လန်လင်း ဆေးပေးခန်း
Vol. 33 Ch. 454
အန်လင်းက စုရှောင်လန်၏ အခန်းထဲသို့ ခိုးဝင်ကာ သူမ၏ အိပ်ယာပေါ်သို့ ဝင်အိပ်မည်ဟု စီစဉ်နေခြင်းဖြစ်၏။
သို့သော် စုရှောင်လန်က နိုးနေပြီ ဖြစ်ပြီး မှန်ရှေ့တွင် ခေါင်းဖီးနေလေ၏။
သူမက အန်လင်းကို မြင်သည်နှင့် ချိုသာစွာ ပြုံးပြလိုက်ပြီး သူမ၏ သိုလှောင်လက်စွပ်ကို အန်လင်းကိုပေးလိုက်လေ၏။
အန်လင်းက ခေတ္တမျှ ကြောင်သွားပြီး သိုလှောင်လက်စွပ်ကို လက်ခံရန် ဆုံးဖြတ်လိုက်၏။ စုရှောင်လန်က သူ့ဘေးတွင် မည်သို့ဆိုဆို ရှိနေမည်ဖြစ်၍ သူက သူမအလိုရှိသမျှကို ဝယ်ပေးနိုင်ပေ၏။
မနက်စာစားပြီးနောက် သူတို့နှစ်ဦးမှာ လန်လင်းဆေးပေးခန်းသို့ ထွက်လာကြ၏။
ယနေ့မှာ လန်လင်းဆေးပေးခန်း၏ ဖွင့်ပွဲနေ့ဖြစ်ပြီး ကြည့်ရှုသူအများအပြားလည်း စုဝေးနေကြပြီဖြစ်သည်။
စုရှမြို့မှာ အလွန်သေးသောမြို့ငယ်လေးဖြစ်၏။ ဤကဲ့သို့ မြို့ငယ်လေးတွင် ဖျော်ဖြေပွဲ သို့မဟုတ် ထင်ရှားသော ပွဲစဉ္များ ရှိခဲလေ၏။ သို့ဖြစ်၍ ဆေးခန်းကြီးတစ်ခု၏ ဖွင့်ပွဲကြီးက ပွဲကြီးတစ်ခုလိုဖြစ်နေလေ၏။
ဖောင်း ဖောင်း...
ဖျောက်အိုးသံများက ထွက်ပေါ်လာကာ ခြင်င်္သေ့အကသမားများက သူတို့၏ ဖျော်ဖြေမှုကို စတင်လေတော့သည်။
အန်လင်း၏ ဆံပင်ဖြူဖြူ ဦးခေါင်းမှာ သူ့၏ အဖြူရောင်ဝတ်စုံနှင့် လိုက်ဖက်နေပြီး သူက နွေးထွေး နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားလေ၏။
စုရှောင်လန်မှာတော့ ထုံစံအတိုင်းပင် သူမ၏ ကျောက်စိမ်းဝတ်ရုံနှင့်ဖြစ်ကာ နွေးထွေးလှသော အပြုံးတစ်ခုကို ဆင်မြန်းထားလေ၏။
သူတို့နှစ်ဦးက နတ်ဖတ်သည့် စုံတွဲကဲ့သို့ ဆေးခန်း၏ ရှေ့တွင် မတ်တပ်ရပ်နေလေ၏။
လေထုကို ပိုမိုမြူးကြွလာစေရန် အန်လင်းက လက်ဖျောက်တီးလိုက်လေ၏။
ရွှေရောင်မီးတောက် ဇာမဏီငှက်တစ်ကောင်က ရုတ်တရက် သူ့၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာကာ ဆေးပေးခန်းကိုလှည့်ပတ်ပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်ငိုကြွေးနေလေ၏။
