← Chapters

ပြန်လည်ကြိုဆိုပါတယ် စုရှောင်လန်

Vol. 33 Ch. 457

ပြန်လည်ကြိုဆိုပါတယ် စုရှောင်လန်

Vol. 33 Ch. 457

အပိုင်း (၄၅၇) : ပြန်လည်ကြိုဆိုပါတယ် စုရှောင်လန်

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံအရှင်သခင်က အန်လင်းနှင့် စုရှောင်လန်တို့က အသေးအဖွဲကိစ္စလေးကို အပြန်အလှန် ငြင်းခုန်နေကြသည်ကိုကြည့်ရင်း ဒေါသထွက်လာလေ၏။ အဆုံးတွင် သူက သူတို့နှစ်ဦးစလုံးကို ပါးစပ်ပိတ်စေရန်အတွက် အသံတိတ်မန္တန်တစ်ခုကိုသာ အသုံးပြုလိုက်နိုင်ပေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က သူတို့ အသံတိတ်ခံလိုက်ရသည့်အခါမှသာ သူတို့၏ စိတ်ခံစားချက်များကို မထိန်းချုပ်လိုက်နိုင်သည်ကို သဘောပေါက်သွားလေ၏။ သူတို့နှစ်ဦးလုံးက ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြလေ၏။

ကျေနပ်သော အပြုံးတစ်ခုက တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံအရှင်သခင်၏ မျက်နှာထက်တွင် ပေါ်လာပြီး "နင်တို့ကြားချင်ချင် မကြားချင်ချင် တခြားနည်းလမ်းတွေ ပြောပြမယ်။ ဒုတိယနည်းလမ်းက လိုလိုလားလားနဲ့ စုရှောင်လန်ကို သွေးမျိုးဆက် ကူးပြောင်းပေးချင်တဲ့ ဇာမဏီသွေမျိုးဆက်နဲ့ ကျင့်ကြံသူနောက်တစ်ယောက်ကို ရှာရမယ်။ သွေးမျိုးစက်က ပိုပြီး အစွမ်းထက်ပြီး သန့်စင်လေလေ၊ အောင်မြင်နိုင်ခြေများလေလေပဲ။ ဇာမဏီသွေးမျိုးဆက်က ဘယ်လိုပဲ အစွမ်းထက်နေပါစေ သေချာပေါက်ကို အန်လင်းက စုရှောင်လန်ကို တိုက်ရိုက် သွေးမျိုးဆက် ကူးပြောင်းပေးတာထက်တော့ နိမ့်ကျနေအုံးမှာပဲ။"

"တတိယ နည်းလမ်းကတော့ ရှေးဟောင်း အံ့ဖွယ်သားရဲ၊ ဇာမဏီငှက်ကို သွားရှာပြီးတော့ သူ့ရဲ့ သွေးအဆီအနှစ်ကို ယူဖို့ပဲ။ ဇာမဏီငှက်ရဲ့ အဆီအနှစ်ကိုသုံးရင်တော့ အောင်မြင်နိုင်ခြေ ၅၀ရာခိုင်နှုန်းလောက်လို့ ငါခန့်မှန်းမိတယ်။ ဒါပေမဲ့၊ ဇာမဏီငှက်တွေက ကမ္ဘာတွေအကုန်လုံးနဲ့ နယ်မြေတွေအားလုံးမှာပါ အရမ်းရှားတာ။ အဲ့တော့ သူတို့ကိုရှာဖို့က ပြောမပြနိုင်အောင်ကို ခက်ခဲတာ။ အဲ့အပြင် ဇာမဏီငှက်တစ်ကောင်ရဲ့ စစ်မှန်သွေးအဆီအနှစ်က သာမန်သွေးပဲမဟုတ်ဘူး။ သူ့ရဲ့ အခြေခံစွမ်းအင် တစ်ခုခုပါဝင်တဲ့ တစ်ခုခုပဲ။ အဲ့တော့ ဒီနည်းလမ်းကတော့ အောင်မြင်ဖို့တော်တော်ကြီးကို ခက်တယ်။"

