← Chapters

တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူ ရောက်ရှိလာခြင်း၊ မိသားစု ကျင့်ကြံသူများ မဟာမိတ်ဖွဲ့ခြင်း။

Vol. 10 Ch. 144

တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူ ရောက်ရှိလာခြင်း၊ မိသားစု ကျင့်ကြံသူများ မဟာမိတ်ဖွဲ့ခြင်း။

Vol. 10 Ch. 144

ထိုညက လူတိုင်း ပျော်ရွှင်ဖွယ်ကောင်းသော ညစာကို သုံးဆောင်ခဲ့ကြသည်။

သူ၏ ရုပ်ခန္ဓာအခြေတည်ခြင်း အောင်မြင်မှုကို ဂုဏ်ပြုရန် ကျိုးစွေ့နှင့် သူ၏ဇနီးမယား သုံးယောက်တို့သည် ကြည်နူးဖွယ်နည်းလမ်းဖြင့် အောင်ပွဲခံခဲ့ကြသည်။

၎င်းမှာ မိုးသောက်ယံထိပင် ကြာမြင့်ခဲ့သည်။

မှန်ပေသည်၊ ဤသည်မှာ ကျိုးစွေ့အတွက် ထူးဆန်းသည့်အရာ မဟုတ်ပေ။

အခြေတည်အဆင့်ရှိ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော၊ သို့မဟုတ် ထို့ထက်ပင် ပို၍ အားကောင်းနိုင်သော သူ၏ကာယကြံ့ခိုင်မှုကြောင့် သူ၏ ခံနိုင်ရည်စွမ်းမှာ ထူးကဲလှသည်။

သုံးယောက်အသာထား၊ ဆယ်ယောက်ကိုပင် သူ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။

ကျိုးစွေ့ ဆက်လက်အောင်ပွဲခံရန် စီစဉ်နေစဉ်မှာပင် ကျင့်ကြံသူကျန်းချီ ရောက်ရှိလာသည်။

"ရောင်းရင်းကျိုး…"

ကျိုးစွေ့ကို မြင်သောအခါ ကျန်းချီ အံ့အားသင့်သွားသည်။

ကျိုးစွေ့ထံမှ ထုတ်လွှတ်နေသော ဖိအားခပ်ရေးရေးကို ခံစားမိပြီး၊ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ဝိညာဉ်တစ်ခုလုံးပင် တုန်လှုပ်သွားသည်။

မကြုံစဖူး အန္တရာယ်ကြီးမားသော သားရဲကြီးတစ်ကောင်က သူ၏ ရှေ့မှောက်တွင် ရပ်နေပြီး၊ အချိန်မရွေး အစိမ်းလိုက်ဝါးမျိုရန် အသင့်ရှိနေသကဲ့သို့ပင် ခံစားလိုက်ရသည်။

အမှန်အတိုင်း ပြောရလျှင်၊ သူသည် ယခင်က ကျိုးစွေ့၏ကျင့်ကြံမှုအဆင့်ကို သံသယ ဝင်ခဲ့ဖူးသည်။

ကျိုးစွေ့က ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံမှုကိုသာ ပြသခဲ့သော်လည်း၊ သူ့တွင် အခြေတည် အစောပိုင်းအဆင့် လက်တွဲဖော် သုံးယောက် ရှိနေသည်။

မည်သို့ပင် ကြည့်စေကာမူ ၎င်းမှာ သာမန်အခြေအနေ မဟုတ်ပေ။

ယခုအခါမှသာ၊ ကျိုးစွေ့သည် ပြီးခဲ့သော အကြိမ်က ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ဖုံးကွယ်ထားခဲ့ကြောင်း သူ နားလည်သွားသည်။

၎င်းမှာ အလွန်အဆင့်မြင့်သော အသက်ရှုထိန်းချုပ် လျှို့ဝှက်ကျင့်စဉ်တစ်ခုခု၏ ရလဒ်သာ ဖြစ်ရပေမည်။ ထို့ကြောင့်သာ သူ သတိမမူမိခဲ့ခြင်း ဖြစ်နိုင်၏။

