← Chapters

မိုဟိုင်၏ အချစ်ရေးဒုက္ခများ

Vol. 33 Ch. 461

မိုဟိုင်၏ အချစ်ရေးဒုက္ခများ

Vol. 33 Ch. 461

ဤသည်က လှပသော ညလေးနောက်တစ်ညပင်ဖြစ်ပြီး အန်လင်းနှင့် စုရှောင်လန်တို့က ညပိုင်း အတန်ကြာအောင် မီးပန်းများကို ကြည့်ရှုနေကြပြီး သက်ဆိုင်ရာအခန်းများဆီသို့ ဝင်ရောက်အနားယူနေကြလေ၏။

နောက်တစ်နေ့နံနံခင်းတွင် ကြက်သွေးရောင် မျက်လုံးများနှင့် ရည်မွန် ငယ်ရွယ်သော အမျိုးသားတစ်ဦးက သူ့အခန်းထဲသို့ အတင်းဝင်လာသောအခါ အန်လင်းက အိပ်ယာနိုးသွားလေ၏။

"ဟေ့... အန်လင်း၊ မနေ့ညက အခြေအနေဘယ်လိုလဲ။ ပျော်ခဲ့ရဲ့လား။" မိုဟိုင်က မရိုးမသား အပြုံးဖြင့် မေးလာ၏။

"အေး... ဒါပေါ့ဟ။ မီးပန်းတွေက လှတယ်...။" အန်လင်းက ပျော်ရွှင်နေသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

မိုဟိုင်က အန်လင်းဆီသို့ တိုးကပ်သွားကာ တီးတိုးပြောလိုက်၏။ "လုပ်ခဲ့လား..."

အန်လင်းက ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်၏။ "ဘာလုပ်ရမှာလဲ။"

"အဟမ်း... မင်းက တကယ်ပဲ ငါ့ကို ထုတ်ပြောစေချင်တာလား။" မိုဟိုင်က ပြုံးစစနှင့် အန်လင်းကို ကြည့်လိုက်လေ၏။ "ညက မီးပန်းတွေက တဖောင်းဖောင်း ပေါက်နေတာလေ... မင်းနဲ့ စုရှောင်လန်ရော မီးပန်းဖောက်သေးလား။"

တစ်ဖောင်းဖောင်း ပေါက်တာ...။

မီးပန်း...။

သောက်ကျိုးနည်း...။

အန်လင်းက မိုဟိုင်ပြောနေသည်ကို နားလည်သွားသောအခါ နှုတ်ခမ်းများ တွန့်ကွေးသွားတော့၏။ သူက မိုဟိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "သွားစမ်းပါ။ ရှောင်လန်နဲ့ ငါနဲ့က အတန်းဖော်တွေပဲ။ မင်းက ဘာတွေ လျှောက်တွေးနေတာလဲ။"

တပိုင်က ချက်ချင်းပင် ဝင်ပြောလိုက်၏။ "ဟုတ်တယ်။ အစ်ကိုကြီးအန်က အရမ်းဖြူစင်ပြီး အပြစ်ကင်းတာလေ။ သူတို့လုပ်တာဆိုလို့ လက်ကိုင်ပြီး နမ်းတာလေးပဲ။ သူက မီးပန်းမဖောက်ရဲဘူးလေ...။ သူက ဘယ်လို ယောက်ျားမျိုးပါလိမ့်နော်။"

သူက ရွှေရောင် ဆန်မုန့်လုံးများကို ပါးစမ်းထဲ ထိုးထည့်ရင်း ဗလုံးဗထွေးပြောလိုက်လေ၏။

အန်လင်း : "..."

အန်လင်းက တပိုင်၏ မျက်နှာထက်တွင် အလွန်အမင်း ရောယှက်နေသော အမူအရာကို မြင်လိုက်လေ၏။ ထိုအမူအရာမှာ ဖယ်ကြဉ်ခြင်း ခံရမှုအတွက် နာကျင်မှုနှင့် အန်လင်း၏ တိုးတက်မှုမရှိခြင်းအတွက် စိတ်ပျက်ခြင်းတို့ ရောနှောနေခြင်းပင်။

"မင်းက ငါတို့ဂိုဏ်းရဲ့ အလှဆုံး ညီမလေးကို အပိုင်ရသွားတာ ငါအရမ်းအားကျတာပဲ။ ငါ့မှာတော့ အခုထိ တစ်ယောက်တည်း ဖြစ်နေတုန်းပဲ။" မိုဟိုင်၏ အမူအရာက ရုတ်တရက်ပြောင်းသွားကာ စိတ်အားငယ်စွာ သက်ပြင်းချလိုက်လေ၏။

