နောက် မင်းအလှည့်ပဲ
Vol. 52 Ch. 767
“ဘာတွေဖြစ်နေတာလဲ… ဒီမှာ ဘာဖြစ်နေတာလဲ” သုန့်လင်းရှင်သည် လူသေကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှောင်တန်ချန်ကို ကြည့်ကာ အံ့ဩမှုအပြည့်ဖြင့် မေးလိုက်သည်။
"သူ့ရဲ့ ဆေးပညာကိုလေ့ကျင့်နေတာလေ!" ရွှယ်အန်းက ပြတ်ပြတ်သားသားပြောသည်။
“ဒါက အရမ်း ရူးနှမ်းလွန်းနေပြီ” သုန့်လင်းရှင် အလွန်အမင်း ဒေါသထွက်နေပြီဖြစ်သည်။
ဝမ်သန့်မြို့တွင် ဆေးပညာနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းဦးစီးသူ တစ်ဦးအနေဖြင့် ဆေးပညာရှင်တစ်ဦးမဟုတ်သည့်တိုင် ဆေးပညာတာအိုကို အခြားသူများလေ့ကျင့်ခြင်းအားမြင်ဖူးသည်။
၎င်းတို့ထဲမျှ မီးဖိုရှေ့တွင် နေ့တိုင်း အာရုံစိုက်ကာ ထိုင်၍ ဆေးများဖော်စပ်လျက် မလေ့ကျင့်နေသူ ဘယ်နှစ်ဦးရှိသနည်း။
အိပ်ရာပေါ်တွင် လှဲလျက် အသက်ပင် သေချာမရှုတော့ဘဲ ကျင့်ကြံရသည့် ကျင့်ကြံနည်းမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးပေ။
“ပြဿနာရှိလို့လား” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
သုန့်လင်းရှင်က အသက်ပြင်းပြင်းရှု၍ စိတ်ကို တည်ငြိမ်စေရန် ပြင်းပြင်းထန်ထန် ကြိုးစားလိုက်သည်။ သူမသည် ရွှယ်အန်းကို မည်သည့်အခါကမျှ အထင်ကြီးခဲ့ခြင်းမရှိပေ။ ယခု သူမသည် လိမ်လည်သူများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ သို့သော် ယခုအချိန်တွင် အပိုပြောနေခြင်းက အသုံးမဝင်တော့ပေ။
ထို့ကြောင့် သူမက လေးနက်စွာပြောလိုက်၏။
“ရှင်ဘာလုပ်နေလဲဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ရှင့်အသက်ရှင်ကယ်ချင်ရင် အခု အမြန်ထွက်သွားသင့်တယ်”
သုန့်လင်းရှင်သည် အပြင်မှ ကောလာဟလအချို့ကို ကြားသောကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
ချောင်တုရှန်သည် ဤပြိုင်ပွဲအတွက် အလွန်ယုံကြည်မှုရှိကာ ရွှယ်အန်းနှင့် ရှောင်တန်ချန်ကို
ကြည့်ကောင်းစေရန် ရည်ရွယ်ချက်များအား တစ်ကြိမ်ထက်မက ဖော်ပြခဲ့သည်။ ချောင်တုရှန်၏ လက်ရှိ အခြေအနေအပေါ် ရပ်တည်ချက်နှင့် နှိုင်းယှဥ်ပါက ရှောင်တန်ချန်သည် အရေးမပါလှပေ။
ထို့ကြောင့် ယခုတစ်ကြိမ် ရှောင်တန်ချန်၏ ပြိုင်ဆိုင်မှုကို လူတစ်ဦး တစ်ယောက်ကမျှ ယုံကြည်မှုမရှိကြသဖြင့် အများသူငှာ၏ ယူဆချက်များမှာ တစ်ဖက်သတ်နီးပါးဖြစ်ခဲ့သည်။
ယင်းသာဆိုလျှင် အဆင်ပြေနေပေဦးလိမ့်မည်ဖြစ်သည်။
သို့သော် သုန့်လင်းရှင်သည် အထူးအဆက်အသွယ်အချို့မှ လျှို့ဝှက်ချက်များစွာကို သိရှိခဲ့သည်။ ဥပမာအားဖြင့် ချောင်တုရှန်သည် ကျုတန်နန်းတော်ကို စောင့်ကြည့်ရန် လူများကို လျို့ဝှက်စေလွှတ်ခဲ့သည်။
ဤလက္ခဏာများအားလုံးက ချောင်တုရှန်သည် ဤပြိုင်ပွဲကို အနိုင်ရရုံထက် ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။
ဤရှာဖွေတွေ့ရှိမှုသည် သုန့်လင်းရှင်ကို ထိတ်လန့်စေခဲ့သည်။ ရွှယ်အန်းလုပ်ရပ်ကို သူမမကြိုက်သော်လည်း ရှောင်တန်ချန်ကို အလွန်လေးစားသည်။ ထို့ကြောင့် သူမသည် ၎င်းတို့အား ဝမ်တန်မြို့မှ အမြန်ထွက်ခွာရန် နောက်ဆုံးတစ်ကြိမ် ဖျားယောင်းလိုခြင်းဖြစ်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
“မင်းရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့ ပြိုင်ပွဲကို သေချာပေါက် သွားမှာပါ!"
