← Chapters

အခန်း (၃၃၆)

Vol. 25 Ch. 336

အခန်း (၃၃၆)

Vol. 25 Ch. 336

စုနန်၏ညီမ စုဖေးသည် လှပလွန်းသည့်သူဖြစ်၏။ သူမသည် အသက်လေးဆယ်နီးပါးအရွယ် ရောက်ပြီ ဆိုလျှင်တောင်မှ အသက်သုံးဆယ်နီးပါးခန့်သာ ထင်ရ၏။

ဆဋ္ဌမမင်းသားနင်ကျင်းသည် သူ့အမေ၏ ပုခုံးကို ပွတ်ပေးလျက်ရှိနေ၏။ စုဖေးက ကြင်နာနူးညံ့စွာဖြင့် လှမ်းကာကြည့်ရှုနေ၏။ သူမ၏ မျက်နှာအပေါ်တွင် ချစ်ခင်မြတ်နိုးမှုများနှင့် ပြည့်နှက်နေသည်။

မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေသည့် နင်ကျန်းကို လှမ်းကာကြည့်ရှုပြီးနောက် သူမသည် အထင်အမြင် သေးသလိုမျိုး မျက်မှောင်ကုတ်လိုက်၏။ ဤဘာမဟုတ်သည့်သားသည် သူမဆီ ဘေးအန္တရာယ်များ ယူဆောင်လာခဲ့၏။ အသားအရည်တစ်ခုလုံးကလည်း မဲနက်နေပြီး ပါးထက်တွင်လည်း မွေးရာပါ အမှတ်ကြီး တစ်ခု ပါလာ၏။ သူမကို ဘေးအန္တရာယ်များ ယူဆောင်လာခဲ့သည့် သားပင်။

မွေးဖွားစဉ်တည်းက ကောင်းကင်ပေါ်မှ ဥက္ကာခဲများကျဆင်းလာခဲ့ပြီး လူပေါင်းဒါဇင်ချီကို သေဆုံးစေခဲ့သည်။ ထိုတင်သာမကသေးချ။ နေအိမ်တော်တော်များများကို မီးလောင်ကျွမ်းစေခဲ့၏။ မူလအားဖြင့် ထိုကိစ္စများပြီးနောက် မင်းပြစ်မင်းဒဏ်သင့်ကာ သေဆုံးရပေမည်။

သို့ပေမည့် သူ၏အစ်မ စုဖေ့ဖေ့သည် သေဆုံးခါနီး ကလေးငယ်လေးဘက်မှ ဝင်ရောက်ကာပြောခဲ့သည်။ မဟုတ်ပါက နင်ကျန်းသည် သေဆုံးခဲ့ပြီးပြီ ဖြစ်၏။ စုဖေ့ဖေ့ ပြောခဲ့သည့်စကားလုံးများသည် နင်ကျန်းအား ကယ်တင်နိုင်ခဲ့သည် သာမက ဘုရင်မင်းမြတ်ကိုလည်း အလုံးစုံ ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် ငယ်စဉ်တည်းက စုဖေးသည် နင်ကျန်းကို သေချာ ထိန်းကျောင်းခဲ့ခြင်း မရှိချေ။ သူမသည် မွေးမွေးပြီးခြင်း ဘယ်တုန်းကမှ မမွေးခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင် ပစ်ထားခဲ့၏။

“ရှမ့်လန်လို မိစ္ဆာသတ္တဝါကောင် သေမယ်ဆိုရင်လည်း သေပါလေ့စေပေါ့။ ဘာတွေစိတ်ပူနေရတာလဲ”

စုဖေးက အေးစက်စက်ပြောလိုက်သည်။ “နင်ကျန်း... မင်းငါ့ကို တစ်ခါမှ လာမတွေ့ခဲ့ဘူး။ ပြီးတော့ ငါ့ရဲ့နန်းဆောင်ထဲကိုလည်း တစ်ခါမှ မဝင်ခဲ့ဘူး။ အခုကျမှ ရိုရိုသေသေနဲ့ လာပြီး ဒူးထောက်နေရသလား။ အခုတော့ မလိုတော့ပါဘူး”

