← Chapters

အခန်း (၃၄၃)

Vol. 25 Ch. 343

အခန်း (၃၄၃)

Vol. 25 Ch. 343

“ကဲ... နန်းတော်ဆီ ပြန်ကြစို့” ဘုရင်မင်းမြတ်သည် မျက်လုံးမှိတ်ပြီး အနားယူပြီဖြစ်၏။ သူသည် စုကျန့်ထင်ကို ဖမ်းဆီးရပေလိမ့်မည်။ စုနန်ကို တွန့်ဆုတ်အောင် ပြုလုပ်ရပေလိမ့်မည်။ သို့ပေမည့် ထိုကိစ္စနှင့် ပတ်သက်၍ စုနန်ကိုဖမ်းဆီးဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤကဲ့သို့ လုပ်လို့ရသည်ဆိုပါက အစောကြီးတည်းက လုပ်ခဲ့ပြီးပေပြီ။

ယခုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ထား၏။ သူသည် အကျိုးသင့်၊ အကြောင်းသင့် အရာအားလုံးကို စတင်ကာ ဆန်းစစ်လျက် ရှိ၏။ အဆုံးသတ်မှာတော့ သူ အဖြေတစ်ခုကို ရခဲ့၏။ တောင်ပိုင်းနိုင်ငံနှင့် စစ်ပွဲ အဆုံးမသတ်မချင်း စုနန်ကို သူ ဖမ်းဆီး၍ မဖြစ်ချေ။ စုကျန့်ထင်ကို ဖမ်းဆီး၍ ရ၏။ သို့ပေမည့် စုကျန့်ထင်ကို သတ်ဖြတ်၍ မရနိုင်ချေ။

သူသည် စုနန်၏ ဩဇာအာဏာကို လျှော့ချရပေလိမ့်မည်။ သူ့အနေနှင့် စုနန်ကို ရာထူးမှ လျှော့ချဖို့တော့ မဖြစ်နိုင်သေးချေ။ သူသာ စုနန်ကိုထိခဲ့သည်ဆိုပါက စုမိသားစုက ကျိန်းသေပေါက် ပုန်ကန်ပေလိမ့်မည်။ ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ချင်နိုင်ငံက စတင်ကာ လှုပ်ရှားလာပေမည်။ တောင်ပိုင်းနိုင်ငံနှင့် စစ်ပွဲထဲ ဝင်ရောက်ခြင်း သို့မဟုတ် ရန်သူကို စစ်ကူပေးခဲ့ပါက ရွှဲ့ပြည်နယ်တစ်ခုလုံး ဒုက္ခရောက်နိုင်၏။

စုမိသားစုသည် ကျင်းမိသားစုကဲ့သို့ မဟုတ်ချေ။ ကျင်းမိသားစုတွင် ကျင်းမူလန်တစ်ယောက်တည်းသာလျှင် ရှိ၏။ ကျင်းမူကုန်းဆိုသည့် ဝတုတ်ကောင်မှာ သုံးစားရသူ မဟုတ်ပေ။

သို့သော်ငြား စုမိသားစုမှာတော့ ပါရမီရှင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ စုနန်သည် ညီလာခံထဲတွင် အလုံးစုံသော အခြေအနေတစ်ခုကို ထောက်ပံ့ထား၏။ ကျန်းယွမ်မြို့ထဲတွင် မိုးနှင့်လေကိုပင် ဆင့်ခေါ် နိုင်သည့် လူဖြစ်၏။

ဘုရင်မင်းမြတ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ထိုမြေခွေးအိုကြီး စုနန်ကို ရာထူးမှ ဖြုတ်ချ၍ မရနိုင်သေးသောကြောင့် ဒေါသထွက်မိနေသည်။။ သူ့အနေနှင့် ရေနွေးနွေးဖြင့် ဖားကိုသတ်သည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားထား၏။ ပထမဦးဆုံး စုမိသားစု၏ နယ်မြေတစ်ခုလုံးကို ဝိုင်းပိတ်ထားပြီး တဖြည်းဖြည်း စုနန်၏ ဩဇာအာဏာကို လျှော့ချရန်ပင်။ နှစ်နှစ်မှ သုံးနှစ်အတွင်း သူသည် စုနန်ကို ကျိန်းသေပေါက် ရာထူးမှ လျှော့ချနိုင်မည့် အခြေအနေပေါ်အောင် ဖန်တီးရပေလိမ့်မည်။

