← Chapters

စိတ်ဝိညာဉ် သားရဲများ ရောက်ရှိခြင်း

Vol. 33 Ch. 455

စိတ်ဝိညာဉ် သားရဲများ ရောက်ရှိခြင်း

Vol. 33 Ch. 455

လန်လင်း ဆေးခန်း၏ ဒုတိယရက် စီးပွားရေးမှာ ပထမရက်ထက် ပိုကောင်းလေ၏။ သူတို့က ပိုက်ဆံအများအပြားစုမိသော်လည်း အန်လင်းနှင့် စုရှောင်လန်၏ မျက်လုံးထဲတွင် နည်းပါးလွန်းသော ပမာဏဖြစ်နေသေးပေ၏။

နေမင်းက တဖြည်းဖြည်းနှင့် ဝင်ရိုးစွန်းကို ကျော်ဖြတ်ကာ သူတို့နှစ်ဦးက အလုပ်ကြိုးစားသည့် နေ့တစ်နေ့အပြီးတွင် အိမ်ပြန်လာခဲ့လေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က အိမ်ပြန်ရောက်ရောက်ချင်းပင် ကောင်းကင်မှ ဆင်းသက်လာသော ပုံရိပ်များနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် ချွန်လေးနှင့် ရှလေးတို့၏ အလန့်တကြားအော်သံများက သူတို့၏ နားထဲသို့ ဝင်ရောက်လေ၏။

"အစ်ကိုကြီး အန်၊ ငါတို့ရောက်လာပြီ။ ဝုတ်..."

တပိုင်းက နောက်ဖေးခြံထဲသို့ ဆင်းသက်လာပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ဟောင်လာတော့သည်။

အန်လင်းနှင့် စုရှောင်လန်တို့နှစ်ဦးက အပြုံးများ ဆင်မြန်းထားကာ လက်ချင်းတွဲပြီး စိတ်ဝိညာဉ် သားရဲများ၏ ရှေ့သို့ ရောက်လာကြ၏။ "ကြိုဆိုပါတယ်။"

စိတ်ဝိညာဉ် သားရဲများအားလုံးက ကြောင်သွားကာ တိတ်ဆိတ်သွားကြ၏။

"သခင်၊ ဘယ်လိုလုပ်ပြီး ဆံပင်တွေ ဖြူသွားတာလဲ။ ကြည့်ရတာ အရမ်းမိုက်တာပဲ။" ရှောင်ဟုန်၏ အနီရောင် ပန်းပွင့် ဦးခေါင်းလေးက ဘယ်ညာယိမ်းနေကာ သူမက အသံချိုချိုလေးနှင့် ဆိုလိုက်လေ၏။

"အဲဒါက အရေးမကြီးပါဘူး။" တပိုင်က အလန့်တကြား ဆိုလိုက်၏။ "အရေးကြီးတာက သူက ငါတို့အားလုံးရှေ့မှာ စုရှောင်လန်ရဲ့ လက်ကို ကိုင်ထားတာပဲ။ အစ်ကိုကြီးအန်ကို သူတို့လက်ကို ကိုင်ခွင့်ပြုဖို့ ဆန္ဒရှိတဲ့ အမျိုးသမီး ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။ ပြီးတော့ အဲ့အမျိုးသမီးက တခြားသူမဟုတ်ပဲ ကောင်းကင်နတ်သမီးလေး စုရှောင်လန်တဲ့။ အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဝုတ်..."

အန်လင်း : "..."

"ငါတော့ အဲဒါလဲ အရေးကြီးတယ်လို့ မထင်ဘူး...။ စုရှောင်လန်ဆီကနေ သက်ရှိစွမ်းအင် အတက်အကျ တစ်ခုမှ အာရုံခံလို့မရတော့တာကို ပိုပြီးတော့ စိတ်ပူတယ်။" ရှောင်ချောင်က ပူဆွေးဟန်ဖြင့် ပြောလိုက်၏။

အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားက တစ်ခွန်းမှ မပြောပါပေ။ သူက တပိုင်၏နောက်တွင် မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်နေလေ၏။

"ဝင်ခဲ့။ ငါ မင်တို့ကို အားလုံးရှင်းပြမယ်။" အန်လင်းက ပြုံးကာ ပြောလိုက်၏။

ဤစိတ်ဝိညာဉ် သားရဲများအားလုံးမှာ သူ့၏ သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး စုရှောင်လန်သည်လည်း စိတ်ဝိညာဉ် သားရဲများ သူမ၏ လက်ရှိအခြေအနေကို သိသွားလဲ စိတ်မရှိပေဟု ပြောထားလေ၏။ သို့ဖြစ်၍ သူက သူတို့အားလုံးကို မည်သည်များ ဖြစ်ခဲ့သည်ကို ပြောပြရန်အတွက် စုစည်းလိုက်လေ၏။

