← Chapters

အခန်း (၃၄၅)

Vol. 25 Ch. 345

အခန်း (၃၄၅)

Vol. 25 Ch. 345

“ဟင်း.. မင်း တော်တော်အလုပ်များနေတာကိုး”

ဘုရင်မင်းမြတ်သည် ဒေါသကြောင့် မေ့လဲလုမတတ်ပင် ဖြစ်နေ၏။ ပိုးချည်ကြိုးများဖြင့် ချည်နှောင်ခံထားရသော ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြောင်း သူ မြင်လိုက်၏။

“အခုချိန်ထိ အိပ်နိုင်သေးတယ် ။ ပင်ပန်းနေတယ်ပေါ့ ဟုတ်လား။ ထစမ်း” ဘုရင်မင်းမြတ်သည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။

တခြားမိန်းမစိုးများ ဘာမှမလုပ်ရသေးခင်မှာပဲ နင်ယန် သည် ရေနွေးနွေးတစ်ခွက်ကို အသာကောက်ထည့်ပြီး ရှမ့်လန်၏ မျက်နှာကို လှမ်းပက်လိုက်၏။ “အရူး... အိပ်နေရာကနေ ထစမ်း”

ရှမ့်လန်သည် ရုတ်တရက် တုန်ယင်သွား၏။ ပြီးနောက် ဒူးထောက်လိုက်သည်။

ဘုရင်မင်းမြတ်သည် အေးစက်စက် ပြောလိုက်၏။ “ဪ ... ရှမ့်က နိုးလာပြီကိုး”

ရှမ့်လန်သည် တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူသည် မတ်တပ်ထရပ်ပြီး ဦးညွှတ်ရန် ပြင်သော်လည်း သူ့ကို ထိုင်ခုံတွင် ကြိုးများနှင့် ချည်နှောင်ထားကြောင်း သတိပြုလိုက်မိသည်။

“အရှင်မင်းကြီး ...... ကျုပ်ကို ချည်နှောင်ထားခဲ့တာကြောင့် သေသေချာချာ ဦးမညွှတ်နိုင်ပါဘူး။ ခွင့်လွှတ်ပေးပါ” ရှမ့်လန်က ကြောင်အအနှင့် တောင်းပန်လိုက်၏။

ဘုရင်မင်းမြတ်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ရှမ့်လန်... မင်းနဲ့ နင်ယန်ရဲ့ ကိစ္စကို ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ”

ရှမ့်လန်က ပြောလိုက်၏။ “တတိယမင်းသမီးကို ဘယ်တော့မှ မလေးမစား မလုပ်ရဲပါဘူး။ ဒီကိစ္စကို ဘာမှ မဖြစ်ခဲ့သလို၊ မသိသလို နေပေးပါ့မယ်”

မှားယွင်းခဲ့ကြောင်း တောင်းပန်ခဲ့သည် မဟုတ်ပါလား။ ဘုရင်မင်းမြတ်သည် အဘယ်ကြောင့် ဒေါသ ပိုထွက်သလိုမျိုး သူ့ကို ကြည့်ရှုနေရသနည်း။

“သူ့ကို ထောင်ထဲမှာ ချုပ်ထားလိုက်စမ်း။ ပြီးတော့ တိုင်မှာ ချည်ထားလိုက်။ ဒီနေရာက အရမ်း သက်တောင့်သက်သာ ဖြစ်နေတယ်”

ပြီးနောက် ရှမ့်လန်သည် ထောင်ထဲသို့ ထပ်မံကာ ရောက်ရှိသွားခဲ့၏။

ဘုရင်မင်းမြတ်နှင့် နင်ယန်တို့သည်သာ အခန်းထဲတွင် ကျန်ရှိခဲ့သည်။

“နင်ယန် ... ဘယ်လိုထင်လဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။

နင်ယန်က ပြောလိုက်၏။ “ဘာမှမထင်ပါဘူး။ ဒီကိစ္စက ဘာမှမဖြစ်ခဲ့သလိုပဲ သတ်မှတ်ရမယ်။ အနာဂတ်မှာ ကျွန်မတို့က ညီအစ်ကိုတွေလိုပဲ နေထိုင်ရမယ်လေ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ရှမ့်လန်က ရွှမ်ဝူနယ်စားအိမ်တော်ရဲ့ သမက်တော်တစ်ယောက်။ ဒီတော့ မင်းနဲ့ ဒီလိုမျိုးဖြစ်လို့ မသင့်တော်ဘူး”