"ဟုတ်ပြီ။ အဲဒါက နည်းလမ်း ၃ခုပဲ။ မင်းတို့ ဘယ်လိုထင်ကြလဲ။"

တာအိုနှင့် သူတော်ကောင်းတရားတို့၏ ကောင်းကင်ဘုံ အရှင်သခင်က စကားပြောတာ ရပ်သွားသည်နှင့် မကြာခင်မှာပင် အသံတိတ်မန္တန်က ပယ်ပျက်သွားလေတော့၏။

စုရှောင်လန်က တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းပင် သူမ၏ အတွေးကို ပြောပြလာ၏။ "တတိယနည်းနဲ့ သွားကြမယ်။ ငါစောင့်နိုင်ပါတယ်။"

သူမအံ့ဩသွားသည်က အန်လင်းက ငြင်းဆိုချက်တစ်ခု မပြုလုပ်လာပါချေ။ ထိုအစား သူက သူမ၏ ရင်ဘတ်ကို စိုက်ကြည့်နေလေ၏။

စုရှောင်လန်က အန်လင်း၏ အကြည့်စူးစူးကို ခံစားမိ၍ အနည်းငယ် ရှက်သွေးဖြာလာလေ၏။ "နင်ဘာတွေ လာကြည့်နေတာလဲ။"

အန်လင်းက သူမ၏ မေးခွန်းကို ပြန်မဖြေပါချေ။ ထိုအစား သူက သူ့လက်ကို သူမ၏ ငန်းကဲ့သို့ လည်တိုင်လေးဆီသို့ ဆန့်ထုတ်လိုက်ကာ သူမ၏ လည်ဆွဲဖြူဖြူလေးကို ညင်သာစွာ ဆွဲယူလိုက်လေ၏။

ကြက်သွေးရောင် သွေးမျက်ရည်စက်ကလေးက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာလေ၏။

စုရှောင်လန်၏ နှင်းဖြူဖြူ အသားအရေကို နောက်ခံထားကာ ကြက်သွေးရောင် သွေးစက်ကလေးက အလွန်အမင်း အသက်ဝင်နေသည်မှာ ကမ္ဘာပေါ်မှ သွေးစက်များအားလုံး ဤမျက်ရည်စက်လေးတစ်ခုထဲတွင် စုစည်းနေကြသကဲ့သို့ပင်။

"တာအိုနဲ့ သူတော်ကောင်းတရားတို့ရဲ့ ကောင်းကင်ဘုံ အရှင်သခင် ဒါကို သုံးလို့ရမလား။" အန်လင်းက မေးလိုက်၏။

ကောင်းကင်ဘုံ သခင်က သွေးမျက်ရည်စက်လေးကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းသွား၏။

အလွန်အမင်း အဆင့်မြင့်သည့် ပစ္စည်းများမှာ တစ်ခါတစ်ရံတွင် ခြေရာခံရန်အတွက် ခက်ခဲလှပေ၏။

သူတို့က သဘာဝတရားထဲသို့ စီးဝင်နိုင်ကာ ကောင်းကင်ဘုံနှင့် မြေကြီးရှိသော တစ်စုံတစ်ခု ဖြစ်လာပေ၏။ သို့ဖြစ်၍ အာရုံခံမှုမှ လွတ်မြောက်သွားတတ်ကြ၏။

သို့သော် ကောင်းကင်ဘုံသခင်က သွေးမျက်ရည်စက်ကို တွေ့လိုက်ရသောအခါတွင် အကြည့်မလွှဲနိုင်ပါချေ။

"အဲဒါက... သန့်စင် သားရဲတစ်ကောင်ရဲ့ သွေးအစစ်ပဲ။ ပြီးတော့ အဲဒါရဲ့ အော်ရာကနေပြီးတော့ အဲဒါကဗာမီလီယမ်ငှက်ဆီက သွေးစက်အစစ်ဆိုတာ ငါပြောနိုင်တယ်။" ကောင်ကင်ဘုံ အရှင်သခင်၏ တည်ငြိမ်လှသော အမူအရာက အံ့ဩတကြီး အမူအရာဖြင့် လုံးဝ အစားထိုးခံလိုက်ရ၏။

