← Chapters

မြူနှင်း နတ်မိမယ်များ၏ ရတနာသေတ္တာ

Vol. 33 Ch. 464

မြူနှင်း နတ်မိမယ်များ၏ ရတနာသေတ္တာ

Vol. 33 Ch. 464

အန်လင်းမှာ ​မှော်ကြေးမုံထံမှ နူးညံ့သော အမျိုးသမီးအသံတစ်ခု ကြားလိုက်ရ၍ စိတ်အေးသွား၏။

ဤကဲ့သို့ ချစ်စဖွယ် အသံကသာလျှင် သူ့၏ အကြိုက်နှင့် ကိုက်ညီပေ၏။

"မှော်ကြေးမုံလေး၊ မင်းမှာ အသံလှလှလေး ရှိတာပဲ။ ငါ့အတွက် သီချင်းတစ်ပုဒ်လောက် ဆိုပေးမလား။"အန်လင်းက အပြုံးလေး တစ်ခုနှင့် မေးလိုက်၏။

ဗာမီလီယမ်ငှက် ကြေးမုံ : "..."

ကြေးမုံ၏ ရေခဲ​​ပြာရောင် မျက်နှာပြင်တွင် ရုတ်တရက် အလင်းက ဖြတ်သန်းသွား၏။

"သခင်၊ ငါ နင့်ကို အခုလေးတင် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတစ်ခု လုပ်လိုက်တာ။ နင်က စိတ်မတည်ငြိမ်တဲ့လူတစ်ယောက်လို ပြုမူနေတာကို ငါတွေ့ရတယ်။ ဘာလို့လဲဆိုတော့ နင်က စွန့်ပစ်ခံရခြင်းနဲ့ သိမ်ငယ်ခြင်းရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကြောင့် ဒေါသထွက်နေတာပဲ။ နင်ငါ့ကိုဆက်သွယ်ပြီး နင့်ရဲ့နှလုံးသားထဲမှာရှိတဲ့ ကွက်လပ်ကိုဖြည့်ဖို့အတွက် ငါ့ရဲ့ ထောက်ခံမှုကို လိုချင်နေတာလေ။" ကြေးမုံပြင်၏ ပြတ်သားပြီး နူးညံ့သော အသံသည် ထပ်၍ ထွက်ပေါ်လာပြန်၏။

အန်လင်းမှာ အံ့အားသင့်သွားလေ၏။ သူက ဗာမီလီယမ်ငှက် ကြေးမုံတွက် ဤကဲ့သို့ စွမ်းရည် ရှိနေမည်ဟု မထင်ထားခဲ့ချေ။

"အဲဒါဆို ငါက ဘာလုပ်သင့်လဲ။ နင်က ငါ့နှလုံးသားထဲက ကွက်လပ်ကို ဖြည့်ပေးနိုင်လား။" အန်လင်းက စိတ်ရင်းဖြင့် မေးလိုက်၏။

"ငါ တခြား သခင်တစ်ယောက် ပြောင်းချင်တယ်။" ဗာမီလီယမ်ငှက် ကြေးမုံက ပြန်ဖြေလိုက်၏။

အန်လင်း : "..."

သူက နှလုံးသားကို ဓားတစ်ချောင်းဖြင့် အထိုးခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

အန်လင်းက သူ့၏ ဗာမီလီယမ်ငှက် ကြေးမုံကို သိုလှောင်လက်စွပ်ထဲသို့ တိတ်တဆိတ် ပြန်ထည့်လိုက်၏။ သူက ရုတ်တရက် သူ့၏ မိစ္ဆာရှင်းဓားကို သတိရကာ ပို၍ပင် စိတ်ဓာတ်ကျသွားလေ၏။

အဘယ်ကြောင့် သူနှင့် ဆက်ဆံရသော လက်နက်များအားလုံးက အကြောတင်းကာ ယဉ်ပါးရန် ခက်ခဲနေရပါသနည်း။ အမြဲတမ်း ယုံကြည်ရသော အုတ်ခဲနှင့် အကြော်ဒယ်အိုသည်သာလျှင် သူ့၏ သူငယ်ချင်းအစစ်များ ဖြစ်ကြလေ၏။