ဤနေရာတွင် မည်သူမှမရှိချေ။ ထို့ကြောင့် သူမက သရုပ်ဆောင်နေစရာ မလိုအပ်ချေ။

ဆဋ္ဌမမင်းသား နင်ကျင်းက ပြောလိုက်သည်။ “နင်ကျန်း... ဒီရှမ့်လန်က ငါတို့စုမိသားစုကို တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုပြီးတော့ ရန်ပြုခဲ့တယ်။ သူသေသွားတာ ပိုကောင်းတာပဲ”

စကားမဆုံးခင်မှာပဲ စုဖေးသည် ရုတ်တရက် သူမသား၏ပါးစပ်ကို ဖုံးအုပ်လိုက်၏။ စုမိသားစုအကြောင်းကို ဤနေရာထဲတွင် အဘယ်သို့ပြောရသနည်း။ နင်ကျင်းသည် ဘုရင်မင်းမြတ်၏သားဖြစ်ပြီး နင်ကလန်မှ ဖြစ်၏။ စုမိသားစုမှ မဟုတ်ချေ။ သို့ပေမည့် ကံကောင်းစွာဖြင့် ဘေးပတ်ဝန်းကျင် လူစိမ်းမည်သူမှ မရှိသောကြောင့် မည်သူမှ ကြားလိမ့်မည် မဟုတ်ပေ။

နင်ကျန်းသည် မြေပေါ်၌ ဦးတိုက်ကာဖြင့် ပြောလိုက်၏။ “အမေ... ကျေးဇူးပြုပြီး ရှမ့်လန်က နန်းမြို့တော်ကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာသွားပါ့မယ်လို့ နယ်စားကြီးစုကိုပြောပေးပါ။ ပြီးတော့ ရွှမ်ဝူမြို့ကို သူ ပြန်ပါလိမ့်မယ်”

စုဖေးက အေးစက်စက် ပြောလိုက်သည်။ “နင်ကျန်း... မင်းဘာတွေပြောနေလဲ ငါနားမလည်ဘူး။ ရှမ့်လန်က ဘုရင်မင်းမြတ်ကို ဒေါသထွက်စေပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့တာပဲ။ ဒီကိစ္စက စုမိသားစုနဲ့ ဘာဆိုင်နေလဲ”

ဆဋ္ဌမမင်းသား နင်ကျင်းက နှာခေါင်းရှုံ့လိုက်၏။ “နင်ကျန်း... မင်းက သစ္စာဖောက်ပဲ။ နယ်စားကြီးစု ဆိုတာ မင်းရဲ့ဦးလေးပဲ။ ရှမ့်လန်ကတော့ အဆင့်နိမ့်တဲ့ သမက်တော်တစ်ယောက်ပဲ။ ဒီလို ခွေးရိုင်းတစ်ကောင် သေသွားတယ် ဆိုရင် ဘာဖြစ်လဲ။ သူ့အကြောင့် ကျင်းမိသားစုက ပုန်ကန်မှာလား”

“ရှမ့်လန်က အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်ထင်လို့ ငါရှမ့်လန်ကို ဂရုစိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် ရွှမ်ဝူနယ်စားကြီး ဆိုတဲ့ ဘွဲ့ထူးကို ရရှိအောင် ပြုလုပ်ပေးပြီးတဲ့နောက်မှာ ရှမ့်လန် ... ဒီခွေးကောင်လေးက ဘာမှ အသုံးမဝင်တော့ဘူး။ သူသေသွားမယ်ဆိုရင်တောင် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး”

“ကျင်းမူလန်ကလည်း နောက်ထပ်လူတစ်ယောက်ကို လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေလိမ့်မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှမ့်လန်နဲ့အိပ်ခဲ့ဖူးတာမှ မဟုတ်တာ။ အိပ်ခဲ့ဖူးတယ်ဆိုရင်တောင်မှ ဗိုက်မကြီး သေးဘူး”

ပဉ္စမမင်းသားနင်ကျန်းက တုန်ယင်စွာပြောလိုက်၏။ “အမေ... ကြားထဲကနေ တားဆီးပေးလို့မရဘူးလား”

“တော်စမ်း”

စုဖေးသည် သူမ၏မျက်လုံးများကို ပိတ်လိုက်သည်။ “လာစမ်း။ ဒီအမင်္ဂလာကောင်ကို အပြင်ဘက် ဆွဲထုတ်လိုက်ကြ”