အန်လင်းက သူမှန်းဆသည်က မှန်သွားသည်ကို သိသွား၏။ ဤသည်က ဇာမဏီနက်က ဗာမီလီယမ်ငှက်ဆီမှ ခိုးယူလာသော စွမ်းအင် တစ်စိတ်တပိုင်း ဖြစ်လေ၏။

"ကောင်းကင်ဘုံ အရှင်သခင်၊ အဲဒါကို ကျွန်တော်တို့က ဇာမဏီငှက်ရဲ့ သွေးအဆီအနှစ် အစစ်အနေနဲ့ အစားထိုး သုံးလို့ရလား။" အန်လင်းက မေးလိုက်လေ၏။

"ရတာပေါ့။ ဘာလို့ မရရမှာလဲ။" ကောင်းကင်ဘုံ သခင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။ "ဗာမီလီယမ်ငှက်က အပျက်အစီးတွေကနေ မွေးဖွားလာတာ။ ပြီးတော့ သူက အတောင်ပံပါတဲ့ သတ္တဝါတွေအားလုံးအတွက် အစောဆုံး မျိုးဆက်ပဲလေ။ အဲ့အပြင် ကမ္ဘာတွေနဲ့ နယ်မြေတွေ အားလုံးထဲမှာ သူက အထူးသန့်စင်သားရဲ လေးကောင်ထဲက တစ်ကောင်လေ။ သွေးမျိုးဆက် ရှုထောင့်ကနေဆိုရင် အဲဒါက ဇာမဏီငှက်ရဲ့ ဘိုးဘေးပဲ။"

ဇာမဏီငှက်ရဲ့ ဘိုးဘေး...။

အန်လင်းက အနည်းငယ် ကြောင်သွားလေ၏။

သူက ဇာမဏီနှင့် ဗာမလီယမ်တို့က လုံးဝပင် မတူညီသော သတ္တဝါများဟု ထင်နေသည် ဖြစ်၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် သွေးမျိုးဆက်ချင်း ဆက်စပ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

သို့ဖြစ်ပါက ထိုသည်က... သူတို့မှာ တတိယ နည်းလမ်း၏ အခြေအနေကို ပြေလည်သွားပြီဟု ဆိုလိုသည်လား။

စုရှောင်လန်က အလွန်ပျော်ရွှင်ခြင်းတွင် နစ်မြုပ်ကာ မူးဝေလာသလိုပင် ခံစားလိုက်ရ၏။

သူမက အန်လင်း သူမအား ပေးခဲ့သော ထိုလည်ဆွဲလေးမှာ ဤမျှအထိ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုဖြစ်နေမည်ဟု မတွေးခဲ့ဖူးပါချေ။

ဤသည်က သန့်စင်သားရဲတစ်ကောင်၏ သေွးအစစ်ပင်ဖြစ်၏။ ထိုသည်က ကောင်းကင်ဘုံ အရှင်သခင်ကိုပင် အံ့ဩသွားစေနိုင်သော ထိပ်တန်းအဆင့် ရတာနာဖြစ်၏။

စုရှောင်လန်မှာ အန်လင်းက ဇာမဏီငှက်၏ သွေးအဆီအနှစ် အစစ်ကို ရှာဖွေရန် ကျဆုံးကာ သူမက အသက်ကြီးပြီး သေဆုံးသွားရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်လေ၏။

သို့သော် သူက သူမအား ပေးခဲ့သော လက်ဆောင်မှာ ကောင်ကင်ယံသို့ ထပ်မံတောက်ပသွားစေသော မျှော်လင့်ချက် အသစ်တစ်ခု ဖြစ်မည်ဟု မည်သူက ထင်ပါမည်နည်း။

သူတို့က စက်ဝိုင်းကြီးတစ်ခု အပေါ်တွင် ပတ်သွားနေကြပြီး အဆုံးတွင် ​အဖြေမှ သူတို့၏ မျက်စိရှေ့တွင် ရှိနေသည်ကို ရှာဖွေတွေ့ရှိသွားလေ၏။