အန်လင်းက သူ့၏ သိုလှောင် လက်စွပ်ထဲမှ တောက်ပနေသော သိုလှောင်လက်စွပ်ငါးကွင်းကို ထုတ်လိုက်၏။

ထိုသည်များက သူသုတ်သင်ခဲ့သော မြင့်မြတ်နန်းတော် ခေါင်းဆောင် ငါးဦး၏ သိုလှောင်လက်စွပ်များ ဖြစ်၏။ သူက ယခုအထိ ထိုအရာများကို ကြည့်ရှုရန် အခွင့်အရေးမရသေးပါပေ။ သို့ဖြစ်၍ ယခုမှာ ထိုသို့ ပြုလုပ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်လေ၏။

သူက သိုလှောင် လက်စွပ် ငါးကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ မည်သို့ဆိုဆို ထိုသည်များက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂုလ်များ၏ သိုလှောင်လက်စွပ်များ ဖြစ်လေ၏။ သူတို့ကဲ့သို့ ထူးချွန်ပုဂ္ဂိုလ်များက သူတို့၏ သိုလှောင်လက်စွပ်များထဲတွင် အဖိုးတန်ရတနာများ ရှိနေမည်မှာ အသေအချာပင် ဖြစ်၏။

ဘော့စ်များ ကျကျန်ခဲ့သည့် ပစ္စည်းများကို ကောက်ရသည်မှာ အမြဲတမ်း စိတ်လှုပ်ရှားစရာ အလွန်ကောင်းလှပေ၏။

အန်လင်းက သိုလှောင်လက်စွပ်များ၏ အကျိုးဆက်ကြောင့် တိုက်ပွဲဆီသို့ ပြန်တွေးမိသွား၏။ သူက ဇီးပန်းပုံထွင်းထားသည့် လက်စွပ်ကို ပထမဆုံး ရွေးချယ်ရန်ဆုံးဖြတ်လိုက်၏။ ထိုသည်က သူ့ရှေ့သို့မရောက်လာခင်ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော မြူနှင်းနတ်မိမယ်လေး၏ သိုလှောင်လက်စွပ်ဖြစ်လေ၏။

သူ့တွင် အကောင်းဆုံးအရာများကို နောက်ဆုံးအတွက် ချန်ထားတတ်သည့် အကျင့်ရှိပေ၏။ သို့ဖြစ်၍ သူက ငါးဦးအနက် အားအနည်းဆုံး ဖြစ်ပုံရသော မြူနှင်းနတ်မိမယ်၏ သိုလှောင်လက်စွပ်နှင့် စတင်ရန် ဆုံးဖြတ်လိုက်လေ၏။

သိုလှောင်လက်စွပ်ကို ပြန်လည် ပြုပြင်ပြီးနောက် သူက ပါဝင်ပစ္စည်းများကို လေ့လာလိုက်၏။

သက်ရှိ ကျောက်တုံး ၅၅တုံး၊ စိတ်ဝိညာဉ် လက်နက် ၆ခု၊ စိတ်ဝိညာဉ် ဆေးတောင့် တစ်ဒါဇင်ခန့်၊ စိတ်ဝိညာဉ် သစ်သီး တစ်ဒါဇင်ခန့်နှင့်... ထိုသည်က အကုန်ပင်။

အန်လင်းက ကောင်းကင်ကို ကြည့်ကာ စိတ်မကောင်းစွာ သက်ပြင်းချလိုက်လေ၏။

ဆင်းရဲလိုက်တာနော်...။

သို့သော်လည်း သူက ဒုတိယသိုလှောင်လက်စွပ်ကို သန့်စင်ရန် စိတ်မပျက်သွားပါချေ။ ထိုသည်က အပြာရောင်လက်များနှင့် မြူနှင်း နတ်မိမယ်ပိုင်ဆိုင်သော သိုလှောင်လက်စွပ်ပင်။

သူက သိုလှောင်လက်စွပ်၏ ပါဝင်ပစ္စည်းများကို မျှော်လင့်တကြီး စုံစမ်းလိုက်၏။

သက်ရှိ ကျောက်တုံး ၆၂တုံး၊ အဆင့်မြင့် စိတ်ဝိညာဉ် လက်နက် ၃ခု၊ စိတ်ဝိညာဉ် ဆေးတောင့်များစွာ၊ ရေခဲအမျိုးအစား စိတ်ဝိညာဉ် သစ်သီး တစ်ဒါဇင်ခန့်နှင့်... ထိုမျှသာပင်။

အန်လင်း : "..."

