← Chapters

တာအိုနှင့် သူတော်​ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင် ရောက်ရှိလာခြင်း

Vol. 33 Ch. 456

တာအိုနှင့် သူတော်​ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင် ရောက်ရှိလာခြင်း

Vol. 33 Ch. 456

အပိုင်း (၄၅၆) : တာအိုနှင့် သူတော်​ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင် ရောက်ရှိလာခြင်း

ဤသည်က လေထန်သော ဆောင်ဦးည ဖြစ်ပြီး လူတိုင်းက အလုပ်ပင်ပန်းသည့်တစ်နေ့တာအပြီး ဧည့်ခန်းတွင် စုစည်းနေကြ၏။

ယခုကဲ့သို့ အေးစက်၊ လေထူသော ညများက အိမ်ထဲတွင်နေကာ မာကျောက်ကစားရန်အတွက် အသင့်တော်ဆုံးပေ။

ရှောင်ဟုန်က အိမ်ခန်းပိုင်ရှင် online ဂိမ်း၏  သံစဉ်တစ်ခု ညည်းနေသည်ဖြစ်ကာ ကိုယ်ပိုင်နောက်ခံအသံ ရှိနေလေ၏။

အန်လင်း၊ စုရှောင်လန်၊ တပိုင်နှင့် ရှောင်ချောင်တို့မှာ မာကျောက်စားပွဲပေါ်တွင် တိုက်ပွဲပြင်းထန်နေကြပြီး ဥတုလေးယောက်သည်တော့ ပျော်ရွှင်စွာ ကြည့်ရှုနေကြလေ၏။ သူတို့မှာ ယခုကစားနေကြသော ဤဂိမ်းအသစ်တွင် အလွန်စိတ်ဝင်စားနေသည်မှာ သိသာလှပေ၏။

အန်လင်းမှာ မျှခြေကို ထိန်းထားရန်အတွက် အကောင်းဆုံး ကြိုးစားနေလေ၏။ သူက စုရှောင်လန်ကို ကျင့်ကြံခြင်းအခြေခံမရှိသော မော်တယ်တစ်ဦးအဖြစ် ပျော်ရွှင်စေချင်၏။ သို့သော် တစ်ချိန်တည်းမှာပင် သူက သူမ၏ တာအိုအခြေခံကို ပြန်လည်ပြုပြင်ရန်အတွက် နည်းလမ်းတစ်ခု ရှာနေဆဲပင်ဖြစ်သည်။

သူက သူပြန်လာသောအခါမှ သူမသေဆုံးသွားပြီဆိုသည်ကို သိရရန်အတွက် တာအိုအခြေခံပြုပြင်ခြင်းကို နည်းလမ်းရှာရန် စုရှောင်လန်အား တစ်ယောက်တည်းထားမသွားချင်ပါပေ။ သူက မည်သည်ကိုမှ ပြုလုပ်ရန်အားအင်မရှိပဲ စုရှောင်လန်ကို သူမျက်စိရှေ့တွင် မော်တယ်တစ်ဦးအဖြစ် သေဆုံးခွင့်ပြုရန် ပို၍ပင် မဖြစ်နိုင်ပါပေ။

ဤသည်က အလွန်ရှုပ်ထွေးသော စိတ်အခြေအနေပင်ဖြစ်ပြီး နှစ်ခုစလုံးအတွက် အကောင်းဆုံးဖြစ်ရန် ခက်ခဲလှပေ၏။ မည်သို့ဆိုဆို အန်လင်းက အကောင်းဆုံး ပြုလုပ်နေပေ၏။

သို့သော် သူစောင့်မျှော်နေသော ထိုးဖောက်မှုက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုစော၍ ရောက်ရှိလာခဲ့၏။

လူတိုင်းက မာကျောက်အတူ ကစားနေစဉ်တွင် အန်လင်း၏ အသံကူးပြောင်းခြင်း အစီအရင်က ရုတ်တရက် လင်းလက်လာပေ၏။

