အခန်း (၃၄၇)
Vol. 25 Ch. 347
ချင်ဘုရင်က ပြောလိုက်၏။ “ဘာပဲပြောပြော ရွှေဒင်္ဂါး သုံးသိန်းရမှ ဖြစ်မယ်။ တစ်ပြားတစ်လေမှတောင် လျော့လို့မဖြစ်ဘူး။ မဟုတ်ရင် ကျုပ်ရဲ့စစ်တပ်ကို စေလွှတ်မှာ မဟုတ်ဘူး”
ချောင်သံတမန်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။ “အင်း... အရှင်မင်းကြီးရဲ့ သဘောအတိုင်းပါပဲ”
ဤရက်စက်ကြမ်းကြုတ်သည့် ဘုရင်၏ လိုချင်လောဘသည် အားလုံးသောသူတို့ကို ကြက်သီးမွေးညင်းများပင် ထစေ၏။ ပိုမို၍ အရေးအကြီးဆုံးအရာမှာ ရွှေဒင်္ဂါးများကို ရရှိခဲ့ပြီးနောက် သူသည် နိုင်ငံတိုးတက်အောင် အသုံးပြုချင်ခြင်း မဟုတ်ချေ။ သူ၏ နန်းတော်ကြီးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန်သာ စိတ်ကူးရှိ၏။
ချောင်နိုင်ငံ၏ နန်းတော်ခြေနင်း၏ ရွှေအုတ်ခဲများမှာ အတုများဖြစ်၏။ သို့ပေမည့် ချင်နိုင်ငံနန်းတော်တွင် ခင်းကျင်းထားသည့် အုတ်ခဲများမှာတော့ အစစ်အမှန်ရွှေများသာ ဖြစ်၏။ ချင်ဘုရင်သည် နောက်ထပ် ဝိုင်တစ်ပုလင်း ကို ထုတ်ယူကာဖြင့် တစ်ခါတည်း မော့သောက်လိုက်၏။ ပြီးနောက် စုမိသားစုဆီမှ မိဖုရား စုမိုကို အသာလှမ်းဆွဲလိုက်၏။ သူ၏ ကြီးမားသည့် လက်ကြီးသည် သူမ၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်ပြီး ဆော့ကစားနေသည်။
“ရှမ့်လန်ရဲ့မိန်းမ အရမ်းလှတယ်လို့ ကြားတယ်။ ဟုတ်လား”
စုကျန့်ထင်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ ကျင်းမူလန်ရဲ့ အလှအပက မင်းသမီး ရွှယ်ရင်နဲ့တောင်မှ နှိုင်းယှဉ်လို့ ရပါတယ်”
ရွှယ်ရင်အကြောင်းကို တွေးပြီးနောက် ချင်ဘုရင်သည် မည်သို့မှ မနေနိုင်တော့ချေ။ ဒေါသများ ထွက်လျက်ရှိ၏။ ချင်ဘုရင်က ပြောလိုက်သည်။ “အင်း... ယောက်ျားတစ်ယောက်အတွက် အပျော်ရွှင်ဆုံးအရာက သူ့ရန်သူရဲ့ ဦးခေါင်းကို ခုတ်ဖြတ်ရခြင်း၊ ပြီးတော့ သူ့ရဲ့မိန်းမတွေကို အဓမ္မပြုကျင့်ရခြင်းပေါ့ကွာ။ ရှမ့်လန်က ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ပဲ”
စုကျန့်ထင်က ပြောလိုက်၏။ “ဆိုးတာက ကျင်းမူလန် နန်းမြို့တော်မှာ မရှိဘူး။ သူက အရမ်းဝေးကွာတဲ့ နေရာမှာ ရှိနေတယ်"
ထို့အပြင် ကျင်းမူလန်သည် ချင်ဘုရင်၏လက်သို့ ရောက်ရှိလိမ့်မည် မဟုတ်ချေ။ စုကျန့်ထင်က ပြောလိုက်၏။ “ဒါပေမဲ့ နန်းမြို့တော်ထဲမှာ ရှမ့်လန်ရဲ့ မိန်းမတစ်ယောက်ရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေပြီ”