စိတ်ဝိညာဉ် သားရဲများအားလုံးက သိလိုစိတ် အပြည့်နှင့် အန်လင်းနောက်လိုက်ကာ အိမ်ထဲသို့ဝင်လာကြ၏။

နောက်ဖေးခြံဝန်းအတွင်း၌ ဥတုလေးယောက်မှာ စိတ်ဝိညာဉ် သားရဲ အုပ်စုကို မျက်လုံးအပြူးသားနှင့် ငေးကြည့်နေလေ၏။

"ခွေးဖြူကြီး ပေါ်လာပြီ...။ ငါတို့မှန်နေတာပဲ။ ငါတို့ရဲ့ သခင်လေးက ကောင်းကင်ဘုံခုံရုံးက အန်လင်းနဲ့ အတူတူပဲ။" ရှလေးက အသက်ပြင်းပြင်းရှုလိုက်ကာ အလန့်တကြားဆိုလိုက်၏။

"ငါ ကိုးပြည်ထောင်စု နိုင်ငံတော် မဂ္ဂဇင်း အရှေ့က စာအုပ်တွေကို သေချာ ပြန်ကြည့်ကြည့်တာ။ ငါတွေ့တာတော့ ငါတို့ရဲ့ သခင်မ စုရှောင်လန်ကလည်း ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အထူးပါရမီရှိ ထူးချွန်သူတစ်ယောက်တဲ့။" ဒုံလေးက လေးစား အံ့အားသင့်စွာ ပြောလိုက်၏။

"အဲ့တော့ ငါတို့ အမှုထမ်းနေရတဲ့ လူတွေက တကယ်တော့ အရမ်း အစွမ်းထက်တဲ့ အင်မော်တယ်တွေပေါ့။ ငါတို့ အကောင်းမြင်ခံရဖို့ အကောင်းဆုံး ကြိုးစားရမယ်။" ရှလေးက မျှော်လင့်တကြီး ဆိုလိုက်၏။

သူမက သခင်ကောင်းတစ်ယောက်တေွ့ရသည်မှာ မည်မျှ အရေးကြီးသည်ကို သိထားပေ၏။ သခင်ကောင်းတစ်ဦးက သူတို့က ဘဝတစ်လျှောက်လုံး ဤမြို့ငယ်လေးတွင်သာ ကုန်ဆုံးခြင်းနှင့် သူတို့၏ သခင်နောက်ကိုလိုက်ကာ ကမ္ဘာကြီးကို လေ့လာရမည့်ကြားက ခြားနားချက်ပင် ဖြစ်၏။

ထိုအချိန်တွင် အိမ်၏ ဧည့်ခန်းမကြီးတွင်...။

စိတ်ဝိညာဉ် သားရဲများအားလုံးက အန်လင်း၏ ဇာတ်ကြောင်းကို ကြားပြီးနောက် မျက်ရည်များ ဖြိုင်ဖြိုင်ကျနေပေတော့သည်။

"ဝါး... ကောင်းကင်နတ်သမီး ရှောင်လန်၊ နင်က အစ်ကိုကြီး အန် အပေါ်မှာ အရမ်းကောင်းလွန်းပါတယ်။ အစ်ကိုကြီး အန်လို ငတုံးတစ်ယောက်က နင့်ကို တစ်စုံတစ်ယောက်နဲ့ မထိုက်တန်ပါဘူး...။ ဝုတ်...။" တပိုင်က မျက်နှာမှ မျက်ရည်များကို သုတ်ကာ ငိုကြွေးနေလေတော့၏။

"ဝါး... သခင်၊ နင် ရှောင်လန်ကို သစ္စာဖောက်ရဲရင် ငါက နင့်ကို နေမင်းရဲ့ အမည်နာမထဲမှာ ဖျောက်ဖျက်ပစ်မယ်။ ဝါးးး..." ရှောင်ဟုန်က သူမ၏ ပွင့်ချက်များမှ စီးဆင်းလာသော မျက်ရည်စက်ကလေးများကို သူမ၏ အစိမ်းရောင် အရွက်များနှင့် သုတ်ကာ အန်လင်းကို ချိုသာသော်လည်း ခြိမ်းခြောက်သည့်အသံဖြင့် သတိပေးလိုက်လေ၏။