အမှန်စင်စစ်၊ ကျိုးစွေ့သည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေသင့်သည်။ ယခုမူ ကျိုးစွေ့၏ ရုပ်ခန္ဓာမှာ အလွန်တရာ သန်မာနေရာ၊ သူသည် အခြေတည် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

ဆိုလိုသည်မှာ သူ့ရှေ့မှောက်ရှိ ဤလူသည် ချီရော၊ ရုပ်ခန္ဓာကိုပါ ကျင့်ကြံသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေများသည်။ ၎င်းမှာ ကျင့်ကြံခြင်းလောကတွင် အလွန် ရှားပါး၏။

မည်သို့ပင်ဖြစ်စေ၊ သာမန် ကျင့်ကြံသူများအဖို့ လမ်းကြောင်းတစ်ခုတည်းတွင်ပင် တိုးတက်ရန် အလွန်တရာ ခက်ခဲလှသည်။ လမ်းကြောင်းနှစ်ခု ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။

တစ်ခါတစ်ရံတွင် သက်တမ်း ကုန်ဆုံးသွားသည့်တိုင် မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြချေ။

သုံးစွဲကုန်ဆုံးခဲ့ရသော အရင်းအမြစ်များမှာလည်း ကြောက်ခမန်းလိလိ ဖြစ်သည်။

ချီရော ခန္ဓာကိုယ်ပါ နှစ်မျိုးလုံး ကျင့်ကြံဝံ့သူများသည် သံသယဖြစ်ဖွယ်မရှိ ထူးချွန်သော ပါရမီရှင် ကျင့်ကြံသူများသာ ဖြစ်ကြသည်။

"အိုး.. ရောင်းရင်းကျန်း ဘာကိစ္စများပါလိမ့်…"

ကျန်းချီ၏ အနည်းငယ် လေးစားမှုပြနေသော အမူအရာကို မြင်သောအခါ၊ ကျိုးစွေ့သည် သူ၏ အခြေတည် ရုပ်ခန္ဓာအောင်မြင်မှုကြောင့် သူ၏အရှိန်အဝါကို ကောင်းစွာ မထိန်းချုပ်နိုင်သေးသည်ကို သဘောပေါက်လိုက်သည်။

ထို့ကြောင့်သာ ကျန်းချီက သူ၏ လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ အရေးမကြီးပေ။

အခြေတည်ရုပ်ခန္ဓာ စွမ်းအားနှင့်ဆိုလျှင်၊ သူသည် ဤကဲ့သို့သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို ကြောက်ရွံ့နေရန် မလိုပေ။

ခွန်အားသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ၊ အနည်းငယ် သူမာနထောင်လွှားလို့ ရသည် မဟုတ်လော။ ၎င်းက မကောင်းသော အတွေးအကြံ ရှိသူများကို ဟန့်တားနိုင်သည်။

"လာရင်းကိစ္စကတော့.. မကြာသေးမီက တိမ်မြူခိုးတောင်တန်းမှာ တစ္ဆေမိစ္ဆာဂိုဏ်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာပုံရတယ်ဗျ…"

"တာအိုရောင်းရင်း အတော်များများ သူတို့ရဲ့ သားကောင် ဖြစ်သွားကြတယ်…"

ကျန်းချီ၏ မျက်နှာမှာ လေးနက်နေသည်။

"ဘာရယ်…”

"ဒီသတင်းက အမှန်လား… ဒါမှမဟုတ် ကောလာဟလလား…"

ဤသည်ကို ကြားသောအခါ ကျိုးစွေ့ တုန်လှုပ်သွားသည်။

အကယ်၍ တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး တိမ်မြူခိုးတောင်တန်းသို့ အမှန်တကယ် ရောက်လာပါက အန္တရာယ်ကြီးမားလှသည်။

အဘယ်ကြောင့်ဆိုသော် ယခု လန်ယွဲ့ရှီသည် အမြုတေဖွဲ့စည်းခြင်း၏ အရေးကြီးသော အခိုက်အတန့်တွင် ရှိနေပြီး၊ လုံးဝ အနှောင့်အယှက် ဖြစ်လို့မရသောကြောင့် ဖြစ်သည်။