ဤအရာများ အားလုံးမှာ ကံတရားက ကြိုတင် စီမံထားသည် ဖြစ်နိုင်၏...။

ကောင်းကင်ဘုံ သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေ၏။ "ငါက တကယ်ပဲ မင်တို့မှာ ဗာမီလီယမ်ငှက်ရဲ့ သွေးအဆီအနှစ် အစစ်လိုမျိုး တစ်ခုခု ရှိနေမယ်လို့ မထင်ထားဘူး။ အခုဆို အရာရာက ရှင်းလင်းသွားပြီ။ ဗာမီလီယမ်ငှက်ရဲ့ စစ်မှန်တဲ့ သွေးအဆီအနှစ်က ဇာမဏီငှက်ရဲ့ သဘာဝနဲ့ အရမ်းကို နီးစပ်တယ်။ ဒါပေမဲ့ အဲဒါက ပိုပြီးတော့ အဆင့်မြင့်တဲ့ သွေးမျိူးဆက် စွမ်းအားတောင် ပိုင်ထားပြီးတော့ စုရှောင်လန်ရဲ့ စစ်မှန်နဂါး သွေးမျိုးဆက်ထဲက တာအို စိတ်ဆန္ဒကို အသက်သွင်းဖို့အတွက် ပိုပြီးတော့ အကျိုးရှိနိုင်တယ်။ သူမက တာအို အခြေခံ ပြန်တည်ဆောက်နိုင်ရုံမကဘူး။ သူမရဲ့ သွေးမျိုးဆက်က အရင်တုန်းကထက်ကို ပိုပြီး အစွမ်းထက်လာမှာ။"

အန်လင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်လေ၏။ "အဲဒါဆို... အောင်မြင်နိုင်ခြေကရော။"

"ဟင်...။ မေးနေစရာလိုသေးလို့လား။ ဗာမီလီယမ်ငှက်ရဲ့ သွေးအဆီအနှစ် အစစ်နဲ့ တာအိုအခြေခံကို အစပျိုးဖို့အတွက် ငါ့ရဲ့တည်ရှိမှုနဲ့သာပေါင်းလိုက်မယ်ဆိုရင် ရှုံးနိုင်​ခြေကို မရှိတော့ဘူး။" ကောင်းကင်ဘုံ အရှင်သခင်က အလွန်အမင်း ယုံကြည်ချက်ရှိသော အမူအရာဖြင့် ခပ်ဖွဖွ ပြုံးလိုက်၏။

စိတ်ဝိညာဉ်သားရဲများအားလုံးက ထိုသည်ကို ကြားသောအခါ ပျော်ရွှင်စွာ အော်ဟစ်လိုက်လေ၏။

စုရှောင်လန်က လည်ဆွဲလေးကို သူမ၏ လက်တွင် တင်းတင်းဆုပ်ကာ သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားရန် ကြိုးစားနေလေ၏။

ကောင်းကင်ဘုံ အရှင်သခင်က သူ့၏ ခရမ်းရွှေရောင် ခေါင်းလောင်းကို ထုတ်လိုက်လေ၏။ ထိုသည်က ကြီးမြတ်တာအို၏ အသံမြည်ဟီးနေကာ တဖြည်းဖြည်းနှင့် ကောင်းကင်နှင့် မြေကြီးတွင် ပြောင်းလဲမှုကို အစပျိုးလိုက်လေ၏။

လူတိုင်းက မသိလိုက်ခင်မှာပင် သူတို့က စုရှမြို့၏ ကောင်းကင်ထက်တွင် ပေါ်လာလေ၏။

စိတ်ဝိညာဉ်သားရဲများက တည်ငြိမ်နေကြသော်လည်း အစေခံလေးဦးမှာ အလန့်တကြားဖြင့် ရောထွေးနေတော့သည်။ သူတို့၏ ဒူးခေါင်းများက တုန်ယင်နေကာ အောက်ဖက်ရှိ ပုရွက်ဆိတ်ကဲ့သို့ အိမ်များကို ကြည့်နေကြလေ၏။ အထူးသဖြင့် အမြင့်ကြောက်သော ချူလေးပင်။ သူမက ဒုံလေးကို တင်းတင်းဖက်ထားက ခန္ဓာကိုယ်က ထိန်းမရနိုင်အောင်ပင် တုန်ယင်နေလေ၏။

