← Chapters

အခန်း (၃၄၁)

Vol. 25 Ch. 341

အခန်း (၃၄၁)

Vol. 25 Ch. 341

လီစွမ်းက ကြောင်အသွား၏။ ဤအချိန်မှာပဲ တတိယမင်းသား နင်ချီနှင့် အကြီးဆုံးမင်းသမီး နင်ကျဲ့တို့က လှမ်းလျှောက်လာခဲ့၏။ သူတို့သည် နေရောင်အောက်သို့သွားပြီး သေတမ်းစာကို သေသေချာချာ ဖတ်ရှုလိုက်သည်။

အမှန်ပင် ဖြစ်၏။ ‘ကျွန်မရဲ့ ဝမ်းဗိုက်ကို ဖွင့်ပြီး’ ဆိုသော စာနေရာတွင် လက်သည်းဖြင့် ကုတ်ခြစ်ထားသည့် အနီရောင်အရာလေးတစ်ခု ရှိနေ၏။ ထိုအရာမှာ မိန်းမတစ်ယောက်၏ လက်သည်းရာပင် ဖြစ်၏။

အားလုံးသောသူတို့သည် မည်သို့မှမနေနိုင်ဘဲ ဟယ်ဝမ်ဝမ်၏ ဝမ်းဗိုက်ဆီသို့ လှမ်းကာ ကြည့်လိုက်၏။ ဤသေတမ်းစာ၏ ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်အား သူမ၏ ဝမ်းဗိုက်ကိုဖွင့်ရန် သတိပေးခဲ့လေသည်လား။ သူမ၏ ဝမ်းဗိုက်ထဲတွင် တစ်စုံတစ်ခု ရှိနေသည်လား။

လီစွမ်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမယ်ဆိုရင်တောင်မှ သူ့ရဲ့ ဝမ်းဗိုက်ကိုခွဲဖို့ ကျုပ် ဆုံးဖြတ်ချက် မချနိုင်ဘူး။ ဒီကိစ္စကို အရှင်မင်းကြီးဆီ သတင်းပို့မှ ဖြစ်မယ်”

သူက ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည် “ခဏလောက် စောင့်ကြပါအုံး။ ကျုပ် အရှင်မင်းကြီးဆီ တစ်ခါတည်း သတင်းပို့လိုက်မယ်။ သူ့ရဲ့ ဝမ်းဗိုက်ကို ခွဲရမလား၊ မခွဲရဘူးလားဆိုတာ အရှင်မင်းကြီးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပေါ့”

ပြီးသည့်နောက်မှာတော့ မိန်းမစိုးလီစွမ်းသည် အပြင်ဘက်သို့ ထွက်ကာဖြင့် သူ၏ စစ်မြင်းကြီးပေါ်တက်ကာ မြောက်ဘက်အရပ်ဆီသို့ ဦးတည်၏။

ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးက နွေးထွေးသွားခဲ့၏။ ဤမိန်းမစိုးသည် အပြင်ဘက်တွင် အေးစက်ပုံပေါ်သော်လည်း အတွင်းပိုင်းမှာတော့ သူ့ကို ကူညီပေးလျက်ရှိ၏။ တကယ် နွေးထွေးသည့် လူမျိုးပင်။

ဟုတ်ပေ၏။ တစ်ဖက်လူသည် ရှမ့်လန်အပေါ်တွင် ကောင်းမွန်သည့် အထင်ကြီး စိတ်ခံစားမှုမျိုး ရှိသည်တော့ မဟုတ်ချေ။ ဘုရင်မင်းမြတ်ကို သစ္စာရှိခြင်းသာလျှင် ဖြစ်၏။ ဘုရင်မင်းမြတ်အပေါ်တွင် သစ္စာရှိသည့် တစ်ယောက်ဖြစ်သောကြောင့် စုနန် အောင်မြင်သွားမည်ကို မလိုချင်ခြင်းသာ ဖြစ်၏။

.................