သူက တည်ရှိမှုကို အာရုံခံလိုက်သောခါ ယီရှီက သူ့အား ဆက်သွယ်လာသည်ကို တွေ့လိုက်ရ၏။

သူက အသံကူးပြောင်းခြင်း အစီအရင်ကို ဖြေလိုက်ပြီး သူ့၏ အသံက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေလေ၏။ "ဟေး၊ သခင်လေး ယီရှီ... အခြေအနေ ဘယ်လိုလဲ။"

"ဟားဟား... အသံကူးပြောင်းရေးသာ ဖြတ်မသွားနဲ့။ ငါ့ရဲ့ သခင်က မင်းရဲ့ တည်နေရာကို ခြေရာကောက်ပြီးတော့ မင်းဆီကိုလာနေပြီ။ သူအဲ့ကိုရောက်ရင် မင်းကို အသေးစိတ်အတိအကျ ပြောပြလိမ့်မယ်။"

ယီရှီ၏ အသံက စိတ်သက်သာမှုနှင့် အောင်မြင်ခြင်းတို့၏ အရိပ်အယောင်များဖြင့် ပြည့်နေလေ၏။

အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေကာ သူ့ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်လေ၏။ "ကျေးဇူးတင်ပါတယ် အကြီးအကဲ ယီရှီ...။ ကျေးဇူးတင်ပါတယ် တာအိုနဲ့ သူတော်ကောင်းတရားတို့ရဲ့ ကောင်းကင်ဘံု အရှင်သခင်။ ကျေးဇူး အများကြီးတင်ပါတယ်..."

သူက ယီရှီ၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို ကောင်းစွာဖတ်တတ်လေ၏။ မျှော်လင့်ချက်လုံးဝ မရှိပါက အရှင်လောင်ဇီက ဒီနေရာသို့လာရောက်ကာ အချိန်ဖြုန်းမည် မဟုတ်ပါချေ။

အရှင်လောင်ဇီက လာရောက်ရန် ဆန္ဒရှိနေခြင်းက မျှော်လင့်ချက်ရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။

အန်လင်းက သူ့၏ အသံကူးပြောင်းခြင်း အစီအရင်ကို အသံတိုးမထားပါချေ။ သို့ဖြစ်၍ သူ့၏ စိတ်ဝိညာဉ်သားရဲများအားလုံးနှင့် စုရှောင်လန်က စကားဝိုင်းကို ကြားနိုင်လေ၏။

စိတ်ဝိညာဉ်သားရဲများ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု မျှော်လင့်စောင့်စားမှုတို့ဖြင့် အရောင်တောက်လာလေ၏။

စုရှောင်လန်က သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို တင်းတင်းဆုပ်ထားကာ သူမ၏နှလုံးသားက တဒုတ်ဒုတ်ခုန်နေပြီး မျက်ရည်မကျအောင် ထိန်းထားရ၏။

တစ်စုံတစ်ယောက်က အရာတစ်ခုကို ဆုံးရှုံးပြီးမှသာ ထိုအရာ၏ အရေးကြီးမှုကို သိရှိနိုင်လေ၏။

စုရှောင်လန်က သူမ၏ ကျင့်ကြံခြင်း လမ်းကြောင်းကို အန်လင်းကြောင့် စတေးလိုက်ရသည်ကို လုံးဝ နောင်တမရပါပေ။ သို့သော် ထိုသည်က ကျင့်ကြံ​ခြင်း လမ်းကြောင်းကို တန်ဖိုးမထားပါ သို့မဟုတ် ဂရုမစိုက်ပါဟု မဆိုလိုပါပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမက အလွန်ပင် ဂုဏ်ယူနေသော အမျိုးသမီးတစ်ဦးဖြစ်၏။ လေထဲတွင် ပျံသန်းနေသောဇာမဏီငှက်တစ်ကောင် ကဲ့သို့ပင် သူမက တခြားသူများထက် မြင့်မြင့်ပျံသန်းချင်ပြီး ထိုကျင့်ကြံခြင်း၏ လမ်းအဆုံးတွင် မည်သည်ကိုတွေ့ရမည်ကို မည်သူထက်မဆို ပို၍ အလိုရှိလေ၏။

