← Chapters

အခန်း (၃၃၈)

Vol. 25 Ch. 338

အခန်း (၃၃၈)

Vol. 25 Ch. 338

သူတို့၏ သုံးယောက်သည် အတူတကွ ဆိုသလိုပဲ တိုင်ကြားစာများကို စတင်ကာ ရေးသား၏။ တစ်ချိန်တည်းမှာပဲ ဘုရင်မင်းမြတ်ဆီသို့ စာရေးသား တင်ပြလိုက်ကြသည်။

စာသုံးစောင်ကို ပေးပို့ပြီးနောက် အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်က ပြောလိုက်၏။ “ကျန်းချုံး.. ဘုရင်မင်းမြတ်က ရှမ့်လန်ရဲ့ ဘွဲ့ထူးတွေကို မဖယ်ရှားသေးဘူးနော်။ ဒီတော့ ကျုပ်တို့ သူ့ကို နှိပ်စက်လို့ မဖြစ်ဘူး။ ဒါပေမဲ့ သူ့မိသားစု စစ်သည်တွေကိုတော့ နှိပ်စက်လို့ ရသေးတယ် မဟုတ်လား။ ကောင်းပြီ အကြီးမားဆုံး အပြစ်ပေးမှုကို စောင့်လိုက်တော့”

ဤစကားကို သူ ပါးစပ်မှ ထုတ်ဖော်ကာ ပြောခဲ့၏။ သူ၏ ဆိုလိုရင်းမှာ အနည်းငယ်မေးမြန်းရင်း လက်လွန်ခြင်းမျိုးလည်း ဖြစ်နိုင်သည် ဟူသော အဓိပ္ပာယ်ပင်။

ကျင်းမိသားစု၏ စစ်သည်တော် သုံးယောက်တို့သည် ရှမ့်လန်၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။ ထိုအရာသည် တောင်ကိုထုနှက်၍ ကျားကို သတိပေးခြင်းဖြစ်၏။ ကြက်ကိုသတ်ဖြတ်၍ မျောက်ကို သတိပေးခြင်းလည်း ဖြစ်၏။

“ရှမ့်လန်... စိတ်မပူနဲ့။ ဘုရင်မင်းမြတ်က မင်းရဲ့ဘွဲ့ထူးအားလုံးကို ဖယ်ရှားပြီးတဲ့အချိန်မှာ နှိပ်စက်ခံရတဲ့လူက မင်း ဖြစ်လာလိမ့်မယ်”

ရန်ခေါင်းဆောင်၏ မျက်လုံးများက အေးစက်လျက် ရှိနေသည်။ “ရှမ့်လန်... ငါ မင်းကို မနှိပ်စက်ရဘူး ဆိုရင်တောင်မှ အထူးတရားရုံးရဲ့ အငယ်တန်းဝန်ထောက်က မင်းကို လက်လွှတ်ပေးလိမ့်မယ် ထင်နေတာလား”

ဤဝမ်ကျင်းလင်သည် စုမိသားစု၏ အရေးပါသော လူတစ်ယောက် ဖြစ်၏။ စုနန် သတ်ဖြတ်ချင်သည်ဆိုပါက အဘယ်ကြောင့် သူတို့အားလုံးက မပူးပေါင်းဘဲ နေတော့မည်နည်း။

‘မင်း ငါ့မိသားစုကို သတ်ဖြတ်လို့ ရတယ်။ ဒါပေမဲ့ မင်း ဝမ်ကျင်းလင်ရဲ့ မိသားစုကို သတ်ဖြတ်လို့ ရမလား’

သူ၏မိသားစုသည် နန်းမြို့တော်မှ မဟုတ်ချေ။ သို့ပေမည့် ဝမ်ကျင်းလင်၏ မိသားစုမှာတော့ ကျန်းယွမ်နယ်စား အိမ်တော်၏ ကာကွယ်ပေးခြင်းကို ခံထားရ၏။ သူ့ကဲ့သို့ သေးငယ်သည့် မိသားစုလေးမဟုတ်ချေ။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