မီးတောက်နဂါးတစ်ကောင်က လေထဲတွင် ရုတ်တရက်ပေါ်ထွက်လာကာ နဂါးခွန်အားများ ဖြာထွက်နေရင်းဖြင့် အထက်ကောင်းကင်ယံတွင် လှည့်ပတ်နေလေ၏။
ဤသည်က နဂါနှင့် ဇာမဏီတို့၏ အကအစစ်ပင်ဖြစ်ပြီး ကြည့်ရှုသူအပေါင်းက မျက်လုံးအပြူးသားနှင့် ငေးကြည့်နေကာ အလွန်လေးစားနေကြလေ၏။
ကြည့်ရှုသူများကြားမှ ကျင့်ကြံသူများက အန်လင်းက ဤကဲ့သို့ မန္တန်နည်းစနစ်ကို အလွန်ပင် မသိလိုက်မသိဘာသာ ထုတ်လွတ်နိုင်သည်ကို ပိုမို၍ပင် အံ့ဩနေကြလေ၏။ လန်လင်းဆေးပေးခန်းအပေါ်တွင် မကောင်းမြင်နေမှုတို့အားလုံးက ပျောက်ပျက်သွားကာ အံ့ဩ လေးစားခြင်းတို့နှင့် အစားထိုးခံလိုက်ရလေ၏။
"ဝိုး... လန်လင်းဆေးခန်းရဲ့ ပိုင်ရှင်က အရမ်းကို အစွမ်းထက်တဲ့ ခွန်အားကြီး ပုဂ္ဂိုလ်ပဲ။ အဲ့အင်မော်တယ် မန္တန်က အတော်လေး အထင်ကြီးစရာကောင်းတာပဲ။ သူက ဆေးပညာမှာလဲ အတော်လေး ထူးချွန်လောက်မယ်။ ငါတစ်ခုခု ဖျားနာခဲ့ရင် ဒီလိုလာတာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်မယ်ထင်တယ်။"
"ပိုင်ရှင်ရဲ့ မိန်းမကလဲ အရမ်းချောတာပဲ...။ သူမကလည်း စိတ်ထားအရမ်းကောင်းလောက်မှာ။ သူမှာကို ကြည့်တာနဲ့ကို သူမက ကျွမ်းကျင်အဆင့်ဆိုတာ ငါပြောနိုင်တယ်..."
"သေစမ်း...။ ညီအစ်ကို၊ မင်းက သူဌေးရဲ့ မိန်းမကို ကြည့်တာနဲ့တင် သူ့အကြောင်းကို အများကြီး ပြောနိုင်တယ်...။ စိတ်ကူးယဉ္နေတာ တော်လိုက်စမ်းပါ။ သူဌေးရဲ့ မိန်းမက အမျိုးသမီး လူနာတွေကိုပဲ ကြည့်ပေးပြီး သူဌေးက အမျိုးသား ကျင့်ကြံသူ လူနာတွေကို ကြည့်ပေးမှာ။ မင်းပြောတာအတွက် သူဌေးကို ဒေါသမထွက်သွားစေနဲ့။"
"ငါကြားတာတော့ ဒီမှာ ဆရာဝန်ပြဖို့က တခြားဆေးခန်းတွေထက် ဈေးချိုတယ်ဆို။ ပြီးတော့ ဒီက ဆေးတွေကလဲ တခြားဆေးခန်းနဲ့ယှဉ္ရင် ၈၀ ရာခိုင်နှုန်းပဲ စျေးနှုန်ရှိတာဆို..."
"တကယ်လား။ အဲဒါဆို ငါ့ကိုယ်ငါ ပြကြည့်အုံးမှ ထင်တယ်။"
...