အန်လင်းက သူ့၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး "မင်းက ဗာမီလီယမ် ငှက်ဂိုဏ်းရဲ့ ထိပ်တန်း လူငယ်တပည့်ပဲကို... မင်းအတွက် ကောင်မလေးတစ်ယောက်လောက် ရှာရတာက အဲ့လောက်မခက်ခဲလောက်ပါဘူး။"

"ဟင်း... အဲဒါတွေ အားလုံးက လောင်ကျွမ်းမီးတောက်တွေရဲ့ မီးဆန္ဒအစစ်အမှန်ကို ရှာဖွေတဲ့ ငါ့ရဲ့ အကျင့်ကြောင့်မို့လေ။ ဂိုဏ်းက ညီမလှလေးတွေက အဲတာကို မြင်ပြီး ငါ့ကို ငကြောင်လို့ထင်နေကြတာ။" မိုဟိုင်က သူ့၏ အခက်အခဲကို အန်လင်းကို ဖွင့်ပြောလိုက်၏။

အန်လင်းက ထိုသည်ကိုကြားရသည့်အခါ အံ့ဩသွားလေ၏။ မိုဟိုင်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်မှုမရှိဟု သူထင်ခဲ့သော်လည်း သူ့အခြေအနေကို အလွန်ရှင်းရှင်းလင်းလင်း သိနေပုံရ၏။

တပိုင်က မနေနိုင်ပဲ ကြားဖြတ်ဝင်ပြောလိုက်၏။ “အဲဒါက ဘာမှ မခက်ပါဘူး။ မင်းက masochist တစ်ယောက်ဆိုရင်၊ sadistတစ်ယောက်ကို ရှာလိုက်လို့ မရဘူးလား။ မင်းနဲ့အတူ မီးထဲမှာ ရေချိုးချင်တဲ့ ငကြောင်တစ်ကောင် ရှိလိမ့်မယ်ဆိုတာ ငါသေချာပြောရဲတယ်။ ဝုတ်...” (masochistဆိုတာ သူများကို နာအောင် လုပ်ရရင် စိတ်ကျေနပ်တဲ့သူပါ။ sadistဆိုတာကတော့ အသားနာရတာကို သာယာတဲ့လူပါ။)

အန်လင်း : "..."

မိုဟိုင်က တပိုင်ကို အလန့်တကြား ငေးကြည့်ကာ အသံတိုးတိုးနှင့် ပြောလိုက်လေ၏။ "အဲ့လို ကောင်မလေးမျိုး တကယ်ရှိလား။ ငါအမြဲတမ်း ကိုယ့်ကိုကိုယ် အရည်အချင်း မရှိဘူးလို့ ခံစားနေရတာ… အဲ့အကျင့်ကြောင့် ငါတစ်ယောက်တည်း ထာဝရနေရဖို့ ကံပါလာတယ် ထင်နေခဲ့တာ…”

"သေချာပေါက် ရှိတာပေါ့။ မင်းလို masochist တစ်ယောက်က ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နိမ့်ကျနေတယ်လား။ sadist မိန်းကလေးတွေကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မနိမ့်လောက်ဘူးလို့ မင်း ထင်နေတာလား။ သူတို့က အဲဒါကို လူတိုင်းဆီကနေ ဖုံးကွယ်ထားဖို့ ရွေးချယ်ထားတာပဲ ရှိတာပါ။ မင်းရဲ့အလုပ်က သူတို့ကို ပုန်းကွယ်နေရာကနေ ထွက်လာဖို့ ယုံကြည်မှု ပေးရမယ်။ ပြီးတာနဲ့ သူတို့က မင်းအတွက် ဒူးထောက် ကျရှုံးသွားလိမ့်မယ်။ ဝုတ်...” တပိုင်က ရည်းစားကိစ္စကျွမ်းကျင်သူတစ်ယောက်လို ပြောလိုက်၏။

မိုဟိုင်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေ၏။ တပိုင်က သူ့အတွက် ကမ္ဘာအသစ်ကြီးတစ်ခုကို ဖွင့်ပေးလိုက်သလိုပါပင်။