စစ်သည်နှစ်ယောက်သည် အပြင်ဘက်မှ ဝင်ရောက်လာခဲ့ပြီး နင်ကျန်းကို ဆွဲမကာ အပြင်ဘက်သို့ တွန်းပို့လိုက်၏။ သူတို့သည် တကယ်ပဲ အပြင်ဘက်သို့ လွှင့်ပစ်လိုက်ခြင်းဖြစ်၏။

မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည့် နင်ကျန်းသည် ရုတ်တရက် ထထိုက်လိုက်၏။ ပြီးနောက် နဖူးစပ်တွင်ရှိနေသည့် သွေးများကို သုတ်လိုက်သည်။

သူသည် ရှမ့်လန်၏ ညွှန်ကြားချက်အတိုင်း သရုပ်ဆောင်နေသည် ဆိုသော်လည်း တကယ့်ကို ဝမ်းနည်းလျက် ရှိနေ၏။ သူ ... နင်ကျန်းသည် တကယ့်ကို အသုံးမဝင်သော လူတစ်ယောက်ဖြစ်ခဲ့ပြီး အမှိုက်တစ်ခုကဲ့သို့ပင်။

သရုပ်ဆောင်မှုပြီးဆုံးလျှင် ပုံမှန်အားဖြင့် ပြန်လည် ထွက်ခွာသွားရမှာ ဖြစ်၏။ သို့ပေမည့် သူသည် ဘာတစ်ခုကိုမှ ပြုလုပ်ချင်စိတ် မရှိတော့ချေ။ စိတ်ဓာတ်များ ကျဆင်းလို့နေ၏။

ပြီးနောက် သူသည် မိဖုရားကြီးပျံ့ဖေး၏နန်းတော်ဆီသို့ သွားလိုက်၏။ ဘုရင်မင်းမြတ်၏ ချစ်ခင်အနှစ်သက်ဆုံး မိဖုရားကြီးပျံ့ဖေးကို ပထမဆုံးအကြိမ် သွားရောက် တွေ့ခွင့်တောင်းခြင်းဖြစ်သည်။

...............

ပျံ့ဖေးသည် သူမ၏ ပူနေပြီဖြစ်သော ဝမ်းဗိုက်လေးကို အသာဖုန်းကွယ်ပြီး ပဉ္စမမင်းသားနင်ကျန်းကို ကြည့်ရှုလိုက်၏။

နင်ကျန်းသည် မြေပေါ်တွင်ဒူးထောက်ထိုင်လျက်ရှိ၏။ နင်ကျန်းသည် နန်းတော်ထဲသို့ ဝင်လေ့ဝင်ထ မရှိချေ။ ဘုရင်မင်းမြတ်၏ မိဖုရားများနှင့် တွေ့ဆုံဖို့ဆိုသည်မှာ ဝေးလာဝေးပင်။

တော်ဝင်မျိုးနွယ်များ၏ ဂုဏ်ပြုပွဲတိုင်းတွင် နင်ကျန်းသည် နေမကောင်းသည့် အကြောင်းပြချက်မျိုးဖြင့် မိမိအိမ်တွင်သာ နေထိုင်ခဲ့ရ၏။ ဘုရင်မင်းမြတ်သည် သူ့ကိုရှိသည်ဟူ၍ပင် မသတ်မှတ်ခဲ့ချေ။ ထို့ကြောင့် ပျံ့ဖေးသည် ဤဒဏ္ဍာရီလာ ဂြိုလ်ဆိုးလေးအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“အမေပျံ့.. ရှမ့်လန်ကဆေးပညာမှာ ကျွမ်းကျင်သူတစ်ယောက်ပါ။ ပါရမီရှိတဲ့လူတစ်ယောက်ပါ။ ကျေးဇူးပြုပြီး သူ့ကို ကူညီပေးပါ”

ပျံ့ဖေးသည် ထိုစကားကိုကြားရသည့်အချိန်မှာတော့ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့၏။ သူမကို လာရောက်ကာ ကျိန်ဆဲနေသည်လား။ ဆေးပညာကျွမ်းကျင်တော့ သူမ က ဆေးကုရတော့မည်ဟု ပြောနေသည်နှင့် တူညီနေသည် မဟုတ်ပါလား။

