အခန်း (၃၃၅)
Vol. 25 Ch. 335
စာကြည့်ခန်းအတွင်းမှာတော့ ကျူးမုကုန်းက စာရေးလျက်ရှိ၏။ “သတ်မယ်၊ သတ်မယ်၊ သတ်မယ်”
ဘာကြောင့်မှန်း မသိဘဲ သူသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသော အပိုင်းကို ရေးသားနေမိ၏။ သူ၏ယောက်ဖသည် သူ့ကို ထပ်တလဲလဲ သတိပေးခဲ့၏။ အရာအားလုံးကို ထိုကဲ့သို့စိတ်ဆန္ဒဖြင့် မရေးသားရန်ပင်။ သို့ပေမည့် မတတ်နိုင်ချေ။
မကြာခင်မှာပဲ မိန်းမစိုးတစ်ယောက်သည် ကျင်းမိသားစု၏ ခြံဝန်းထဲသို့ ရောက်ရှိလာခဲ့ပြီး ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ကြေညာ၏။
“ရွှမ်ဝူမြို့နယ်စားကြီးရဲ့ ဆက်ခံသူ ... အမိန့်တော်ပါတယ်။ ကျင်းမူကုန်းကို အဆင့်မြင့်ကျောင်းတော်သားဘွဲ့ ချီးမြင့်တယ်”
အမိန့်စာကို ကြေညာပြီးနောက် မိန်းမစိုးက ထွက်ခွာသွားခဲ့၏။ ကျင်းမူကုန်းသည် လက်ထဲတွင် ထိုအမိန့်တော် စာရွက်နှင့် ဆော့ကစားလျက် ရှိနေသည်။
“ပညာရှိကျင်း” စစ်သည်တစ်ယောက်က ဝင်ရောက်လာခဲ့၏။
ကျင်းမူကုန်းက ပြောလိုက်သည်။ “ဖြစ်နိုင်သမျှ အမြန်ဆုံး အိမ်ကိုပြန်ပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ အဖေ့ကို တင်ပြ။ တစ်စုံတစ်ယောက်က သမက်တော်ကို သတ်ဖြတ်ပစ်ချင်နေတယ်။ ကျုပ် တို့ မိသားစုတစ်ခုလုံးက ပုန်ကန်ရမယ်”
ရှမ့်လန်သည် ကျင်းမူကုန်းအား ယခင်တည်းက ဘာမှမလုပ်ရန် မှာကြားထား၏။ သို့ပေမည့် ကျင်းမူကုန်းသည် မည်သို့မှ မနေနိုင်ချေ။
“ကောင်းပါပြီ” ပြီးနောက် ထိုသူက ထွက်ခွာသွားခဲ့၏။
နင်ယန်သည် အိပ်ယာထဲတွင် လူးလိမ့်နေမိ၏။ သူမသည် တကယ့်ကို ကောင်းမွန်သည့် ခံစားချက်များကို ရရှိခဲ့သည်။ ထို့အတူ စိတ်ရိုင်းများနှင့်လည်း ပြည့်နှက်နေသည်။ သူမ၏ နှလုံးသားတစ်ခုလုံးက ရှုပ်ထွေးလျက်ရှိနေလေပြီး ဝေခွဲမရဖြစ်နေတုန်းပင်။
သူမ မျက်လုံးကို မှိတ်လိုက်၏။ မျက်လုံးပိတ်လိုက်သည်နှင့်တပြိုင်နက် ရှမ့်လန်၏ ပုံရိပ်က ပေါ်ပေါက်လာသည်။
‘နင်ယန်... နင်က တကယ့်ကို အသုံးမဝင်ဘူးပဲ။ ယောက်ျားနဲ့မိန်းမ အတူတူအိပ်ခဲ့တာလေးတစ်ခုပဲ မဟုတ်လား။ ဆောင်ကြာမြိုင်က မိန်းမတွေဆိုရင် တစ်နေ့တစ်နေ့ကို ယောက်ျားဒါဇင်ချီနဲ့ အိပ်နေကြတာ။ သူတို့က ဘာမှမဖြစ်ဘူး။ ဘယ်လိုဖြစ်ပြီး နင် .... နင်ယန်က ဒီလိုမျိုး ဖြစ်နေရတာလဲ’
မင်းသမီး၏ သုံးသပ်မှုသည် တကယ့်ကို အံ့ချီးလောက်စရာပင်။။
