အခန်း (၃၄၄)
Vol. 25 Ch. 344
“အပြစ်သား စုနန်က အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်” စုနန်သည် တုန်ယင်လျက်ရှိနေသည့် ခန္ဓာကိုယ်ဖြင့် ဘုရင်မင်းမြတ်ကို ဦးညွှတ်လိုက်၏။
“စုနန် ကျေးဇူးပြုပြီး ထပါ”
နင်ယွမ်ရှန်းသည် ရှေ့ဆီသို့လှမ်းတက်ပြီး စုနန်ကို အသာပင် ဖေးမလိုက်သည်။
“စုကျန့်ထင် ဘယ်သွားခဲ့တာလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။
စုနန်က ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်တည်းက နန်းမြို့တော်ကနေ ထွက်ခွာသွားခဲ့တာပါ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း .... သူဘယ်ကို သွားတာလဲ”
စုနန်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ချင်ဘုရင်အာယုခန်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့ကို ကျုပ် မသွားနိုင်ဘူးလေ။ ဒီတော့ စုကျန့်ထင်က ကျုပ်အစား အဲကို သွားခဲ့တာပါ”
သူ လိမ်ညာနေခြင်းမဟုတ်ချေ။ စုကျန့်ထင်သည် လွန်ခဲ့သည့် ၃ ရက်တည်းက ထွက်ခွာသွားခဲ့ကြောင်း ဘုရင်မင်းမြတ် သိရှိပြီးဖြစ်၏။ ထိုသတင်းကို ကြားရသည့်အချိန်တုန်းက သူသည် နှာခေါင်းမရှုံ့ပဲပင် မနေနိုင်ခဲ့ချေ။ တကယ်ကို တိုက်ဆိုင်လွန်းလှချေ၏။
အစစ်အမှန်တရားများက ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ ရှမ့်လန်က သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့၏။ သို့ပေမည့် စုကျန့်ထင်သည် ကြိုတင်ကာဖြင့် ရှောင်ပြေးနေခဲ့သည်။ ဘာကို သက်သေပြနေသနည်း။ စုကျန့်ထင်သည် တကယ်ပင် ဆိုးဝါးသောအရာများကို ပြုလုပ်ခဲ့ကြောင်းပင်။ ဤတစ်ကြိမ်မှာတော့ သေချာသည်ထက်ပင် ပိုမိုကာ သေချာလွန်းသည်။
စုကျန့်ထင်ကို ချင်နိုင်ငံဆီသို့ စေလွှတ်ခဲ့ခြင်းဆိုသည်မှာ ခြိမ်းခြောက်ခြင်းတစ်မျိုးပင် ဖြစ်၏။ နန်းမြို့တော်ထဲတွင် သူ တစ်စုံတစ်ခုသာ ဖြစ်သည်ဆိုပါက ချင်နိုင်ငံသည် ချက်ချင်းပင် ပြုမူလှုပ်ရှားတော့မှာ ဖြစ်၏။ ကျန်းယွမ်နယ်စားအိမ်တော်၏ ဆက်ခံသူ စုကျန့်ထင်သည် ချက်ချင်းဆိုသလို သူ့အဖေ၏ အရိုက်အရာကို ဆက်ခံနိုင်စွမ်း ရှိ၏။ ကျန်းယွမ်မြို့ တစ်မြို့တည်းသာဆိုပါက ကိစ္စမရှိချေ။ သို့ပေမည့် ချင်နိုင်ငံနှင့် ချိတ်ဆက်လျက် ရှိနေသောကြောင့် အနောက်ဘက်ဒေသတစ်ခုလုံး ပါဝင်ပတ်သက်လာပေမည်။
နင်ယွမ်ရှန်းအနေနှင့် ထိုအရာနှင့်ပတ်သက်၍ ကြံကြံ့ခံ ရပ်တည်နိုင်လိမ့်မည် မဟုတ်ကြောင်း စုနန်က ယုံကြည်မိ၏။ သူ စုနန်သည် နန်းမြို့တော်ထဲတွင် တောင်ကြီးတစ်ခုကဲ့သို့ပင် တည်ငြိမ်သည့် လူတစ်ယောက် ဖြစ်သည်။