"အစ်ကိုကြီး အန်၊ နင်ဖောက်ပြန်ရဲရင် ငါ့ရဲ့တောင်ဝှေးနဲ့ သင်းကွပ်ပစ်မှာနော်။" ရှောင်ချောင်သည်လည်း သူ့၏ မီးလုံးကဲ့သို့ မျက်လုံးများမှ မျက်ရည်များ စီးကျနေကာ သူ့၏ တောင်ဝှေးကို ဆုတ်ကိုင်ထားပေ၏။

"ဟင်း... သခင်၊ သူမကို မကောင်းတာ တစ်ခုခုလုပ်ရင် ငါက နင့်ရဲ့ ​ေ-ာကို ဖြတ်ပစ်မှာနော်။ ဝေါင်း..." အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားပင်လျင် နာခံတတ်သော အမူအရာပျောက်ကွယ်ကာ သူ့၏ လက်သည်းထက်တွင် မြူနှင်းများ ဖြစ်ပေါ်လာလေ၏။

အန်လင်း : "..."

သို့ဖြစ်၍ ဤသည်က ဇာတ်ကြောင်းကို ကြားပြီးနောက် သူ့၏ စိတ်ဝိညာဉ် သားရဲများ ပထမဆုံး စဉ်းစားမိတာ ဖြစ်လေ၏။

သူ့၏ ခန္ဓာကိုယ်အောက်ပိုင်းက တုန်ယင်သွားပြီး ဤစိတ်ဝိညာဉ်သားရဲများက အမှန်တကယ် သူ့အပိုင် ဟုတ်ရဲ့လားဆိုသည်ကို သံသယဝင်စပြုလာလေ၏။

စုရှောင်လန်က စိတ်ဝိညာဉ်သားရဲများ၏ တုံ့ပြန်မှုကို အလွန်ကြည်နူးနေပြီး အပြုံးလေးတစ်ပွင့်က သူမ၏ မျက်နှာထက်တွင် ဖူးပွင့်လာလေတော့၏။

"ဟုတ်ပြီ။ ရှောင်လန်က လောလောဆယ် အတော်လေး အားနည်းနေသေးတယ်။ အဲ့တတာကြောင့် ငါက သူ့ဘေးမှာ ကိုယ်ရံတော်လို အမြဲ ရှိနေရမှာ။"

ရှောင်ဟုန်က စုရှောင်လန်၏ ပေါင်ပေါ်သို ပြောင်းထိုင်လိုက်ပြီး သူမ၏ အသံချိုချိုလေးနှင့် ကြေညာလိုက်လေ၏။

"ငါ အိမ်စောင့်ပေးမယ်" အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားက ဆိုလိုက်၏။

"အဲဒါဆို ငါက ..." တပိုင်က မပြောခင် ခေါင်းကုတ်လိုက်၏။ "ငါက စုရှောင်လန် သွားလာဖို့ တာဝန်ယူပေးမယ်။ ဝုတ်...။"

ရှောင်ချောင်က သူလုပ်ရမည့် အလုပ်အတွက် စဉ်းစားလိုက်သော်လည်း မည်သည်မှ တွေးမရပါပေ။ အဆုံးတွင်တော့ သူက သူ့အတွက် နေရာတစ်ခု ဖန်တီးလိုက်၏။ "ငါက ညကျရင် အလင်းပေးတဲ့ မီးသီးလေး လုပ်ပေးမယ်။" (မီးသီးဆိုတာ တရုတ်မှာ third wheelရဲ့ ဗန်းစကားပါတဲ့။ ညဖက်မှာ အတွဲတွေက အမှောင်လေးထဲထိုင်ပြီး roနေကြချိန် ရုတ်တရက် မီးဖွင့်ပြီး သာသနာဖျက်တာကနေ ဖြစ်လာတာပါတဲ့။)

အန်လင်းက ထိုသည်ကိုကြားပြီးနောက် မေ့လဲတော့ မလိုပင် ဖြစ်သွားလေ၏။

သူ့၏ စိတ်ဝိညာဉ် သားရဲများက စုရှောင်လန်အတွက် သူ့ကို စွန့်ပစ်သွားကြသော်လည်း သူက သည်းခံနိုင်ပါသေးသည်။ ဒါပေမဲ့ မီးသီး ဖြစ်လာမည်ဆိုသည်က ဘာကြီးလဲ။