ဖျော်ဖြေမှုများ အဆုံးသတ်သောအခါ လန်လင်းဆေးခန်း၏ တံခါးများက ပထမဆုံးအကြိမ့် ပွင့်လာလေ၏။ ကြည့်ရှုသူများလဲ ကြိတ်ကြိတ်တိုးနေလေသည်။
အန်လင်းနှင့် စုရှောင်လန်တို့က ကောင်တာနှစ်ခုတွင်ထိုင်ကာ လူနာများကို ကြည့်ပေးလိုက်လေ၏။
သူတို့အပြင် တခြားသော အမျိုးသား အလုပ်သမား သုံးဦးနှင့် အမျိုးသမီး အလုပ်သမား သုံးဦးတို့လည်း ကူညီနေလျက်ရှိ၏။
လူအများအပြားက ဖွင့်ပွဲကြီးကို အသုံးချကာ အခြေခံဆေးများဝယ်ယူလိုက်ကြ၏။ ဤသည်က မြို့ငယ်လေးတစ်ခုဖြစ်သည်မို့ ဆေးဘက်ဆိုရာ ဂရုစိုက်မှုကိုလိုအပ်နေသောသူ အများအပြားမရှိပါချေ။
အန်လင်းက ကျောင်းတော်ကြီးတွင် ဆေးတောင့် သင်ခန်းစာတစ်ခန်း ယူခဲ့သည်မို့ ဆရာဝန်တစ်ဦးအနေနှင့် အခြေံခံကောင်းရှိလေ၏။ သိသိသာသာ ရောဂါမရှိသော လူနာများ သူ့ဆီလာပါက ပြနမလည်နုပျိုစေသော မန္တန်တစ်ခုကို သူတို့အပေါ် ထုတ်လွတ်ပေးလိုက်ပြီးလျှင် သူတို့က ကောင်းသွားလေ၏။
တစ်နေ့တာက ချောမွေ့စွာ ကုန်ဆုံးသွားပြီး ပိတ်ချိန်သို့ ရောက်လာလေပြီ။
သူတို့က လူနာအများအပြားကို ကုသပေးလိုက်ကာ သူတို့၏ ဝင်ငွေမှာ ငွေစ ရာကျော်နှင့် စိတ်ဝိညဉ္ ကျောက်တုံး ဒါဇင်အနည်းငယ်ဖြစ်လေ၏။
စုရှောင်လန်က မျက်မှောင်ကြုတ်လိုက်ကာ တီးတိုးရေရွတ်လိုက်၏။ "ငါတို့က ဘယ်လိုလုပ်ပြီး နည်းနည်းပဲ ရတာလဲဟ"
အန်လင်းက လက်နက်ချဟန်ဖြင့် သက်ပြင်းချလိုက်၏။ "ကုန်ကျစရိတ်တွေ နုတ်လိုက်ရင် ငါတို့ရဲ့အမြတ်က ၅၀ ရာခိုင်နှုန်းတောင်မရှိဘူး။"
"ဟင်း... ငါက အစတုန်းကတော့ ဒီဆေးခန်းကို ငါ့ကိုယ်ငါ ကာကွယ်ဖို့ဖွင့်တာ။ ဒါပေမဲ့ အခုတော့..." စုရှောင်လန်၏ မျက်နှာထက်တွင် ရှက်သွေးဖြာသွားပြီး ဆက်ပြောလာခဲ့၏။ "ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့ကို စိတ်ပူစရာမလိုတော့ဘူး။ နင်မှာ တခြားစိတ်ကူးတွေ အတွေးတွေ ရှိသေးလား။"
"ငါတို့... ပေါက်စီဆိုင်ဖွင့်ရင်ရော။" အန်လင်းက ခဏကြာတောင် တုံ့ဆိုင်းနေပြီး အကြံပြုလာ၏။
စုရောင်လန်က အန်လင်းပြောသည့် ပေါက်စီများကို သေချာသိကာ ခေတ္တတွေးတောလိုက်ပြီး ပြန်ပြောလိုက်၏။ "အဲဒါက အကြံကောင်းလို့ မထင်ဘူး။ အဓိကအချက်က စုရှမြို့တော်မှာ ဝယ်လိုအား သိပ်မများဘူး။ အဲ့တော့ နင့်ရဲ့ပေါက်စီတွေက စျေးကောင်းရမှာ မဟုတ်ဘူး။ ငါတို့က... ငါတို့က ပေါက်စီတွေကို ကိုယ်အတွက်ကိုယ်ပဲ သိမ်းထားရအောင်ပါ...။"
