပြီး ဆေးပညာအစည်းအရုံး အဆင့်အမြင့်ဆုံး ကျွမ်းကျင်သူပဲ။ နှစ်တော်တော်ကြာပြီးတော့ အခု သူက ဝမ်သန့်မြို့ လုပ်ငန်းအများစုကို ထိန်းချုပ်ထားတယ်”

“အခု ဆေးပညာရှင်အစည်းအရုံးနဲ့ ဝမ်သန့်မြို့နှစ်ခုလုံးကို နတ်ဆေးဘိုးဘေးတစ်ယောက်တည်းက လွှမ်းမိုးထားတယ်လို့ ပြောလို့ရတယ်”

“ဒီလို ကြီးကျယ်ခမ်းနားတဲ့ အာဏာပိုင်တွေအောက်မှာ ရှင့်မှာ ဘယ်လိုအခွင့်အရေးရှိမလဲ”

သုန့်လင်းရှင်၏ စကားကို ကြားသောအခါ ရှောင်တန်ချန်က အနည်းငယ်တုန်လှုပ်သွားသည်။ သူ၏ ပြိုင်ဘက်ဟောင်းက ဤမျှကြီးမားသော အာဏာကို စုဆောင်းမိထားပြီဖြစ်ကြောင်း သူလုံးဝမသိခဲ့ပေ။

သူသာ သိခဲ့ပါက ယခုတင် သူလုပ်ခဲ့သည့် လောင်းကြေးနှင့်ပတ်သက်၍ နှစ်ခါပြန်စဥ်းစားခဲ့မိပေလိမ့်မည်ဖြစ်သည်။ သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။

“နတ်ဆေးဘိုးဘေးဟုတ်လား ကမ္ဘာမြေအဆင့် ဆေးပညာရှင်ပေါ့။ ကောင်းပြီ အချိန်ကျရင် သူ့ကိုယ်သူ ဘိုးဘေးလို့ ခေါ်ရဲတဲ့ကောင်က ဘယ်လောက်ကြောက်ဖို့ကောင်းနေလဲဆိုတာ ကြည့်ကြသေးတာပေါ့”

သူသိခဲ့ရင်၊ သူလုပ်ထားတဲ့ လောင်းကြေးနဲ့ ပတ်သက်ပြီး နှစ်ခါပြန်စဉ်းစားမိလိမ့်မယ်။

ရွှယ်အန်းက မိမိ၏ စကားကို သဘောမတူကြေင်း သိလိုက်ရသဖြင့် သုန့်လင်းရှင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ၏ အမြင်တွင် ဤလူသည် လေပေါနေခြင်းသာဖြစ်သည်။ နောက်ဆုံးတွင်မူ နတ်ဆေးဘိုးဘေးသည် နှစ်ပေါင်းရာချီကျော်ကြားခဲ့သည့် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်ကာ ဤလူသည်မူ မိခင်ဝမ်းမှ စတင်မွေး ဖွားပြီးသည့် တစ်လျှောက် တစ်ကြိမ်တစ်ခါမှ နတ်ဆေးဘိုးဘေးကဲ့သို့ အခြေအနေမျိုးသို့ ရောက်ဖူးမည့်ပုံမပေါ်ပေ။

ထို့ကြောင့် သူမ၏ အကြည့်များ အေးစက်လာကာ ရှောင်တန်ချန်ကို စကားအနည်းငယ်ပြောပြီးနောက် သူမသည် သူမ၏ အစေခံများကို ၎င်းတို့အတွက် နေရာထိုင်ခင်းစီစဥ်ပေးခိုင်းကာ ထွက်သွားခဲ့သည်။ ရှောင်တန်ချက်သည် သူမ၏ အေးစက်သော အမူအရာမှ ပြောင်းလဲမှုကို သတိထားမိသည်။ သို့သော် ရွှယ်အန်းက ယင်းကို ပြုံးရုံသာ ပြုံးလိုက်သည်။