"sadist အမျိုးသမီးတွေ ဆိုမှ၊ အမ ရှန်းကွမ်ယီက မင်းအတွက် စံပြ တွဲဖက် မဖြစ်ဘူးလား။" အန်လင်းက ရယ်မောလိုက်လေ၏။ "သူနဲ့ အတွဲဖြစ်ရရင်တော့ သူက နေ့တိုင်း အံ့ဩစရာတွေပေးနေတော့ အရမ်းကို စိတ်လှုပ်ရှားစရာ​ကောင်းမှာပဲ။"

"အစ်မ ရှန်းကွမ်းယီ..." မိုဟိုင်က ရုတ်တရက် ပူဆွေးဝမ်းနည်းဟန် ဖြစ်လာ၏။

"သူက ဘာလို့လဲ။"အန်လင်း၏ အပြုံးမှာ မိုဟိုင်၏ အမူအရာကို မြင်ပြီးနောက် တဖြည်းဖြည်း မှိန်ဖျော့လာလေ၏။

"သူမက မြင့်မြတ်ဗာမီလီယမ် မီးတောက်အတွက် တိုက်ပွဲ အတွင်းမှာ ပျောက်သွားတယ်။" မိုဟိုင်က အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။ "အကြီးအကဲတွေ သိရသလောက်ဆိုရင် မြူနှင်းနတ်မိမယ်တွေက သူမကို မြင့်မြတ် မြို့တော်ကို ဖမ်းခေါ်သွားတာ ဖြစ်နိုင်ချေများတယ်..."

အန်လင်းက မျက်မှောင်ကြုတ်ပြီး ပြန်မဖြေခင် အနည်းငယ် အံ့ဩသွားကာ “အစ်မ ရှန်းကွမ်ယီရဲ့ ရေခဲတာအိုမှာ စွမ်းဆောင်နိုင်ရည်က အံ့မခန်းပဲကို။ မြူနှင်းနတ်မိမယ်တွေက သူမ၏ အရည်အချင်းကြောင့်ပဲ ဖမ်းခေါ်သွားတာ ဖြစ်မယ်။ မဟုတ်ရင် သူတို့က သူမကို ခေါ်သွားစရာ အကြောင်းမရှိဘူး။”

"ဟင်း...၊ ဒီတိုက်ပွဲက ဗာမီလီယမ်ငှက်ဂိုဏ်းအတွက် ဘေးဆိုးတစ်ခုထက် မလျော့ဘူး။ တကယ်တော့ အဲဒါက ဂိုဏ်းတစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့တာပဲ။” မိုဟိုင်က သက်ပြင်းအသာချပြီး ခေါင်းယမ်းကာ ဆိုလေ၏။ “အကြီးအကဲက ပေါ့ပေါ့ပါးပါးနဲ့ အပူအပင်မဲ့နေနိုင်ပေမယ့် သူ့ဒဏ်ရာက အတော်လေး ပြင်းထန်တယ်လို့ ငါသတင်းရထားတယ်။ သူက မကြာခင်မှာပဲ ပြန်ကောင်းမွန်လာစေဖို့အတွက် သီးခြားနေတော့မှာ။"

“ဂိုဏ်းချုပ်က တိုက်ပွဲရဲ့ စကားတွေကို လက်ခံရရှိပြီး နတ်ဆိုးမီးလျှံနယ်မြေက အတင်းအကြပ်ပြန်လာခဲ့တာ။ သူသက ဒေါသတကြီးနဲ့ မြူနှင်းနတ်မိမယ် တစ်သန်းကျော်ကို သတ်ပြီး မြင့်မြတ်ရေခဲကုန်းမြေတွေမှာရှိတဲ့ စစ်မြေပြင်ရဲ့ ရှေ့တန်းကို ကီလိုမီတာ ၁၅၀၀ကျော်အောင် နောက်သို့ တွန်းပို့ခဲ့တာ။ ဒါပေမဲ့ အဲဒါက ဗာမီလီယမ်ငှက်ဂိုဏ်းအတွက် ဆုံးရှုံးမှုတွေကနေ ပြန်ပြီးကောင်းလာစေဖို့ အထောက်အကူမပြုဘူးလေ။ ကျေးဇူးတင်စရာကောင်တာက မင်းက မြင့်မြတ် ဗာမီလီယမ်မီးတောက်ကို ပြန်ယူနိုင်ခဲ့တာပဲ။ မဟုတ်ရင် ငါတို့ဂိုဏ်းက တကယ်ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေကို ခံစားခဲ့ရမှာ။”

