← Chapters

အခန်း (၃၄၆)

Vol. 25 Ch. 346

အခန်း (၃၄၆)

Vol. 25 Ch. 346

ကိစ္စအားလုံး ပြီးဆုံးသွားသည်ဆိုလျှင်တောင် စုနန်၏ကိစ္စရပ်များက ဆက်လက်ကာ ရှိနေဦးမှာ သေချာ၏။ ဝမ်ချန်လီသည် သူ၏ခံစားချက်များကို ထိန်းချုပ်ပြီး သံတော်ဦးတင်ရန် ပြင်လိုက်၏။ သို့ပေမည့် ရုတ်တရက်ဆိုသလိုပဲ အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“အရှင်မင်းကြီး... စစ်တပ်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ သတင်းတစ်ခု ထွက်လာပါတယ်”

လက်ထဲတွင် စစ်တပ်ပိုင်း ဆိုင်ရာ သတင်းပို့ချက်တစ်ခုကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်သည် အထဲသို့ ဝင်လာခဲ့၏။ ဆိုလိုသည်မှာ တကယ့်ကို အရေးကြီးသည့်အရာတစ်ခုဖြစ်ပြီး မည်သူမှ သူ့ကို တားဆီး၍ မရနိုင်ချေ။

ထိုသူသည် ဟောခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဒူးထောက်လိုက်၏။ “အရှင်မင်းကြီး... ဝူပြည်နယ်ရဲ့ စစ်သည်ပေါင်း ၃၀၀၀၀ ကျော်က တောင်ဘက်ပိုင်းကို ဦးတည်လာခဲ့ပါတယ်။ သူတို့က ရှန်ယီမြို့ကို တည့်တည့် ဦးတည်လာခဲ့ပြီ”

ရှန်ယီမြို့ - ဤအရာသည် မူလက ဝူပြည်နယ်ပိုင်ဆိုင်သည့်မြို့တစ်ခုဖြစ်ခဲ့၏။ ဝူနှင့် ရွှဲ့ပြည်နယ်တို့၏ ကြားတိုက်ပွဲတွင် ပျံ့ရှောင်းသည် ဝူပြည်နယ်ဘက်မှ ဘက်ပြောင်းပြီး ရွဲ့ပြည်နယ်ဘက်ဆီသို့ တိုက်ခိုက်ခဲ့၏။ ထို့ကြောင့်ပင် ဝူပြည်နယ်က ရှုံးနိမ့်ခဲ့ပြီး ရှန်ယီမြို့က သူတို့ပိုင်ဆိုင်သည့် မြို့ကိုးမြို့ထဲမှ တစ်ခုဖြစ်လာခဲ့၏။

ရှန်ယီမြို့သည် ထျန်းဖေးစီရင်စု၏ အုပ်ချုပ်မှုအောက်တွင်တည်ရှိပြီး လက်ရှိရွှဲ့ပြည်နယ် ပိုင်ဆိုင်သော နေရာလည်းဖြစ်၏။ ယခု ဝူပြည်နယ်၏ စစ်သည်တော် ၃၀၀၀ ကျော်တို့သည် တောင်ဘက်ပိုင်းဆီသို့ ဦးတည် လာနေသည်လား။ ဘာကို ဆိုလိုသနည်း။ ခြိမ်းခြောက်ခြင်းလား။ စစ်ပွဲစရန် ပြင်ဆင်နေသည်လား။ တစ်ဖက်လူများသည် ရှန်ယီမြို့ကို ဝင်ရောက်သိမ်းပိုက်ရန် စဉ်းစားလျက်ရှိနေသည်လား။

မိန်းမစိုးကြီး လီစွမ်းသည် သတင်းပို့ချက်ကို မြန်မြန်ဆန်ဆန် စစ်ဆေး၏။ မည်သည့်ပြဿနာမှ မရှိချေ။ ကျန်းပေနယ်စား နန်းကုန်းအို ရေးသားထားသည့်အရာပင် ဖြစ်၏။ နန်းကုန်းအိုနှင့် စုနန်တို့သည် သေမျိုးရန်သူများ ဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် တစ်ဦးနှင့်တစ်ဦး ကူညီလိမ့်မည်မဟုတ်ချေ။ စစ်တပ်ပိုင်းဆိုင်ရာ အရေးကြီးကိစ္စရပ်တစ်ခု ဖြစ်သောကြောင့် အလျင်စလို သုံးသပ်၍ မဖြစ်နိုင်ချေ။

