← Chapters

အရည်အသွေးမြင့် ဆေး ပြီးမြောက်ခြင်း

Vol. 52 Ch. 770

အရည်အသွေးမြင့် ဆေး ပြီးမြောက်ခြင်း

Vol. 52 Ch. 770

ဆေးက သာလွန်ကောင်းမွန်သောအခါ ရတနာအလင်း ခုနှစ်စင်ကို ထုတ်လုပ်နိုင်သည်။ ဤရှာဖွေတွေ့ရှိမှုက ခန်းမအတွင်းရှိ ဆေးဆရာများအားလုံးကို စိတ်မငြိမ်မသက်ဖြစ်သွားစေ၏။ တကယ်တမ်းတွင် ဆေးများကို နှစ်ပေါင်းများစွာ ဖော်စပ်ခဲ့သည့် ကျွမ်းကျင်အဆင့် ဆေးပညာရှင်များပင်လျှင် ခုနစ်ရောင်စုံ အလင်းတန်းရှိသော မီးဖိုကို ဖြစ်ပေါ်လာစေကြနိုင်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူပင်လျှင် ခက်ခက်ခဲခဲ စဥ်းစားရပေလိမ့်မည်။

ယနေ့တိုင် ၎င်းသည် အဝါရောင်အဆင့် ဆေးပညာရှင်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ဤသည်က မည်သို့ ထိတ်လန့်ဖွယ်မဖြစ်ဘဲ နေလိမ့်မည်နည်း။ ချောင်တုရှန်၏ မျက်နှာသည် အံ့သြခြင်းအငွေ့အသက်တို့ဖြင့် ပြည့်နေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

သူ့မှတ်ဉာဏ်ထဲတွင် ဤရှောင်တန်ချန်၏ ဆေးပညာက တော်ရုံတန်ရုံမဟုတ်လှသည်မှန်သော်လည်း သူ့အရည်အချင်းနှင့်ယှဥ်နိုင်ရန်မှာမူ ခဲယဥ်းလွန်းလှပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ဆုံး ဆေးပြိုင်ပွဲတွင် ချောင်တုရှန်ကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယခု သူသည် နတ်ဆေးဘိုးဘေးလက်အောက်တွင် လေ့ကျင့်သင်ကြားခဲ့ပြီးနောက် သူ၏ ခွန်အားများ မြင့်တက်လာခဲ့ပြီဖြစ်သည်။ အခွင့်အရေးများအရ ဤရှောင်တန်ချန်သည် သူ့ထက် များစွာ အဆင့်နိမ့်ရပေလိမ့်မည်ဖြစ်သည်။

သို့သော် သူ၏ မိုက်မဲသော တွက်ဆဖော်စပ်မှုများအောက်၌ မည်ကဲ့သို့ ရောင်စင်ခုနှစ်တန်းရှိသော ဆေးကို ဖော်စပ်နိုင်မည်နည်း။

ချောင်တုရှန်က ယင်းနောက်ကွယ်ရှိ အကြောင်းပြချက်ကို နားမလည်နိုင်ပေ။

မည်သို့ပင် ဆိုစေကာမူ လုပိုင်ယွဲ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့ သူမသည် လုမိသားစု၏ ကြီးမားသော ကြွယ်ဝချမ်းသာမှုများကြောင့် သူမ၏ အမြင်သည် သာမန်ဆေးပညာရှင်များထက် များစွာမြင့်မားသည်။ ရှောင်တန်ချန်၏ နက်နဲလှသော ဆေးပညာ၏ ပ‌ဟေဠိကို ယခု မြင်နိုင်သူမှာ ခန်းမတစ်ခုလုံးတွင် သူမ တစ်ဦးတည်းသာရှိသည်။

ဆေးပညာတာအို၏ ရှုပ်ထွေးမှုဟုခေါ်သော အရာ၏ အဓိပ္ပါယ်မှာ သာလွန်ကောင်းမွန်သော ရတနာဆေးများ သန့်စင်ရန်အတွက် အလွန် စေ့စပ်သေချောသော ပြင်ဆင်မှုကို လိုအပ်သည်။ သို့တိုင် ရှောင်တန်ချန်သည် ဤဆေးကို ဖော်စပ်နေစဥ်၌ သူ့လက်နှင့် လှုပ်ရှားမှုများက အလွန် လွဲချော်နေသည်ထင်ရသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် အလွန်ပါးနပ်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မလိုအပ်သောအဆင့်များကို မလုပ်ဘဲ နည်းပညာများကို ရိုးရှင်းအောင်ပြုလုပ်ထားသောကြောင့်ဖြစ်သည်။