အကယ်၍ အနှောင့်အယှက် ပေးခံရပါက သူမ၏ အမြုတေဖွဲ့စည်းခြင်း ကျရှုံးသွားနိုင်ပြီး၊ နောက်တစ်ကြိမ် အခွင့်အရေး ဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။ ၎င်းသည် တာအိုလမ်းစဉ် တစ်ခုလုံးကို ထိခိုက်စေနိုင်သော အရေးကြီးသည့် အခိုက်အတန့် ဖြစ်သည်။

"အမှန်အတိုင်း ပြောရရင် ဒီကိစ္စက သေချာသလောက်ပဲ…"

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အနီးအနားက မိသားစုတွေရဲ့ အခြေချနေထိုင်ရာ နေရာတွေမှာ ကျင့်ကြံသူတချို့ အသတ်ခံခဲ့ရတယ်…"

"သူတို့က တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ထူးခြားတဲ့ သိုင်းကွက်ဖြစ်တဲ့ 'ခုနစ်ထွေသေမင်းလက်ဝါး' အောက်မှာ သေဆုံးခဲ့ကြတာပဲ.. မကောင်းဆိုးဝါး အငွေ့အသက်တွေ သူတို့ ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်ခံလိုက်ရလို့ သူတို့ ဆိုးဆိုးရွားရွားကို သေဆုံးခဲ့ရတာ…"

"အခြေတည်အဆင့် တာအိုရောင်းရင်း သုံးယောက်တောင်မှ ရန်သူ့လက်ချက်နဲ့ အသတ်ခံခဲ့ရတယ်…"

"ဘယ်လိုမှ မှားစရာမရှိဘူး.. သူက တစ္ဆေမိစ္ဆာဂိုဏ်း အခြေတည်အဆင့် အကြီးအကဲတစ်ယောက် ဖြစ်ရင်ဖြစ်.. မဟုတ်ရင် သူက တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ ကြီးမားတဲ့ ဆက်စပ်မှု ရှိရမယ်…"

ကျန်းချီက အလေးအနက် ပြောသည်။

"ဒါပေမဲ့ တစ္ဆေမိစ္ဆာဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူးလား… အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က တိမ်မြူခိုးတောင်တန်းကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ…"

ကျိုးစွေ့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအရာမှာ လေးနက်သွားသည်။

ဤကိစ္စသည် အတော်လေး ထူးဆန်းသည်ဟု သူ ခံစားလိုက်ရသည်။

တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂုဏ်သိက္ခာရှိ အကြီးအကဲတစ်ဦး၊ အခြေတည်အဆင့်တွင် ရှိနေသူတစ်ဦးက တိမ်မြူခိုးတောင်တန်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာသည်။

ပုံမှန်အားဖြင့်၊ အခြေတည်အဆင့် ဂိုဏ်းအကြီးအကဲတစ်ဦးသည် ဂိုဏ်းတစ်ခု၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်၏။

ယခုကဲ့သို့ စစ်ပွဲ၏ အရေးကြီးသော ကာလအတွင်း သူသည် စစ်မြေပြင်ကို စွန့်ခွာပြီး၊ တိမ်မြူခိုးတောင်တန်းကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာသို့ အဘယ်ကြောင့် လာရသနည်း။

၎င်းသည် သုံးပြည်ထောင်ခေတ်အတွင်း စွန်းချွမ်က တောင်ပင်လယ်ဒေသသို့ အကြောင်းပြချက်မရှိဘဲ စစ်တပ်များ စေလွှတ်တိုက်ခိုက်ခြင်းနှင့် တူနေသည်။ မည်သို့ပင် ကြည့်စေကာမူ ၎င်းသည် ဦးနှောက်မရှိသော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင်၊ ဤတစ္ဆေမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် လန်ယွဲ့ရှီအတွက် လာခြင်း ဖြစ်နိုင်သည်ဟု သူ သံသယရှိသည်။

သို့သော် ပြဿနာမှာ လန်ယွဲ့ရှီသည် မည်သည့် အားနည်းချက်နှင့် ခြေရာကိုမျှ မပြသခဲ့ရာ၊ သူတို့သည် လန်ယွဲ့ရှီကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း။

‘မဟုတ်သေးဘူး.. ဒါက လန်ယွဲ့ရှီကို ခြေရာကောက်မိတာ ဟုတ်ချင်မှဟုတ်မှာ.. အခြားအကြောင်းအရာလည်း ဖြစ်နိုင်သေးတယ်..’