အန်လင်းက ခေါင်းငြိမ့် သဘောတူလိုက်၏။ "အဲဒါဆိုလဲ... ငါတို့ရဲ့ ဆေးခန်းကိုပဲ တိုးချဲ့ကြမလား။"
"ဟုတ်တယ်။ အဲ့လိုပဲ လုပ်ရအောင်။" စုရှောင်လန်က အပြုံးတစ်ခုနှင့် ခေါင်းငြိမ့်ပြလိုက်၏။
သို့ဖြစ်၍ လန်လင်းဆေးခန်း၏ ပထမဆုံးရက် လုပ်ငန်းများ အဆုံးသတ်သွားပေတော့သည်။
သူတို့နှစ်ဦးက နေဝင်ချိန် အလင်းရောင်၏ အောက်တွင် လက်ကိုင်ကာ သူတို့၏ အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေ၏။
ပထမဆုံးရက် ပြီးသည့်နောက်တွင် လန်လင်းဆေးခန်းကို လာပြကြသော လူနာအများစုက ဝန်ဆောင်မှုနှင့် ပြန်ကောင်းမွန်လာသည့်နှုန်းကို အလွန်သဘောကျနေကြကာ ဒုတိယနေ့တွင် လူပိုများလေပေ၏။ အခြေအနေအမျိုးမျိုးကို ကြည့်ရှုရန်အတွက် ဆေးခန်းကို လာကြသော ကျင့်ကြံသူအနည်းငယ်ပင် ရှိလေ၏။
ကျင့်ကြံသူများအားလုံးက အန်လင်းဆီသို့လာကြပြီး သူက အပူချိန် ထိန်းညှိခြင်းနှင့် ဆေးဖော်စပ်ရေး နည်းလမ်းများအပေါ်တွင် စုရှောင်လန်၏ ညွှန်ကြားချက်များနှင့်အတူ ဆေးဖော်စ့်နေလေ၏။
ဆေးဖော်စပ်ခြင်းတွင် အဓိက အဆင့်ငါးခုရှိပေ၏။ ထိုသည်များက မီးတောက် သခင်အဆင့်၊ ဆန္ဒဖြည့်တင်း အဆင့်၊ စိတ်ဝိညာဉ် စုစည်း အဆင့်၊ ဝိညာဉ် ဖန်တီးအဆင့်နှင့် ထူးကဲ့အဆင့်ဟူ၍ ဖြစ်၏။
ရှန့်ယင်၏ အမွေကို လက်ခံပြီးနောက် စုရှောင်လန်မှာ ဝိညာဉ်ဖန်တီးခြင်းအဆင့်ဆေးတောင့် သခင်ဖြစ်နေပြီး ဖြစ်၏။ သူမက ကိုယ်တိုင်ဆေးမဖော်နိုင်သော်လည်း ဆေးဖော်စပ်ခြင်းတွင် သူမ၏ ဗဟုသုတများက ကိုးပြည်ထောင်စုတိုင်းပြည်တွင် ထိပ်တန်းအဆင့်ရောက်နေပြီး ဖြစ်၏။ သို့ဖြစ်၍ သူမက အန်လင်းကို ဆေးဖော်စပ်ရာတွင် ညွှန်ကြားပေးရန် အရည်အချင်း ပြည့်မီသည်ထက်ပင် ပိုလေ၏။
အန်လင်းမှာ အမှန်တကယ်တော့ အတန်းထဲတွင် စာလိုက်နားမထောင်ပါချေ။ ထို့ပြင် ယခင်ကလည်း တစ်ခါမှ ဆေးမဖော်ဖူးပါပေ။ သို့သော်လည်း သူက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်မို့ သူ့၏ ကျင့်ကြံခြင်း အခြေခံက သူ့အား မီးတောက်သခင်အဆင့်ဆေးတောင့်ဖော်စပ်ခြင်းကို လုပ်ဆောင်နိုင်လေ၏။