အန်လင်းက စုရှောင်လန်၏ လက်သီးဆုပ်ကလေးကို ကိုင်လိုက်ကာ သူမကို တည်ငြိမ်သော အပြုံးတစ်ခုပေးလိုက်ပြီး စိတ်အေးစေလိုက်၏။

သို့သော် ထိုတည်ငြိမ်လှသော အပြုံး၏ နောက်ကွယ်တွင် အန်လင်းက မယုံကြည်နိုင်အောင် စိတ်လှုပ်ရှားနေလေ၏။ သူက သူ့ခေါင်းမှာ အစိတ်စိတ်ကွဲသွားသည်ဟုပင် ခံစားလိုက်ရ၏။

သူက ဘာလုပ်သင့်သလဲ၊ ဘာပြောသင့် သလဲနှင့် သခင်လောင်ဇီရောက်လာပါက တစ်ခုခုပေးသင့်သလားဆိုသည်ကို တွေးတောလိုက်၏...။

"အို... မင်းတို့က မာကျောက် ကစားနေတာလား။ ငါလဲ အဲ့ဂိမ်းမှာ အတော်လေး တော်တယ်။" အသက်ကြီးရင့်နေသော်လည်း အလွန် နှစ်သိမ့်မှုပေးနိုင်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။

လူတိုင်းမသိလိုက်ခင်မှာပင် အဖြူရောင် ဆံပင်ရှည်များနှင့် အဘိုးကြီးတစ်ဦးက သူတို့၏ စားပွဲဘေးတွင် ပေါ်လေ၏။ ယခုတွင်၊ သူက မာကျောက်ကစားပွဲသို့ အပြုံးတစ်ခုနှင့် ကြည့်နေလေ၏။ "ကောင်မစုတ်လေး နူဟွာက၊ တစ်ခါတုန်းက သူမရဲ့ ကမ္ဘာငယ်လေးထဲမှာ မာကျောက်က ဘယ်လိုမျိုး ကြီးကျယ်တဲ့ ဂိမ်းမျိုးလဲဆိုတာ ကြွားပြောဖူးတယ်။ သူပြောတာတော့ အဲဒါက အတော်လေး ပျော်စရာကောင်းတဲ့ ကစားနည်းဆိုပဲ။ သူမက အဲဒါကို ငါနဲ့ တာအို သုံးပွင့်ဆိုင်အဖွဲ့က အဖွဲ့ဝင်တွေကို ဆော့ဖို့အတွက် တိုက်တွန်းခဲ့တာ။ ဟမ့်... ငါက သူ့ကိုလှောင်ပြောင်လိုက်မိတာနဲ့ သူမက မာကျောက်အကြောင်း ဘယ်တော့မှ ထပ်မပြောတော့ဘူး။"

အဘိုးအိုက သူ့၏ အတိတ်က အနိုင်ရသူများအကြောင်း ပြောဆိုရင်း ရွှင်လန်းနေသော ကလေးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်လေ၏။ သို့သော်လည်း သူပတ်လည်မှ လူတိုင်းက အံ့အားသင့်နေသည့် အခြေအနေတွင်သာ ရှိနေပေ၏။

အန်လင်းက ချက်ချင်းပင် အဘိုးအိုကို အရိုအသေပေးလိုက်၏။ "ဂျူနီယာ အန်လင်း၊ ကောင်းကင်ဘုံ တာအိုနဲ့ သူတော်ကောင်းတရားတို့ရဲ့ အရှင်သခင်ကို အလေးပြုပါတယ်။"

