← Chapters

နည်းလမ်းရှာဖွေခြင်း

Vol. 4 Ch. 47

နည်းလမ်းရှာဖွေခြင်း

Vol. 4 Ch. 47

နောက်တစ်နေ့မနက်တွင် ကျန်းယန် သူကိုယ်တိုင် ချင်ယွီရှုနှင့်စစ်ထူမင်ယွဲ့တို့ကို အဇူရာတောင်ထွတ်ဆီ ခေါ်သွားခဲ့၏။

နောက်ဆုံးတွင် သူသည် ထိုကိစ္စအကြောင်းအတော်လေးလေးလေးနက်နက်ပြောထားမိသောကြောင့် သူကိုယ်တိုင်လိုက်မပို့လျှင် ယုတ္တိရှိတော့မည် မဟုတ်ပေ။

ထို့အပြင် အဇူရာတောင်ထွတ်သည် အဇူရာတိမ်ဂိုဏ်းတွင် ထင်ရှားသောနေရာတစ်ခုဖြစ်သောကြောင့် အပြင်လူများ အလွယ်တကူ၀င်နိုင်သောနေရာ မဟုတ်ပေ။

အဇူရာတောင်ထွတ်သို့ ရောက်သောအခါ ကျန်းယန် ချင်းယွင်ကျိအခန်းများရှေ့တွင် ရပ်လိုက်ပြီး ဦးညွတ်အရိုအသေပေးလိုက်ကာ ပျော့ပြောင်းစွာ ပြောလိုက်လေသည်။

“ဆရာ ဆရာ့တပည့်က စီနီယာချင်ကို ခေါ်လာခဲ့ပါပြီ”

အခန်းများကိုသာ မျက်နှာချင်းဆိုင်နေရခြင်းဖြစ်သော်လည်း ကျန်းယန်အမူအရာကိုကြည့်ကာ ချင်ယွီရှု ဖိအားကိုပင် ခံစားလိုက်ရ၏။

စစ်ထူမင်ယွဲ့လည်း စကားမပြောရဲဘဲ ရိုသေလေးစားစွာသာ စောင့်ဆိုင်းနေခဲ့သည်။

ဤတစ်ကြိမ်သည် သူမ၏ ချင်းယွင်ကျိကို တတိယအကြိမ်မြောက်တွေ့ရခြင်းဖြစ်ပြီး သူမသည် သူမ၏ တာအိုပေါင်းစည်းခြင်းအဆင့်ဆရာကို အတော်လေး လေးစား၏။

“၀င်လာခဲ့” ချင်းယွင်ကျိအသံ အိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ကျန်းယန်ကြောင်သွားခဲ့၏။

ငါတို့ တစ်နာရီစောင့်ခိုင်းဖို့သဘောတူထားတာ မဟုတ်ဘူးလားဟ!

ချင်ယွီရှုကိုအပြင်တွင် တစ်နာရီခန့်စောင့်ခိုင်းထားရန် စီစဉ်ထားခြင်းဖြစ်သော်လည်း သူ့ဆရာသည် အဘယ်ကြောင့် သူတို့အစီအစဉ်အတိုင်း လိုက်မလုပ်ခဲ့ရပါသနည်း။

သို့သော် ချင်းယွင်ကျိက ပြောနေပြီဆိုမှတော့ ကျန်းယန်တွင် ရွေးချယ်စရာမရှိတော့ပေ။

“စီနီယာချင် ကျေးဇူးပြုပြီး”

“ကျေးဇူးတင်ပါတယ် စီနီယာ” ချင်ယွီရှု ကျေးဇူးတင်စကားပြောလိုက်ပြီး ချင်းယွင်ကျိအခန်းထဲသို့ ကျန်းယန်နောက်မှလိုက်ကာ ၀င်လာခဲ့၏။

အနည်းငယ် စိတ်တိုနေသောကျန်းယန်ကတော့ အခန်း တံခါးကိုဖွင့်ပြီး အခန်းထဲရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝိုး ကနဲဖြစ်သွားခဲ့ရသည်။

ချင်းယွင်ကျိသည် သူ့ပုံမှန်ပုံစံနှင့် ဘာမှမဆိုင်အောင် ဖြစ်နေခဲ့၏။

သူ့ကိုယ်မှ အမတတစ်ပါး၏အရှိန်အဝါ ဉာဏ်ပညာအရှိန်အဝါနှင့် သန့်စင်သောအရှိန်အဝါမျိုးပါ ထွက်ရှိနေခဲ့သည်။