ဆေးခန်းကိုလာကြသော ကျင့်ကြံသူအများစုမှာ တာအိုခန္ဓာ အဆင့် ၃ သို့မဟုတ် အဆင့် ၄ ပတ်ဝန်းကျင်လောက်ဖြစ်လေ၏။ ထိုခက် အဆင့်မြင့်သော ကျင့်ကြံသူများ ဆေးခန်းကို လာသည်မှာ အလွန်ရှားပါးလှ၏။ ပထမဆုံး အနေဖြင့် တစ်မြို့လုံးတွင် ထိုသူများ များများစားစားမရှိပါချေ။ ဒုတိယအနေဖြင့် ထိုအဆင့် ကျင့်ကြံသူများက ဖျားနာခဲလှပေ၏။
ထိုသည်က အန်လင်း၏ မီးတောက် သခင်အဆင့် ဆေးဖော်စပ်ခြင်း စွမ်းရည်မှာ သူကြွားဝါပြောနိုင်သော တစ်စုံတစ်ခုဖြစ်နေသည်မှာ သေချာလှ၏...။
ဆေးခန်းကို လာကြသော အမျိုးသမီး ကျင့်ကြံသူအားလုံးက အန်လင်း၏ ဆေးဖော်စပ်ခြင်းတွင် "ဆရာကျမှု"ကြောင့် အလွန်ဆွဲဆောင်ခံနေရလေ၏။ သူတို့အားလုံးမှာ ဆံပင်ဖြူ တလွင့်လွင့်နှင့် ထိုအမျိုးသားက အလွန်ဆန်းကြယ်၊ အစွမ်းထွက်ပြီး အလွန်ပင် ချောမောနေသည်ဟု ခံစားလိုက်ရ၏။
စုရှောင်လန်၏ ညွှန်ကြားမှုအောက်တွင် အန်လင်း၏ ဆေးဖော်စပ်ခြင်း စွမ်းရည်များက အလွန်လျင်မြန်စွာ တိုးတက်လာပေ၏။
လန်လင်းဆေးခန်း၏ အမည်က မကြာမီပင် စုရှမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
ညနေပိုင်းတွင် ဆေးခန်းသို့လာရောက်သော လူနာများအလွန်များကာ မြို့တော်၏ အဆင့်မြင့် အရာရှိများလဲ ပါဝင်လေ၏။
သူတို့အားလုံးမှာ နာတာရှည်ရောဂါဝေဒနာအချို့ခံစားနေရပြီး လန်လင်းဆေးခန်း၏ ကျော်ကြားလှသော အမည်ကောင်းကို ကြားသိရပြီးနောက် စမ်းကြည့်ရန် စိတ်အားထက်သန်နေကြ၏။
အန်လင်းမှာ လူနာအများစုကို အလွဟ်တကူ ကုသပေးနိုင်၏။ သို့သော် သူ မကုသနိုင်သာ ရောဂါတစ်ချို့လဲ တွေ့ရလေ၏။
ဉပမာ အနေဖြင့်၊ တစ်ကြိမ်က လှပသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ အန်လင်းဆီသို့ ကုသမှုခံယူရနမ လာရောက်လေ၏။ သို့သော် သူက သူမ ဘာဖြစ်နေသည်ကို လုံးဝ အဖြေမရှာနိုင်ခဲ့ပါပေ။
အန်လင်းက မနေနိုင်တော့ပဲ အမျိုးသမီးကို မေးလိုက်၏။ "အမကြီး၊ အမ ဘာရောဂါ ခံစားနေရတာလဲ သိလား။"
အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာက နီရဲသွားပြီး အန်လင်းကို ကြည့်လိုက်ကာ ခေါင်းငုံ့သွားလေ၏။ "အချစ်ရောဂါ"
အန်လင်း : "..."