စုရှောင်လန်သည်လည်း သူမ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် အရိုအသေပေးလိုက်၏။ "ဂျူနီယာ စုရှောင်လန်၊ တာအိုနဲ့ သူတော်ကောင်းတရားတို့ရဲ့ ကောင်းကင်ဘံု အရှင်သခင်ကို အလေးပြုပါတယ်။"

စိတ်ဝိညာဉ် သားရဲများအားလုံးသည်လည်း တစ်ထပ်တည်းလိုက်ပြောကြ၏။

ဥတုလေးယောက်မှာမူ လုံးဝပင် ကျောက်ရုပ်ဖြစ်သွားလေသည်။

တာအိုနဲ့ သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘံု အရှင်သခင်...။ သခင် လောင်ဇီ...။ ကိုးပြည်ထောင်စု နိုင်ငံတော် မဂ္ဂဇင်တွင် ပါဝင်သော ဒဏ္ဍာရီလာ တာအို တည်ထောင်သူ...။

ဘုရားရေ။ သူက အင်မော်တယ်များကြားမှ ကျော်ကြားသော အင်မော်တယ်ပင်။

သူတို့အတွက်မူ ကောင်းကင်ဘုံ တာအိုနှင့် သူတော်ကောင်းတရားတို့၏ အရှင်သခင်က နတ်ဘုရားတစ်ပါးပင်။

ယခုတွင်မူ သူတို့၏ နတ်ဘုရားက သူတို့ရှေ့တွင် မတ်တပ်ရပ်နေလေ၏...။

အစေခံလေးဦးမှာ လုံးဝပင် ပြောစရာစကားပျောက်ရှနေကာ ကြောင်အနေကြလေ၏။ သူတို့က အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရ၏။

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘံု အရှင်သခင်က အန်လင်းနှင့် စုရှောင်လန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး နွေးထွေးသော အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် တဖြည်းဖြည်း ပေါ်လာလေ၏။ "အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး။ မင်းတို့ရဲ့အကြောင်းကို ငါက ယီရှီဆီကနေ ကြားခဲ့ပြီးပြီ။ ကျန်တာကိုတော့ ငါ့ကိုယ်ငါပဲ တွေးကြည့်လို့ရတယ်။ မင်းတို့နှစ်ယောက်လုံးက ချစ်ရဲ မုန်းရဲပြီးတော့ ခံစားချက်တွေအပေါ် စစ်မှန်ရဲတဲ့သူတွေပဲ။ ဘာပဲ ဖြစ်ဖြစ် ငါလဲ လုပ်စရာမရှိဘူးဆိုတော့ ငါကူညီနိုင်လားဆိုတာ လာပြီး ကြည့်ကြည့်တာ။"

သူက စကားပြောနေရင်း အဖြူရောင် အလင်းချောင်းတစ်ခုကို သူ့၏ လက်ချောင်းထိပ်မှ ထုတ်လွတ်လိုက်၏။ ထိုအဖြူချောင်းမှာ စုရှောင်လန်၏ နဖူးကြားသို့ ဝင်ရောက်သွားလေ၏။

အန်လင်းက တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်ကို မျှော်လင့်တကြီး စိုက်ကြည့်ရင်း သူ့နှလုံးက ရင်ဘတ်ထဲတွင် တဒိတ်ဒိတ်ခုန်လာပေတော့၏။

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်မှာ အနီရောင် ပါးပြင်များနှင့် အဘိုးအိုကြီးတစ်ဦးဖြစ်ကာ သူက သာမန်၊ ကျန်းမာသော အဘိုအိုတစ်ဦးသို့ပင် ပုံပေါက်လေ၏။ သို့သော် သူက အလွန်နူးညံ့သော စိတ်နေစိတ်ထားပိုင်ဆိုင်ထားကာ ကြည့်ရှုသူများအတွက် ကမ္ဘာခြားနေပုံရလေ၏။ တစ်ချိန်တည်းမှာပင် သူက လူအများကို တည်ငြိမ်ပြီး သောကကင်းသော ခံစားချက်ရစေ၏။