နင်ယန်က ပြောလိုက်၏။ “ဒီကိစ္စကို ဒီလိုပဲ အဆုံးသတ်လိုက်ချင်ပါတယ်။ ဒါ မတော်တဆဖြစ်တဲ့ ကိစ္စရပ် တစ်ခုပဲ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒါဆိုရင် တော်ဝင်ရန်နိုင်ငံက မင်းယောက်ျားရဲ့အိမ်ကို ဘာလို့ ပြန်မသွားသေးတာလဲ”

“မသွားဘူး။ ကျွန်မသေရင်တောင် သွားမှာမဟုတ်ဘူး”

နင်ယန်က ကျယ်လောင်စွာ အော်လိုက်၏။ “ဒီ ရွံစရာ ကောင်းတဲ့လူကို ကျွန်မ ဘယ်တော့မှ ထပ်ပြီး မမြင်ချင်ဘူး။ သူက မင်းသားတစ်ယောက်ပဲ။ ဒါပေမဲ့ ဖင်ကိုတောင် ရောင်းချင်တဲ့ ယောက်ျားလို ဖြစ်နေတယ်။ ကျွန်မ နန်းမြို့တော်ထဲမှာ လုံးဝကို အရှက်ရခဲ့တယ်။ ရန်တော်ဝင်အင်ပါယာထဲမှာ ကျွန်မ အရှက်ရခဲ့တယ်။ ကျွန်မ နန်းမြို့တော်ထဲမှာ နေဖို့ နေရာတောင် မရှိခဲ့ဘူး”

နင်ယန်သည် ပြောရင်း မျက်ရည်များ စီးကျလာခဲ့သည်။

ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးကလည်း အေးစက်သွားခဲ့၏။ သူသည် နင်ယန်ကို ဖမ်းဆီးကာဖြင့် တော်ဝင်ရန်နိုင်ငံ နန်းမြို့တော်ဆီသို့ စေလွှတ်ချင်၏။ သို့ပေမည့် ထိုအရာကို ပြုလုပ်၍ မရနိုင်ခဲ့ချေ။ သူသည် ဒေါသတရားများကို ရင်ဝယ်ပိုက်ကာ သိမ်းဆည်းထားရ၏။

ပထမဦးဆုံး စုကျန့်ထင်က ထွက်ပြေးသွား၏။ ပြီးနောက် ဟိုမြေခွေးအိုကြီး စုနန်သည် သူ့ကို လက်သည်း တပြပြနှင့် ပြုလုပ်ခဲ့၏။ သူ၏သမီးနှင့် ရှမ့်လန်တို့သည် ဒေါသထွက်စရာ ကိစ္စရပ်ကို ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။

“အင်း.. ရှမ့်လန်ကို အဝတ်အစားတွေ မဝတ်ပေးနဲ့။ သူ့ကို အေးခဲပြီး သေအောင်ထားလိုက်စမ်း” ဘုရင်မင်းမြတ်က ဒေါသတကြီးနှင့် ပြောလိုက်၏။ တိုင်သည် ကျောက်တိုင်ကြီးဖြစ်သောကြောင့် အေးစက်၏။ အကျဉ်းထောင်၏ အခန်းကလည်း အပူချိန် နိမ့်ပါးလွန်း၏။

နောက်တစ်ကြိမ် တိုက်ပွဲကို စတင်ရပေတော့မည်။ စုနန်ကို ကျိန်းသေပေါက် ဒုက္ခပေးရပေလိမ့်မည်။ သူ့အနေနှင့် စုနန်ကို ရာထူးမှ ဖြုတ်ချနိုင်စွမ်း မရှိသော်လည်း စုနန်၏ ဩဇာအာဏာများကို ပြန်လည်ကာ ထိန်းချုပ်ပြီး တသီးတသန့်ဖြစ်အောင် ဖန်တီးရပေလိမ့်မည်။

..............