ထိုအချိန်မှာပဲ အရှိန်အဟုန်ကြီးမားစွာဖြင့် အားကောင်းလွန်းသည့် အမျိုးသမီးစစ်သည်တော်များသည် အရှေ့ဆီသို့ အပြေးဝင်လာကာ သတင်းပို့၏။ “မင်းသမီး... ဆိုးပြီပဲ။ သခင်လေးရှမ့်လန်ကို ရေနက်တပ်ဖွဲ့က လူတွေ ဖမ်းသွားပြီ”
သူမသည် အရပ် ရှစ်ပေခန့် ရှည်လျားသော အမျိုးသမီးဖြစ်ပြီး ရှမ့်လန်ကို ကြိတ်ကာနှစ်သက် ချစ်မြတ်နိုးနေသည့်သူပင်။
“ဘာ”
နင်ယန်သည် ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ “သူ့ကို ဘယ်နေရာခေါ်သွားတာလဲ”
“ရေနက်တပ်ဖွဲ့ရဲ့ အကျဉ်းထောင်ထဲ ဖြစ်လိမ့်မယ်” ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။
နင်ယန်သည် မည်သည့်စကားကိုမှ မဆိုချေ။ ဓားကိုကောက်ကာဆွဲ၏။ “စစ်သည်တွေအားလုံးကို စုစည်းကြ .... ထောင်သွားဖောက်ကြမယ်”
ပြီးနောက် နင်ယန်သည် အမျိုးသမီးစစ်သည်တော် တစ်ဒါဇင်ကျော်ကိုခေါ်ဆောင်ကာ အိမ်မှပြေးထွက်သွားခဲ့၏။ အဆုံးသတ်မှာတော့ ယွမ်မင်ကျယ်က သူမကို တားဆီးလိုက်သည်။ “ဘယ်သွားမလို့လဲ”
“အကျဉ်းထောင် သွားဖောက်မလို့”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ပထမဦးဆုံး မင်းက ရွှဲ့ဘုရင်ရဲ့ အလေးပေးမှုကို ခံရတယ်ဆိုပေမယ့် ရေနက်တပ်ဖွဲ့ဆိုတာ မင်းသွားပြီး ထိတွေ့လို့ရတဲ့နေရာမျိုး မဟုတ်ဘူး။ မင်းသမီးဆိုတဲ့ မင်းရဲ့ဂုဏ်သိက္ခာက တကယ့်ကို ပေါ့ပါးလွန်းတယ်။ ရေနက်တပ်ဖွဲ့ ငရဲမင်းဆိုတဲ့လူက မင်းကို လေးလေးနက်နက် တွေးနေမှာ မဟုတ်ဘူး။ မင်းသာ ရေနက်တပ်ဖွဲ့ဆီသွားပြီး အကျဉ်းထောင်ဖောက်မယ်ဆိုရင် ကျောက်တုံးကို ကြက်ဥနဲ့ သွားပေါက်သလို ဖြစ်လိမ့်မယ်။ ပြီးတော့ မင်းဆီမှာ ကြက်ဥတောင်ပါတာ မဟုတ်ဘူး။
ဒုတိယအရပြောရမယ်ဆိုရင် ရှမ့်လန်က အထူးတရားရုံးရဲ့ အကျဉ်းထောင်ထဲကို လွှဲပြောင်း လွှဲပြောင်းခံလိုက်ရပြီ။ ဒါပေမဲ့ အထူးတရားရုံးရဲ့ အကျဉ်းထောင်ထဲမှာဆိုရင်တောင်မှ မင်းသွားပြီးတော့ ချိုးဖျက်ပစ်လို့ မရဘူး။ အကျဉ်းထောင်ကို သွားဖောက်လိုက်တာနဲ့ မင်းအနေနဲ့ရှမ့်လန်ကို ကူညီသလိုမျိုးမဖြစ်ဘဲ ပိုပြီးဆိုးရွားအောင် လုပ်သလို ဖြစ်လိမ့်မယ်”