စုနန်က ပြောလိုက်၏။ “အဲခွေးကောင်လေးက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာလဲ”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့လတုန်းက စုကျန့်ထင်က စစ်သည်အနည်းငယ်ကို ခေါ်ပြီး ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့အဒေါ် စုဖေ့ဖေ့ကိုတောင် သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်း ကျုပ်ကြားခဲ့တယ်”
“ဒီလောကကြီးထဲမှာ အမျိုးအဆွေအပေါ် မစောင့်ရှောက်ဘူးဆိုတာ ဆိုးဝါးတဲ့အရာတစ်ခုပဲလို့ ကျုပ် ခံယူထားတယ်။ ဒါက လူသားတွေရဲ့ကြားထဲမှာ ရှိတဲ့ ပတ်သက်ဆက်နွယ်မှုကို ဖျက်ဆီးပစ်တာနဲ့ တူတူပဲ။ ဒါကြောင့် စုကျန့်ထင်ကို ဖမ်းဆီးဖို့ ကျုပ် လွှတ်လိုက်တာ။ သူ့ကို သေချာစုံစမ်းစစ်ဆေးရမယ်။ သူ ဒီကိစ္စကို တကယ်သာ လုပ်ခဲ့တယ်ဆိုရင် ကျုပ် လုံးဝ သည်းညည်းခံမှာ မဟုတ်ဘူး။ တကယ်လို့ သူ မလုပ်ခဲ့ဘူးဆိုရင်တော့ ကျုပ် စုကျန့်ထင်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ရှင်းလင်းပေးပါ့မယ်”
မြို့စားကြီး စုနန်က ပြောလိုက်၏။ “ကျုပ်သားက ဒီကိစ္စကို မလုပ်ခဲ့ပါဘူး။ ကျုပ် လူတွေကို စေလွှတ် ပြီးတော့ စုံစမ်းခဲ့သေးတယ်။ အဲတုန်းက ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တဲ့သူတွေက ကျုပ်တို့ စုမျိုးနွယ်ရဲ့ နာမည်ကို အစားထိုးခဲ့တာ။ ဒီလူက တကယ့်ကို ရဲတင်းတယ်။ သူက ဓားပြကြီး နာကျည်းမှုပဲ ဖြစ်ဖို့များတယ်။
ပြီးတော့ အဲဒီညတုန်းက စုကျန့်ထင်က အရက်မူးပြီး အုပ်ချုပ်ရေးမှူးရဲ့ သားနဲ့တောင် ကဗျာတွေ စပ်ဆိုခဲ့သေးတယ်။ လူပေါင်းများစွာက ဒီကိစ္စကို သက်သေခံနိုင်ပါတယ်”
နင်ယွမ်ရှန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ‘သူခိုးကြီး.. ခင်ဗျားက ဒီစကားတွေ ပြောပြီး ကျုပ်ကို ခြိမ်းခြောက်ချင်နေတာလား’
ချင်နိုင်ငံ တည်ရှိနေ၏။ ယခု အစိုးရရုံးမှ လူများပင်လျှင် သူ့ဘက်တွင် ပါဝင်လျက်ရှိနေသည်ဟု ပြောနေခြင်း ပေလား။ ထိုနေ့က စုကျန့်ထင်သည် ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာဖြင့် ရွှမ်ဝူအိမ်တော်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း အားလုံးသောသူတို့က ရှင်းရှင်းလင်းလင်း သိ၏။ ထိုကဲ့သို့သောအရာကို အစိုးရရုံးမှ လူများက ဝင်ရောက်ကာ သက်သေခံမည်လား။
