← Chapters

သန့်ရှင်းသော နတ်ဆေးများထွက်ပေါ်လာခြင်း

Vol. 52 Ch. 778

သန့်ရှင်းသော နတ်ဆေးများထွက်ပေါ်လာခြင်း

Vol. 52 Ch. 778

ထို့နောက်တွင် သဘာဝအတိုင်းဖွဲ့စည်းထားသည့် ဆေးမီးဖို၏ အဖုံးက အထက်သို့ လျှံထွက်လာကာ ဆေးနံ့များ တခဏချင်းပင် မြို့အနှံ့ပျံနှံ့သွားသည်ကို မြင်လိုက်ကြရသည်။ ဤသည်မှာ ရှေးကတည်းက ဆေးပြုလုပ်ပြီး၍ ကျန်ခဲ့သော ဆေး၏ ရနံ့ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာချီ၍ စုတ်ပြဲပျက်ဆီးနေခဲ့သော်လည်း ဤဆေးမီးဖို၏ အံ့ဖွယ်သဘာဝကို ပြသသည့်အရာမှာ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ တစ်ချိန်တည်း၌ပင် ဆေးမီးဖို၏ အောက်ခြေတွင် ယင်နှင့်ယန်တို့ဖြင့် အမှန်အသားပြုလုပ်ထားသည့် အစက်အပျောက်တစ်ခုသည် လေဟာနယ်ထဲမှ ရုတ်တရက် အဖြူအမည်း မီးတောက်များနှင့်အတူ ထွက်လာသည်။

“ယင် ယန် မီးတောက် အဲ့တာ ယင်ယန်မီးတောက်ပဲ” ဆေးဆရာက စိတ်လှုပ်ရှားစွာအော်လိုက်သည်။

လုပိုင်ယွဲ့က သူမကိုယ်သူမမထိန်းနိုင်တော့ပေ။

“ဒီလို ဒဏ္ဍာရီလာ နတ်ဘုရားမီးတောက်ကြီးရှိနေမယ်လို့ တကယ်မမျှော်လင့်ထားမိဘူး”

၎င်းတို့ အလွန်စိတ်လှုပ်ရှားနေကြသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ယင်ယန်မီးလျံကို အမြင့်မြတ်ဆုံး ဆေးမီးဟုခေါ်သည်။ ၎င်းကာ ကောင်းကင်ကိုးပါးအထက်မှ ယင်နှင့်ယန်စွမ်းအင်များ

စုစည်းရာမှ ပေါက်ဖွားလာသော မီးတောက်တစ်ခုဖြစ်သည်။ ဤမီးတောက်ကို ဆေးပြလုပ်ရာ၌ အသုံးပြခြင်းသည် ဆေးအဆင့်ကို တိုးစေရုံသာမက အောင်မြင်မှုနှုန်းလည်း များစွာ တိုးတက်လာမည်ဖြစ်သည်။

ရှေးယခင်က ဆေးဘုရင်သည် ဤမီးတောက်ကို မှီခိုအားထားခြင်းဖြင့် ကမ္ဘာတွင် သူ့နာမည်ကို အစပိုင်းတွင် သိစေခဲ့သည်ဟူသော ကောလဟာလများရှိခဲ့သည်။ ထိုအချိန်၌ ဤဆေးဖိုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

လူတိုင်းက ငေးမျှော်ကြည့်နေကြသည်။

ဆေးဘိုးဘေး၏ မျက်လုံးများထဲမှ အံ့သြထိတ်လန့်မှုများက ရုတ်တရက် တဖြည်းဖြည်းခြင်း ရက်စက်မှုသို့ ပြောင်းလဲသွားကြသည်။

ကောင်းကင်ဘုံအဆင့် ဆေးမီးဖိုဖြစ်တော့ရော ဘာဖြစ်လဲ။

နတ်ဆေးကို သန့်စင်နိုင်ဖို့ အရမ်းခက်တယ်။

ကမ္ဘာမြေအဆင့် အထွတ်အထိပ်အဆင့်ရှိရင်တောင် နတ်ဆေးအနှစ်သာရနည်းနည်းပါတဲ့ ဆေးကို လုပ်ဖို့ အရမ်းခက်တယ်။

နောက်ပြီး ရွှယ်အန်းက အရမ်းငယ်သေးလို့ သူ့မှာ ထူးခြားတဲ့စွမ်းရည်တွေရှိနေရင်တောင် သူ ဆေးဖော်စပ်တဲ့နေရာမှာ အတွေ့အကြုံမရှိတာ အသေအချာပဲ။ သို့သော် ထိုအချိန်၌ ရွှယ်အန်းက လေထုထဲတွင် ပျံဝဲလျက် ပြောလိုက်သည်။

