← Chapters

အင်မော်တယ်မြူခိုးကျွန်း၊ ချန်လန်ပင်လယ်ဒေသ။

Vol. 10 Ch. 139

အင်မော်တယ်မြူခိုးကျွန်း၊ ချန်လန်ပင်လယ်ဒေသ။

Vol. 10 Ch. 139

"ငါသာ ဒီနည်းစနစ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ရင်.. မိစ္ဆာမျိုးစေ့ကနေ ရတဲ့ မှတ်ဉာဏ်တွေကို 'အိပ်မက်ဝိညာဉ်ကူ'ဆီကို လွှဲပြောင်းနိုင်တယ်.. ဒီလိုဆို မိစ္ဆာမျိုးစေ့ရဲ့ မှတ်ဉာဏ်တွေက ငါ့ကို သက်ရောက်မှုရှိတော့မှာ မဟုတ်ဘူး..."

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

ဤနည်းစနစ်သည် 'အိပ်မက်ဝိညာဉ်ကူ'နှင့် ပြီးပြည့်စုံသော တွဲဖက်မှုတစ်ခုဖြစ်သည်ဟု သူထင်သည်။

၎င်းသည် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် 'အိပ်မက်ဝိညာဉ်ကူ'အတွက် အထူးတလည် ဖန်တီးထားသည့်နှယ်ပင်။

ယန်မိုဂိုဏ်းတည်ထောင်သူသာ 'အိပ်မက်ဝိညာဉ်ကူ'ကို ပိုင်ဆိုင်ခဲ့ပါက၊ ကျင့်ကြံခြင်းနည်းစနစ်များကို ပြောင်းလဲကျင့်ကြံခဲ့မည်မဟုတ်ပေ။

သို့သော် ဤ'မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း နည်းစနစ်' သည် အဆင့်သုံးဆင့်သာ ပါဝင်ပုံရပြီး၊ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အထိသာ ကျင့်ကြံနိုင်သည်။

ပိုမိုမြင့်မားသောအဆင့်များအတွက်မူ မည်သည့်အရာမျှ မပါဝင်တော့ရာ၊ ၎င်းမှာ နည်းစနစ် မပြည့်စုံကြောင်းကို ညွှန်ပြနေသည်။

သို့သော် ၎င်းမှာ လုံလောက်သည်ထက် ပိုနေသေးသည်။

မည်သို့ပင်ဖြစ်စေ၊ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ မည်သည့်အချိန်မှသာ ရောက်ရှိနိုင်မည်ကို မည်သူမျှ မသိနိုင်ချေ။

"ဒါပေမဲ့ ငါသာ 'မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း နည်းစနစ်'ကို ကျင့်ကြံခဲ့ရင်.. ငါက ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်လာနိုင်တယ်... ယန်မိုဂိုဏ်းရဲ့ အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံရနိုင်တယ်..."

"နေဦး.. ယန်မိုဂိုဏ်းက အရှေ့ပိုင်း မြေရိုင်းဒေသကနေ မြစ်ဖျားခံလာတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းတစ်ခုပဲ..."

"အင်မော်တယ်ရှားဂိုဏ်း တည်ရှိတဲ့နေရာက.. တကယ်တော့ ကျွန်းတစ်ကျွန်းပဲ..."

"အရှေ့ပိုင်း မြေရိုင်းဒေသက ဂိုဏ်းအသီးသီးရဲ့ လိုက်လံသတ်ဖြတ်ခြင်းခံရမှုကနေ လွတ်မြောက်ဖို့.. ဆရာသခင်ဝမ်လျူက ချန်လန်ပင်လယ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့တာ..."

"အဲ့ဒီနောက်.. ဒီပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ ပုန်းအောင်းခဲ့ရတာပဲ..."

ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် ရုတ်တရက် အံ့အားသင့်သွားပြီး အလွန်တုန်လှုပ်သွားသည်။

မူလခန္ဓာပိုင်ရှင်ထံမှ အမွေဆက်ခံခဲ့သော မှတ်ဉာဏ်များနှင့် မီယွင်မြို့ရှိ ကျင့်ကြံသူများစွာထံမှ သတင်းအချက်အလက်များအရ သူရှိနေသော ဤကုန်းမြေသည် မိုင်ပေါင်းသောင်းချီ၍ ကျယ်ပြန့်သည်။

သူသည် ဤသည်မှာ ကြီးမားသော ကုန်းမြေကြီးတစ်ခု ဖြစ်သည်ဟု ထင်ထားခဲ့သည်။

သူ၏ယခင်ဘဝက ကမ္ဘာမြေကြီးမှာ အချင်း ကီလိုမီတာ တစ်သောင်းနှစ်ထောင်သာ ရှိသည်။

သို့သော် ဆရာသခင်ဝမ်လျူ၏ မျက်လုံးထဲတွင်မူ၊ ဤသည်မှာ ပိုကြီးသော ကျွန်းတစ်ကျွန်းမျှသာ ဖြစ်သည်။

၎င်းက ကျိုးစွေ့၏လောကအမြင်အား တုန်လှုပ်စေခဲ့သည်။

ဤအချက်အား တွေးတောရင်း၊ သူသည် ဤဒေသ၏ အခြေအနေကို မေးမြန်းရန် လန်ယွဲ့ရှီကို ရှာဖွေခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်တစ်ဦးအနေဖြင့် လန်ယွဲ့ရှီသည် သတင်းအချက်အလက်များကို ပိုမို ရှင်းလင်းစွာ သိရှိသည်မှာ သေချာပေသည်။

"ယောက်ျား.. ရှင်ပြောတာအမှန်ပဲ.. ငါတို့နေထိုင်တဲ့နေရာက အမှန်တော့ ကျွန်းတစ်ကျွန်းပါပဲ... အင်မော်တယ်မြူခိုးကျွန်းလို့ အမည်ရပြီး အချင်း ကီလိုမီတာ ၁.၂ သန်း ရှိတယ်..."

လန်ယွဲ့ရှီက အတည်ပြုပေးလိုက်သည်။

"မဖြစ်နိုင်တာ.. ငါတို့နေရာက ကျွန်းတစ်ကျွန်းတဲ့လား..."

"ဘာလို့ ဒီကျွန်းရဲ့နာမည်က အင်မော်တယ်ရှားဂိုဏ်းနဲ့ ဒီလောက်တောင် တူနေရတာလဲ..."

ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

[ စကားချပ်- ကျွန်တော် အစပိုင်း စတင်ဘာသာပြန်ဆိုတုန်းက mtlရော၊ etranရောမှာ တလွဲတွေဖြစ်နေတာနဲ့ မူရင်းတရုတ်အသံထွက်ကို ယူပြီး အင်မော်တယ်ရှားဂိုဏ်းလို့ ပေးခဲ့တာပါ။ immortal mist sect လို့ နောက်မှ ပြန်ပြီး အဆင်ချောနေပေမယ့် ပြန်မပြောင်းတော့တာပါ။ ]

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် အမွေအနှစ်များစွာ မရရှိခဲ့ကြဘဲ သူတို့ အမှန်တကယ် မည်သည့်နေရာတွင် ရှိနေသည်ကို များစွာ မသေချာကြပေ။

ဤသည်မှာ အမှန်တကယ်တွင် သာမန်သာဖြစ်သည်။

၎င်းမှာ ရှေးခေတ်လယ်သမားများကဲ့သို့ပင်ဖြစ်ပြီး၊ သူတို့၏တည်နေရာမှ မိုင်ဆယ်ဂဏန်းအတွင်း၌ ဖြစ်ပျက်နေသည်များကိုသာ သိရှိကြသည်။

ထိုအရာထက် ကျော်လွန်သည့် မည်သည့်အရာကိုမဆို သူတို့ မသိရှိကြပေ။

ထိုလယ်သမားသည်ပင်လျှင် သူနေထိုင်သော မြေကြီးသည် အဆုံးမရှိ ကျယ်ပြန့်ပြီး ကန့်သတ်နယ်နိမိတ်မရှိဟု ထင်ကြပေသည်။