သူသည် အရာအားလုံးကို အရိုးရှင်းဆုံးနှင့် အနည်းဆုံးသော အားထုတ်မှုဖြင့် ပြုလုပ်ခဲ့သည်။ ဤသည်က ရိုးရှင်းသည်ဟု ထင်ရသော်လည်း ကိုယ်တိုင်လုပ်မှသာလျှင် အခက်အခဲကို သိနိုင်မည်ဖြစ်သည်။ တကယ်တမ်းတွင် ဤကမ္ဘာ၌ နှုတ်ခြင်းထက် ပေါင်းခြင်းက အမြဲတစေ ပိုမိုလွယ်ကူသည်။ သို့သော် ယခုအချိန်တွင် လုပိုင်ယွဲ့သည်လည်း သံသယအချို့ဝင်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဆေးပညာမျိုးကို မရေမတွက်နိုင်သော မီးဖိုများတွင်သာ ကျွမ်းကျင်စွာအသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ ငယ်စဉ်ကတည်းက မရေမတွက်နိုင်အောင်များပြားလှသည့် သလင်းကျောက်များဖြင့် တန်ဆာဆင်ထားသော လုပိုင်ယွဲ့ပင်လျှင် ဤနယ်ပယ်သို့ မရောက်သေးပေ။

‘ဒါဆို… ရှောင်တန်ချန်က ဘယ်လို အောင်မြင်သွားတာလဲ’

နေ့စဥ်နေ့တိုင်း ကောင်းကင်အဆင့် ဆေးများနှင့် လေ့ကျင့်နိုင်သည်အထိ ချမ်းသာနေသလော။

လုပိုင်ယွဲ့အံ့သြသွားရသည်။

ရှောင်တန်ချန်တစ်ယောက်သာလျှင် ဖြစ်ပျက်နေသည်များကို သိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သတိမေ့နေခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်ပေ။ ရွှယ်အန်းက သူ့အသိစိတ်ကို နှလုံးသားနတ်ဆိုး လျို့ဝှက်နယ်မြေထဲသို့ မြှုပ်နှံလိုက်ပြီးနောက် ပြင်ပကမ္ဘာတွင်မူ ရက်အနည်းငယ်သာ သတိမေ့နေသည့်ပုံရသည်။

သို့သော် ရှောင်တန်ချန်အတွက်မူ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုဆယ်စုနှစ်များအတွင်း ရှောင်တန်ချန် နေ့စဥ်လုပ်ဆောင်ရမည့်အရာမှာ သူ၏ နှလုံးသားနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ဆေးများကို အရူးအမူး သန့်စင်ရန်ပင်ဖြစ်သည်။ နှလုံးသားနတ်ဆိုးမှ အသွင်ပြောင်းပေးထားသည့် လျို့ဝှက်နယ်မြေတွင် ဝိဉာဥ်ဆေးပညာသည် သူ့အတွက် အသုံးပြု၍ မကုန်ခမ်းနိုင်ပေ။

အကယ်၍ ၎င်းသာဖြစ်မည်ဆိုပါက ယင်းသည် အဆင်ပြေသေးသည်။ အဓိကအချက်မှာ ရှောင်တန်ချန်သည် နှလုံးသားနတ်ဆိုး၏ လိုအပ်ချက်များအောက်တွင် ဆေးများကို နေ့တိုင်း သန့်စင်ရခြင်းသာဖြစ်သည်။ သူ အနည်းငယ် သတိမထားမိ၍ ဆေးသည် သတ်မှတ်ချက်နှင့် မပြည့်မီပါက သူသည် နှလုံးသားနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်ဖြစ်သည်။ နှလုံးသားနတ်ဆိုး၏ နာကျင်မှုအောက်တွင် လူအများစုသည် ရက်အနည်းငယ်ကြာပြီးလျှင် လုံးလုံးလျားလျား ရူးသွပ်သွားနိုင်သည်မဟုတ်သလော။ သို့တိုင် ရှောင်တန်ချိန်က အံ့သြဖွယ်နည်းဖြင့် ဇွဲလုံ့လရှိခဲ့ခြင်းဖြစ်သည်။

စိတ်ရှည်ရုံသာမက နေ့တိုင်း၊ ဆေးများကို သန့်စင်နေစဉ်တွင် သူသည် တွေးတောဆင်ခြင် လေ့လာရန် ကြိုးစားအားထုတ်မှုအားလုံးကို အသုံးပြုခဲ့သည်။ ရွှယ်အန်းနှင့် အခြားသူများပြောခဲ့သည့်အတိုင်းပင် ဆေးပညာအတွက် ရှောင်တန်ချန်၏ စွမ်းရည်သည် အထူးအဆန်းမဟုတ်ပေ။ သို့သော် ထိုဆယ်စုနှစ်များအတွင်း ရှောင်တန်ချန်သည် အာရုံထွေပြားမှုအားလုံးကို စွန့်လွှတ်လိုက်ကာ သူ့စိတ်ထဲတွင် အရာတစ်ခု အပေါ် စွဲစွဲမြဲမြဲ တွေးထားခဲ့သည်။ ယင်းက ဆေးပညာပင်ဖြစ်၏။

