သူရဲကောင်းတို့ အိမ်အပြန်
Vol. 33 Ch. 459
နောက်တစ်နေ့ နံနက်ခင်း နေရောင်ခြည် တောက်ပနေဆဲအချိန်စောစောတွင် စုရှမြို့မှ လူအများစုက လန်လင်းဆေးခန်း၏ ရှေ့တွင် စုစည်းနေကြ၏။
ရက်အနည်းငယ်အတွင်းမှာပင် ဆေးခန်းက သူဌေးနှင့် သူ့၏ ဇနီးတို့၏ စျေးနည်းပြီး ကျွမ်းကျင်လှသော ဆေးပညာများကြောင့် ကိုယ်ပိုင် ဂုဏ်သတင်းတစ်ခု တည်ဆောက်ပြီးဖြစ်လေ၏။ သို့ဖြစ်၍ ထိုသည်က ယခုတွင် မြို့ထဲရှိလူတိုင်း၏ ဖျားနာ ထိခိုက်မှုများ အားလုံးအတွက် သွားရန်နေရာ ဖြစ်လာခဲ့၏။
သို့သော် ဖွင့်သည်မှာ ရက်ပိုင်းသာ ရှိသေးသော ဆေးခနက ယခုတွင် တရားဝင် ပိတ်လိုက်ပြီ ဆိုသည်ကို မြင်ရသည်အား သူတို့အားလုံးမှာ အလွန်အံ့ဩထိတ်လန့်နေကြ၏။
တံခါးကို ကန့်လန့်ဖြတ်၍ ကပ်ထားသည်မှာ သတင်းစကားရေးထားသော အနီရောင် စာရွက်တစ်ခုဖြစ်လေ၏။
"သူဌေးနဲ့ ဇနီးက ကျင့်ကြံဖို့အတွက် ထွက်သွားပါပြီ။ ရလာဒ်အနေနဲ့တော့ ဤဆေးခန်းက အချိန်အကန့်အသတ်မရှိ ရပ်နားထားမည်ဖြစ်၏။ ကျွန်တော်တို့အားလုံးက တစ်ချိန်ချိန်တွင် ပြန်တွေ့ရန်အတွက် ကံပါလာမည်ဟု မျှော်လင့်မိပါသည်။"
လူအများက ထိုသတင်းစကားကို မြင်သောအခါ လုံးဝပင် ပြောစရာမဲ့နေပေလေ၏။
စုရှမြို့ထဲမှ တခြားဆေးခန်းများကမူ သူဌေးများအားလုံးက အပျော်လုံးဆို့ မျက်ရည်လည်နေကြပြီး အန်လင်းနှင့် စုရှောင်လန်တို့က သူတို့အပေါ်ကို မည်သို့ ငဲ့ညှာကာ စီးပွားမပျက်စေသည်ကို သီချင်းလုပ်ကာ သီဆိုနေကြလေ၏။
နေမင်းကြီးက ဝင်ရိုစွန်းထက်မှ မြင့်တက်လာလေသည်။ အန်လင်းက စုရှောင်လန်၊ စိတ်ဝိညာဉ်သားရဲများနှင့် အစေခံလေးဦးတို့နှင့်အတူ သူ့၏အုတ်ခဲပေါ်တွင် ပျံသန်းနေ၏။ သူတို့အားလုံးမှာ စုရှမြို့မှ ထွက်ခွာလာကာ ဗာမီလီယမ်ဂိုဏ်းဆီသို့ ခရီးနှင်ခြင်းပင်။
...
နေမင်းကြီး မထွန်းလင်းသော တောင်တန်းတစ်ခုအတွင်း၌...
