← Chapters

ငါ့ကို ဘယ်လိုအနိုင်ယူမလဲ

Vol. 52 Ch. 773

ငါ့ကို ဘယ်လိုအနိုင်ယူမလဲ

Vol. 52 Ch. 773

အချိန်က တဖြည်းဖြည်းချင်း မိနစ်ချင်း စက္ကန့်ချင်းကုန်ဆုံးသွားသည်။

ခုနှစ်နာရီကြာပြီးနောက် ချောင်တုရှန်၏ ဆေးမီးဖိုထက်တွင် အလွန်ကြီးမားသော ဘီးနှင့်တူသည့် အဖိုးတန်ဆေးချီတစ်လုံးပေါ်လာသည်။ ၎င်းက သူ သန့်စင်ထားသော အမှောင်တာအိုနတ်ဆေးက တဖြည်းဖြည်းချင်း စတင်ပုံပေါ်လာပြီဟု ဆိုလိုသည်။

ဤမြင်ကွင်းကိုတွေ့မြင်ရသောအခါ လူတိုင်းသည် ခေါင်းကိုလှည့်၍ ဆေးမီးဖို၏မီးတောက်များကို တည်ငြိမ်စွာ ညှိနေဆဲဖြစ်သော ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ကာ လျှို့ဝှက်စွာ ခေါင်းယမ်းလိုက်ကြသည်။ တစ်နာရီမျှအကြာတွင် ချောင်တုရှန်၏ ဆေးဖိုထက်မှ

သာယာသောအသံများ ထွက်ပေါ်လာသည်။

"အဲတာ ဆေးလှုပ်ရှားမှုပဲ”

"ဒီ အမှောင်တာအိုနတ်ဆေးဆက တည်ငြိမ်တယ်”

ဆေးလှုပ်ရှားမှုဟု ခေါ်သော အဖြစ်အပျက်သည် ဆေး စတင်ဖြစ်ပေါ်လာသောအခါ စုစည်းထားသော လျို့ဝှက်ဝိဉာဥ်စွမ်းအင်က ဆွဲဆောင်မှုရှိသည့် အသံမျိုးစုံကို ထုတ်လုပ်ပေးသော ဖြစ်စဥ်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် ၎င်းက ဆေး၏ အရည်အသွေး အလွန် မြင့်မားကြောင်း ဖော်ပြနေသည်။ ချောင်တုရှန်၏ မျက်နှာပေါ်တွင် အောင်ပွဲခံသော အကြည့်တစ်ခုပေါ်လာကာ ရွှယ်အန်းကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။

ထိုအချိန်တွင်၊ ရွှယ်အန်း၏ ဆေးဖိုအထက်မှ မည်သည့်အသံမျှ မကြားရသည့်အပြင် ဆေးချီ၏ အငွေ့အသက်ပင်မရှိပေ။ ဤတွေ့ရှိချက်က သူ၏ အောင်ပွဲကို ပို၍ သေချာစေသည်။ နာရီဝက်ခန့်ကြာသွားသည်။ ထိုအချိန်၌ ချောင်တုရှန်၏ ဆေးဖိုအထက်တွင် အလွန်အဖိုးတန်သော ဆေးချီက ပို၍ သိပ်သည်းလာကာ ဆေးလှုပ်ရှားသံများလည်း ပိုမိုကျယ်လောင်လာသည်။ ရုတ်တရက် ဆိုသကဲ့သို့ပင် ဆေးမီးဖိုမှ အဖိုးတန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဆေးချီက လေထုထဲသို့ တိုးဝင်လာသည်။

ထို့နောက် ဆေးချီ၏ လှုပ်ရှားမှုလည်း ရုတ်တရက် ရပ်တန့်သွားသည်။

"ပြီးပြီလား”

ဆေးဆရာကြီးများ၏ နှလုံးသားထဲ၌ ဤအတွေးပေါ်လာသောအခိုက်တွင် ချောင်တုရှန် ဝင့်ကြွားစွာ ရယ်မောသံကိုပါ ကြားလိုက်ကြရသည်။

“ရွှယ်အန်း ဒီအဖိုးတန်ဆေးလုံးပြီးသွားပြီ။ မင်း ငါ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်”

၎င်းနှင့်အတူ တောက်ပသော ဆေးလုံးတစ်လုံး ဆေးဖိုအတွင်းမှ တဖြည်းဖြည်း မြင့်တက်လာသည်။ ယင်းဆေးလုံးပေါ်လာသောအခါ ဆေးချီက ဆေးခန်းတစ်လုံးကို ဖုံးအုပ်သွားသည်။

