← Chapters

မှန်ကြီးရေ နံရံပေါ်က မှန်ကြီးရေ

Vol. 33 Ch. 463

မှန်ကြီးရေ နံရံပေါ်က မှန်ကြီးရေ

Vol. 33 Ch. 463

အကြီးအကဲကျူ၏ မျက်နှာမှာ ဗာမီလီယမ်ငှက်ကြေးမုံက သတ္ထုချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းထဲတွင် ပိတ်မိနေသည်ကို မြင်သောအခါ လွန်စွာ တုန်လှုပ်သွားလေ၏။ တစ်စုံတစ်ဦးက ဤကဲ့သို့ ကြမ်းတမ်းမှုများ ပေါ်ပေါက်သွားသည်အထိ မည်မျှများပြားသော နာကျင်မှုများကို ကြုံတွေ့ခဲ့ရသနည်း။

သူက သူ့လက်များနှင့် ချိတ်စည်းမပြုလုပ်မီတွင် ခေတ္တတုံ့ဆိုင်းသွားလေ၏။

အဖြူရောင် မန္တန်ဖွဲ့စည်းခြင်းတစ်ခုက ဗာမီလီယမ်ငှက်ကြေးမုံ၏ ပေါ်တွင် ဖြစ်ပေါ်လာလေ၏။ ဗာမီလီယမ်ငှက် ကြေးမုံက တုန်ခါလာပြီး ချက်ချင်းပင် လွတ်မြောက်ရန် ကြိုးစားလာလေ၏။

ဘုန်း...

ဗာမီလီယမ်ငှက်ကြေးမုံက သတ္ထုချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းကို အသံကျယ်ကြီးနှင့် ဝင်တိုက်လိုက်လေ၏။

"မင်း ဘယ်မှ မသွားရဘူး။" အန်လင်းက အော်ကာ ကြေးမုံဆီသို့ တိုးဝင်သွားလေသည်။

ဗာမီလီယမ်ငှက်ကြေးမုံက ရုတ်တရက် တခြားဦးတည်ချက်ဆီသို့ အလန့်တကြား ပျံသွားလေ၏။ သို့သော် ထိုသည်က သတ္ထု ချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်း၏ အပြည့်အဝ ဝန်းရံခြင်းကို ခံထားရပြီး မကြာမီမှာပင် ခိုင်မာလှသော အကာအရံကို ထပ်မံ၍ ဝင်တိုက်မိသွားလေ၏။

ဗာမီလီယမ်ငှက် ကြေးမုံမှာ အလွန်မြန်ဆန်လွန်းလှသော်လည်း ထိုသည်က စွမ်းအားများ လျော့ပါးနေသည်မို့ သတ္ထုချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းကို မဖြတ်သန်းနိုင်ပါပေ။

အန်လင်းက သူရူးတစ်ယောက်ကဲ့သို့ ဗာမီလီယမ်ငှက် ကြေးမုံနောက်သို့ စတင်လိုက်လေတော့သည်။

အဆုံးတွင်တော့ အန်လင်းက ဗာမီလီယမ်ငှက် ကြေးမုံကို နတ်ဆိုးအပြုံးဖြင့် ကိုင်ထားလိုက်နိုင်လေ၏။ "ဟီးဟီး... မင်းက ငါ့ဆီကနေ ထွက်ပြေးလို့ မလွတ်ပါဘူး။ အရှုံးပေးလိုက်ပြီး ငါ့ကို သခင်အဖြစ်သာ လက်ခံလိုက်စမ်းပါ။"

ဗာမီလီယမ်ငှက်ကြေးမုံက အလန့်တကြား တုန်ယင်နေပေ၏။

"အန်လင်းက ရန်သူတစ်ယောက်လိုမျိုး ငါ ဘာလို့ ခံစား​နေရပါလိမ့်...။" အကြီးအကဲ ကျူက ရေရွတ်လိုက်၏။

စုရှောင်လန်က သူမ၏ မျက်ခုံးမွေးများကို ပွတ်သပ်ပြီး ရှက်ရွံ့စွာ အကြည့်လွှဲသွားလေ၏။

အန်လင်းက အဓိပ္ပာယ်မဲ့ စကားများ ထပ်မ​ပြောတော့ပဲ ချက်ချင်းပင် သူ့၏ စွမ်းအားကို အသုံးပြုကာ ဗာမီလီယမ်ငှက် ကြေးမုံကို သန့်စင်လိုက်လေ၏။ သို့သော်လည်း သူက အလွန်အစွမ်းထက်လှသော အားအင်တစ်ခု၏ တားမြစ်ခြင်းကို ခံလိုက်ရ၏။