မုန်းစရာကောင်းသည့် ချင်နိုင်ငံ၊ မုန်းစရာကောင်းသည့် ချင်ဘုရင်၊ ထိုဓားပြကဲ့သို့သော သူများသာ မရှိပါက သူ အဘယ်သို့ စုနန်ကို ကြောက်ရွံ့ရမည်နည်း။

ဘုရင်မင်းမြတ်က ရုတ်တရက်ပြောလိုက်သည်။ “ခွေးအိုကြီး... စုနန်က အဲဒီ စီရင်စုဘက်မှာ ကောင်းကောင်း အလုပ်လုပ်နေတယ်။ သူ ညီလာခံ မတက်တာ ဘာကြောင့်လို့ထင်လဲ”

လီစွမ်းက ပြောလိုက်၏။ “အရှင်မင်းကြီး... မိန်းမစိုးတွေက နိုင်ငံရေးရာကိစ္စရပ်တွေမှာ ပါဝင်ခွင့်မရှိပါဘူး”

“အင်း... ကျုပ် ခင်ဗျားပြောတာကို ကြားချင်လို့၊ ပြောသာ ပြောပါ”

လီစွမ်းက ပြောလိုက်သည်။ “... သူ ညီလာခံ မတက်တာ တော်တော်ကြာနေပြီ။ သူက အခြေအနေ တစ်ချို့ကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ ဒီတော့ ဘယ်စီရင်စုကပဲဖြစ်ဖြစ်၊ ချင်နိုင်ငံရဲ့ နိုင်ငံရေးရာကိစ္စရပ်ပဲဖြစ်ဖြစ် သူ ထိန်းချုပ်ချင်နေတယ်။ တစ်ဖက်ခြမ်းမှာ ညီလာခံ၊ တခြားသော တစ်ဖက်ခြမ်းမှာတော့ နယ်စပ်ပေါ့။ ဒါကြောင့် သူက လောလောဆယ် ညီလာခံကို ခဏဖယ်ပြီး ဟိုဘက်ကို ဦးစားပေးထားရတယ်။ ချင်နိုင်ငံ နဲ့အပြီး ပူးပေါင်းဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်နိုင်တယ်”

“မုန်းစရာကောင်းတဲ့ ချင်နိုင်ငံနဲ့ မုန်းစရာကောင်းတဲ့ ချင်ဘုရင်... မဟုတ်ရင် ငါ ကျိန်းသေပေါက် ဒီနေ့ စုနန်ကို ဖြုတ်ချပစ်တယ်” ဘုရင်မင်းမြတ်သည် မည်သို့မှ မနေနိုင်ချေ။ အံကို ကြိတ်လျက် ရှိနေ၏။

..........

“အား.. အား”

ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်ထဲမှာတော့ တခြားသော တပ်မှူးဖြစ်သည့် ရန်ချီချန်သည် ပထမ ရန်ခေါင်းဆောင်ကို နှိပ်စက်နေ၏။ ဆိုးရွားလွန်းသည့် ကမ္မဝဋ်ဒုက္ခပင်။

ထိုလူသည် စောဏတုန်းက ရှမ့်လန်ကို နှိပ်စက်ရန် ဟင်းအမယ်များကိုရွတ်ဖတ်ပြသော စားဖိုမှူး တစ်ယောက်ကဲ့သို့ နှိပ်စက်နည်းမျိုးစုံကို ရွတ်ဖတ်ပြခဲ့၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ထိုရှိရှိသမျှသော နှိပ်စက်နည်းအားလုံးကို ခံစားရသူက သူဖြစ်လို့လာခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီတိုင်းတွင် ဒဏ်ရာ မရှိသည့် နေရာဟူ၍ မရှိခဲ့ချေ။ အဆုံးမဲ့သော နာကျင်မှုသည် သူ့ကို ချက်ချင်း သေချင်စိတ်ပင် ပေါက်မိစေ၏။

“မင်း စုကလန်နဲ့ ပူးပေါင်းခဲ့တာလား။ စုကျန့်ထင်နဲ့ ဟယ်ဝမ်ဝမ်တို့ တွေ့ဆုံတာ တကယ် မသိဘူးလား။”