ထိုအရာက မည်သည့်အရာကို သက်သေပြနေသနည်း။ ကျိန်းသေပေါက် ထိုအနောက်ဘက်အစိုးရရုံးမှ လူအားလုံးတို့သည် စုကလန်လက်ထဲ၌ ရှိနေခြင်းပင်။ ထိုဒေသရှိ အစိုးရဝန်ထမ်းအားလုံးတို့သည် ပုပ်သိုးဆွေးမြေ့လျက်ရှိနေသည့် အကျင့်ပျက်ခြစားနေသူများပင် ဖြစ်၏။ ထို့အပြင် အလွန်လည်း ရှုပ်ထွေးလွန်း၏။ ချောင်ပြည်နယ်နှင့် တိုက်ခိုက်နေသည့် ရှေ့တန်းကိစ္စ တည်ရှိနေသောကြောင့် သေးငယ်သည့် ကိစ္စရပ်များဟု ထင်မှတ်ကာ ဘုရင်မင်းမြတ်က အရေးမယူခဲ့ချေ။
စုနန်၏ စကားကို ကြားရသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က အသာပင် ပြောလိုက်၏။ “ဟုတ်လား”
စုနန်က ဒူးထောက်ကာဖြင့် တုန်ယင်စွာ ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ကို ဝင်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ တကယ်တော့ အမှားအယွင်းပါပဲ။ ကျုပ်သားက ဆိုးဝါးတဲ့အရာတွေကို ပြုလုပ်ခဲ့တယ်။ ဘာမှ ကောင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ သူ ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ မဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့သားကိုတောင် သင်ပြနိုင်စွမ်းမရှိတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ကျုပ်ရဲ့အပြစ်ပါပဲ။ ဒါတွေအားလုံးက ဒီအဘိုးကြီးရဲ့အပြစ်ပဲ ဖြစ်ပါတယ်။ အရှင်မင်းကြီး... ကျေးဇူးပြုပြီးတော့ ကျုပ်ကို အပြစ်ပေးပါ”
ဘုရင်မင်းမြတ်က ရယ်မောလိုက်၏။ “ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့တယ်ဆိုတာ ခင်ဗျားတောင် မသိပဲနဲ့ ဘယ်လိုဖြစ်ပြီး ကျုပ်က ခင်ဗျားကို အပြစ်ပေးရမှာလဲ”
စုနန်သည် ဦးညွှတ်ကာ ပြောလိုက်သည်။ “ဘာပဲပြောပြော ကျုပ်က စိတ်ထဲမှာ မသိုးမသန့် ခံစားမိနေပါတယ်”
ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ဤအဘိုးကြီးသည် အဘယ်ကြောင့် ယနေ့ညတွင် သံမဏိကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် ပြောနေရသနည်း။ သူ၏ ပြောဆိုဆက်ဆံပုံများသည် နှိမ့်ချနေသည့်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ စိန်ခေါ်နေသကဲ့သို့ပင်။ ထို့အပြင် မသိုးမသန့် ခံစားနေရသည်ဆိုသည့် အဓိပ္ပာယ်က ဘာကို ဆိုလိုသနည်း။
နင်ယွမ်ရှန်းသည် မျက်လုံးကို မှိတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် သတ်ဖြတ်လိုခြင်းဆန္ဒများကို ဖုံးကွယ်လိုက်ခြင်းသာ ဖြစ်၏။ သူသည် တိုက်ရိုက်ဆိုသလိုပဲ စုနန်ကို ဖမ်းဆီး၊ ရာထူးမှချကာ ခေါင်းဖြတ်သတ်ချင်စိတ်ရှိ၏။ သို့ပေမည့် ပြုလုပ်၍မရနိုင်ချေ။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သူ မဖြေရှင်းနိုင်သောကြောင့်ပင်။
