← Chapters

သုန့်လင်းရှင် ထိတ်လန့်မှု

Vol. 52 Ch. 772

သုန့်လင်းရှင် ထိတ်လန့်မှု

Vol. 52 Ch. 772

ကျူတန်နန်းတော်မှ သုန့်လင်းရှင်သည် အနည်းငယ် ဂနာမငြိမ်ဖြစ်လျက် မသက်မသာထိုင်နေခဲ့သည်။ ယနေ့သည် ဆေးပြိုင်ပွဲကျင်းပသောနေ့ဖြစ်။ လူကြီးမင်းရှောင် နိုးလာနိုင်သည်လောကို မသိခဲ့ပေ။

ဒီပြဿနာတွေအားလုံးက အဲ့ ရွံ့စရာကောင်ကြောင့်ပဲ သူ့ကြောင့်မဟုတ်ရင် လူကြီးမင်းရှောင်က ချောင်တုရှန်နဲ့ အလောင်းအစားလုပ်မှာမဟုတ်ဘူး။ ဝမ်တန်မြို့တွင် ဆေးများရောင်းချသော ကုန်သည်တစ်ဦးအနေဖြင့် သုန့်လင်းရှင်သည် လက်ရှိအချိန်တွင် နတ်ဆေးဘိုးဘေး၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိနှင့် ပတ်သက်၍ မည်သူမဆိုထက် ပိုမိုရှင်းလင်းစွာသိသည်။

နတ်ဆေးဘိုးဘေးသည် ဝမ်တန်မြို့ရှိ ဆေးလုပ်ငန်း၏ ရှစ်ဆယ်ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်ထားသည်ဟု ဆိုနိုင်သည်။ ထို့ ကြောင့် သုန့်လင်းရှင်သည် ချောင်တုရှန်နှင့် ၎င်းတို့၏ အလောင်းအစားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

အနိုင်ရရင်ရော ဘာဖြစ်မလဲ။

နတ်ဆေးဘိုးဘေး လက်အောက်ရှိ နောက်လိုက်များသည် အစွမ်းထက်သည်။ နိုင်ငံခြားဆေးဆရာအချို့နှင့် ဆက်ဆံရန်မှာ လွယ်ကူလွန်းလှသည်။ အထူးသဖြင့် သူမ ကျူတန်နန်းတော်တွင် စတင်ရုန်းကန်ခဲ့ရစဉ်က လူကြီးနင်းရှောင်သည် သုန့်လင်းရှင်အား အကူအညီအချို့ ပေးခဲ့သောကြောင့်ဖြစ်သည်။

သူမသည် ဤကျေးဇူးကို အမြဲအမှတ်ရနေခဲ့ကာ ရှောင်တန်မြို့တွင်

ကံဆိုးခြင်းမျိုး မဖြစ်ပါစေနှင့်ဟု ထပ်မံဆန္ဒပြုခဲ့သည်။ ထိုအတွေးများဖြင့် သူမသည် ရွှယ်အန်းတည်းခိုရာ ခြံဝင်းသို့ နောက်ထပ်လာလည်ရန် မဆုံးဖြတ်မီ တစ်ခဏမျှ စဉ်းစားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကို ဝမ်တန်မြို့မှ ဦးစွာထွက်ခွာစေခြင်းသည် ကောင်းပေလိမ့်မည်။ သို့သော် သူမ ထွက်လာခါနီးတွင်

အိမ်အကူတစ်ယောက် ပျာယာခတ်စွာဝင်လာသည်။

"မမလေး အခုပဲ လူကြီးမင်းရှောင်ကို လက်ဖက်ရည်နဲ့ စားစရာတွေ ပို့ပေးဖို့ ခိုင်းလိုက်တာ ခြံထဲမှာ ဘယ်သူမှမရှိတော့တာ သိလိုက်ရတယ်”

"ဘာလဲ” သုန့်လင်းရှင် အံ့ဩသွားသည်။

" သေချာလား"

"မမလေး ကျွန်မကိုယ်တိုင် စစ်ဆေးဖို့ သွားခဲ့ပါတယ် သတိလစ်နေတဲ့ လူကြီးမင်းရှောင်အပါအဝင် အားလုံးမရှိတော့ဘူး"

သုန့်လင်းရှင်သည် ချက်ချင်းပင် ၎င်းတို့က ဆေးပြိုင်ပွဲတွက် ပါဝင်ရန် ဆေးမျှော်စင်သို့ သွားခြင်းဖြစ်သည်ကို သိလိုက်သည်။ ထိုအတွေးဖြင့် သုန့်လင်းရှင်သည် အံတင်းတင်းကြိတ်ကာ ရွှယ်အန်းကို စိတ်တိုလာသည်၊