"သွားမယ်ဟုတ်လား။ ရှင်က ဘယ်လိုသွားမှာလဲ ကုတင်ပေါ်မှာ သတိမေ့နေတာ လူကြီးမင်းရှောင်ကို ချောင်တုရှန်နဲ့ သွားပြိုင်ဖို့ ပြောနေတာလား”သုန့်လင်းရှင်က ဆိုဖာပေါ်ရှိ ရှောင်တန်ချန်ကို လက်ညှိုးထိုးပြကာ ထေ့ငေါ့၍ ပြောလိုက်သည်။
သို့သော် သူမ ဆက်ပြောတော့မည့်အခိုက်၌ ရွှယ်အန်းက သူမကို မော့ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် သုန့်လင်းရှင်သည် ပါးစပ်ထဲမှ စကားများကို ပြန်လည် မျိုချလိုက်မိသည်။ ရွှယ်အန်း၏ အကြည့်က ကြောက်မက်ဖွယ်ကောင်းသည်ကို သူမတွေ့လိုက်ရသောကြောင့် ရေခဲကဲ့သို့ အေးစက်သောအကြည့်များက သုန့်လင်းရှင်၏ တစ်ကိုယ်လုံးကို အနည်းငယ် တုန်ယင်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် ရွှယ်အန်းသည် သူမအား ခေတ္တမျှသာ ကြည့်နေပြီးနောက် မျက်နှာလွှဲကာ လက်ဖက်ရည်ကို ဆက်သောက်လိုက်သည်။ သု့န်လင်းရှင်က ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
“လူကြီးမင်းရွှယ် ရှင် ထွက်သွားဖို့ မစီစဥ်ထားဘူးဆိုရင် မနက်ဖြန် ပြိုင်ပွဲကျင်းပမယ့်နေ့ပဲ။ ဒါပေမယ့် လူကြီးမင်းရှောင်က သတိလစ်နေတုန်းပဲ။ ရှင် ဘယ်လို ပြိုင်မှာလဲ"
ရွှယ်အန်းက လက်ထဲတွင်ကိုင်ထားသော လက်ဖက်ရည်ကို အကုန်သောက်ပြီးမှ ပြောလိုက်သည်။
“အခု မနက်ဖြန်မရောက်သေးဘူးမလား”
“ရှင်…” သုန့်လင်းရှင်က ဆွံ့အစွာဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်သည်။
“ထားလိုက်တော့ ရှင်အရမ်းခေါင်းမာလို့ ကျွန်မ ဖျားယောင်းဖို့မကြိုးစားတော့ဘူး။ ဂရုစိုက်ပါ”
ထိုသို့ပြော၍ သုန့်လင်းရှင်က လှည့်ထွက်သွားသည်။ ရွှယ်အန်းက ထွက်သွားသော သူမ၏ နောက်ကျောကို ကြည့်၍ ခါးသက်စွာပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းကြင်နာမှုအတွက် ငါ ကျေးဇူးတင်ပါတယ်။ ငါ ကြိုးစားကြည့်ချင်သေးတယ်”
“ဘာကြိုးစားကြည့်မှာလဲ” သုန့်လင်းရှင်က လမ်းတစ်ဝက်တွင်ရပ်၍ ခေါင်းလှည့်ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှောင်တန်ချန်က သူ့နှလုံးသားနတ်ဆိုးကနေ ကိုယ်တိုင် ရုန်းထွက်နိုင်မလားဆိုတာ ကြည့်ဖို့ အချိန်နောက်တစ်ညလောက်ထပ်ပေးလိုက်ဦးမယ်”
သုန့်လင်းရှင်သည် ရွှယ်အန်း၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားမလည်သော်လည်း ယခုအချိန်တွင်တော့ သူ့စကားများက သူမကို ယုံကြည်စိတ်ချစိတ်အား မပေးစွမ်းနိုင်ခဲ့ပေ။ အကြိမ်အနည်းငယ် နှာခေါင်းရှုတ်ပြီးနောက် သူမ ထွက်ပြေးသွားသည်။
