← Chapters

အနက်ရောင်ဝတ်လုံ

Vol. 52 Ch. 775

အနက်ရောင်ဝတ်လုံ

Vol. 52 Ch. 775

သူ ဤလောင်းကြေးတွင် ရှုံးနိမ့်ရခြင်း၏ အဓိကအချက်မှာ ရွှယ်အန်းကြောင့်ဟု ခံစားမိသည်။

ရွှယ်အန်းက သူ၏ ဖြူဖွေးသော သွားများကို ဖြဲကာ ပြုံးပြလိုက်သည်။

“အင်း ငါအခု ဆေးဆရာမဟုတ်ဘူး ဒါပေမယ့် မကြာခင် ငါဖြစ်လာတော့မယ်”

“ဘာပြောချင်တာလဲ” ချောင်တုရှန်အံ့အားသင့်သွားသည်။

ရွှယ်အန်းက သူ့ကို ဂရုမစိုက်ဘဲ နတ်ဆေးဘိုးဘေးကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။

“အဆင့်မြင့်ဆေးဆရာက အဆင့်နိမ့်တဲ့သူကို အမိန့်‌ပေးပိုင်ခွင့်ရှိတယ်လို့ မင်းပဲပြောတာမလား။ ဒါဆို ငါမင်းထက်ပိုမြင့်တဲ့ ဆေးဆရာတစ်ယောက်အဆင့်ရောက်အောင် အဆင့်မြှင့်လိုက်မယ်”

ထိုစကားများပြောပြီးသည်နှင့် တပြိုင်နက် ငြိမ်သက်တိတ်ဆိတ်မှုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ခဏအကြာ၌ တစ်စုံတစ်ဦးက မထိန်းနိုင်တော့ဘဲ ရယ်သံတစ်ချက်ထွက်ပေါ်လာသောအခါ တစ်ခန်းလုံးရယ်မောလိုက်ကြသည်။

ချောင်တုရှန်သည် ၎င်းတို့အနက် အလွန်အကျွံရယ်မောနေသောသူဖြစ်သည်။

“မင်းမှာ အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုခုပြောစရာရှိမယ်လို့ထင်ခဲ့တာ။ လူကြီးမင်းရွှယ် မင်းရဲ့ ရဲစွမ်းသတ္တိကို ငါတကယ်လေးစားမိပါတယ်။ ဒါပေမယ့် မင်း စကားမပြောခင် ငါ့ဆရာက ဘယ်အဆင့်လဲဆိုတာ မေးဖို့ စိတ်မဝင်စားဘူးလား”

နတ်ဆေးဘိုးဘေးက ရယ်မောလိုက်သည်။

“မောင်ရင်၊ မင်းရဲ့ ရဲစွမ်းသတ္တိက တကယ်ကို ချီးကျူးစရာပါ၊ ဒါပေမယ့် မင်းပြောနေတာက အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

"ငါက ကမ္ဘာမြေအဆင့် ဆေးပညာရှင်ဖြစ်လို့ မင်းငါ့ကို ကျော်ဖို့ဆို ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့လိုတယ်”

ဤသည်ကိုကြားသည်နှင့် ရွှယ်အန်းက ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်သည်။

ကောင်းပြီ၊ ငါ့ကိုယ်ငါ ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်အဖြစ် မြှင့်တင်လိုက်မယ်!”

အခန်းထဲက ရယ်သံက ပိုပိုကျယ်လောင်လာသည်။

လုပိုင်ယွဲ့သည်ပင် ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။

သုန့်လင်းရှင်က အနည်းငယ်အံ့သြသွားကာ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

“သခင်မလေး ပိုင်ယွဲ့ ဘာလို့ အားလုံးရယ်နေကြတာလဲ"

“မင်းက ဆေးလုပ်ငန်းမှာ ပါဝင်နေပေမယ့် ဆေးဆရာရဲ့အခြေအနေကို မင်းနားမလည်ဘူးပဲ။

လူတွေရယ်ရတဲ့ အကြောင်းရင်းက ဒီလူက စိတ်ကူးယဥ်လွန်နေလို့ပါ။ ကောင်းကင်အဆင့် ဆေးပညာရှင်... ဟားဟား လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ လောက်က ဆေးဘုရင် ဆုံးသွားပြီးတည်းက အဲ့အဆင့်ထိ ဘယ်သူမှ မမှီနိုင်ခဲ့ဘူး”