တကယ်တမ်း စုနန်ကိုသာ ရာထူးမှ ဖြုတ်ချနိုင်သည်ဆိုပါက မူဝါဒအသစ်သည် ကျင်းကျိုးပေါ်သို့ပင် ရောက်ရှိလာလိမ့်မည်မဟုတ်ပေ။ စုနန်သည် ဘုရင်မင်းမြတ်၏ အောက်ဆွဲဖြစ်ကြောင်း လူပေါင်းများစွာတို့က ထင်မှတ်ထားခဲ့၏။ ဘုရင်မင်းမြတ် ဘာပြောပြော စုနန်က ထောက်ပံ့၏။ ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်၏ မူဝါဒအသစ်သည် သူ့အပေါ်တွင် ကျရောက်ခြင်းမရှိဟု အားလုံးသောသူတို့က ထင်မှတ် ထားခဲ့၏။
သို့ပေမည့် မူဝါဒအသစ်သည်သာ စုနန်ကို ရာထူးမှဖြုတ်ချနိုင်စွမ်း ရှိပါက ကြီးမားသည့် အောင်မြင်မှုပင် ဖြစ်၏။ စုကလန်ဆိုသည်မှာ တော်ဝင်မျိုးနွယ်ဟောင်းများ၏ ပထမဦးဆုံးသော နှစ်ဆွေး ကလန်ဟောင်းကြီး ဖြစ်၏။ ထိုကလန်ကိုသာ ရာထူးမှ ချနိုင်သည်ဆိုပါက မူဝါဒအသစ်ဆိုသည်မှာ ကျိန်းသေပေါက် ကြီးမားသည့် အောင်မြင်မှုမျိုးကို ဖန်တီးနိုင်သည့် အရာပင် ဖြစ်လာပေမည်။ သို့ပေမည့် ပြုလုပ်၍မရနိုင်သေးချေ။
အခြားတစ်ဖက်က ကြည့်ရှုမည်ဆိုလျှင် ကျင်းကျိုးသည် လူအားလုံးတို့ကို အထင်ကြီးစေနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်း၏။ သို့ပေမည့် တစ်ကတစ်၊ နှစ်ကနှစ်ပင် ဖြစ်၏။
‘ဘုရင်မင်းမြတ်... မူဝါဒသစ် အနေနဲ့ ကျုပ်ရဲ့အခြေခံတွေအားလုံးကို ယူဆောင်သွားချင်တယ်ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျုပ်က အဆုံးစွန်ထိ ခုခံမှာပဲ’
သို့ပေမည့် မိသားစုလုံခြုံသွားပြီဆိုလျှင် ဒုတိယအတွေးဟူ၍ ကျင်းကျိုး၌ ရှိလိမ့်မည်မဟုတ်ချေ။ ဝူဘုရင်သည် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျင်းကျိုးကို သွေးဆောင်ခဲ့သေး၏။ မင်းကြီးဘွဲ့ထူးကိုပင် ပေးအပ်ရန် ကမ်းလှမ်းခဲ့၏။ သို့ပေမည့် ကျင်းကျိုးသည် စကားတစ်ခွန်းကိုပင် မဆိုဘဲ ဝူသံတမန်ကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။
သို့ပေမည့် သူ၏ရှေ့တွင်ရှိနေသည့် စုနန်မှာတော့ ဆိုးဝါးလွန်းသည့် လူတစ်ယောက်ဖြစ်၏။ နှလုံးသားထဲတွင် ဓားတစ်ချောင်းကို ထိုးစိုက်ထား၏။ မျက်နှာထက်တွင်တော့ အပြုံးပန်းများက ဝေဆာလျက် ရှိနေ၏။ သူ အာဏာရှိသည့်အချိန်မျိုး၌ ဤသူခိုးအိုကြီးနှင့် စုကလန်တို့ကို ရာထူးမှ ဖြုတ်ချနိုင်ခြင်း မရှိပါက စုကလန်သည် အနာဂတ်တွင် ကျိန်းသေပေါက် ပုန်ကန်မှာ သေချာ၏။
ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့သည် မကြာခင် စစ်ပွဲဖြစ်ပွားလိမ့်မည်။ ထိုသို့ဆိုလျှင် စုကလန် ပုန်ကန်မှာ သေချာ၏။ သူ့အနေနှင့် စုကလန်ကို ရာထူးမှ ဖြုတ်ချနိုင်သည်မက ကျုံးကလန်ကိုလည်း ရာထူးက ဖြုတ်ချရပေလိမ့်မည်။ ထို့အပြင် ပျံ့ကလန်လည်း တည်ရှိနေသေးသည်။ အားလုံးကိုထည့်သွင်း စဉ်းစားရပေမည်။