"ဟင်... အတော် ခေါင်းမာတဲ့ ကြေးမုံပဲ။ ငါ့ရဲ့ အစွမ်းတွေ ပြအုံးမယ်။"

အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်။

အဖြူရောင်အလင်တစ်ခုက အန်လင်း၏ မျက်လုံးထဲတွင် လင်းလင်လာပြီး ဗာမီလီယမ်ကြေးမုံနှင့် ပတ်သတ်သည့် သတင်းအချက်အလက် တစ်သီတစ်တန်းကြီးက သူ့စိတ်ထဲတွင် ပေါ်လာလေ၏။

"ဗာမီလီယမ်ငှက် ကြေးမုံ၊ မြင့်မြတ်ဗာမီလီယမ်ငှက် သားရဲမှာ ဗာမီလီယမ်ငှက်ကြေးမုံကို ဒဏ္ဍာရီလာသားရဲ အံ့ဖွယ်ရေခဲ ပျံလွှားငှက်၏ ဦးခေါင်းခွံကို အရောင်တင်ကာ ဖန်တီးခဲ့၏။ ဗာမီလီယမ်ငှက် ကြေးမုံမှာ ဗဟုသုတနှင့် စစ်မှန်သော မှန်ကန်ခြင်း၏ စွမ်းအားကို ပိုင်ဆိုင်ပြီး ရန်သူ၏ တိုက်ခိုက်မှုများကို တန်ပြန်ဟပ်နိုင်သော စွမ်းအား ပိုင်ဆိုင်လေ၏။ ထိုသည်က ဗာမီလီယမ်ငှက်ကို အလွန်ကြောက်ရွံ့ပြီး တွန်းအားပေးပြီး သန့်စင်လိုပါက ဗာမီလီယမ်ငှက်၏ အော်ရာပါဝင်သော သွေးအဆီအနှစ်တစ်စက်ကို ချလိုက်ပါက လုံလောက်ပါသည်။"

ထိုသည်ကို ကြားပြီးနောက် အန်လင်းက ချက်ချင်းပင် သဘောပေါက်သွားလေ၏။

သူက စုရှောင်လန်နှင့် အကြီးအကဲ ကျူဆီသို့ စိတ်လှုပ်ရှားစွာနှင့် အချက်တစ်ချက်ကို သက်သေပြရန် ကြိုးစားနေသကဲ့သို့ လှည့်လိုက်လေ၏။ "အံ့ဩစရာမရှိတော့ဘူး... ဗာမီလီယမ်ငှက် ရင်းမြစ်ရတနာတွေက ငါ့ကို ကြောက်နေတာ အံ့ဩစရာမရှိတော့ဘူး...။ အဲဒါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဗာမီလီယမ်ငှက်ရဲ့ အော်ရာကြောင့်ပဲ။ ဗာမီလီယမ်ငှက် ရင်းမြစ် ရတနာတွေ အကုန်လုံးက ဗာမီလီယမ်ငှက်ကို ဆန့်ကျင်နေကြတာ။ ငါ့ကိုမဟုတ်ဘူး။"

အကြီးအကဲကျူက တွေးတောရင်း မျက်တောင်ခတ်လိုက်လေ၏။ သူက အန်လင်းပြောသည်က ဖြစ်နိုင်သည်ဟု ခံစားရ၏။

စုရှောင်လန်မှာ အနည်းငယ် ပိုမို၍ ကျိုးကြောင်းဆီလျော်၏။ "ဒါပေမဲ့... ငါ့မှာလဲ ငါ့ခန္ဓာကိုယ်ကို ဖြတ်ပြီး စီးနေတဲ့ ဗာမီလီယမ်ငှက် သွေးမျိုးဆက်ရှိတာပဲ။ ဗာမီလီယမ်ငှက် လက်ကောက်ကကျတော့ ငါ့ကိုဘာလို့မ​ကြောက်တာလဲ။"

ဘုန်း...