ကျားမက ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မဘာလုပ်ရမှာလဲ။ ကျွန်မ ... ကျွန်မရဲ့ညီအစ်ကို သေသွားတာကို ဒီအတိုင်းထိုင်ပြီး ကြည့်နေရမယ်လို့တော့ မပြောနဲ့နော်”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “စိတ်မပူနဲ့။ အရာအားလုံးက ရှမ့်လန်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ တကယ့် အရေးကြီးဆုံးအချိန်က ရေနက်တပ်ဖွဲ့ကလူတချို့ အခွင့်အရေးယူပြီး ရှမ့်လန်ကို နှိပ်စက်မှာကို တားဆီးဖို့ပဲလိုတယ်။ ရှမ့်လန်က ဝူအန်းမြို့စားအိမ်တော် .... ရွှယ်မိသားစုက အဖွဲ့ဝင်တစ်ယောက်နဲ့ ရင်ဆိုင် နေရတယ်။ သူက ရန်နန်းဖေးရဲ့ တပည့်ပဲ။ ရွှယ်မိသားစုက ရှမ့်လန်ကို ဘယ်လောက်တောင်မုန်းလဲ သိလား။ အင်း... မင်းသိမှာ မဟုတ်ပါဘူး”
နင်ယန်က ဦးနှောက်ကင်းမဲ့၏။ ထို့ကြောင့် ဘာတစ်ခုမှ သိလိမ့်မည် မဟုတ်ချေ။
ကျားမက ပြောလိုက်သည်။ “ရှင်ဟာက ပေါက်ပန်းလေးဆယ်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဘာတစ်ခုမှ အသုံးမဝင်ဘူး။ ပြောစရာရှိတာကို တည့်တိုးလိုရင်းပဲ ပြောလိုက်တော့”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ပဉ္စမမင်းသားက အခုနန်းတော်ထဲကို ဝင်ပြီးတောင်းပန်နေပြီ။ သူက အကြီးဆုံးမင်းသမီး နင်ကျဲ့ဆီ သွားပြီး ရေနက်တပ်ဖွဲ့ကလူတွေ ရှမ့်လန်ကိုနှိပ်စက်တာ တားဆီးပေးဖို့ တောင်းပန်နေတယ်”
ကျားမက ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့ကလူတွေက ဘာကြောင့် ဆရာ့စကားကို နားထောင်ရမှာလဲ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ မင်းရဲ့အဒေါ်က ရေနက်တပ်ဖွဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးလို့ပဲ”
“ပေါက်ကရတွေ။ ဘာလို့အဲကိစ္စတွေကို အရင်တုန်းက မပြောခဲ့တာလဲ။” နင်ယန်သည် သူ၏မြင်းကို အသာလှည့်ပြီး နင်ကျဲ့၏ အိမ်ဆီသို့ အသော့နှင်သည်။
မင်းသမီးနင်ယန်သည် တိတ်ဆိတ်ငြိမ်သက်လွန်းသည့် တဲအိမ်လေးထဲသို့ ဝင်ရောက်သွားခဲ့သည်။ “ဆရာ... ဆရာ .... ဆိုးပြီပဲ။ ရှမ့်လန် အဖမ်းခံလိုက်ရပြီ။ ပြီးတော့ အထူးတရားရုံးဆီကို ခေါ်ဆောင်ခံရတယ်။ ရေနက်တပ်ဖွဲ့က လူတွေက သူ့ကို နှိပ်စက်တော့မှာ။ သူ့ကို မြန်မြန် ကယ်တင်ပေးပါအုံး”
မင်းသမီးနင်ကျဲ့သည် သူမ၏လှပသည့် မျက်လုံးများကိုဖွင့်ကာ မေးလိုက်၏။ “ရှမ့်လန် အဖမ်းခံရတယ်။ ဒါပေမယ့် မင်းက ဘာလို့ ဒီလောက်ကြီး စိုးရိမ်နေတာလဲ”
အရူးကြီး အဖမ်းခံရသည် ဆိုလျှင်တောင် နင်ကျဲ့က စိုးရိန်ပူပန်မိပေဦးမယ်။ ရှမ့်လန်အတွက်တော့ နင်ကျဲ့သည် တစ်ချက်ကလေးမှ မျက်စိထဲရှိသည် မဟုတ်ပေ။
