← Chapters

မင်းကို ပေးလည်း အသုံးမဝင်ဘူး

Vol. 52 Ch. 780

မင်းကို ပေးလည်း အသုံးမဝင်ဘူး

Vol. 52 Ch. 780

"ဆေးဘုရင်ရွှယ်အန်း၊ ကျုပ် ရှုံးနိမ့်တာကို ဝန်ခံပြီး ကျုပ်အသက်ကို ချမ်းသာပေးပါလို့ တောင်းပန်ပါတယ်။ အရှင့်ရဲ့ မြင်းတွေကို ဦးဆောင်ပြီး ဆေးကျွန်အဖြစ် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်” နတ်ဆေးဘိုးဘေးသည် မျက်နှာက သေလုနီးနီးဖြူဖျော့လျက် ဒူးထောက်ချလိုက်သည်။

ရွှယ်အန်းသည် နတ်ဆေးဘိုးဘေးတွင် တွယ်ကပ်နေသည့် နောက်ဆုံးယုံကြည်ချက်ကို လုံးလုံးလျားလျား ကွဲကြေသွားစေသည့် ကောင်းကင်မှ ဖြိုခွဲနိုင်သော ဓာတ်သတ္တိကို ပြသခဲ့သည်။ ဤလူ၏ ရှေ့မှောက်တွင် နတ်ဆေးဘိုးဘေးသည် လေးနက်သော စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသည်။ ကမ္ဘာမြေအဆင့်နှင့် ကောင်းကင်အဆင့် ဆေးပညာရှင်ကြားကွာဟချက်သည် မိုင်ပေါင်းများစွာနှင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

ဤသည်ကို အပြည့်အဝသိရှိထားသော နတ်ဆေးဘိုးဘေးသည် ခုခံရန် အတွေးကို စွန့်လွှတ်လိုက်ကာ

ရွှယ်အန်းရဲ့ အမိန့်အရ သတ်ခြင်းကို စောင့်နေသည့် သိုးတစ်ကောင်ကဲ့သို့ ဒူးထောက်ထိုင်ချလိုက်သည်။

ချောင်တုရှန်နှင့်ပတ်သက်၍မူ

ဤလူသည် ယခုအချိန်တွင် မြေပြင်ပေါ်တွင် ထော့နဲ့ထော့နဲ့နှင့် ဒူးထောက်ကာ ချွေးများ ထူထဲစွာ စီးကျနေပြီး စကားတစ်လုံးမှ မပြောနိုင်ပေ။ ဤသည်ကိုမြင်သောအခါ အခြား ဆေးဆရာများသည် တိတ်တဆိတ် ဝမ်းသာပီတိဖြစ်သွားကြသည်။ နတ်ဆေးဘိုးဘေးသည် ယခင်က အလွန်မောက်မာခဲ့သည်။ သူ့တပည့်များပင် အမြဲတစေ ကြီးစိုးသော ပုံစံနှင့်နေခဲ့သည်။ သို့သော် ယနေ့တွင်မူ နှင်းခဲဖြင့် ရိုက်ခံထားရသည့် ခရမ်းသီးများကဲ့သို့ပင် လုံးလုံးလျားလျား ညစ်ညမ်းသွားကြသည်။

ရွှယ်အန်းသည် ဒူးထောက်နေသော နတ်ဆေးဘိုးဘေးကို တိတ်တဆိတ်ကြည့်နေရင်းမှ မျက်လုံးများ အနည်းငယ်မှေးမှိန်သွားသည်။

"အဆင့်မြင့်တဲ့ ဆေးဆရာတွေက သူတို့ထက် အဆင့်နိမ့်တဲ့သူတွေရဲ့ အသက်တွေကို ကိုင်တွယ်ခွင့်ရှိတယ်မလား”

နတ်ဆေးဘိုးဘေးက တုန်လှုပ်သွားကာ သတိကြီးကြီးဖြင့် ပြန်ဖြေကြသည်။

“ဟုတ်…ဟုတ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကောင်းပြီ၊ အခု မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို လျှော့ချလိုက်တော့ မင်းရဲ့ အသက်ကို ငါ ကယ်ပေးမယ်”