ခဏမျှ သူသည် အတွေးနက်သွားပြီး၊ ဤကိစ္စ၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲများကို တွေးတောနေမိသည်။

"ကျုပ်လည်း မသေချာဘူး.. တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူတွေက အမြဲတမ်း ထူးထူးဆန်းဆန်း ပြုမူတတ်တယ်.. လိုက်နာရမယ့် စည်းမျဉ်းဆိုတာလည်း မရှိဘူး.. သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျုပ်တို့ ဘယ်လိုသိနိုင်မှာလဲ…"

ကျန်းချီက လေးနက်စွာဖြင့် "ပွင့်ပွင့်လင်းလင်း ပြောရရင်.. ကျွန်တော် ဒီတစ်ခါ လာခဲ့တာက အပြန်အလှန် အကူအညီပေးနိုင်ဖို့ ခင်ဗျားတို့နဲ့ ပူးပေါင်းချင်လို့ပါ… တကယ်လို့များ ကျွန်တော်တို့ လုယက်ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ တွေ့ခဲ့ရင် အချင်းချင်း ကြည့်ရှုစောင့်ရှောက်နိုင်တာပေါ့ဗျာ.. မဟုတ်ရင် တစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူတွေက ကျုပ်တို့ကို တစ်ယောက်ချင်းစီ အမှည့်ချွေ တိုက်ခိုက်ခဲ့ရင်.. ကျုပ်တို့အားလုံး ဒီနေရာမှာ ဆိုးဆိုးရွားရွား သေဆုံးသွားနိုင်တယ်လေ…"

၎င်းသည် ဤတစ်ကြိမ် သူ ကျိုးစွေ့ကို ရှာဖွေရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

သူသည် ကျိုးစွေ့နှင့် အခြားသူများအား မဟာမိတ်ဖွဲ့လိုသည်။ မည်သို့ပင်ဖြစ်စေ၊ ဤတောင်ကြားတွင် အခြေတည်ကျင့်ကြံသူ လေးယောက် ရှိနေပြီး၊ ၎င်းသည် အားကောင်းသော အင်အားစုတစ်ခု ဖြစ်သည်မှာ သေချာသည်။

တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲတစ်ဦးပင်လျှင် ဤကဲ့သို့သော အင်အားစုနှင့် ရင်ဆိုင်ရပါက နှစ်ခါပြန်စဉ်းစားရမည် ဖြစ်သည်။

"အိုး.. ဒါဆို ခင်ဗျားတို့က ဘယ်လိုစီစဉ်ထားတာလဲ…"

ကျိုးစွေ့က မေးလိုက်သည်။

"ရိုးရိုးလေး ပြောရရင်.. ကျွန်တော်တို့ ကျင့်ကြံသူမိသားစုတွေက ကြီးမားတဲ့ ယာယီ နေရာထိုင်ခင်းတစ်ခု တည်ဆောက်ဖို့ စုစည်းချင်ကြတယ်… ခင်ဗျားတို့လို တာအိုရောင်းရင်းတွေလည်း ပါဝင်ကူညီမယ်ဆိုရင် ခင်ဗျားတို့လည်း နေရာတချို့ကို ပိုင်ဆိုင်နိုင်ပါတယ်" ဟု ကျန်းချီက လေးနက်စွာ ပြောလိုက်သည်။

ကျင့်ကြံသူ မိသားစုတစ်စုတည်းဖြင့် ဤသည်ကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ တိမ်မြူခိုးတောင်တန်းရှိ အဆင့်နှစ် သားရဲများကို ဖြေရှင်းရန်မှာပင် လုံလောက်စွာ ဒုက္ခများနေပြီ ဖြစ်၏။