"ဟုတ်ပြီ။ ဟုတ်ပြီ။ မင်းတို့က ငါ့အတွက် အကုန်လုံး လုပ်စရာ မလိုပါဘူး။ငါက ငါ့နောက်ကို လိုက်ဖို့အတွက် ရှောင်ဟုန် ရှိရင်ရပြီ။ မင်းတို့ ပြောသလိုလုပ်ရင် အန်လင်းက ဘယ်လိုထင်မလဲ။ မင်းတို့ သူ့ရဲ့ ခံစားချက်တွေကို ထည့်စဉ်းစားသင့်တယ်။" စုရှောင်လန်က သူတို့အား အပြုံးလေးနှင့် တာမြစ်လိုက်၏။

"ငါက ကောင်းကင် နတ်သမီး ရှောင်လန် ပြောတဲ့အတိုင်း လုပ်ပါမယ်။ ဝုတ်...။"

"ဟုတ်ပြီ။ နင်တစ်ခုခုလိုတာရှိရင် ငါ့ကိုပြောပါ။" ရှောင်ချောင်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"ငါက လုပ်စရာမရှိဘူးပဲ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံနေရင်း အိမ်စောင့်လို့ရတယ်။" ကြေးခွံဖြူ ဝံပုလွေနတ်ဘုရားက သဘောတူညီမှုဖြင့် ခေါင်းငြိမ့်လိုက်လေ၏။

အန်လင်း : "..."

သို့ဖြစ်၍ စိတ်ဝိညာဉ် သားရဲများက အိမ်တွင် အခြေကျလာတော့သည်။

နေ့ရက်များက အလျင်အမြန်ကုန်ဆုံးသွားသော်လည်း အလွန်အလုပ်ရှုပ်လှပေ၏။

ဥတုလေးယောက်မှာတော့ အစပိုင်းတွင် စိတ်ဝိညာဉ်သားရဲများကို အနည်းငယ် ကြောက်သော်လည်း တဖြည်းဖြည်းနှင့် သူတို့၏ ချစ်စဖွယ် အမူအရာများကို တွေ့သွားပြီးနောက် နွေးထွေးလာကြလေ၏။

ဥပမာအနေဖြင့် ရှောင်ဟုန်က အမြဲတမ်း မရင်းနှီးသော သီချင်းများကို အသံချိုချိုနှင့်ဆိုနေတတ်ကာ၊ တပိုင်က ချစ်စရာကောင်းလှပြီး၊ ရှောင်ချောင်ကမူ ချစ်ဖို့ကောင်းလှစွာ ရုပ်ဆိုးနေကာ လန်လေးက အမြဲတမ်း လကို အူသံပြုတတ်ပေ၏...။

ထို့အပြင် ရှောင်ဟုန်က အနီရောင် မီးတောက်ဝတ်ရုံနှင့် ထူးခြားလှပသော အမျိုးသမီးတစ်ဦးအဖြစ်ပြောင်းနိုင်ပြီး၊ တပိုင်က ခွေးအသေးစားလေးသို့ ပြောင်းနိုင်ကာ၊ ရှောင်ဟုန်သည်လည်း သေးငယ်သော်လည်း ချစ်စရာရုပ်ဆိုးလေးအဖြစ် ပြောင်းနိုင်ပြီး၊ လန်လေးကမူ ဝံပုလွေတစ်ကောင်လို လေးဘက်ထောက် သို့မဟုတ် လူတစ်ယောက်ကဲ့သို့ နောက်ခြေထောက်များဖြင့် လမ်းလျှောက်နိုင်လေ၏...။

အိမ်အကူလေးယောက်သည် သူတို့၏မျက်စိရှေ့တွင် တံခါးအသစ်တစ်ခုပွင့်သွားသလို ခံစားလိုက်ရပြီး ကြီးကျယ်ခမ်းနားသော ကျင့်ကြံရေးကမ္ဘာကို ပထမဆုံးအကြိမ်အဖြစ် တစ်စေ့တစ်စောင်း မြင်နိုင်ခဲ့ပေ၏။

တပိုင်သည် အန်လင်းနှင့် စုရှောင်လန်တို့အား အဖော်ပြုက လန်လင်း ဆေးခန်းသို့ နေ့တိုင်း လိုက်သွားပြီး အနားယူရန် တံခါးဝတွင် ခြေပစ်လက်ပစ်အိပ်နေတတ်၏။ ဤချစ်စရာကောင်းပြီး ခံ့ညားတဲ့ အဖြူရောင်ခွေးလေးက မကြာခင်မှာပင် ဆေးခန်းအတွက် ဆောင်ပုဒ်ဖြစ်လာခဲ့ပြီး ဆေးခန်းကိုဖောက်သည်များစွာကို ဆွဲဆောင်ခဲ့ပေ၏။