ပေပေါင်း တစ်သန်းကျော်မြင့်မားသော အနက်ရောင် တောင်ထွဋ်၏ ထိပ်ဖျားတွင် အဖြူရောင် ဆံပင်နှင့် အဖိုးအိုတစ်ယောက်က မျက်လုံးဖွင့်လိုက်လေ၏။
"နှစ်တစ်ရာအတွင်းမှာ အတိဒုက္ခသုံးခုကို ကျော်လွှားနိုင်တာက တကယ့်ကို အဖိုးတန်တဲ့ အတွေ့အကြုံပဲ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အတိဒုက္ခ၊ ခွဲခွာခြင်းရဲ့ အတိဒုက္ခနဲ့၊ ကျင့်ကြံရေးလမ်းကြောင်းရဲ့ အတိဒုက္ခ... သူတို့က အဲ့အတိဒုက္ခတွေအားလုံးကို အချိန်တိုလေးအတွင်းမှာပဲ ကြုံတွေ့ပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...။"
အဖိုးကြီးက သက်ရှိအဝိုင်းတစ်ခုကို ထုတ်လိုက်ပြီး အပြုံးခပ်ဖွဖွတစ်ခုက သူ့မျက်နှာပေါ်မှာ ပေါ်လာပြီး သူ့၏ ရှေ့ဖြစ်ဟောနေ့ရက်များက စိတ်ထဲတွင် ပေါ်လာလေ၏။
"မင်းသိလား။ ထားလိုက်ပါ။ ငါသူတို့ကို မနှောက်ယှက်တော့ဘူး။ ငါတို့ရဲ့ သခင်ငယ်လေးက ပျော်စရာအဆုံးသတ်ရှိမယ်လို့ မျှော်လင့်ပါတယ်..."
...
ကမ္ဘာမြေ ကွဲအက်စေသော တိုက်ပြီးကြီးအပြီးတွင် ဗာမီလီယမ်ငှက်ဂိုဏ်းမှာ ဒဏ်ရာရသူအများအပြား ရှိလေ၏။ တပည့်တစ်ထောင်ကျော်နှင့် အကြီးအကဲ နှစ်ဦးက သေဆုံးသွားလေ၏။ ထို့အပြင် သူတို့က သူတို့ဂိုဏ်း၏ ရတနာ၊ မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို ဆုံးရှုံးသွားရပြီး သူတို့၏ သမိုင်းတွင် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်လေ၏။
တပည့်အများအပြားက သူတို့၏ သူငယ်ချင်းများနှင့် မိသားစုများအတွက် ဝမ်းနည်းနေကြလေ၏။
သူတို့ ဘာမှမလုပ်နိုင်သည်ကို ဒေါသထွက်နေသည့် တပည့်များလဲ ရှိနေပြီး သူတို့၏ စိတ်ခံစားချက်များက ပြင်းပြင်းထန်ထန် ကျင့်ကြံရန် ထိုးထွက်လာလေ၏။
ဗာမီလီယမ်ဂိုဏ်းအတွင်း၌ သူတို့ကိုယ်သူတို့ တိုးတက်ရန်အတွက် ကြိုးစားအားထုတ်နေသော ကျင့်ကြံသူများ နည်းပါးနေခြင်းမဟုတ်ပါပေ။ သို့သော် သက်ဝင်လှုပ်ရှားမှုက ပြတ်လပ်နေသကဲ့သို့ အရာရာမှာ မှောင်မိုက်နေကာ အသက်မဲ့နေလေ၏။
မိုဟိုင်က သူ့ဘဝက ထိုအပေါ်တွင် မီခိုနေသကဲ့သို့ ကျင့်ကြံနေလေ၏။ အဆုံးမရှိ မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေပြီး နာကျင်မှုက မြင့်မြတ်မီးတောက်ဆုံးရှုံးမှု၏ နာကျင်မှုနှင့် တိုက်ပွဲထဲတွင် သေဆုံးသွားသူများကို မေ့ပျောက်သွားစေ၏။
သူယခုအလိုရှိသည်မှာ ပျက်ပြယ်ခြင်းအဆင့်ကို အမြန်ဆုံး ထိုးဖောက်ကာ မြင့်မြတ်နန်းတော်သို့ ချီတက်ကာ မြူနှင်းနတ်မိမယ်များ၏ လက်ထဲတွင် အသက်ဆုံးရှုံးသွားကြသော သူ့၏ ညီအစ်ကို မောင်နှမများအတွက် လက်စားချေပေးရန် ဖြစ်သည်။
သို့သော် ထိုအချိန်၌ မိုဟိုင်၏ အသံကူးပြောင်းရေးအစီအရင်က ရုတ်တရက် လင်းလက်လာလေ၏...။
...