သာမန်လူများသာမက၊ ကျင့်ကြံသူများပင်လျှင် အချင်းကီလိုမီတာ ၁.၂ သန်းသည် သူတို့ တစ်သက်တာအတွင်း ဖြတ်ကျော်နိုင်သော အကွာအဝေးမဟုတ်ချေ။

ထို့ကြောင့် ၎င်းကို ကြီးမားသော တိုက်ကြီးတစ်ခုအဖြစ် တွေးတောမိခြင်းမှာ သာမန်ဖြစ်သည်။

"ဒါက တကယ်တော့ သာမန်ပါပဲ.. ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်ကတည်းက.. ငါတို့ အင်မော်တယ်ရှားဂိုဏ်းက ဒီကျွန်းကို အုပ်စိုးခဲ့လို့ပဲ.." လန်ယွဲ့ရှီက လေးနက်စွာ ပြန်ဖြေလိုက်သည်။

"တစ်ချိန်တုန်းက အင်မော်တယ်ရှားဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို မွေးထုတ်နိုင်ခဲ့တယ်... သူက ဒီကျွန်းကို လွှမ်းမိုးခဲ့ရုံသာမက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုကို တခြားကျွန်းတွေအထိတောင် ဖြန့်ကျက်နိုင်ခဲ့တယ်လေ..."

"ဒါကြောင့် ဒီကျွန်းက သဘာဝအတိုင်း အင်မော်တယ်မြူခိုးကျွန်းလို့ လူသိများလာပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တယ်... ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က စစ်ပွဲတစ်ခုကြောင့် အင်မော်တယ်မြူခိုးကျွန်းတစ်ခုလုံး ထိခိုက်ခဲ့ရတယ်..."

"အဲ့ဒီစစ်ပွဲရဲ့ ရလဒ်က ကျွန်းပေါ်က တစ်ခုတည်းသော စတုတ္ထအဆင့် ဝိညာဉ်ကြောကို ပြိုကျစေခဲ့သလို.. ဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကိုလည်း ကျဆုံးခဲ့စေတယ်... ဒီလိုနဲ့ နောက်ထပ်ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ယောက်ကို မွေးထုတ်နိုင်ဖို့ အခွင့်အရေး မကျန်တော့ဘူးပေါ့..."

"အဲ့ဒီအချိန်ကစပြီး အင်မော်တယ်ရှားဂိုဏ်းက မြန်မြန်ဆန်ဆန်ကို ဆုတ်ယုတ်ကျဆင်းသွားတော့တာပဲ... အခုဆို ထောင့်တစ်နေရာမှာပဲ နေနိုင်တော့တဲ့အခြေအနေအထိရောက်သွားပြီး အနိုင်နိုင်ရှင်သန်နေရတော့တယ်... "

သူမ အလွန်ပင် အကူအညီမဲ့နေသည်။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားဂိုဏ်းသည် တစ်ချိန်က ကြီးကျယ်ခမ်းနားသော သမိုင်းတစ်ခု ရှိခဲ့သော်လည်း လျင်မြန်စွာ ဆုတ်ယုတ်ကျဆင်းခဲ့ရသည်။

လက်ရှိတွင် အင်မော်တယ်မြူခိုးကျွန်း၏ စတုရန်းကီလိုမီတာ တစ်သန်းအတွင်း၌၊ အနည်းဆုံး ရွှေအမြုတေအဆင့် အင်အားစု နှစ်ဆယ်မှ သုံးဆယ်ခန့် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

၎င်းမှာ တစ်ဖက်နှင့်တစ်ဖက် လွှမ်းမိုးနိုင်ခြင်းမရှိဘဲ၊ ခွဲထွက်နယ်မြေများ အချင်းချင်းစစ်တိုက်နေကြသည် ပျက်သုဉ်းမင်းဆက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဘာလို့ မင်း ဒါကို အရင်က မပြောခဲ့တာလဲ..."