သူက သူ့မျက်ခုံးမွှေးများကို ပွတ်သတ်လိုက်ပြီး ဒေါသသံဖြင့် ပြောလိုက်လေ၏။ "အမကြီး၊ ကံမကောင်းတာပဲ ကျွန်တော်တို့ ဆေးခန်းက စိတ်ရောဂါတွေတော့ မကုပေးနိုင်ဘူး...။ အမက တကယ်ပဲ အချစ်ရောဂါဖြစ်နေတယ်ဆိုရင် အမချစ်တဲ့ အမျိုးသားကိုသာ သွားတွေ့လိုက်ပါ။ အချိန်၊ အကွာအဝေး၊ ရာထူးဂုဏ်သိမ်တွေ... တစ်ခုကမှ တကယ် အရေးမပါပါဘူး။ အချစ်သာ ရှိနေရင် အမတို့ကို ဘယ်သူမှ တားလို့ရမှာ မဟုတ်ပါဘူး။"
အမျိုးသမီး ကျင့်ကြံသူက ခေါင်းမော့ကာ အန်လင်းကို မျက်လုံးတောက်တောက်များဖြင့် ကြည့်လိုက်၏။ "တကယ်လား။ သူက တကယ်ပဲ အခု ငါ့ရဲ့ရှေ့မှာ ရှိနေတာလေ..."
"မနေ့က နင့်ကို တွေ့ကတည်းက ငါ... ငါ နင့်ကို စိတ်ထဲကနေ ထုတ်လို့မရဘူး..."
စကားပြောနေရင်းနှင့် အမျိုးသမီးကျင့်ကြံသူ၏ ပါးက ပို၍နီရဲလာသော်လည်း သူမ၏ အကြည့်က နူးညံ့လာပေတော့သည်။
"အဟွတ်..." အန်လင်းက တံတွေးသည်းတော့မလိုပင် ဖြစ်သွားရ၏။
အမျိုးသမီးက အန်လင်းကို စိုက်ကြည့်ကာ အသံတိုးတိုးဆိုလာ၏။ "နင်ပြောသလိုပဲ။ အချိန်တွေ၊ အကွာအဝေးတွေ၊ ရာထူးဂုဏ်သိမ်တွေက တကယ် အရေးမပါဘူးလေ။ အချစ်သာရှိရင် ငါတို့ကို ဘယ်သူမှ မတားနိုင်ပါဘူး။"
ထိုသည်ကို ကြားပြီးနောက် အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။
ငလူး။ ငါ့မိန်းမက ဟိုနားလေးမှာတင် ထိုင်နေတာ နင်မမြင်ဘူးလား။ နင့်ကို ငါတို့ရဲ့ ဆက်ဆံရေးကို စမ်းသပ်ဖို့ နတ်ဘုရားတွေက လွတ်လိုက်တာလား။
စုရှောင်လန်၏ အကြားအာရုံက အတော်လေးပင် တိကျလှပြီး သူမက အန်လင်းရှိရာသို့ ငေးကြည့်နေလေ၏။
အန်လင်းက အလွန်တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။ "အမကြီး၊ ကျွန်တော်ပြောချင်တာက အပြန်အလှန် ချစ်ခြင်းအတွက်ပါ။ အမရဲ့ အချစ်နာကျတာက တစ်ဖက်သတ်ဖြစ်နေတယ်။ အဲဒါမို့ ကျွန်တော်တော့ မကုပေးနိုင်ပါဘူး။"
အမျိုးသမီး ကျင့်ကြံသူ၏ မျက်နှာက ထိုသည်ကို ကြားပြီးနောက် ငုံ့သွားတော့၏။
သို့သော် သူမက မည်သည်မှ ထပ်မပြောလာတော့ပဲ စိတ်ဓာတ်ကျစွာ ခေါင်းငြိမ့်ပြကာ ထွက်သွားလေ၏။
စုရှောင်လန်၏ အမူအရာက ရုတ်တရက် နူးညံ့သွားပြီး သူမရှေ့တွင် ထိုင်နေသော အမျိုးသမီူကို စတင်ကုသပေးနေတော့သည်။
အန်လင်းက သက်ပြင်းတစ်ချက်ချလိုက်၏။ ကြည့်ရသည်မှာ ဆရာဝန်အလုပ်က အန္တရာယ်မျသည့်ပုံပင်။ ထိုသည်များ အားလုံးက သူက အလွန်ချောမောနေသောကြောင့် ဖြစ်လေ၏။
------------