ခေါင်းဆောင်ရန်သည် တုန်ယင်လျက် ရှိနေ၏။ ပြီးနောက် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး ..... ကျုပ် ဆယ်ကြိမ်လောက် ဝန်ခံခဲ့ဖူးတယ်။ စုကလန်က ဟယ်ဝမ်ဝမ်ကို အသုံးချပြီး ရှမ့်လန်ကို သတ်ဖြတ်ဖို့ ကြိုးစားမယ်ဆိုတဲ့ အကြောင်း ကျုပ်သိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မိန်းကလေး ရွှယ်လီအတွက် လက်စားချေချင်တာကြောင့် ကျုပ် မျက်စိကန်းသလို နေခဲ့တာပဲ။ အဆုံးသတ်ကိစ္စရပ်တွေ အားလုံးကို ကျုပ်မသိဘူး။ စုကလန်နဲ့ ကျုပ်လုံးဝ မပူးပေါင်းခဲ့ပါဘူး”

သူ ပြောသည်မှာ အမှန်ပင် ဖြစ်၏။ ခေါင်းဆောင်ရန်၌ နောက်ခံရှိ၏။ သူ၏ နောက်ခံသည် ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင် ရန်အီဖြစ်၏။ သူသည် ဝူအန်းမြို့စားအိမ်တော်၏ ရွှယ်ကလန်ဆီမှ ဖြစ်ပြီး တတိယမင်းသား၏ အဖွဲ့အစည်းပင် ဖြစ်၏။

ဟုတ်ပေ၏။ သူတို့သည် စုကလန်နှင့် နက်နဲသည့် ဆက်ဆံရေးမျိုး မရှိချေ။ သို့ပေမည့် စုကလန် ရှမ့်လန်ကို သတ်ဖြတ်ရန် ကြိုးစားချိန်မှာတော့ သူတို့သည် ခပ်တည်တည်နှင့် တံခါးဖွင့်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဘာပဲပြောပြော ရှမ့်လန်သည် ရွှယ်ကလန်၏ ရန်သူလည်းဖြစ်သည်။

သူ၏သခင်သည် ကျင်းမိသားစုကို ဖျက်ဆီးချင်စိတ်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ ထို့အပြင် ရှမ့်လန်ကို အရေခွံခွာချင်နေသည်မှာလည်း ကြာမြင့်နေပြီ ဖြစ်၏။

တခြားသော ခေါင်းဆောင်တစ်ယောက်သည် မိန်းမစိုးတစ်ယောက်ကို လှမ်းကာ မေးလိုက်သည်။ “မိန်းမစိုးလီ... ခင်ဗျား ဘယ်လိုထင်လဲ”

ဤမိန်းမစိုးလီဆိုသည်မှာ လီစွမ်း၏ သွေးသောက်ညီအစ်ကို လီအန်းပင် ဖြစ်၏။ သူတို့နှစ်ယောက်လုံးသည် လီမူဟု ခေါ်သော ခေါင်းကိုင်ဖခင်ကြီးဆီမှ ဆင်းသက်လာခဲ့သည့် လူများဖြစ်၏။ လီအန်းသည် ဘုရင်မင်းမြတ်၏ အမိန့်အကြောင်းကို သိ၏။ မေးခွန်းမေးပြီး မည်သည့်အချိန်တွင် ရပ်တန့်ရမည်ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်၏။ စုကလန်နှင့် ရေနက်တပ်ဖွဲ့ ပူးပေါင်းနေသည်လား၊ မပူးပေါင်းဘူးလား ဆိုသည်ကို ဆုံးဖြတ်ရန် သူ့၌ တာဝန်ရှိ၏။

“လုပ်သာလုပ်တော့။ တခြားဘာလုပ်နိုင်မှာလဲ”

လီအန်းက ပြောလိုက်သည်။ “ကျုပ်ပြန်ပြီးတော့ အမိန့်တော်ပြန် လိုက်အုံးမယ်။ ခင်ဗျားတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေ နှောင့်နှေးနေမယ်။ လုပ်စရာရှိတာလုပ်တော့”

“ကောင်းပါပြီ” ရန်ချီချန်သည် ဦးညွတ်ကာဖြင့် ပြောလိုက်၏။

မိန်းမစိုးလီအန်း ထွက်သွားပြီးနောက် ခေါင်းဆောင်ရန်က ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ်ရဲ့ မွေးစားအဖေနဲ့ ဂိုဏ်းချုပ်က အာမခံပါတယ်။ ကျုပ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကျုပ် တကယ်ပဲ သူတို့ကိစ္စနဲ့ ပတ်သက်ပြီး မျက်လုံးကန်းသလို နေခဲ့ပေးရုံ သက်သက်ပါပဲ။ ရွှယ်ကလန်အတွက် ကျုပ် လုပ်ချင်ခဲ့တာပါ။ စုကလန်နဲ့ ပူးပေါင်းခဲ့တာ မဟုတ်ပါဘူး”