ကျိယုံဖန်က စုရှောင်လန်၏ အုတ်ဂူတည်ရှိရာ တောင်ကုန်းမြင့်တစ်ခုပေါ်သို့ လျှောက်သွားလိုက်၏။
"ဟင်း... ၊ ညီမ မင်းက ဘာလို့ အဲ့ကောင်နဲ့ ထွက်သွားဖို့ စိတ်အားထက်သန်နေရတာလဲ။ ငါ့လို စိတ်ချရတဲ့ အမျိုးသားတစ်ယောက်ကို ရွေးချယ်ရင် ဒီလို ကံဆိုးမှုမျိုး ကြုံရမှာ မဟုတ်ဘူး။ နင်က ဘာလို့ နားမလည်ရတာလဲ...။ တစ်ယောက်ယောက်က အရမ်းကြီး အစွမ်းထက်လေလေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေ များလေလေပဲ။ ငါ့လို ထူးချွန်ပေမဲ့ မယိမ်းယိုင်တဲ့ ယောက်ျားမျိုးကပဲ ဒီကြမ်းတမ်းတဲ့ ကျင့်ကြံခြင်း ကမ္ဘာကြီးမှာ အသက်ရှင်နိုင်တာ..."
ကျိယုံဖန်က သက်ပြင်းရှည်ကြီးချပြီး အဖြူရောင် ဒုဓလီပန်းလေးကို စုရှောင်လန်၏ အုတ်ဂူဘေးတွင် ချထားလိုက်လေ၏။
ထိုအထီးကျန်လှသော ခံစားချက်များသည် ဤသက်ပြင်းတစ်ချက်နှင့်အတူ လေထဲသို့ လွင်စင်သွားပါလေ။
ထိုအခိုက်၌ သူ့၏ အသံကူးပြောင်းအစီအရင်က ရုတ်တရက် လင်းလက်လာလေ၏။
"ဟေး... အစ်ကို ကျောင်း၊ ဘာလို့လဲ။"
"အစ်ကို ကျိ၊ အန်လင်းနဲ့ စုရှောင်လန်တို့က ဗာမီလီယမ်ဂိုဏ်းကို ပြန်လာနေကြပြီ။"
"မဖြစ်နိုင်တာ...။ သူတို့က မြင့်မြတ်ရေခဲကုန်းမြေတွေမှာ သေသွားပြီ မဟုတ်ဘူးလား။ သက်သေမရှိပဲနဲ့ အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့။"
"ငါ လိမ်နေတာမဟုတ်ဘူး။ အန်လင်းက မိုဟိုင်ကို အသံကူးပြောင်း အစီအရင်ကနေ ဆက်သွယ်လာတာ။ ပြီးတော့ သူက မီးတောက်စုစည်းအဝိုင်းနဲ့အတူ မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို ပြန်သယ်လာမယ်လို့လဲပြောတယ်။ ဂိုဏ်တစ်ခုလုံးက ပျော်ရွှင်နေကြတာ။ သူတို့က ငါတို့ဂိုဏ်းရဲ့ သူရဲကောင်းတွေပဲ။"
ထိုသည်ကို ကြားသောအခါ ကျိယုံဖန်၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားပြီး အသံကူးပြောင်းခြင်းကို တိတ်တဆိတ် ဖြတ်တောက်လိုက်လေ၏။
နေ၏အလင်းရောင်သည် သူ့မျက်လုံးများကို အနည်းငယ်နာကျင်စေ၏။“စုရှောင်လန်ကို အမှတ်ရသောအားဖြင့်” ဟူသော စကားလုံးဖြင့် ရေးထိုးထားသည့် သင်္ချိုင်းဂူကို ငုံ့ကြည့်လိုက်လေ၏။ ဤသင်္ချိုင်းဂူ၏ မြင်ကွင်းက နေရောင်ခြည်ထက် သူ့မျက်လုံးတွေကို ပိုနာကျင်စေသည်ကို သူတွေ့ရှိလိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ်ပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို ပြန်ယူဆောင်လာနိုင်တာလဲ။ သူက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ပဲ ရှိသေးတာကို...။ သူက ဘာလို့ အရမ်းကို ပါရမီရှိနေရတာလဲ။ အဲဒါက အဓိပ္ပာယ် လုံးဝ မရှိဘူး..."