မိုင်ဒါဇင်နှင့်ချီ အသော့နှင်ပြီးနောက် မိန်းမစိုးလီစွမ်းသည် ဘုရင်မင်းမြတ် ခေတ္တနားခိုရာနေရာဆီသို့ ရောက်ရှိလာခဲ့သည်။ မြင်းပေါ်မှအသာဆင်းပြီး ဘုရင်မင်းမြတ်၏ ရထားလုံးဆီသို့ လျင်လျင်မြန်မြန် ဝင်လိုက်သည်။

ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ပင်ပန်းလွန်းနေပြီဖြစ်သည်။ ထို့ကြောင့် အိပ်ရာထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။

“အရှင်မင်းကြီး” လီစွမ်းက အသာနှိုးလိုက်သည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ရုတ်တရက် နိုးထလာခဲ့၏။ “ခွေးအိုကြီး... အခြေအနေက ဘယ်လိုရှိလဲ။ ရှမ့်လန် ဝန်ခံလိုက်ပြီလား”

လီစွမ်းသည် ဒူးထောက်ကာဖြင့် အရာအားလုံးကို လျှောက်တင်လိုက်၏။ ပြီးနောက် သူသည် ဟယ်ဝမ်ဝမ်၏ သေတမ်းစာကို အသာကမ်းပေးလိုက်သည်။ “ကိုယ်လုပ်တော်ရဲ့ သေတမ်းစာထဲမှာ လက်သည်းရာ အမှတ်အသားတစ်ခု ရှိတယ်။ အခုအခြေအနေမှာ သူမရဲ့ဝမ်းဗိုက်ကို ဖွင့်ဖို့က အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်လာတယ်။ ကျုပ် ဆုံးဖြတ်ချက် မလုပ်နိုင်ပါဘူး။ အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးပါ”

ဘုရင်မင်းမြတ်သည် ကောင်းကင်ယံဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သေချာပေ၏။ ဟယ်ဝမ်ဝမ် ရေးသား ခဲ့သည့် စာလုံးတစ်ခုတိုင်းကို သူ သေသေချာချာ အလေးမထားခဲ့ချေ။ ယခုသေတမ်းစာ၏ စာလုံးပေါ်တွင် လက်သည်းရာလေးတစ်ခု တည်ရှိနေခဲ့၏။

ဤအရာက သတိပေးခြင်းလား၊ သို့မဟုတ် တိုက်ဆိုင်မှု တစ်ခုလေလား။ သတိပေးခြင်းသာ ဆိုပါက သူမအနေနှင့် သေတမ်းစာကို တခြားသောသူတစ်ယောက်ယောက်၏ တွန်းအားပေးမှုကြောင့် ရေးသားခဲ့သည် ဆိုသော အဓိပ္ပာယ် ပေါက်၏။ ထို့ကြောင့်ပင်လျှင် သူမ၏ လက်သည်းများဖြင့် ကုတ်ခြစ်ထားခဲ့ခြင်းသာလျှင် ဖြစ်မည်။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ရှမ့်လန်က ဘာဖြစ်လို့ ‘တောက်ပတဲ့လကြီး ပေါ်လာချိန်’ ဆိုတဲ့ စာကို ဟယ်ဝမ်ဝမ်ဆီ ရောင်းချခဲ့တာလဲ။ ပြောသေးလား”

လီစွမ်းက ပြောလိုက်၏။ “သူက ဖွန်ကြောင်ဖို့တဲ့။ မိန်းကလေးကို ပိုးပန်းဖို့ပေါ့။ သူက ဟယ်ဝမ်ဝမ်ကို ပိုးပန်းပြီး လီဝမ်ကျန့်ကို လက်စားချေချင်တယ်။ ဒါကြောင့် ဟယ်ဝမ်ဝမ်ဆီ သွားပြီး ရောင်းချခဲ့တာလို့ ပြောတယ်”

ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “မင်း ဘယ်လိုထင်လဲ”

လီစွမ်းက ပြန်လည်ကာ ဖြေဆို၏။ “ဒီကောင်လေး တော်တော်ဆိုးတယ်။ အရှက်တရားဆိုလို့ တစ်ချက်ကလေးတောင် ရှိတာ မဟုတ်ဘူး”

သာမန်အားဖြင့် လူတစ်ယောက် သေဆုံးပြီးနောက် ခန္ဓာကိုယ်ကို ခွဲဖြင့် စစ်ဆေးခြင်းဆိုသည်မှာ ကောင်းသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် နင်ယွမ်ရှန်းသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ ရှမ့်လန် သူ့အား လှည့်စားခဲ့ခြင်း ၊ အိမ်ရှေ့စံမင်းသားအား ကျိန်စာတိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ သူ တကယ်ပင် စိုးရိမ်မိသည်။