စစ်တပ်ပိုင်းဆိုင်ရာ ဩဇာအာဏာနှင့် လုပ်ပိုင်ကွင့်အားလုံးသည် ဘုရင်မင်းမြတ်၏ လက်ထဲတွင် ရှိရပေမည်။ သို့ပေမည့် နင်ယွမ်ရှန်းသည် ကျုံးကလန်နှင့် ပျံ့ကလန်တို့ကိုလည်း အမျိုးအဆွေများဖြစ်သောကြောင့် တည်ငြိမ်သည့် စိတ်အမူအရာနှင့် ဆုံးဖြတ်ချက်မျိုး ထားရှိ၏။ အထူးသဖြင့် ပျံ့ရှောင်းပင် ဖြစ်၏။ ပျံ့ရှောင်းသည် ကြီးမားသည့်မျက်နှာသာပေးမှုကို ရရှိခဲ့သော်လည်း တစ်ချက်ကလေးမှ သူ့ကို ခြိမ်းခြောက်ခြင်း မရှိခဲ့ချေ။
ကျုံးကလန်မှာတော့ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး နန်းတွင်းညီလာခံ၏ ဒုအဖွဲ့မှူး အဖြစ်ပင် တာဝန်ထမ်းဆောင်စေ၏။
ပျံ့ရှောင်းသည် နိုင်ငံရေးတာဝန်ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်အခါမှ ဝင်ရောက်ရှုပ်ထွေးခြင်းမရှိချေ။ အရာအားလုံးတို့ကို ဘုရင်မင်းမြတ်ဆီသို့သာ လွှဲအပ်ထားသည်။
နင်ယွမ်ရှန်း၏ စိတ်ထဲတွင် ပျံ့ရှောင်းက အလွန်အရေးကြီး၏။ ဘာပဲပြောပြော ရင်းနှီးလွန်းသည့် မိတ်ဆွေများဟုပင် သတ်မှတ်ရပေမည်။ ဘုရင်မင်းမြတ်၏ လက်ထဲတွင် ကြီးမားလွန်းသည့် ထောက်တိုင်ကြီး ၃ ခုရှိ၏။ ထိုအရာမှာ ပျံ့ရှောင်း၊ ကျုးကလန်၊ ရန်အီနှင့် ရွှယ်ကလန်တို့ပင် ဖြစ်၏။ ကျုံးကလန်သည် ထည့်သွင်းစဉ်းစားရမည့် အရာမျိုးဖြစ်၏။ သို့ပေမည့် အစောကြီးတည်းက ကြောက်မက်ဖွယ်ရာ ကောင်းသည့် အဆင့်အတန်းဆီသို့ ရောက်ရှိနေလေသည်။
...........
“ဟား ဟား ဟား ဟား ဟား”
နင်ယွမ်ရှန်းက ရယ်မောလိုက်၏။ “စုနန်... ခင်ဗျားက တကယ့်ကို လေးနက်လာပြီပဲ။ ကောင်းပြီ ... ထ”
နင်ယွမ်ရှန်းသည် စုနန်ကို ကူညီကာ အသာဖေးမလိုက်သည်။
စုနန်သည် ခက်ခက်ခဲခဲ မတ်တပ်ထရပ်၏။ ခဏလောက်ကြာပြီးနောက် သူသည် ထပ်မံကာ ဒူးထောက်လိုက် ပြန်၏။ “အရှင်မင်းကြီး... ကျန်းချုံးက အထူးတရားရုံးရဲ့ အကျဉ်းထောင်ထဲမှာ သေမလို ဖြစ်ခဲ့တယ်။ အထူးတရားရုံးက လူတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်မယူစေသေးဘူး။ ဒီအရာနဲ့ ပတ်သက်ပြီး တချို့သော အပြစ်ပေးမှုတွေ ပြုလုပ်ရမယ်ထင်တယ်”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ကြောင်အသွားခဲ့၏။ ‘စုနန်... ခင်ဗျားက ညီလာခံအဖွဲ့ဝင်တစ်ယောက်လေ။ အထူးတရားရုံးက ခင်ဗျားရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ ဘယ်လိုဖြစ်ပြီး ခင်ဗျားက အဲဒီအရာအထိပါ သွားပြီး လက်လှမ်းချင်နေသေးတာလဲ’
အနောက်သို့ လှမ်းဆုတ်ရန် ပြင်ဆင်လျက်ရှိနေသည်ဆိုသော်လည်း တစ်ဖက်လူသည် ရှေ့သို့ လှမ်းတက်ရန် ပြင်ဆင်နေပုံလည်းပေါ်၏။ ဘုရင်မင်းမြတ်သည် လေသံပြောင်းလဲကာ ပြောလိုက်သည်။ “အင်း ဟုတ်တယ်။ အထူးတရားရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိန်းသေပေါက် တာဝန်ယူမှုလုပ်ရမယ်”