နန်းကုန်းအို၏ သတင်းပို့ချက်ကို ဖတ်ရှုပြီးနောက် ဘုရင်မင်းမြတ်သည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွား၏။ ဝူဘုရင် ... ဤငယ်ရွယ်သည့် ဝူဘုရင် ဘာလုပ်ချင်နေသနည်း။ မကြာသေးခင်က နယ်စပ် အမဲလိုက်တိုက်ပွဲတွင် ဝူဘုရင်သည် နှစ်ပွဲတိတိ အနိုင်ရခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အရှိန်ထိုး တိုးတက်ခဲ့၏။ သို့ပေမည့် ဝူနိုင်ငံသည် အားနည်းလျက်ရှိနေတုန်းပင်။ နှစ်ပေါင်း ၂၀ ကျော် ပြန်လည် အားမွေးပြီးနောက် စစ်ပွဲတစ်ခုကို စတင်ရန် မစောင့်နိုင်တော့သလို ဖြစ်နေလေသည်လား။

ဘုရင်မင်းမြတ်၏ လက်များက တုန်ယင်လျက်ရှိ၏။ သူသည် စုနန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအရာ အားလုံးသည် စုနန်နှင့် ပတ်သက်နေသည့်အရာသာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ထိုသို့မဖြစ်ရန်လည်း မျှော်လင့်မိ၏။ ဖြစ်ခဲ့သည်ဆိုပါကလည်း ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာမျိုးပင်။

ဘုရင်မင်းမြတ်သည် အကြီးအကျယ် ဒေါသထွက်နေ၏။ သူသည် စုနန်ကို ဒုက္ခပေးရန် ခက်ခဲလျက်ရှိ၏။ တောင်ဘက်ပိုင်းနိုင်ငံနှင့် စစ်ပွဲ ဖြစ်ပွားလျက်ရှိနေ၏။ လက်ရှိဝူနိုင်ငံကလည်း တောင်ဘက်ပိုင်းဆီသို့ တိုက်ခိုက်ရန် ဦးတည်နေ၏။ ချင်နိုင်ငံကလည်း အဆင်သင့်လှုပ်ရှားရန် ပြင်ဆင်နေသည့်ပုံပင်။ ထိုအရာက ရွှဲ့နိုင်ငံတစ်ခုလုံး တုန်လှုပ်သွားစေသည့် ကိစ္စရပ်ဖြစ်၏။

အရှုပ်အထွေးကြားထဲတွင် ကျန်းယွမ်မြို့ပင်လျှင် တခြားသောသူများ၏ လက်ထဲသို့ ပါသွားနိုင်၏။ စုနန်သည် အချိန်အတော်ကြာ လှုပ်ရှားရလိမ့်မည် မဟုတ်ချေ။ လွယ်လွယ်ကူကူ ရယူသွားနိုက်သည်။

ဘုရင်မင်းမြတ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏လက်သည်းများသည် လက်ဝါးထက်၌ပင် စိုက်ဝင်ကုန်၏။ လက်ရှိအချိန်မှာတော့ သူသည် အရှက်ခွဲခံရသလို ခံစားနေ၏။ သို့ပေမည့် ကိစ္စမရှိပေ။ မည်သည့်ဘုရင်မင်းမြတ်က အရှက်ခွဲမှုကို မခံစားခဲ့ဖူးသနည်း။ ယခင်တုန်းက ဝူဘုရင်သည် အရှက်ခွဲမှုပေါင်းများစွာကို ကြံ့ကြံ့ခံရပ်တည်ပြီး ယခုကြီးမားသည့် အလှည့်အပြောင်းတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်လာခဲ့၏။

“ဟား ဟား ဟား ဟား ဟား”

ဘုရင်မင်းမြတ်က ရယ်မောလိုက်၏။ “ဝူဘုရင်က မျက်စိနောက်မှာနားရှိတယ် ဆိုတဲ့ကိစ္စကို မယုံသေးပုံပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့လက်သည်းတွေကို ထုတ်ဖော်ပြသချင်နေတာလား။

ကျုပ်တို့ ရွှဲ့ပြည်နယ်က အရမ်းကို အားကောင်းတယ်။ တောင်ဘက်ပိုင်းပြည်နယ်ဖြစ်နေတဲ့ စစ်ပွဲက မပြီးဆုံးသေးဘူးဆိုပေမဲ့ ကျန်းပေစစ်သူကြီးလည်း ရှိနေသေးတယ်။ ဝူပြည်နယ်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာ လိုတာထက်တောင် ပိုပြီး လုံလောက်သေးတယ်။ ဒီမှာအားလုံးရှိနေပြီဆိုမှတော့ အဆင်သင့်ပြင်ထားကြ .... ဝူဘုရင်က တိုက်ခိုက်ချင်တယ်ဆိုတော့လည်း တိုက်ခိုက်ကြတာပေါ့။ စုနန်... ခင်ဗျားက ညီလာခံရဲ့ ဒုတိယဝန်ကြီးပဲ။ ကျုပ်ကိုပြော၊ ဒါကို ဘယ်လိုရင်ဆိုင်ရမလဲ”