ညီလာခံဝန်ကြီး ဝမ်ချန်လီသည် ဘုရင်မင်းမြတ်၏အကြောင်းကို သိရှိပြီးနောက် ရှည်လျားလွန်းသည့် စာလွှာတစ်ခုကို တင်သွင်းရန် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။

စုနန်၏ ဩဇာအာဏာက ကြီးမားလွန်းလှချေ၏။ ထို့ကြောင့် သူ့ကဲ့သို့သော ရာထူးနှင့် တစ်ဖက်လူကို ဒုက္ခပေး တိုင်ကြားဖို့ဆိုသည်မှာ ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ဝမ်ချန်လီက ဘုရင်မင်းမြတ်၏ လူသာ ဖြစ်၏။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ စကားကိုသာ နားထောင်ရပေလိမ့်မည်။ ဘုရင်မင်းမြတ်က သူ့ကို ဆူငေါက်ခိုင်းချင်သည်ဆိုမှတော့ သူက ကျိန်းသေပေါက် ဆူငေါက်ရပေမည်။

ယနေ့အချိန်မှာတော့ ညီလာခံ၏အရေးကြီးသော ဝန်ကြီးနှစ်ယောက်တို့သည် စုနန်ကို အပြစ်တင်ရန်အတွက် စာတမ်းများကို ကြိုးစားပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ သေးငယ်သည့် ကိစ္စရပ် မဟုတ်တော့ချေ။ စုမိသားစုသည် သူတို့၏ မြေပိုင်နက်ကို ချဲ့ထွင်ပြီး လူပေါင်းများစွာတို့၏ကုန်းမြေ ၊ လယ်ယာမြေများကို အပိုင်စီး သိမ်းပိုက်ခဲ့သည်ဆိုသော အချက်အလက်များပါဝင်၏။

စုနန်၏တူသည် မည်သည့်တရားဝင်ရာထူးမှ မရခဲ့ချေ။ သို့ပေမည့် ကျန်းယွမ်မြို့ထဲတွင် အမှုထမ်းတစ်ယောက်ကဲ့သို့ တာဝန် ထမ်းဆောင်လျက်ရှိနေ၏။ မြို့တော်ဝန် သုံးယောက်ကိုပင် မြို့မှ နှင်ထုတ်ခဲ့၏။ ထို့အပြင် ထိုသူထဲမှ နှစ်ယောက်ကို သတ်ဖြတ်ခဲ့သေးသည်။

ကျန်းချုံးသည် ဝမ်ချန်လီကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ခင်ဗျားဆီမှာ အမြင့်ဆုံး ရာထူးရှိနေတယ်။ ဒီတော့ ခင်ဗျား အရင်လုပ်”

အရာရှိဝမ်ချန်လီသည် ရှေ့ဆီသို့လှမ်းထွက်ပြီး စုနန်ကို ဆူငေါက်အပြစ်တင်ရတော့မှာ ဖြစ်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ နန်းတော်ထဲတွင် ရှိနေသည့် အမှုထမ်းတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းထွက်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ တင်ပြစရာတစ်ခု ရှိပါတယ်”

ရုတ်တရက် ဝမ်ချန်လီ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူတို့၏ထဲတွင် သစ္စာဖောက်တစ်ယောက် ထပ်ရှိနေသေးသည်လား။ ညီလာခံထဲတွင်ပင် သူ၏ထိန်းချုပ်မှုအောက်၌ မရှိသည့်အရာမျိုး ရှိနေသေးသည်လား။

ကျင်းမိသားစုနှင့် ရှမ့်လန်ကို ဒုက္ခပေးရန် ပြင်ဆင်ခဲ့ချိန်က လူပေါင်းများစွာတို့၏ တုံ့ပြန်မှု ၊ ထောက်ပံ့မှုကို ရရှိခဲ့၏။ သို့ပေမည့် စုနန်ကို အပြစ်တင်ရန် ကြိုးစားချိန်မှာတော့ အားလုံးသောသူတို့က မသိချင်ယောင် ဆောင်ထားခဲ့၏။ ယခု သူ၏ရှေ့တွင် တစ်စုံတစ်ယောက်ကပါ ထပ်မံကာ ထွက်ပေါ်လာခဲ့သည်။

ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်၏။ သူသည် ဝမ်ချန်လီကို အေးစက်စက်နှင့် စူးစိုက်ကြည့်ရှုလိုက်၏။ ညီလာခံအဖွဲ့သားများကို မည်ကဲ့သို့ စီမံခန့်ခွဲထားသနည်း။ သို့ပေမည့် တစ်စုံတစ်ယောက်က ရှေ့တိုးကာ တင်ပြချင်သည်ဆိုပါတော့ ဆိုမှတော့ သူ၏အနေနှင့် တားဆီး၍မဖြစ်နိုင်ချေ။

“ပြော”

ညီလာခံအဖွဲ့သားဖြစ်သော လီပင်ကျုံးက ပြောလိုက်၏။ “ကျုပ် ရှမ့်လန်ကို တိုင်တန်းချင်ပါတယ် အရှင်မင်းကြီး။ ရွှမ်ဝူနယ်စားအိမ်တော်ရဲ့ သမက်တော်တစ်ယောက်ဖြစ်ပေမဲ့ သူက တတိယမင်းသမီး နင်ယန်ကို သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။ ပြီးတော့ မင်းသမီးရဲ့ သန့်စင်မှုကို ဖျက်ဆီးပြီး ရွှဲ့ပြည်နယ် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ပါတယ်။ ဒီဟာက တစ်ဖက်ခြမ်းမှာ ရှိနေတဲ့ မင်းသားလျန်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းသွားမှာ ဆိုးရတယ်”

အားလုံးသောသူတို့သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ တုန်လှုပ်သွားခဲ့၏။ လီပင်ကျုံးကို အားလုံးက မယုံကြည်နိုင်သလို လှမ်းကာ ကြည့်ရှုလိုက်၏။

‘ခင်ဗျားက အံ့အားသင့်စရာပဲ။ သေမှာ မကြောက်ဘူးလား’

ရှမ့်လန်နှင့် မင်းသမီးနင်ယန်တို့၏ ကြားမှ ကိစ္စရပ်များကို မည်သူမှ မသိသလောက်နီးပါး ဖြစ်၏။ သို့ပေမည့် အားလုံးသောသူတို့ သိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောနေသည်လား။ ‘ဘုရင်မင်းမြတ် .. ခင်ဗျားသမီးက အိမ်ထောင်ရှိယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်။’ အဲလိုပြောချင်နေသည်လား။

ဘုရင်မင်းမြတ်သည် အံ့အားသင့်သွားခဲ့၏။ ပြီးနောက် ထိုညီလာခံအဖွဲ့ဝင်အား မယုံကြည်နိုင်သလို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုသူသည် အဆင့် ၆ ရာထူးအဆင့်သာရှိပြီး သူ၏ရာထူးအရဆိုလျှင် လက်ရှိညီလာခံကိုပင် တက်ရောက်ခွင့်ရသည့် မရနိုင်ချေ။ သို့ပေမည့် တော်ဝင်မိသားစု၏ အိမ်ထောင်ရေးကိစ္စရပ်များကိုပင် ညီလာခံ၌ လာရောက်ထုတ်ဖော်ပြောကြားရဲနေသေးသည်လား။

သူ၏ဓားက လုံလောက်အောင် မထက်မြက်ဘူးလို့ ထင်နေသေးသည်လား။ သူ့အနေနှင့် အားလုံးသောသူတို့ကို မသတ်ဖြတ်ဘူးဟု ယုံကြည်နေသေးသည်လား။ သူ့ကိုပင် မကြောက်ရွံ့တော့ ပေဘူးလား။

အဆင့် ၆ မင်းမှုထမ်း တစ်ယောက်ကပင်လျှင် စုနန်ဆီ ကျဆင်းလာမည့် ဓားကို တားဆီးရန် ကြိုးစားပေးလျက်ရှိနေ၏။ ရှမ့်လန်ကို ဖျက်ဆီးရန်သာ အားလုံးသောသူတို့က တစိုက်မတ်မတ် ကြိုးစားခဲ့၏။ စုနန်ကို မထိဝံ့ကြချေ။

‘ရှမ့်လန် ခွေးကောင်လေး... မင်းအခုတလော ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သိပြီလား’

လက်ရှိအခြေအနေမှာတော့ ညီလာခံတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ မည်သူမှသည် မတုံ့ပြန်ရဲကြချေ။ တော်ဝင်မိသားစု၏ အိမ်ထောင်ရေးပြဿနာတစ်ခုဖြစ်၏။ ထိုအရာက ပုဂ္ဂလိက ကိစ္စရပ်တစ်ခုဖြစ်ပြီး ညီလာခံထဲတွင် တိုင်ပင်ဆွေးနွေးရမည့်အရာမျိုး မဟုတ်ချေ။