“စိတ်မပူရဘူးလား။ အဒေါ်... မြန်မြန် သူ့ကိုကယ်ပါအုံး”
နင်ကျဲ့က ပြောလိုက်၏။ “ရှမ့်လန်က ကြီးမားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တာ။ ဘုရင်မင်းမြတ်က အရမ်း ဒေါသထွက်နေတယ်။ ဘယ်သူမှ သူ့ကိုကယ်လို့ မရဘူး”
နင်ယန်က မည်သို့မှ မနေနိုင်ဘဲ ကြောင်သွားခဲ့သည်။ “အဒေါ်.. ဘယ်လိုလုပ်သိတာလဲ”
မင်းသမီးနင်ကျဲ့က နင်ယန်ကိုလှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် နင်ယန်အား ဆရာဟု ခေါ်ဆိုခြင်းကို လက်မခံခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤမိန်းကလေးသည် ရင်သားကြီးပြီး ဦးနှောက်မရှိသောကြောင့်ပင်။ သူမကြောင့် အရှက်သိက္ခာကျဆင်းနိုင်၏။
နင်ကျဲ့၏ သိုင်းပညာက မြင့်မား၏။ တကယ့်ထိပ်တန်း မဟာပညာရှင်များ၏အောက် ဒုတိယ နေရာတွင်ရှိ၏။ သူမသည် ဘုရင်မင်းမြတ်ကို တစ်ချိန်က ကိုယ်စားပြုပြီး ရေနက်တပ်ဖွဲ့၏ အရေးကြီးသည့် ရာထူးတစ်ခုကို ယူဆောင်ကာ တာဝန်ထမ်းဆောင်ခဲ့ဖူး၏။ သူမအနားယူပြီး ဤတည်နေရာထဲတွင် တိတ်တဆိတ် ငြိမ်သက်စွာ နေထိုင်ခဲ့သည်ဆိုလျှင်တောင်မှ သူမက အရာအားလုံးကို သိရှိ၏။ ရှိရှိသမျှသော သတင်းအချက်အလက် အားလုံးသည် သူမထံသို့ ရောက်ရှိလာ၏။ သူမ၏ ယခင်က အရှိန်အဝါသည် တကယ့်ကို မြင့်မြင့်မားမားနှင့် တည်ရှိနေတုန်းပင်။
ဤအမျိုးသမီးသည် တကယ့်ကို လှပလွန်း၏။ သို့ပေမည့် အဘယ့်ကြောင့် ရှမ့်လန်သည် သူမကို မြင်ရသည့်အချိန်မျိုး၌ မသတ်မသာ ခံစားရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူမက အချိန်အတော်ကြာ ရေနက်တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် သူမ၏နှလုံးသားက သာမန်ထက် ပိုမိုကာ မာကျောပြီး သူမ၏ခန္ဓာကိုယ်တွင် သေခြင်းတရား၏ အရိပ်အယောင်မျိုး လွှမ်းခြုံနေသည်။
ဟုတ်ပေ၏။ သူမသည် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့ပြီး လူပေါင်းများစွာတို့ကိုလည်း နှိပ်စက်ခဲ့၏။ ထို့အပြင် မျိုးစုံသောမှုခင်းဖြစ်ရပ်မျိုးကို ကြုံဆုံမြင်ခဲ့ဖူး၏။
နင်ယန်က ပြောလိုက်သည်။ “အဒေါ်.. ရှမ့်လန်ကို ကယ်တင်နိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူးလား။ အဖေ့ကို သွားပြီး တောင်းပန်ရင်ရော ...”