"ဒါပေမယ့် သူလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ" သုန့်လင်းရှင်ရုတ်တရက် တိုးတိုးလေးပြောလိုက်သည်။

ယခုအချိန်တွင် သုန့်လင်းရှင်သည် ရွှယ်အန်းကို လျှော့မတွက်ဝံ့နိုင်တော့ဘဲ အစကတည်းက ရွှယ်အန်းသည် သူမအား ထိတ်လန့်မှုများစွာပေးနေပြီဖြစ်သည်။

လုပိုင်ယွဲ့က ခေါင်းခါလိုက်သည်။

"ဒါက မလွယ်ပါဘူး။ ရာစုနှစ်တွေကြာအောင် မြစ်ထဲမှာ သဲစေ့တွေလို ရင်သပ်ရှုမောဖွယ်ရာ အရည်အချင်းရှိသူ အမြောက်အမြား ရှိခဲ့ပေမယ့် ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ကမ္ဘာမြေအဆင့်အထွတ်အထိပ်ကို ရောက်ရင်တောင် ကောင်းကင်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်ဖို့ ဒီအဆင့်ကို ဘယ်သူမှ မတက်နိုင်ဘူး”

"လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀လောက်က ဆေးဘုရင်က ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းကို ဖြတ်တောက်ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေတောင် ရှိပါသေးတယ်။"

“နောက်ပြီး… သူက အခုအချိန်မှာ အဆင့်အနိမ့်ဆုံးဆေးဆရာတောင်မဟုတ်သေးဘူး”

ထို့နောက် နတ်ဆေးဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။

“မောင်ရင် မင်းရဲ့ ရဲစွမ်းသတ္တိကြောင့် ငါရင်ခုန်လုနီးနီးဖြစ်နေပြီ။ ဒါပေမယ့် မင်းတကယ်ပဲ

ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ချင်ရင် အနည်းဆုံး အဆင့်အနိမ့်ဆုံးက စရမယ်”

ထိုအချိန်၌ ရှောင်တန်ချန်က ဝင်ပြောသည်။

“ဆရာရွှယ် ကျွန်တော်တို့ ဒီကိစ္စကို လွှတ်ထားသင့်တယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ တကယ်မရှုံးခဲ့ဘူးလေ…”

သူစကားပြောနေစဉ် ရှောင်တန်ချန်၏အသံသည် လျော့ကျသွားသည်။

ရွှယ်အန်း၏ မျက်လုံးများ ပိုမိုတောက်ပလာပြီး သူ၏ ရောင်ဝါသည် အေးစိမ့်လာသည်ကို သတိပြုမိသောကြောင့် ကျန်စကားလုံးများကို မျိုချလိုက်သည်။

ထို့နောက် ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်ကာပြောလိုက်သည်။

"အချိန်တန်ပြီလို့ ငါထင်တယ်!"

ဤမှတ်ချက်က လူတိုင်းကို အံ့သြသွားစေသည်။ နတ်ဆေးဘိုးဘေးက အေးစက်စွာ နှာချောင်းရှုတ်၍ ရွှယ်အန်းကို လျစ်လျူရှု့ကာ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုအချိန်၌ လူအုပ်ကြီးတစ်စုသည် ဆေးခန်းတံခါးကို တရှိန်ထိုးဖွင့်ကာ ဝင်လာသည်။

“အယ် ဒီအကြီးအကဲတွေက ဆေးပညာရှင်အဆင့်တွေကို အကဲဖြတ်ဖို့တာဝန်ရှိသူတွေမလား” လုပိုင်ယွဲ့က အံ့သြတကြီး စိတ်ရှုပ်ထွေးသွားသည်။

သူမတင်မကဘဲ ဆေးဆရာများအားလုံး အံ့သြသွားကြသည်။ ဤအခိုက်အတန့်တွင် ဦးဆောင်စစ်ဆေးသူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် တုန်တုန်ယင်ယင်ပြောလိုက်သည်။