ကောင်းကင်ဘုံ အရှင်သခင်က စုရှောင်လန်ကို လှည့်ကြည့်လိုက်ပြီး သူ့လက်ဖြင့် ချိတ်စည်း အများအပြားကို ပြုလုပ်လိုက်၏။ ထို့နောက် အလွန်အမင်း ထူးဆန်းသော စွမ်းအင်အတက်အကျက အပြင်ဘက်သို့ ဖြာထွက်လာလေ၏။

"ပြန်မတိုက်နဲ့။ လွတ်ထားပေးလိုက်။"

သူ့စကားတစ်ခွန်စီတိုင်းက ကောင်ကင်ဘုံနှင့် မြေကြီး၏ ဥပဒေနှင့် ပြည့်နှက်နေလေ၏။

ဗာမီလီယမ်ငှက်၏ သွေးအဆီအနှစ် အစစ်က မမြင်နိုင်သော အားတစ်ခုနှင့် သက်ရောက်ခံရပုံရပြီး ကြက်သွေးရောင်အလင်းများ ထွက်ပေါ်လာလေ၏။ ထို့နောက် ထိုသည်က လည်ဆွဲပေါ်မှ ချိန်းကြိုးဖြင့် ကွဲထွက်သွားကာ စုရှောင်လန်၏ နဖူးကြားသို့ စီးဝင်သွားလေ၏။

အောက်ဘက် မြေကြီးတွင် ရွှေရောင် သွေးကြောသဏ္ဍန်အရာများ အတန်းလိုက်ပေါ်လာပြီး သူတို့ မျက်စိတစ်ဆုံး ကျယ်ပြန့်သော မန္တန်ဖွဲ့စည်းခြင်းတစ်ခု ဖြစ်ပေါ်လာလေ၏။

တောက်တောက်ပပ လင်းလက်နေသော ကြယ်ပင်လယ်ကျယ်ကြီးတစ်ခုက နေရာလပ်ကို ဖြတ်သန်းကာ စုရှောင်လန်ဆီသို့ ပေါင်းစုံလာကြ၏။

ကောင်းကင်ကြီးက ဖြစ်တည်မှုအဖြစ် ဆောင်ရွက်ကာ ကြယ်အပြည့် ကောင်းကင်များက စွမ်းအင်စုဆောင်းပေး၏။

စုရှောင်လန်က ဖွဲ့စည်းခြင်းအလယ်တွင် မတ်တပ်ရပ်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက သူမ၏ ခန္ဓာကိုယ်ထဲသို့ အညှာအတာမဲ့ စီးဝင်သွားကာ စစ်မှန် နဂါးအော်သံတစ်ခုက ကောင်းကင်နှင့် မြေကြီးတစ်လျှောက်တွင် ထွက်ပေါ်လာလေ၏။

တာအို၏ စစ်မှန်စိတ်ဆန္ဒက ထွက်ပေါ်လာပြီး ကောင်ကင်ဘုံ အရှင်သခင်က စိန်လက်ကောက်တစ်ခုကို ထုတ်လိုက်လေ၏။ ထိုသည်က နှစ်ဖက်လှ လက်ကောက်ဖြစ်ပြီး တစ်ဖက်တွင် ကောင်ကင်ဘုံနှင့် မြေကြီး၏ ကြီးမြတ်တာအိုနှင့်  ခိုင်မြဲနေကာ တစ်ခြားတစ်ဖက်မှာ သဘာဝတရားကို ဆန့်ကျင်နေလေ၏။

"အင်မော်တယ် မော်တယ် ပြောင်းလဲခြင်း- တာအို ပြန်လည်တည်ဆောက်ခြင်း..."

