← Chapters

ဆေးမီးဖိုအဖြစ် တောင်နှင့် မြစ်များ.. မီးတောက်အဖြစ် ယင်နှင့်ယန်

Vol. 52 Ch. 777

ဆေးမီးဖိုအဖြစ် တောင်နှင့် မြစ်များ.. မီးတောက်အဖြစ် ယင်နှင့်ယန်

Vol. 52 Ch. 777

သတင်းကြားတော့ များပြားလှသော ဆေးဆရာကြီးများသည် စောစောစီးစီး ပြေးလာကြသည်။

အထက်ကောင်းကင်ယံတွင်၊ ရထားလုံး၊ ဓားပျံများအများအပြား ပျံတက်သွားပြီး၊ ကွေ့ယီနယ်မြေရှိ ဒေသအားလုံး၏ မြင့်မြတ်သော မိသားစုများနှင့် ဂိုဏ်းဂဏများမှ လူများ ပိုင်ဆိုင်ကြသည်။ ဝမ်တန်မြို့တစ်ခုလုံးသည် အာဏာကြီးပုဂ္ဂိုလ်များနှင့်ပြည့်နေကာ မကြုံစဖူးကြီးမားသော အဖြစ်အပျက်ကြီးတစ်ခုဖြစ်လာတော့မည့်နှယ်ထင်ရသည်။

ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ရန် သတ္တိရှိရှိ စိန်ခေါ်ရဲသူမှာ ရာစုနှစ်များတစ်လျှောက် မရေမတွက်နိုင်သော လူတစ်ဦးချင်းစီ၏ အဆုံးမရှိဟု သက်သေပြခဲ့သော လမ်းကြောင်းတစ်ခုဖြစ်သည်

နတ်ဆေးဘိုးဘေးက တပည့်တော်များနှင့်အတူ ဆေးမျှော်စင်ရှေ့တွင် ပေါ်လာသောအခါ၊

ဆေးပညာရှင် အများအပြားအပြင် မြင့်မြတ်သော မိသားစုများ ဂိုဏ်းဂဏများမှ အလျင်စလို တက်လာကြပြီး အရိုအသေပြုကြသည်။

နောက်ဆုံးတွင်၊ နတ်ဆေးဘိုးဘေးသည် အချိန်အတော်ကြာ ကျော်ကြားခဲ့သည်ဖြစ်ရာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဆေးပညာကျွမ်းကျင်မှုများသည် မရေမတွက်နိုင်သော မြင့်မြတ်သောမိသားစုများနှင့် ဂိုဏ်းဂဏများအတွက် ပစ်မှတ်ဖြစ်စေခဲ့သည်။

ထို့ကြောင့် ဤကဲ့သို့သော အဖြစ်အပျက်သည် အံ့သြစရာမဟုတ်ပေ။ သို့သော် ယနေ့တွင်မူ ဘိုးဘေးက ဤလူများကို နှုတ်ဆက်ရန် စိတ်မ၀င်စားပုံရသည်။ သူသည် လူစုလူဝေးကို ငြိမ့်ညောင်းစွာ ခေါင်းညိတ်ပြကာ သူ့မျက်နှာသည် ရေကဲ့သို့ ငြိမ်နေပြီး၊ မြင့်မားသော ပလက်ဖောင်းပေါ်သို့ လျှောက်သွားကာ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။

လေထုသည် အနည်းငယ် တင်းမာလာသည်။

တိတ်တိတ်ဆိတ်ဆိတ် တီးတိုးပြောနေတဲ့သူများက အသံကို မလျှော့နိုင်ကြပေ။

တစ်စက္ကန့်ချင်းကုန်သွားပြီးနောက် နေမင်းကြီးသည် ၎င်း၏အထွတ်အထိပ်သို့ ရွေ့လျားနေသော်လည်း ရွှယ်အန်းက ယခုထိ မပေါ်သေးပေ။ လူများစွာက အချင်းချင်းတီးတိုးပြောနေကြသည်။

"ဒီ ရွှယ်အန်းက ပေါ်လာဖို့ သတ္တိမရှိဘူး”

"ကျနော်လည်း ထင်ပါတယ်။ ဒီ ရွှယ်အန်းက အရှေ့ပိုင်းနယ်မြေက ထွက်လာတဲ့ ဆေးဆရာလေ။

သူ့မှာ ဘယ်လို အတွေ့အကြုံမျိုး ရှိနိုင်မလဲ။ သူ့မှာ အရည်အချင်းတချို့ရှိပြီး ကမ္ဘာမြေအဆင့် ဆေးပညာရှင်ဖြစ်လာပေမယ့်၊ ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လောက် ခက်ခဲမယ်ဆိုတာ မသိနိုင်ဘူးလို့ ထင်ပါတယ်”