“နေအုံး။ ဘုရင်မင်းမြတ် စိတ်ဆိုးလာတဲ့အထိ စောင့်အုံး။ မင်းက ရေနက်တပ်ဖွဲ့ခေါင်းဆောင် တစ်ယောက်ရဲ့ မိသားစုကို သတ်ဖြတ်ရဲတယ်ဆိုမှတော့ ဘုရင်မင်းမြတ်ကလည်း မင်းရဲ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်လိမ့်မယ်။ အခု မင်းရဲ့ ကျေးကျွန် သုံးယောက် သေတဲ့အထိ ရိုက်သတ်ခံရတာကို စောင့်ကြည့်နေလိုက်”

“နေအုံး။ ကျုပ် တစ်စုံတစ်ခု မေးစရာ ရှိသေးတယ်” ကျန်းချုံးက ရုတ်တရက် ပြောလိုက်၏။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့သည်။ “ထောင်ဖောက်နေတယ်။ ထောင်လာဖောက်နေတယ်”

ကျယ်လောင်လွန်းသည့် မြင်းခွာသံများ ထွက်ပေါ်လာခဲ့ပြီး တဖြည်းဖြည်း နီးကပ်လာခဲ့၏။

တပ်ဖွဲ့ဝင်တစ်ယောက်သည် အလျင်အမြန် ပြေးဝင်လာသည်။ “အရှင်တို့... တစ်စုံတစ်ယောက် ထောင်ဖောက်နေပါတယ်”

အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက် ဝမ်ကျင်းလင်၊ ကျန်းချုံးနှင့် ရေနက်တပ်ဖွဲ့၏ ရန်ခေါင်းဆောင်တို့သည် အံ့အားသင့်သွားခဲ့၏။ သူတို့သုံးယောက်သည် တစ်ချိန်တည်းမှာပဲ ရှမ့်လန်ကို ကြည့်ရှုလိုက်မိ၏။

ရူးသွပ်နေသည်လား။ အဘယ်သို့ လူများကို စေလွှတ်ကာဖြင့် ထောင်ဖောက်ရဲရသနည်း။ အထူးတရားရုံးကို ဝင်ရောက်စီးနင်းရန် ကြိုးစားရဲနေသည်လား။ ဤအရာသည် တကယ့်ကို ပုန်ကန်မှု ဖြစ်၏။

တုံ့ကျန်းမြို့စား၏စစ်သည်များ တုံ့ကျန်းအုပ်ချုပ်ရေးမှူး၏အိမ်တော်ထဲ ဝင်ရောက်တိုက်ခိုက်တုန်းက ပုန်ကန်သည်ဟု သဘောသက်ရောက်သွားခဲ့သောကြောင့် လူအားလုံး သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရ၏။ ရှမ့်လန် အဘယ့်ကြောင်း ဤသို့လုပ်ရဲနေသနည်း။

တုံ့ကျန်းမြို့တော်ဝန်၏ အိမ်တော်သည် မည်သည့်အဆင့်ဖြစ်သနည်း။ အဆင့် ၆ ဖြစ်၏။ ထိုသို့ဆိုလျှင် အထူးတရားရုံး၏အဆင့်ကရော မည်သည့်အဆင့် ဖြစ်သနည်း။ အဆင့် ၃ ပင်။

ဤအရာက ကျိန်းသေပေါက်ပုန်ကန်မှု ဖြစ်၏။ ဘုရင်မင်းမြတ်ကို လှည့်စားသည့်ကိစ္စတင် မကချေ။ ရှမ့်လန်သည် ဆိုးဝါးသည့်အရာတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြီ ဖြစ်၏။ ရှမ့်လန်တင်မက သူ၏ မိသားစု နှင့် ကျင်းမိသားစု တစ်ခုလုံးက အဆုံးသတ်ပြီ ဖြစ်၏။

အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်သည် ဒေါသမထွက်သလို ပျော်ပင်ပျော်သွားမိ၏။ ရှမ့်လန်၏ ဉာဏ်ပညာသည် နတ်ဆိုးတစ်ကောင်နှင့်ပင် နီးကပ်လျက် ရှိသည်ဟု အများက ပြောကြ၏။ သို့ပေမည့် တကယ်တမ်းမှာ ထိုသို့ ဟုတ်ပုံ မပေါ်ချေ။ မိမိအသက်ရှင်နိုင်ရန်အတွက် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ကို ပြုလုပ်ခဲ့သည်။ ထိုမရာသည် အထူးတရားရုံးကို ဝင်ရောက် စီးနင်းခြင်း - ထိုအရာသည် ပုန်ကန်ခြင်းပင် ဖြစ်သည်။