ဘုန်း...

ကြီးမြတ်တာအို ပေါက်ကွဲသံကြီးက နှလုံးသားနှင့် ဝိညာဉ်များထိပါ တိုက်ရိုက် ဝင်ရောက်လာလေ၏။

မီးတောက် ဇာမဏီငှက်ပုံတစ်ခုက သူမ၏ နဖူးတွင်ပေါ်လာသောအခါ စုရှောင်လန်၏ မျက်နှာမှာ အလွန်နာကျင်နေဟန် ဖြစ်နေပေ၏။ ထို့နောက် ထိုပုံရိပ်က တဖြည်းဖြည်းနှင့် ဗာမီလီယမ်ငှက်တစ်ကောင်၏ ပုံရိပ်သို့ ပြောင်းသွားလေ၏။

အန်လင်း၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူ့လက်ကောက်ဝတ်တွင် ဒဏ်ရာတစ်ခု ပေါ်လာလေ၏။ အလွန် သန့်စင်သော စစ်မှန်မီးတောက် အဆီအနှစ် စွမ်းအင်များနှင့် ပြည့်နှက်နေသော ရွှေရောင် သွေးများက သူ့ဒဏ်ရာမှ စုရှောင်လန်ဆီသို့ စီးဆင်းသွားလေ၏။

စုရှောင်လန်က ထိုသည်ကို မြင်သောအခါ အလန့်တကြား ဖြူဖျော့သွားပြီး သူမက တာအို ပြန်လည်တည်ဆောက်ခြင်းကို တွန်းအားပေးကာ အဆုံးသတ်တော့ မလိုပင်ဖြစ်၏။

ကောင်းကင်ဘုံ အရှင်သခင်က ချက်ချင်းပင် အသံကျယ်ကြီးဖြင့် သတိပေးလိုက်၏။ "မရပ်နဲ့။ အဲဒါက သွေးမျိုးဆက် ကူးပြောင်းပေးတာမဟုတ်ဘူး။ သူ့ရဲ့ သွေးမျိုးဆက်က ဓာတ်ကူပစ္စည်းအနေနဲ့ပဲ လုပ်ပေးတာ။ အန်လင်းရဲ့ ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်က ဗာမီလီယမ်ငှက်ရဲ့ သွေးမျိုးဆက်နဲ့ အလိုအလျောက် ပေါင်းစပ်သွားလိမ့်မယ်။ အဲဒါက သူ့ရဲ့ တာအိုဖွဲ့စည်းခြင်းကို မသက်ရောက်စေဘူး။"

ထိုသည်ကို ကြားပြီးမှ စုရှောင်လန်က ရွှေရောင် သွေးများကို သူမကိုယ်ထဲသို့ စီးခွင့် ပြုလိုက်လေ၏။

အန်လင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်သွေး လုံးဝ ခမ်းသွားကာ သူက သူနဲ့အတူ ဇာမဏီငှက် သွေးမျိုးဆက် မရှိတော့သည်ကို သိလိုက်လေ၏။

သို့သော် မည်သို့ဆိုဆို ထိုသည်က စုရှောင်လန်၏ သွေးမျိုးဆက်ဖြစ်သည်မို့ သူက နောင်တမရပါပေ။

ထိုအချိန်မှာပင် စုရှောင်လန်က နာကျင်စွာ ငြီးတွားလိုက်ပြီး အဖြူရောင်သွေး ပုတီးစေ့များက သူမ၏ နဖူးကြားမှ အန်လင်း၏ လက်ကောက်ဝတ်ဆီသို့ ပျံသန်းလာကြ၏။

အလွန်အမင်း သန့်စင်သော မီးတောက်စွမ်းအင်က ထိုအဖြူရောင် သွေးပုတီးစေ့များထဲတွင် ပြည့်နှက်နေကာ ကောင်းကင်ဘုံနှင့် မြေကြီးကို သူတို့၏ စွမ်းအားများဖြင့် ချေမှုန်းပစ်ရန် ခြိမ်းခြောက်နေပေ၏။