စုနန်က နှလုံးသားထဲတွင် အေးစက်စက် ရေရွတ်လိုက်၏။ ‘နင်ယွမ်ရှန်း ကိစ္စအားလုံးက ရိုးရှင်း နေသေးတယ်လို့ ထင်နေသေးတာလား။ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်တဲ့ အကြောင်းအရာမျိုးကို ငါ ပြမယ်။ လူအားလုံးဝိုင်းပြီး တိုက်ခိုက်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ မင်း သိစေရမယ်’

လက်ရှိအခြေအနေမှာတော့ စုကလန်သည် ပြာပုံထဲမှ ထွက်လာသည့် ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲရုံသာမက ကျင်းမိသားစုကိုလည်း သုတ်သင် ရှင်းလင်းရပေလိမ့်မည်။

စုနန်သည် ရှေ့ကို လှမ်းတက်လိုက်၏။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ဘုရင်မင်းမြတ်.. ကျေးဇူးပြုပြီး အေးအေးဆေးဆေးပဲ နေပါအုံး။ အရာအားလုံး သေချာမှ စကြတာပေါ့။”

...........

ချင်နိုင်ငံ၊ ချင်ဘုရင် အာယုခန်၏ ၄၉ နှစ်မြောက်မွေးနေ့ ...။

ချင်နိုင်ငံ၏ နန်းတွင်းရှိ ဟောခန်းမကြီးထဲ၌ ပတ်ဝန်းကျင်နိုင်ငံအသီးသီးမှ ပေးပို့လိုက်သည့် များပြားလွန်းသော ရတနာပစ္စည်းများနှင့် ပြည့်နှက်နေခဲ့၏။ ချင်ဘုရင်သည် အလွန်ပျော်ရွှင်လျက်ရှိ၏။

ဤအချိန်မှာတော့ စုကျန့်ထင်သည် ဂုဏ်ပြုခံဧည့်သည် တစ်ယောက်တင်သာမက သံတမန် တစ်ယောက်အဖြစ် ရောက်ရှိနေခဲ့ခြင်းဖြစ်၏။ ထို့အပြင် တောင်ပိုင်းနိုင်ငံ၊ အနောက်ဘက်နိုင်ငံနှင့် သဲကန္တာရလူရိုင်းများ၏ သံတမန်များလည်း ရောက်ရှိနေကြ၏။ ချောင်နိုင်ငံ၏ သံတမန်လည်း ပါဝင်၏။ ပထမဦးဆုံးအကြိမ်အဖြစ် ချောင်နိုင်ငံ၏ သံတမန်သည် ချင်ဘုရင်၏ မွေးနေ့စားပွဲ၌ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

“လက်ရှိအခြေအနေမှာ ကျုပ်တို့ ချင်နိုင်ငံကို ဒုက္ခပေးခဲ့တဲ့ ကျောက်ရောဂါက အဆုံးသတ်သွားခဲ့ပြီ။ ဒီတော့ လူစုလူဝေးနဲ့ အကုန်လုံးကို သုတ်သင်ပစ်ဖို့ အချိန်ရောက်လာခဲ့ပြီ။ ရွှဲ့ပြည်နယ်ကို ကျူးကျော်ဖို့လား။ ပြဿနာမရှိဘူး။

ဒီအချိန်မှာ ကျန်းရှစ်စီရင်စုကို သွားချင်တဲ့ ကျုပ်ရဲ့လမ်းကို တားဆီးချင်တဲ့လူအကုန်လုံးကို သတ်ဖြတ်ချင်ရုံ တင်မကဘူး။ သူတို့ရဲ့ နောက်လိုက်နောက်ပါ အားလုံးကို သတ်မယ်။ ပြီးရင် ကျန်းရှစ်စီရင်စုက မြို့တော်တော်များများကို သိမ်းဆည်းမယ်။ နင်ယွမ်ရှန်းကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်မယ်။ ကျုပ်ကို တောင်းပန်လွှာ ရေးခိုင်းခဲ့တယ်ဟုတ်လား။ ပြီးတော့ ချင်နိုင်ငံက စစ်သည်တွေကိုလည်း သတ်ဖြတ်ခဲ့ သေးတယ်”

စုကျန့်ထင်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. သေးငယ်တဲ့အရာတစ်ခုကိုလည်း မမေ့ပါနဲ့အုံး။ ရှမ့်လန်ကို သတ်ပစ်ဖို့လေ”

“ကျုပ် မေ့မှာမဟုတ်ဘူး”