နင်ကျဲ့က ပြောလိုက်၏။ “ဘယ်သူမှ သူ့ကို မကယ်တင်နိုင်ဘူး။ ဘုရင်မင်းမြတ်ကို သွားပြီး တောင်းပန်တယ် ဆိုတာ သူ့ရဲ့အပြစ်ကို ပိုပြီးတိုးအောင် လုပ်တာနဲ့ အတူတူပဲ။ ပြီးတော့ မင်း သူနဲ့အိပ်ခဲ့တယ် မဟုတ်လား”
နင်ယန်၏ ကုပ်တစ်ခုလုံးက ပုဝင်သွား၏။ ချက်ချင်းဆိုသလိုပဲ သူမသည် ရင်ဘတ်ကိုကော့ကာ ပြောလိုက်သည်။ “မဟုတ်သေးဘူး။ ကျွန်မ သူနဲ့အိပ်ခဲ့တာမှ မဟုတ်တာ။ ဟုတ်တယ်။ မဟုတ်သေးဘူး။ ကျွန်မ သူနဲ့ အိပ်ခဲ့တယ်။ ဒါက ဘယ်လိုမှ မတတ်နိုင်ဘဲ ဖြစ်ခဲ့ရတာပဲ။”
နင်ကျဲ့က ပြောလိုက်၏။ “ယောက်ျားနဲ့ မိန်းမနဲ့ကြားမှာဖြစ်တဲ့ ဒီကိစ္စက ဘာမှမှားယွင်းတာ မဟုတ်ဘူး။ သူ့ကို သေလူတစ်ယောက်လိုသာ သဘောထားလိုက်။ စိတ်ပူမနေနဲ့တော့။ လောကမှာ ယောက်ျားတွေ အများကြီး ရှိတယ်။ ရှမ့်လန်သေရင်လည်း သေပစေတော့”
“မဖြစ်ဘူးလေ”
နင်ယန်က ထကာအော်ဟစ်လိုက်သည်။ “သူက ကျွန်မရဲ့အသက်ကို ကယ်တင်ပေးခဲ့တာ။ ကျွန်မတို့က ညီအစ်ကိုတွေပဲ။ ဘယ်လိုလုပ် သူသေတာကို ထိုင်ပြီးကြည့်နေရမှာလဲ။ ကျွန်မ သူ့ကို ကျိန်းသေပေါက် ကယ်ရမယ်”
နင်ကျဲ့သည် မျက်လုံးကို စုံမှိတ်လိုက်၏။ ပြီးနောက် လျစ်လျှူရှုလိုက်၏။ “အင်း... လုပ်ချင်တာကို လုပ်လို့ရတယ်။ ထောင်သွားဖောက်မယ်ဆိုရင်တောင်မှ တားမှာမဟုတ်ဘူး”
နင်ကျဲ့သည် မည်သို့မှမတားဆီးချေ။ အကယ်၍ ကျားမနင်ယန်အနေနှင့် ထောင်သွားဖောက်မည်ဆိုလျှင် ရှမ့်လန်၏အပြစ်ကို ပိုတိုးအောင် ပြုလုပ်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ နင်ယန်မှာတော့ အခန်းတံခါးပိတ်ကာ အကျဉ်းချခြင်းကိုခံရမည်ဖြစ်ပြီး ဘာတစ်ခုမှ ထပ်မံကာ ပြုလုပ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် သူမ၏ လက်အောက်တွင် လူရာဂဏန်းမျှသာရှိ၏။ အဘယ်သို့ ထောင်ဖောက်မည်နည်း။ ဤအရာက အိမ်မက်မက်နေခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။
“ငါပင်ပန်းနေပြီ၊ မင်းသွားတော့” မင်းသမီးနင်ကျဲ့က အသာပင်ပြောလိုက်သည်။