“သွား.. ရှိရှိသမျှ စစ်သည်အကုန်လုံးကို စုစည်းပြီး ပုန်ကန်မှုအဖြစ် ကြေညာလိုက်တော့” အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်က အမိန့်ပေးလိုက်၏။

ရေနက်တပ်ဖွဲ့မှလူသည် မည်သို့မှ မနေနိုင်ဘဲ အမြန်အမိန့်ထုတ်ပြန်တော့သည်။ “ရေနက်တပ်ဖွဲ့ကလူတွေ သွား၊ တစ်စုံတစ်ယောက်က ပုန်ကန်နေပြီ။ အထူးတရားရုံးကို ဝင်စီးနင်းနေပြီ။ ရှမ့်လန်ကို လာလုဖို့ ကြိုးစားနေတာပဲ။ ရှိရှိသမျှ စစ်သည်အားလုံးကို စုစည်းပြီး ပုန်ကန်သူတွေကို တိုက်ခိုက် ဖယ်ရှားကြပါ”

“ကောင်းပါပြီ”

ရုတ်တရက် အားလုံးသောသူတို့၏ အရေးပေါ် သတင်းဖြန့်ကျက်မှုသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ မကြာခင်မှာပဲ ပုန်ကန်မှုကို တိုက်ခိုက်နှိမ်နင်းရန်အတွက် စစ်သည်တော်ပေါင်းတစ်သောင်းကျော် ရောက်ရှိလာ ပေတော့မည်။

သို့ပေမည့် နောက်ထပ်ပေါ်ပေါက်လာခဲ့သည့် အသံသည် အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်ကို ကြောင်အ သွားစေခဲ့၏။

“ငါက တတိယမင်းသမီး နင်ယန်ပဲ။ ဒီနေရာကို လာခဲ့တာက အထူးတရားရုံးရဲ့ လုပ်ရပ်တွေ မှားယွင်းနေလို့ပဲ။ ငါ့ကို တားဆီးရဲတဲ့ ဘယ်သူမဆို အသတ်ခံရမယ်”

အထူးတရားရုံး၏အငယ်တန်း ဝန်ထောက်နှင့် ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန်တို့သည် တုန်လှုပ်သွားကြ၏။ အဘယ့်ကြောင့် ဘုရင်မင်းမြတ်၏ တတိယသမီးတော် ဖြစ်နေရသနည်း။ သူမကို ပုန်ကန်သည်ဟု မည်သို့ သတ်မှတ်ရမည်နည်း။ ကိုယ့်အဖေကိုယ် မည်သူက ပုန်ကန်မည်နည်း။

“ဘန်း ဘန်း”

အပြင်ဘက်မှာတော့ ကြမ်းတမ်းသည့် အမျိုးသမီး စစ်သည်တော်များသည် အထဲသို့ ဝင်ရောက်လာခဲ့ပြီး ရှိရှိသမျှသော သစ်သားတံခါးအားလုံးကို ရိုက်ချိုးကြ၏။

ကျန်းချုံးသည် ဒူးများပင် ခွေယိုင်လုမတတ် ဖြစ်နေ၏။ သူသည် မည်သို့မှ မနေနိုင်ဘဲ ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

‘ရှမ့်လန်... မင်း ဘယ်နေရာကိုရောက်ရောက် ပြဿနာရှာတဲ့လူပဲ။ မင်း နင်ယန်လို မိန်းကလေးနဲ့တောင် အိပ်ခဲ့သေးတာလား။ သူက မင်း အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းကြားတာနဲ့ ထောင်တောင်လာဖောက်ရဲတယ် ဟုတ်လား။ ဒီလောက် ပြဿနာရှာခဲ့တာ ဘုရင်မင်းမြတ်က ပိုပြီး စိတ်ဆိုးတော့မှာပေါ့’

ရှမ့်လန်သည်လည်း ဘာလုပ်ရမှန်း မသိချေ။ ဤကျားမ နင်ယန်သည် အထူးတရားရုံကိုပင် လာရောက်ကာ တိုက်ခိုက်ရဲနေ၏။

အထူးတရားရုံး၏အငယ်တန်း ဝန်ထောက်သည် ရုတ်တရက် ထအော်လိုက်၏။ “တားထားစမ်း .. တားထားစမ်း ... မင်းသမီးကို မထိစေနဲ့။ ပြဿနာတက်မယ်”

စစ်သည်များသည် ရှေ့ဆီသို့တိုးပြီး နင်ယန်ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

.........