ပိုအရေးကြီးသည်မှာ အခန်းထဲတွင် အမျိုးမျိုးသော မဟာလမ်းစဉ်စွမ်းအားများဖြင့် ပြည့်နှက်နေခြင်းဖြစ်၏။ အထူးသဖြင့် ချင်းယွင်ကျိပတ်ပတ်လည်တွင် လှည့်ပတ်နေသော စွမ်းအင်များက ပိုပြီးကြောက်စရာကောင်းလှသည်။

ကျန်းယန် မယုံကြည်နိုင်ဖြစ်သွားခဲ့ရ၏။ ဤအရာက အမှန်တကယ်ပင် သူ့ဆရာပေလော။

ဤအရာက စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်ပင် မတတ်နိုင်ခဲ့သော ထိုအဖိုးကြီးပေလော။

အထွတ်အထိပ်အမတတစ်ပါး၏ကြောက်မက်ဖွယ်စွမ်းအားကို ပထမဆုံးအကြိမ်တွေ့ကြုံခံစားလိုက်ရခြင်းဖြစ်သောကြောင့် ကျန်းယန် တုန်လှုပ်ခြောက်ခြားနေခဲ့သည်။

အကယ်၍ ချင်းယွင်ကျိကိုအရင်ကတည်းကသိခဲ့သော ကျန်းယန်ပင် ထိုသို့ခံစားနေရလျှင် စစ်ထူမင်ယွဲ့နှင့်ချင်ယွီရှုတို့ကိုတော့ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။

“တပည့်က ဆရာ့ကို ဂါရ၀ပြုပါတယ်” စစ်ထူမင်ယွဲ့ ချင်းယွင်ကျိ၏ မင်သက်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလို ဒူးထောက်ကာ ဂါရ၀ပြုလိုက်တော့သည်။

ချင်ယွီရှုလည်း လေးလေးနက်နက်ဦးညွတ်အရိုအသေပေးလိုက်ပြီး

“ဂျူနီယာ ချင်ယွီရှုက ဂိုဏ်းသခင် စီနီယာချင်းယွင်ကျိ ဂါရ၀ပြုပါတယ်”

တာအိုပေါင်းစည်းခြင်းအဆင့်က ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူအခုမှ အမှန်တကယ် နားလည်သွားခဲ့၏။

ဒါပေါ့ သူအဝောာ်လေးလည်း စိတ်လှုပ်ရှားနေခဲ့သည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုဆီမှ လမ်းညွှန်မှုကို ရရှိခဲ့လျှင် ထိုအရာက သူ့အနာဂတ်လမ်းကြောင်းအတွက် အကျိုးအများကြီးရှိစေမှာ သေချာ၏။

“မင်ယွဲ့ ထပါ” ချင်းယွင်ကျိ လက်ဟန်ပြ၍ ထခိုင်းလိုက်ရာ စစ်ထူမင်ယွဲ့အလိုလိုထလိုက်မိပြီး သူမဒူးထောက်နေချင်လျှင်တောင် သူမခန္ဓာကိုယ်က ဒူးထောက်၍ ရတော့မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်ဆရာ” စစ်ထူမင်ယွဲ့ ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်သည်။

ချင်းယွင်ကျိ ခပ်အေးအေးပြောလိုက်၏။

“မင်းပါရမီက အတော်လေးကောင်းတယ် ရှားပါးတဲ့ သိမ်မွေ့ယင်တာအိုမျိုးစေ့ကိုလည်းပိုင်ဆိုင်ထားတယ် မင်းသာကောင်းကောင်းကျင့်ကြံရင် အနာဂတ်မှာ ရလဒ်ကောင်းတွေရလာနိုင်တယ် ဒါပေမယ့် မင်းရွေးချယ်ထားတဲ့ကျင့်စဉ်မှာ ပြဿနာတွေရှိနေတယ် ဆရာမင်းကို အခြားအမတကျင့်ကြံခြင်းကျင့်စဉ်တစ်ခုထပ်ရွေးဖို့ အကြံပေးချင်တယ်