ချင်ဘုရင်က ပြောလိုက်သည်။ “ဘာပဲပြောပြော မဆိုးဘူးမလား။ ငါ သူ့ကိုလိုချင်တယ်”
ချင်ဘုရင်သည် သူ၏ ဘဝတစ်သက်သာတွင် ဘယ်တော့မှ ဦးငုံ့ခဲ့သည် မဟုတ်ချေ။ သို့ပေမည့် ခြွင်းချက်အနေဖြင့် ရှမ့်လန်ဆီ ဦးငုံ့ခဲ့ရ၏။ ယခင်တုန်းက သူ၏အသက်ကို ကယ်တင်ပေးရန် ရှမ့်လန်ကို တောင်းဆိုခဲ့ရ၏။ ထို့အပြင် တောင်းပန်စာကိုလည်း ရေးခဲ့ရပြီး ချင်နိုင်ငံထဲတွင် ဘုံကျောင်းတစ်ခု တည်ဆောက်ရန်ပင် ခွင့်ပြုပေးခဲ့ရ၏။ ဤအရာက ကြီးမားလွန်းသည့် အရှက်တရားပင် ဖြစ်၏။
သူရဲကောင်းတစ်ယောက်အနေနှင့် သူ၏ရန်သူကို အသက်ရှင်လျက် အရေခွံချွတ်ပြီး ဦးခေါင်းကို ခုတ်ဖြတ်ကာဖြင့် ဘေးတစ်ဖက်တွင် ထားရခြင်းသည် ကြီးကျယ်မြင့်မြတ်လှသည့်အရာပင်ဖြစ်သည်။ ထို့အပြင် ရန်သူ၏မိန်းမကို ထိုသူ၏ရှေ့၌ လက်စားချေ မုဒိမ်းကျင့်ရခြင်းသည် ကြီးမားလွန်းသည့် အောင်မြင်မှုပင် ဖြစ်ပေလိမ့်မည်။ ထိုအရာမှသာလျှင် သူစိတ်ကျေနပ်မှု ရပေလိမ့်မည်။
မကြာခင် သူသည် စစ်တပ်ကို ဦးဆောင်ကာဖြင့် ရွှဲ့ပြည်နယ်၏ အရှေ့ဘက်နယ်စပ်ဆီသို့ ဝင်ရောက်ကာ ရှိရှိသမျှ လူများအားလုံးကို မီးရှို့သတ်ဖြတ်၊ လုယက်ခြင်းကို ပြုလုပ်တော့မည်။
ထိုသို့သော အချိန်တွင် သူ ရွှေမည်မျှများများ ရရှိမည်နည်း။
မိန်းမလှလေးများ မည်မျှများများ ရရှိမည်နည်း။
ကျေးကျွန် မည်မျှများများ ရရှိမည်နည်း။
ရွှဲ့ပြည်နယ်၏ အဆင့်အတန်း မြင့်မားသည့် လူပေါင်းများစွာတို့ကို သူ ဝက်လို၊ သိုးလို ကျွန်ပြုရန် စဉ်းစားထား မိ၏။ ရွှဲ့ပြည်နယ်ရှိ ပညာတတ်လှပါသည်ဆိုသောလူများ၏ မိန်းမများကို အဓမ္မ ပြုကျင့်ရခြင်းသည် ကျိန်းသေပေါက် ကောင်းမွန်လွန်းသည့် ခံစားချက်မျိုး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် သူက စိတ်လှုပ်ရှားစွာ ဖြင့် ဝိုင်ကို အားရပါးရသောက်သုံးလျက်ရှိ၏။
ချင်ဘုရင်သည် ရုတ်တရက် ဘေးတစ်ဖက်တွင် ရှိနေသော ဓားကြီးကို ကောက်ဆွဲလိုက်၏။ ထိုဓားကြီးသည် အာယုနာနာ၏ ဓားထက်ပင် ပိုမိုကာ ကြီးမား၏။ ၃ မီတာခန့် ရှည်လျားပြီး အလေးချိန်အားဖြင့် ၂၀၀ ပေါင် နီးပါးခန့်ရှိသည်။
သူသည် ထိုဓားကြီးကို ဟောခန်းထဲတွင် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလျက်ရှိ၏။ ချက်ချင်းဆိုသလိုပဲ ဟောခန်းကြီး တစ်ခုလုံး၌ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်သကဲ့သို့ပင် ကြမ်းတမ်းသည့် လေအဟုန်များ ဖြစ်တည်လာ၏။