ဤပုဂ္ဂိုလ်၏ ခွဲခြမ်းစိတ်ဖြာမှုသည် ယုတ္တိရှိသဖြင့် လူအများက စိတ်ထဲမှ သဘောတူစွာ ခေါင်းညိတ်ခဲ့ကြသည်။ လုပိုင်ယွဲ့သည် လူစုလူဝေးကြားတွင် သဘာဝအတိုင်းရှိနေသော်လည်း သူမသည် တလျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များသည် သူမအတွက် အလွန်တုန်လှုပ်သွားစေခဲ့သည်။ ထို့ကြောင့် ရွှယ်အန်းနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် မှတ်ချက်ချရန် ချီတုံချတုံဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အံ့သြဖွယ်များစွာနှင့် အမြဲတစေစ ပေါ်လာနိုင်သည်ဟု သူမ ခံစားမိသောကြောင့်ဖြစ်သည်။

နောက်ထပ် နာရီဝက်ကြာသွားသည့်တိုင် ရွှယ်အန်း ပေါ်မလာသေးပေ။

လူအုပ်ထဲတွင် မငြိမ်မသက်မှုများ ပိုမိုပြင်းထန်လာသည်။ ညည်းညူသံများ ပိုကျယ်လောင်လာသည်။

"ကျစ် ဒီလူက ကမ္ဘာကြီးကို လှည့်စားတဲ့ အယောင်ဆောင်ဖြစ်ရမယ်လို့ ကျွန်တော် အမြဲပြောခဲ့ဖူးတယ်။ ကမ္ဘာမြေအဆင့် ဆေးပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့အဆင့်အတန်းကို ကောင်းကင်ဘုံအဆင့် ဆေးပညာရှင် မပြောနဲ့၊ အခု ထွက်ပြေးသွားပြီ" ဆရာဖြစ်သူကို ထောက်ခံကြောင်း သဘာဝအတိုင်း နတ်ဆေးဘိုးဘေး၏ တပည့်တစ်ဦးမှ ပြောကြားခဲ့သည်။

သို့သော်၊ ယခုအခါ လူအများသည် ရွှယ်အန်းအဘယ်ကြောင့် မပေါ်ထွက်သေးသည်ကို နားမလည်ဘဲ သံသယရှိသော အမူအရာများကို ပြသနေကြသည်။ လူတိုင်းက ပိုပို၍ စိတ်ပူကာ ဂနာမငြိမ်ဖြစ်နေကြသောအခိုက်၌ အမှတ်တမဲ့၊ အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်၍ ချက်ချင်းဆိုသလို ၎င်းတို့ရှေ့သို့ရောက်လာခဲ့သည်။

ရွှယ်အန်းမဟုတ်ပါက မည်သူဖြစ်နိုင်မည်နည်း။

ထိုအချိန်တွင် ရွှယ်အန်းသည် သာမန်အဝတ်အစားကို ဝတ်ဆင်၍ ဖြောင့်စင်းသော အရပ်မြင့်မြင့်ကို မတ်မတ်ရပ်ကာ အထက်မှဆင်းသက်လာသော အင်မော်တယ်သတ္တဝါကဲ့သို့ အရှိန်အဝါပြင်းသော လေထုကို ဖြန့်ကျက်ထားသည်။ အခြားသောအရာအားလုံးကို ဖယ်ထားလိုက်ရုံနှင့် ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေရုံမျှသာ လုံလောက်သည်။

ရွှယ်အန်း၏နောက်ထပ် မှတ်ချက်သည် လူတိုင်းကို ရယ်ရခက် ငိုရခက်ဖြစ်သွားစေသည်။

“နောက်ကျနေလို့တောင်းပန်ပါတယ်… သမီးနှစ်ယောက်ကို မနက်စာကျွေးနေတာမို့ မျှော်လင့်ထားတာထက် နည်းနည်းပိုကြာသွားတယ်”