မြင့်မြတ်နန်းတော် ခေါင်းဆောင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆင်းရဲနေရတာလဲ။ အဓိပ္ပာယ်လုံးဝ မရှိဘူး။

ထိုက်ချူကုန်းမြေကြီးပေါ်က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ချို့နဲ့ ယှဉ် ရင်တောင် သူတို့ရဲ့ အသားတင်ပိုင်ဆိုင်မှုက သနားစရာပဲ။

ကိုးပြည်ထောင်စု နိုင်ငံတော်ကပဲ အရမ်းချမ်းသာနေတာလား၊ ဒါမှမဟုတ် မြင့်မြတ် ရေခဲ ကုန်းမြေတွေကပဲ အရမ်း ဆင်းရဲနေတာလား။

ထိုသည်က အန်လင်အား ကမ္ဘာမြေကို သတိရသွားစေ၏။ ပျက်ပြယ်ခြင်းအဆင့် အကြီးအကဲ တစ်ဦးက ကမ္ဘာပေါ်တွင် ရှိနေပါက ထိုသည်က သူတို့၏ အသားတင်ပိုင်ဆိုင်မှု ဖြစ်နိုင်ပေ၏...။

သူက တတိယမြောက် သိုလှောင်လက်စွပ်ကို စိတ်ပျက်စွာ သက်ပြင်းချရင်းဖြင့် ကြည့်ရှုလိုက်၏။ ထိုသည်က အဖြူရောင် ပုတီးဖြင့် မြူနှင်း နတ်မိမယ်၏ သိုလှောင်လက်စွပ်ပင်။

သိုလှောင်လက်စွပ်ထဲတွင် သက်ရှိကျောက်တုံး ၈၀၊ စိတ်ဝိညာဉ် ဆေးတောင့် အများအပြား၊ စိတ်ဝိညာဉ် သစ်သီး အများအပြားနှင့့် မြင့်မြတ်ရေခဲကုန်းမြေများမှ အထူး ဒေသထွက်ထုတ်ကုန်များ အများအပြား ရှိလေ၏။ ထိုပစ္စည်းများက အတော်လေး တန်ဖိုးရှိပုံပင်။ သို့သော် ထိုမျှလည်း တန်ဖိုးမရှိပါချေ။

အန်လင်းက နောက်ထပ်သော သက်ပြင်း ခပ်ဖွဖွ တစ်ခုကို ချလိုက်၏။ ထိုမြူနှင်းနတ်မိမယ်၏ အဖြူရောင် ပုတီးစေ့မှာ အင်မော်တယ် လက်နက်တစ်ခုဖြစ်ပုံရ၏...။ သူ့၏ တောင်ခွင်းလက်သီးဖြင့် အမှုန့်ကြိတ်လိုက်မိသည်က နှမြောစရာပင်။

အန်းလင်းသည် ဓားသမား မြူနှင်းနတ်မိမယ်၏ သိုလှောင်လက်စွပ်ကို သန့်စင်ရင်း မျက်ခုံးမွှေးများကို နှိပ်နယ်လိုက်၏။

အန်လင်း သတိရမိသည့်အချက်မှာ ဓားသမား မြူနှင်းနတ်မိမယ်မှာ ချင်လီ၏လက်အောက်ရှိ မြင့်မြတ်နန်းတော်ခေါင်းဆောင်ငါးဦးတွင် ဒုတိယအာဏာအရှိဆုံးဖြစ်၏။ ဆိုလိုသည်မှာ သူမက အနည်းဆုံး ပျက်ပြယ်ခြင်း အလယ်အလတ်အဆင့် သို့မဟုတ် ပျက်ပြယ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု ဆိုလိုခြင်းပင်။