ဘုရင်မင်းမြတ်သည် နန်းမြို့တော်နှင့် နီးကပ်သည့် ခရီးအကွာအဝေးဆီသို့ ရောက်ရှိနေခဲ့ပြီး မီတာ ၁၀၀ အနီးအနားသာလျှင် ကွာဝေးတော့၏။

“သွား သွား သွား”

မြောက်ဘက်ပိုင်းရှိ အဓိကလမ်းပေါ်မှာတော့ လူတစ်ချို့သည် တိုင်ကြားစာများကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ တစ်ခုသည် ကျန်းချုံးဆီမှ တိုင်ကြားစာ ဖြစ်ပြီး တစ်ခုဆီမှာ ရေနက်တပ်ဖွဲ့ဆီမှ ဖြစ်၏။ တခြားသောတစ်ခုမှာမှု အထူးတရားရုံးမှ ဖြစ်၏။ ထိုတင်သာ မကသေးချေ။ တခြားသောသူများ၏ လျှို့ဝှက် တိုင်ကြားစာများလည်း ပါဝင်သည်။ သို့ပေမည့် အိမ်ရှေ့စံနှင့် စုနန်တို့ဆီမှ စာများလည်း အပါအဝင်ပင်။

အိမ်ရှေ့စံမင်းသားသည် တောင်းပန်စာတစ်စောင် ရေးသားတင်ပြခဲ့သည်။ သူ့အနေနှင့် နိုင်ငံအတွင်း စောင့်ကြည့် စစ်ဆေးရန်တာဝန် ပျက်ကွက်ခဲ့သောကြောင့် သူ့ကို အပြစ်ပေးပါရန်ပင် တောင်းပန်ထားခြင်းဖြစ်သည်။ စုနန်မှာတော့ ဖျားနာနေသောကြောင့် ညီလာခံ မတက်ရောက်နိုင်ကြောင်း ခွင့်တိုင်ခြင်းပင် ဖြစ်၏။

ဘုရင်မင်းမြတ်၏ အစောင့်စစ်သည်နှင့် အရာရှိအားလုံးတို့သည် တစ်ချက်ကလေးမှ မနားရသေးချေ။ ထိုအချိန်မှာပဲ နန်းမြို့တော်ဆီသို့ လျှို့ဝှက်စာများက တစ်ခုပြီး တစ်ခု ရောက်ရှိလာခဲ့၏။ တစ်စုံတစ်ယောက်သည် နန်းမြို့တော်ကို ဝင်ရောက်တိုက်ခိုက်နေသည်ဟုပင် သူက ထင်မှတ်နေမိသည်။ ကိစ္စရပ်အာလုံးက အရေးကြီးနေသည်လား။

ဘုရင်မင်းမြတ်သည် နှစ်ရက်နှင့်သုံးညတိတိ မအိပ်ရသေးချေ။ လက်ရှိအချိန်မှာတော့ ဒေါသကြီးသည့် ခြင်္သေ့ကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူ၏ရှေ့တွင် တိုင်ကြားစာ နှင့် တခြားစာလွှာများက ပုံလျက် ရှိနေ၏။ ရေနက်တပ်ဖွဲ့ အထူးတရားရုံး ... ထို့အပြင် တခြားသော အဖွဲ့အစည်း အသီးသီးတို့ဆီမှ စာများဖြစ်သည်။