"လူနည်းနည်းလောက် စီစဉ်ပေးပါ... ထားလိုက်တော့ ငါကိုယ်တိုင်လိုက်မယ်”

သုန့်လင်းရှင်က အေးစက်စွာပြောကာ အပြင်သို့ ထွက်သွားခဲ့သည်။

“မမလေး အပြင်… အဝတ်မဝတ်ရသေးဘူး” အိမ်အကူက အနောက်မှ အော်သည်။

"ထားလိုက် အချိန်မရှိဘူး”

သုန့်လင်းရှင်က တံခါးမှထွက်၍ ဆေးမျှော်စင်ဆီသို့ ဦးတည်သွားခဲ့သည်။

ကွေ့ယီအလယ်ပိုင်းဒေသတွင် လူတိုင်းနီးပါး ကျင့်ကြံကြသည်။

သုန့်လင်းရှင်ကိုယ်တိုင်ပင်လျှင် အထင်ကြီးလောက်သော ကျင့်ကြံရေးအဆင့်ရှိခဲ့သည်။ ထို့ကြောင့် လက်ဖက်ရည်တစ်ခွက်သောက်ရန် အချိန်လေးတွင် သူမသည် မြို့လယ်ရှိ ဆေးမျှော်စင်သို့ ရောက်ရှိခဲ့သည်။

”ဆေးပညာပြိုင်ပွဲ" နှင့် "အလောင်းအစား" ကဲ့သို့သော စကားလုံးအပိုင်းအစများနှင့်အတူ သုန့်လင်းရှင်၏ နားထဲသို့ ခဏခဏရောက်ရှိနေသည့်နေရာသည် လူအုပ်ဖြင့်ဝန်းရံထားပြီးဖြစ်သည်။

သုန့်လင်းရှင်သည် နောက်ကျနေပြီဟု သိ၍ စိုးရိမ်စိတ်ကြောင့် ဆေးမျှော်စင်သို့ အပြေးဝင်လာခဲ့သည်။ သုန့်လင်းရှင်သည် ဆေးလုပ်ငန်းတွင်ပါဝင်နေသူဖြစ်၍ ဆေးတာအိုအစည်းအရုံး၏အဖွဲ့ဝင်များနှင့် သဘာဝအတိုင်း အပြန်အလှန်ပြောဆိုမှုများရှိသောကြောင့် တံခါးစောင့်များသည် သူမအား အသိအမှတ်ပြုခဲ့ကြသည်။

"ဆိုင်ရှင်သုန့် ဘယ်လိုများ ဒီရောက်လာတာလဲ” ပြုံးနေသော ဧည့်ကြိုများက မေးလိုက်သည်။

"လူကြီးမင်းချောင် အခု အထဲမှာ ရှိလား”

မျှော်လင့်ထားသည့်အတိုင်း၊ ဧည့်ကြိုများထဲမှ တစ်ဦးက ပြန်ဖြေ၏။

"ဟုတ် သူက အထဲမှာ ရှိတယ်။ ပြီးတော့ သူက အရှေ့ပိုင်းနယ်မြေက သူဌေးတချို့နဲ့ လောင်းကစားလုပ်နေတယ်လို့ ကြားတယ်။ ကျွတ်… ကျွတ် ဆရာချောင်ကို ဆေးပညာမှာ စိန်ခေါ်ရဲတယ်ပေါ့။ သူတို့ အသက်ရှင်ရတာ ပင်ပန်းနေကြပြီထင်တယ်”

ဤသည်ကိုကြားသောအခါ သုန့်လင်းရှင်က ပို၍ပင် စိတ်ပူသွားသည်။ ဧည့်ကြိုများကို အမြန်ကျေးဇူးတင်ပြီးနောက် သူမသည် ဆေးမျှော်စင်၏ ပင်မခန်းမထဲသို့ ပြေးဝင်သွားခဲ့သည်။ ခန်းမထဲတွင် အဝါရောင်အဆင့်ရှိ ဆေးဆရာကြီးများနှင့် ပြည့်နှက်နေကာ အောက်တွင် ဝင်ရောက်ခွင့်မရှိသော ဆေးအခန်းရှိသည်။

ဤလူများသည် အစုငယ်လေးများဖွဲ့၍ ဆေးအခန်းအတွင်းရှိ အဖြစ်အပျက်များကို ဆွေးနွေးကြသည်။ သုန့်လင်းရှင်က ယင်းကို ဖြေရှင်းရန် အချိန်မရှိပေ။

သူမသည် ဆေးအခန်း၏အစောင့်များထံ အမြန်ချဉ်းကပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“လူကြီးမင်းတို့၊ ကျွန်မ အထဲဝင်ပြီး သခင်လုကို ကိုရှာဖို့လိုတယ်”