သို့ပေမည့် သူမသည် ကြင်နာသောလေသံဖြင့် ပြောလိုက်၏။ “နင်ကျန်း... မိဖုရားတွေက နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူးဆိုတာ မင်းသိတာပဲ။ ရှမ့်လန်က အပြစ်ကင်းစင်တဲ့လူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ ဘုရင်မင်းမြတ်က သေသေချာချာ စီမံခန့်ခွဲပါ လိမ့်မယ်”

နင်ကျန်းက ပြောလိုက်၏။ “အခု အဖေက နန်းမြို့တော်မှာ မရှိဘူး။ တစ်စုံတစ်ယောက်က ရှမ့်လန်ကို အခွင့်အရေးယူပြီး နှိပ်စက်ဖို့ ကြိုးစားနေခဲ့တာ။ ပြီးတော့ ရေနက်တပ်ဖွဲ့ထဲမှာ ရှမ့်လန်ရဲ့ ရန်သူတွေ အများကြီး ရှိတယ်။ ကျိန်းသေပေါက် သူ့ကို နှိပ်စက်လိမ့်မယ်။

နင်ကျန်းက အမေပျံ့ကို တောင်းဆိုပါတယ်။ ရေနက်တပ်ဖွဲ့ကလူတွေကို ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ စကားလေးတစ်ခွန်းပဲ မှာကြားပေးပါ။ သူ့ကို မနှိပ်စက်ဖို့ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ မဟုတ်ရင် ရှမ့်လန်က အားနည်းလွန်းတာကြောင့် နှိပ်စက်မှုကို ခံနိုင်မှာမဟုတ်ဘူး။ သေသွားလိမ့်မယ်။”

ပျံ့ဖေးက အသာပင် ပြောလိုက်သည်။ “မင်းရဲ့စိတ်ထဲမှာ မိတ်ဆွေအပေါ် ဒီလိုစိတ်ဆန္ဒ၊ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ဘာပဲပြောပြော ငါက မိဖုရားတစ်ယောက်ပဲ။ ဘာကိစ္စရပ်ကိုမှ ဝင်ပြီးတော့ စွက်ဖက်လို့မရဘူး။ နိုင်ငံ့ရေးရာကိစ္စရပ်တွေမှာ မိဖုရားတွေ ပါဝင်ပတ်သက်ခွင့်မရှိဘူး”

နင်ကျန်းက ပြောလိုက်၏။ “အမေပျံ့.. အဒေါ်နင်ကျဲ့က ရေနက်တပ်ဖွဲ့ထဲမှာ အချိန်ကာလတစ်ခုထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူမကို တားဆီးခိုင်းထားမယ်ဆိုရင် ရေနက်တပ်ဖွဲ့က ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး။ အမေပျံ့က အဒေါ်နင်ကျဲ့ဆီ စကားလေး ပါးပေးရုံပါပဲ”

ဤအရာက တစ်ရာ ရာခိုင်နှုန်း မှန်ကန်၏။ ပျံ့ရှောင်း၏ နောက်ကွယ်တွင် ပျံ့ဖေးရှိ၏။ ထို့အပြင် ပျံ့ဖေးသည် ဘုရင်မင်းမြတ်၏ ချစ်ခင်အနှစ်သက်ဆုံး မိဖုရားလည်း ဖြစ်သည်။

ပျံ့ဖေးက အချိန်အတော်ကြာ တွန့်ဆုတ်နေ၏။ ပြီးနောက် အသာပင် ပြောလိုက်၏။ “နင်ကျန်း.. ငါတကယ်ပဲ ကူညီချင်ပါတယ်။ ဒါပေမယ့် မိဖုရားတွေက နိုင်ငံရေးအရာကိစ္စရပ်တွေမှာ ပါဝင်ခွင့် မရှိဘူး။ ဒါသံမဏိလို ခိုင်မာတဲ့ စည်းကမ်းတစ်ခုပဲ”

နင်ကျန့်က ဦးတိုက်ကာပြောလိုက်သည်။ “အမေပျံ့ကို ခက်ခဲစေခဲ့ပါပြီ။ နင်ကျန်း သွားလိုက်ပါအုံးမယ်”

ပြီးနောက် နန်းတော်ထဲမှ ထွက်ခွာသွားခဲ့၏။

နင်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားခဲ့၏။ ဤနန်းမြို့တော်တစ်ခုလုံးတွင် သူ့အတွက် နေရာမရှိဟု ခံစားလာမိ၏။ နန်းတော်ကြီးမှာ ကြီးမားလွန်းလျှင်တောင် သူ့အတွက် နေစရာလေးတစ်ခုတောင်မရှိပေ။ သူ ... နင်ကျန်းသည် အသုံးမဝင်သကဲ့သို့ပင်။

........................