ထိုစာလွှာအားလုံးတို့ကို မိန်းမစိုးကြီးလီစွမ်းက သေသေချာချာ စီစဉ်ပေးထားပြီး တစ်ခုပြီး တစ်ခု ဘုရင်မင်းမြတ် ဆီသို့ ကမ်းပေး၏။ လီစွမ်း၏ လှုပ်ရှားမှုများမှာ တကယ့်ကို သဘာဝကျနလွန်းပြီး သူသည် ကျန်းချုံး၏ စာလွှာကိုမှု အောက်ဆုံးမှာ ထားထား၏။

ဘုရင်မင်းမြတ်က တစ်ခုချင်းစီကို ဖတ်၏။ တစ်ခုချင်းစီ ပိုမိုကာ ဒေါသထွက်လာခဲ့၏။ ရှမ့်လန်၏ သတ္တိ တရားသည် ကောင်းကင်ပေါ်တွင် တိုးတက်လျက် ရှိနေပြီး ကောင်းကင်လောက်ပင် ကြီးမားသည်ဟု သတ်မှတ်ရမှာ ဖြစ်၏။

ရေနက်တပ်ဖွဲ့မှ တပ်ဖွဲ့ခေါင်းဆောင်ရန်၏ မိသားစုတစ်ခုလုံးကိုပင် သတ်ဖြတ်ရဲနေ၏။ ဓားပြကြီး နာကျည်းမှုအဖြစ်ပင် ဟန်ဆောင်ရဲသေး၏။ ရွှေဒင်္ဂါးသန်းတစ်ရာကိုလည်း ငွေညှစ်ကာ တောင်းခံခဲ့သည်။ ဤလောကရှိလူများကို အရူးဟု ထင်မှတ်နေသည်လား။ ရေနက်တပ်ဖွဲ့ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူ၏ခွေးများပင် ဖြစ်၏။ သူ၏ခြေထောက်အောက်မှ လူများကို လာရောက်ကာ သတ်ဖြတ်နေသည်လား။

ပြီးနောက် အထူးတရားရုံးမှ အငယ်တန်းဝန်ထောက်၏ စာပင် ဖြစ်၏။ ရှမ့်လန် ဖမ်းဆီးခံရပြီးနောက် ကျင်းမိသားစုသည် ရွှမ်ဝူအိမ်တော်ဆီသို့ စစ်သည်တော်များ စေလွှတ်ခဲ့ကြောင်းနှင့် သူတို့ ဘာလုပ်ရန် ကြိုးစားနေလေသနည်း ဟု နှပ်ကြောင်းပေးခဲ့ခြင်းပင်။ ရွှမ်ဝူကျင်းကျိုးကို ပုန်ကန်ရန် တွန်းအားပေးခဲ့သည်လား။ သူ့အား ခြိမ်းခြောက်ချင်နေသည်လား။

နောက်ထပ်စာလွှာတစ်ခုမှာတော့ သူ့ကို ပိုမိုကာ ဒေါသထွက်စေခဲ့၏။ တတိယမင်းသမီး နင်ယန်သည် အထူးတရားရုံးကို ဝင်ရောက်ကာ တိုက်ခိုက်ခြင်းပင် ဖြစ်၏။ ရူးသွပ်သွားနေသည်လား။

ရှမ့်လန် ရူးသွပ်နေသည်လား။ ဘယ်လိုဖြစ်ပြီး သူ၏ သမီးကိုပင် အသုံးချရဲနေသနည်း။ ထို့အပြင် တော်ဝင်ရန်နိုင်ငံ၏ သံတမန်ကိုပင်လျှင် အသုံးချရဲနေ၏။ တော်ဝင်မိသားစုဝင် တစ်ယောက်ကိုပင် ကိစ္စထဲ ဆွဲခေါ်ခဲ့သည်လား။ တကယ့်ကို ကြီးမားလွန်းသည့် လှုပ်ရှားမှုကြီးပင်။ ပုန်ကန်ခြင်း ... ပုန်ကန်ခြင်း။ တကယ့်ကို သေလမ်းရှာခြင်းပင် ဖြစ်၏။