ထို့အပြင် ရှမ့်လန် ဟယ်ဝမ်ဝမ်၏ အပျိုစင်ကို ဖျက်ဆီးခဲ့သောကြောင့် သူ ဒေါသ ထွက်မိ၏။ ဟယ်ဝမ်ဝမ်နှင့်ပတ်သက်၍ သူ၏ အချစ်က မည်မျှ လေးနက်သနည်း။ မသိပေ။ နွားကျခဲ့သောကြောင့် ဒေါသထွက်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။

“ဒါဆိုရင် သူ့ရဲ့ ဝမ်းဗိုက်ကိုခွဲပြီး အထဲမှာ ဘာရှိလဲ ကြည့်ရအောင်” ဘုရင်မင်းမြတ်က ပြောလိုက်သည်။

“ကောင်းပါပြီ အရှင်မင်းကြီး” လီစွမ်းသည် အထူးတရားရုံးဆီသို့ ထွက်ခွာသွားရန် ပြင်လိုက်၏။

ဘုရင်မင်းမြတ်က ရုတ်တရက် မေးလိုက်သည်။ “ခွေးအိုကြီး.. ဘယ်လိုဖြစ်ပြီးတော့ ရှမ့်လန်ကို အားတက် သရောနဲ့ ကူညီချင်နေရတာလဲ”

မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်၏။ “ဒီကျေးကျွန်အိုကြီးက ရှမ့်လန်ကို ကူညီချင်နေတာ မဟုတ်ပါဘူး။ ကျုပ်က တစ်စုံတစ်ယောက်ကို မအောင်မြင်စေချင်လို့ပဲ။ ရှမ့်လန်က ခပ်ကြောင်ကြောင်၊ အရှက်မရှိတဲ့ ခွေးတစ်ကောင် သာသာပါပဲ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ခွေးအိုကြီး... ခင်ဗျားရဲ့ စကားလုံးထဲမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေ ရှိနေတယ်”

လီစွမ်းက မြေပေါ်သို့ ဒူးထောက်လိုက်၏။ ဘာမှဆက်မပြောချေ။

“ဟယ်ဝမ်ဝမ်ရဲ့ ဝမ်းဗိုက်ကို ခွဲဖွင့်မယ်။ ပြီးတော့ အထဲမှာ ဘာပါဝင်လဲဆိုတာ ကြည့်ရမယ်” ဘုရင်မင်းမြတ်က လှမ်းပြီး ပြောလိုက်၏။

လီစွမ်းသည် စစ်မြင်းပေါ်ကို ခုန်တက်ကာဖြင့် တောင်ဘက်ပိုင်းဆီသို့ အသော့နှင်ပြန်သည်။

..............

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် မိန်းမစိုးကြီးလီစွမ်းသည် မြင်းပေါ်မှ ခက်ခက်ခဲခဲ ဆင်းလိုက်၏။ သူသည် မြင်းပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွား၏။ သူ မအိပ်ရသည်မှာ လေးရက်နှင့် သုံးညတိတိ ရှိနေပြီ ဖြစ်၏။ ပြိုလဲလုမတတ် ဖြစ်၏။

မင်းသမီးနင်ယန်သည် ရှေ့သို့လှမ်းတက်သွားခဲ့ပြီး သူ့အား အမြန် ပြေးပွေ့လိုက်သည်။

“တတိယ မင်းသမီး.. မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ ယောကျာ်းနဲ့ မိန်းမ ကြားမှာ ခြားနားချက်တွေ ရှိတယ်။ ပြီးတော့ ကျုပ်က အဆင့်နိမ့်တဲ့ အစေခံတစ်ယောက်ပါပဲ” လီစွမ်းက ခပ်မြန်မြန် ပြောလိုက်၏။

ဒေါသကြီးသော ကျားမနင်ယန်က ပြောလိုက်သည်။ “ရှင်က ဘယ်လိုလုပ် ယောကျာ်းဖြစ်မှာလဲ။ မိန်းမစိုး မဟုတ်ဘူးလား”