အန်လင်းက လန့်သွားပြီး အဖြူရောင်သွေး ပုတီးစေ့များကို အလိုလိုရှောင်လိုက်မိ၏။ "မရှောင်နဲ့။ အဲဒါက ဗာမီလီယမ်ငှက်ရဲ့ သွေးမျိုးဆက်စွမ်းအင်က အပြန်အလှန်ပေးတဲ့ဟာပဲ။ အဲဒါကိုလက်ခံရင် စုရှောင်လန် အန္တရာယ်မရှိတဲ့အပြင် မင်းကိုလဲ အကျိုးရှိစေတယ်။"

ထိုသည်ကို ကြားမှသာလျှင် အန်လင်းက အဖြူရောင်သွေး ပုတီးစေ့များကို ခုခံခြင်းအား ရပ်တန့်လိုက်ရ၏။

ကောင်ကင်ဘုံအရှင်သခင်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်လေ၏။

တာအို အခြေခံပြန်လည်တည်ဆောက်ခြင်းတွင် သွေးမျိုးဆက် ပေါင်းစည်းခြင်းနှင့် သွေးမျိုးဆက် အပြန်အလှန်ပေးအပ်ခြင်းတို့ ရှိရန်...။ ဒီနှစ်ယောက်က ကံဆိုးမှုအများကြီးထဲမှာ ဘယ်လိုလုပ်ပြီးတော့များ ပိတ်မိနေရတာလဲ။

ကံကောင်းစွာပင် သူက အလွန်အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝနေလေ၏။ သို့ဖြစ်၍ သူက ထိုမြင်ကွင်းနှစ်ခုကို သတိပြုမိသွားလေ၏။ သို့မဟုတ်ပါက သူတို့နှစ်ဦးထဲမှ တစ်ယောက်က ခုခံမှုစပြီး မကြာမီတွင် အရာရာက အရှုံးအဖြစ် အဆုံးသတ်သွားမည်ဖြစ်သည်။

အန်လင်းက နွေးထွေးမှုလေးတစ်ခုက သူ့ကိုယ်တစ်လျှောက် စီးဝင်လာသည်ကို ခံစားလိုက်ရ၏။

အဖြူရောင် သွေးပုတီးများက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စီးဝင်သွားပြီး ဇာမဏီဖြူဆီသို့ ကျရောက်သွားလေ၏။

ဇာမဏီဖြူ၏ ခန္ဓာကိုယ်မှ အံ့ဖွယ် အော်ရာတစ်ခု ထွက်ပေါ်လာကာ သူ့၏ အတောင်ပံက တဖြည်းဖြည်း ပို၍ကြီးမားလာကာ တောက်ပပြီး  ဉာဏ်ရည်ပြည့်ဝသော မျက်လုံးတစ်စုံက သူ့၏ ခေါင်းပေါ်တွင် ပေါ်လာလေ၏။ ထို့နောက် ထိုသည်က အမှန်တကယ် သက်ရှိတစ်ကောင်ကဲ့သို့ သူ့ပတ်ဝန်းကျင်မှ ကမ္ဘာကြီးကို စူးစမ်းနေလေ၏။

အန်ကီရင်မှာ ပြောင်းလဲမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး တိတ်ဆိတ်စွာ နောက်ဆုတ်သွားလေ၏။ သူက ဇာမဏီငှက်ကို ထပ်မံ ရန်မစရဲတော့ပါချေ။

ဤသည်က... ဤဇာမဏီငှက်၏ အော်ရာက... ထိုသည်က အဘယ့်ကြောင့် ဗာမီလီယမ်ငှက်၏ သွေးအဆီအနှစ်အစစ်၏ အော်ရာနှင့် အလွန် ဆင်တူလာရပါသနည်း။