“ရှမ့်လန်... ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား။ မင်းက ကျင်းမိသားစုကဆိုပြီး မောက်မောက်မာမာ ပြုမူ ဆက်ဆံရဲနေတာလား။ ကျင်းကျိုး ဟုတ်လား။ ခင်ဗျားရဲ့သမက်က ကျုပ်ကို လှည့်စားရုံတင် မကဘူး။ အိမ်ရှေ့စံမင်းသားကိုလည်း ကျိန်ဆဲခဲ့သေးတယ်။ ဒီအရာနဲ့တင် သူ သေဖို့ ထိုက်တန်နေပြီ။ ကျုပ် သူ့ကို သတ်မယ်။ အခု သူက ပုန်ကန်ဖို့အတွက်တောင် လုပ်နေပြီလား”

ဘုရင်မင်းမြတ်၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အဆုံးစွန်အထိ မြင့်တက်လာခဲ့သည်။

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “အရှင်မင်းကြီး ... နောက်ဆုံး လျှို့ဝှက်စာ ကျန်ပါသေးတယ်။ ဒါက ကျန်းချုံးဆီကပါ”

“ကျုပ် ထပ်ပြီး မဖတ်ချင်တော့ဘူး”

ဘုရင်မင်းမြတ်က ဒေါသတကြီး ပြောလိုက်သည်။ “ကျန်းချုံးက ဘာပြောချင်တာလဲ။ ကျုပ် ထပ်ပြီး မဖတ်ချင်တော့ဘူး”

သူ့အနေနှင့် ထပ်မံကာ မကြည့်ချင်တော့ချေ။ သို့ပေမည့် သူသည် အသာယူကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။

ခန္ဓာကိုယ် တစ်ခုလုံးတွင် အေးစက်သည့် ခံစားချက်များ ဖြစ်တည်လာ၏။ ကျန်းချုံး၏ စာလွှာသည် ရှမ့်လန်နှင့် ဘာမှ မသက်ဆိုင်ချေ။ သူ၏ လျှို့ဝှက်စာက တကယ့်ကို ရှည်လျားလွန်း၏။ စုမိသားစု၏ ကုန်သွယ်ရေး ကိစ္စရပ်အားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားခြင်းပင်။

စုမိသားစုသည် ချင်နိုင်ငံဆီသို့ နှစ်စဉ်နှစ်တိုင်း ရွှေဒင်္ဂါး ၄ သောင်းကျော် ပေးအပ်နေခြင်းနှင့် သူတို့၏ လယ်ယာမြေမှ ကုန်ထုတ်လုပ်မှုအားလုံးကို ချင်နိုင်ငံဆီသို့ ဆက်သနေခဲ့သည်။ စုမိသားစု အနေနှင့် ထိုကဲ့သို့သော ငွေကြေးများကို ဘယ်ကနေ ရရှိသနည်း။ ကျိန်းသေပေါက် မျက်စိသုံးလုံး မိစ္ဆာကို ရှေ့တင်၍ ထိုသူလုယက်သမျှ အရာအားလုံးဖြင့် သံတမန်ရေးရာ ဆက်ဆံရေးအားလုံးကို တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။

ထို့အပင် ဓားပြတိုက်ခြင်း ၊ ကျေးကျွန် ကုန်သွယ်ခြင်းများပြုလုပ်ခဲ့သည်။ တကယ့်ကို တုန်လှုပ်စရာပင်။ ရွှဲ့ပြည်နယ်မှ လူပေါင်းများစွာတို့ကို ဖမ်းဆီးပြီး ချင်နိုင်ငံဆီသို့ ရောင်းချနေခြင်း ဖြစ်၏။

ဝူနှင့် ရွှဲ့ပြည်နယ်တို့၏ တိုက်ပွဲကြားတွင် ဝူပြည်နယ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျပြီးသား ဖြစ်၏။ အနောက်ဘက်ရှိ ချောင်ပြည်နယ်သည် ရွှဲ့ပြည်နယ်နှင့် ပတ်သက်၍ ကြီးမားသည့် ပြဿနာကြီး တစ်ခု ဖြစ်လာခဲ့၏။ ရွှဲ့ပြည်နယ်၏စစ်တပ် တစ်ဝက်ကျော်တို့သည် အနောက်ဘက်ရှိ ချောင်ပြည်နယ် တိုက်ခိုက်နေခဲ့ရ၏။ စစ်ပွဲမစသေးသော်လည်း နယ်စပ်တစ်လျှောက်တွင် များပြားသည့် ပဋိပက္ခများ ဖြစ်ပွားနေပြီးသား ဖြစ်၏။ နိုင်ငံနှစ်ခုကြားတွင် ရှိနေသည့် နယ်စပ်နေရာကို ပိတ်ပင်ပြီး ကုန်သွယ်ရေးဇုန် တစ်ခုလုံးကို ဖြတ်တောက်ထားသည်။