ရွှယ်အန်းသည် တစ်ချိန်က သူ့တွင် အကြောက်တရားကင်းသော နှလုံးသားမရှိဟု ပြောခဲ့သည်။ ထို့အပြင် ယင်း နှလုံးသားနတ်ဆိုးနယ်မြေသည် သူ၏ ပျောက်ဆုံးနေသော နှလုံးသားကို ပြန်လည် သိမ်းယူသည့်ဖြစ်စဥ်ပင်ဖြစ်သည်။

အဆုံးသတ်တွင် ရှောင်တန်ချန်၏ အစွဲအလမ်းကြီးသော ဖိအားအောက်တွင် သူသည် နောက်ဆုံးတွင် နှလုံးသားနတ်ဆိုးကို အနိုင်ယူနိုင်သော ဆေးကို တီထွင်နိုင်ခဲ့သည်၊ ထို့ကြောင့် စိတ်ဆင်းရဲမှုမှ နိုးထလာခဲ့သည်။ ထို့ကြောင့် ရှောင်တန်ချန်သည် ယခုအခိုက်အတန့်တွ၍် ဤလောင်းကြေးကို တည်ငြိမ်အေးချမ်းစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

နှလုံးသားနတ်ဆိုးများကို တိုက်ခိုက်သည်နှင့် ယှဥ်ပါက ဤပြိုင်ပွဲသည် ဟာသတစ်ခုကဲ့သို့ ရိုးရှင်းလှသည်။ ထိုအချိန်၌ အချိန်ကြာလာသည်နှင့်အမျှ ရှောင်တန်ချန်၏ ဆေးမီးဖို အထက်ရှိ ရတနာအလင်းခုနှစ်တန်းက ပို၍ ပြင်းထန်လာသည်။ ထိုအချိန်၌ ရှောင်တန်ချန်သည် ဆေးမီးကို မိနစ်ပိုင်းအတွင်း ချိန်ညှိမှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။ သူလျှောက်လှမ်းသည့် ခြေလှမ်းတိုင်းက အမှားကင်းသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အောင်ပွဲအပေါ်၌ ယုံကြည်မှုရှိခဲ့ဖူးသော ချောင်တုရှန်သည် ယခုအခါတွင် ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်သည်။ အထူးသဖြင့် ပို၍ ပြင်းထန်သော ရတနာအလင်းကိုမြင်လိုက်ရသောအခါတွင် သူ၏စိတ်သည် လုံးဝပြိုလဲသွားသည်။

သူ့စိတ်များပြိုလဲလာသည်နှင့်အမျှ သူ၏ နည်းစနစ်များ ကွဲလွဲလာသည်။ ကောင်းစွာ ချိန်ညှိထားသင့်သည့် ဆေးမီးသည် တရွေ့ရွေ့နှင့် ကျရှုံးစပြုလာသည်။

နောက်ဆုံးတွင်မူ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်လာကာ ချောင်တုရှန်ရှေ့မှ မီးဖိုမှ အပြာရောင်အခိုးအငွေ့များထွက်လာသည်။ မှိန်ဖျော့နေသော ရတနာအလင်းက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

သူ့ စစ်မှန်တဲ့နေမင်း ဆေးက ပျက်စီးသွားပြီ။ ချောင်တုရှန်၏ မျက်နှာက ပြာမှုန်သွားကာ ထိုနေရာတွင် ရပ်နေသည်။

ထိုအချိန်၌ ရှောင်တန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

”ပေါင်းစည်း”

ရတနာခုနစ်ရောင်ရှိသော အလင်းရောင်သည် ဆေးမီးဖိုထဲသို့ ချက်ချင်းဝင်သွားကာ

ဆေးမီးဖိုသည် အနည်းငယ် တုန်ခါလာသည်။ ရုတ်တရက် ဆေးမီးဖို၏ အဖုံးက လေထဲသို့ ပျံတက်သွားသည်။ ပြင်းထန်သော မီးတောက်များဖြင့် ဖုံးလွှမ်းနေသော ဆေးသည် ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်ကာ ပျံထွက်သွားသည်။ ထို့နောက် ရှောင်ချန်တန်၏ ပတ်ပတ်လည်သို့ အကြိမ်အနည်းငယ်လှည့်ပတ်သွားသည်။

“ကောင်းကင်အဆင့် ထိပ်တန်းအဆင့်”

“သံသယဝင်စရာတောင်မလိုဘူး ဒါက စစ်မှန်တဲ့ နေမင်း ကောင်းကင်အဆင့် ထိပ်တန်းဆေးပဲ”