ရန်ချီချန်က ပြောလိုက်၏။ “မပြောနဲ့တော့။ ငါနားလည်တယ်”

ခေါင်းဆောင်ရန် က ပြောလိုက်သည်။ “အစ်ကိုကြီး.... ကျုပ်၊ ကျုပ် အသက်မရှင်တော့ဘူးဆိုတာ ကျုပ်သိပါတယ်။ ကျုပ်တို့ အတူတူ အလုပ်လုပ်ခဲ့တဲ့မျက်နှာကို ထောက်ပြီး ကျုပ်မိသားစုကို ကယ်တင်ပေးပါ”

ရန်ချီချန်က ပြောလိုက်၏။ “မလိုတော့ဘူး။ ညီလေး.... ဘုရင်မင်းမြတ်က မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီးသား”

ခေါင်းဆောင်ရန်၏တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့သည်။ “ရှမ့်လန်ရဲ့လူတွေက ကျုပ်မိန်းမနဲ့သားကို ခေါ်သွားတာလေ။ သူတို့ မလွတ်သေးဘူးမလား”

ရန်ချီချန်က ပြောလိုက်၏။ “သူတို့က လွှတ်လာပြီလေ။ လွန်ခဲ့တဲ့နှစ်နာရီတည်းက လွှတ်လိုက်တာ။ ခင်ဗျား ရွှေဒင်္ဂါးသန်းတစ်ရာ ပေးခဲ့တာကြောင့် ခင်ဗျားရဲ့မိသားစုကို လွှတ်ပေးခဲ့တယ်လို့ ဓားပြကြီး နာကျည်းမှုက ပြောတယ်။”

ခေါင်းဆောင်ရန်သည် မည်သို့မှမနေနိုင်ဘဲ အံ့အားသင့်သွားမိ၏။ ပြီးနောက် ဒေါသတကြီးနှင့် ထကာ ဆဲဆိုလိုက်မိသည်။

“ရှမ့်လန်... ခွေးသူတောင်းစား”

သူ၏မိသားစုများကို ပြန်ပေးဆွဲထားခဲ့သည်။ သို့ပေမည့် ဘုရင်မင်းမြတ် သူ၏ မိသားစုကို သတ်ဖြတ်ချင်သည့် အချိန်မှာတော့ ပြန်ပေးဆွဲထားရာမှ ချက်ချင်း လွှတ်ပေးခဲ့၏။

“ချီးတဲ့မှ.. ဘာကို ဓားပြကြီး နာကျည်းမှုလဲ။ ချီးတဲ့မှ..ဘာကို ရွှေဒင်္ဂါး သန်းတစ်ရာလဲ”

ရန်ချီချန်က ပြောလိုက်သည်။ “ညီလေး... ငါတို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရတော့မယ်။ မင်း ဒီကိစ္စကို နည်းနည်းလေး သည်းခံဖို့လိုတယ်”

ခေါင်းဆောင်ရန်သည် ရက်စက်လွန်းသည့် အပြစ်ပေးမှုကို ကောင်းကောင်းသိရှိပြီး ဖြစ်၏။ သူ့ကို အရေခွံချွတ်ကာ အလံတိုင်၌ ချိတ်ဆွဲပေတော့မည်။ “စီနီယာအစ်ကို... ကျုပ်ကို မေ့ဆေးပေးပါလား။ ကျုပ် တကယ့်ကို မခံနိုင်ဘူး”

ရန်ချီချန်က ပြောလိုက်၏။ “အားနာပါတယ်။ မင်းရဲ့အော်သံကို ငါကြားချင်သေးတယ်။ ဒါမှပဲ ဘုရင်မင်းမြတ်ရဲ့ ဒေါသတရားက ပြေပျောက်မှာ။ ရွှယ်ကလန်ရဲ့မျက်နှာနဲ့ ရေနက်တပ်ဖွဲ့ရဲ့မျက်နှာအတွက် မင်း ဒီကိစ္စကို သည်းညည်းခံမှ ဖြစ်လိမ့်မယ်”