ထိုမြူနှင်းနတ်မိမယ်၏ သိုလှောင်လက်စွပ်ကို သန့်စင်ပြီးနောက် နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေသည်။

သက်ရှိ ကျောက်တုံး ၁၅၀ခု၊ အင်မော်တယ် ဆေးတောင် ၂တောင့်၊ စိတ်ဝိညာဉ် ဆေးတောင့်တစ်ဒါဇင်ဝန်းကျင်၊ အင်မော်တယ် သစ်သီးတစ်လုံး၊ စိတ်ဝိညာဉ် သစ်သီးတစ်ဒါဇင်ဝန်းကျင်နှင့် အခြားပစ္စည်းများနှင့် ပါဝင်ပစ္စည်းများအပုံလိုက် ရှိနေပေသည်။ သို့သော် အရေးအကြီးဆုံးမှာ၊ အင်မော်တယ် လက်နက်တစ်ခုရှိနေခြင်းပေ။

ဤသည်မှာ အဖြူစွတ်စွတ် ဓားရှည်တစ်ချောင်း ဖြစ်၏။

အန်လင်းက သူ့၏ အံ့ဖွယ် စစ်မေး နည်းစနစ်ကို ဓားပေါ်တွင် စိတ်အားထက်သန်စွာ ထုတ်လွှတ်လိုက်၏။

“ကြာပွင့် နှလုံးသား ရေခဲဓား၊ အခြေခံအဆင့် အင်မော်တယ်ဓား။ ဤရေခဲအမျိုးအစား အင်မော်တယ်ဓားအား နှစ်တစ်သိန်းလျှင် တစ်ကြိမ်သာ ပွင့်နိုင်သော ကမ္ဘာ့မြေအလယ်ရှိ ရေခဲကြာပန်းမှ သွန်းလုပ်ထားခြင်းဖြစ်သည်။ ဤဓားမှာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို အေးခဲသွားစေနိုင်ပြီး ကြာပန်း နယ်မြေအကွာအဝေး စွမအင်ကို အဆင့်မြင့်အဆင့်အထိ ရယူနိုင်စွမ်းရှိသည်။ ဤဓားမှာ ရေခဲ သို့မဟုတ် ဓားသိုင်းသမားများအတွက် သင့်တော်ပါ၏။”

အန်လင်းသည် အင်မော်တယ် ဆေးတောင့်များနှင့် အင်မော်တယ်သစ်သီးများကို စစ်ဆေးခြင်းမပြုရသေးခင်တွင် အင်မော်တယ်ဓားကို သိမ်းဆည်းထားလိုက်၏။

အင်မော်တယ် ဆေးတောင့် နှစ်ခုစလုံးမှာ အဆင့် ၈ အင်မော်တယ် ဆေးတောင့်များ ဖြစ်ကြပြီး အလွန်အမင်း အစွမ်းထက်သော ပြန်လည်ကောင်းမွန်စေသော အကျိုးသက်ရောက်မှုများ ပိုင်ဆိုင်ထားလေ၏။

အင်မော်တယ် သစ်သီးမှာ ရေခဲနက်သီး ဖြစ်ပြီး ထိုသည်က ရေခဲအမျိုးအစား စွမ်းအင်များကို တိုးပွားပေးနိုင်သည့် အဆင့် ၆ အင်မော်တယ် သစ်သီးပင်။

သူက ထိုသည်များအားလုံးကို သိမ်းထားလိုက်၏။

နောက်ဆုံးတွင်တော့ သူက နောက်ဆုံးလက်စွပ်ဆီသို့ လှည့်လိုက်ကာ တံတွေးမျိုချလိုက်လေ၏။

ထိုသည်က ချင်လီ၏ လက်စွပ်ပင်။

ထိုသည်က သူ့ကို သတ်နိုင်တော့လုမတတ် အစွမ်းထက်သော မြူနှင်း နတ်မိမယ်၏ လက်စွပ်ပင်။

သူမက အရှင်သခင်မ မန်ဇီက ယုံကြည်ကာ မီးတောက်စုစည်းအဝိုင်းကို အပ်နှံ့ခဲ့သော မြူနှင်းနတ်မိမယ်ပင်။ ထိုသည်တစ်ခုတည်းနှင့်ပင် သူမက သာမန်မြင့်မြတ်နန်းတော် ခေါင်းဆောင်တစ်ဦးထက် လွန်စွာအစွမ်းထက်သည်ကို အလွယ်တကူပြောနိုင်ပေ၏။ သို့ဖြစ်၍ သူမ၏ သိုလှောင်လက်စွပ်မှာလည်း ပိုင်ဆိုင်မှုအတော်များပြားလောက်ပေမည်။