ဆေးတာအို အသင်းကြီးတစ်ခုလုံးတွင် သခင်လုအဖြစ် ခေါ်ဆိုနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ လုပိုင်ယွဲ့ဖြစ်သည်။

သုန့်လင်းရှင်သည် အလွန်တိုက်ဆိုင်သော အခြေအနေများအောက်တွင် လုပိုင်ယွဲ့နှင့် တွေ့ဆုံခဲ့သည်။ လုပိုင်ယွဲ့က သူမကို အထင်ကြီးလေးစားသောကြောင့် ၎င်းတို့နှစ်ယောက် သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့သည်။

ယနေ့ ကျူတန် နန်းတာ်၏ လုပ်ငန်းအောင်မြင်မှုသည် လုပိုင်ယွဲ့၏ဂုဏ်သိက္ခာနှင့် ခွန်အားပေါ်တွင်လည်းမူတည်သည်။

အစောင့်များသည် သုန့်လင်းရှင်ကို အသိအမှတ်ပြုကြကာ လုပိုင်ယွဲ့၏ သူငယ်ချင်းကောင်းဖြစ်သည်ကို သိသဖြင့် သူမကို မတားရဲခဲ့ပေ။ ၎င်းတို့က ခေါင်းညိတ်လိုက်ကြသည်။

"ကျေးဇူးပြုပြီး အထဲကို ဝင်ပါ၊ သခင်လုရှိပါတယ်”

ထို့ကြောင့် ၎င်းတို့ ဘေးသို့ လျှောက်သွားလိုက်ပြီးနောက် သုန့်လင်းရှင်သည် အသက်ပြင်းပြင်းရှူကာ စိတ်ထဲမှ မငြိမ်မသက်ဖြစ်မှုကို ဖျောက်ကာ ဝင်လာသည်။ ဆေးအခန်းတွင် အဝါရောင်နှင့်အထက်အဆင့်ရှိသော ဆေးဆရာများပြည့်နေသည်ကို သူမမြင်နိုင်သည်။ သို့သော် အတွင်းထဲမှ အသံမကြားရပေ။ ရှောင်တန်ချန်နှင့် ချောင်တုရှန်တို့ရှိနေသည့် နေရာသို့သော လူတိုင်းက အံ့သြစွာ စိုက်ကြည့်နေကြသည်။

ရှောင်တန်ချန်သည် ထိုနေရာတွင် လုံခြုံပြီး အန္တရာယ်ကင်းစွာ ရပ်တည်နေသည်ကို တွေ့သောအခါ သုန့်လင်းရှင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ကံကောင်းထောက်မစွာဖြင့် သူမ မနောက်ကျခဲ့ပေ။

ထို့နောက် မြင့်မားသော ပလက်ဖောင်းဘေးတွင် ရပ်နေသော လုပိုင်ယွဲ့ကို မြင်သဖြင့် ကမန်းကတန်း ပြေးတက်လိုက်သည်။

“အမျိုးသမီး ပိုင်ယွဲ့”

သုန့်လင်းရှင်၏ ခေါ်သံကြောင့် လုပိုင်ယွဲ့ အနည်းငယ်ထိတ်လန့်သွားပြီးနောက် လှည့်ကြည့်လိုက်သောအခါ သုန့်လင်းရှင်ကို မြင်လိုက်ရသည်။

“"မင်းဒီမှာ ဘာလုပ်နေတာလဲ"

သုန့်လင်းရှင်၏ မျက်နှာသည် အရေးကြီးနေကြောင်း သိသိသာသာမြင်နေရသည်။

“အမျိုးသမီးပိုင်ယွဲ့.. ကျွန်မ အကူအညီတောင်းဖို့လာခဲ့တာပါ”

“ဘာကိုလဲ”

"အခုလောလောဆယ် ချောင်တုရှန်နဲ့ လောင်းထားတဲ့သူက ကျွန်မ မိတ်ဆွေပါ။

ဒီလောင်းကစားပွဲကို ရပ်တန့်ဖို့ နည်းလမ်းရှာနိုင်မလား။ မဟုတ်ရင် ကျွန်မ သူငယ်ချင်း အန္တရာယ်ကြုံလိမ့်မယ်။" သုန့်လင်းရှင်က ရိုးသားစွာ တောင်းဆိုခဲ့သည်။

လုပိုင်ယွဲ့သည် သုန့်လင်းရှင်ကို အလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။