ခေါင်းဆောင်ရန်သည် မျက်ရည်များ ကျဆင်းလာခဲ့၏။ သေဆုံးခြင်းက ဆိုးရွားလွန်း၏။ ဤကဲ့သို့သော သေခြင်းတရားက ရက်စက်လွန်း၏။ ခဏကြာပြီးနောက် ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်ဆီမှ ခေါင်းဆောင်ရန်၏ စူးစူးဝါးဝါး အော်ဟစ်သံက ပေါ်ပေါက်လာခဲ့၏။ အထဲတွင် ရှိနေသည့် ဝိညာဉ်သရဲတစ္ဆေများ၏ ပူးပေါင်း အော်ဟစ်သံပင် ပါဝင်နေသလား မသိချေ။ ကြောက်မက်ဖွယ်ရာ ကောင်းပြီး ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။ မကြာခင်မှာပင် ခေါင်းဆောင်ရန်၏ အရေပြားသည် ရေနက်တပ်ဖွဲ့၏ အလံတိုင်ထိပ်တွင် ချိတ်ဆွဲခြင်းကို ခံခဲ့ရသည်။

တစ်ချိန်တည်းမှာပဲ ရေနက်တပ်ဖွဲ့ဆီသို့ မိသားစုဝင်ရှစ်ဦးတို့ ရောက်ရှိလာခဲ့၏။ ထိုသူတို့သည် စီစီရီရီနှင့် ဒူးထောက်ကာ ထိုင်လျက် ရှိနေ၏။

“သတ်စမ်း”

အမိန့် ထွက်ပေါ်လာခဲ့၏။ အာဏာပါးကွက်သားများသည် လက်ကိုမြှောက်ကာဖြင့် ဓားနှင့် ခုတ်ပိုင်းလိုက်သည်။

ခေါင်းဆောင်ရန်၏ မိသားစုဝင် ရှစ်ဦးတို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

သွေးပျက်ဖွယ်ရာမြင်ကွင်းသည် အားလုံးသောသူတို့ကို တုန်လှုပ်စေခဲ့သည်။

“မဆိုင်တဲ့သူတွေ ဝင်မပါနဲ့။ မဟုတ်ရင် မိသားစုတစ်စုလုံးကို သတ်ခံရမယ်”

ခေါင်းဆောင်ရန်သည် မသေဆုံးခင် စကားတစ်ခွန်းကိုသာ ရေရွတ်ခဲ့၏။ “ဆရာတို့၊ သခင်ကြီးတို့... ရှမ့်လန်ကို သတ်ပြီး ကျုပ်အတွက် လက်စားချေပေးပါ”

ထိုကဲ့သို့သော စကားလုံးကို အကြိမ်ပေါင်းများစွာ အော်ဟစ်ပြီး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်။

................

ကျန်းယွမ်နယ်စားအိမ်တော်

စုနန်သည် လွန်ခဲ့သည့် နာရီအနည်းငယ်တည်းက သတင်းစကား လက်ခံရရှိပြီး ဖြစ်၏။ သူသည် ဘုရင်မင်းမြတ်ထက်ပင် ပို၍စောကာဖြင့် ရလဒ်ကို သိရှိခဲ့ပြီးဖြစ်၏။ သတင်းရရချင်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့၏။ ကျောက်ရုပ်ထုတစ်ခုကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ အလုံးစုံ ဆွံ့အလျက် ရှိနေ၏။

“ဒီကောင်လေးက အံ့အားသင့်စရာပဲ။ သူက ဒီလောက်တောင် အံ့အားသင့်စရာ ကောင်းတာလား။ သူက အဲလောက်တောင် စီမံဆောင်ရွက်နိုင်ခဲ့တာလား။ အရာအားလုံးကို အစောကြီးကတည်းက ကြိုပြီး တွက်ချက်နိုင်ခဲ့သည်လား။ ငါ သူ့ကို သတ်ဖို့ ဟယ်ဝမ်ဝမ်ကို အသုံးချတော့မယ်ဆိုတာ သိတယ်။ ဒါကြောင့် သူက တန်ပြန်တိုက်ခိုက်ခဲ့တာပဲ။

တကယ့်ကို ကြမ်းတမ်းတယ်။ တကယ့်ကို ဆိုးယုတ်လွန်းတယ်။ ငါသာ လှုပ်ရှားတိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် သူ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက အရမ်း အားနည်းလို့ပဲ။