ရွှယ်အန်းက ရှောင်တန်ချန်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာပြောလိုက်သည်။
“ကဲ အားလုံးက မင်းပေါ် မူတည်နေပြီ”
“မင်း မနက်ဖြန်ထိ မနိုးရင် ငါကိုယ်တိုင် ချောင်တုရှန်ကိုရှင်းပစ်မယ်”
ညသည် အသံတစ်သံမျှ မထွက်ဘဲ ကုန်ဆုံးသွားခဲ့သည်။ နံနက်ခင်း၏ ပထမဆုံးနေရောင်ခြည်က အခန်းထဲသို့ ဖြာကျလာသောအခါ ရှောင်တန်ရှန်သည် နိုးထလာမည့် အရိပ်အယောင်မျှ မပြသဘဲ သေလုနည်းပါး ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ပျော့ပျောင်းသော ကုတင်ပေါ်တွင် အိပ်နေသေးသည်။
ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ နှလုံးသားနတ်ဆိုးကို ဖြတ်ကျော်ရန် ခက်ခဲသည်။ ထို့ကြောင့် သူ ဤရလဒ်ကို မျှော်မှန်းထားနှင့်ပြီးဖြစ်သည်။
“ယောက်ျား အဆင်မပြေဘူးလား” အန်းယန်သည် အတွင်းခန်းထဲမှ ထွက်သွားကာ မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်၏။
“သူ့ နှလုံးသားနတ်ဆိုး လျှို့ဝှက်နယ်မြေထဲမှာ ကို အချိန်ကန့်သတ်ထားတယ်၊ ဒါကြောင့် ဒီနေ့က ပြိုင်ပွဲဆိုတာ သူ သေချာပေါက် သိတယ်။ ဒါတောင် နိုးမလာသေးဘူးဆိုတော့ သူ့နှလုံးသားနတ်ဆိုး ကိုကျော်ဖြတ်ဖို့ အခွင့်အလမ်းက အရမ်းနည်းနေပြီလို့ ဆိုလိုတယ်။"
“ကျွန်မတို့ ဘာလုပ်သင့်လဲ” အန်းယန်လည်း အတော်အတန်စိတ်ပျက်သွားရသည်။
နောက်ဆုံးတွင်၊ ရှောင်တန်ချန်သည် ၎င်းတို့၏ ခရီးတစ်လျှောက်တွင် သူမနှင့် ဆက်ဆံရေးကောင်းခဲ့သည်။
ရွှယ်အန်းသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ မတ်တပ်ထရပ်လိုက်၏။
"သူ မထနိုင်တော့ဘူးဆို ချောင်တုရှန်ကို ကိုယ်ပဲသွားတိုက်ရတော့မယ်”
အန်းယန် ခေါင်းညိတ်လိုက်သည်။
သို့သော် ရွှယ်အန်းက တံခါးဝသို့ လျှောက်သွားနေသည့် အခိုက်၌ ကုတင်ပေါ်တွင် လဲနေသော ရှောင်တန်ချန်၏ လက်ညှိုးများက ရုတ်တရက် လှုပ်သွားသည်။ လှုပ်ရှားမှုက အလွန် မသိသာလှသော်လည်း ရွှယ်အန်းက သတိပြုလိုက်မိသည်။
“ဟမ်” ရွှယ်အန်းက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထိုအချိန်၌ ရှောင်တန်ချန်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ခရမ်းရောင်ချီဆေးစွမ်းအင်များက လေထုထဲသို့ လွင့်ပျံ့သွားသည်။ ဆေးပညာတာအို၏ အစွမ်းထက်သော အငွေ့အသက်ကာ အပြင်သို့ ထွက်လာသည်။ ရွှယ်အန်းက အနည်းငယ် အံ့သြသွားပြီးနောက် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မဆိုးပါဘူး၊ သူ နောက်ဆုံးအခိုက်အတန့်မှာ တကယ်နိုးထနိုင်ခဲ့တယ်”