ထိုကြမ်းတမ်းသည့် ဓားခုတ်ချက်သည် များပြားလွန်းသည့် ရွှေရောင်ဆိုင်းဘုတ်များ၊ စားပွဲများကို လွင့်စင်ပြီး ပိုင်းဖြတ်သွားစေခဲ့၏။ ဝိညာဉ်များ၏အော်ငြီးသံ၊ ဝံပုလွေများ၏ အူသံကဲ့သို့သော အသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်သည်။
ဧည့်သည်တော်ပေါင်းများစွာတို့သည် လျင်လျင်မြန်မြန် ရှောင်ရှားရင်း ခန်းမကြီး၏ ထောင့်တည်နေရာဆီသို့ ရောက်ရှိသွား၏။ အားလုံးသောသူတို့၏ မျက်နှာများက စိမ်းပြာလျက် ရှိနေပြီး နှလုံးသားထဲတွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေကြ၏။
သို့ပေမည့် သူတို့သည် အားရပါးရ ကျယ်လောင်စွာဖြင့် ချီးကျူးလိုက်ကြသည်။
“ဘုရင်က တကယ့်ကို အံ့အားသင့်စရာပဲ။ ကျုပ်တို့ဘုရင်က ပြိုင်ဘက်ကင်းပဲ”
ချင်ဘုရင်သည် နတ်ဘုရားကဲ့သို့သော အားအင်မျိုးနှင့် မွေးဖွားလာခဲ့သည့် လူတစ်ယောက် ဖြစ်၏။ သိုင်းပညာမှာလည်း အံ့ချီးလောက်စရာပင်။ အသက် ၄၉ နှစ်ပြည့်ပြီးနောက် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိလျက် ရှိ၏။
ဓားကြီးကို ဝှေ့ယမ်းလိုက်ချိန်မှာတော့ ဓားကြီး၏ ဝှေ့ယမ်းမှု လေအဟုန်ကြောင့် ဆယ်မီတာ အနီးအနားရှိ လူပေါင်းများစွာတို့သည် လေတိုက်နှုန်းကြောင့် နာကျင်မှုကိုပင် ခံစားမိ၏။ အားလုံးသောသူတို့သည် မျက်လုံးကိုပင် ရဲရဲမဖွင့်နိုင်ကြတော့ချေ။
“ဟား ဟား ဟား၊ သဲကန္တာရ လူရိုင်းမျိုးနွယ်က သံတမန်.... ခင်ဗျားက သဲကန္တာရလူရိုင်းမျိုးနွယ်ရဲ့ ကျွမ်းကျင်သူ တစ်ယောက်လို့ လူသိများ ထင်ရှားတယ်။ ခင်ဗျား ဒီဘုရင်နဲ့ မစမ်းသပ်ချင်ဘူးလား။ သဲကန္တာရ လူရိုင်းမျိုးနွယ် လူတွေအကုန်လုံးက ငကြောက်တွေလား”
သဲကန္တာရလူရိုင်းမျိုးနွယ်မှ သံတမန်သည် မည်သို့မှ မနေနိုင်တော့ချေ။ ချက်ချင်းပင် သူ၏ကျွမ်းကျင်သူ ငါးယောက်တို့ကို စေလွှတ်ကာ ရှေ့သို့ လှမ်းတက်စေ၏။
ချောင်နိုင်ငံ၏ သံတမန်သည် မည်သို့မှ ရပ်မကြည့်နိုင်တော့ချေ။ မျက်နှာကိုပင် တစ်ဖက်သို့ လွှဲလိုက်မိသည်။ လူရိုင်းဆိုသည်မှာ လူရိုင်းသာလျှင် ဖြစ်၏။ ဘုရင်တစ်ယောက်အနေနှင့် ဤကဲ့သို့ တခြားနိုင်ငံ၏ သံတမန်များနှင့် တိုက်ခိုက်မှုကို မပြုလုပ်သင့်ပေ။
“တိုက်ကြစမ်း”
ရွှီး...