ချင်ဘုရင်က အေးစက်စက် ပြောလိုက်၏။ “ရွှဲ့ဘုရင်ကို ရှမ့်လန်ရဲ့ ခေါင်းကိုခုတ်ပိုင်းပြီး ကျုပ်ဆီကို ဆက်သဖို့ တောင်းဆိုလိုက်မယ်။ တကယ်လို့ သူသာ ကျုပ်ရဲ့တောင်းဆိုမှုကို သဘောမတူဘူးဆိုရင် ကျုပ် နောက်မဆုတ်ဘူး။ အရှေ့ကို တက်ပြီး ရှိရှိသမျှ အရာရာကို မီးရှို့မယ်၊ သတ်မယ်၊ လုယူမယ်။ ဒါဆိုရင် ရွှေဒင်္ဂါးပေါင်းများစွာကို ယူရုံရုံတင်မကဘူး၊ ကျေးကျွန်တွေကိုလည်း ယူမယ်”

ရှမ့်လန်သည် ချင်ဘုရင်နှင့် ချင်နိုင်ငံမှ ပြည်သူပြည်သားပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ခဲ့၏။ သို့ပေမည့် ချင်ဘုရင်အတွက် ဤအရာက မကောင်းမှုပင်ဖြစ်၏။ သူ ... အာယုခန်သည် လက်စားချေခြင်း ကိုသာလျှင် အသိအမှတ်ပြုသည့် လူတစ်ယောက်ဖြစ်၏။ ကျေးဇူးတရားကို စိတ်ဝင်စားသည့်လူတစ်ယောက် မဟုတ်ချေ။

လက်ရှိ ကျောက်ရောဂါကပ်ဘေးကြီးက ပြီးဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ရှမ့်လန်ကို သတ်ပစ်ရပေတော့မည်။

ထိုအချိန်မှာတော့ ချင်ဘုရင်၏ ခန္ဓာကိုယ်ထဲတွင် ရှမ့်လန် မြှုပ်ထားခဲ့သည့် အဆိပ်ဘောလုံးမြောက်များစွာ တို့သည် သံချေးတက်လာခဲ့ပြီဖြစ်၏။ အားအနည်းငယ်လောက် စိုက်လိုက်သည်နှင့် ထိုအဆိပ် ဘောလုံးများ၏ အပြင်ဘက်အခွံများက ကွဲအက်ကြေသွားမည်ဖြစ်ကာ အထဲရှိ ဆိုင်ယာနိုက်အဆိပ်များက သွေးစီးကြောင်းထဲသို့ စီးဝင်မှာဖြစ်၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ဤအားကောင်းလှပါသည်ဆိုသော ချင်ဘုရင်သည် သေဆုံးရပေလိမ့်မည်။

…..

နင်ယွမ်ရှန်း၏ မောက်မာဝင့်ကြွားမှုသည် အနည်းငယ် ယုတ္တိဗေဒကျပြီး ကြည့်ကောင်း၏။ ချင်ဘုရင် အာယုခန်၏ မောက်မာဝင့်ကြွားမှုများမှာတော့ တိုက်ရိုက်ဆန်ပြီး ရက်စက်လွန်း၏။ ရှမ့်လန်ထက်ပင် ပိုမိုကာ ကြမ်းတမ်း ရက်စက် ကောက်ကျစ်လွန်းသည်။

များပြားလွန်းသည့် နိုင်ငံအသီးသီးမှ သံတမန်များကို လက်ခံတွေ့ဆုံပြီးနောက် သူ၏ ရတနာခန်းမထဲတွင် ရတနာပေါင်းများစွာနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် အားလုံးသောသူတို့အား ရတနာတိုက်ထဲသို့ ခေါ်ဆောင်ကာဖြင့် လိုက်လံပြသခဲ့သေး၏။ ရှမ့်လန်ပေးထားသည့် ၃ မီတာခန့်ရှိသော မှန်ကြီးတစ်ခုနှင့် အနုမြူအလင်းများ တောက်ပနေသည့် သူ၏ပုံတူ ကျောက်စိမ်းရုပ်တုကြီးသည် အရေးတကြီး ထုတ်ဖော်ကြွားဝါရသည့် အရာမျိုးဖြစ်လာခဲ့၏။

ဟုတ်ပေ၏။ ထိုအရာက ကြွားဝါနိုင်သည့် ပစ္စည်းတစ်ခုဖြစ်၏။ ဤပစ္စည်းနှင့်ပတ်သက်၍ သူ့၌ ရှမ့်လန်အပေါ်တွင် ကျေးဇူးတင်မှုဟူ၍ တစ်ခုတစ်လေမှပင် မရှိချေ။ သူ့ကို တစ်စုံတစ်ခု လာရောက်ပေးအပ်ခြင်းသည် ထိုသူ၏ ဂုဏ်သိက္ခာ ကြီးမြတ်ခြင်းသာ ဖြစ်၏။ ဤအရာစည် ချင်ဘုရင်အာယုခန် သတ်မှတ်ထားသည့် သူ၏ ဆောင်ပုဒ်ပင် ဖြစ်သည်။