မည်သည့်နေရာသို့သွားသွား ခွန်အားကို လေးစားကြသည်။ ဤအချက်ကို ဝေဖန်ရန် အကြောင်းမရှိပေ။ သုန့်လင်းရှင်သည် အလွန် စိတ်ထဲ မကျေမနပ်ဖြစ်နေသော်လည်း သူမ၏ အစေခံများကို ရွှယ်အန်းတို့အတွက် ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်သော ခြံဝင်းတစ်ခုပေးခဲ့သည်။

ရှောင်တန်ချန်သည် ရွှယ်အန်းကို လေးစားစွာ ဦးညွတ်ရန် လေးနက်သော မျက်နှာဖြင့် ရှေ့သို့ ထွက်လာသည်။

“ဆရာကြီး ရွှယ် ကျွန်တော့်ကို ဆေးပညာအတွက် လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံပါတယ်”

ရွှယ်အန်းက သူ့လက်ဖက်ရည်ခွက်ကိုချ၍ ရိုးသားမှုအပြည့်ရှိမျက်လုံးများဖြင့် ကြည့်နေသည့် ရှောင်တန်ချန်ကို အနည်းငယ်ပြုံးပြလိုက်သည်။

“ငါမင်းကို ဆေးပညာသင်ပေးမယ်လို့ ထင်နေခဲ့တာလား”

ရှောင်တန်ချန်က ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့်ဘက်မှာ ရပ်တည်ပေးလိုက်တုန်းက အဲ့လိုခံစားခဲ့ရပါတယ်။ သုန့်လင်းရှင်ပြောသလိုပဲ ချောင်တုရှန်က သူအရင်ကလိုမဟုတ်ဘူး၊ ကျွန်တော့် လက်ရှိအစွမ်းအစတွေကိုပဲ အားကိုးရင် သူ့ကိုအနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။"

ရွှယ်အန်းက စကားမပြောဘဲ သူ့ခွက်ကို ကောက်ယူကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ငုံလိုက်သည်။ ရှောင်တန်ချန်သည်လည်း အလျင်လိုခြင်းမရှိဘဲ ဘေးနားတွင် ငြိမ်သက်စွာ စောင့်နေသည်။

လက်ဖက်ရည်ခွက် တစ်ဝက်စာကြာသောအခါ ရွှယ်အန်းက ရှောင်တန်ချန်ကို ကြည့်လိုက်သည်။

"ငါ မင်းကို ပေးနိုင်တဲ့လမ်းနှစ်ကြောင်းရှိတယ်။ ပထမတစ်ခုက မင်းကို ဆေးပညာလေ့ကျင့်ပေးပြီး ချောင်တုရှန်ကို မနိုင်မချင်း လေ့ကျင့်ပေးရမယ်”

ခဏတိတ်ဆိတ်သွားပြီးနောက် ရှောင််တန်ချန်က မေးလိုက်သည်။

"ဒုတိယလမ်းက ဘာလဲဆိုတာ မေးလို့ရမလား"

"ဒုတိယအချက်ကတော့ မင်းရဲ့ ဆေးနှလုံးသားကို ပြန်ဖော်ပြီး ဆေးပညာတာအိုသခင်အစစ်ဖြစ်လာဖို့ပဲ”

မဆိုင်းမတွဘဲ ရှောင်တန်ချန်က ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဒုတိယလမ်းကို ရွေးချင်ပါတယ်”

ရွှယ်အန်းက ရှောင်တန်ချန်၏ ရွေးချယ်မှုကို မျှော်လင့်ထားပြီးသားဖြစ်သကဲ့သို့ ဆက်ပြောသည်။

"ဒါပေမယ့် မင်းသေချာစဉ်းစားကြည့်ရမယ်၊ ဒုတိယလမ်းက အရမ်းအန္တရာယ်များတယ်။ နည်းနည်းမှားတာနဲ့ မင်းရဲ့ ဆေးနှလုံးသားကို ဖြိုခွဲပစ်လိုက်နိုင်တယ်”