ကျား ...။
သဲကန္တာရလူရိုင်းမျိုးနွယ်မှ ကျွမ်းကျင်သူငါးယောက်တို့သည် အော်ဟစ်ပြီး ချင်ဘုရင်ဆီသို့ ဝင်ရောက်သွား၏။ သို့ပေမည့် နောက်ထပ် တစ်စက္ကန့်အတွင်းမှာပဲ ထိုကျွမ်းကျင်သူများစွာတို့သည် ကြိုးပြတ်သည့် စွန်ကဲ့သို့ပင် အောက်သို့လွင့်စင်ကာ ပြုတ်ကျသွားခဲ့၏။ ချက်ချင်းပဲ သေဆုံးသွားခဲ့ကြသည်။
လေထုထဲတွင် သွေးများစွာဖြင့် ပျံ့နှံ့သွား၏။ သေဆုံးသွားခဲ့ကြသူများ၏ ခန္ဓာကိုယ်ရှိ အရိုး၊ အကြော၊ အရာအားလုံးက ကျိုးပြတ်လျက် ရှိနေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးကပင် ခုတ်ဖြတ်ခြင်း ခံထားရ၏။ ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ခြင်းပင်။
ကျွမ်းကျင်သူ ငါးယောက်တို့သည် ချင်ဘုရင်၏ လက်ထဲတွင် တစ်ကွက်တည်းသော တိုက်ခိုက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ချင်ဘုရင်၏ နတ်ဘုရားကဲ့သို့ အားအင်နှင့် အတွင်းအားများသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေ တစ်ခုဆီသို့ပင် ရောက်ရှိနေ၏။ ချင်ဘုရင်သည် ပြိုင်ဘက်ကင်းကြောင်း အားလုံးသောသူတို့က ကြားခဲ့ရ၏။ သို့ပေမည့် လူချင်းတွေ့ရသည့် အချိန်မှာတော့ ထိုထက်ပင် ပိုမိုကာ ကြမ်းတမ်းသည့် လူတစ်ယောက်ဖြစ်ကြောင်း သိမြင်လာခဲ့ကြ၏။
စုကျန့်ထင်၏ အမူအရာပင်လျှင် ပြောင်းလဲသွားခဲ့၏။ ဤချင်ဘုရင်သည် တကယ့်ကို ပြိုင်ဘက်ကင်းသည့် နတ်ဘုရားတစ်ပါးသာလျှင် ဖြစ်၏။ မည်သူက ပိုမိုအားကောင်းမည်နည်း။ သူ သို့မဟုတ် နတ်ဆိုးမ ချောင်ယောင်းအာထက် အားကောင်းသည့် လူတစ်ယောက် ဖြစ်နေသည်လား။
ချောင်ယောင်းအာသည် လူပေါင်းတစ်ထောင်ကျော်တို့ကို တစ်ယောက်တည်း ဝင်ရောက်တိုက်ခိုက်ကာ သတ်ဖြတ် ပစ်နိုင်သည့်လူဟု သူ ကြားဖူးခဲ့၏။ ဤပြိုင်စံရှားသည့် စစ်ဘုရင်သည် တစ်သန်းမှာ တစ်ယောက် တည်ရှိနေသည့် နတ်ဘုရားအားအင်မျိုးနှင့် မွေးဖွားလာခဲ့သည့် လူမျိုးဖြစ်၏။
စုကျန့်ထင်သည် သူ၏အဖေ စုနန် သို့မဟုတ် ချင်ဘုရင်သည် သိုင်းပညာနှင့် ပတ်သက်လျှင် မည်သူက အားကောင်းမည်ဖြစ်ကြောင်း စတင်ကာ တွက်ချက်နေမိ၏။ နောက်ဆုံးမှာတော့ မြန်မြန်ဆန်ဆန် အနှစ်ချုပ်လိုက်၏။ သူ၏အဖေ စုနန်၏ သိုင်းပညာက အလွန်တရာ မြင့်မား၏။ သို့ပေမည့် စစ်မြေပြင် တိုက်ပွဲတည်နေရာမှာတော့ ချင်ဘုရင်သည် ကောင်းကင်မှ ငြင်းပယ်လောက်သော ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။