ရှမ့်လန်နှင့် နင်ယန်တို့၏ကြား ဖြစ်ပွားခဲ့သည့် ကိစ္စသေးသေးလေးအား ဖြေရှင်းရမည့်လူက ဘုရင်မင်းမြတ်သာလျှင် ဖြစ်၏။ ထိုကိစ္စကလည်း ဘာမှမဟုတ်သည့် ကိစ္စရပ်မျိုး ဖြစ်၏။ သူအနေနှင့် အချိန်တစ်ခုရှာပြီး နင်ယန်ကို တော်ဝင်ရန်နိုင်ငံဆီသို့ ပြန်ပို့ရန်သာ ရှိ၏။

ရှမ့်လန်ကိုလည်း ရက်အနည်းငယ်ကြာ ချုပ်နှောင်ထားခဲ့ပြီး သင်ခန်းစာပေးရန် ပြင်ဆင်ထားခဲ့၏။ ထိုအရာကို ပြည်သူများသိသည်ဆိုပါက ကျိန်းသေပေါက် ရှမ့်လန်သည် ကြီးမားသည့် မှုခင်းတစ်ခု ပြုလုပ်သလို ဖြစ်သွားပေလိမ့်မည်။ မသေဘူးဆိုလျှင်တော့ အရေခွံ ခွာခံရနိုင်သည်။

တော်ဝင်ရန်အင်ပါယာ၏ စိတ်နေစိတ်ထားက အဓိကဖြစ်၏။ တစ်ဖက်လူက ဒေါသထွက်သည်ဆိုပါက ဘုရင်မင်းမြတ်အနေနှင့် ရှမ့်လန်ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် မင်းသားလျန်နှင့် ယွမ်မင်ကျယ်သည် ရင်းနှီးသည့် ပတ်သက်ဆက်နွယ်မှုမျိုးရှိ၏။ ထိုသူ တည်ရှိနေသောကြောင့် မင်းသားလျန်၏ စိတ်နေစိတ်ထား အခြေအနေတစ်ခုလုံးကို နားလည်နိုင်စွမ်း ရှိနေ၏။ နားလည်နိုင်စွမ်း ရှိသည်ထက်ပင် ပိုနိုင်သေး၏။

အဘယ်ကြောင့်ဆိုသော် ယွမ်မင်ကျယ်သည် နင်ယန်ကို ချစ်မြတ်နိုးခဲ့သည့် လူတစ်ယောက်ဖြစ်နေ၏။ ထို့ကြောင့် နင်ယန်နှင့် သူမ၏ယောက်ျားကို ခွဲ၍ရနိုင်သည့် နည်းလမ်းပေါင်းများစွာကို သူက စဉ်းစားခဲ့ပြီးသား ဖြစ်၏။ မင်းသားလျန်သည် နင်ယန်ကို သူ၏မွေးစားသမီးအဖြစ် လက်ခံရန်ပင် အဆင်သင့်ဖြစ်နေ၏။ ထို့အပြင် နင်ယန်၏ ကိစ္စနှင့်ပတ်သက်၍ အရင်ဆုံး မှားယွင်းခဲ့သည့်လူမှာ မင်းသားလျန်ပင် ဖြစ်သည်။

အဆုံးသတ်မှာတော့ ညီလာခံတက်ရောက်လာခဲ့သည့် အဆင့်ခြောက် နန်းတွင်းအမှုထမ်းသည် သေဆုံးရမည်ကို မကြောက်ရွံ့ဘဲ ရှမ့်လန်နှင့် နင်ယန်တို့ကြားရှိ လိင်ကိစ္စကို ထုတ်ဖော်ကာ ပြောကြားလျက် ရှိနေ၏။ တကယ့်ကို သေဆုံးရမည်ကို မကြောက်လန့်သည့်ပုံမျိုးပင်။