ဤစကားများကို ကြားလိုက်ရသည်နှင့် နတ်ဆေးဘိုးဘေးသည် အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားပြီး ထိတ်လန့်တကြား ဖြစ်သွားသည်။ သူသည် နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်သော အပြုအမူများဖြင့် ရန်သူများစွာကို ဖန်တီးခဲ့သည်။ ကျင့်ကြံမှုသာ ပျက်ဆီးသွားပါက မနက်ဖြန် နေထွက်သည်ကိုပင် မြင်ရတော့မည်မဟုတ်ပေ။

“ဆေး.. ဆေးဘုရင် ရွှယ်… ကျုပ်ကို သက်ညှာပေးဖို့ မေတ္တာရပ်ခံပါတယ်” နတ်ဆေးဘိုးဘေးက တောင်းပန်လိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်၏။

“သက်ညှာပေးရမယ်ဟုတ်လား… ဒါပေမယ့်.. ငါ အားနည်းသွားရင်ရော မင်းငါ့ကို သက်ညှာပေးမယ်ထင်လား”

ဤမေးခွန်းက နတ်ဆေးဘိုးဘေးကို ဆွံ့အသွားစေကာ အကူအညီရရန် မျှော်လင့်လျက် စောင့်ကြည့်နေသော အခြားဆေးဆရာများဘက်သို့လှည့်ကြည့်လိုက်ကြသည်။ သို့သော် သူသည် လူတိုင်းနှင့် ရန်ငြှိုးရှိခဲ့သဖြင့် မည်သူကမျှ သူ့ကို မကူညီလိုကြပေ။ တကယ်တမ်းတွင် သူလဲကျနေချိန်၌ မည်သူမျှ မကန်ခဲ့ခြင်းအချက်ကပင် အလွန်အမင်း စေတနာထားလွန်းလှနေပြီဖြစ်သည်။

နတ်ဆေးဘိုးဘေးက စိတ်ပျက်အားငယ်စွာဖြင့် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့်ကြည့်ကာ ပြောသည်။

“ဆေးဘုရင် ရွှယ်ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်အနေနဲ့ မင်းက ခွင့်လွှတ်ဖို့ မေတ္တာမရှိဘူးလား။ မင်း ငါ့ကို သေတဲ့အထိ မလုပ်နိုင်မချင်းမကျေနပ်တော့ဘူးလား”

"မင်း ဒီကိစ္စကို မင်းကိုယ်တိုင် ဒီအတိုင်းအတာထိဖြစ်အောင်လုပ်ခဲ့တာလေ။ ငါ မင်းကိုသတ်ပစ်မယ် လို့တောင် မပြောခဲ့ဖူးပါဘူး၊ မင်းရဲ့ ကျင့်ကြံရေးအဆင့် နိမ့်သွားစေရမယ်။ ဒါကို မင်းကို သေတဲ့အထိ ဖိအားပေးတယ်လို့ ဘယ်ပြောလို့ရမလဲကွ”

“ဒါပေမယ့်…” နတ်ဆေးဘိုးဘေးက ထပ်ပြောရန်ပြင်လိုက်သည်။

သို့သော် ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသားဝှေ့ယမ်းလိုက်၏။

“ထပ်ပြောစရာမလိုပါဘူး။ ငါမင်းကို အခွင့်အရေးပေးခဲ့တယ်။ အခု မင်းရွေးချယ်ဖို့ပဲ လိုတော့တယ်”

ထို့နောက် ရွှယ်အန်းသည် ချောင်တုရှန်ဘက်သို့လှည့်ကြည့်လိုက်သည်။ ချောင်တုရှန်သည် မြေပြင်မှ ဓာတ်လိုက်၍ ပေါက်ထွက်လာသကဲ့သို့ တုန်လှုပ်သွားကာရွှယ်အန်းရှေ့၌ ဒူးထောက်လိုက်သည်။