အထူးတရားရုံး၏ အကျဉ်းထောင်အတွင်းမှာတော့ ....

ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လျက် ရှိနေသည်။

ရေနက်တပ်ဖွဲ့မှ လူသည် ရှမ့်လန်ကို ရက်စက်သည့်အကြည့်များဖြင့် လှမ်းကာကြည့်ရှုနေ၏။ “မလွယ်ဘူး။ မင်း နောက်ဆုံးတော့ ငါတို့လက်ထဲကို ရောက်လာပြီပဲ”

ငါတို့ဆိုသည်မှာ ရေနက်တပ်ဖွဲ့ကို ရည်ညွှန်းခြင်း မဟုတ်ချေ။ ရွှယ်မိသားစုကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက ရွှယ်မိသားစုသည် ကျင်းယုမြို့စားကြီးကို သစ္စာဖောက်ခဲ့ပြီး ရွှမ်ဝူ အိမ်တော်ကို ဘေးအန္တရာယ် ကျရောက်စေခဲ့၏။ မကြာသေးခင်ကလည်း ကျင်းမိသားစု အမြစ်ပျက်သုတ်သင်ခံရမည့် အခြေအနေထိ အန္တရာယ်များနေသည့်အချိန်မျိုးတွင် ရွှယ်မိသားစုသည် စေ့စပ်ပွဲဖျက်သိမ်းပြီး ကျင်းမိသားစုကို အနိုင်ကျင့်ခဲ့၏။

ယင်ယွမ်အဖွဲ့အစည်း အကြွေးတောင်းသည့် အချိန်မျိုး၌လည်း ဆက်ခံသူရွှယ်ဖန် ရောက်ရှိလာခဲ့ပြီး အကြွေးတောင်းခဲ့၏။ ကျင်းမိသားစုသည် ရွှယ်မိသားစုအတွက် ကျေးဇူးတရားများစွာဖြင့် ကူညီစောင်မပေးခဲ့၏။ သို့ပေမည့် ရွှယ်မိသားစုမှာတော့ ကျင်းမိသားစုကိုသေစေချင်ခဲ့၏။ အရှက်သိက္ခာတရားနှင့် တွက်ချက်ရမည် ဆိုလျှင် ရွှယ်မိသားစုသည် တကယ့်ကိုဆိုးရွားလွန်းလှသည်။

ပြောရမည်ဆိုလျှင် ရွှယ်မိသားစုနှင့် စုမိသားစုသည် တူညီသည့် အရှက်မဲ့မှုမျိုးကို ပိုင်ဆိုင်ကြ၏။ စုကျန့်ထင်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ခိုးကာဝင်ရောက်ပြီး ရှမ့်လန်၏ယောက္ခမကြီးကို ထိခိုက်နာကျင်အောင်ပြုလုပ်ခဲ့၏။ ထို့ကြောင့် ရှမ့်လန်သည် စုမိသားစုကို ပထမဦးဆုံး ပစ်မှတ်ထားခဲ့ခြင်းဖြစ်၏။ မထင်မှတ်ထားလောက်အောင်ဘဲ စုမိသားစု ရှမ့်လန်ကို ဒုက္ခပေးနေစဉ်တွင် ရွှယ်မိသားစုကလည်း တစ်တပ်တအား ပါဝင်လာခဲ့၏။ နောက်ကျ မကျန်ခဲ့ပေ။