သို့သော် ကျင့်ကြံသူ မိသားစုများစွာ စုစည်းလိုက်ပါက၊ သူတို့သည် ဤဧရိယာရှိ သားရဲများကို ရှင်းလင်း သုတ်သင်နိုင်မည် ဖြစ်သည်။ ထို့နောက် လူသားကျေးရွာတစ်ရွာ၊ သို့မဟုတ် ဈေးတစ်ခု တည်ဆောက်နိုင်သည်။

"ထားလိုက်ပါ.. ကျွန်တော်တို့က တောင်ကြားထဲမှာ နေသားကျနေပြီ… တခြား ဘယ်နေရာကိုမှ မသွားချင်တော့ဘူး.."

"ခင်ဗျားရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်…"

ကျိုးစွေ့သည် လက်ကို ဝှေ့ယမ်းကာ ကမ်းလှမ်းချက်ကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုသည် လန်ယွဲ့ရှီ၏ အမြုတေဖွဲ့စည်းခြင်းအတွက် အရေးကြီးသော ကာလ ဖြစ်သောကြောင့် သူတို့ လုံးဝ ထွက်သွား၍ မရပေ။

ထို့အပြင်၊ သူတို့သည် ဤကျင့်ကြံသူမိသားစုများ၏ မဟာမိတ်အဖွဲ့ထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ပါက၊ သူတို့သည် အမျိုးမျိုးသော အဆင့်နှစ် သားရဲများကို အမဲလိုက်ရာတွင် ကူညီရန် သူတို့၏အသုံးချခြင်းကို ခံရမည်မှာ သေချာပေသည်။

သူသည် တောင်ကြားထဲတွင် အဆင်ပြေနေဖြစ်ရာ၊ ဤကဲ့သို့သော အရာများတွင် အဘယ်ကြောင့် ဝင်ပါရမည်နည်း။

ဤကျင့်ကြံသူ မိသားစုများတွင် လူအများအပြား ရှိသောကြောင့် သူတို့၏ နေထိုင်ရာ နေရာကို တိုးချဲ့ရန် လိုအပ်သည်။

သို့သော် သူတို့အတွက်မူ သူတို့၏ ဇနီးမယားများ အပါအဝင်မှ လူ လေးငါးယောက်သာ ရှိသည်။ အခြေခံအားဖြင့် တစ်ယောက်ကောင်းမွန်စွာ ရှာဖွေနိုင်ပါက မိသားစုတစ်စုလုံး ငတ်မွတ်ခြင်းရှိမည်မဟုတ်ပေ။ ဤမျှလောက် အားထုတ်ရန် မလိုအပ်ပေ။

တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူ၏ ခြိမ်းခြောက်မှုအတွက်မူ သူ၏လက်ရှိ ခွန်အားနှင့် ဆိုလျှင် များစွာ မကြောက်ရွံ့ပေ။

"ကောင်းပါပြီ.. ရောင်းရင်းကျိုး ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့.. ကျုပ် ဘာမှ ထပ်မပြောတော့ပါဘူး…"

"ခင်ဗျား စိတ်ပြောင်းသွားခဲ့ရင်.. ကျုပ်တို့ အချိန်မရွေး ကြိုဆိုနေမှာပါ…"

ဤသည်ကို ကြားသောအခါ ကျန်းချီသည် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

အကယ်၍ မဟာမိတ်အဖွဲ့တွင် အခြေတည် ကျင့်ကြံသူ လေးယောက် ထပ်တိုးလာပါက၊ သူတို့၏ အင်အားသည် သံသယဖြစ်ဖွယ်မရှိ သိသိသာသာ တိုးလာမည် ဖြစ်ပြီး သူတို့ ပိုမို လုံခြုံမည် ဖြစ်သည်။

အခြားတစ်ဖက်က ဝင်မပါလိုခြင်းမှာ အလွန် နှမြောစရာ ကောင်းလှသည်။

သို့သော် ၎င်းနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ၊ သူသည် အခြေတည် ကျင့်ကြံသူ လေးယောက်ကို မဟာမိတ်အဖွဲ့ထဲ ဝင်ရန် အတင်းအကျပ် ပြုလုပ်၍မရပေ။

All Chapters