အန်လင်း၏ ဆေးဖော်စပ်ခြင်းစွမ်းရည်များကလည်း အလွန်လျင်မြန်စွာ တိုးတက်နေပြီး သူက မကြာမီပင် မီးတောက်သခင် အထွတ်အထိတ်အဆင့်ကို ရောက်လာခဲ့၏။

ထိုအချိန်၌ စနစ်က အထူးမစ်ရှင်တစ်ခုကို ပေးအပ်ကာ ထပ်မံမွှေနောက်ရန် ကြိုးစားလာလေ၏။ ဤမစ်ရှင်မှာ မီးတောက်သခင်အဆင့်ကို ကျော်ဖြတ်ကာ ဆန္ဒဖြည့်တင်းအဆင့်သို့တက်ရန်အတွက် စုရှောင်လန်၏ ရှေ့တွင် တပိုင်ကို နမ်းခြင်းဖြစ်လေ။။

အန်လင်းက အခြေအနေကိုမြင်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်လေ၏။ ငါနဲ့ စုရှောင်လန်ကြားက ဆက်ဆံရေးကို အဖုအထစ်ဖြစ်သွားအောင်လုပ်ဖို့ ကြိုးစားနေတယ်ပေါ့။

အိပ်မက်ဆက်မက်နေလိုက်။

သူက ထိုးဖောက်ခြင်းအတွက် ဇနီးကို အဆုံးရှုံးခံမည့်သူလား။ ထို့အပြင် မည်သို့ဆိုဆို သူက ကိုယ်ပိုင်အစွမ်းအစဖြင့် ဆန္ဒဖြည့်တင်းအဆင့်သို့ တက်ရောက်နိုင်ပေ၏။

ထို့အပြင် မစ်ရှင်ကျဆုံးခြင်းအတွက် မည်သည့်ပြစ်ဒဏ်မှ မရှိ၍ ထိုသည်က သူငြင်းပယ်၍ရသော မစ်ရှင်ဖြစ်လေ၏။ ထို့ကြောင့် သူက ချက်ချင်ပင် လျစ်လျူရှုလိုက်ပေ၏။

ဘဝက အတော်လေး သာမန်ကျသော်လည်း ပျော်စရာများ ရှိနေပါသေး၏။

ဥပမာအနေဖြင့် လူတိုင်းက အနောက်ဘက်ရှိ သဲကန္တာရသို့သွားကာ သန္ဓေပြောင်းရဲများကို အမဲလိုက်နိုင်လေ၏။

သို့မဟုတ် အန်လင်းက စုရှောင်လန်နှင့်အတူ အုတ်ခဲနက်ပေါ်တွင်ထိုင်ကာ ရှုခင်းများကြည့်ရန် ခရီးလှည့်ပတ်သွားနိုင်ပေ၏။

သူတို့အားလုံးက ညတိုင်း မာကျောက်အတူတူကစားကာ အရှုံးဆုံးတစ်ယောက်က အကြော်ဒယ်အိုးနှင့် ချက်ထားသော အရသာရှိသည့် အစားအစာကိုစားရန် တာမြစ်ခြင်းခံရပေမည်။

သို့မဟုတ်ပါက ဥပမာအနေဖြင့် လူတိုင်းက အတူထိုင်ပြီး ထိုညအတွက် အကြော်ဒယ်အိုးသုံးကာ မည်သည့်ဟင်းကိုချက်မည်ကို ဆွေးနွေးကြလေ၏။

ထို့အပြင် အကြေးခွံဖြူဝံပုလွေက အကြော်ဒယ်အိုး၏ စွမ်းအားဖြင့် လုံးဝ ယဉ်ပါးသွားလေပြီ။ သူက ရှေးဟောင်းဝံပုလွေရိုင်းတစ်ကောင်ဖြစ်သော်လည်း တပိုင်ထက်ပင် နာခံတတ်သည်အထိ ယဉ်ပါးသွားလေပြီ။

သို့သော် ဤငြိမ်းချမ်းလှသော လူနေမှုအလည်တွင် အန်လင်းက သတင်းတချို့ကို စောင့်မျှော်နေသေးပေ၏။

သူစောင့်မျှော်နေသော သတင်းကို ယီရှီက ရက်ပိုင်းအတွင်း ပေးပို့လာသည်မှာ အံ့ဩဖွယ်ပင် ဖြစ်လေ၏။

--------------------

All Chapters