ချောင်နိုင်ငံနှင့် ရွှဲ့ပြည်နယ်တို့သည် စစ်ပွဲဖြစ်ပွားလိမ့်မည်ဟု နင်ယွမ်ရှန်းက စိတ်ထဲတွင် တွေးတောခဲ့၏။ သို့ပေမည့် ရွှဲ့ပြည်နယ်သည် တောင်ပိုင်းနိုင်ငံ၏ ပုန်ကန်မှုကို ဖြေရှင်းနေခဲ့ရပြီး ချောင်နိုင်ငံမှာတော့ လျန်နိုင်ငံနှင့် ဝေနိုင်ငံကဲ့သို့သော နိုင်ငံအသီးသီးတို့နှင့် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသေး၏။ ထို့ကြောင့် နှစ်ဖက်လုံးသည် လက်မအားသေးဟု ပြောရပေလိမ့်မည်။

ယခု ကျန်းချုံး၏ စာလွှာအရဆိုလျှင် အသေးစိတ် အချက်အလက်အားလုံးကို သေသေချာချာ ထည့်သွင်း ရေးသားထားခဲ့၏။ စုနန်သည် ချင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု တိုက်ရိုက် မရေးသားသည်ဆိုသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလျက် ရှိနေ၏။ စုနန်သည် ပထမဦးဆုံး ချင်နိုင်ငံ၏ နိုင်ငံရေးရာအားလုံးကို မောင်ပိုင်စီးထား၏။

ပြီးနောက် ချောင်နိုင်ငံ၊ ချင်နိုင်ငံတို့နှင့် ကုန်သွယ်မှုအတော်များများကို ပြုလုပ်ထားပြီး နှစ်စဉ်နှစ်တိုင်း ရွှေဒင်္ဂါး အတော်များများကို ပံ့ပိုးပေးထား၏။ ထိုအရာသည် တကယ့်ကို ကြီးမားသည့် သင်္ကေတပင် ဖြစ်၏။ စုမိသားစုနှင့် ချောင်နိုင်ငံတို့၏ ကြားတွင် မည်ကဲ့သို့သော ကုန်သွယ်မှုများ ရှိဦးမည်နည်း။ မထင်မှတ်ထားလောက်သည့် သဘောတူညီမှုများပင် ပါဝင်နေနိုင်သည်။

နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်သော အခြေအနေမျိုးကို မြင်ရချိန်မှာတော့ သူ၏ ဒေါသတရားများက လျော့ပါးသွားခဲ့၏။ သူသည် ချက်ချင်းပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ရုတ်တရက် ပေါက်ကွဲရာမှ ရပ်တန့်သွားခဲ့သည့် မီးတောင်ကြီး တစ်ခုကဲ့သို့ပင်။ သူ၏ ခံစားချက်များ အားလုံးက အေးခဲသွားခဲ့၏။

ကျန်းချုံးက အကောင်းဆုံး ကူညီခဲ့သည်။ မျက်နှာပြင်ထက်တွင် ရှမ့်လန်ကို ကူညီ ထောက်ပံ့နေသည်သာ မကချေ။ ဘုရင်မင်းမြတ်၏ဒေါသတရားကို ငြိမ်းသတ်ရန် ဘာလုပ်ရမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ကြီးမားသည့် ကိစ္စရပ်များအတွင်း သူသည် ပိုမို၍ကြီးမားသည့် ကိစ္စရပ်တစ်ခုကို ထုတ်ဖော်ခဲ့၏။ အသက်တမျှ အရေးကြီးသည့်အရာကို ထုတ်ဖော်ခဲ့ခြင်းပင်။

“စုနန်ရဲ့စာ ပါသေးလား”

“မပါပါဘူး။ သူက အိမ်မှာ ဖျားနေလို့တဲ့။ ခွင့်တိုင်တဲ့စာပဲ ပါတယ်”