ချင်နိုင်ငံသည် ရှုပ်ထွေးသည့် မြေတည်နေရာကို ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုဖြစ်၏။ သို့ပေမည့် ချင်ဘုရင်သည် ချမ်းသာကြွယ်ဝ၏။ သူ၏နန်းတော်သည် ရွှဲ့ပြည်နယ်၏နန်းတော်ထက်ပင် ပိုမိုကာ ကြီးမားပြီး ကြမ်းပြင် ကိုပင်လျှင် ရွှေချထားသေး၏။ ချင်နိုင်ငံမှ လူများမှာတော့ ဆင်းရဲနိမ့်ပါးကြ၏။ သို့ပေမည့် အာယုခန်သည် ဤအရာကို သာမန်ဟု သတ်မှတ်ထားခဲ့၏။

ထူးဆန်းသည်မှာ ချင်နိုင်ငံမှ ပြည်သူပြည်သားများကလည်း ထိုအရာကို သာမန်ဟု ခံစားနေခြင်း ဖြစ်၏။ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ချင်နိုင်ငံမှလူများသည် ဆင်းရဲနိမ့်ပါးလျက်သာ ရှိနေသေး၏။ ထိုအရာက သဘာဝအတိုင်း ဖြစ်နေခြင်းဟု အားလုံးက လက်ခံထားကြသည်။

သို့ပေမည့် လက်ရှိအခြေအနေက ပိုမိုကာ ဆိုးဝါးသွားခဲ့သည်။ ရှမ့်လန်ပေးခဲ့သော ကာကွယ်ဆေးထိုးခြင်း နည်းပညာကို လက်ခံရရှိပြီးနောက် ချင်ဘုရင်သည် ဆေးထိုးခြင်းဖြင့် ပိုက်ဆံရှာဖွေရန် ကြိုးစားခဲ့၏။

ကျောက်ရောဂါ ထာဝရကာကွယ်နိုင်စွမ်းရှိချင်သည်လား။ ထိုသို့ဆိုလျှင် နွားတစ်ကောင် သို့မဟုတ် သိုးသုံးကောင် နှင့် လဲလှယ်ရန်သင့်၏။ လက်ရှိအခြေအနေ၌ မပေးနိုင်သေးလျှင်လည်း ကိစ္စမရှိချေ။ ဆေးကို အရင်ဆုံး ထိုးထားနိုင်၏။ သို့ပေမည့် အကြွေးမှတ်ထားမည် ဖြစ်၏။ အတိုးလည်း ပေးရပေလိမ့်မည်။ ဈေးမှာတော့ မိုးထိပင် မြင့်မားလျက် ရှိနေသည်။

ရှမ့်လန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သောကြောင့် ဘုံကျောင်းကြီးတစ်ခုလုံးက လစ်ဟင်းလျက်ရှိနေ၏။ အရွယ် ရောက်ပြီးသား နွားတစ်ကောင်၏ တန်ဖိုးက ကြီးမားလွန်း၏။ သို့ပေမည့် လူသားတစ်ယောက်၏ အသက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ထိုအရာက များပြားသည့် ငွေပမာဏဟု တွက်ချက်တော့မည် မဟုတ်ချေ။

ကျောက်ရောဂါ ကူးစက်ခံရသည်နှင့် ချင်နိုင်ငံမှ သာမန် လူတစ်ယောက်သည် သံသယရှိစရာမလိုဘဲ သေဆုံးမှာ ဖြစ်၏။ ထို့ကြောင့် ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားပေါင်းများစွာတို့သည် အဆမတန် ကြီးမားသည့် ငွေပမာဏကို ပေးကာ ဆေးထိုးနေရ၏။

ရှမ့်လန်၏ ကာကွယ်ဆေးနည်းပညာကြောင့် ချင်နိုင်ငံ၏ တော်ဝင်မိသားစုသည် ပိုမိုကာ ကြွယ်ဝချမ်းသာ လာခဲ့သည်။

လက်ရှိအခြေအနေမှာတော့ သတင်းကောင်းတစ်ခုသည် တည်နေရာအနှံသို့ ပျံ့နှံ့လျက် ရှိနေ၏။ မင်းသမီး အာယုနာနာသည် တော်ဝင်နှင်းတောင်ခြေတွင် လူမျိုးစုတစ်ခုကို စတင်ကာ တည်ထောင်လျက် ရှိနေပြီး ထိုနေရာတွင် လူပေါင်းများစွာတို့အား ကျောက်ရောဂါ ကာကွယ်ဆေး အလကားထိုးနှံပေး၏။

ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားများတင်သာ မကချေ။ သဲကန္တာရလူရိုင်းများနှင့် အနောက်ပိုင်းနိုင်ငံဆီမှ လူများလည်း ရောက်ရှိလာကြသည်။ လူပေါင်းများစွာတို့သည် ထိုနေရာဆီသို့ ကူးလူးကာ ရွှေ့ပြောင်းအခြေချလာကြ၏။ တစ်လအတွင်းမှာပဲ မင်းသမီး အာယုနာနာ၏ လူမျိုးစုထဲတွင် လူဦးရေ တစ်သိန်းနီးပါးခန့် ရောက်ရှိလာခဲ့၏။ အရေအတွက်က ဆက်တိုက်ဆိုသလို တိုးတက်လျက် ရှိနေတုန်းပင်။

“အရှင်မင်းကြီး... ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့ပါ။ ဒါပေမဲ့ မင်းသမီး ယုယုက အခုချိန်ထိ မရောက်လာ သေးပါဘူး” စုနန်၏ညီမ မိဖုရား စုမိုက အသိပေးလိုက်သည်။

ထိုစကားကိုကြားရသည့်အချိန်မှာတော့ ချင်ဘုရင်၏ မျက်လုံးများက အေးစက်သွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်သွားခဲ့၏။ သူ၏ ဤသမီးသည် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရှမ့်လန်ကဲ့သို့သော မျက်နှာပြောင်လူရွှင်တော်ကဲ့သို့သောလူဘက်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ကို ပုန်ကန်လျက် ရှိနေ၏။

သူသည် အခကြေးငွေယူဆောင်ကာဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ကျောက်ရာဂါ ကာကွယ်ဆေး ထိုးနှံ့ပေးသည်။ တစ်ကြိမ်လျှင် နွားတစ်ကောင်ကိုသာ တောင်းဆိုခြင်းဖြစ်၏။ သို့ပေမည့် သူ၏သမီးသည် အလကား ထိုးနှံ့ပေး၍နေသည်။

လူပေါင်းများစွာတို့သည် သူ၏သမီး တည်ထောင်ထားရာ မျိုးနွယ်စုဆီသို့ ရွှေ့ပြောင်းလျက် ရှိနေ၏။ သို့ပေမည့် အာယုနာနာ၏ မျိုးနွယ်စုဆိုလျှင်တောင်မှ ချင်နိုင်ငံမှပိုင်ဆိုင်သည့် အရာသာ ဖြစ်၏။ ချင်ဘုရင်၏ အသိအမှတ်ပြုမှုကိုမရပါက အာယုနာနာ၏ ပြုမူဆောင်ရွက်မှုသည် နိုင်ငံတော် သစ္စာဖောက်ခြင်းနှင့်ပင် ဆင်တူ၏။ ချင်ဘုရင်သည် အိမ်ရှေ့စံမင်းသား အာယုထိုင်အား အနာဂတ်နိုင်ငံတစ်ခုလုံးကို လွှဲပြောင်းပေးအပ်မှာ ဖြစ်၏။ အာယုနာနာသို့ကဲ့သို့သော မိန်းကလေးတစ်ယောက်အနေနှင့် ဘာလုပ်ချင်နေသနည်း။

အာယုထိုင်က ပြောလိုက်၏။ “အာယုနာနာက ကျောက်ရောဂါခံစားရတုန်းက သူမကို ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူးဆိုပြီး အဖေ့ကို အသိအမှတ်မပြုတော့ဘူး။ အစ်ကိုတွေကိုလည်း အသိအမှတ်မပြုဘူး။ သူ့ရဲ့ စိတ်ထဲမှာ အရူးကြီးနဲ့ ရွှယ်ရင်ကိုပဲ သူ့ရဲ့မိသားစုလို သတ်မှတ်ထားပါတယ်”

မိဖုရားစုမိုက ပြောလိုက်သည်။ “အရှင်မင်းကြီး... သူက ဆက်တိုက်ဆိုသလိုပဲ ဒီလိုကိစ္စရပ်မျိုးတွေကို ပြုလုပ် နေခဲ့တာပဲ။ လူအများအပြားရဲ့ နှလုံးသားကို သူက ပိုင်ဆိုင်သွားသလို ဖြစ်လိမ့်မယ်။ သူက အရှင်မင်းကြီးရဲ့ သမီး တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့လှီးနေသလိုပါပဲ။ အရှင်မင်းကြီးကို သွေးထွက်အောင် ပြုလုပ်နေတယ်။ ဒီသွေးကို သူက စုပ်ပြီး ပိုပြီး အားကောင်းလာခဲ့တာပါ။ အနာဂတ်မှာ အရှင်မင်းကြီးရဲ့ နေရာကို သူ အစားဝင်သွားပါလိမ့်မယ်”