မိုဟိုင်က မြောက်ဘက်ကိုလှည့်ပြီး သူ့အသက်ရှုသွင်းရင်း ရေရွတ်လိုက်၏။ "မြူနှင်း နတ်မိမယ်တွေမှာ အရမ်းအစွမ်းထက်တဲ့ ဦးနှောက်ဆေးနည်းစနစ်တွေ ရှိတယ်...။ အစ်မ ရှန်းကွမ်ယီနဲ့ နောက်တစ်ကြိမ်တွေ့တဲ့အခါ ရန်သူတွေမဖြစ်ဖို့ မျှော်လင့်ရတာပဲ"

ထိုသည်ကို ကြားပြီး အန်လင်းသည်လည်း သက်ပြင်းမောတစ်ခုကို ချလိုက်လေ၏။

ရှန်းကွမိယီမှာ ဤမျှအထိ ရုန်းရင်းဆန်ခတ် ဘဝကို ဦးဆောင်နိုင်ခဲ့၏။ နောက်ဆုံးတွင် သူမက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ထောက်ခံမှုကို ရယူနိုင်မည့် အချိန်၌ မြူနှင်းနတ်မိမယ်များ ရောက်လာခဲ့သည်။

သူမက မြူနှင်းနတ်မိမယ်တစ်ချို့နောက်ကို လိုက်သော်လည်း ထိုအစား သူတို့၏ အဖမ်းခံရခြင်းနှင့် အဆုံးသတ်သွားလေ၏။

"သခင်ငယ်လေး အန်၊ မနက်စာ အဆင့်သင့်ဖြစ်ပါပြီ။" ချွန်လေး၏ ညင်သာသောအသံက မီးဖိုချောင်ထဲမှ ထွက်ပေါ်လာ၏။

"လာလေ။ သွား စားကြစို့ အစ်ကို မိုဟိုင်။" အန်လင်းက မိုဟိုင်ကို သူ့နောက်လိုက်ခဲ့ရန် လက်ဟန်ပြလိုက်လေ၏။

မိုဟိုင်က ခေါင်းခါလိုက်ကာ "ငါက စားပြီးသွားပြီ။ အို ဟုတ်သား။ မင်း မနက်စာ စားပြီးရင် ကောင်းကင်ဘုံ မျှော်စင်ဖြူကို စုရှောင်လန်နဲ့အတူ သွား လိုက်အုံး။ အကြီးအကဲ ကျူက အဲ့မှာ မင်းတို့ကို စောင့်နေလိမ့်မယ်။"

ကောင်းကင်ဘုံ မျှော်စင်ဖြူမှာ ဗာမီလီယမ်ငှက်ဂိုဏ်း၏ တားမြစ်နယ်မြေ ဖြစ်လေ၏။ ကောလဟာလများအရ ဂိုဏ်း၏ အဖိုးတန်ဆုံးသော ရတနာများကို ထိုနေရာ၌ သိုလှောင်ထားသည်ဟု ဆို၏။

အန်လင်း၏ စိတ်ဝင်စားမှုသည် ချက်ချင်းပင် တိုးပွားသွားလေ၏။ သူက နားမလည်တဲ့အမူအရာဖြင့် ဟန်ဆောင်ပြီး "အကြီးအကဲ ကျူက ငါတို့ကို ဘာလို့တွေ့ချင်တာလဲ " ဟု မေးလိုက်၏။

“အဲ့ကိုရောက်ရင် သိပါလိမ့်မယ်။ ငါ အခုသွားပြီ။" မိုဟိုင်မှာ ပေါ့ပေါ့ပါးပါး ရယ်မောကာ ထွက်ခွာသွား၏။

မိုဟိုင်အား နှုတ်ဆက်ပြီးနောက် အန်လင်းသည် ဤသတင်းအား စုရှောင်လန်ဆီသို့ ကြည်နူးစွာ ပေးပို့လိုက်၏။

စုရှောင်လန်က အတော်လေး တည်ငြိမ်နေပြီး ကိစ္စရပ်တစ်ခုလုံးကို ပြန်လည် စုစည်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူမတွင် ရတနာများ အလုံအလောက် ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ထုတ်ပြောလာလေသည်။

...