ချင်ဘုရင်သည် ထူးခြားသည့် အခြေအနေမျိုးကို ခံစားနေမိ၏။
လက်ထဲရှိ ဓားမော့ကြီးက မြန်မြန်ဆန်ဆန်နှင့် လှုပ်ရှားသွားလာလျက် ရှိနေပြီး ထိုအရာက ကြမ်းတမ်းလွန်း၏။ တုန်လှုပ်စရာကောင်းလွန်းသော ဓားမော့၏ အော်ရာများသည် အားလုံးသောသူတို့ကို ကြောက်လန့်စေသည်။ ထိုအရာကို မြင်သည်နှင့် တစ်ခါတည်း ကြောက်လန့်တကြားဖြင့် ထွက်ပြေးရပေလိမ့်မည်။ ထိုအချိန်မှာတော့ ဟောခန်းထဲတွင် ရှိနေသည့် ပန်းကန်ခွက်ယောက်များ၊ တူများအားလုံးတို့က လေပေါ်သို့ လွင့်စင်လျက် ရှိနေပြီး ကြမ်းပြင်ပေါ်တွင် ရတနာ တချို့တလေပင် ပြန့်ကျဲလျက် ရှိနေသည်။
ဘန်း...
ရှမ့်လန်ပေးခဲ့သည့် ၃ မီတာရှည်သည့် မှန်ကြီးသည် မည်သို့မှ မခံနိုင်တော့ချေ။ ခပ်ဝေးဝေးတည်နေရာတွင် ရှိသည်ဆိုလျှင်တောင်မှ ကွဲကြေသွားခဲ့၏။
စုမိုသည် နှလုံးသားများပင် နာကျင်သွားခဲ့မိ၏။ သို့ပေမည့် ချင်ဘုရင်သည် နှစ်လိုဖွယ်ရာပင် ရယ်မောလိုက်၏။ ဤအရာက မှန်တစ်ချပ် မဟုတ်ပါလား။ ဤတစ်ကြိမ် ရွှဲ့ပြည်နယ်၏ အနောက်ဘက်ပိုင်း ဒေသတစ်ခုလုံးကို ဝင်ရောက်ကာ တိုက်ခိုက်မည်ဆိုပါက သူမရနိုင်သည့် အရာဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။
ထိုရွှဲ့ပြည်နယ်ဆီမှ လူများ၏ ရတနာများကို သူ၏ ရတနာတိုက်ထဲသို့ ထည့်သွင်းလိုက်သည်ဆိုပါက မည်မျှ ပြည့်စုံသွားမည်နည်း။ လက်ရှိ ရှိနေသည့် ရတနာများကို သူက တစ်ချက်ကလေးမှ ဂရုမစိုက်တော့ချေ။ သူ၏အကြည့်သည် တစ်မီတာနီးပါးခန့်ရှိသည့် ရှမ့်လန် သူ့ကို ပေးထားခဲ့သည့် ပုံတူရုပ်တုကြီးဆီသို့ ရောက်ရှိသွားခဲ့၏။
ချင်ဘုရင်သည် အားရပါးရ ရယ်မောလိုက်သည်။ “ကျုပ် နေရာအနှံ့က လူတွေအကုန်လုံးကို သတ်ချင်တယ်။ စစ်တပ်ကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်ကို ဝင်မယ်။ ပြီးရင် ရှိသမျှကို မီးရှို့မယ်၊ သတ်မယ်၊ လုယက်မယ်။ ရွှဲ့နိုင်ငံသားတွေ ကြောက်လန့်မှုကြောင့် နေလို့၊ ထိုင်လို့၊ အိပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်မယ်။ ရွှဲ့ပြည်နယ်ရဲ့ ဘုရင်က ကျိန်းသေပေါက် ကြောက်လန့်မှုတွေနဲ့ စားမဝင် အိပ်မပျော် ဖြစ်စေရမယ်”