“လူကြီးမင်းရွှယ်အန်းကဘယ်သူလဲလို့ မေးလို့ရမလဲ”

အားလုံးသော မျက်လုံးများသည် မြင့်မားသော ပလက်ဖောင်းပေါ်တွင် ရပ်နေသော ရွှယ်အန်းကို ရုတ်တရက် စူးစိုက်ကြည့်လိုက်သည်။

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။

“အဲ့တာ ကျုပ်ပဲ”

ဤသည်ကိုကြားသောအခါ ဒိုင်အားလုံးက စိတ်မရှည်စွာပြေးသွားကြပြီးနောက်

ဦးဆောင်သူက ရွှယ်အန်းအား ရိုသေစွာ ဦးညွှတ်သည်။

“လူကြီးမင်းရွှယ် မနေ့က ဆေးခန်းမမှာ ဒီဆေးလုပ်တဲ့သူက လူကြီးမင်းလားဆိုတာ မေးလို့ရမလား”

ဤသို့ပြောလျက် အကဲဖြတ် အကြီးအကဲက ရင်ဘတ်ထဲမှ ကျောက်စိမ်းသေတ္တာကို ဂရုတစိုက်ထုတ်ယူ၍ ဖွင့်လိုက်သောအခါ အစွမ်းထက်သော ဆေးအစွမ်းက ခန်းမတစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

ဆေးဆရာကြီးတစ်ဦးက ပြောလိုက်၏။

“ဒါက အမြင့်မြတ်ဆုံး… ဥပဒေဆေးပဲ”

"ဒါတင်မကဘူး၊ အလယ်အလတ်တန်းဥပဒေဆေးဖြစ်ပုံရတယ်”

နေရာတစ်ခုလုံးရှိလူများအားလုံး ထိတ်လန့်အံ့သြသွားကြသည်။

သို့သော်လည်း ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါက ကျုပ်ပဲ”

ဆေးတာအိုအဖွဲ့အစည်း၏ မည်သည့်လုပ်ဆောင်မှုတွင်မဆိုပါဝင်လေ့ရှိကာ ဆေးဆရာများ၏ အဆင့်ကို အသိအမှတ်ပြုခြင်းအတွက် အထူးပြုသော အကဲဖြတ်သူများသည် အသတင်းအတွက် ဝမ်းမြောက်လျက်ရှိကြသည်။ ထို့နောက် အကဲဖြတ် အကြီးအကဲက အသက်ပြင်းပြင်းရှုကာ ရှေ့သို့ လှမ်း၍ လက်ရာမြောက်သော ဆေးဆရာဝတ်စုံကို ထုတ်ယူလိုက်သည်။

၎င်းသည် အနက်ရောင်အောက်ခံတွင် ရွှေအစွန်းများဖြင့် ချယ်လှယ်ထားသော ကမ္ဘာမြေအဆင့် ဆေးဝတ်လုံဖြစ်သည်။

ထို့နောက် လက်နှစ်ဘက်ဖြင့် ရွှယ်အန်းအား လွှဲအပ်လိုက်သည်။

“လူကြီးမင်းရွှယ် မင်းက ဆေးတာအိုအဖွဲ့အစည်းရဲ့ ကမ္ဘာမြေအဆင့် ဆေးပညာရှင်အကဲဖြတ်မှုကို အောင်မြင်စွာပဲ ပြီးမြောက်နိုင်ခဲ့ပါပြီ။ ဒါက လူကြီးမင်းအတွက် ဝတ်လုံပါ”

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်အောင်များပြားလှသောလူများက ဤမြင်ကွင်းကို တစ္ဆေမြင်သည့်အလားကြည့်နေကြသည်။ ၎င်းသည် ကမ္ဘာမြေအဆင့် ဆေးဆရာပင်ဖြစ်သည်။ နတ်ဆေးဘိုးဘေးသည် ယခုအခါ ဆေးတာအိုအဖွဲ့အစည်းအတွင်းရှိသည့် တစ်ဦးတည်းသော ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူဖြစ်သောကြောင့် အရာအားလုံးကို အတိအကျ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။