မနက်စာစားပြီးနောက် အန်လင်းက ကောင်းကင်ဘုံမျှော်စင်ဖြူဆီသို့ စုရှောင်လန်နှင့်အတူ ပျံသန်းလာလိုက်၏။

ကောင်းကင်ဘုံ မျှော်စင်ဖြူမှာ ကောင်းကင်ထိ မြင့်မားနေသော မျှော်စင်ကြီးတစ်ခုဖြစ်၏။ ထိုအရာ၏ အောက်တွင် အံ့ဖွယ်တိမ်တိုက်ဖြူများ အလွှာလိုက် အထပ်ထပ်ရှိနေပေ၏။

​ကောင်းကင်ဘုံ မျှော်စင်ဖြူသို့ ဝင်ရောက်ရန်ခွင့်ပြုချက်မရသောတပည့်များသည် မည်မျှကြာကြာပျံသန်းနေပါစေ မျှော်စင်အနီးသို့မသွားနိုင်သည်ကိုတွေ့ရပေလိမ့်မည်။ ထိုသည်က တိမ်တိုက်များထဲရှိ တံလျှပ်ကဲ့သို့ ဖြစ်နေကာ မြင်နိုင်သော်လည်း မရောက်နိုင်ပေ။

အန်လင်းနှင့် စုရှောင်လန်တို့က ထိုအခြေအနေကို မကြုံရပါချေ။ သူတို့နှစ်ဦးစလုံးက ကောင်းကင်ဘုံ မျှော်စင်ဖြူ၏ ဝင်ပေါက်သို့ အခက်အခဲမရှိ ရောက်လာကြ၏။

ကျူယွမ်ကျိုးမှာ သူတို့ကို ပြုံးလျက် စောင့်နေပြီးဖြစ်၏။

ကျူယွမ်ကျိုးမှာ စုရှောင်လန်၏ ဦးလေးဖြစ်သည်မို့ အန်လင်းက သူ့ကိုတွေ့ရန် အနည်းငယ် စိတ်လှုပ်ရှားနေပေ၏။

မည်သို့ဆိုဆို သူက စုရှောင်လန်၏ လက်ကို ဂိုဏ်းတစ်ခုလုံးရှေ့တွင်ကိုင်ခဲ့သည်ဖြစ်ရာ သူမ၏ ဦးလေးက ထိုသည်နှင့် ပတ်သတ်၍ မည်သို့ သဘောရသည်ကို မသိခဲ့ပါချေ...။

အကြီးအကဲကျူသည် ကျေနပ်သော အပြုံးဖြင့် အန်းလင်းကို ကြည့်လိုက်၏။ “ဟီးဟီး...၊ အန်လင်း၊ မင်းရဲ့ဆုလာဘ်ကတော့ အတော်ကို အဖိုးတန်တဲ့ဟာဖြစ်မှာ။ မင်းရဲ့ဝေစုကို စုရှောင်လန်က သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားဖို့ ဘာ​လို့ မပေးလိုက်တာလဲ။ ဘာပဲပြောပြော ဇနီးသည်က မိသားစုငွေရေးကြေးရေးကို ဂရုစိုက်သင့်တယ်လေ…”

ထိုသည်ကိုကြားတော့ အန်လင်း အနည်းငယ် တုန်လှုပ်သွားပြီး စုရှောင်လန်ဒေါသမထွက်ခင်တွင် ပြန်ဖြေရန်အတွက် အခွင့်အရေး မရခဲ့ပါပေ။ "အကြီးအကဲ ကျူ... ကျေးဇူးပြု၍ ပိုပြီးလေးနက်ပေးပါ။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ အန်လင်းကို မစပါနဲ့ ။ သူက ကျွန်မတို့ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ သူရဲကောင်းပဲ။"

အကြီးအကဲကျူက သူ့တူမကို လက်နက်ချသည့် အမူအရာဖြင့် ကြည့်လိုက်၏။ ထို့နောက် စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်လေ၏။ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူမ၏အတောင်များက မာကျောလာခဲ့ပေသည်။

“အန်လင်း...၊ မင်းကို ငါမေးစရာတစ်ခုပဲ ရှိတယ်။ မင်းက နန်းတော်ခေါင်းဆောင်ငါးယောက်ကို ကိုင်တွယ်ခဲ့တာလား။" အကြီးအကဲကျူက ရုတ်တရက် မေးလိုက်၏။

အန်လင်းက ခေါင်းမငြိမ့်ပြမီ ခေတ္တမျှ တုံ့ဆိုင်းနေ​လေ၏။ "ဟုတ်တယ်။ ကျွန်တော်ပါ။"

သူက ဤအချက်ကို မည်သူ့ဆီကမှ ဖုံးကွယ်ထားရန် မလိုပါချေ။ မည်သို့ဆိုဆို သူ့၏ စွမ်းအင် အဆင့်မှာ မည်သူမှ မတူးဆွရဲသော လျှို့ဝှက်ချက်တစ်ခု ဖြစ်နေပေ၏။

ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးသည် တောင်ပံနက်မျိုးနွယ်စု၏ မဟူရာည အရှင်သခင်တစ်ပါးကို သူမည်သို့ သုတ်သင်ထားသည်ကို သိထားသောကြောင့် ဗာမီလီယမ်ငှက်ဂိုဏ်းမှ အကြီးအကဲများအားလုံးလည်း ထိုအကြောင်းကို သိရှိနိုင်ပေ၏။ ထို့ကြောင့်၊ သူသည် မြင့်မြတ်နန်းတော်ခေါင်းဆောင်အချို့ကို သတ်ခဲ့သည်က အလွန်အံ့အားသင့်စရာ ဖြစ်နေလိမ့်မည်မဟုတ်ပါပေ။

သေချာပေါက်ပင် အကြီးအကဲ ကျူက ထိုသည်ကိုကြားပြီးသည်နှင့် ခေါင်းညိမ့်ရံုသာ ညိမ့်ြပလေ၏။ သူ့မျက်နှာမှာ အံ့အားသင့်သည့် အရိပ်အမြွက် အနည်းငယ်မျှ မရှိခဲ့ပါပေ။ ထို့ပြင် ဤအဖြေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်နေပုံရလေ၏။။

“ဒါဆို အခုကစပြီး၊ မင်းက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲတွေထဲက တစ်ယောက်ပဲ” ဟု အကြီးအကဲ ကျူက အပြုံးဖြင့် ကြေညာလိုက်၏။ "ဒါက မင်းရဲ့ အကြီးအကဲ တံဆိပ်ပဲ။ လုံခြုံတဲ့ နေရာမှာ သိမ်းထားလိုက်ပါ။"

အန်လင်းက တံဆိပ်ကို လက်ခံရပြီးနောက် အံ့ဩလွန်း၍ မည်သည်မှပင် မပြောနိုင်တော့ပါပေ။

ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်ရဲ့ ရာထူးက မည်မျှအထိ တန်ဖိုးရှိသည်ဆိုတာကို သူသိထားပြီး ဖြစ်၏။ ဆိုလိုသည်မှာ သူသည် ဂိုဏ်း၏အကြီးအကဲတစ်ဦးအဖြစ် တူညီသော ကုသမှုနှင့် အခကြေးငွေကို ရနိုင်သည်ဟုပင်။ လိုအပ်သောအခြေအနေများအားလုံးကို ဖြည့်ဆည်းပေးကာ ဂိုဏ်း၏ တားမြစ်နယ်မြေအားလုံးကိုပင် ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် သူက ဂိုဏ်းအတွက် မည်သည်ကိုမှ ပေးဆပ်ရန် မလိုအပ်ပေ။

ထိုသည်က အလုပ် အမှန်ကယ်လုပ်စရာမလိုဘဲ လုပ်ခနဲ့ ခံစားခွင့်များ ရရှိသည်နှင့်တူပေ၏။

“ဒါက…” အန်လင်းသည် သူ့လက်ထဲရှိ တံဆိပ်က အလွန်လေးလံသွားသလို ခံစားလိုက်ရသည်။

ဂိုဏ်းတပည့်များအားလုံးကို မဆိုပေနှင့်၊ ဂုဏ်ထူးဆောင် အကြီးအကဲတစ်ယောက်၏ အခန်းကဏ္ဍမှာ ဂိုဏ်း၏အကြီးအကဲများပင် လိုလားတောင့်တနေသော အရာတစ်ခုဖြစ်လေ၏။

“ဒါကို မငြင်းနဲ့နော်။ ဒါက မင်းနဲ့ ထိုက်တန်တဲ့အရာပဲ။ မြင့်မြတ် ဗာမီလီယမ် မီးတောက်ကို ပြန်လည်ရရှိဖို့ မင်း၏ကြိုးပမ်းအားထုတ်မှုတွေက တွေးကြည့်လို့ရတာထက် ဂိုဏ်းအတွက် ပို၍အဓိပ္ပာယ်ရှိတယ်။ မင်းက ဂိုဏ်းတစ်ခုလုံးရဲ့ သူရဲကောင်းပဲ...။" အကြီးအကဲ ကျူသည် အန်လင်းကို လေးလေးနက်နက် စိုက်ကြည့်နေပြီးနောက် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာလေ၏။ "လာပါ။ ရတနာတွေ သွားရွေးကြရအောင်...။"

----------------

All Chapters