သူမ ထိုသို့ပြောလိုက်ချိန်မှာတော့ ယွမ်မင်ကျယ်သည် မျက်နှာကိုအုပ်ကာကာဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်မည်။ ဤမိန်းမသည် စကားကို မည်သို့ပြောရမည်ဆိုသည်ကိုပင် ကောင်းကောင်းမသိချေ။ ကောင်းမွန်သည့် အရာကို ပြုလုပ်ခြင်းဖြစ်၏။ သို့ပေမည့် ပါးစပ်မှ ကောင်းကောင်းမွန်မွန် မထွက်လျှင် ဘာထူးမည်နည်း။

ကံကောင်းစွာဖြင့် လီစွမ်းသည် အိုမင်းသည့် အဘိုးအိုတစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် တခြားသော အရာများကို ဂရုမစိုက်ချေ။ သူက အသာသာ ရယ်မောလိုက်၏။

ဟောခန်းထဲသို့ လျှောက်ဝင်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီးက ဟယ်ဝမ်ဝမ်ရဲ့ ဝမ်းဗိုက်ကို ဖွင့်ကြည့်ဖို့ အမိန့်ပေးလိုက်တယ်။ သေသေချာချာ စစ်ဆေးကြ”

အမျိုးသမီးသမားတော် လေးယောက်သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “ကောင်းပါပြီ။ အမိန့်တော်အတိုင်းပါ”

ပြီးနောက် မင်းသမီးကြီးနင်ကျဲ့၏ ကြည့်ရှုစောင့်ကြပ်မှုအောက်မှာပဲ မိန်းမစိုးကြီးလီစွမ်းနှင့် ဆေးသမားတော် အမျိုးသမီးလေးယောက်တို့သည် ဟယ်ဝမ်ဝမ်၏ ဝမ်းဗိုက်ကို ခွဲကာ ကြည့်ရှုလိုက်သည်။

တကယ်ပင် အမြင်ဆိုးဝါး၏။ ဝမ်းဗိုက်တစ်ခုလုံးသည် စိန်အဆိပ်များကြောင့် ဆိုးဆိုးဝါးဝါး စုတ်ပြတ်သတ်လျက် ရှိ၏။ ထိုအရာကို ရေနှင့် တော်တော်ပင် ဆေးကြောလိုက်ရ၏။ မိနစ်အနည်းငယ် ကြာပြီးသည့်နောက် ဟယ်ဝမ်ဝမ်၏ ဝမ်းဗိုက်တစ်ခုလုံးက သန့်ရှင်းသွားခဲ့၏။

“ဒီမှာ တစ်ခုခုရှိနေတယ်။ ဒီမှာ တစ်ခုခု ရှိနေတာပဲ” ဆေးသမားတော် အမျိုးသမီးတစ်ယောက်က လှမ်းကာ ပြောလိုက်သည်။

မိန်းမစိုးကြီး လီစွမ်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဒါကို ထုတ်ယူလိုက်၊ မပျက်စီး စေနဲ့”

ဆေးသမားတော် အမျိုးသမီးသည် ထိုအရာကို အသာပင် လှမ်းကာ ယူလိုက်သည်။ ငွေရောင်လက်ဆေးကန် ထဲသို့ ထည့်လိုက်၏။ တစ်လက်မနီးပါးခန့် ထူသော ဖယောင်းထုတ်တစ်ခု ဖြစ်သည်။

လီစွမ်းက ထိုအရာကို ယူလိုက်၏။ “ဟယ်ဝမ်ဝမ်ရဲ့ ဝမ်းဗိုက်ထဲမှာ တကယ် ဒီဟာ ရှိနေတာပဲ။ သူက စိန်အဆိပ်ကို မသောက်ခင်မှာ ဒါကို အရင် ပါးစပ်ထဲ ထည့်ထားတာ နေလိမ့်မယ်”

အားလုံး အံ့ဩသွား၏။ အထူးသဖြင့် အထူးတရားရုံးဆီမှ လက်ထောက် ဝန်ထောက်နှင့် ရေနက်တပ်ဖွဲ့ဆီမှ တာဝန်ရှိသူတို့ပင် ဖြစ်၏။ သူတို့၏ အမူအရာများက ပြောင်းလဲသွားခဲ့၏။ ဟယ်ဝမ်ဝမ်၏ ဝမ်းဗိုက်ထဲတွင် ထိုအရာက တကယ် တည်ရှိနေသည်လား။ ထိုသို့ဆိုလျှင် ဘာဖြစ်မည်နည်း။