တစ်ဖက်လူ ရှမ့်လန်ကို တိတ်တဆိတ်နာကျင်အောင် ပြုလုပ်ချင်နေခြင်းဖြစ်ကြောင်း အားလုံးသောသူတို့က နားလည်ပြီးဖြစ်၏။ သို့ပေမည့် ထိုသို့သောအကြောင့်ဖြင့် တော်ဝင်မိသားစုအား ပြဿနာထဲ ဆွဲမသွင်းသင့်ပေ။ လည်ကုပ်က မာကျောသည်ဟု ထင်မှတ်နေသေးသည့်လား။

‘စုနန်က ခင်ဗျားကို ဘာပေးထားတာလဲ။ ဘယ်လိုဖြစ်ပြီးတော့ သေရမှာကို မကြောက်တော့တာလဲ။ ဘယ်လောက်ကြီးမားတဲ့ အခွင့်အရေးတွေ ပေးထားလို့လဲ’

ကျန်းချုံးသည် ရုတ်တရက် ရှေ့ကို လှမ်းတက်ကာဖြင့် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ဘာသက်သေမှ မရှိဘဲ တော်ဝင်မင်းသမီးရဲ့ကိစ္စကို သွားပုတ်လေလွင့် လျှောက်ပြောနေလို့မဖြစ်ဘူး။ အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဒီလူကို အပြင်ဘက်ထုတ်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးပေးပါ။ သူ့ရဲ့ နောက်ကွယ်က ဘယ်သူတွေရှိလဲ။ သူ ဘာလုပ်ချင်နေတာလဲ ဆိုတာကိုပါ စစ်ဆေးပေးပါ အရှင်မင်းကြီး။”

လီပင်ကျုံးက လှမ်းကာ ပြောလိုက်သည်။ “ကျုပ်ဆီမှာ သက်သေရှိတယ်။ အဲဒီနေ့က ရှမ့်လန်နဲ့ တတိယမင်းသမီး နင်ယန်တို့က တစ်ညလုံးလုံး ယွမ်မင်ကျယ်ရဲ့ အိမ်ထဲမှာ နေထိုင်ခဲ့ကြတယ်။ ရှမ့်လန် ထွက်လာတဲ့အချိန်မှာ သူ့ရဲ့ အဝတ်အစားတွေက စုတ်ပြတ်သတ်နေတယ်။ ပြီးတော့ ရှမ့်လန် အထူးတရားရုံးထဲ အကျဉ်းချခံရတုန်းက မင်းသမီးနင်ယန်က သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကို ခေါ်ဆောင်လာပြီး ထောင်လာဖောက်တယ်။ အထူးတရားရုံးကိုတောင် ဝင်ပြီး တိုက်ခိုက်ခဲ့တယ်။

ပြောရမယ်ဆိုရင် ဒါ ပုန်ကန်တာတစ်ခုပဲ။ အရွယ်ရောက်ပြီးသားလူနှစ်ယောက်ရဲ့ လိင်ကိစ္စတွေ ပါဝင်နေတယ် ဆိုတာကို သက်သေပြလိုက်တာနဲ့ တူတူပဲ။ ရှမ့်လန်ကိုသာ ကျုပ်တို့ အပြစ်မပေးနိုင်ဘူးဆိုရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမှာလဲ။ မင်းသမီးနင်ယန်ကိုသာ ကျုပ်တို့ အပြစ်မပေးနိုင်ဘူး ဆိုရင် ဥပဒေက ဘယ်မှာလဲ။

မင်းသားတစ်ပါး အပြစ်ကျူးလွန်ခဲ့တယ်ဆိုရင်တောင် သာမန်လူလိုပဲ တူညီတဲ့အပြစ်ဒဏ်ကို ခံစားရမယ်။ ဒါပေမဲ့ အရှင်မင်းသမီးကတော့ အထူးတရားရုံးကိုတောင် ဝင်ပြီး တိုက်ခိုက်ခဲ့တယ်။ သူ့ကို ပြင်းပြင်းထန်ထန်နဲ့ အပြစ်ပေးသင့်တယ် မထင်ဘူးလား”

အားလုံးသောသူတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ ဤလူသည် ပိုမိုကာ ဆိုးဝါးလာ၏။ ညီလာခံထဲရှိ အမှုထမ်း ဝန်ကြီး၊ ဝန်ထောက် အားလုံးတို့သည် ကြောင်အကြီးစွာဖြင့် ထိုသူ့ကို မျက်လုံးအပြူးသား ကြည့်ရှုလျက်ရှိနေကြ၏။