အန်လင်းက သိုလှောင်လက်စွပ်ကို ဂရုတစိုက် သန့်စင်လိုက်၏။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲသို့ မကြည့်ခင် အသက်ပြင်းပြင်းရှုလိုက်၏။

အန်လင်းမှာ အံဩမှုကြောင့် နေရာတွင် ကြက်သေသေသွားလေ၏။

သူက သိုလှောင်လက်စွပ်ထဲမှ ပါဝင်ပစ္စည်းများကို ကြည့်ကာ ကလေးကြီးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်လေ၏။

သက်ရှိကျောက်တုံး ၂၀၀။

အဆင့်မြင့် အင်မော်တယ် လက်နက် ဖြစ်ပုံရသော အင်မော်တယ် လက်နက်တစ်ခုလဲ ရှိပေ၏။

စိတ်ဝိညာဉ် လက်နက် နှစ်ဆယ်ကျော်၊ အဆင့်မြင့် အင်မော်တယ် ဆေးတောင့်တစ်တောင့်၊ စိတ်ဝိညာဉ် ဆေးတောင့်များ အများအပြားနှင့် စိတ်ဝိညာဉ် သစ်သီးများ၊ နောက်ထပ် အတိအကျ မသတ်မှတ်နိုင်သော ပစ္စည်းပစ္စယအစုအပုံကြီးနှင့် ရေခဲအလုံး သုံးလုံးတို့ ရှိနေလေ၏။ အန်လင်းသည် ရေခဲအလုံးများ ဘာလဲဆိုသည်ကို မသိသော်လည်း ၎င်းတို့ထံမှ ထွက်လာသော အလွန်အစွမ်းထက်သည့် စွမ်းအင် အတက်အကျများကို အာရုံခံမိလေ၏။

အန်လင်းက ချက်ချင်းပင် သူ့၏ အံ့ဖွယ်စစ်မေးခြင်း နည်းစနစ်ကို ထုတ်လွတ်လိုက်ပြီး အင်မော်တယ် လက်နက်ဆီသို့ လှည့်လိုက်လေ၏။

"အဆင့်မြင် အင်မော်တယ် လက်နက်- ကောင်းကင်ဘုံ မြူနှင်း ဖန်စ။ ဤသည်က အလွန် အစွမ်းထက်သည့် ရေခဲဂုဏ်သတ္တိများ ပိုင်ဆိုင်ထား၏။ ပျံသန်းမြူနှင်း ကြယ်စင်များမှ တတိယ ကြီးမြတ်ဧကရီ သွန်းလောင်းထားခြင်းပင်။ အကွားအဝေး ကြိုးကိုင်ခြင်း နည်းစနစ်များနှင့် အသုံးပြုပါက ဤအင်မော်တယ် လက်နက်မှာ အသုံးပြုသူ၏ အကွာအဝေး ချိတ်စည်းကို ငါးဆ တိုးမြင့်ပေးနိုင်ပါသည်။"

ဖော်ပြထားသော အချက်အလက်သည် အလွန်ရိုးရှင်းပြီး တိုတိုတုတ်တုတ်ဖြစ်သော်လည်း အံ့ဩစရာကောင်းလှပေ၏။