ကျားမနင်ယန်သည် သူမ၏ အဒေါ်ကို တုန်လှုပ်စွာဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ပထမဦးဆုံးအကြိမ်အဖြစ် သူမ၏အကြောင်းကို သိရှိလိုက်ရသကဲ့သို့ပင် ခံစားနေမိ၏။ သူတို့သည် ပထမဦးဆုံးအကြိမ် စတင်ကာ တွေ့ဆုံသကဲ့သို့ပင် ခံစားနေမိ၏။ ယခင်တုန်းက နင်ကျဲ့သည် သူမအား ဆရာဟု မခေါ်ခိုင်းဘဲ အဒေါ် ဟုသာ ခေါ်ဆိုခိုင်းခဲ့၏။ ထိုအရာမှာ ဟာသတစ်ခုဖြစ်လိမ့်မည်ဟု သူမ တွေးခဲ့မိ၏။ ကြည့်ရသည်မှာ နင်ကျဲ့သည် သူမကို တကယ်ပင် ချစ်ခင်ပုံ မပေါ်ချေ။
မည်သူမှသည် နင်ကျဲ့၏ ခြံဝန်းထဲသို့ ဝင်ခွင့်မရှိခဲ့ချေ။ သို့ပေမည့် ယခင်တုန်းက နင်ယန်သည် အစဉ်အမြဲ မောက်မာဝင့်ကြွားစွာ နေထိုင်ခဲ့ပြီး တခြားမည်သူမှ မရှိသည့်အချိန်မျိုးတွင် နင်ကျဲ့၏ ခြံဝန်းထဲသို့ အတင်း ဝင်လာတတ်၏။ တစ်စုံတစ်ခုဖြစ်၍ ကူညီပေးရန် တောင်းဆိုသည့်အချိန်တိုင်း နင်ကျဲ့သည် မျက်မှောင်ကုတ်ခဲ့သည် ဆိုလျှင်တောင်မှ ကူညီပေးတတ်၏။
ထို့ကြောင့် သူမ၏ဆရာ၊ အဒေါ်သည် သူမကို ချစ်မြတ်နိုးသည်ဟု ခံစားမိခဲ့၏။ သို့သော်လည်း ကြည့်ရှုရသည်မှာ သူမ အတွေးလွန်ခဲ့ပုံပေါ်၏။ သူမ၏အဒေါ် နင်ကျဲ့၏ နှလုံးသားသည် သံကဲ့သို့ပင် အေးစက် မာကျောလျက် ရှိနေ၏။ သူမအပေါ် စိတ်မရှည်မှုများကသာလျှင် အစစ်အမှန်ဖြစ်ပြီး ကျန်သည့်အရာအားလုံး က အတုဖြစ်ပုံ ပေါ်သည်။
နင်ယန်သည် နင်ကျဲ့၏နှလုံးသားထဲတွင် နေရာမရှိခဲ့ချေ။ ရုတ်တရက် နင်ယန်၏ မျက်ရည်များက ကျဆင်းလာခဲ့၏။ လူတို့၏ နှလုံးသားအေးစက်ပုံကို မြင်ရသည့်အချိန်မှာတော့ သူမသည် တကယ့်ကို ဝမ်းနည်းသွားခဲ့၏။ ကံဆိုးစွာဖြင့် သူမသည် ယခင်ကအတိုင်း ညံ့ဖျင်းလွန်းသည့် လူတစ်ယောက်ဖြစ်ပြီး အရာအားလုံးကို ထွင်းဖောက် မမြင်နိုင်ခဲ့ချေ။
သူ ... နင်ယန်သည် မြို့တော်ထဲတွင် အရာရောက်သည့်လူတစ်ယောက်ဟု ဝင်ကြွားစွာပြောဆိုခဲ့မိ၏။ သို့ပေမည့် တကယ်တမ်း ပြဿနာဖြစ်လာချိန်မျိုးတွင်တော့ ဘာတစ်ခုမှ မတတ်နိုင်ခဲ့ချေ။ သူမက လူပြက်သာသာ ဖြစ်၏။ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် သူမက နေရာမရှိပေ။