ဒါပေမဲ့ ငါ စပြီး လှုပ်ရှားလိုက်တဲ့အချိန်မှာတော့ သူက အခွင့်အရေးရပြီး တန်ပြန်တိုက်ခိုက်နိုင်သွားခဲ့တယ်။ ငါ ရှမ့်လန်ကို သတ်ဖို့ ကျရှုံးခဲ့ရုံသာမကဘူး။ စုကလန်တစ်ခုလုံးကိုပါ ရေထဲဆွဲချသလို ဖြစ်ခဲ့ပြီပဲ။ ငါ့ရဲ့သား စုကျန့်ထင်က ဘာမှမလုပ်ခဲ့ဘဲ ဟယ်ဝမ်ဝမ့်ကို မုဒိန်းကျင့်တဲ့သူ ဖြစ်ခဲ့ပြီ။

လူပေါင်းများစွာတို့က ဒီကိစ္စကို လက်ညှိုးထိုးရုံတင်မကဘူး ဘုရင်မင်းမြတ်ရဲ့စိတ်ထဲမှာလည်း ကြီးမားတဲ့ အငြိုးတရား ဖြစ်လာခဲ့ပြီ။ ဒါက တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်ကြီးပဲ။ ဟယ်ဝမ်ဝမ်က ရှမ့်လန်ရဲ့ ကြီးမားလွန်းတဲ့ ပြစ်ချက်ကြီးတစ်ခုပဲ။ ဒါပေမဲ့ အဲပြစ်ချက်ကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ ရှမ့်လန် ဒုက္ခမရောက်ဘဲ ငါတို့ ဒုက္ခရောက်ခဲ့တယ်။

အံ့အားသင့်စရာပဲ။ ရှမ့်လန်.. ဒီတိရစ္ဆာန်ကောင်လေးက အံ့အားသင့်စရာ အရမ်းကောင်းတယ်။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်ခဲ့တာပဲ။ ငါ ဘာဆက်လုပ်ရမလဲ။ ငါ ဘာဆက်လုပ်ရမလဲ”

နယ်စားကြီး စုနန်က တည်နေရာတွင်ထိုင်ပြီး လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ငြိမ်သက်လျက် ရှိနေ၏။

“အရာအားလုံးက အဆင်သင့် မဖြစ်သေးဘူး။ ငါက စရတော့မယ်။ ဝူပြည်နယ်အစီအစဉ်က မပြီးဆုံးသေးဘူး။ ချောင်ပြည်နယ်ရဲ့ အစီအစဉ်ကလည်း မပြီးဆုံးသေးဘူး။ ဒီအချိန်မှာသာ ငါ စလိုက်မယ်ဆိုရင် စုကလန်က ဆုံးရှုံးမှု များလိမ့်မယ်။

မဟုတ်သေးဘူး။ အလျင်လိုဖို့ မလိုသေးဘူး။ အများဆုံး နင်ယွမ်ရှန်းက စုကျန့်ထင်ကို ဖမ်းရုံလောက်ပဲ တတ်နိုင်မှာ။ သူ ငါ့ကို မထိရဲလောက်သေးဘူး။ ချင်နိုင်ငံရဲ့ ဓားပြစစ်တပ်ကြီး ရှိနေသရွေ့ သူငါ့ကို ထိရဲမှာ မဟုတ်ဘူး။

သူငါ့ကို ထိရဲတယ်ဆိုရင် ဒီဘက်ပြည်နယ်တစ်ခုလုံး ရှုပ်ထွေးသွားလိမ့်မယ်။ ချင်နိုင်ငံရဲ့စစ်တပ်ကလည်း ရွှဲ့ပြည်နယ်ထဲကို ဝင်ရောက်လာမယ်။ ဒါမှမဟုတ်ရင် တောင်ပိုင်းနိုင်ငံရဲ့စစ်ပွဲကို ဝင်ပူးပေါင်းလိမ့်မယ်။ ဒီလိုဆိုရင် နင်ယွမ်ရှန်းက အကျိုးဆက်ကို ခုခံနိုင်မှာ မဟုတ်ဘူး။