မင်းသမီးနင်ယန်နှင့် ယွမ်မင်ကျယ်တို့ အထူးတရားရုံးကို ဝင်ရောက်တိုက်ခိုက်သည့်ကိစ္စရပ်အား ကျန်အားလုံးက မသိချင်ယောင်ဆောင်ထားခဲ့၏။ မည်သည့်အခါကမှ မဖြစ်ခဲ့သကဲ့သို့ပင်။ သို့ပေမည့် အဆုံးသတ်မှာတော့ တစ်ဖက်လူက ထုတ်ဖော်ပြောဆိုလျက်ရှိနေ၏။ ဘာလုပ်ချင်နေသနည်း။ ဆိုးဆိုးဝါးဝါး သေဆုံးချင်နေသေးသည်လား။ ဘာတွေဖြစ်နေသနည်း။

ထိုအချိန်မှာတော့ စုနန်သည် ခါးကုန်းကုန်းဖြင့် အားလုံးသောသူတို့၏ အနောက်ဘက်တွင် ရပ်တန့်လျက်ရှိ၏။ သူသည် မည်သည့်စကားကိုမှ မဆိုချေ။ အရာအားလုံးက သူနှင့်မသက်ဆိုင်သလိုပင်။ ညီလာခံ တစ်ခုလုံးသည် ထူးခြားသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းများနှင့် ပြည့်နှက်သွား၏။ မည်သူမှ မတုံ့ပြန်ရဲချေ။

နင်ယန်သည် စစ်သည်တော်များကို ခေါ်ဆောင်၍ အထူးတရားရုံး၏ အကျဉ်းထောင်ကို ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း လူပေါင်းများစွာတို့က မြင်ခဲ့ပြီးဖြစ်၏။ သူတို့သည် သူမကို အပြစ်မတင်ခဲ့ချေ။ မိမိ၏ အသက်ကို ဂရုစိုက်တတ်သည့် တစ်စုံတစ်ယောက်ဆိုပါကလည်း ထိုကိစ္စကို ပြောလိမ့်မည်မဟုတ်ချေ။ ယခု ဘာကြောင့် ပြောနေရသနည်း။ မင်းသမီးကိုပင် ဖမ်းဆီးကာ အပြစ်ပေးရန် ကြံစည်နေလေသည်လား။

ထိုအချိန်မှာပဲ ကျန်းချုံးက ရုတ်တရက် ပြောလိုက်၏။ “အရှင်မင်းကြီး.. ကျုပ် အဲဒီအချိန်တုန်းက အထူးတရားရုံးထဲမှာ ရှိနေပါတယ်။ ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ အဲနေ့တုန်းက တစ်စုံတစ်ယောက်က အထူးတရားရုံးကို လာပြီးတော့ ရှမ့်လန်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်။ မင်းသမီး နင်ယန်က ဒီစကားကို ကြားတဲ့အချိန်မှာ အရမ်းကို ဒေါသထွက်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့စစ်သည်တော်တွေကို ခေါ်ပြီး အထူးတရားရုံးကို လာစောင့်ကြပ်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပြီးတော့ အထူးတရားရုံး ကို ဝင်ပြီးတိုက်ခိုက်တယ်လို့ ဖြစ်သွားရတာလဲ”

“တကယ်လား” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။

ကျန်းချုံးက ပြောလိုက်၏။ “ကျုပ်ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို တော်ဝင်ရန်နိုင်ငံရဲ့ သံတမန် ယွမ်မင်ကျယ်ကလည်း သက်သေခံနိုင်ပါတယ်။ ပြီးတော့ ရေနက်တပ်ဖွဲ့က စစ်သည်ပေါင်းများစွာ တို့ကလည်း သက်သေခံနိုင်ပါတယ်”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒါဆို အထူးတရားရုံးကို ဝင်တိုက်ခိုက်ချင်တယ်ဆိုတဲ့လူက ဘယ်သူလဲ”

ကျန်းချုံးက ပြောလိုက်၏။ “ကြားခဲ့တာကတော့ ဓားပြကြီး နာကြည်းမှုပါပဲ”