အဇူရာတိမ်ဂိုဏ်းမှာ လွန်ခဲ့တဲ့နှစ်၂၀၀၀တုန်းက သိမ်မွေ့ယင်နတ်သမီး ချန်ထားခဲ့တဲ့ သိမ်မွေ့ယင်ပညာရပ် ရှိတယ် သူမက သိမ်မွေ့ယင်ပညာရပ်ကို ဖန်တီးခဲ့ပြီးတော့ နှစ်ပေါင်းသုံးရာကျင့်ကြံပြီးတဲ့နောက်မှာ အခြေခံမခိုင်တာကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းကျရှုံးခဲ့ပြီး အဇူရာတိမ်ဂိုဏ်းမှာပဲ သေဆုံးခဲ့ရတယ်

အဲ့တာကြောင့် မင်းရဲ့အနာဂတ်ကျင့်ကြံခြင်းမှာ တာအိုအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ဖို့ အာရုံစိုက်ထားရမယ်

အဲ့ဒီနေရာမှာတော့ မင်းစီနီယာအစ်ကိုကြီးနဲ့တိုင်ပင်လို့ရတယ် သူ့တာအိုအုတ်မြစ်က အတော်လေး ခိုင်တယ်

တကယ်လို့ မင်းသိမ်မွေ့သောယင်ပညာရပ်ကို ကျင့်ကြံချင်တယ်ဆိုရင် ခဏနေရင် မင်းအစ်ကိုကြီးကို ကျမ်းစာတိုက်ဆီခေါ်သွားပေးဖို့ ပြောလိုက်”

စစ်ထူမင်ယွဲ့အမြန်ပြောလိုက်၏။

“ဆရာ ကျွန်မသိမ်မွေ့သောယင်ပညာရပ်ကို ကျင့်ကြံချင်ပါတယ်”

သိမ်မွေ့သောယင်နတ်သမီးက သေဆုံးသွားခဲ့ရသော်လည်း ထိုအဖြစ်အပျက်က သင်ခန်းစာယူစရာကိစ္စတစ်ခုပင် မဟုတ်ပါလော။

သူမသာ ယခုကတည်းက အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင်တည်ဆောက်နိုင်ခဲ့လျှင် အနာဂတ်တွင် မည်သည့်ပြဿနာမျိုးမှ ရှိမလာနိုင်လောက်ပေ။

ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။

“ငါပြောလို့မပြီးသေးဘူး

သိမ်မွေ့သောယင်တာအိုမျိုးစေ့နဲ့ကျင့်ကြံရတာက ကျင့်ကြံခြင်းရဲ့ နောက်ပိုင်းအဆင့်တွေမှာ အားနည်းချက်တွေရှိလာလိမ့်မယ်

မဟာလမ်းစဉ်မှာ ယန်တစ်ခုတည်းကလည်း မကြီးထွားလာနိုင်ဘူး ယင်တစ်ခုတည်းနဲ့လည်း မရှင်သန်မထမြောက်နိုင်ဘူး သိမ်မွေ့သောယင်မဟာလမ်းစဉ်တစ်ခုတည်းကို ကျင့်ကြံတာက အတော်ခက်ခဲတဲ့လမ်းစဉ်ပဲ အဲ့တာကြောင့် အနာဂတ်မှာမင်းက ယင်နဲ့ယန်ကိုမျှတအောင်မလုပ်နိုင်ရင် ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်

အဲ့တာက ပထမအချက်

ဒုတိယအချက်ကိုပြောရရင် သိမ်မွေ့သောယင်တာအိုမျိုးစေ့ရဲ့ ပြဿနာတွေကြောင့် သန့်စင်သောယန်ကျင့်စဉ်တွေကို ကျင့်ကြံတဲ့သူတွေက မင်းကို ဆေးပေါင်းအိုးအဖြစ်အသုံးချဖို့ ပစ်မှတ်ထားလာကြလိမ့်မယ်

အဲ့တာကြောင့် မင်းက သန့်စင်သောယန်နည်းစနစ်ကိုကျင့်ကြံတဲ့သူတွေကို အထူးသတိထားရမယ်”