စုနန်က ပြောလိုက်၏။ “ကျုပ် ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးတော့ မပြောသင့်ပါဘူး။ ဒါပေမဲ့ ပိုင်ရီစီရင်စုက ကျုပ်ရဲ့မွေးရပ်မြေပဲ။ စီရင်စုရဲ့ အုပ်ချုပ်ရေးမှူး ချန်ချိလုံက အကျင့်ပျက်ခြစားမှုကြောင့် ဖမ်းဆီးခံထား ရတယ်။ ဒီရာထူးက လစ်လပ်နေတာ အချိန်အတော်ကြာနေပါပြီ။ အရှင်မင်းကြီး... ဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာ ဆုံးဖြတ်ချက် ချပေးပါအုံး။ နေရာလွတ်နေတာ ကြာရင် မကောင်းပါဘူး”
ဘုရင်မင်းမြတ်က ပြုံးလိုက်၏။ “ဒါဆိုရင် ခင်ဗျားရဲ့အထင်အရ .... ဒီနေရာအတွက် ဘယ်သူ အသင့်တော်ဆုံးလို့ ထင်လဲ”
စုနန်က ပြောလိုက်သည်။ “အင်း... နန်းတွင်းရဲ့ ရာထူးခန့်အပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ကျုပ် ဘာမှ ဝင်ပြီး ပြောလို့ မသင့်တော်ပါဘူး”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ပိုင်ရီစီရင်စုက ခင်ဗျားရဲ့မွေးရပ်မြေပဲ။ ဒီတော့ ခင်ဗျားအနေနဲ့ ပြောပိုင်ခွင့် ရှိပါတယ်။ ကျန်းယွမ်မြို့ရဲ့မြို့တော်ဝန်ရာထူးကလည်း အချိန်အကြာကြီး လစ်ဟင်းနေတာ မဟုတ်လား။ ဘာလို့ ခင်ဗျား တစ်ယောက်ယောက်ကို အာမခံချက် မပေးသေးတာလဲ”
စုနန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ရဲရဲတင်းတင်းနဲ့ အာမခံချက်ပေးချင်ပါတယ်။ အထူးတရားရုံးရဲ့ အငယ်တန်း ဝန်ထောက် ဝမ်ကျင်းလွမ်ကို ပိုင်ရီစီရင်စုရဲ့ အုပ်ချုပ်ရေးမှူး တည်နေရာကို ယူစေပြီး အရင် ဝမ်နျဉ်တရားရုံးရဲ့ တာဝန်ခံခေါင်းဆောင် ဝမ်ကွက်ကို ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ထားချင်ပါတယ်”
ဘုရင်မင်းမြတ်သည် နှလုံးသားတစ်ခုလုံး တုန်ယင်သွားသည်အထိ ဒေါသထွက်သွားခဲ့၏။ မြေခွေးအိုကြီးသည် သူ့ကို လာရောက် စမ်းသပ်နေလေသေးသည်လား။ အောက်ခြေစည်းမျဉ်းကိုပင် လာရောက် နင်းချေလျက် ရှိ၏။
နင်ယွမ်ရှန်းက ပြုံးလိုက်သည်။ “စုနန် ... အင်း.. အထူးတရားရုံးရဲ့ အငယ်တန်း ဝန်ထောက်ဆိုတာက ပိုင်ရီ စီရင်စုရဲ့ မြို့တော်ဝန်ဖြစ်လာဖို့ အရမ်းဝေးကွာလွန်းတယ်။ ပြီးတော့ ဝမ်ကွက်က သူ့ရဲ့ရာထူးကနေ ဖယ်ရှားခံထားရတယ်။ ကျန်းယွမ်မြို့တော်ဝန်ဖြစ်လာဖို့ဆိုတာ သူ့အတွက် အဆင့် ၂ ဆင့်၊ ၃ ဆင့်လောက် လိုနေသေးတယ်”
စုနန်က ပြောလိုက်၏။ “ကျုပ်က အာမခံချက်ပေးတာ တစ်ခုပါပဲ။ ပြီးတော့ ဒီအရာရှိတွေက အမှားအယွင်းတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လေ။ ပြီးတော့ သူတို့ကို လေ့ကျင့်ပေးချင်တာလည်း ပါပါတယ်။”