ကျားမ မင်းသမီးနင်ယန်သည် တဲအိမ်ထဲမှ အသာထွက်ခွာသွားခဲ့၏။ တဲအိမ်ထဲမှ ထွက်ခွာပြီးနောက် သူမသည် အကောင်းဆုံး တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးစားလိုက်၏။ သို့ပေမည့် သူမ မည်သို့မှ မထိန်းနိုင်ချေ။ မျက်ရည်များက အဆက်မပြတ် ကျဆင်းလာ၏။ ပြီးနောက် အော်ကြီးဟစ်ကျယ်နှင့် အော်ဟစ်ကာ ငိုယိုမိ၏။ သူမကို မည်သူမှ ဂရုမစိုက်ခဲ့ချေ။
သူမ ... နင်ယန်သည် ဘာတစ်ခုမှ မဟုတ်ချေ။ သူမက ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။ အဖေပင်လျှင် သူမကို ဂရုမစိုက်ပေ။ မဟုတ်ပါက သူမကို ဤကဲ့သို့သော ယောက်ျားချင်းသာ စိတ်ဝင်စားသော လူမျိုးနှင့် လက်ထပ် ထိမ်းမြားပေးလိမ့်မည် မဟုတ်ချေ။ အဒေါ်ကလည်း သူမကိုဂရုမစိုက်ချေ။ ဂရုမစိုက်သည်က တော်သေးသည်။ ချစ်မြတ်နိုးမှုမရှိသည်က သူမကို အလွန်ဝမ်းနည်းစေခဲ့သည်။
တခြားသော မောင်နှမများကလည်း သူမကို ဂရုမစိုက်ပေ။ သူမ၏အမေ သေဆုံးသွားခဲ့ပြီးနောက် မည်သူမှသည် သူမကို အစစ်အမှန် ချစ်ခင်နှစ်သက်ခြင်း မရှိပေ။ နင်ယန်သည် ရုတ်တရက် အထီးကျန်ပြီး အကူအညီမဲ့သလို ခံစားလိုက်မိ၏။ နန်းမြို့တော်တစ်ခုလုံးတွင် သူမအတွက် နေစရာနေရာ မရှိသလိုပင် ခံစားနေ၏။
ခေါင်းကိုမော့ပြီးနောက် သူမသည် စိုးရိမ်ပူပန်လျက် ရှိနေသည့် အရိပ်မည်းတစ်ခုကို မြင်လိုက်၏။ ထိုသူသည် တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်၊ သူမ၏တစ်ဦးတည်းသော သူငယ်ချင်းသာလျှင်ဖြစ်သည်။
“အစ်ကိုကြီး” နင်ယန်က ပြေးသွားခဲ့၏။ မူလအားဖြင့် သူမသည် ယွမ်မင်ကျယ်၏ရင်ခွင်ထဲသို့ ပြေးဝင်ပြီးငိုယိုရန် ပြင်ဆင်မိ၏။ သို့ပေမည့် ဘာမှန်းမသိဘဲ ရပ်တန့်လိုက်မိ၏။ တစ်ဖက်လူ၏ ရင်ခွင်ထဲ ဝင်သွား၍မဖြစ်ချေ။ သူမသည် တစ်စုံတစ်ယောက်အတွက် သူမ၏သန့်စင်မှုကို ထိန်းသိမ်းထားရပေလိမ့်မည်။
ယွမ်မင်ကျယ်သည် သေသေချာချာဖြင့် နင်ယန်၏ခေါင်းလေးကို ပွတ်ကာဖြင့်ပြောလိုက်၏။ “မင်းသမီးနင်ကျဲ့က မကူညီဘူးမဟုတ်လား။ အင်း.. ဒီကိစ္စက အရမ်းကိုခက်ခဲလိမ့်မယ်”