“သူလုပ်ရဲတယ် ဟုတ်လား”

ချင်ဘုရင်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “သူ့ရဲ့ မျိုးနွယ်စုထဲမှာ အခု လူဘယ်လောက်များများ ရှိနေပြီလဲ”

“တစ်သိန်းပါ” ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား အာယုထိုင်က ဖြေလိုက်သည်။

ချင်ဘုရင်သည် နားထင်ကြောများပင် ထကြွလာခဲ့၏။ လူတစ်သိန်းထိ ရှိနေလေသည်လား။ ချင်နိုင်ငံအတွင်း ပုန်ကန်ထကြွရန် စဉ်းစားနေသည်လား။

ချင်ဘုရင်က မေးမြန်းလိုက်သည်။ “သူ့ဆီမှာ စစ်သည်တော် ဘယ်လောက်များများ ရှိလဲ”

အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “သုံးထောင်ပါ”

အာယုနာနာ၌ တကယ်ပင် စစ်သည်တော် သုံးထောင်ခန့်သာ ရှိ၏။ သူမဆီ လာရောက်ခိုလှုံကြသည့် လူများသည် အသက်အရွယ် အိုမင်းသူများ၊ အားနည်းသူများသာလျှင် ဖြစ်၏။ အားကောင်းသည့် စစ်သည်တော်များ အားလုံးတို့သည် ချင်ဘုရင်၏ လက်ထဲတွင် တည်ရှိနေခဲ့ပြီး လူငယ်စစ်သည်တော်များကိုတော့ ချင်ဘုရင်က အလကား ဆေးထိုးပေးခဲ့သည်။ ထို့ကြောင့် ထိုသူအားလုံးတို့သည် ချင်ဘုရင်အပေါ်တွင် သစ္စာခံကြခြင်းဖြစ်သည်။

ထို့အပြင် ချင်နိုင်ငံမှ စစ်သည်တော်များသည် အားကောင်းရာနောက်သို့ လိုက်ပါရသည်ကို နှစ်သက်၏။ သူတို့ နှလုံးသားထဲတွင် အာယုနာနာသည် အားကောင်းသည်ဆိုလျှင်တောင်မှ မိန်းမတစ်ယောက်ဖြစ်၏။ ချင်ဘုရင်နှင့် နှိုင်းယှဉ်မည်ဆိုပါက အင်အားနည်းပါးလွန်းလှ၏။

ချင်ဘုရင်သည် ကြီးမားလွန်းသည့် ခွက်ကြီးတစ်ခုကို အသာကောက်ယူပြီး ထိုထဲသို့ ဝိုင်များဖြည့်လိုက်၏။ ပြီးနောက် တစ်ခါတည်း မော့ကာသောက်ချလိုက်၏။ နန်းတော်၏အပြင်ဘက်ဆီသို့ ထွက်လျှောက်လိုက်ပြီး ခပ်ကြမ်းကြမ်းဆိုသလိုပဲ ကြီးမားလွန်းသည့် နွားရိုင်းကြီးတစ်ကောင်၏ ဦးချိုကို ဆွဲကာ ချိုးချလိုက်၏။ နွားရိုင်းကြီးသည် သွေးပျက်လောက်ဖွယ်ရာ အော်ဟစ်လျက် ရှိနေပြီး ဦးခေါင်းဆီမှ သွေးများပင် ထွက်ကျလာခဲ့သည်။

“အရှင်မင်းကြီးက တကယ့်ကို သန်မာတယ်။ အရှင်မင်းကြီးက ပြိုင်ဘက်ကင်းပဲ”

ချင်ဘုရင်သည် ထိုသွေးများဖြင့် ပေလျက်ရှိနေသည့် ချိုကြီးအား သူ၏ ပဉ္စမသားဆီသို့ လှမ်းကာ ကမ်းပေးလိုက်၏။ “အာယုသာ... စစ်သည်တော် သုံးထောင်ကို ခေါ်ပြီး အာယုနာနာရှိတဲ့ တော်ဝင်နှင်းတောင်ခြေ ကိုသွား။ ပြီးရင် ဒီဦးချိုကို ပေးလိုက်။ ဆယ်ရက်အတွင်း ငါ့ရဲ့ နန်းတော်ဆီ လာပြီးတော့ ဒူးထောက်ခစားဖို့။ တကယ်လို့ မလုပ်ဘူးဆိုရင် ဒီဦးချိုနဲ့ သူ့ကို ထိုးပြီး သတ်ပစ်မယ်။ သူ့ရဲ့အသက်ကို ငါပေးထားတာ။ ဒီတော့ ငါ သူ့ကို သတ်ပြီး ပြန်ယူနိုင်တယ်”