အတိတ်တုန်းက စုနန်သည် ညီလာခံထဲတွင်ပင် စကားများများ ပြောတက်သူ မဟုတ်ချေ။ သူနှင့် မသက်ဆိုင်သည့်အရာများကို ဘယ်တော့မှ ပြောသည့်လူမျိုး မဟုတ်ချေ။ သို့ပေမည့် လက်ရှိအခြေအနေ မှာတော့ ပြောလျက်ရှိနေသည်။
ဘုရင်မင်းမြတ်က ပြုံးလိုက်၏။ “အင်း... စုနန်ရဲ့ အကြံပေးမှုကတော့ အရမ်းကောင်းပါတယ်။ ကျုပ် စဉ်းစားလိုက်ပါအုံးမယ်။ အစောင့်တွေ... စုနန်ကို သူ့ရဲ့အိမ်တော်ဆီ ပြန်ပို့လိုက်တော့”
ပြီးနောက် မိန်းမစိုးရှောင်လီသည် မိန်းမစိုးလေးယောက်ကို ခေါ်ဆောင်ကာဖြင့် စုနန်ကို ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ ပြန်လည်ကာ ပို့ဆောင်သည်။
စုနန်ထွက်ခွာပြီးနောက်မှာတော့ ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွားခဲ့၏။
မိန်းမစိုးကြီး လီစွမ်းသည် ရုတ်တရက် လက်ကို ယမ်းခါပြီး ရှိရှိသမျှသောမိန်းမစိုးအားလုံးကို အပြင်ဘက်သို့ ထွက်ခွာစေ၏။ ပြီးနောက် သူသည် ခါးကို ကုန်းကာဖြင့် သူ့၏ဦးခေါင်းကို ငုံ့လိုက်၏။ ဆိုလိုရင်းမှာ အလွန်ပဲ ရိုးရှင်းသည်။
အရှင်မင်းကြီး လက်ရှိအခြေအနေတွင် ဒေါသထွက်၍ ရပြီဖြစ်၏။ တစ်စုံတစ်ခုကို ဖောက်ခွဲချင်သည်၊ တစ်စုံတစ်ခုကို ဖျက်ဆီးချင်သည်၊ တစ်စုံတစ်ခုကို ဆူငေါက်ချင်သည်ဆိုလျှင် သူ အဆင်သင့် ရှိနေပြီဖြစ်၏။
“ခွေးအိုကြီး... ဘာတွေ ဟန်ထုတ်နေတာလဲ”
ဘုရင်မင်းမြတ်က ဒေါသတကြီး ရယ်မောလိုက်၏။ “ကျုပ်က တစ်ခုခု ဒေါသထွက်ပြီဆိုရင် စားပွဲခုံတွေ၊ ပုလင်းတွေ ရိုက်ခွဲပြီး ကိုယ့်ရဲ့ဒေါသကို ဖြေဖျောက်တတ်တဲ့ လူတစ်ယောက်လို့ပဲ ခင်ဗျားထင်နေတာလား”
လီစွမ်းသည် ဦးညွှတ်လိုက်သည်။ “ကျုပ် မထင်ရဲပါဘူး။ အရှင်မင်းကြီးက တကယ့်ကို ဉာဏ်ပညာနဲ့ ပြည့်စုံလှ ပါတယ်”
ဘုရင်မင်းမြတ်သည် ဒေါသတရားကို မလွှတ်ချသေးချေ။ ထိုအစား အသာထိုင်ချကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “စိတ်ဝင်စားစရာပဲ။ ဒီမြေခွေးအိုကြီးက နောက်ဆုံးမှာတော့ သူ့ရဲ့လက်သည်းတွေကို ထုတ်ဖော်ပြသခဲ့တယ်။ သူ ဘယ်သူ့ကိုလာပြီးတော့ ဟိတ်ဟန်ထုတ်ပြနေတာလဲ။ ကြည့်ရတာ ဒီမြေခွေးအိုကြီးက ကျုပ်ကိုတောင် လာပြီး ဖြဲခြောက်နေတဲ့ပုံပဲ။ ကျုပ် သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ကျုပ် တကယ် သူ့ကို ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား”