ချင်ဘုရင်နဲ့ ငါက တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေကြပြီ။ ကောင်းအတူ ဆိုးအတူပဲ။ ငါသာ ကျရှုံးသွားမယ်ဆိုရင် ချင်နိုင်ငံကလည်း ကြီးကြီးမားမား ဆုံးရှုံးမှာပဲ။ ငါ့ဆီမှာ အချိန်ရှိသေးတယ်။ ငါ နန်းမြို့တော်ထဲမှာနေပြီး ငါ့ရဲ့ အစီအစဉ်တွေကို စီမံထားရမယ်။

နင်ယွမ်ရှန်း... ချင်ပြည်နယ်ရှိနေသရွေ့ မင်းငါ့ကို ထိလို့မရပါဘူး။ ရှမ့်လန်... မင်းနဲ့ ကျင်းမိသားစုက ငါ့ရဲ့ ပိုကြမ်းတမ်းပြီး တိုက်ရိုက်ဆန်တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မယ်။ ဘယ်လောက်ကြီးမားတဲ့ ကိစ္စရပ်ကြီး ဖြစ်လာတော့မယ်ဆိုတာ မင်းမသိသေးဘူး။ ကျင်းမိသားစုက မြှုပ်စရာနေရာမရှိဘဲနဲ့ သေဆုံးရလိမ့်မယ်။ အဲအချိန်ကျရင်....”

“ဘန်း၊ ဘန်း၊ ဘန်း”

ကျန်းယွမ်နယ်စားအိမ်တော်၏ အဓိကတံခါးကြီးသည် ကန်ကျောက်ကာ ဖွင့်ခြင်း ခံရ၏။ များပြားလွန်းသည့် ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များသည် အထဲသို့ ရေလှိုင်းသဖွယ် ဝင်ရောက်လာခဲ့သည်။ “စုကျန့်ထင်ကို ဖမ်း .... စုကျန့်ထင်ကို ဖမ်း။ တားဆီးတဲ့လူတွေ အကုန်လုံးကို သတ်ပစ်။ နယ်စားကြီး စုနန်.... အရှင်မင်းကြီးက ခင်ဗျားကို နန်းတော်ဆီ လာဖို့ ဆင့်ခေါ်လိုက်တယ်”

..............

လတ်တလော နန်းမြို့တော်အတွင်း၌ အလွန်ရှုပ်ထွေးလျက်ရှိနေ၏။ ပြောင်းလဲမှုများစွာတို့သည် ကိုင်တွယ် ဖြေရှင်းရန် အလွန်များပြားလွန်းနေ၏။

ပထမဦးဆုံး ကျန်းချုံးသည် အထူးတရားရုံးထဲတွင် သေဆုံးသွားခဲ့လိမ့်မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ၏။ သို့ပေမည့် ကျန်းချုံးက အသက်ပြန်ဝင်လာခဲ့ပြီး မူလရာထူးတင်မက သီးခြားထပ်တိုးရာထူးတစ်ခုကိုပင် ထပ်မံ ရရှိသေးသည်။

ထို့အပြင် ချင်နိုင်ငံဆီသို့ သံတမန်အဖြစ်သွားရောက်ခဲ့သော ရှမ့်လန်သည် ရေနက်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အထူးတရားရုံး အကျဉ်းထောင်ဆီသို့ပင် ပို့ဆောင်ခြင်းခံခဲ့ရ၏။ ထို့အပြင် ဘုရင်မင်းမြတ်သည် နယ်စပ်ဒေသ အမဲလိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လာခဲ့၏။

လက်ရှိအခြေအနေတွင် ရေနက်တပ်ဖွဲ့၏ စစ်သည်တော်များသည် ကျန်းယွမ်နယ်စားအိမ်တော်၏ အိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ကြ၏။ လဝက်အတွင်း အလွန်များပြားသည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီး ထိုအရာအားလုံးသည် အံ့ဖွယ်ကိစ္စရပ်ချည်းများသာပင်။

စုကျန့်ထင်ကို ဖမ်းဆီးရန် တာဝန်ယူထားသည့်လူသည် ရေနက်တပ်ဖွဲ့မှ ယုဝမ်ထင်ပင် ဖြစ်၏။ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သည်တော် ၁၀၀ ကျော်တို့သည် ကျန်းယွမ်နယ်စားအိမ်တော်၏ အိမ်တော်ဝင်းဆီသို့ ဝင်ရောက်ပြီး စုကျန့်ထင်ကို စတင်ရှာဖွေခဲ့၏။