“ဆေးတွေယူလာခဲ့”

သူ့အမိန့်အရ ဝမ်တန်မြို့တစ်ခွင်တွင်သိမ်းဆည်းထားသော ဆေးမျိုးစုံက အမိန့်ခံယူသည့်စစ်သားများကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ တစ်ခဏအတွင်း ကောင်းကင်တစ်ခုလုံးကို ဝိဉာဥ်ဆေးများ၏ အငွေ့အသက်က ဖုံးလွှမ်းသွားသည်။

“ဒီလို ဆေးဖော်စပ်တဲ့ပညာ… ဒါကို ငါလုံးဝမကြားဖူးဘူး” ဆေးဆရာကြီးတစ်ဦးက လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။

သူသာမက ဆေးဆရာအားလုံးက ဤမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းကြည့်နေကြသည်။ အမိန့်တစ်ခုတည်းနှင့် ဆေးအမြောက်အမြားထွက်ပေါ်လာခဲ့သည်။ ဤသို့အောင်မြင်ရန်အတွက် လူတစ်ယောက်၏ ဆေးပညာက မည်မျှ အစွမ်းထက်ရမည်နည်း။

ထိုအချိန်တွင်၊ ရွှယ်အန်းသည် သူ၏တပ်များကို ညွှန်ပြနေသည့် တပ်မှူးတစ်ဦးကဲ့သို့ လေထုထဲတွင် ရပ်နေပြီး ရှောင်တခင် ညွှန်ပြကာ ရွေးချယ်ထားသော ဝိညာဉ်ဆေးများသည် ဆေးမီးဖိုထဲသို့ အလိုအလျောက် ပျံတက်သွားသည်။

ဝိညာဉ်ရေးဆေးများကို ပေါင်းထည့်လိုက်သည်နှင့်အမျှ ဆေးမီးဖိုပတ်လည်ရှိ ရောင်ဝါများ ပိုမိုတောက်ပလာသည်။ ယင်ယန်မီးတောက်၏ တိုက်တွန်းမှုအောက်တွင်၊ ဝိညာဉ်ဆေးများသည် ဝင်လာသည်နှင့် တပြိုင်နက် အရည်ပျော်သွားကာ အညစ်အကြေးများ ကင်းစင်သွားလျက် လောင်ကျွမ်းသွားသည်။

ထို့နောက် ဆေးများ၏ အနှစ်သာရများ ဖြစ်ပေါ်လာပြီး ယင်းအတွင်းသို့ ကျသွားသည်။

တစ်ချိန်တည်း၌ပင် ရွှယ်အန်းက သူ့လက်ဖြင့် မန္တန်တစ်ခုကို ရေးဆွဲကာ အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ အလင်းဝင်ရောက်လာသောနေရာတိုင်းတွင် ဆေးမီးဖိုက တုန်ခါလာကာ အတွင်းမှ ဆေးများလည်း တဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

“ဒါ့ကြောင့် နတ်ဆေးသန့်စစင်မှုက မန္တန်ပညာကို အခြေခံကျကျသိထားဖို့လည်း လိုတယ်ဆိုတာ ထင်ရှားတယ်” ဆေးဆရာကြီးတစ်ဦးက မှတ်ချက်ပြုသည်။

သို့သော် ရွှယ်အန်းအား ကိုးကွယ်လုနီးပါးအကြည့်ဖြင့်ကြည့်နေကြသည်။ လူအမြောက်အမြားက စိတ်လှုပ်ရှားကြလွန်းလှသဖြင့် တစ်ကိုယ်လုံး တုန်သွားကြသည်။ ၎င်းတို့အားလုံးက ဒဏ္ဍာရီပုံပြင်တစ်စပုံဖြစ်ပေါ်လာခြင်းကို မျက်မြင်တွေ့နေကြရသောကြောင့်ပင်ဖြစ်သည်။

မကြာခင်၌ပင် မီးဖိုအတွင်းရှိ ဆေးလုံးက စတင်ပုံပေါ်လာသည်။ သို့သော် ထိုအချိန်၌ ယခင်က ကြည်လင်နေသော ကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင်သွားကာ အတွင်းမှ မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်သောအသံများနှင့်အတူ တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“အဲ့တာ…”

၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု ခံစားချက်များဖြစ်ပေါ်လာသည်။ ကောင်းကင်မှ ရေအိုးတစ်လုံးကဲ့သို့ ထူထဲသော လျှပ်စီးကြောင်းတစ်ခုကို အားလုံး မြင်လိုက်ကြရပြီးနောက် ၎င်းက ဆေးဖိုအတွင်းရှိ ငြိမ်သက်နေသော ဆေးလုံးကို တည့်တည့် ချိန်ရွယ်ထားသည်။