ထိုသည်က ဇာမဏီငှက်လား ဗာမီလီယမ်ငှက်လား။

အန်လင်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။

ထိုအခိုက်အတန့်မှာပင် အော်သံတစ်ခုက ကောင်းကင်ဘုံတစ်လျှောက် ပျံ့နှံ့လာလေ၏။

စုရှောင်လန်၏ နောက်တွင် မီးတောက်တောင်ပံများက ဖြန့်ကားလာလေ၏။

အံ့ဖွယ်အော်ရာတစ်ခုနှင့် ပြည့်နှက်နေသော မီးတောက်ဖြူများက ပြန့်ကားလာကာ ကောင်းကင်ဘုံကို မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။

မိုးပြာရောင် နဂါးပုံရိပ်တစ်ခုကလည်း ပေါ်လာပြီး စုရှောင်လန်၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေလေ၏။

ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ဝဲနေသော အဖြူရောင်မီးတောက်များက တက်ကြွလှုပ်ရှားမှုများ အဆုံးမရှိ ပြည့်နှက်နေသော အားအင်အပြည့်နှင့် နတ်သမီးများ ကဲ့သို့ပင်။

"ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်... သူမက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ထိတောင် ထိုးဖောက်ပြီးနေပြီ။"

အန်လင်းက စုရှောင်လန်ကို အံ့ဩ ပျော်ရွှင်မှုဖြင့် ငေးကြည့်လိုက်လေ၏။

သို့သော် အဘယ့်ကြောင့် လျှပ်စီးအတိဒုက္ခ မရှိရပါသနည်း။ အန်လင်းက ထပ်မံ စိတ်ရှုပ်လာပြန်၏။

အဖြူရောင်မီးတောက်များက ကောင်းကင်တစ်လျှောက်လုံး တိုးပွားနေကာ ညအချိန်ကို နေ့ခင်းဘက်ကဲ့သို့ အလင်းပေးနေလေ၏။

စုရှောင်လန်က မီးတောက်ပင်လယ်၏ အလယ်တွင် မတ်တပ်ရပ်ကာ သူမ၏ အော်ရာက တဖြည်းဖြည်း ပို၍ ပို၍ အစွမ်းထက်လာလေ၏။

ထိုအချိန်၌ သူမ၏ မျက်လုံးများက ရွှေရောင် စစ်စစ်ဖြစ်နေလေ၏။ အထူးအံ့ဖွယ် ခွန်အားတစ်ခုက ထိုးထွက်လာကာ သူမကို သူမအုပ်စိုးနေသည့် လောကကြီးကို ငုံ့ကြည့်နေသော မာနကြီးသည့် ဘုရင်မတစ်ပါးအလား ပုံပေါ်နေစေ၏။

ထိုအခိုက်၌ သူမ၏ မီးတောက်တောင်ပံများက အသစ်စက်စက်သွင်ပြင်ဖြင့် ဆန့်ထွက်လာပြီး သူမကို ကောင်းကင်ဘုံ၏ အထက်တွင် ရဲရဲဝံ့ဝံ့ရပ်နေသော မြင့်မြတ်နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေစေ၏။

အန်လင်းမှာ ကောင်းကင်မှ အမျိုးသမီးကို စိုက်ကြည့်နေရင်း မှင်တက်စွာ မိန်းမောနေပေတော့သည်။ "ရှောင်လန်၊ ပြန်လည်ကြိုဆိုပါတယ်။" သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။

သူအသံက အလွန်တိတ်ဆိတ်သော်လည်း မီးတောက်များမှ ပြန်လည်မွေးဖွားလာသော ကောင်းကင်မှ မြင့်မြတ်တော်ဝင် အမျိုးသမီးက သူ့ကို ပြန်လည်ကြည့်နေပြီး ဖြစ်လေ၏။

ထို့နောက်မှာပင် သူမက အန်လင်း၏ ရှေ့တွင်ပေါ်လာပြီး သူမ၏ နွေးထွေးနူးညံ့သောခန္ဓာကိုယ်လေးနှင့် အန်လင်းကို ခပ်တင်းတင်း ထွေးဖက်ထားလိုက်တော့၏။

သူမ၏ မျက်လုံးမှ မျက်ရည်များစီးကျနေကာ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။ "အွန်း... ငါပြန်လာပြီ။"

------------

All Chapters