ဆွစ်
ချင်ဘုရင်သည် သူ၏ ဓားမော့ကြီးကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလျက် ရှိနေ၏။ သူသည် ကောင်းကင်ထက်ဆီသို့ ခုန်ပြီး အောက်ဆီသို့ ခုတ်ချလိုက်၏။ ၃ မီတာ နီးပါးခန့်ရှိသော ရှမ့်လန် သူ့ကိုပေးခဲ့သည့် ရုပ်တုကြီးက တစ်ခါတည်း ပေါက်ကွဲသွားခဲ့၏။
“ဒီဘုရင်က ရှမ့်လန်ရဲ့ ဦးခေါင်းကို ခုတ်ချင်တယ်။ ပြီးတော့ ငါ သူ့ရဲ့မိန်းမကို အဓမ္မပြုကျင့်နေတာကို အကူအညီမဲ့စွာနဲ့ ကြည့်ရှုစေမယ်။ အင်း ဒီမိန်းကလေးက ငါ့ရဲ့ စိတ်ဆန္ဒကို ခုခံနိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိ ပါတယ်။ ဟား ဟား ဟား”
ပြီးနောက် ချင်ဘုရင်၏ လှုပ်ရှားမှုများအားလုံးက အေးခဲသွားခဲ့၏။ သူသည် ရုပ်ရှင်ထဲတွင် ရုတ်တရက် ရပ်သည့် ခလုတ်ကို နှိပ်မိပြီး ရပ်တန့်သွားသကဲ့သို့ပင်။ သူ၏အမူအရာ၊ လှုပ်ရှားမှုအရာအားလုံးက ချက်ချင်းပဲ အေးခဲသွားခဲ့၏။ သို့ပေမည့် သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်မျိုး ကတော့ တည်ရှိနေတုန်းပင်။
အနားပတ်ဝန်းကျင်ရှိ လူပေါင်းများစွာတို့က ကြောင်အသွားခဲ့၏။ ချင်ဘုရင်၏ ပြိုင်ဘက်ကင်းသည့် သရုပ်ဆောင်မှုက ပြီးဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် အားလုံးသောသူတို့သည် လက်ခုပ်သံတီးကာဖြင့် ကျယ်ကျယ်လောင်လောင် ချီးကျူးလိုက်ကြ၏။
“ဘုရင်က တကယ့်ကို ကြမ်းတမ်းတယ်။”
“ဘုရင်က ပြိုင်ဘက်ကင်းပဲ”
သို့ပေမည့် ချင်ဘုရင်သည် မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး လက်ထဲရှိ ဓားကြီးသည် ခုတ်ပိုင်းမည့်အခြေအနေမျိုးတွင် ရှိနေခဲ့သည်။
အားလုံးတို့သည် အံ့အားသင့်လျက် ရှိနေ၏။
အားလုံးသောသူတို့၏ ချီးကျူးမှုကိုရရှိသည်ဆိုလျှင်တောင်မှ မလုံလောက်သေးဟု ဤဘုရင် ထင်နေလေ သည်လား။ ထို့ကြောင့် အားလုံးသော သူတို့သည် လက်ခုပ်ကို ပိုမိုကြမ်းတမ်းစွာ တီးလျက် ရှိနေ၏။ ပြီးနောက် အဆုတ်ကွဲမတတ်ပင် အော်ဟစ်လိုက်ကြသည်။
“ကျုပ်တို့ဘုရင်က အံ့ချီးလောက်စရာပဲ။”
“ကျုပ်တို့ဘုရင်က ပြိုင်ဘက်ကင်းပဲ”