ဆေးဆရာများက ချီးမြောက်လျက် လျှာပင်ကိုက်မိကြကာ ရှောင်တန်ချန်ကို ပိုမို လေးစားစွာဖြင့် ကြည့်လာကြသည်။ ဆေးပညာတာအိုကမ္ဘာတွင် ၎င်းသည် အမြဲလေးစားတန်ဖိုးထားရသော ဆေးပြုလုပ်ခြင်း ပညာဖြစ်သည်။ ယခု ရှောင်တန်ချန်သည် သူ၏ ခိုင်လုံသော ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုဖြင့် သက်သေပြခဲ့သဖြင့် ဆေးဆရာ အများအပြား၏ လေးစားမှု ရရှိခြင်းမှာ သဘာဝကျသည်။

ဆေးပညာတာအိုအသင်းမှ သုံးသပ်သူသည် ရှောင်တုချန်ကို တုံ့ဆိုင်းစွာ ကြည့်နေပြီးမှ နောင်တရစွာပြောလိုက်သည်။

"ပထမအချီမှာ ရှောင်တန်ချန်နိုင်သွားပါပြီ!"

အကယ်၍ ရလဒ်များ နီးကပ်ပါက ချောင်တုရှန်ကို ကူညီရန် သူ မျက်ကွယ်ပြုထားနိုင်သည်။

သို့သော် ယခုအခါတွင် တစ်ဖက်မှ ကောင်းကင်အဆင့် ထိပ်တန်း ဆေးကို သုံးနာရီအတွင်း ရရှိခဲ့ကာ ကျန်တစ်ဖက်ကမူ ဆေးပျက်ဆီးခြင်းတွင် အဆုံးသတ်သွားခဲ့သည်။

မျက်ကန်းတစ်ယောက်ပင်လျှင် ချောင်တုရှန်က အောင်နိုင်သူဟု မကြေညာနိုင်ပေ။ ထို့ကြောင့် ပထမအချီတွင် ရှောင်တန်ချန်သည် မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော အသာစီးဖြင့် အနိုင်ရရှိခဲ့သည်။ ဆေးပညာလောင်းကြေးများက များသောအားဖြင့် သုံးကြိမ်တွင် နှစ်ကြိမ်သာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် လာမည့်ပွဲက အရေးအကြီးဆုံးပင်ဖြစ်၏။

ဤအချိန်တွင် လောင်းကြေးသည် ကြည့်ရှု့သူများအဖြစ် မရေမတွက်နိုင်အောင်များပြားလှသော ဆေးဆရာများကို ဆွဲဆောင်ထားပြီးဖြစ်သည်။ ဆေးထုတ်လုပ်ရေးတွင် ယှဥ်ပြိုင်ရန် အစပိုင်းတွင် ြင်ဆင်ခဲ့ကြသူ အများအပြားသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွန့်လွှတ်ကာ ဤရှားပါးသော ပွဲကို ကြည့်ရန် အနားသို့ ကပ်လာကြသည်။

ဤအခိုက်အတန့်တွင်၊ ချောင်တုရှန်က ရှောင်တန်ချန်အား စိုက်ကြည့်နေသည်။

"အဘိုးကြီး မင်း ဒီအပိုင်းမှာ ကံကောင်းသွားတယ်။ နောက် ငါ မင်းကို ငါ ဘာတတ်နိုင်လဲဆိုတာ ပြပေးမယ်”

ရှောင်တန်ချန်က မည်သည့် ခံစားချက်မျှမပါသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

"ကောင်းပြီ ငါစောင့်နေမယ်”

ဤအမူအရာသည် ဆေးဆရာကြီးများစွာက သူ့ကို အမှန်တကယ် သခင်အစစ်အမှန်ဟု ခံယူထားသည်ဟု ယူဆကာ တိတ်တဆိတ် ခေါင်းညိတ်ပြခဲ့သည်။

သို့သော် သူတို့မသိခဲ့ကြသည်မှာ ရှောင်တန်ချန်သည် နှလုံးသားနတ်ဆိုးနယ်မြေတွင် ဆေးအသုတ်ပေါင်း တစ်သိန်းထက်မနည်းကို စုစည်းထားပြီးဖြစ်သောကြောင့်၊ ထိုသို့သော မြင်ကွင်းသည် သဘာဝအတိုင်း သူ့ကို စိတ်အနှောင့်အယှက် မဖြစ်‌စေခဲ့ပေ။

“နောက်တစ်ပွဲအတွက် ဒုတိယအကျော့အနေနဲ့… အမှောင်တာအိုနတ်ဆေး။ ကန့်သတ်ချိန် တစ်ရက်”

All Chapters