အများစုက ရွှယ်အန်းက နောက်ပြောင်နေသည်ဟု ထင်နေကြသည်။ သို့သော် ရွှယ်အန်းက လေးနက်သည်။ လွန်ခဲ့သည့် သုံးရက်အတွင်း ရွှယ်အန်းသည် အန်းယန်နှင့် သမီးနှစ်ယောက်ကို ဦးဆောင်ကာ ဝမ်တန်မြို့၌ ပျော်ရွှင်စွာနေခဲ့သည်။ ယနေ့မနက်တွင် သမီးနှစ်ယောက်က ယမန်နေ့က အလွန် ဆော့ကစားနေကြသဖြင့် အိပ်ရာထနောက်ကျခဲ့ကာ ရွှယ်အန်းက ၎င်းတို့ကို မနက်စာကျွေးခဲ့သည်။

ထို့ကြောင့် ရွှယ်အန်း အနည်းငယ်နောက်ကျသွားခဲ့ခြင်းဖြစ်သည်။ မည်သူမဆို အမှန်တရားကိုသိပါက အားလုံး အံကြိတ်မိကြပေလိမ့်မည်ဖြစ်သည်။ ဤသို့ ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုက သူ့သမီးနှစ်ယောက်ကို ထမင်းကျွေးသည်မျှပင် အရေးမကြီးပေလော။

သို့သော် ရွှယ်အန်းအတွက် ယင်းက အဖြစ်မှန်ပင်ဖြစ်သည်။ ကောင်းကင်ကြီးပြိုကျလာလျှင်ပင် သူ့သမီးနှစ်ယောက်ကို အခြားအရာအားလုံးထက် ဦးစားပေးရပေလိမ့်မည်။ ထိုအချိန်၌ နတ်ဆေးဘိုးဘေးကအေးစက်စွာ လှောင်ရယ်လိုက်သည်။

“ရွှယ်အန်း မင်းဒီမှာ လူတွေအများကြီး စုရုံးပြီး ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်တာ။ မင်းရဲ့ ပျင်းနေတဲ့အ‌ေကြာင်းကို နားထောင်ဖို့ သူတို့အားလုံး ဒီရောက်လာတာမဟုတ်ဘူး။ ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်အနေနဲ့၊ မင်းကိုယ်တိုင် သက်သေပြဖို့ ဘယ်လို စီစဉ်ထားလဲ”

နတ်ဆေးဘိုးဘေးသည် ယခင်က တစ်ဦးတည်းသော ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူဖြစ်ခဲ့ကာ သူ၏ အဆင့်အတန်းသည်လည်း အလွန်ထူးခြားလွန်းလှသည်။ သို့သော် ရွှယ်အန်းက မည်သည့်နေရာမှ ထွက်လာကာ ကမ္ဘာမြေအဆင့် ဆေးဆရာဖြစ်လာခဲ့သနည်း။ အသည်က သူ၏ရပ်တည်မှုကို ကြီးမားသော ခြိမ်းခြာက်မှု ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် ရွှယ်အန်း၏ ယုံကြည်မှုကို ဖြိုခွဲရန် နည်းလမ်းတိုင်းကို ကြိုးစားနေခဲ့သည်။ ရွှယ်အန်းက နတ်ဆေးဘိုးဘေး၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း သူသည် ၎င်းကို ဂရုမစိုက်ဘဲ ရယ်မောလိုက်သည်။

စစ်မှန်သော စွမ်းအားရှင်တစ်ဦးအတွက် ဤသေးငယ်သောလှည့်ကွက်များသည် သတိပြုမိရုံမျှဖြင့် မထိုက်တန်ပေ။ ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်ပြီးနောက် ခြေတစ်လှမ်းဖြင့် လေဟာနယ်ထဲသို့ ရွေ့လျားသွားသည်။ ဤသို့ လေဟာနယ်ထဲသို့ ဖြတ်ကျော်သွားခြင်းသည် ကျင့်ကြံသူ အများအပြားထံမှ အံ့အားသင့်စဖွယ် နူးညံ့သော အာမေဋိတ်များ ထွက်ပေါ်လာသည်။ ဤပြကွက်လေးဖြင့် ဤလူသည် သာမန်လူမှလွဲ၍ အခြားသူမဟုတ်ကြောင်း ထင်ရှားသည်။

ရွှယ်အန်းသည် ဆေးမီးဖိုကဲ့သို့ တောင်တန်းများပေါတွင်တည်ရှိနေသော ဝမ်တန်မြို့ကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဆေးဘုရင်နဲ့အတူ ကောင်းကင်ဘုံအဆင့်ရှိ နောက်ဆုံး ဆေးမီးဖိုကြီး ပျောက်ကွယ်သွားတဲ့အကြောင်း ထပ်ခါတလဲလဲ မပြောခဲ့ဘူးလား၊ ဒီနေ့တော့ ဒီဆေးးဖို အမှန်တကယ် ဘယ်မှာရှိနေလဲဆိုတာ အားလုံးကို ပြောပြမယ်။"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်တစ်ဖက်ဖြင့် အမူအရာပြကာ ခပ်တိုးတိုးပြောလိုက်သည်။

“ထ!”