ထိုအချိန်မှာတော့ သူသည် မူဝါဒအသစ်ကို လွမ်းဆွတ်လျက်ရှိနေ၏။ အကယ်၍ မူဝါဒအသစ်သည်သာ တန်ပြန်မှုမခံရဘဲ ယခင်ကကဲ့သို့ အလှည့်အပြောင်းများနှင့် ဖြစ်တည်နေပါက ကျိန်းသေပေါက် အရာအားလုံးကို ဖယ်ရှားနိုင်စွမ်းရှိနေပြီး အာဏာကို ဗဟိုပြု၍ သူ ထိန်းချုပ်နိုင်စွမ်းရှိနေလိမ့်မည်။
“ရှမ့်လန် ဘယ်ရောက်သွားလဲ” ဘုရင်မင်းမြတ်က ဒေါသတကြီးနှင့် မေးမြန်းလိုက်၏။
“သူ့ကို ချုပ်နှောင်ထားပါတယ်” လီစွမ်းက ပြန်လည်ကာ ဖြေဆိုသည်။
ဘုရင်မင်းမြတ်က မေးလိုက်၏။ “သူ့ကို ကြိမ်နဲ့ သုံးချက် ရိုက်ပြီးပြီလား”
လီစွမ်းက ပြန်လည်ကာ ဖြေဆိုသည်။ “ရိုက်ပြီးပါပြီ”
ဘုရင်မင်းမြတ်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “သူ့ကို ချပ်ဝတ်အပျော့သား ဝတ်ပေးပြီး ရိုက်ခဲ့တာလား”
လီစွမ်းသည် ခေါင်းကို မော့လိုက်၏။ “မဟုတ်ပါဘူး။ ကျုပ် သူ့ကို ရိုက်ဖို့ပြင်တဲ့အချိန်မှာ မင်းသမီးနင်ယန်က ရှေ့ကလာပြီး ကာစီးကာစီး လုပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ထပ်ပြီးတော့ မရိုက်ခဲ့ရပါဘူး”
ဘုရင်မင်းမြတ်က အကြီးအကျယ် ဒေါသထွက်သွား၏။ ရှမ့်လန်ကို သူ အကြိမ်တိုင်း သတိပေးခဲ့၏။ နင်ယန်နှင့် မအိပ်ရန်ပင်။ သို့ပေမည့် ဤခွေးကောင်လေးသည် တကယ်ပင် သူ၏သမီးနှင့် အိပ်စက်ခဲ့၏။ သေသည်အထိ သူ ရိုက်နှက်ချင်မိသည်။
.......................
ဘုရင်မင်းမြတ်၏ ဒေါသမုန်တိုင်းသည် နန်းတော်၏ အခန်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။ မိန်းမစိုးကြီး ၃ ယောက်တို့သည် သူ၏နောက်မှ လိုက်ပါလာ၏။ ဘုရင်မင်းမြတ်၏ လက်ထဲတွင် ကြာပွတ်ကို ကိုင်ဆောင်ထားသေး၏။
ဝင်ဝင်ချင်းမှာပဲ နင်ယန်က ဒူးထောက်ထိုင်ချလိုက်သည်။ “အဖေ... ကျွန်မ ရှမ့်လန်နဲ့ အိပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်မကပဲ သူနဲ့ စအိပ်ခဲ့တာပါ။ ဟုတ်ပါတယ်။ ဒီကိစ္စက စလုပ်တဲ့လူက ကျွန်မတော့ မဟုတ်ပါဘူး။ ယွမ်မင်ကျယ်က ကျွန်မတို့ သောက်တဲ့အရက်ထဲ ဆေးခတ်ခဲ့တယ်။ အဲခွေးကောင် လုပ်တာပါ။ ရှမ့်လန်က ဓားစားခံပါပဲ။ ပြီးတော့ ကျွန်မလည်း အတူတူပါပဲ။ ဒါတွေ အားလုံးက ဟိုခွေးကောင် ယွမ်မင်ကျယ် လုပ်တဲ့ ပြဿနာတွေပါပဲ”
ဘုရင်မင်းမြတ်သည် ယွမ်မင်ကျယ်ကို မည်ကဲ့သို့ အပြစ်ပေးမည်နည်း။ ကျိန်းသေပေါက် အပြစ်ပေး၍ မရနိုင်ချေ။ ယွမ်မင်ကျယ်သည် တော်ဝင်ရန်နိုင်ငံ၏ သံတမန် ဖြစ်၏။ ယွင်မင်ကျယ်၌ လုံလောက်သည့် ဩဇာအာဏာ မရှိဘူးဆိုလျှင်တောင် တော်ဝင်ရန်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်ဖြစ်၏။ နင်ယန်သည် ထိုအရာကို သတိပြုမိ၏။ ထို့ကြောင့် ဆက်တိုက်ဆိုသလိုပဲ ယွမ်မင်ကျယ်၏ ဦးခေါင်းပေါ်သို့ အပြစ်ဟူသမျှ ပုံချနေခြင်း ဖြစ်၏။
...............