"ဟင်းးး... သွေးမျိုးဆက် လွှဲပြောင်းပေးခြင်းက ပြည့်ပြည့်စုံစုံကို လုပ်ဆောင်ပြီးပြီပဲ။" တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်ကင်ဘုံအရှင်သခင်က မှတ်ချက်ပြု၏။ "တာအိုအခြေခံ ပြိုပျက်ခြင်းက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ သွေးကြောတွေ၊ သက်ရှိစွမ်းအင် ပင်လယ်၊ သတိတရားနဲ့ တခြား လုပ်ဆောင်ချက်တွေက အကောင်းအတိုင်း ရှိနေသေးတယ်။ အဲ့တော့... အခွင့်အရေးတစ်ခုတော့ ရှိတယ်။"

ဝှီးး...

အန်လင်းက သူ့ဦးခေါင်းဆီသို့ သွေးဆောင့်တက်လာကာ နားများ အူလာသည်ဟု ခံစားလိုက်ရ၏။ "အခွင့်အရေးတစ်ခုတော့ ရှိတယ်" ဆိုသည့် စကားလုံးများက သူ့နားထဲတွင် ကောင်းကင်ဘုံ တေးဂီတကဲ့သို့ပင်။

စုရှောင်လန်၏ ခန္ဓာကိုယ်သည် သူ့၏စကားလုံးများ ကြားပြီးနောက် တုန်ယင်လာပြီး စိတ်ကူးယဉ်နေသကဲ့သို့ ကြောင်ငေးကာ စိုက်ကြည့်နေလေ၏။

"အိုး...။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးမျိုးဆက် နောက်တစ်ခုရှိတာလား။ စစ်မှန်နဂါးသွေးမျိုးဆက်လား။ အဲဒါကလည်းပဲ အလွန်ကို သန့်စင်တဲ့ သွေးမျိုးဆက်ပဲ။ ကောင်းတယ်...။ အောင်မြင်နိုင်ခြေက တစ်ရာနီးပါးကို တိုးလာပြီ။ ငါတို့က လမ်းညွှန်ကိုယ်စားလှယ်အနေနဲ့ တခြားသွေးမျိုးဆက်ကို သုံးလို့ရတယ်...။ သန့်စင်မှုမြင့်မားတဲ့ ဇာမဏီသွေးမျိုးဆက်ကတော့ အကောင်းဆုံးပဲ။ အဲဒါဆို ငါတို့က သွေးမျိုးဆက်နှစ်ခု ရောနှောခြင်းကို နဂါးသွေးမျိုးဆက်ထဲမှာ တာအို စိတ်ဆန္ဒကို ထုတ်ဖို့အတွက် ဓာတ်ကူပစ္စည်းအနေနဲ့ သုံးလို့ရတယ်။ အဲဒါက ငါတို့ကို တာအို အခြေခံ ပြန်ရဖို့ ခွင့်ပြုပေးလိမ့်မယ်။" တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်က ခပ်ဖြည်းဖြည်း ​ပြောလိုက်၏။

သူ့၏ စကားလုံးများက အန်လင်းနှင့် စုရှောင်လန်တို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မီးတောက်များ ပြန်လည်ရှင်သန်လာ၏။

"စီနီယာ၊ အဲ့ဒီ့ သွေးမျိုးဆက်နှစ်ခုကို ဘယ်လိုပေါင်းစည်းလို့ရမလဲဟင်။" အန်လင်းက မနေနိုင်ပဲ မေးမြန်းလိုက်၏။