“ခင်ဗျား မျက်စိသုံးလုံးမိစ္ဆာဆိုတဲ့ လူအကြောင်း ကြားဖူးလား”

“ဒီကျေးကျွန်က ကြားခဲ့ဖူးပါတယ်”

“အဲဒီ စာရင်စုမှာရှိတဲ့ အမှုထမ်းတွေ မျက်စိသုံးလုံးမိစ္ဆာနဲ့ ပတ်သက်ပြီး တိုင်ကြားစာတစ်ခုခု တင်ပြခဲ့ဖူးလား”

“မတင်ပြပါဘူး”

နင်ယွမ်ရှန်းသည် စာလွှာကို ဆက်ကာ ဖတ်ရှုလျက် ရှိ၏။ အဆုံးသတ်မှာတော့ ကျန်းချုံးသည် အမှတ်မထင် ဆိုသလို ထိုအရာကို ထုတ်ဖော်ခဲ့၏။

ရှမ့်လန်က အပြစ်ဟူသမျှကို ဝန်မခံခဲ့ချေ။ ဘုရင်မင်းမြတ် အနားရှိ ယုံကြည်ရသူ တစ်ယောက်ယောက် လာမှ အရာအားလုံးကို ပြောဆိုမည်ဟု ကြွေးကြော်ထားသည်။

“လီစွမ်း... ခင်ဗျား ကိုယ်တိုင်ကိုယ်ကျသွားပြီး ရှမ့်လန်ကို စစ်ဆေးလိုက်။ ဘုရင်မင်းမြတ်ကို လိမ်ညာလှည့်စားတဲ့ ပြစ်မှု၊ အိမ်ရှေ့စံမင်းသားကို ကျိန်ဆဲတဲ့ ပြစ်မှု၊ ဒီပြစ်မှုတွေက သေစေနိုင်တဲ့ အပြစ်တွေချည်းပဲ။ သေသေချာချာ စုံစမ်းခဲ့”

မိန်းမစိုးကြီး လီစွမ်းသည် ဦးညွှတ်ကာဖြင့် ပြောလိုက်၏။ “ကောင်းပါပြီ”

ပြီးနောက် သူက ထွက်ခွာသွားရန် ပြင်လိုက်သည်။

သို့ပေမည့် ဘုရင်မင်းမြတ်သည် နင်ချီကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “နင်ချီ.. မင်းလည်း လိုက်သွား။ ပြီးရင် ဘာမှ မပြောနဲ့။ ကြည့်ရုံပဲ စောင့်ကြည့်ခဲ့”

တတိယမင်းသားနင်ချီသည် အိမ်ရှေ့စံနှင့် ယှဉ်ပြိုင်နိုင်သည်အထိ အားအင်တောင့်တင်းပြီး ထောက်ခံသူ ပေါများသူ ဖြစ်၏။

“ကောင်းပါပြီ အရှင်မင်းကြီး” တတိယမင်းသား နင်ချီက ပြောလိုက်သည်။

ဘုရင်မင်းမြတ်သည် သံသယ ကြီးမားသည့် လူတစ်ယောက် ဖြစ်၏။ သူ့အနေနှင့် လီစွမ်းတစ်ယောက်တည်းကို လွယ်လွယ်ကူကူ မလွှတ်ခဲ့ချေ။ တတိယမင်းသားကိုပါ ကြည့်ရှုရန် စေလွှတ်လိုက်၏။

“ရှမ့်လန် ဝန်မခံဘူးဆိုရင် သူ့ရဲ့ ကျောင်းသား ဂုဏ်ပုဒ် အားလုံးကို ဖယ်ရှားလိုက်။ သူက တော်ရုံတန်ရုံကို ရိုက်နှက်မှုမျိုးကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။ ကျိန်းသေပေါက် ထုတ်ပြောလိမ့်မယ်။ တကယ်လို့ ရှမ့်လန်က ဘုရင်မင်းမြတ်ကို လိမ်လည်ပြီး အိမ်ရှေ့စံမင်းသားကို ကျိန်ဆဲရဲခဲ့တယ်ဆိုရင် အညှာအတာကင်းမဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့”

...........

All Chapters