“အဘိုး ကျွန်တော် ကိုယ့်အမှားကိုယ်နားလည်ပါတယ်”

လူများစွာက အအပြုအမူကို မထီမဲ့မြင်ပြုကာ ခေါင်းခါလိုက်ကြသည်။ ရွှယ်အန်းမူ ရယ်မော၍ ဘေးတွင်ထိုင်နေသော ရှောင်တန်ချန်ကို ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ ဒီလူတွေကို မင်းအတွက် ထားခဲ့တယ်၊ ငါ့သမီးတွေအတွက် နေ့လယ်စာချက်ဖို့ စောပြန်ရဦးမယ်”

ထိုသို့ပြောရင်း ရွှယ်အန်း လှည့်ထွက်သွားသည်။ အမှန်မှာ ရွှယ်အန်းသည် ထိုသို့‌သော တည်ရှိမှုများကို ဂရုမစိုက်နိုင်ပေ။ ဝမ်တန်မြို့အောက်၌ မြုပ်ထားသော ဆေးဖိုကိုသာ ရှာမတွေ့ပါက သူသည် ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ဦးအဖြစ် သူ့ကိုယ်သူ သက်သေပြနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင်၊ ဤအရာများသည် သူ့အတွက် အသုံးမဝင်ပေ။

ရွှယ်အန်းထွက်ခွာသွားသည်ကိုမြင်သောအခါ နတ်ဆေးဘိုး‌ဘေး၏ မျက်လုံးထဲမှ ပျော်ရွှင်မှုအလင်းတန်းများ ဖြတ်ကျော်လာသည်။ သူထွက်သွားသရွေ့ လွတ်မြောက်နိုင်သည်။ သူသည် အလယ်ပိုင်းနယ်မြေတွင်

ကြာကြာမနေနိုင်တော့သော်လည်း၊ ကွေ့ယီကြယ်သည် ကျယ်ပြောလှပြီး ထောင်ပေါင်းများစွာသော ကမ္ဘာမြေအဆင့် ဆေးပညာရှင်ဖြစ်သောကြောင့် မည်သည့်နေရာတွင်မဆို ကောင်းမွန်စွာနေထိုင်နိုင်သည်။

သို့သော် သူလုပ်ဆောင်ခါနီးတွင် ရွှယ်အန်း၏ လျစ်လျူရှုသောအသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"မင်းမှာ အခွင့်အရေးရှိတုန်း မယူခဲ့ဘူး။ မင်းက ဒါကို တန်ဖိုးထားရကောင်းမှန်းမသိမှတော့ ဒီကိစ္စတွေကို ငါ့လက်နဲ့ငါရှင်းရတော့မယ်”

နတ်ဘိုးဘေးက တုန်လှုပ်ကာ တစ်စုံတစ်ခု ပြောတော့မည့် အခိုက်၌ သူ့စိတ်ထဲတွင် နတ်အာရုံက လွှမ်းမိုးသွားသည်။ နတ်ဆေးဘိုးဘေး၏ အသိစိတ်ပင်လယ်ကိုဖြတ်၍ မည်သည့်နေရာကထွက်လာသည်ကိုမသိနိုင်သော ဓားအလင်းတစ်ခုပေါ်လာသည်။

ဖွီး

နတ်ဆေးဘိုးဘေး၏ အငွေ့အသက်ရောင်ဝါက လျင်မြန်စွာ လျော့ပါးသွားသည်။ တစ်ချိန်က တောက်ပနေသော မျက်လုံးများသည် ယခုအခါ မှိုင်းညို့ကာ မှုန်ဝါးလာသည်။

သူအနည်းငယ်မျှ ခံနိုင်ရည်မရှိတော့ပေ။ သူ၏ နတ်အာရုံ၌ ဆေးကို သန့်စင်ခြင်း၏ အမှတ်ရစရာများပင်လျှင် လျင်မြန်စွာ မှုန်ဝါးဝါးပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင် နတ်ဆေးဘိုးဘေးသည် မြေပြင်ပေါ်သို့ လဲကျလျက် အရေပြားများ လျော့လဲကာ မျက်နှာသည်လည်း ရှုံ့တွ၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အားနည်းစွာလှည့်ကြည့်လိုက်သည်။

လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ကမ္ဘာမြေအဆင့် ဆေးဆရာသည် အဆင့်နိမ့်သော အငွေ့အသက်သာရှိသည့် အဘိုးကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့သည်။

လူများကို ပေးခဲ့သော တုန်လှုပ်မှုက အလွန်ကြီးမားလှသည်။

အနီးနားတွင်ရပ်နေသော ချောင်တုရှန်သည် ဤမြင်ကွင်းကိုမြင်၍ ထိန်းမနိုင်သိမ်းမရအော်သံအချို့ထွက်လာပြီးနောက် ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။ ဤသည်ကိုမြင်သောအခါရှောင်တန်ချန်က သူ့ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး အပြင်သို့ ထွက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤဆရာကြီးနှင့် တပည့်သည် လုံးလုံးလျားလျား ပျက်စီးသွားကြောင်း သူ သိသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် သူသည် ဤ ပျက်ဆီးနေသော ယောက်ျားနှစ်ယောက်ကို ကိုင်တွယ်ရန် စိတ်မဝင်စားတော့ပေ။

ထို့အပြင်၊ သူ၏ ဆရာသည် ယခုအခါ ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သောကြောင့် ထို့ကြောင့်၊ သူသည် အနည်းဆုံး သူ၏အဆင့်အတန်းကို အာရုံစိုက်နေရမည်ဖြစ်သည်။

သူထွက်သွားပြီးနောက်

အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသော လုပိုင်ယွဲ့သည် မြေပြင်ပေါ်ရှိ သခင်နှင့် တပည့်နှစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းကြည့်ကာ သူမ၏လူများကို တိတ်တဆိတ် ခေါ်ထုတ်သွားခဲ့သည်။

ထိုလူများထွက်သွားပြီးနောက် နတ်ဆေးဘိုးဘေးသည် ရုတ်းကန်ရင်းဖြင့် ရင်ဘတ်ထဲမှ ဆေးကို ဆွဲထုတ်ကာ မျိုချလိုက်ပြီးနောက် ဆွေးမြေ့လုနီးပါးဖြစ်နေပြီဖြစ်သော သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်နှင့် သွေးများသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ သူ့မျက်လုံးထဲတွင် အလင်းရောင်များစွာ တောက်ပလာခဲ့သည်။

ထို့နောက် တုန်တုန်ယင်ယင်နှင့် မြေပြင်မှ ရုန်းထကာ လူတိုင်း၏ အကြည့်ကို အတတ်နိုင်ဆုံး ရှောင်ရှားရန် ကြိုးစားကာ တိတ်တဆိတ် ရုန်းထွက်လိုခဲ့သည်။ သို့သော် ဆေးဆရာတစ်ဦးက သူ့လမ်းကို ပိတ်လိုက်၏။

"အို၊ ဒါက ကျော်ကြားတဲ့ ဆေးဘုရင် မဟုတ်ဘူးလား၊ မင်းဘယ်ကို သွားဖို့ ကြံနေတာလဲ”

နတ်ဆေးဘိုးဘေးက မုန်းတီးမှုအပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

တုန်တုန်ယင်ယင်နှင့် ထိုလူကို သတိထားမိသော်လည်း ကြောင့်လန့်တကြား အလွန်အမင်း သနားစရာကောင်းသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ဆေးဆရာယောင်ပါလား ဘာကိစ္စရှိလို့လဲ မေးလို့ရမလား”

“ဟဲဟဲ နတ်ဆေးဘိုးဘေး… အဲ့တုန်းက ကျုပ်မိသားစုရဲ့ ဘိုးဘွားပိုင် ဆေးစာကို လုဖို့ ခင်ဗျား လူတွေကို ကျုပ်တို့ တစ်မိသားစုလုံးကိုတောင် ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တယ်… ကျုပ် ကလဲ့စားချေချင်ပေမယ့်… အရင်တုန်းက ခင်ဗျားက အစွမ်းထက်လွန်းတယ်။ ကျုပ် ခင်ဗျားနဲ့ မယှဥ်နိုင်ဘူး”