ကျယ်လောင်သော လှိုင်းလုံကြီးတစ်ခုပြီးနောက် အဘက်ဘက်သို့ လျှပ်စီးများ ဝေ့ဝိုက်သွားသော်လည်း ဆေးသည် တောာင်ကဲ့သို့ တည်ငြိမ်နေသေးသည်။ သို့သော် လူအများက မတုံ့ပြန်နိုင်ကြသေးပေ။

ဒုတိယလျှပ်စီးကြောင်း ထွက်ပေါ်လာပြီးနောက် အပြာနုရောင် လျှပ်စီးသည် ဆေးကို ချက်ချင်းထိမှန်သွားသည်။ ဆေးသည် စပါးစေ့အရွယ်မှ ခိုဥအရွယ်အထိ ကြီးထွားလာကာ အနည်းငယ် တုန်ခါသွားသည်။

ဆေးမိုးကြိုး…

ယင်းက အထူးအဆန်းမဟုတ်လှပေ။

ဆေးက ကောင်းကင်ကို လုံလုံလောက်လောက် အံတုနိုင်နေသမျှကာလပတ်လုံး ဆေးမိုးကြိုးသည်လည်း ကမ္ဘာပေါ်တွင် ထင်ရှားနေပေလိမ့်မည်ဖြစ်သည်။ သို့သော် သာမန်အားဖြင့် ဆေးမိုးကြိုးသည် သံချောင်းကဲ့သို့ ထူထပ်သည်။

ဒုတိယမိုးကြိုးပြီးနောက် တတိယမိုးကြိုးက လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုလျှပ်စီးကြောင်းသည် အဖြူရောင်သန့်သန့်နီးပါးဖြူစွတ်နေကာ တစ်မိုင်ခန့်အထူရှိသည်။ ၎င်းက ဆေးလုံးကို ပြင်းထန်သော အစွမ်းဖြင့် ရိုက်ခတ်သွားသည်။ ဆေးသည် အနည်းငယ်တုန်ခါနေကာ အနည်းငယ် ပိုကြီးလာသည်။

ပြီးပြီးချင်းပင်လျှင် ဆေးမိုးကြိုးငါးချက်က ဆက်တိုက် ပစ်ချခဲ့ပြန်သည်။

တစ်ချက်ချင်းစီသည် နောက်ဆုံးတစ်ချက်စီထက် ပိုထူ၍ သန့်ရှင်းသည်။ သို့သော် ၎င်းတို့အားလုံးကို ခံနိုင်ရည်ရှိကာ ဆေးက တဖြည်းဖြည်း ကြက်ဥအရွယ်အစားခန့်ရှိလာသည်။ ဆေးဆရာများအားလုံးက ဤမြင်ကွင်းကို ကြည့်၍ ၎င်းတို့၏ မျက်လုံးများ မှိန်းနေကြကာ စိတ်ဓာတ်များလည်း တုန်လှုပ်ကုန်ကြသည်။

တစ်စုံတစ်ဦးက ကျယ်လောင်စွာ ပြောလိုက်၏။

“မိုးကြိုးရှစ်ကြိမ်တောင်… ဒီလိုမျိုး … ကောင်းကင်ဘုံကို အံတုနိုင်လောက်တဲ့အထိ ဆေးကို သန့်စင်ခံရတာပဲ”

သို့သော် တစ်စုံတစ်ယောက်က တုန်လှုပ်စွာဖြင့် ကျယ်လောင်စွာ အော်လိုက်၏။

“ကောင်းကင်ကို မေ့ာ့ကြည့်လိုက်”

အားလုံးက ခေါင်းကို မော့ကြည့်ကြသည်။ အထက်ကောင်းကင်မှ တိမ်များက အစိုင်အခဲဖြစ်သည့်အတိုင်းအတာအထိ ထူလာသော်လည်း ကောင်းကင်ပေါ်ရှိ ဆေးမီးဖိုအထက်တွင် ကျယ်ပြောလှသော ရေဝဲများ ဖျတ်ခနဲ ထွက်ပေါ်လာသည်။ ရေဝဲအတွင်းတွင် အလင်းရောင်တချို့ တဖျပ်ဖျပ်တောက်ပလာကာ မိုးခြိမ်းသံများ တဟုန်ထိုး ထွက်ပေါ်လာပြီးနောက် မယုံကြည်နိုင်အောင် များပြားလှသော စွမ်းအားများ စုဆောင်းထားသည့်နှယ်ထင်ရသည်။