သို့ပေမည့် ချင်ဘုရင်သည် တစ်ချက်ကလေးမှ တုံ့ပြန်မှု မရှိချေ။ သို့ပေမည့် သူတို့သည် အကောင်းဆုံး ကြိုးစားရ ပေလိမ့်မည်။ သူတို့သည် လည်ချောင်းများ ပေါက်ထွက်မတတ် အော်ဟစ်လိုက်ကြ၏။ ဤကြမ်းတမ်းသည့် ဘုရင်ကို လုပ်ကျွေးပြုစုရန်ဆိုသည်မှာ တကယ့်ကို ခက်ခဲလွန်း၏။
သို့ပေမည့် ထိုအချိန်မှာပဲ ချင်ဘုရင်၏ နှာခေါင်း၊ နား၊ မျက်လုံး၊ ပါးစပ်ဆီမှ သွေးမဲများ ကျဆင်းလာခဲ့၏။ ဒွါရ ခုနစ်ပေါက်ဆီမှ သွေးများ ကျလာခြင်းပင်။
စုကျန့်ထင်သည် ကြောင်အသွားခဲ့၏။ မိဖုရားစုမိုကလည်း ကြောင်အသွားခဲ့၏။ အိမ်ရှေ့စံမင်းသား အာလုထိုင်လည်း ကြောင်အသွားခဲ့သည်။
ချင်ဘုရင်၏ မိန်းမစိုးတစ်ယောက်သည် လျင်လျင်မြန်မြန်ပဲ ရှေ့ဆီသို့ လှမ်းတက်ပြီး ချင်ဘုရင်၏ နှာခေါင်းဝဆီသို့ လက်ထားကာ စစ်ဆေးလိုက်၏။ ပြီးနောက် နှလုံးခုန်နှုန်းကို စစ်ဆေးကြည့်၏။
ခဏအကြာမှာတော့ ထိုမိန်းမစိုးသည် ထကာ အော်ဟစ်လိုက်သည်။ “ဘုရင်ကြီး သေသွားပြီ”
အားလုံးတို့သည် တုန်လှုပ်သွားခဲ့၏။ ချင်ဘုရင် အဘယ်သို့ သေဆုံးသွားရသနည်း။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆိပ်လုံးလေးများ ပေါက်ကွဲသွာခဲ့ခြင်းပင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အဆိပ်ဓာတ် သည် အရာအားလုံးကို ဖျက်ဆီးသွားခဲ့၏။
သူသည် သိုင်းပညာကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြသခဲ့၏။ ကြမ်းတမ်းသည့်ခုတ်ပိုင်းချက်များကို ထုတ်ဖော်ခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်မှ အဆိပ်လုံးများ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်၏။ ထိုထဲမှ ဆိုင်ယာနိုက် အဆိပ်သည် သွေးထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူ သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ စစ်နတ်ဘုရား သည် စစ်ပွဲတွင် သေဆုံးခဲ့ခြင်းမရှိချေ။
မွေးနေ့ပွဲ၌ ဟန်ရေး ထုတ်ရင်း သေဆုံးသွားခဲ့လေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
“အမလေး... ငါတို့ရဲ့ဘုရင်” မိဖုရားကြီး စုမိုက ထကာ အော်ဟစ်လိုက်၏။
မိန်းကလေးပေါင်းများစွာတို့ကလည်း ထကာ အော်ဟစ်ငိုယိုလျက် ရှိနေကြသည်။
ဘန်း...