မိန်းမစိုးလီစွမ်းက ပြောလိုက်သည်။ “ပြီးရင် အားလုံးရဲ့ရှေ့မှာ ကျုပ် ဒီဖယောင်းထုတ်ကို ဖွင့်မယ်”

ပြီးနောက် လီစွမ်းသည် လက်အိတ်ကို အသာကောက်ဝတ်ပြီး ဖယောင်းထုတ်ကို တစ်လွှာချင်းစီ ခွာ၏။

အထဲတွင်တော့ စာရွက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ စာလုံးများသည် အနည်းငယ် ဝါးလျက်ရှိ၏။ သို့ပေမည့် ထိုအရာကို သေသေချာချာ ကြည့်ရှု၍ရသည်။

“အရှင်မင်းကြီး.. စုကျန့်ထင်က ကျွန်မကို အဓမ္မပြုကျင့်ခဲ့တယ်။ ပြီးတော့ ကျွန်မကို သတ်ဖြတ်ပြီး ရှမ့်လန်ကို ဒုက္ခရောက်အောင် လုပ်ချင်နေတယ်”

ဤအရာက အောက်တွင် အမှတ်အသားတစ်ခု ရေးသားထားခဲ့၏။ 'ဝမ်ဝမ်'

အမျိုးသမီးဆေးသမားတော်သည် ကြောင်အသွားခဲ့၏။ ဟယ်ဝမ်ဝမ်၏ အလောင်း၌ ဤသို့ အတင်း တွန်းအားပေးခံထားရသည့် အရိပ်အယောင်မျိုး မရှိချေ။

ချက်ချင်းဆိုသလိုပဲ ထိုအမျိုးသမီးဆေးသမားတော်သည် ငြိမ်သက်တိတ်ဆိတ်လျက်ရှိနေသည့် အခန်းထဲသို့ ပြန်ဝင်ကာ စစ်ဆေးပြန်၏။ မကြာခင်မှာ သူမက ရှာတွေ့သွားခဲ့သည်။

ဟယ်ဝမ်ဝမ်၏ အစာအိမ်လမ်းကြောင်းထဲတွင် စုတ်ပြတ်သတ်လျက် ရှိနေ၏။ သူမသည် ပထမတော့ သေသေချာချာ မကြည့်ရှုခဲ့ချေ။ ထိုအရာမှာ စိန်အဆိပ်ကြောင့်ဖြစ်မည်ဟု ထင်မှတ်ထားခဲ့၏။ ယခု သူမက သေသေချာချာ ပြန်လည်ကြည့်ရှု၏။

“ဟယ်ဝမ်ဝမ်ရဲ့ အနောက်ပေါက်က ထိခိုက်ထားတယ်။ ဒါကို စိန်အဆိပ်ရဲ့ တိုက်စားမှုကြောင့် ဖြစ်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သေသေချာချာ ပြန်ကြည့်တော့ စိန်အဆိပ်ကြောင့် မဟုတ်ဘူး။ စိန်အဆိပ်ကြောင့်သာ လောင်ကျွမ်းသွားတယ်ဆိုလို့ရှိရင် ကျွမ်းလောင်ခံရတဲ့ ပုံစံမျိုး ဖြစ်မှာ။ ဒီလို စုတ်ပြဲနေမှာ မဟုတ်ဘူး။ အသက်ရှင်နေတုန်းက အဓမ္မပြုကျင့်ခံရတာ သေချာပြီ။ ပြီးတော့ ပုံမှန်မဟုတ်ဘဲ အနောက်ပေါက်ကို ပြုကျင့်ခဲ့တာ”

ထိုဆေးသမားတော် အမျိုးသမီးသည် ခန်းမထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ “အားလုံးပဲ။ ဟယ်ဝမ်ဝမ်က အသက်မသေဆုံးခင်မှာ စော်ကား ခံခဲ့ရတဲ့ပုံပဲ။ ဒါကို ခုဏတုန်းက ကျွန်မတို့ သေသေချာချာ မစစ်ဆေးခဲ့မိဘူး။ စိန်အဆိပ်ကြောင့် ဖြစ်မယ်လို့ပဲ ထင်မှတ်မှားခဲ့တယ်”