ရှောင်တန်ချန်က ဆိုင်းတွနေခြင်းမရှိပေ။

"ကျွန်တော့် အသက်အရွယ်နဲ့ အရည်အချင်းအရ ဆေးပညာတာအိုမှာ ကျွန်တော့် အောင်မြင်မှုတွေက အကန့်အသတ်ရှိနေလိမ့်မယ်။ အခုအချိန်မှာ ဆရာက ကျွန်တော့် ဆေးနှလုံးသားကို ပြန်ပုံဖော်ဖို့ နည်းလမ်းရှိတယ်။ ဒါ့ကြောင့် အပိုင်းပိုင်းကွဲသွားတယ်ဆိုရင်တောင် ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကောင်းပြီ၊ အဲဒါဆိုရင် ငါ မင်းကို လက်တစ်ဖက်ငှားပေးမယ်”

ထိုသို့ဖြင့် ရွှယ်အန်းက ရုတ်တရက် အော်ပြောလိုက်သည်။

“မင်းခေါင်းကို မော့”

ရှောင်တန်ချန်က ရွှယ်အန်းကိုကြည့်ရန် ခေါင်းမော့လိုက်သည်။ ရွှယ်အန်း၏ မျက်လုံးများမှ တောက်ပသော အလင်းရောင်ကို သူမြင်လိုက်ရသည်။ ရှောင်တန်ချန်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ ဝိဉာဥ်သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ သူ့မျက်လုံးများ လျင်မြန်စွာ မှိတ်သွားပြီးနောက် တစ်ကိုယ်လုံး

ကုလားထိုင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ယောက်ျား ကိုဘာလုပ်တာလဲ” ဤသည်ကို မြင်လိုက်ရသောအခါ အန်းယန်က အံ့သြစွာမေးလိုက်သည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"သုံးရက် ငါးရက်လောက်နဲ့ မလုံလောက်ပါဘူး၊ ဒါကြောင့် သူ့ရဲ့ ဆေးနှလုံးသားကို ပြန်ပုံဖော်ဖို့အတွက် သူ့ကိုယ်ပိုင် နတ်ဆိုးလျှို့ဝှက်နယ်မြေထဲကို စေလွှတ်လိုက်တာပါ။"

ကမ္ဘာမြေတွင်ရှိခဲ့စဥ်က မီးဖီးနစ် အထူးတပ်ဖွဲ့ဝင်များအပေါ်သို့ သူသုံးခဲ့သည့် နည်းလမ်းကို ပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုမူ ရွှယ်အန်းက ၎င်းကို ထပ်မံ အဆင့်မြှင့်ထားသဖြင့် ၎င်း၏ စွမ်းအားသည် အဆတစ်ရာထက် ပိုမိုအားကောင်းလာခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ဦးကို နှလုံးသားနတ်ဆိုးနယ်မြေထဲ လုံးလုံး နစ်မြုပ်သွားစေလောက်အောင်ပင်ဖြစ်သည်။ နောက်ရက်များတွင် ရှောင်တန်ချန်သည် နိုးမလာတော့ဘဲ သူ၏ နှလုံးသားနတ်ဆိုးလျို့ဝှက်နယ်မြေ၌သာ အချိန်ကုန်ခဲ့သည်။

ရွှယ်အန်းက ဘေးနားကို လှမ်းကြည့်လိုက်သည်။

ဤနှလုံးသားနတ်ဆိုးလျို့ဝှက်နယ်မြေသည် လူတစ်ဦးစီ၏ နှလုံးသားအတွင်းရှိ နက်ရှိုင်းသော နှလုံးသားနတ်ဆိုးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းကို မကျော်ဖြတ်နိုင်ပါက ရလဒ်အနေဖြင့် ဘယ်သောအခါမှ ပြန်ထနိုင်တော့မည်မဟုတ်ပေ။

ထို့အပြင် အခြားသူများကလည်း လုံးဝ ကူညီနိုင်မည်မဟုတ်ပေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်လုံးတစ်မှိတ်အတွင်းတွင် ဆေးပညာပြိုင်ပွဲမစတင်ခင် တစ်ရက်အလိုသို့ရောက်လာသည်။ သို့သော် ရှောင်တန်ချန်က လုံးဝ နိုးလာမည့် အရိပ်အယောင် မပြသေးပေ။

ဤအချိန်၌

သုန့်လင်းရှင်ရောက်ရှိလာသည်။

All Chapters