“ရှမ့်လန်.. ရေနက်တပ်ဖွဲ့ထဲမှာ ဘယ်လောက်များတဲ့ နှိပ်စက်နည်းတွေရှိတယ်ဆိုတာ သိလား။ တစ်ရာကျော်လောက် ရှိတယ်။ တစ်ခုနဲ့ တစ်ခုကလည်း မတူဘူး။ ကလီစာထိုးဖောက်တဲ့ ကိရိယာတွေရော ကြားဖူးလား။ ပြီးတော့ ဇောက်ထိုးလှန်တဲ့ နှိပ်စက်နည်းမျိုးကို သိလား။ ဒါမှမဟုတ် ဥချေနည်းရော သိလား။ ပြီးတော့ ကြက်အရည်ခွံချွတ်နည်းကိုရော သိလား။ မင်းက ငါတို့ ရွှယ်မိသားစုကို ရန်ပြုခဲ့တယ်ဆိုမှတော့ စိတ်အေးအေးသာ ထား။ နှိပ်စက်နည်းပေါင်းများစွာကို မင်းက အရသာခံရလိမ့်မယ်။ သေပါရစေတော့ဆိုပြီး တောင်းပန်တဲ့အထိ ငါ မင်းကို လုပ်ပြမယ်”

ထိုသူက အေးစက်စက်အသံဖြင့် ပြောလိုက်၏။ “အကျဉ်းသားရှမ့်လန်.. ချက်ချင်း ဝန်ခံလိုက်။ ဟယ်ဝမ်ဝမ်ကို အပျိုရည်ပျက်အောင် ဘယ်လိုလုပ်ခဲ့တာလဲ။ ပြီးတော့ ဘုရင်မင်းမြတ်ကို ဘယ်လိုလိမ်ညာလှည့်စားခဲ့တာလဲ။ အကုန်လုံး အမှန်အတိုင်း ဝန်ခံစမ်း။

မင်းဝန်မခံဘူးလား။ ဒါဆိုရင် ငါတို့ ဒီအရာရှိတွေကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ပထမဦးဆုံး မင်းရဲ့ မျက်နှာသေးသေးလေးအပေါ်ကို သံချောင်းပူကပ်မယ်။ ဒါက စဦးနှိပ်စက်မှု တစ်ခု ဖြစ်လာလိမ့်မယ်”

အမဲးရောင်ဝတ်စုံနှင့်လူသည် နီရဲနေသည့် သံချောင်းကြီးကို ကောက်ယူလိုက်၏။ ဤအရာကိုသာ မျက်နှာအပေါ်သို့ တင်လိုက်ပါက ကျိန်းသေပေါက် အရေပြားတစ်ခုလုံး ဆိုးရွား စုတ်ပြတ်သွားပေလိမ့်မည်။ တကယ့်ကို ထူးခြားသည့် နာကျင်မှုမျိုးကို ခံစားရမှာဖြစ်၏။ သို့ပေမည့် ဤအရာသည် ရေနက်တပ်ဖွဲ့၏ အကြီးမားဆုံးသော နှိပ်စက်မှုတစ်ခု မဟုတ်သေးချေ။

ရှမ့်လန်က အသာပင်ပြောလိုက်၏။ “ဘုရင်မင်းမြတ်နားမှာနေတဲ့ စိတ်ချရသူတစ်ယောက်ယောက် လာပြီး ညှိနှိုင်း ဆွေးနွေးတာမျိုး မလုပ်သရွေ့ ကျုပ် ဘာမှပြောမှာ မဟုတ်ဘူး”

ထိုသူက တိးတိုးပြောလိုက်သည်။ “ငါမင်းကို မဝန်ခံစေချင်ဘူး။ ငါက ဟန်ပြပဲ မေးတာ။ တကယ်က မင်းကို နှိပ်စက်ချင်နေတာ။ ဒီသံချောင်းရဲ့ အရသာကို မင်း ခံကြည့်လိုက်”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို ထိလို့မရဘူး။ မဟုတ်လို့ရှိရင် ခင်ဗျားရဲ့ မိသားစုတစ်စုလုံး သေသွားလိမ့်မယ်။ အခုတောင်မှ မိသားစု တစ်ဖက်ခြမ်းက သေပြီ”

ရှမ့်လန်က အသာပင်ပြောလိုက်သည်။ “ခင်ဗျားရဲ့ညီမ၊ ခင်ဗျားရဲ့ယောက်ဖ၊ အဖေ၊ အမေ၊ မိန်းမ၊ အစ်ကို၊ စသဖြင့်ပေါ့။ စုစုပေါင်းမိသားစုမှာ လူဆယ့်ငါးယောက်ရှိတယ်။ အားလုံးက သေပြီ။ ခင်ဗျားတို့က လူရှစ်ယောက်ပဲရှိတဲ့ မိသားစုတစ်ခုလေ။ ခင်ဗျားရဲ့မိန်းမ ပြီးတော့ ကိုယ်လုပ်တော်၊ ပိုပြီးအရေးကြီးတာက ခင်ဗျားရဲ့သားနှစ်ယောက်၊ သူတို့အားလုံးက တကယ့်ကို သွေးရင်းတွေပဲ မဟုတ်လား။