သို့သော် ဤလူက မည်သည့်အချိန်မှစ၍ အကဲဖြတ်မှုကို အောင်မြင်ခဲ့သနည်း။ လူများစွာသည် နှလုံးသားထဲတွင် တုန်လှုပ်သွားကြသည်။

ချောင်တုရှန်က ပို၍ပင် တုန်လှုပ်သွားသည်။

"ဒါကမဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး ဒီရွှယ်လူကြီးမင်းက မနေ့ကကတည်းက ဆေးလုံးပြိုင် ဖော်စပ်တဲ့ဆီရောက်နေတာ။ သူ့မှာ ဒီအနှိုင်းမဲ့အစွမ်းထက်ဆေးကို ဖော်စပ်ပြီး ကမ္ဘာမြေအဆင့် ဆေးပညာရှင်ဖြစ်လာဖို့ ဘယ်လိုအချိန်ရနိုင်မှာလဲ”

ဤသတင်းက အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းသောကြောင့် သူ အလွန်အမင်း တုန်လှုပ်သွားသည်မှာ အံ့သြဖွယ်မဟုတ်လှပေ။

သို့သော် သူ့စကားလုံးများထွက်ပေါ်လာပြီးမကြာမီ၌ အကဲဖြတ် အကြီးအကဲက မျက်စောင်းထိုး၍ ပါးဖြတ်ရိုက်လိုက်သဖြင့် အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။

“မင်း အောက်တန်းစားက… ငါတို့လို အကဲဖြတ် အကြီးအကဲတွေကို သံသယဝင်နေတာလား”

ဤအကြီးတန်းအကဲဖြတ် အကြီးအကဲများသည် ဆေးတာအို အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများတွင် မပါဝင်ခဲ့သော်လည်း ဆေးဆရာတိုင်း၏ အကဲဖြတ်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်းဆိုင်ရာတို့နှင့် ပတ်သက်သော ၎င်းတို့၏ လုပ်ငန်းကြောင့် နတ်ဆေးဘိုးဘေးသည်ပင် ၎င်းတို့ကို ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံရ၍ ၎င်းတို့အား မနှိုးဆော်ဝံ့ပေ။ ထို့ကြောင့် ပါးရိုက်ခြင်းသည် ချောင်တုရှန်အား ကြယ်များကိုမြင်လုနီးနီးဖြစ်စေခဲ့သော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောရဲခဲ့ပေ။

ထိုအချိန်၌ ရွှယ်အန်းက အေးဆေးစွာပြောလိုက်သည်။

“ငါ့မှာ ဆေးဖော်စပ်ဖို့ အချိန်မရှိဘူးလို့ ဘယ်သူပြောလဲ။ မင်းပြိုင်ပွဲကို ငါ ဒုတိယအချီမှရောက်လာတာ မင်းသိသင့်တယ်”

ဤစကားက လူများစွာကို သတိပြန်ရသွားစေသည်။ ရွှယ်အန်းက လမ်းခုလတ်တွင် ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ ရုတ်တရက် သတိပြန်ရသွားကြသည်။ သို့သော် ပထမအကျော့သည် နှစ်နာရီမှ သုံးနာရီအတွင်းသာ ကြာမြင့်သည်။ ထို့ကြောင့် ထိုအချိန်တိုလေးအတွင်းတွင် ကမ္ဘာမြေအဆင့်ဆေးပညာရှင် အကဲဖြတ်ချက်ကို အောင်မြင်နိုင်သည့် ဆေးကို ဖော်စပ်ခဲ့ခြင်းက အလွန် အံ့သြဖွယ်ကောင်းနေသည်။

လူအုပ်ကြား၌ သံသယရှိခံရသော အကဲဖြတ် အကြီးအကဲသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်၍ ပြောလိုက်သည်။

“လူကြီးမင်းရွှယ်က ဒီဆေးကို သုံးနာရီအတွင်းမှာပဲ ဖော်စပ်ခဲ့ပြီး ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူဖြစ်လာဖို့ အဆင့်ခြောက်ဆင့်ကို တစ်ရှိန်ထိုး ဖြတ်ကျော်နိုင်ခဲ့တာပါ”

ဤသည်ကိုကြားသောအခါ လူတိုင်း ဆွံ့အသွားရသည်။

All Chapters