ကျိုးစွေ့က စိတ်ဝင်တစား မေးလိုက်သည်။

"ဟင်.. ဘာကိစ္စ ကျွန်မက ဒီအကြောင်းကို အထူးတလည် ပြောနေရမှာလဲ.. ဒါက လူတိုင်းသိတဲ့ သာမန်ကိစ္စပဲကို..."

လန်ယွဲ့ရှီက မျက်တောင်ခတ်လိုက်ပြီး ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။

"ဒါ..."

ကျိုးစွေ့သည် ဘာပြန်ပြောရမှန်းမသိဖြစ်ကာ စကားလုံးများ ပျောက်ဆုံးသွားသည်။

သူတို့လို တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဤသတင်းအချက်အလက်သည် အလွန်လျှို့ဝှက်ပြီး အဆက်အသွယ်များမရှိဘဲ သိရှိရန် မဖြစ်နိုင်ပေ။

သို့သော် လန်ယွဲ့ရှီကဲ့သို့သော ဂိုဏ်းတပည့်များအတွက်မူ ၎င်းမှာ သာမန်အသိပညာသာ ဖြစ်၏။

အစကတည်းက တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းတပည့်များသည် ရပ်တည်ရာ အဆင့်အတန်း ကွာခြားလှပေသည်။

"ရွှမ်ပေါင်မျှော်စင်ကကော.. အဲ့ဒီအဖွဲ့အစည်းကရော အရမ်းအစွမ်းထက်လား..."

ကျိုးစွေ့က စူးစမ်းစွာ မေးလိုက်သည်။ သူ ယခင်က ကြုံတွေ့ခဲ့ရသော ရွှမ်ပေါင်မျှော်စင်သည် အလွန်ထူးခြားသည်ဟု သူအမြဲလိုလို ခံစားမိသည်။ ရွှေအမြုတေဂိုဏ်းပင်လျှင် ရွှမ်ပေါင်မျှော်စင်အပေါ် အတိုင်းအတာတစ်ခုအထိ လေးစားမှုပြရသည် မဟုတ်လော။

"ဟုတ်တယ်.. သူတို့က သိပ်ကို အစွမ်းထက်တယ်... အဲ့ဒါက ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုတစ်ခုပဲ... ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးက ကျောထောက်နောက်ခံပေးထားတယ်..."

လန်ယွဲ့ရှီက ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။

"ရွှမ်ပေါင်မျှော်စင်ရဲ့ ဌာနချုပ်က အင်မော်တယ်မြူခိုးကျွန်းပေါ်မှာ မဟုတ်ဘူး... ချန်လန်ပင်လယ်ထဲက တခြားနေရာတစ်ခုမှာ ရှိတယ်... ရွှမ်ပေါင်မျှော်စင်ရဲ့ စီးပွားရေးက ချန်လန်ပင်လယ်တစ်ခွင်မှာ ဖြန့်ကျက်ထားပြီးတော့.. အဓိကကျွန်းတိုင်းနီးပါးမှာ ရွှမ်ပေါင်မျှော်စင်ရဲ့ ရုံးခွဲတစ်ခု ရှိတယ်..."

"ဒါကြောင့် ရွှေအမြုတေအဆင့် အင်အားစုတိုင်းနီးပါးက ရွှမ်ပေါင်မျှော်စင်ကို လေးစားရတယ်... ဝိညာဉ်သန္ဓေသားအဆင့် အစွမ်းရှိတဲ့ ဂိုဏ်းတစ်ခုကို စော်ကားတာက မိုက်မဲတာပဲလေ..."

"သဘောပေါက်ပြီ..."