နင်ယန်၏မျက်ရည်များက စီးဆင်းလာခဲ့သည်။ “အစ်ကိုကြီး... ကျွန်မကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ကျွန်မ ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ ကျွန်မ ရှမ့်လန်ကို မကယ်တင်နိုင်ဘူး”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ငါတို့အားလုံးက အသုံးမဝင်တဲ့လူတွေပဲလေ။ ဒီကိစ္စကို ငါ ဟိုးအရင်ထဲက သိရှိထားခဲ့တာ။ ဒါပေမယ့် မင်းကတော့ အခုမှသိတယ်။ ဘာပဲပြောပြော ညံ့ဖျင်းတယ်ဆိုတာ ကောင်းတဲ့အရာ တစ်ခုပဲ မဟုတ်လား။ လောကကြီးရဲ့ စစ်မှန်မှုတွေကို သိမြင်ပြီးတဲ့နောက်မှာတော့ ဒီကိစ္စမျိုးတွေက ဝမ်းနည်းစရာ မဟုတ်တော့ပါဘူး။ သဗ္ဗေသတ္တာ ကမ္မတကာပေါ့။”
နင်ယန်ကပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမလဲ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “မင်း ထောင်ဖောက်ချင်တာ မဟုတ်လား။ ဒါဆိုရင် မင်းရဲ့အစ်ကိုကြီးက မင်းနဲ့ အတူတူလိုက်ပြီး အထူးတရားရုံးကို ဖောက်ပေးမယ်”
နင်ယန်ကပြောလိုက်သည်။ “ကျွန်မတို့ဆီမှာ လူနည်းတယ်။ အကျဉ်းထောင်ကို ဘယ်လိုဖောက်ကြမှာလဲ”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ကိစ္စကြီးလုပ်ချင်ရင် အကုန်လိုက်တွက်နေလို့မဖြစ်ဘူးလေ”
ကျားမနင်ယန်က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ထောင် သွားဖောက်ရအောင်”
ပြီးနောက် မင်းသမီးနင်ယန်သည် သူမ၏မြင်းပေါ်သို့ ခုန်တက်ကာအော်ဟစ်လိုက်၏။ “အားလုံးပဲ နားထောင်ကြ။ ငါနဲ့လိုက်ခဲ့။ အထူးတရားရုံးဆီသွားပြီး ထောင်ဖောက်တော့မယ်”
တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်နှင့် သူ၏နောက်လိုက်များသည် မင်းသမီးနင်ယန်၏ နောက်ဆီသို့ လိုက်ပါသွားခဲ့၏။ အမျိုးသမီးစစ်သည် တစ်ရာကျော်တို့သည် အထူးတရားရုံးဆီသို့ ဦးတည်သွားခဲ့သည်။
သူမ နင်ယန်သည် အသုံးမဝင်သည့် လူတစ်ယောက်ဖြစ်၏။ ဟာသပင်။ ထိုအတူ ဘာမှကောင်းမွန်သည့် အရာမျိုးလည်း မလုပ်ခဲ့ဖူးချေ။
‘ရှမ့်လန်.. တကယ်လို့ ငါ မင်းကို မကယ်တင်နိုင်ဘူးဆိုရင်တောင် ငါ့ရဲ့အသက်ကို စတေးပြီး မင်းကိုကယ်မယ်။ ငါ အကောင်းဆုံးလုပ်မယ်”
.............