အင်း.... ကျုပ်ရဲ့ဆံချည်မျှင်တစ်ပင်လောက်ကို ခင်ဗျားထိရဲတယ်ဆိုရင် ခင်ဗျားရဲ့လက်ကျန်မိသားစုလည်း သေလိမ့်မယ်။ ခင်ဗျားလည်း သေလိမ့်မယ်။ တကယ်လို့ ခင်ဗျား မယုံဘူးဆိုရင် လုပ်ကြည့်လိုက်လေ။ အိမ်ကို သွားကြည့်လိုက်အုံး၊ ခင်ဗျားရဲ့ မိသားစုတစ်ဝက်က သေသွားပြီ။”

ရှမ့်လန်ပြောသည်မှာ အမှန်ပင်ဖြစ်၏။ ထိုသူ ရှမ့်လန်ကို ဝင်ရောက်ဖမ်းဆီးပြီး မကြာခင်မှာပဲ မိုးချိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ ရေနက်တပ်ဖွဲ့မှ ထိုသူ၏အိမ်သည် ရုတ်တရက် မီးထတောက်လေသည်။

အနီးပတ်ဝန်းကျင်တွင်ရှိနေသည့် လူပေါင်းများစွာတို့သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် မိုးချိန်းသံများထွက်ပေါ်လာခဲ့ပြီး မိုးကြိုးပစ်ချလိုက်သောကြောင့်ပင်။

ထိုအိမ်မှသားသည် ရေနက်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ပြီး ကောင်းကင်က မနှစ်မြို့လောက်သည်အထိ ရက်စက်လွန်းခဲ့ပုံပေါ်သည်။ ထို့ကြောင့် ကောင်းကင်က အပြစ်ပေးခဲ့သည်။

ထိုလူ၏ မိသားစု ဆယ့်ငါးယောက်လုံးသည် မီးစွဲလောင်၍ သေလေ၏။

............

ရှမ့်လန်၏ စကားကို ကြားသည့်အချိန်မှာတော့ ရေနက်တပ်ဖွဲ့မှ တပ်ခွဲခေါင်းဆောင်ရန်၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့သည်။ “ရှမ့်လန်.. မင်း ငါ့ကို သုံးနှစ်သားကလေးများ ထင်နေသလား။ ဒါက နန်းမြို့တော်နော်။ မင်း ဘယ်လိုလူသတ်မှာလဲ။ သေချင်နေရတာလား”

ရှမ့်လန်က ပြောလိုက်၏။ “တပ်ဖွဲ့ခေါင်းဆောင်ရန်... ကျုပ်လူတွေက လူတစ်ယောက်ကို ဘယ်လိုသတ်ရမလဲ ဆိုတာ ကောင်းကောင်းသိတာပေါ့။ ကျင်းမိသားစုက တကယ့်ကို နိမ့်နိမ့်ချချနဲ့ နေထိုင်ခဲ့တဲ့ လူတွေပဲ။ ခင်ဗျားတို့ မိသားစုကတော့ ဆိုးဝါးတဲ့အရာတွေကို လုပ်ခဲ့တယ်။ ဒါကြောင့် မကောင်းမှုတွေ ပြုံလာပြီး မိုးကြိုးပစ်ခံရတာမျိုး၊ မီးလောင်တာမျိုးက ဖြစ်နိုင်တဲ့ အရာပဲ”

ခေါင်းဆောင်ရန်က နှာခေါင်းရှုံ့လိုက်သည်။ “အင်း... ငါယုံမယ် ထင်လို့လား။ ဒါကို ယုံမယ်လို့ မင်းတကယ် ထင်နေတာလား။ ငါ့ရဲ့ မိသားစုကိုတောင် ကျိန်ဆဲရဲတယ်ဟုတ်လား။ မင်းသေချင်နေတာပဲ”