အားလုံးသောသူတို့သည် အံ့အားသင့် တုန်လှုပ်သွားခဲ့ကြသည်။

“စုကျန့်ထင်... ခင်ဗျား ရူးသွားပြီလား။ လူသတ်ရုံတင် မကဘူး။ ဒီလို ယုတ်မာတဲ့ အလုပ်ကိုတောင် လုပ်ရဲတယ်ပေါ့။ စိတ်ကြွနေရင် တခြားမိန်းမကို သွားလုပ်လေ။ အရှင်မင်းကြီး မြတ်နိုးတော်မူတဲ့ မိန်းမကို ဒီလိုမျိုး လုပ်ရဲတာ။ အဲလောက်တောင် အရသာခံမှုက ထူးခြားနေတာလား။ တကယ့်ကို ရူးနေပြီပဲ”

ရှမ့်လန်မှာတော့ စိတ်ထဲတွင် တကယ့်ကို အံ့အားသင့်လျက် ရှိနေ၏။

“အဒေါ်ရွှယ်ရင်.. ခင်ဗျားက တကယ့်တော့ သူတော်စင်မကြီး မဟုတ်ပါလား။ ဘာမဆို လုပ်ရဲကိုင်ရဲ ရှိပါပေတယ်”

............

ရွှယ်ရင်၏ ကျွမ်းကျင်ဆုံးသော အလုပ်က မည်သည့်အရာ ဖြစ်မည်နည်း။ နတ်မိမယ်တစ်ပါးကဲ့သို့ သူတော်စင် တစ်ယောက်လို နေထိုင်ခြင်းလား။

မဟုတ်ပေ။ ထိုအရာက သူမ၏ အချိန်ပိုင်းအလုပ်သာလျှင် ဖြစ်၏။ သူမ၏ အစစ်အမှန် ကျွမ်းကျင်မှုမှာ သူလျှိုလုပ်ခြင်း ဖြစ်၏။

ယခင်တုန်းက တော်ဝင်ရန်နိုင်ငံသည် သူမအား ကျန်းလီ၏ ဘေးတစ်ဖက်ဆီသို့ စေလွှတ်ပြီး သူလျှို ပြုလုပ်စေခဲ့၏။ သို့ပေမည့် ကျန်းလီ၏ ဩဇာတိက္ကမမှာ ကြီးမားလွန်းလှသောကြောင့် ထိုသူလျှိုပင်လျှင် ကျန်းလီ၏ ဘက်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤဆယ်နှစ်အတွင်း သူမသည် ပြုလုပ်ခဲ့မိသော မကောင်းမှုများ အားလုံးကို ဖယ်ရှားနိုင်ရန်အတွက် များပြား လှသော ကုသိုလ်တရားများကို ပြုလုပ်ခဲ့၏။ လူပေါင်းထောင်ချီကိုပင် ကယ်ဆယ်ခဲ့၏။ သို့ပေမည့် သူမ၏ ကျွမ်းကျင်လွန်းသည့် စွမ်းရည်မှာတော့ ပျောက်ကွယ်မသွားခဲ့ပေ။

ရှမ့်လန် ချင်နိုင်ငံဆီမှ ပြန်လာပြီးနောက် ဤနတ်မိမယ်ကဲ့သို့ လှပလွန်းသည့်အဒေါ်၏ အကူအညီဖြင့် ညီလာခံ၌ နန်းတွင်းအမှုထမ်းကြီး နှစ်ယောက်ကိုပင် ဒုက္ခပြန်ပေးနိုင်ခဲ့၏။

ပြီးနောက် သူမ နန်းမြို့တော်ဆီမှ ထွက်သွားစဉ်က ရှမ့်လန်သည် လိုက်ပါပို့ဆောင်ခဲ့၏။ ထို့အပြင် သူမအား လျန်ခရိုင်သို့ သွားရောက်ပြီး တစ်စုံတစ်ခုပြုလုပ်ပေးရန် တောင်းဆိုခဲ့၏။ ထိုအရာသည် သူမ၏ အောက်ခြေစည်းမျဉ်းကို ကျော်လွန်သွားမလားဟု ရှမ့်လန်က စိုးရိမ်မိခဲ့သေးသည်။