"အခု ကောင်းကင်မှာ မျက်လုံးတွေရှိပြီး နောက်ဆုံးတော့ ခင်ဗျားကို လက်စားချေခွင့်ရတော့မယ်။ အကြွေးတွေရှင်းဖို့ အချိန်ကျပြီ။ ဒါကို ခင်ဗျားက ထွက်သွားဖို့ စဥ်းစားနေတယ်ပေါ့” ဆေးဆရာယောင်က မုန်းတီးမှုပြည့်နေသော မျက်နှာထားဖြင့် ပြောသည်။

နတ်ဆေးဘိုးဘေးက ကြောက်ရွံ့မှုအပြည့်ရှိသော မျက်နှာဖြင့် နောက်သို့ ဆုတ်သွားကာ တုန်တုန်ယင်ယင်ပြောလိုက်သည်။

“ငါ…တောင်းပန်ပါတယ်၊ ငါတကယ်မသိခဲ့တာ…”

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် သူ့လမ်းကို အနောက်မှ ပိတ်ဆို့နေမှန်း သိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ လူသတ်လိုသော မျက်နှာထားဖြင့် မိန်းကလေးတစ်ဦးလည်း သူ့ကို စိုက်ကြည့်နေသည်။

“နတ်ဆေးဘိုးဘေး မကောင်းတဲ့ဆေးကို ဖော်စပ်ဖို့ ရှင် ကျွန်မ ရှေးဦးယင်စွမ်းအင်တွေကို သိမ်းဖို့ ရွံစရာနည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ ဒီနေ့ ဒီကိစ္စတွေကို ရှင်းရမယ့်နေ့ပဲ”

နတ်ဆေးဘိုးဘေးက လုံးဝ ထိတ်လန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သတ်ပစ်ချင်စိတ်များပြည့်နှက်နေသည့် မျက်နှာများနှင့် ဆေးဆရာများက သူ့ကို ဝိုင်းရံထားကြသောကြောင့်ပင်ဖြစ်သည်။ ဤလူများအားလုံးသည် တစ်ချိန်က သူ့ဆီ၌ အနိုင်ကျင့်ခံခဲ့ကြရသူများဖြစ်သည်။

“လူတိုင်း ငါ့စကားကို နားထောင်၊ ငါ့အမှားကို သိပြီးဖြစ်သလို၊ ငါ့ဂိုဏ်းမှာ စုဆောင်းငွေတွေ အများကြီးရှိတယ်၊ အားလုံးကို သက်ညှာပေးဖို့ငါ တောင်းပန်ပါတယ်…”

တစ်စုံတစ်ယောက်သည် ဒေါသတကြီးအော်လိုက်သည်။

“သူ့ကို သတ်ပစ်ကြ”

ဤအော်သံကိုကြားသောအခါ သူ့ကို မုန်းတီးသော သူများသည် ဓားသွားများကို ထုတ်လွှတ်ကာ မျက်လုံးများ နီရဲလာကြသည်။ အသွေးနှင့် အသားတချို့ အက်ကွဲသွားပြီးနောက် နတ်ဆေးဘိုးဘေးသည် သနားစဖွယ်ကောင်းသော အသံတချို့ကို ထုတ်လွှတ်ကာ တိတ်တဆိတ် အသက်ထွက်သွာခဲ့သည်။

လူအုပ်ကြီး ထပ်မံ လူစုကွဲသွားသောအခါ အလယ်၌ ကျန်ခဲ့သည်မှာ အသွေးအသား အစုလိုက်အပြုံလိုက်ပင်ဖြစ်သည်။

တစ်ချိန်က မာနကြီး၍ လွှမ်းမိုးချုပ်ကိုင်မှုအပြည့်ရှိခဲ့သော နတ်ဆေးဘိုးဘေးသည် ဤအဆုံးသတ်ကို ရင်ဆိုင်ခဲ့ရသည်။

All Chapters