စုရှောင်လန်၏ စကားလုံးများက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အန်လင်း၏ ဦးခေါင်းအား ရိုက်ခတ်သွားလေ၏။

အဲဒါက အမှန်ပဲ။ သူတို့က စုရှောင်လန်ကိုကျတော့ ဘာလို့မကြောက်ကြတာလဲ။

သူတို့က ဘာလို့ ငါ့ကိုပဲ ကြောက်နေကြတာလဲ။ သူတို့က ငါ့ကို ဘာလို့ ဒီလိုမျိုးကြီး စွန့်ပစ်လိုက်ရတာလဲ။

သူ့၏ စိတ်လှုပ်ရှားမှုများအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူက ရုတ်တရက် အလွန်အမင်း အေးစက်သွားသည်ဟု ထပ်မံ ခံစားလိုက်ရသည်...။

တခြားသူများ၏ ရတနာများအားလုံးက သူတို့၏ ပိုင်ရှင်ကို ဝမ်မြောက်စွာ လက်ခံပေးသော အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ သူတို့၏ သခင်ကို ပျော်ပျော်ရွှင်ရွှင် လက်ခံပေးကြ၏။ သို့သော် သူကြုံတွေ့ရသော ရတနာများအားလုံးမှာမူ သူက ရောဂါကပ်ဆိုးတစ်ခုကဲ့သို့ ထွက်ပြေးသွားကြ၏...။

"ငါ့သွေးကို မြည်းကြည့်စမ်း။"

အန်လင်းက အော်ဟစ်လိုက်ကာ သူ့၏ ရွှေရောင် သွေးအဆီအနှစ်ကို ဗာမီလီယမ်ငှက် ကြေးမုံဆီသို့ ကျဲလိုက်လေ၏။

အရေးမပါတာတွေ။ ငါ့ကို ရတနာတွေက မကြိုဆိုတော့ရော ဘာဖြစ်သေးလဲ။

ငါက သူတို့ကို နာခံအောင် တွန်းအားပေးလိုက်မှာပေါ့။

ရွှေရောင်သွေးအဆီအနှစ်က ကြေးမုံပေါ်သို့ ကျသွားကာ ထိုသည်က ချက်ချင်းပင် ပြင်းပြင်းထန်ထန်တုန်ခါလာတော့၏။

သေွးအဆီအနှစ်က ကြေးမုံထဲထို့ စိမ့်ဝင်သွားကာ ထိုအရာ၏ မျက်နှာပြင်မှ အဖြူရောင် ဖွဲ့စည်းခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။

အန်လင်းက ရုတ်တက် သူကိုယ်တိုင်နှင့် ကြေးမုံကြားမှ ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထိုသည်မှာ သူက ကြေးမုံ၏ သခင်ဖြစ်သွားသည်ကို အတည်ပြုပေးလိုက်ခြင်းပင်။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး အပြုံးတစ်ခုနှင့် ဗာမီလီယမ်ငှက် ကြေးမုံကို ကောက်လိုက်လေ၏။ "ပြေးနေတော့လဲ ဘာအသုံးဝင်လို့လဲ။ အခုကစပြီး မင်းကို ငါပိုင်သွားပြီ။ ငါက မင်းရဲ့ သခင်ပဲ။ နားလည်ရဲ့လား။ ဟမ်...။"

အကြီးအကဲ ကျူ : "..."

စုရှောင်လန် : "..."

လူတစ်ယောက်အတွက် ကြေးမုံတစ်ခုအား ဤကဲ့သို့ စကားများပြောစေရန်အတွက် မည်သို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုး ကြုံခဲ့ရပါသနည်း။

ဗာမီလီယမ်ငှက် ကြေးမုံမှာ ရေခဲပြာရောင် မျက်နှာပြင်နှင့် ကြက်သွေးရောင်ဘောင်တစ်ခုပါရှိသော ရှုပ်ထွေးလှပြီး အဝိုင်းပုံစံ ကြေးမုံတစ်ခုဖြစ်လေ၏။

ထိုသည်က လူတစ်ဦး၏ မျက်နှာ အရွယ်အစားခန့်ရှိသော်လည်း ယခုတွင်တော့ အန်လင်း၏ နှိပ်စက်ခြင်းကို ခံလိုက်ရသဖြင့် ထိုသည်က ယခုတွင် လူတစ်ဦး၏လက်အရွယ်အစားသို့ လျော့ကျသွားလေပြီ။