“တကယ်ပဲ ဒါ ကောင်းကင်အဆင့်ထက် သာလွန်တဲ့ ဆေးလုံးပဲ”

“ရှောင်တုချန်က ဒီလောက်ကြောက်ခမန်းလိလိ အဆင့်မြင့်တဲ့ အမှောင်တာအိုနတ်ဆေး ကောင်းကင်အဆင့်ကို တကယ် သန့်စင်ပေးနိုင်မယ်လို့ ဘယ်သူထင်မှာလဲ”

ဆေးဆရာများက တစ်ယောက်ပြီးတစ်ယောက် အော်ပြောကြသည်။

လုပိုင်ယွဲ့ပင် မျက်မှောင်ကြုတ်သွားသည်။

သူမသည် ချောင်တုရှန်ကို အမြင်မကြည်သော်လည်း ဤအခိုက်အတန့်တွင် သူပြန်လည်သန့်စင်ထားသော အမှောင်တာအိုနတ်ဆေးသည် အမှန်တကယ်ကောင်းမွန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ ချောင်တုရှန်က သူ့ကိုယ်သူ အလွန်ကျေနပ်လျက် ကျောက်စိမ်းပန်းကန်ပေါ်သို့ အမှောင်တာအိုနတ်ဆေးကို တင်ကာ ကဲ့ရဲ့လှောင်ပြောင်သောအပြုံးဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

“ရွှယ်အန်း မင်း အခုရှုံးနိမ့်တာကို ဝန်ခံဖို့ အချိန်မနှောင်းသေးဘူး”

သို့သော် ရွှယ်အန်းသည် လုံးလုံးလျားလျား လျစ်လျူရှု့ထားကာ သူ၏ ဆေးဖော်စပ်မှုကိုသာ အာရုံစိုက်ထားသည်။

ချောင်တုရှန်က အေးစက်စွာရယ်မောလိုက်၏။

“အဆုံးထိ ခေါင်းမာနေမယ်ပေါ့ ဟုတ်လား။ ကောင်းပြီလေ ကြည့်ကြသေးတာပေါ့ အဆုံးမှာ မင်းဘယ်လို လှည့်စားမှုမျိုးလုပ်နိုင်မလဲဆိုတာ ငါစောင့်ကြည့်လိုက်မယ်”

ထိုအချိန်၌ သုန့်လင်းရှင်က အေးစက်စွာမေးလိုက်၏။

“အမျိုးသမီး ပိုင်ယွဲ့ ရွှယ်အန်း နိုင်ဖို့ အခွင့်အရေးရှိသေးလား”

လုပိုင်ယွဲ့က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"မဖြစ်နိုင်တော့ဘူး အချိန်တွေ အများကြီးကုန်သွားပြီ။ ဒါတောင် သူက ဆေးချီတစ်ရောင်မှ မထုတ်နိုင်သေးဘူး။ အချိန်နည်းနည်းပဲကျန်တော့တာ ကောင်းကင်အဆင့် ထူးခြားတဲ့ဆေးကို ဘယ်လို ဖော်စပ်နိုင်မှာလဲ”

ထိုစကားကိုကြားသောအခါ သုန့်လင်းရှင်၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ သူမ တစ်ခုခု ပြောချင်သော်လည်း အားလုံးက အဆုံးတွင် နှုတ်ထွက်ရန် သက်ပြင်းချသံ ဖြစ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။

သူမသည် ပြိုင်ပွဲတွင်ရှုံးနိမ့်ပြီးနောက် လူကြီးမင်းရွှယ်က သူ့အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟုသာ မျှော်လင့်ထားလိုက်တော့သည်။ ဤသည်ကိုတွေး၍ သုန့်လင်းရှင်က ပေါ့ပေါ့ပါးပါးလက်ဖက်ရည်သောက်ရင်းဖြင့် စင်မြင့်ပေါ်တွင် ထိုင်နေသော ရွှယ်အန်းကိုသာ ငေးကြည့်လိုက်သည်။

ဒီလူ ဘယ်လိုများ ဒီလောက်ထိ အေးဆေးနေနိုင်တာလဲ

အကယ်၍ ၎င်းတို့သည် ဤပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပါက ရွှယ်အန်းသည် ၎င်း၏ ကျင့်ကြံရေးအဆင့်ကို ဖျက်စီးခံရမည်သာမက အလယ်ပိုင်းဒေသမှ နှင်ထုတ်ခံရမည်ဖြစ်ကာ ဒူးထောက်ကာ တောင်းပန်ရမည်ဖြစ်သည်။