ချင်ဘုရင်၏ ကြီးမားမြင့်မားလွန်းသည့် ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။
…………
ရှမ့်လန်သည် နန်းတော်၏အတွင်း မြေအောက်ခန်းထဲတွင် ချုပ်နှောင်ခြင်း ခံထားရ၏။ ထိုနေရာသည် ရေခဲကဲ့သို့ပင် အေးစက်၏။ အပူချိန်ကလည်း တကယ့်ကို နိမ့်ပါး၏။ နွေရာသီဖြစ်သည်ဆိုလျှင်တောင် အထဲသို့ ဝင်ရောက်မည်ဆိုပါက ကြက်သီးမွေးညင်းများထသည့်အထိ အေးစက်မှုကို ခံစားရ၏။ တစ်စုံ တစ်ယောက် သည်သာ ရှမ့်လန်၏အနားသို့ သွားကာ ထိုင်နေသည်ဆိုပါက နာရီဝက်မပြည့်ခင်မှာပဲ ကျိန်းသေပေါက် အေးခဲပြီး သေဆုံးလုမတတ် ခံစားရပေလိမ့်မည်။
သို့ပေမည့် ဆရာလန်မှာတော့ တကယ့်ကို အလှည့်အပြောင်းများသည့် လူတစ်ယောက်ဖြစ်၏။ ဟုတ်ပေ၏။ သူ့အတွက် အလွန်ပင် ပူအိုက်နေ၏။ သူသည် ခန္ဓာကိုယ်ရှိ မြေခွေးအမွှေးနှင့်အင်္ကျီကို အသာပင် လွှတ်ပစ်လိုက်၏။ “ကျုပ်သောက်ဖို့အတွက် ဘာလို့ တစ်ခုခုမပေးသေးတာလဲ။ ဘာလို့ ဒီနေရာက အရမ်း ပူနေရတာလဲ”
မင်းသမီး နင်ယန်က မေးမြန်းလိုက်သည်။ “ဝိုင်လား”
ရှမ့်လန်က တန်ပြန်မေးခွန်းထုတ်လိုက်၏။ “ဘာလို့ ဝိုင်လဲ။ တလျောက်လုံး အနီရောင်ဝိုင်တွေပဲ သောက်နေရတာလေ”
နင်ယန်က ပြောလိုက်သည်။ “အဲဒါက သမင်သွေးဝိုင်လေ။ မင်း အေးခဲပြီး သေသွားမှာစိုးလို့ ငါ ဒီလိုလုပ်ပေး ထားရတာ။ မင်းရဲ့ညီအစ်ကိုတစ်ယောက်အနေနဲ့ မင်းသေတာကို ငါဘယ်လို ဘယ်လိုထိုင်ကြည့်ရမှာလဲ”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ “သမင်သွေးဝိုင် ဟုတ်လား။ ကျုပ်... ကျုပ် အများကြီး သောက်ခဲ့တာလား"
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလိုလောင်မြိုက်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူသည် ကျားမကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအမျိုးသမီးက တကယ့်ကို ရက်ရောလွန်း၏။
ရေခဲလှိုဏ်ဂူကဲ့သို့ အေးစက်လွန်းသောအကျဉ်းထောင်ထဲတွင် ရှမ့်လန်သည် မြေခွေးအမွှေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျားမင်းသမီးမှာတော့ ပါးလွှာလွန်းသည့် စစ်သည်တော် ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ သူမ၏ ပေါင်၊ ခါးကောက်ကြောင်းနှင့် တင်သားများသည် တကယ့်ကို ဖွင့်ထွားလွန်းကြောင်း အထင်းသား ပေါ်နေ၏။ ဤအမျိုးသမီးသည် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းနှင့် လှပသည့် လူတစ်ယောက်ပင်။