“အမျိုးသမီးပိုင်ဘွဲ့ ဒီကျေးဇူးကို ကျွန်မမမေ့ပါဘူး။ တကယ်တောင်းဆိုပါတယ်။ နောက်ကျမှဆို လူကြီးမင်းရှောင်တစ်ခုခုဖြစ်သွားမှာ ကျွန်မစိုးရိမ်လို့ပါ”

လုပိုင်ယွဲ့ခေါင်းယမ်းလိုက်သည်။

သုန့်လင်းရှင်က စကားစလုဆဲဆဲတွင် သူမနှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသည့်နှယ်ခံစားလိုက်ရသည်။

“မင်းမိတ်ဆွေက ငါတို့ခဏစောင့်ရင် သေမယ်လို့ ဘယ်သူပြောလဲ"

“မဟုတ်ဘူးလား…” သုန့်လင်းရှင်အနည်းငယ် စိတ်ရှုပ်သွားကာ ပြောလိုက်သည်။

လုပိုင်ယွဲ့က ပလက်ဖောင်းကို လက်ညှိုးထိုးပြလိုက်၏။

“အခုတင် မင်းမိတ်ဆွေက ချောင်တုရှန်နဲ့ တစ်ကျော့ပြိုင်ပြီးတာ သူနိုင်သွားပြီ”

“ဘယ်လို” သုန့်လင်းရှင်က ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ဖြစ်နေသည်။

ရှောင်တန်ချန်က ချောင်တုရှန်နှင့် လောင်း၍ သေရန် ဆုံးဖြတ်ချက်ဖြင့် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သူမထင်ခဲ့သည်။ သို့သော် မမျှော်လင့်ထားသည်မှာ သူအနိုင်ရလိမ့်မည်ပင်ဖြစ်သည်။

ယခုအချိန်တွင် ဒုတိယအကျော့ လောင်းကစားပွဲ စတင်နေပြီဖြစ်သည်။

ရွှယ်အန်း၏ စကားများက ခန်းမတစ်ခုလုံး တုန်လှုပ်သွားစေသည်။ သုန့်လင်းရှင်သည်လည်း

မြင့်မားသောစင်မြင့်ပေါ်တွင် ဂုဏ်ယူစွာရပ်နေသော ရွှယ်အန်းကိုကြည့်ရင်း ရုတ်တရက် အတွေးတစ်ခုပေါ်လာသည်။

တစ်ချိန်လုံး သူမ မှားခဲ့သလား။

ဒီလူက လူလိမ်မဟုတ်ဘဲ ဆေးတာအိုရဲ့ စစ်မှန်တဲ့ အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူလား။

ထိုအချိန်တွင် သူမသည် လုပိုင်ယွဲ့၏ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသံကို ကြားလိုက်ရသည်။

"ဒီလူက တကယ်ကို ထူးထူးခြားခြားပဲ”

လုပိုင်ယွဲ့၏ အကဲဖြတ်ချက်ကို ကြားခြင်းကြောင့် သုန့်လင်းရှင်သည် ပို၍ပင် အံ့အားသင့်သွားပြီး မြင့်မားသော ပလက်ဖောင်းပေါ်တွင် ကျင်းပနေသည့် ပြိုင်ဆိုင်မှုကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။

ပထမအချက်မှာ ချောင်တုရှန်ဘက်မှ ဤအချီတွင် အောင်ပွဲရမည်ဟု ယုံကြည်နေသည်။

နောက်ဆုံးတွင်၊ သူ၏အောင်ပွဲသေချာစေရန်၊ လောင်းကစားပွဲမစမီ ဆရာဖြစ်သူ နတ်ဆေးဘိုးဘေးထံမှ လမ်းညွှန်မှုကို အထူးရှာဖွေခဲ့သည်။ ဤဆေးကို ဖန်တီးခဲ့သူဖြစ်သော ဆေးဆရာ နတ်ဆေးဘိုးဘေး၏ အတွေ့အကြုံသည် သဘာဝအတိုင်းပင် အမှန်ကန်ဆုံးဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် ရှောင်တန်ချန်၏ လုပ်ဆောင်ချက်များသည် များစွာနှေးကွေးနေပုံရသည်။

ဆေးဖက်ဝင်အပင်များ ရွေးချယ်ရာ၌ပင် ရှောင်တန်ချန်သည် ၎င်းတို့ကို ကောင်းစွာမခွဲမီ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ရသည်။ အသည်ကိုမြင်သောအခါ ဆေးဆရာများစွာက လျို့ဝှက်စွာ ခေါင်းယမ်းကြသည်။ ဤသို့ကြိုးစား၍ အမှားလုပ်နေပါက ချောင်တုရှန်ကို မည်ကဲ့သို့ အနိုင်ယူနိုင်လိမ့်မည်နည်း။

All Chapters