ထိုအချိန်တွင်ပင် ရှောင်တန်ချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်စံများက
ဆေးပညာတာအို၏ မြင့်မြတ်မှုကို ကိုယ်စားပြုသော ခရမ်းရောင်ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်။
သူ့အကြည့်များ ရောက်သွားသည့်နေရာတိုင်းတွင် နတ်ဆေးများက လေထဲတွင် အလိုလို ထွက်ပေါ်လာသည်။
သို့သော် ရှောင်တန်ချန်က မျက်တောင်အနည်းငယ်ခတ်လိုက်ပြီးနောက် ဤအံ့ဖွယ်မြင်ကွင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့် ဆေးချီများပင်လျှင် အထဲသို့ ပြန်ဝင်သွားသည်။
တခဏအတွင်း။
ရှောင်တန်ချန်သည် သာမန်အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်လာကာ တစ်စုံတစ်ယောက်က သူ၏ ရောင်ဝါဖြင့် အကဲဖြတ်ကြည့်မည်ဆိုလျှင် သူအိပ်မပျော်ခင်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်ကို သိနိုင်သည်။
သတိပြန်ဝင်လာပြီးနောက် ရှောင်တန်ချန်သည် သူ့လက်များကို ဂရုတစိုက်စစ်ဆေးကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆေးပညာတာအို၏ အရှိန်အဟုန်ပြင်းပြင်းကို ခံစားသိရှိရန် ကြိုးစားပြီးနောက် မျက်နှာထက်တွင် ကျေနပ်မှုအချို့ပေါ်လာသည်။ ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရွှယ်အန်းကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။
"တပည့်က ဆရာသခင်ရဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေခဲ့ပါဘူး။ နောက်ဆုံးမှာ နှလုံးသားနတ်ဆိုးကို အနိုင်ယူပြီး အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်”
ရိုးရှင်းသော စကားဖြစ်သော်လည်း ရွှယ်အန်းသည် ခရီးမည်မျှခက်ခဲသည်ကို နားလည်ခဲ့သည်။
ထို့ကြောင့် သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ထို့နောက် ပြတင်းပေါက်မှ လှမ်းကြည့်သည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက် ကောင်းကင်သည် ဆေးပညာတာအို၏ အလင်းရောင်အလွှာပေါ်တွင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။
၎င်းတို့သည် ၎င်းတို့၏ ခရီးတွင် ဆေးပညာရှင်များမှ ကျန်ရစ်ခဲ့သော ခြေရာများပင် ဖြစ်သည်။
"ဒီနေ့ဟာ ပြိုင်ပွဲနေ့ပဲ။ နောက်ဘာဖြစ်မလဲ မင်းအပေါ်မှာ မူတည်တယ်”
“ဟုတ်” ရှောင်ဝမ်တန်က ခရမ်းရောင်တောက်နေသော မျက်လုံးများဖြင့်ကြည့်ကာ လေးလေးစားစားပြန်ပြောလိုက်သည်။
ချောင်တုရှန်… မင်း ငါ့ကို အရှက်ခွဲခဲ့တာတွေအတွက် ဒီနေ့ ငါမင်းကို နှစ်ဆပြန်ပေးမယ်။