‘ဒါတောင် သူက ဒီမှာ လက်ဖက်ရည်သောက်နိုင်သေးတယ်ပေါ့’

အမျိုးမျိုးသော အတွေးအမြင်များကြားတွင် အချိန်သည် တိတ်တဆိတ် ရွေ့လျားသွားသည်။

ဆယ်နာရီ။

ဆယ့်တစ်နာရီ။

နောက်ဆုံး။

ဆယ့်နှစ်နာရီပြည့်သခါနီး… ဆယ့်ငါးမိနစ်အလိုထိ ရွှယ်အန်းရှေ့ရှိ ဆေးဖိုမှ ဆေးချီသည် အနည်းငယ်သာရှိနေသေးသည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လူတိုင်းနီးပါးက ယုံကြည်မှုများပျောက်ဆုံးကုန်ကြပြီဖြစ်သည်။

“ရွှယ်အန်း ဆယ့်ငါးမိနစ်ပဲကျန်တော့တယ်။ မင်းဘယ်လောက်ထိ အချိန်ဆွဲဖို့ စဥ်းစားထားတာလဲ။ အခု အရှုံးကို ဝန်ခံလိုက်။ သဘောထားကြီးတဲ့ငါက မင်းအပြစ်ကိုလျှော့ပေးနိုင်ပါတယ်”

ရွှယ်အန်းသည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ ထို့ကြောင့် ချောင်တုရှန်က ကျိန်ဆဲပြီးနောက် ဘေးတွင်ထိုင်နေသော လုပိုင်ယွဲ့ကိုသာ ပစ်မှတ်ထားလိုက်တော့သည်။

"ကျွတ်ကျွတ် လူကြီးမင်းရွှယ် ငါမင်းကို အရမ်းလေးစားတယ်။ အခုချိန်ထိ ဘယ်လိုတောင် တည်ငြိမ်နေနိုင်တာလဲ။ ငါမင်းကို ပြောလိုက်မယ်။ မင်း ငါ့ကို ဒေါသထွက်အောင်လုပ်ရင် အချိန်ကျလာတဲ့အခါ ငါမင်းတို့နှစ်ယောက်လုံးကို ပြေးမလွတ်စေရဘူး”

ရွှယ်အန်းက ချောင်တုချန်၏ စကားလုံးများကို လုံးဝ ဥပက္ခာပြုထားသော်လည်း တဖြည်းဖြည်းခြင်း သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် ဘာသိဘာသာမေးလိုက်သည်။

“အချိန်ပြည့်ဖို့ ဘယ်လောက်ကျန်သေးလဲ”

အချိန်မှတ်သည့် ကောင်လေးက ပြန်‌ေဖြေသည်။

“၅မိနစ်လောက် ကျန်သေးတယ်”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

“အချိန်ပြည့်တော့မယ်မလား”

“မီးက အသင့်ဖြစ်ပြီ” ရွှယ်အန်းက သန့်စင်ထားသည့် ဆေး၏ပြင်းအားကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဆေးကို ပေါင်းပြီး မီးဖိုထဲက ထုတ်လိုက်ပါ”

“ဟုတ်”

ရွှယ်အန်းက အမိန့်ပေးလိုက်သည်နှင့်တကွ ရှောင်တန်ချန်၏ အမူအရာသည်လည်း လေးနက်လာသည်။ သူ၏ မျက်လုံးများက ခရမ်းရောင် တောက်နေကာ ခန္ဓာကိုယ်သည်လည်း ခရမ်းရောင်အဆီအနှစ်များဖြင့် ဖုံးလွှမ်းနေသည်။

“ဒါ ကျွမ်းကျင်အဆင့်ပဲ”

"သူ့ ကျွမ်းကျင်အဆင့် ဆေးဆရာဖြစ်မေယ်လို့ မမျှော်လင့်ထားမိဘူး”

လူအုပ်ကြားထဲ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သံများ ထွက်ပေါ်လာသည်။