ချင်ဘုရင်၏ပဉ္စမသားသည် ဒူးထောက်ပြီး ထိုသွေးများနှင့် ပေပွနေသည့် ဦးချိုကို လှမ်းကာယူလိုက်သည်။ “ကောင်းပါပြီ အဖေ”

ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် နန်းတော်ထဲမှ ထွက်လျှောက်သွားခဲ့၏။ သူသည် စစ်သည်တော် သုံးထောင်ကို ခေါ်ဆောင်ကာ နှင်းတောင်ခြေဆီသို့ ဦးတည်သွား၏။

သူ၏မပျော်ရွှင်မှုများကို ဖော်ပြသည့်အနေနှင့် ချင်ဘုရင်သည် ဆက်တိုက်ဆိုသလိုပဲ သောက်စားလျက် ရှိနေသည်။

“ချောင်ဝန်ကြီးချုပ်... ဒီအချိန်မှာ ကျုပ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီးတော့ ရွှဲ့ပြည်နယ်ကို တိုက်မယ်။ ဒီတော့ ခင်ဗျားတို့အနေနဲ့ ဘယ်လောက်ပေးချင်သလဲ” ချင်ဘုရင်က မေးမြန်းလိုက်၏။

သူက ဤကဲ့သို့ လူမျိုးပင် ဖြစ်၏။ ဘာကိစ္စပဲဖြစ်ဖြစ် ကိစ္စကြီးမဟုတ်ချေ။ ပိုက်ဆံကိုသာ အလျင်ဦးဆုံး တောင်းဆိုတတ်သည်။

“ရွှေဒင်္ဂါး နှစ်သိန်းပါ” ချောင်သံတမန်က ဖြေလိုက်၏။

ချင်ဘုရင်သည် ဒေါသထွက်သွားသည်။ “ခင်ဗျားက တကယ့်ကို ကပ်စေးနည်းတာပဲ။ စုနန်ကတောင် ရက်ရောသေးတယ်”

ချောင်သံတမန်က ပြောလိုက်၏။ “ချင်ဘုရင်... ခင်ဗျား ဒီလိုပြောလို့ မဖြစ်ပါဘူး။ ကျုပ်တို့က ပိုက်ဆံကိုပဲ ပေးမှာ မဟုတ်ဘူးလေ။ ကျုပ်တို့က စစ်တပ်ကိုလည်း အားဖြည့်ထောက်ပံ့ပေးအုံးမှာ။ ရွှဲ့ပြည်နယ်နယ်စပ်မှာ စစ်သည်တော်ပေါင်း တစ်သိန်းလောက် ရှိတယ်။ တကယ်လို့ ခင်ဗျားရဲ့ စစ်တပ်က အနောက်ပိုင်းနယ်စပ်ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ရွှဲ့ပြည်နယ်ထဲရောက်သွားမယ်ဆိုရင် လုပ်ချင်တာတွေ အားလုံး လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီအရာကို တားဆီးထားမယ့် လူကတော့ နယ်စားကြီး ကျုံးရန်ပဲ ဖြစ်တယ်”

ချင်ဘုရင်သည် ထီမထင်သလို ပြောလိုက်သည်။ “ကျုံးရန် ဟုတ်လား။ ဘာကိုကြောက်ရမှာလဲ”

ချောင်သံတမန်က ပြောလိုက်၏။ “ခင်ဗျားက တကယ်ကို ပြိုင်ဘက်ကင်း အားကောင်းတဲ့ လူတစ်ယောက်။ ဒီတော့ ကျုံးရန်ကို ကြောက်စရာ မလိုဘူး။ လွယ်လွယ်ကူကူနဲ့ ရွဲ့ပြည်နယ်ထဲ ရောက်မှာပဲ။ အထဲရောက်ရင် ခင်ဗျား ကြိုက်သလိုလုပ်၊ ကြိုက်သလိုလု၊ ကြိုက်သလိုသတ်။ အားလုံးကို ခင်ဗျား စိတ်ရှိတိုင်း လုပ်လို့ရတယ်။ အထဲမှာ ရနိုင်မယ့် ပိုက်ဆံတွေ၊ မိန်းမလှလေးတွေ၊ ပြီးတော့ ကျေးကျွန်တွေက ဘယ်လောက်တောင်များမလဲ”

All Chapters