"ကောင်းပြီ။ အောင်မြင်နိုင်ခြေအများဆုံး နည်းလမ်းကတော့ သေချာပေါက် မင်းရဲ့သွေးမျိုးဆက်ကို စုရှောင်လန်ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ထည့်ပေးဖို့ပေါ့...။ တခြားတစ်နည်းပြောရရင် သူမရဲ့ သွေးမျိုးဆက်ကို ပြန်ပေးလိုက်...။ အဲ့လိုလုပ်ရင် ၈၀ရာခိုင်နှုန်းအောင်မြင်မယ်လို့ငါပြောရဲတယ်။" တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်က အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။

စုရှောင်လန်နှင့် စိတ်ဝိညာဉ်သားရဲများက သူ့၏ စကားလုံးများတွင် တုံ့ဆိုင်းသွားလေ၏။

အန်လင်းက တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်ကို အေးအေးဆေးဆေးပင် ကြည့်လိုက်၏။ "ပြဿနာမရှိပါဘူး။ ငါလုပ်မယ်။"

"မလုပ်ရပါဘူး။ အဲ့လိုလုပ်ရင် နင့်ရဲ့ တာအိုအခြေခံက ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ နင်က မော်တယ်ဖြစ်သွားမှာပေါ့။ ငါအဲဒါကို မမြင်ချင်ဘူး။" စုရှောင်လန်က ခိုင်မာသော အမူအရာဖြင့် ပြန်ပြောလိုက်၏။

"နင်က ငါ့ကို ဘဝအတွက် ဒုတိယ အခွင့်အရေးပေးခဲ့တာ။ ငါ့ခန္ဓာကိုယ်ထဲက မြူနှင်း အဆိပ်က ပျက်ပြယ်သွားပြီလေ။ အဲ့တော့ နင့်ရဲ့ စွမ်းအားတွေကို ငါက ဘာလို့ ထပ်သိမ်းထားရအုံးမှာလဲ။"အန်လင်းက ပထမဆုံးအကြိမ် စု​ရှောင်လန်၏ ဆန္ဒနှင့် ဆန့်ကျင်ကာ အငြင်းပွားလေတော့သည်။

"ငါမရဘူးဆို မရဘူးပဲ။" စုရှောင်လန်က နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်လေ၏။

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံအရှင်သခင်က သူတို့နှစ်ဦး၏ ရန်ပွဲကို ကြားဝင်လိုက်လေ၏။ "အလျင်မလိုကြစမ်းနဲ့။ အခုမှ ငါက ဖြစ်နိုင်ခြေတစ်ခုပဲ ပြောရသေးတာ...။ ဘာပဲဖြစ်ဖြစ် တခြားနည်းလမ်းတွေ အများကြီး ရှိသေးတယ်။"

သူအံ့ဩသွားရသည်မှာတော့ အန်လင်းက ခိုင်မာစွာ ခေါင်းခါလိုက်လေ၏။ "တခြားနည်းလမ်းတွေ ပြောပြစရာမလိုတော့ဘူး။ ဒီနည်းလမ်းက အောင်မြင်နိုင်ခြေအများဆုံးဆိုရင် ဒီဟာပဲ လုပ်မယ်။ ဒီမှာ ငါချလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရချင်ဘူး။ ပြီးတော့ ရှောင်လန်ကို ထပ်ပြီး စွန့်စားဖို့ တွန်းအားမပေးနဲ့တော့။"

စုရှောင်လန်က ရုတ်တရက် ကြားဖြတ်ပြောလိုက်လေ၏။ "စီနီယာ သူအဓိပ္ပာယ်မရှိ ပြောနေတာတွေကို နားမထောင်နဲ့။ တခြားနည်းလမ်းတွေ ပြောပြပေးပါ။"

"အဲ့လိုလုပ်ဖို့ မလိုတော့ဘူး စီနီယာ။ စီနီယာပြောတဲ့အတိုင်းလုပ်ဖို့ ကျွန်တော် ပြင်ဆင်ထားပြီးပြီ။"

"စီနီယာ၊ သူ့ကို လျစ်လျူရှုထားလိုက်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပါ။"

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင် : "..."

----------------------

All Chapters