ထိုအချိန်တုန်းက သူမသည် အပြစ်ကင်းစင်သည့် လူတစ်ယောက် မဟုတ်ကြောင်း ရွှယ်ရင်က ပြောခဲ့၏။ သူမက ဘာမဆို ပြုလုပ်နိုင်စွမ်း ရှိ၏။ ထိုအရာကို သက်သေပြနိုင်ရန်အတွက် သူမသည် ရှမ့်လန်၏ ဥများနှင့်ပင် လှမ်းကိုင်ကာ ဆော့ကစားခဲ့သေး၏။

သူမက မည်သည့်အောက်ခြေစည်းမျဉ်းမှ မရှိသည့် မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း ပြသခဲ့ခြင်းပင်။

ရှမ့်လန်မှာတော့ တည်နေရာတွင် ကြက်သေသေ ခဲ့ရပြီး ညအိပ်တိုင်း အကြိမ်ပေါင်းများစွာ ထိုမြင်ကွင်းကို အိပ်မက် မြင်မက်ခဲ့သည်။

အစစ်အမှန်တရားကလည်း ဤသို့ပင် ဖြစ်၏။ ကျွမ်းကျင်သည့် ကိစ္စရပ်မျိုးကို ကျွမ်းကျင်သည့်လူများ ပြုလုပ်ရန် စေခိုင်းထားခြင်းကသာ အကောင်းဆုံးဖြစ်၏။

ရေနက်တပ်ဖွဲ့ဆီမှ စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ဟယ်ဝမ်ဝမ်ကို အချိန်ပြည့် စောင့်ကြည့်ကာ ကာကွယ်ပေးထား၏။ နတ်မိမယ်ရွှယ်ရင်သည် ထိုကိစ္စကို မည်သူမှသတိမပြုမိဘဲ ပြုလုပ်နိုင်စွမ်း ရှိလို့ နေ၏။

ဟယ်ဝမ်ဝမ်ကို ဖယောင်းပတ်ထားသည့် ဆေးလုံးတစ်ခု တိုက်ကျွေးခြင်းသည် ရှမ့်လန် ကြိုတင်စီစဉ်ထား သည့် အရာတစ်ခုဖြစ်ပြီး အထဲတွင် ရေးသားထားသည့် စာတန်းများကလည်း ရှမ့်လန် ရေးသားထားသည့် စာသာ ဖြစ်၏။ သူသည် ဟယ်ဝမ်ဝမ်၏ လက်ရေးမူအတိုင်း ပြန်လည်ကာ ကူးယူ ရေးသားထားခြင်း ဖြစ်သည်။

ဟယ်ဝမ်ဝမ်၏ အနောက်ပေါက်တွင် ဒဏ်ရာများ ဖြစ်ပေါ်နေသည်ဆိုခြင်းမှာတော့ သူ၏ အကြံအစည် မဟုတ်ချေ။ ရွှယ်ရင် ဖန်တီးထားခဲ့ခြင်းသာလျှင် ဖြစ်ပေမည်။ အဓိကအားဖြင့် ရွှယ်ရင်သည် ဤကိစ္စနှင့် ပတ်သက်၍ ဟယ်ဝမ်ဝမ် သတိမပြုမိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ဟယ်ဝမ်ဝမ် အိပ်ရာမှနိုးထလာပြီးနောက် သူမ၏ အနောက်ဘက် စအိုဝ၌ နာကျင်မှုမျိုးကို ခံစားခဲ့ရ၏။ သို့ပေမည့် ထိုအရာက အပူများလွန်းသောကြောင့် ဤကဲ့သို့ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ အိမ်သာသွားသည့် အချိန်တိုင်းပင်လျှင် သူမက ကြောက်ရွံ့သလို ခံစားမိခဲ့၏။ ထိုနေရာက နာကျင် နေသောကြောင့်ပင်။

ထိုတင်သာ မကသေးချေ။ ရွှယ်ရင်သည် လျန်ခရိုင်ဆီသို့ ရောက်ရှိပြီးပြီချင်း ထိုကဲ့သို့သော အရာများကို ချက်ချင်း ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ချေ။ ထိုအစား စုကျန့်ထင် ဟယ်ဝမ်ဝမ်၏ အိမ်နားဆီသို့ ရောက်ရှိလာသည်ကို သေသေချာချာ စောင့်ကြပ်ကြည့်ရှုခဲ့သေး၏။