ပြီးနောက် သူသည် လက်ထဲတွင် ရှိနေသည့် ပူနီရဲလျက်ရှိနေသော သံတုတ်ကြီးကို ကိုင်ဆောင်ကာဖြင့် လှုပ်ရှားရန် ပြင်ဆင်လိုက်၏။

“ရှမ့်လန်... မင်းရဲ့ ခပ်ချောချော မျက်နှာသာ မီးကျွမ်းသွားမယ်ဆိုရင် ဘယ်ကြည့်လို့ ကောင်းတော့မှာလဲ။ ဟား ဟား ဟား ဟား ဟား”

ထိုအချိန်မှာပဲ ရေနက်တပ်ဖွဲ့၏ စစ်သည်တော် တစ်ယောက်သည် အလျင်အမြန်နှင့် ဝင်ရောက်လာခဲ့၏။ သူသည် ခေါင်းဆောင်ရန်၏ နားဆီသို့ တိုးကပ်ကာဖြင့် တီးတိုးပြောလိုက်၏။ “ခေါင်းဆောင် .. ခေါင်းဆောင်ရဲ့ အိမ် မိုးကြိုးပစ်ခံရတယ်။ ပြီးတော့ မီးလောင်သွားခဲ့တယ်။ ဘယ်သူမှ မလွတ်မြောက်ခဲ့ဘူး။ ခေါင်းဆောင်ရဲ့ မိသားစုဝင် ၁၅ ယောက်လုံး မီးလောင်ကျွမ်းပြီး သေသွားခဲ့ကြပြီ”

ထိုစကားကိုကြားရချိန်မှာတော့ ခေါင်းဆောင်ရန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တည်နေရာတွင် တွေတွေကြီးရပ်ကာ ငေးမောနေမိ၏။ သူသည် သူ့နားကိုသူ မယုံကြည်နိုင်သလို ဖြစ်နေသည်။

အမှန်ဖြစ်နေသည်လား။ သူ၏ မိဘ၊ သူ၏ အစ်ကိုကြီး၊ သူ၏ မရီး၊ သူ၏ ညီငယ်လေးနှင့် သူ၏ ညီမငယ်လေး .... အားလုံး သေဆုံးသွားခဲ့သည်လား။

သူ၏ မရီး၊ သူ၏ ယောက်ဖအားလုံးတို့ သေဆုံးသွားခဲ့သည်လား။

ပြီးနောက် သူသည် သွေးကဲ့သို့ နီရဲနေသည့် မျက်ဝန်းအစုံနှင့်အတူ ရှမ့်လန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်း.. သေချင်နေတာပဲ။ မင်းတကယ့်ကို သေချင်နေတာပဲ။ ငါက ရေနက်တပ်ဖွဲ့ကကွ။ မင်းက ငါ့မိသားစုကို သတ်ရဲတယ် ဟုတ်လား။ မင်း သေချင်နေတာပဲ”

ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်ပြောသားပဲ။ မိုးကြိုးပစ်ပြီး မီးလောင်သွားခဲ့တဲ့ ကိစ္စလေ။ အဲဒါ မိုးကြိုးနတ်ဘုရားနဲ့ပဲ ဆိုင်မှာပေါ့။ ကျုပ်နဲ့ ဘာဆိုင်မှာလဲ”

ထိုသူက လက်ဖျောက်တီးကာ ပြောလိုက်သည်။ “တစ်ယောက်ယောက်က အကွက်ချခဲ့တာပဲ ဖြစ်ရမယ်။ သူတို့ကို ဖမ်းခဲ့လား။ သူတို့ကို ဖမ်းမိလား”

ရေနတ်တပ်ဖွဲ့ဆီမှ စစ်သည်တော်က ပြောလိုက်၏။ “အထူးတရားရုံး ... ပင်းရန်ခရိုင်ရုံး .... ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးတွေက လူသတ်မှုထင်ပြီး သဲလွန်စတွေ ရှာကြတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ မတွေ့ဘူး”

ထိုသူသည် ရူးသွပ်လုနီးပါး ဖြစ်နေ၏။ သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ “အကုန်မီးလောင်သေသွားတာလား။ အိပ်ပျော်နေရင်တောင် ထွက်ပြေးလို့ရသေးတယ် မဟုတ်လား။ ဘာလို့ အကုန်သေကုန်တာပဲ”

All Chapters