စစ်ထူမင်ယွဲ့နားလည်သွားပြီး အမြန်ပြောလိုက်သည်။

“ဆရာ ကျွန်မကို လန်ကျားအထွတ်အမြတ်မြေက တန်ယောင်ကွမ်းက ပစ်မှတ်ထားနေပါတယ် ကျွန်မကြားတာတော့ သူက သန့်စင်သောယန်ကျင့်စဉ်ကိုကျင့်ကြံတာတဲ့ သူ့မှာအဲ့ဒီလိုရည်ရွယ်ချက်မျိုး ရှိနေမယ်လို့တော့ ကျွန်မမသိခဲ့ဘူး”

သူမအမြဲထင်နေခဲ့တာက တန်ယောင်ကွမ်းသူမကိုပစ်မှတ်ထားနေခြင်းသည် သူမ၏ အလှကြောင့်ဟုသာထင်နေခြင်းဖြစ်ပြီး သူမ၏ တာအိုမျိုးစေ့ကြောင့်လို့တော့ တစ်ခါမှ မတွေးခဲ့ဖူးပေ။

“သူ့ကိုစိတ်မပူပါနဲ့ အဇူရာတိမ်ဂိုဏ်းကိစ္စတွေမှာ လန်ကျားအထွတ်အမြတ်မြေက ဘာမှ၀င်ပြောနိုင်စွမ်းရှိမှာမဟုတ်ဘူး”

“‌လမ်းညွှန်ပေးဖို့ ကျေးဇူးတင်ပါတယ်ဆရာ ကျွန်မအခုပဲ စီနီယာအစ်ကိုကြီးကို ကျမ်းစာတိုက်ဆီလိုက်ပို့ခိုင်းလိုက်ပါ့မယ်” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုကြည့်လိုက်ကာ

“စီနီယာအစ်ကိုကြီး ကျေးဇူးပြုပြီး”

ကျန်းယန်ကြောင်သွားပြီး အမြန်ပြောလိုက်၏။

“ဆရာ ကျွန်တော်ကျမ်းစာတိုက်ထဲမှာ သိမ်မွေ့သောယင်ပညာရပ်ကို မတွေ့ဖူးဘူးနော်”

သူသည် ကျမ်းစာတိုက်ထဲရှိ ရွှေအမြုတေအဆင့်ကျင့်စဉ်များအားလုံးကို အကုန်သိပြီး ထိုအထဲတွင် သိမ်မွေ့သောယင်ပညာရပ် မပါပေ။

ချင်းယွင်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ

“ကျမ်းစာတိုက်ထဲကို ဂိုဏ်းချုပ်တံဆိပ်ပြားသုံးပြီး ၀င်ကြည့်ပြီးပြီလား”

“အို့ သွားကြစို့” ကျန်းယန် စစ်ထူမင်ယွဲ့ကိုခေါ်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ကျမ်းးစာတိုက်ထဲတွင် ဂိုဏ်းချုပ်တံဆိပ်ပြားနဲ့မှဖွင့်လို့ရသော လျှို့ဝှက်ခန်းမျိုးရှိဦးမည်ဟု ထင်မထားသောကြောင့် ကျန်းယန် အမြန်သွားစစ်ဆေးကြည့်ချင်နေခဲ့၏။

သို့သော် သူချင်းယွင်ကျိ၏ ဂုဏ်သိက္ခာကို ထိန်းထားဖို့ကိုအမြန်သတိရသွားပြီး ချက်ချင်းထွက်မသွားဘဲ ဦးညွတ်အရိုအသေပေးကာ ပြောလိုက်သည်။

“ဆရာ ကျွန်တော်ဂျူနီယာညီမလေးကို အရင်ခေါ်သွားလိုက်ပါ့မယ်”

“သွား” ချင်းယွင်ကျိ လက်ကာပြကာ ပြောလိုက်၏။

ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ ထွက်သွားပြီးသည့်နောက် ချင်းယွင်ကျိ သူ့ရှေ့တွင် အတန်ကြာရပ်စောင့်နေရသော ချင်ယွီရှုကိုကြည့်လိုက်ကာ သူ့ရှေ့သို့ တရားထိုင်ဖျားတစ်ချက်ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ထိုင်ပါ”

“ကျေးဇူးတင်ပါတယ် စီနီယာ” ချင်ယွီရှု ရိုသေလေးစားမှုကို ပြသနိုင်‌ေအာင် တပည့်တစ်ယောက်လိုပင် ဒူးထောက်၍ ထိုင်လိုက်၏။