အကြီူအကဲ ကျူက ခပ်ဖွဖွ ချောင်းဟမ့်လိုက်ပြီး "မင်းက မင်းအလိုရှိတဲ့ ဗာမီလီယမ်ငှက် ရင်းမြစ်ရတနာတွေရပြီဆိုတော့ အခု ကောင်းကင်ဘုံ မျှော်စင်ဖြူကနေ သွားလို့ရပြီ။"

အန်လင်းနှင့် စုရှောင်လန်တို့နှစ်ဦးက ကျေနပ်စွာဖြင့် ကောင်းကင်ဘုံ မျှော်စင်ဖြူမှ ထွက်လာခဲ့ကြ၏။

ဗာမီလီယမ်ငှက် ရင်းမြစ် ရတနာများမှာ ဤအချိန်တွင် ဗာမီလီယမ်ငှက်ဂိုဏ်းက ပေးနိုင်သော အကောင်းဆုံး ဆုလာဒ်များ ဖြစ်လေ၏။ ထိုသည်မှ သူတို့နှစ်ဦးမှာ ဂိုဏ်းအတွက် မည်မျှ အရေးပါသည်ကို မြင်တွေ့ရန် ရှင်းလင်းသွားပေ၏။

အန်လင်းသည်လည်း ဂိုဏ်းကို ခြိမ်းခြောက်ခံရသည့် အခြေအနေများမှလွဲ၍ သူအလိုရှိသမျှ ပြုလုပ်ရန် ခွင့်ပြုပေးသော ဂုဏ်ထူးဆောင်အကြီးအကဲဘွဲ့ကို လက်ခံရှိထားလေ၏။ ထိုအခြေအနေများတွင်တော့ သူက အကူအညီပေးရန်အတွက် တာဝန်ရှိပါသည်။

အန်လင်းက စိတ်ဝိညာဉ် ကျောက်တုံး သုံးသိန်းပါ၀င်သည့် တစ်နှစ်တာအတွက် အခကြေးငွေရယူရန်အတွက် သူ့၏အကြီးအကဲတံဆိပ်ကို အကြီးအကဲမျှော်စင်သို့ ယူဆောင်လာခဲ့သည်။ ထိုသည်က သာမန်လူတွေအတွက် အလွန်များပြားလှသည့် ပမာဏဖြစ်သော်လည်း သူ့အတွက်မူ ပေါက်စီအခုသုံးရာသာ တန်ဖိုးရှိပေ၏...။

သူ့၏ အခကြေးငွေကို လက်ခံပြီးနောက် စုရှောင်လန်က အန်လင်းကို ဦးဆောင်ကာ အကြီးအကဲများအတွက်သာ ခွင့်ပြုထားသော ဗာမီလီယမ်ငှက်ဂိုဏ်း၏ တားမြစ်ဧရိယာများအားလုံးသို့ ခေါ်သွားလေ၏။ ထို့နောက် သူမက တားမြစ်နေရာတစ်ခုစီတိုင်း၏ ကျင့်ကြံမှု တိုးတက်နိုင်သည့် အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းပြလိုက်လေ၏။ စုရှောင်လန်၏ ဖော်ပြချက်များကို နားထောင်ပြီးနောက် အန်လင်း၏ နှလုံးသားမှာ စိတ်လှုပ်ရှားစွာ တဖျတ်ဖျတ်ခုန်လာပေတော့သည်။

တာအိုရှာဖွေခြင်း တားမြစ်နယ်မြေများသည် သူ့အတွက် အသုံးမဝင်သော်လည်း သူ့ခန္ဓာကိုယ်အတွင်း မီးတောက်စွမ်းအားကို မြှင့်တင်ပေးနိုင်သော တားမြစ်နယ်မြေအချို့ရှိလေ၏။ ထိုတားမြစ်နယ်မြေများက သူ့အတွက် အတော်လေးပင် အသုံးဝင်၏။ သူက ဗာမီလီယမ်ငှက်ဂိုဏ်းသို့လာရောက်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်သောအခါ အနန္တ မီးတောက် ကောင်းကင်ဘုံတံတားကိုဖြတ်သန်း၍ စွန့်စားရန်ဆုံးဖြတ်လိုက်၏။ တံတားအဆုံးတွင် အောင်မြင်စွာနှင့် အဆုံးအထိရောက်ခဲ့ကြသော ကျင့်ကြံသူများ၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီသည့် ထူးခြား ရတနာများနှင့် ဆေးဝါးများ ရှိနေသည်ဟု ဆိုကြသည်။