စုကလန်သည် ရှမ့်လန်နှင့် ပတ်သက်၍ တကယ်တမ်း ဇာတ်ကွက်ဆင်နေသည်ကို သေချာပြီးသည့် အချိန်မှသာ သူမက လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ ဖြစ်စဉ်တစ်ခုလုံးက ပြစ်ချက်ဟူ၍မရှိပေ။

စုကျန့်ထင်သည် တစ်ချက်ကလေးမှ သတိမပြုမိခဲ့ချေ။ ရေနက်တပ်ဖွဲ့ဆီမှ စစ်သည်တော်များကလည်း သတိမပြုမိပေ။ ဟယ်ဝမ်ဝမ်ပင်လျှင် သူမ၏ ဝမ်းဗိုက်ထဲတွင် ဖယောင်းပတ်ထားသည့် ဆေးလုံးတစ်ခု ရှိနေကြောင်း မသိရှိခဲ့ပေ။

အကယ်၍ သူမက သူလျှိုတစ်ယောက် ဆိုပါက ဤကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မဟာပညာရှင်တစ်ယောက်ဆိုလျှင်လည်း ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်မည် မဟုတ်ပေ။ သို့ပေမည့် သူလျှိုနှင့် မဟာပညာရှင်နှစ်ခုတို့ ပေါင်းစပ်ထားသည့်အချိန်မှာတော့ အံ့အားသင့်စရာကောင်းသည့် အရာများကို ပြုလုပ်နိုင်စွမ်း ရှိနေ၏။

ရှမ့်လန် ဤမိစ္ဆာအစီအစဉ်ကို စတင်စီစဉ်ခဲ့ခြင်းမှာ ဟယ်ဝမ်ဝမ်၏ စကားလုံးများက ကျော်ကြား လာခဲ့သောကြောင့် ဖြစ်၏။ သူမသည် ဘုရင်မင်းမြတ်၏ အပြစ်ပေးမှုကို ခံရပြီးနောက် သုံးရက် တစ်ကြိမ် ဆိုသလို ဘုရင်မင်းမြတ်ဆီသို့ စာရေးသားခဲ့၏။ စာရေးသားခြင်း၏ နောက်ဆုံးဘက်တွင် အရှင်မင်းကြီး အနေနှင့် သူမ၏ နှလုံးသား ဖြူသလား၊ နီသလား သိရှိစေရန် ဝမ်းဗိုက်ကိုခွဲကာ ကြည့်ရှုနိုင်ကြောင်း စာသားကို အစဉ်အမြဲ ရေးသားခဲ့သည်။

ထိုအရာတင် မဟုတ်ချေ။ သူမသည် ဘုရင်မင်းမြတ်၏ နားဆီသို့ ပေါက်ရောက်နိုင်သည့် လူများဆီသို့ ထိုစကားအား ပြောဆိုခဲ့သေး၏။

သူမသည် ဘုရင်မင်းမြတ်၏ ဘေးသို့ ရောက်ရှိနိုင်ရန် အရာကိစ္စအားလုံးကို ပြုလုပ်ခဲ့ပြီး ဘုရင်မင်းမြတ်၏ နားတော်ဆီသို့ စကားပေါက်စေရန် ကြိုးစားခဲ့သည်။ ဟယ်ဝမ်ဝမ်၏ နှလုံးသားတစ်ခုလုံးသည် ဖြူစင်လျက် ရှိနေကြောင်း ဘုရင်မင်းမြတ်ကို သိရှိစေချင်သည်။

ထို့ကြောင့် ဟယ်ဝမ်ဝမ်၏ စာထဲမှ အကြောင်းအရာကို ရှမ့်လန် မသိဘဲ ဘယ်နေမည်နည်း။ တော်ဝင် ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်နှင့် နင်ယန်တို့ပင်လျှင် သိရှိနေ၏။

နတ်မိမယ်ရွှယ်ရင်သည် လက်သည်းရာကို ခပ်ဖျော့ဖျော့လေးဖြစ်အောင် အမှတ်အသား ပြုခဲ့၏။ ရေနက်တပ်ဖွဲ့မှ လူများသည် ထိုအရာကို သတိပြုမိမည်ဆိုလျှင်တောင်မှ တိုက်ဆိုင်မှုတစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။

All Chapters