ရုတ်တရက် မျက်စိကန်းလုလောက်သည့် တောက်ပမှုတစ်ခုသည် ရေဝဲထိပ်တွင် ပေါ်လာကာ လူတိုတင်းကို ၎င်းတို့၏ အကြည့်များ ရှောင်စေရန် တွန်းအားပေးခဲ့သည်။ ထိုမှသာ မိုးခြိမ်းသံကြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကြည့်ရှု့နေကြသူများအားလုံးက ၎င်းတို့၏ မျက်လုံးများသို့ တဖန်ပြန်လည် အာရုံပြုလိုက်သောအခါ လက်ချောင်းကဲ့သို့ ပါးလွှ၍ ဖောက်ထွက်လုနီးပါးဖြစ်သော လျှပ်စီးကြောင်းတစ်ခုသည် ဆေးမီးဖိုဆီသို့ တည့်တည့်ပစ်နေသည်ကို တွေ့လိုက်ရသည်။

ဤလျှပ်စီးကြောင်းသည် အလွန်ပါးလွှသော်လည်း ၎င်းသယ်ဆောင်ထားသော စွမ်းအားက ယခင် လျှပ်စီး ရှစ်ခုပေါင်းကို ကျော်လွန်သွားခဲ့သည်။

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ထိတ်လန့်တကြားအော်လိုက်သော်လည်း မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။ အဖြူရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်ကျော်သွားသည်။

ထိုအခိုက်အတန့်တွင် ရှိနေသူအားလုံးထံမှ အာရုံများ ပျောက်ကွယ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤလျှပ်စီး၏ စွမ်းအားက ရိုးရှင်းစွာပင် အံ့သြဖွယ်ကောင်းလွန်းနေသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် လျှပ်စီးက ဆေးလုံးကို ထိမှန်သွားသည်။

ဆေးမီးဖိုထဲမှ ကြက်ဥအရွယ်ဆေးလုံးက တဖြည်းဖြည်း လွင့်ပျံလာသည်ကို မြင်လိုက်ကြရသည်။ သို့သော် ဆေးအားလုံးသည် တောက်ပြောင်မှုနှင့် ဆေးချီများ လုံးလုံး မပါဝင်ပေ။

ရှုံးနိမ့်မှုတစ်ခုများလား။

ထိုအတွေးက လူအများ၏ စိတ်ထဲတွင်ပေါ်လာသောအခိုက်၌

ပြတ်သားသောအက်ကွဲသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

မကြာမီတွင်၊ သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာပြီး ပုလဲတစ်လုံး၏ အတွင်းပိုင်း ဆေးလုံးတစ်လုံးကို ဖောက်ထွင်းမြင်ရသည်အထိ ပေါက်ကွဲထွက်လုနီးပါး ကွဲအက်သွားခဲ့သည်။

ထိုဆေးလုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆေးချီသည် ကောင်းကင်သို့ တည့်တည့် မြင့်တက်သွားကာ ကောင်းကင်တွင်ပြည့်နေသည့် တိမ်မည်းများကို ချက်ချင်းလွင့်စင်သွားစေခဲ့သည်။ ထို့နောက်တွင် ဆေး၏ အလွန်ပြင်းထန်သော ရောင်ဝါသည် ဝမ်တန်မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

"ဘာလဲ...ဒါကဘာလဲ" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည်။

မီးမျှော်စင်နှင့် ဆေးများကို သန့်စင်ခြင်း သို့မဟုတ် ရောင်းချခြင်းအတွက် အသုံးပြုသော ဆေးခန်းမများမှ ဆေးများသည် တဖြည်းဖြည်း မြင့်တက်လာကာ လေထဲ၌ လွင့်မျောနေသည်။ ကြည့်နေသူများအားလုံး မတုံ့ပြန်နိုင်မှီတွင် ဤဆေးအများအပြားသည် ဆေးချီစွမ်းအင် အငွေ့အသက်များကို ထင်ရှားလာစေကာ ကောင်းကင်အဆင့် နတ်ဆေးကို ရိုသေစွာ လေးစားစွာ ဦးညွတ်လိုက်ကြသည်။

စိတ်လှုပ်ရှားနေသော ဆေးဆရာတစ်ဦးက မေးရိုးပြုတ်မတက် ပါးစပ်အဟောင်းသားဖြင့် တုန်တုန်ယင်ယင်အော်လိုက်သည်။

“နတ်ဆေး ပေါ်ထွက်လာလို့ ဆေးအားလုံးက လေးစားကြည်ညိုနေကြတာ.. ဒါ တကယ့် တ်ဆေးအစစ်အမှန်ပဲ”

All Chapters