ဒီလိုဆိုရင်တောင် ဘာလုပ်နိုင်မှာလဲ။

ချောင်တုရှန်ရဲ့ ဆေးကို ကျော်နိုင်တဲ့ ဆေး မဖော်စပ်နိုင်ရင် သူရှုံးမှာပဲ။

ရွှယ်အန်းသည် သူ့လက်ဖြင့် ချက်ခြင်း အဆက်မပြတ် စည်းချိပ်များ ဖန်တီးလိုက်သောအခါ ဆေးဖိုထဲမှမီးက အစိမ်းရောင် ကြာပန်းအဖြစ်ပြောင်းလဲသွားသည်။

"ဆေးကို ပေါင်းစည်းစေ”

ရွှယ်အန်းက ပျော့ပျောင်းစွာ အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် မူမမှန်မှုတစ်စုံတစ်ရာမပြသော ဆေးမီးဖိုသည် တုန်ခါလာသည်။ တုန်ခါမှုသည် အစပိုင်းတွင် အလွန်သိမ်မွေ့သော်လည်း လျင်မြန်စွာ ပို၍ပြင်းထန်လာသည်။ သို့ထိတိုင် ဆေးချီ အရိပ်အယောင် အနည်းအကျဥ်းမျှ မမြင်ရသေးပေ။ ဤသည်ကိုမြင်သောအခါ ချောင်တုရှန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြနေပြန်ပြီ။ မင်း ဆေးဖိုက ပေါက်ကွဲတော့မှာမဟုတ်ဘူးလား”

ထို့နောက် သူ့စကားမဆုံးမီ၌ ဆေးဖိုသည် ပေါက်ကွဲကာ ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီးနောက် ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လေထုအလယ်တွင် ခရမ်းရောင်အလင်းက သုံးကြိမ်တိုင်တိုင် လည်ပတ်ပြီးမှသာ ငြိမ်သက်သွားသည်။

“အဲ့တာ.. ဘာလဲ”

ဆေးဆရာ အများအပြားက အလွန် ပဟေဠိဖြစ်နေကြသည်။ ဤလွင့်နေသော အစိမ်းရောင်ရောင်ဝါသည် မည်သည့် ဆေးချီကိုမျှ ထုတ်လွှတ်ခြင်းမရှိသည့်အပြင် ၎င်းတွင် ဆေးအစွမ်းလည်းမရှိပေ။

အပြည့်အဝ မသန့်စင်ရသေးသော မပြီးဆုံးသေးသော ထုတ်ကုန်တစ်ခုနှင့်တူသည်။

ချောင်တုရှန်က ရယ်မောလိုက်၏။

“ဆိုတော့ မင်းက အသုံးမဝင်တဲ့ ဆေးကို သန့်စင်ထားတာပေါ့။ ဘယ်လောက်ရယ်စရာကောင်းလဲ။"

သို့သော် ရွှယ်အန်းက ချောင်တုရှန်ကို ပြုံးပြလိုက်သည်။

"အလျင်စလိုမလုပ်နဲ့ ဒါက သူ့ရဲ့ရုပ်သွင်အမှန်ပဲ"

သူစကားပြောနေစဉ်တွင် ရွှယ်အန်းသည် အစိမ်းရောင်မီးကို ပေါ့ပါးစွာ ထောက်ပြသည်။ ထို့နောက် အလွန် ဖျော့တော့သော အသံကို ကြားလိုက်ရ၏။ ဆေးကို ဖုံးအုပ်ထားသော အစိမ်းရောင်မီးက ဥခွံကဲ့သို့ ပွင့်ထွက်သွားသည်။

အစွမ်းထက်သော ဆေးသည် ဆေးအခန်းတစ်ခုလုံးကို တခဏချင်း ဖြတ်သွားကာ ဆေးမျှော်စင်တစ်ခုလုံးကို အနည်းငယ်တုန်လှုပ်သွားစေခဲ့သည်။ ပြည့်လျှံနေသော ဆေးချီသည် အမျိုးမျိုးသော ပုံစံများအဖြစ်ပြောင်းလဲသွားကာ လေထဲ၌ ချီလင်များ ကခုန်၍ အင်မော်တယ် အငွေ့အသက်များ ပေါ်လာသည်။

အခန်းတွင်းရှိ ဆေးလုံးဆရာများအားလုံးဆီမှ စူးရှသော အသက်ရှုသံများ ထွက်လာသည်။

အများအားဖြင့် ရေးစပ်ထားသည့် လုပိုင်ယွဲ့သည်ပင် သူမ၏ နှလုံးသားအတွင်း တုန်လှုပ်ချောက်ချားမှုကို မထိန်းနိုင်ဘဲ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

“ဒါ… ဒါ…”

All Chapters