ဘုန်း...
သူက ဒေါသတကြီး ထွက်ခွာမသွားမီတွင် သင်္ချိုင်းဂူကို အမှုန့်ချေပစ်လိုက်လေ၏။
...
ဗာမီလီယမ် ငှက်ဂိုဏ်းကြီး၏ အဓိက ဝင်ပေါက်တွင် ဂိုဏ်းတပည့် သောင်းချီက စိတ်အားထက်သန်စွာ ကောင်းကင်သို့ စိုက်ကြည့်နေကြလေ၏။
တပည့်များအားလုံးက အနီရောင် ဝတ်ရုံများ ဝတ်ဆင်ထားကာ အဝေးမှကြည့်ပါက ဂိုဏ်း၏ အရှေ့တွင်လောင်ကျွမ်းနေသည့် အဆုံးမရှိသော ပြင်းပြမှုများနှင့် သက်ရှိစွမ်းအင်များဖြင့် ပြည့်နေသော မီးတောက်များနှင့် တူလှပေ၏။
ဤကြိုဆိုပွဲကြီး၏ ထိပ်ဆုံးတွင် အကြီးအကဲ စစ်တုဖန်နှင့် အကြီးအကဲအများအပြားရှိနေလေ၏။
စစ်တုဖန်မှာ သူ့၏ အကွာအဝေး ကြိုးကိုင်ခြင်း စွမ်းအားကို အသုံးပြုကာ အန်လင်းနှင့် စုရှောင်လန်ကို ကီလိုမီတာသောင်းချီအဝေးမှ ဂိုဏ်းဆီသို့ ပြန်လည်စုစည်းနိုင်ပေ၏။
သို့သော် သူက ထိုသို့မလုပ်ချင်ပါပေ။ သို့ဖြစ်၍ သူက အန်လင်း၏ တည်နေရာကို မမေးရန် ဆုံးဖြတ်လိုက်၏။
သူက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ အပြန်နှင့် ဗာမီလီယမ်ငှက်ဂိုဏ်း၏ သူရဲကောင်းများ၏ အပြန်ကို တခြားဂိုဏ်းသားများနှင့်အတူ စောင့်နေချင်ပေ၏။
အဝေးမှ အုတ်ခဲနက်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာလေ၏။
ထိုအချိန်မှာပင် အလွန်အမင်း ကျယ်လောင်လှသော အားပေးသံများက ဗာမီလီယမ်ငှက်ဂိုဏ်း၏ အံ့ဖွယ် သစ်ပင်များဆီမှ ထွက်လာပေ၏။
အန်လင်းက မည်သူ့ကိုမှ မမြင်ရသေးသော်လည်း ကျယ်လောင်လှသော အက်ကွဲသံများကိုတော့ သေချာပေါက်ပင် ကြားနိုင်ပေလေ၏။
သူက ပိုနီးကပ်လာသည့်အခါ အဓိက ဝင်ပေါက်တွင် သူတို့အား ကြိုဆိုရန် အနီရောင်များ ဝတ်ဆင်ထားသော လူသောင်းချီကို တွေ့လိုက်ရ၏။ သူက အလွန်ပင် ထိတ်လန့်သွားရာ အုတ်ခဲပေါ်မှ ပြုတ်ကျသွားတော့မလိုပင် ဖြစ်သွားရ၏။
ဘာလဲဟ။ ငါက မိုဟိုင်က လွဲလို့ တခြားဘယ်သူ့ကိုမှလဲ မပြောမိပါဘူး။
ဘာလို့ ဂိုဏ်းတစ်ခုလုံးက ဒီရောက်နေတာလဲ။
ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင်လှသော အားပေးသံများ ထွက်ပေါ်လာပြီး တပည့်အများအပြားက အန်လင်း၏လက်ထဲရှိ မီးတောက်စုစည်း အဝိုင်းကို မြင်သောအခါ စတင်ငိုကြွေးလာလေ၏။ မြင့်မြတ်မီးတောက်များနှင့် ဂိုဏ်းတစ်ခုလုံး၏ဂုဏ်အသရေကို ပြန်လည်ရရှိသော ခံစားချက်မှာ ဗာမီလီယမ်ငှက်ဂိုဏ်းသားမဟုတ်ပါက နားလည်ရန်အလွန်ခက်ခဲသောအရာတစ်ခုဖြစ်သည်။
"အိမ်က ကြိုဆိုပါတယ်။" တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်လေ၏။
ထိုစကားလုံးက ဂိုဏ်းတပည့်ပေါင်းသောင်းချီ၏ ထပ်ခါထပ်ခါပြောဆိုခြင်းကို ခံလိုက်ရပြီး သူတို့၏ ပြင်းပြပြီး စိတ်ရင်းအပြည့်နှင့် ငိုသံများက လေထုထဲသို့ ပျံ့နှံ့လာပြီး အန်လင်းနှင့် စုရှောင်လန်တို့၏ မျက်လုံးထဲတွင် မျက်ရည်များ ဖြစ်ပေါ်လာစေ၏။
အန်လင်းက ဂိုဏ်းတစ်ခုရှိရခြင်းမှာ မည်သို့ ခံစားရသနည်းဆိုသည်အား အမှန်တကယ်တော့ မသိပါချေ။ သို့သော် ဤကဲ့သို့ နွေးထွေးသည့် ကြိုဆိုခြင်းကို ခံလိုက်ရပြီးနောက် ဂိုဏ်တစ်ခုမှာ အဘယ်နည်းဆိုသည်ကို နားလည်စပြုလာလေ၏။
ဂိုဏ်းတစ်ခုမှာ ကျင့်ကြံပြီး ကြီးထွားလာမည့် နေရာတစ်ခုတင် မဟုတ်ပါချေ...။
ဂိုဏ်းသားများအားလုံးအတွက် အိမ်တစ်ခုနှင့် ဘေးကင်းသော ကောင်းကင်ဘုံတစ်ခုပင်။
ထိုစိတ်လှုပ်ရှားပြီး မျက်ရည်အပြည့်နှင့် မျက်နှာများကို ငုံ့ကြည့်ရင်း အန်လင်းက သူဤဂိုဏ်းကို ချစ်မြတ်နိုးသည်ကို သိရှိသွားလေ၏...။ သူက ဤဂိုဏ်းကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးနေလေပြီ။
သူက အကြီးအကဲ စစ်တုဖန်၏ ရှေ့တွင် ဆင်းသက်လိုက်ကာ မီးတောက်စုစည်းအဝိုင်းကို အပြုံးတစ်ခုနှင့် ကမ်းပေးလိုက်၏။ "ပြန်လာခွင့်ရတာ ဝမ်းသာပါတယ်။"
စစ်တုဖန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖူးပွင့်လာပြီး အန်လင်းနှင့် စုရှောင်လန်ကို ကြည့်လိုက်၏။ "မင်းတို့က ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ ဂုဏ်ဆောင်တွေပဲ။ အိမ်ကနေ ကြိုဆိုပါတယ်။ ဆုလာဒ်တွေအတွက်က ပြီးမှ ဆွေးနွေးကြတာပေါ့။ အခုတော့ သွားပြီး အနားယူလိုက်အုံး။"
ဂိုဏ်းတပည့်သောင်းချီက တပြိုင်နက်တည်း ရွေ့လိုက်ပြီး အန်လင်းနှင့် စုရှောင်လန်အတွက် လမ်းတစ်ခု ဖန်တီးပေးလိုက်၏။
အန်လင်းနှင့် စုရှောင်လန်တို့က မရေမတွက်နိုင်သော လေးစားသမှုအကြည့်တို့ကို ခံယူကာ ဘေးချင်းယှဉ်ပြီး လျှောက်သွားကြလေ၏။