သို့ပေမည့် ကျန်းယွမ်နယ်စားအိမ်တော်၏ အိမ်တော်ထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိကြချေ။ ကျေးကျွန်နှင့် တခြားသောသူအားလုံးတို့သည် ခြံဝင်းထဲ၌ ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ရပ်ကာ အေးစက်စက် လှမ်းကြည့်နေကြသည်။

ကျန်းယွမ်နယ်စားအိမ်တော်၏ ကျေးကျွန်အားလုံးတို့သည် လောကကြီး၌ရှိသော အရာအားလုံးတို့ကို မြင်ခဲ့ဖူးသည့် ပုံစံမျိုးနှင့် မည်သည့် ကြောက်လန့်မှုကိုမှ ထုတ်ဖော် မပြသကြချေ။ သို့ပေမည့် တည်နေရာတစ်ခုလုံး ရှာဖွေခဲ့သည်ဆိုသော်လည်း စုကျန့်ထင်ကိုတော့ ရှာမတွေ့ခဲ့ချေ။

ရေနက်တပ်ဖွဲ့မှ ယုဝမ်ထင်သည် ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့သည့်အချိန်မှာတော့ ကျန်းယွမ်နယ်စားကြီး စုနန်ကို မြင်ခဲ့၏။ ယုဝမ်ထင်သည် အလျင်စလိုဖြင့် မပြုမူရဲချေ။ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်တချို့ကို ခြံဝင်းထဲသို့ပင် မဝင်ခိုင်းခဲ့ချေ။

“ဂါရဝပြုပါတယ်။ ကျန်းယွမ်နယ်စားကြီး” ယုဝမ်ထင်က ဦးညွှတ်လိုက်၏။

စုနန်သည် ခေါင်းကို အသာမော့ကြည့်ပြီးနောက် လမ်းလျှောက်တုတ်ကို အမှီပြုကာဖြင့် ရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဪ ယုဝမ်ထင်ကိုး။ ခင်ဗျား ကျုပ်ကို လာဖမ်းတာလား”

“ကျုပ် မလုပ်ရဲပါဘူး”

ယုဝမ်ထင်က အသာဦးညွှတ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့လပိုင်းတုန်းက ဆက်ခံသူ စုကျန့်ထင်က ရွှမ်ဝူအိမ်တော်ထဲ ဝင်ပြီး ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ဘုရင်မင်းမြတ်က ဒေါသထွက်နေတယ်။ သူ့ကို ဖမ်းဆီးဖို့ ကျုပ်တို့ကို လွှတ်လိုက်တာပါ”

“စုကျန့်ထင် ဟုတ်လား”

စုနန်သည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “သူ အခု နန်းမြို့တော်မှာ မရှိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထွက်သွားခဲ့တာ။ အင်း... လူတစ်ယောက်က ကိုယ့်ရဲ့သားကိုတောင် သင်ပြနိုင်စွမ်းမရှိဘူးဆိုရင် သူ့ရဲ့အားနည်းချက်ပဲပေါ့။ ဒီတော့ ခင်ဗျားတို့ ကျုပ်ကို သူ့အစား ခေါ်သွားလို့ မဖြစ်နိုင်ဘူးလား”

“ကျုပ် မလုပ်ရဲပါဘူး” ယုဝမ်ထင်သည် ပိုမိုကာပင် ဦးညွှတ်လိုက်မိ၏။

မိန်းမစိုးရှောင်လီသည် ရှေ့ဆီသို့ လှမ်းတက်ကာဖြင့် ပြောလိုက်ငည်။ “ဘုရင်မင်းမြတ်က သူ့ကို လာတွေ့ဖို့ အတွက် နယ်စားကြီးစုနန်ကို အမိန့်ပေးခဲ့ပါတယ်”

“အင်း ကောင်းပြီ၊ ကောင်းပြီ” စုနန်သည် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်၏။ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုရသည်မှာ သူ့အတွက် အလွန်ပင် ခက်ခဲနေသည့်ပုံ ပေါ်သည်။ မတ်တပ်ထရပ်တုန်းမှာပင် နှစ်ကြိမ် နီးပါးခန့်ပင် ခန္ဓာကိုယ်က ယိုင်သွားသေးသည်။ မတ်မတ် မရပ်နိုင်သကဲ့သို့ပင်။

“သွားကြရအောင်။ နန်းတော်ဆီ သွားရမယ်”

..........

All Chapters