အပြန်လမ်းတွင် အန်လင်းက စုရှောင်လန်၏ လက်​ကောက်ဝတ်ထက်မှ လက်ကောက်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်လိုက်လေ၏။ "အဲ့လက်ကောက်က နင်နဲ့ တကယ်လိုက်တာပဲ။ နင်က အဲဒါကို အကြီးအကဲကျူရဲ့ မိတ်ဆက်ပေးတာကိုတောင် နားမထောင်ပဲ ရွေးလိုက်တာပဲ...။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နင်က သိပြီးသားလား။"

စုရှောင်လန်သည် နေရောင်အောက်တွင် တဖျပ်ဖျပ်တောက်နေသော လက်ကောက်ကို ငုံ့ကြည့်လိုက်၏။ “ဒီ ဗာမီလီယမ်ငှက် လက်ကောက်မှာ အရမ်း အစွမ်းထက်တဲ့ ခုခံကာကွယ်​ေရး အကျိုးကျေးဇူးတွေရှိတယ်လေ။ အဲဒါက ငါ့အမေ မသေခင်တုန်းက သုံးခဲ့တဲ့ ဗာမီလီယမ်ငှက် ရင်းမြစ် ရတနာလေ။ သူတို့ရဲ့ အသုံးပြုသူ ကွယ်လွန်သွားရင် ဗာမီလီယမ်ငှက် ရင်းမြစ် ရတနာတွေကို မြင့်မြတ်ဗာမီလီယမ်မီးတောက်က ကောင်းကင်ဘုံ မျှော်စင်ဖြူဆီကိုပြန်ပြီး ဆင့်ခေါ်တာလေ။ ဒီလက်ကောက်ကို နောက်တစ်ကြိမ်ပြန်တွေ့တော့ ဒီအတိုင်းပဲ ငါ့ဘေးမှာ သိမ်းထားလိုက်တာ။"

အန်လင်းက စုရှောင်လန်၏ စကားလုံးများကြောင့်အနည်းငယ် ကြောင်အသွားလေ၏။

စုရှောင်လန်က သူမ အမေအကြောင်းတစ်ခါမှ မပြောဖူးသည်မှာ အံ့ဩစရာမဟုတ်တော့ပါချေ...။

သူက စုရှောင်လန်၏ စကားများတွင် တခြားသော အရိပ်အယောင်များလဲ ထောက်လှမ်းမိသည်မို့ ပြန်မေးမည့်အချိန်မှာပင်...။

ထိုအချိန်၌ စုရှောင်လန်က ဆက်ပြောလာ၏။ "အခုလောလောဆယ် အဲ့အကြောင်းတွေ မပြောရအောင်။ ဘာပဲဖြစ်ဖြစ် ငါလုံလုံလောက် အစွမ်းထက်လာတော့မှပဲ အဲ့အကြောင်းတွေ တွေးနိုင်မှာ။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ စုရှောင်လန်မှာ သူ့အား သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စတွင် ဝင်မပါစေချင်၍ ဤသို့ ပြောနေမှန်း သိလိုက်ပေ၏။

...

မကြာမီမှာပင် အန်လင်းက သူ့အခန်းထဲသို့ ပြန်လာပြီး ဗာမီလီယမ်ငှက် ကြေးမုံကို ထပ်မံ ထုတ်လိုက်၏။

ဗာမီလီယမ်ငှက် ကြေးမုံမှာ ဗာမီလီယမ်ငှက် သားရဲက သွန်းလုပ်ခဲ့သော ကြေးမုံဖြစ်၍ သေချာပေါက်ပင် အလွန်ထူးခြားလှသော စွမ်းအားများ ပိုင်ဆိုင်နေပေ၏။ ထို့ကြောင့်ပင် အန်လင်းက ထိုအရာ၏ စွမ်းရည်များကို စမ်းသပ်သင့်သည်ဟု ခံစားရ၏။