“လေအခြေပြုတာအိုမျိုးစေ့ မဟာလမ်းစဉ်ရွှေအမြုတေ မင်းတာအိုအုတ်မြစ်ကလည်း တည်တော့တည်ငြိမ်သားပဲ” ချင်းယွင်ကျိ ချင်ယွီရှုကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“မင်းက မင်းနဲ့သိပ်မသင့်‌ေတာ်တဲ့ လေပြေလမ်းလျှောက်မှတ်တမ်း ကျင့်စဉ်ကို ကျင့်နေတာပဲ မင်းပါရမီကလည်း အကောင်းကြီးတော့ မဟုတ်ဘူး”

ချင်ယွီရှု ခေါင်းကိုငုံ့လိုက်ကာ

“ဝိညာဉ်အခြေတည်အဆင့်မှာ နှစ်ပေါင်းတစ်ရာလောက် ပိတ်မိနေရတာကို ဒီဂျူနီယာလည်း ရှက်မိပါတယ်”

“၀ိညာဥ်အ‌ေခြတည်အဆင့်က‌ေန နတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တယ်ဆိုတာ အဓိကကတော့ ဟင်းလင်းပြင်သန့်စင်ခြင်းပဲ”

ချင်းယွင်ကျိ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အဲ့တော့ ကျင့်ကြံသူတစ်ယောက်က ဟင်းလင်းပြင်ကိုသန့်စင်ပြီး နတ်ဝိညာဉ်အဖြစ်ဘယ်လိုအသွင်ပြောင်းမလဲ”

သူမေးခွန်းထုတ်လိုက်သော်လည်း ချင်ယွီရှု ပြန်ဖြေမည်ဟုတော့ မျှော်လင့်မထားပေ။ သူသာထိုမေးခွန်းကိုဖြေနိုင်လျှင် နတ်ဝိညာဉ်အဆင့်သို့ ရောက်ပြီးဖြစ်နေလိမ့်မည်သာ။

“ငါ့ကိုကြည့်နေ” ချင်းယွင်ကျိ ချင်ယွီရှုကို ညွှန်ကြားလိုက်၏။

ချင်ယွီရှု အလျင်အမြန်ပင် ချင်းယွင်ကျိကိုကြည့်ရှုလိုက်ရာ ချင်းယွင်ကျိ၏ ဘယ်လက်ပေါ်တွင် ဒြပ်ထုတစ်ခုပေါ်လာပြီး သေချာကြည့်ပါက ထိုဒြပ်ထုသည် ကောင်းကင်နှင့်မြေပြင်၏လေဒြပ်ထုမှ ထိတွေ့ကိုင်တွယ်၍မရသော မြူခိုးများအဖြစ်ပြောင်းလဲနေသည်ကို တွေ့နိုင်ပေသည်။

ထို့နောက် မျက်လှည့်ပြလိုက်သလိုပင် ချင်းယွင်ကျိဘယ်လက်ရှိ မြူများကလေထဲတွင်ပျောက်ကွယ်သွားပြီး သူ့ညာလက်တွင် မြူများအဖြစ်ပြန်လည်ပေါ်ပေါက်လာခဲ့၏။

မြူဒြပ်ထည်နှစ်ခုသည် ချင်းယွင်ကျိ လက်နှစ်ဖက်တွင် ဟိုဟိုဒီဒီကူး၍ သွားလာနေခဲ့ကြသည်။

ချင်းယွင်ကျိ ရှင်းပြရာတွင် ရှုပ်ထွေးသောသီအိုရီများသုံးပြီး အလုပ်ရှုပ်မခံခဲ့ပေ။ ထိုအစား သူ့စွမ်းအားကိုသုံးပြီးသာ လေဒြပ်စင်သည် ဟင်းလင်းပြင်မှအစစ်အမှန်ကိုဘယ်လိုကူးပြောင်းလဲဆိုတာကို လက်တွေ့ပြသခဲ့လိုက်၏။

သူ့ပြသမှုမှတစ်ဆင့် ချင်ယွီရှုဘယ်လောက်နားလည်သွားမလဲဆိုတာကတော့ သူ့ကိစ္စသာ ဖြစ်သည်။

ဤနည်းလမ်းဖြင့် တာအိုကိုကူးပြောင်းပေးခြင်းသည် တိုက်ရိုက်အဆန်ဆုံးနည်းလမ်းသာ ဖြစ်၏။

All Chapters