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး ရွှမ်ပေါင်မျှော်စင် အဘယ်ကြောင့် ဤမျှ အစွမ်းထက်သည်ကို နားလည်သွားသည်။ ၎င်းမှာ အမှန်တကယ်တွင် ဝိညာဉ်သန္ဓေသားအဆင့်ရှိ အင်အားစုတစ်ခု ဖြစ်ပေသည်။

ဤနေရာတွင် ဤသို့သော လေးစားမှုကို ရရှိနိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

မည်သူမျှ ၎င်းကို ရန်စဝံ့ခြင်း မရှိသလောက်ပင် ဖြစ်သည်။

ဤသို့စဉ်းစားရင်း သူသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ အရှေ့ပိုင်း မြေရိုင်းဒေသသည် ချန်လန်ပင်လယ်နှင့် အမှန်တကယ်တွင် အလွန်ဝေးကွာပုံရသည်။

သာမန်ကျင့်ကြံသူတစ်ဦးသည် တစ်သက်တာအတွင်း အရှေ့ပိုင်း မြေရိုင်းဒေသမှ ချန်လန်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ရောက်ရှိနိုင်မည်မဟုတ်ပေ။

ဆရာသခင်ဝမ်လျူသည် ရှေးဟောင်း နေရာကူးပြောင်းအစီအရင်တစ်ခု၏ စွမ်းအားကို အသုံးပြု၍၊ မည်မျှသော မိုင်သောင်းချီအား ဖြတ်ကျော်ခဲ့သည်ကိုပင် မသိဘဲ ချန်လန်ပင်လယ်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ချန်လန်ပင်လယ်မှ ကျင့်ကြံသူများသည် ယန်မိုဂိုဏ်းအကြောင်းကို သိရှိနိုင်ခြေမရှိပေ။

မည်သို့ပင်ဖြစ်စေ၊ ယန်မိုဂိုဏ်းသည် အရှေ့ပိုင်း မြေရိုင်းဒေသတွင်သာ ကျော်ကြားသည် မဟုတ်လော။

ချန်လန်ပင်လယ်ဒေသတွင်မူ ယန်မိုဂိုဏ်း၏ တည်ရှိမှုအား လူများစွာ သိရှိကြမည်မဟုတ်ပေ။

"ယောက်ျား.. ရှင် ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး မေးရတာလဲ..."

လန်ယွဲ့ရှီက စိတ်ဝင်တစား မေးလိုက်သည်။

"ဒါကြောင့်ပဲ..."

ကျိုးစွေ့သည် ဆရာသခင်ဝမ်လျူနှင့် ပတ်သက်သော ဇာတ်လမ်းဇာတ်ကွက်တစ်ခုလုံးကို မည်သည့်အရာမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိဘဲ ပြောပြလိုက်သည်။

"ဘာရယ်... ဆရာသခင်ဝမ်လျူက မသေသေးဘူးပေါ့.. ပြီးတော့ သူက အကြွင်းအကျန်ဝိညာဉ်အဖြစ် ပြောင်းလဲပြီးတော့... အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းထဲကို သူ့ကိုယ်သူ ပေါင်းစပ်ခဲ့တယ် ဟုတ်လား..."

"ဒါက အရမ်းကောက်ကျစ်တာပဲ... ကံကောင်းပြီး ငါ့ယောက်ျားမှာ လှည့်ကွက်တချို့ ရှိနေလို့ပဲ.. မဟုတ်ရင် တွေးတောင်မတွေးရဲဘူး..."

"ဒါ.. အရှေ့ပိုင်း မြေရိုင်းဒေသက ယန်မိုဂိုဏ်း ကျင့်ကြံသူလား... ဒီနတ်ဘုရားအသွင်ပြောင်းဂိုဏ်း ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက အရမ်းထူးဆန်းတာပဲ.. ကာကွယ်ဖို့ သိပ်ကိုခက်တယ်.. ကံကောင်းထောက်မလို့ ငါ့ယောက်ျားက အချိန်မီ ထွင်းဖောက်မြင်နိုင်ခဲ့တာ..."

ကျိပင်းယွီ၊ ရှားကျင်းယန်၊ မုဇီယန်နှင့် လန်ယွဲ့ရှီတို့အားလုံး လန့်သွားကြသည်။ သူတို့သည် ကျိုးစွေ့၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ စစ်ဆေးလိုက်ကြသည်။ မည်သည့် ပုံမှန်မဟုတ်သောအရာကိုမျှ မတွေ့ရှိမှသာ၊ နောက်ဆုံးတွင် သူတို့ သက်ပြင်းချနိုင်ကြသည်။

All Chapters