ဘမ်း

ဝမ်တန်မြို့ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။ မြောက်မြားစွာသော အက်ကွဲကြောင်းများသည် တောင်၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ" နတ်ဆေးဘိုးဘေးသည် မထိုင်နိုင်တော့ဘဲ ရုတ်တရက် မတ်တတ်ထရပ်ကာ မြင်ကွင်းကို ထိတ်လန့်မှုအပြည့်နှင့်ကြည့်နေသည်။

တစ်ချိန်တည်း၌ပင် ထိုအက်ကွဲကြောင်းများမှ မရေမတွက်နိုင်အောင်များပြားလှသော အစွမ်းထက် ဆေးချီများထွက်ပေါ်လာသည်။ ဆေးချီ၏ အစွမ်းသတ္တိသည် လေဟာနယ်ထဲသို့ ပြည့်သွားကာ မှော်အစွမ်းအမျိုးမျိုးကို ဆွဲဆောင်ခဲ့သည်။ ဆေးဆရာများအားလုံးလည်း အံ့သြသွားကြသည်။

ထိုအချိန်တွင် တောင်ကြီးသည် ပြိုကျလာပြီး အချင်းဆယ်လီတာရှိသော တွင်းကြီးတစ်ခု ပေါ်လာသည်။

ရုတ်တရက်ဤတွင်းနက်ကြီးအတွင်းမှ ပြေးရန်ကြိုးစားနေသကဲ့သို့ ကောင်းကင်ဆီသို့ စူးစူးရဲရဲ တောက်လောင်နေသော အလင်းတန်းတစ်ခုထွက်လာသည်။

ရွှယ်အန်းက ရယ်မောလိုက်၏။

"အခု မင်းထွက်လာပြီး ထွက်ပြေးနိုင်မယ်လို့ မင်းထင်နေတာလား"

စကားပြောပြီးနောက် ရွှယ်အန်းက ပြောလိုက်သည်။

"နေပါဦး”

တောက်ပသောအလင်းရောင်သည် ချက်ခြင်းပင် မလှုပ်ရှားနိုင်တော့ပေ။ ထိုအခါမှသာ လူတိုင်းက ရှင်းရှင်းလင်းလင်းမြင်လိုက်ကြသည်။ ၎င်းက မရေမတွက်နိုင်လောက်အောင် များပြားလှသော ဆေးမန္တန်များနှင့်ထုလုပ်ထားသည့် ဧရာမ ဆေးမီးဖိုကြီးဖြစ်ကာ ကြောက်မက်ဖွယ်ဖိအားများဖြင့် တုန်ခါနေသည်။

အကဲဖြတ်ခြင်းအတွက် တာဝန်ရှိသော အကြီးအကဲများသည် ရုတ်တရက် အံ့သြတကြီးပြောလိုက်ကြသည်။

“ဒါ… ဒါက ကောင်းကင်အဆင့် ဆေးဖို”

ဤစကားကိုကြားသောအခါ အားလုံးက စိတ်ထဲမှ တုန်လှုပ်သွားကြသည်။

နတ်ဆေးဘိုးဘေးက ကြောင်အစွာဖြင့် ဤမြင်ကွင်းကို စိုက်ကြည့်နေသည်။

"ဒါဆို... ငါတို့ကို ရှောင်ဖယ်ထားတဲ့ ကောင်းကင်အဆင့် ဆေးဖိုကြီးက တစ်လျှောက်လုံး ဝမ်တန်မြို့မှာ ပုန်းနေခဲ့တာပေါ့”

ထိုအချိန်၌ ရွှယ်အန်း၏အသံက တည်ငြိမ်နေသည်။

“ဆေးဘိုးဘေး ဒီနေ့ နတ်ဆေးတွေကို ဘယ်လိုသန့်စင်လဲဆိုတာ ငါပြပေးမယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခြေတစ်ချက်ဆောင့်ကာ ပြောလိုက်သည်။

“မီးဖိုအဖြစ် တောင်တန်းတွေ… မီးတောက်အဖြစ် ယင်နဲ့ယန်… မီးဖိုကို ဖွင့်ပြီး ဆေးကို စတင်သန့်စင်စေ”

All Chapters