အန်လင်းက ကြေးမုံကို စားပွဲပေါ်တွင် တင်လိုက်ပြီး သူ့၏ စိတ်ဆန္ဒကို သုံးကာ ထိုသည်ကို လူတစ်ဦး၏ မျက်နှာအရွယ်အစားအထိ ချဲ့လိုက်၏။

သိပ်မကြာခင်ကပင် ဗာမီလီယမ်ငှက် ကြေးမုံမှာ ပြေးနိုင်၊ တုန်ယင်နိုင်ပြီး ကိုယ်တိုင် အပ်နှင်းရန် ငြင်းဆန်နိုင်ခဲ့၏။ ထိုသည်မှာ ထိုအရာက အလွန်ဉာဏ်ရည်မြင့်မားသော ကြေးမုံဖြစ်ကြောင်း ညွှန်ပြနေလေ၏။

အန်လင်းက ကြေးမုံကို စိတ်ဝင်စားစွာ ကြည့်လိုက်၏။ "​မှန်ကြီးရေ နံရံပေါ်က မှန်ကြီးရေ... နင်က အရမ်းကို ဉာဏ်ရည်မြင့်မားပြီး ဗဟုသုတ ကြွယ်တဲ့ မှန်လို့ ငါကြားထားတယ်။ အဲဒါမို့ ငါဘာမေးမေး ရတယ်ဆို။ အမှန်ပဲလား။"

အဖြူရောင် နှင်းမှုန်များနှင့် ဖွဲ့စည်းထားသော စကားလုံးများက ကြေးမုံ၏ ရေခဲပြာရောင် မျက်နှာပင်တွင် ရုတ်တရက် ပေါ်လာလေ၏။

"သခင်၊ ငါ ဗာမီလီယမ်ငှက် ကြေးမုံပါ။ မှော်ကြေးမုံမဟုတ်ဘူး။ သခင့်မေးခွန်းရဲ့ အဖြေအတွက်ကတော့ ဟုတ်ပါတယ်။"

အန်လင်းက အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်၏။ "မဟုတ်ဘူး။ ငါက မင်းရဲ့ သခင်ပဲ။ မင်းက မှော်ကြေးမုံလို့ ငါပြောရင် မင်းက မှော်ကြေးမုံပဲ။ နားလည်လား ငါ့ရဲ့ ချစ်စရာမှော်ကြေးမုံလေး။"

ကြေးမုံပေါ်တွင် စကားလုံးသုံးလုံး ပေါ်လာလေ၏။ "နားမလည်ပါဘူး။"

"အတော်ဆိုးတဲ့ မှန်ပဲ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ငါက တဖြည်းဖြည်း မင်းကို ယဉ်ပါးအောင် လုပ်လို့ရတယ်။" အန်လင်းက ခပ်ဖွဖွ ရယ်ကာ မေးလိုက်၏။ "မင်း စကားပြောနိုင်လား။"

တခြားသော စာလုံးများ ထပ်မံပေါ်လာလေ၏။ "ပြောနိုင်ပါတယ်။ ဒါပေမဲ့ စကားပြောတာက စာရေးတာထက် စွမ်းအင် ပိုကုန်ပါတယ်။"

အန်လင်းကို ထိုသည်ကို ကြားပြီး စိတ်လှုပ်ရှားသွားလေ၏။ "ငါ့ကို စကားပြော။ ငါ မင်းက အထီးလား အမလားဆိုတာ သိချင်တယ်။"

တခြားသော စာကြောင်းတစ်ခု ထပ်မံပေါ်လာပြန်၏။ "မင်းပြောဆိုတာနဲ့ပဲ ငါက စကားပြောမှာမဟုတ်ဘူး။"

အန်လင်းမှာ သူ့၏ ဩဇာကို စိန်ခေါ်ခြင်းခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။ သူ့မျက်နှာထက်တွက် နတ်ဆိုးအပြုံးတစ်ခုပေါ်လာပြီး "မင်းက စကားမပြောဘူးလား။ အဲဒါဆို ငါမင်းကို အိမ်သာထဲသွား လွင့်ပစ်မယ်။"

"ထွက်သွားစမ်း..." နူးညံ့သော ခပ်ဆတ်ဆတ်အသံတစ်ခုက ပြောလိုက်၏။

အန်လင်းက ​ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

----------

All Chapters