ထိုအချိန်မှာတော့ မိုင်ထောင်နှင့်ချီသည့် အကွာအဝေးတွင် တည်ရှိနေသည့် ဓားပြကြီး နာကျည်းမှုသည် တစ်ခုပြီး တစ်ခု အပြစ်ပုံချခြင်းကို ခံနေရ၏။ သူသည် ဘာတစ်ခုမှမလုပ်ဘဲ အပြစ်အားလုံးတို့၌ သူ၏နာမည် တပ်ခံနေရသည်။

သို့ပေမည့် နင်ယန် အထူးတရားရုံးကို လာရောက်ကူညီခဲ့သည် ဆိုသော ကိစ္စကသာ အရေးကြီးဆုံး ကိစ္စဖြစ်၏။

ဘုရင်မင်းမြတ်သည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “တော်ဝင်မိသားစုရဲ့ မင်းသမီး တစ်ယောက်အနေနဲ့ နင်ယန်က နန်းမြို့တော်ထဲက စစ်သည်တော်တွေကို အမိန့်ပေးနိုင်စွမ်းရှိတယ်။ သူမက ဘယ်လို ရည်မှန်းချက်မျိုးပဲရှိခဲ့ရှိခဲ့ .... တကယ်လို့သာ အပြစ်ကျူးလွန်ခဲ့တယ်ဆိုရင် အပြစ်ပေးခံရမှာပေါ့”

ရွှဲ့ပြည်နယ်၏ တခြားသော တော်ဝင်ဦးရီးတော်တစ်ယောက်ဖြစ်သော နင်ယုက ရှေ့ကို လှမ်းထွက်လာခဲ့၏။ သူသည် ရွှဲ့ပြည်နယ်၏ ကာကွယ်ရေးဆိုင်ရာ တာဝန်ကို ယူထားရသည့်သူတစ်ယောက်ဖြစ်၏။ သူသည် မူလအားဖြင့် အားလုံးသောသူတို့ မမြင်အောင် နေထိုင်လေ့ရှိပြီး တချို့သောအခါမျိုးတွင် ညီလာခံကိုပင် တက်ရောက်ခြင်းမရှိချေ။

“တတိယမင်းသမီး နင်ယန်ကိုဖမ်းပြီး အထူးတရားရုံးထဲမှာ ချုပ်ထားလိုက်။ သူ့ကိုယ်သူ အမှားပြန်ပြီး သုံးသပ်ပါလေ့စေ” ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ”

ပြီးသည့်နောက် ဘုရင်မင်းမြတ်က အေးစက်စက် ပြောလိုက်သည်။ “လီပင်ကျုံး.. ခင်ဗျား စိတ်ကျေနပ်သွားပြီလား”

ထိုစကားစုထဲတွင် အဆုံးစွန်သော သတ်ဖြတ်လိုခြင်းဆန္ဒများ ပါဝင်လျက်ရှိနေ၏။ ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် ဤလူက သေဆုံးသွားခဲ့ပြီဖြစ်၏။

ဟုတ်ပေ၏။ ယနေ့အချိန်မှာတော့ သေဆုံးလိမ့်မည် မဟုတ်ချေ။ ဘုရင်မင်းမြတ်သည် သူ၏စကားကို ဖောက်ဖျက်ကာ အပြစ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တစ်ဖက်လူကို သတ်ဖြတ်ရန်အတွက် အမှားအယွင်းတစ်ခုကို ရှာဖွေဖို့ဆိုသည်မှာ အမှန်ပင် လွယ်ကူလွန်းသည်။

အမှုထမ်း လီပင်ကျုံးက ပြောလိုက်၏။ “ပြီးတော့.. ရှမ့်လန်က တတိယမင်းသမီးရဲ့ အပြစ်ကင်းစင်မှုကို ဖျက်ဆီးခဲ့တဲ့ အမှုရှိနေပါသေးတယ်။ ဒီကိစ္စက ရွှဲ့ပြည်နယ် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်ဆိုတော့ အရှင်မင်းကြီး ကျေးဇူးပြုပြီး စုံစမ်းပေးပါ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အင်း.. ဒီကိစ္စကို ဆက်ပြီး စုံစမ်းလိုက်”

“ကောင်းပါပြီ”

‘စုနန် ခင်ဗျားအတွက် ဘယ်သူကဝင်ပြီး တားဆီးပေးအုံးမလဲ။ ကျုပ်ကြည့်အုံးမယ်’

All Chapters