အန်လင်းက ရုတ်တရက် စုရှောင်လန်၏ လက်ကို ကိုင်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ဘတ်ကို ကော့ထားလိုက်လေ၏။
စုရှောင်လန်က အန်လင်းကို သိမ်သိမ်မွေ့မွေ့ ဒေါသလေးဖြင့် စိုက်ကြည့်ကာ ပါးပြင်တွင် ရှက်သွေးဖြာလာတော့သည်။ အန်လင်းက ဤမျှ ရဲရင့်မည်ဟု သူမ မျှော်လင့်ထားပါပေ။ သို့သော် သူက ဂိုဏ်း၏ ပင်မတံခါးဆီသို့ လျှောက်လာသည့် တစ်လျှောက်လုံး သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
တပည့်ပေါင်း သောင်းချီဆီမှ စုပေါင်း အားပေးသံက ထပ်မံ ထွက်ပေါ်လာပြန်၏။
ထိုသည်ကို မြင်သောအခါ ကျိယုံဖန်၏ နှလုံးသားက အပိုင်းပိုင်း ကွဲသွားလေ၏။
ထိုအချိန်၌ တစ်စုံတစ်ယောက်က ရုတ်တရက် လက်ခုပ်စတီးလိုက်လေ၏။
လူအများက ချက်ချင်းပင် လိုက်လုပ်ကာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ ကျယ်လောင်လှသည့် လက်ခုပ်သံက ထွက်ပေါ်လာလေ၏။
ကျိယုံဖန်ပင်လျှင် ပတ်ဝန်ကျင်နောက်ကို လိုက်ပါကာ လက်ခုပ်လိုက်တီးလိုက်လေ၏။
မိုဟိုင်က အန်လင်းကို လက်မထောင်ပြလိုက်၏။
လန်ရန်က စုရှောင်လန်ကို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
ယန်ယွမ်က သုံးနှစ်အတွင်း သူတို့က မင်္ဂလာပွဲအတူပြုလုပ်သင့်သလားဆိုသည်ကို အန်လင်းဆီသို့ အသံကူးပြောင်းပေးလာ၏။
ဤအခိုက်အတန့်လေးမှာ ဗာမီလီယမ်ငှက်ဂိုဏ်းတစ်ခုလုံးအတွက် တက်ကြွပြီး အောင်ပွဲခံရမည့်အချိန်ဖြစ်၏။ တစ်ချိန်တည်းမှာပင် အန်လင်းနှင့် စုရှောင်လန်အတွက် အံ့ဩဖွယ်ရာ အခိုက်အတန့်လေးတစ်ခုလဲ ဖြစ်နေလေ၏။
...
ထိုနေ့တွင်ပင် မြင့်မြတ် ဗာမီလီယမ်မီးတောက်က ဗာမီလီယမ်ငှက်ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့၏။
ထိုနေ့တွင်ပင် ဗာမီလီယမ်ငှက်ဂိုဏ်းက တက်ကြွသော အနီရောင် ပင်လယ်တစ်ခုအဖြစ် ပြောင်းသွားလေ၏။
ပီတိဖြစ်ဖွယ် ကြိုဆိုပွဲက အန်လင်းနှင့် စုရှောင်လန်တို့အတွက် မမေ့နိုင်သော အမှတ်တရလေးတစ်ခုဖြစ်ခဲ့၏။ ထိုသည်က သူတို့၏ စိတ်ထဲတွင် စွဲစွဲမြဲမြဲ ပုံပေါ်နေမည့် အမှတ်တရတစ်ခု ဖြစ်လာခဲ့ပေသည်။
--------------