ပျံသန်းမြူနှင်း ကြဟ်စင်များမှ ကြီးမြတ်ဧကရီတစ်ပါးမှ ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ်ထားခြင်းက ဤအင်မော်တယ် ကိရိယာသည် မည်မျှ ထူးကဲလှသည်ကို အရိပ်အမြွက်ဖော်ပြပေးနေ၏။ အကွာအဝေး ချိတ်စည်း စွမ်းအားကို ငါးဆ တိုးမြှင့်ပေးနိုင်သည့် ထိုအရာ၏ စွမ်းရည်သည် အခြေခံအားဖြင့် အန်လင်းက ပျက်ပြယ်ခြင်းအဆင့်သို့ ထိုးဖောက်ပြီး အကွာအဝေး ကြိုးကိုင်ခြင်း စွမ်းအင်များ ရရှိသွားပါက သူအလိုရှိသော မည်သူ့ကိုမဆို အေးခဲသွားစေနိုင်သည်ဟု ဆိုလိုခြင်းပင်။

အန်လင်းက အင်မော်တယ် ကိရိယာကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီး အင်မော်တယ် ဆေးတောင့်ကို စစ်မေးလိုက်လေ၏။

“အဆင့် ၂ အင်မော်တယ်ဆေးတောင့်—အသက်ကိုးသက် ဆေးပြား။ ဤဆေးပြားကို အလွန်အစွမ်းထက်လှသည့် အသက်စွမ်းအားများပါရှိသော အင်မော်တယ်သစ်သီး ကိုးမျိုးကို နှစ်ပေါင်း ကိုးရာတိုင်တိုင် သန့်စင်အောင်ပြုလုပ်ခြင်းဖြင့် ဖန်တီးထားပါသည်။ ဤလုပ်ငန်းစဉ်မှာ အင်မော်တယ် သစ်သီး ကိုးမျိုး၏ အဆီအနှစ်များအားလုံးကို ဆေးလုံးတစ်လုံးအဖြစ် ပေါင်းစပ်ပေးခြင်း ဖြစ်၏။ ဤဆေးကို သောက်သုံးခြင်းက တစ်စံုတစ်ဦးကို သေခြင်းရဲ့အစွန်းကနေ ပြန်လည်ခေါ်ဆောင်လာနိုင်ပြီး သောက်သုံးသူ၏ တက်ကြွမှုနှင့် အသက်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။”

အန်လင်းက ဆေးတောင့်ကို ငေးကြည့်ရင်း တိတ်ဆိတ်သွားလေ၏။

သူက တိတ်တဆိတ်ထိုင်ကာ သူ့၏ ဆံပင်ဖြူများကို ပွတ်သပ်နေလိုက်၏။ လူတိုင်းက ဆံပင်ဖြူများက သူ့အား ပို၍သိမ်မွေ့ကာ ဆန်းကြယ်ပုံပေါက်စေသည်ဟု တွေးကြ၏။ သို့သော် သူက ထိုသည်ကို မကြိုက်ပါပေ။ ထိုသည်က အသက်စွမ်းအားအလွန်အကျွံ သုံးစွဲခြင်း၏ လက္ခဏာ ဖြစ်၏။

သူက ဆံပင်များကို ရိတ်ပစ်ကာ ပြန်ပေါက်အောင် ကြိုးစားကြည့်သော်လည်း ဆံပင်ဖြူများသာ ထပ်ပေါက်လာလေ၏။ သို့ဖြစ်၍ သူက ဆံပင် အနက်များအလိုရှိပါက ဆေးဆိုးရန်သာ တတ်နိုင်ပါတော့သည်။

အန်လင်းက ကျန်းရန်အန်ကို တွေးမိကာ သက်ပြင်းချလိုက်လေ၏။ ကောလဟာလများအရ သူက ကိုယ်ပိုင်ဟန်ပန်ရရှိရန်အတွက် သူ့ဆံပင်များကိာ ရည်ရွယ်ချက်ရှိရှိ ဆေးဆိုးခဲ့သည်ဟု ဆို၏။ ထိုသည်ကိုတွေးမိကာ အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်သွားလေ၏။ သူက အမှန်တကယ်ပင် ကျန်းရန်အန်နှင့် ဆံပင်ချင်းလဲလိုက်ချင်ပါ၏...။

စုရှောင်လန်က အန်လင်း၏ အခြေအနေကို မေးမြန်းရန် မကြာခဏ ကြိုးစားခဲ့၏။

အန်လင်းသည် သူမ၏ အပြစ်နှင့် စိုးရိမ်မှုကို ခံစားမိသောကြောင့် သူမကို စိတ်မပူရန် အမြဲပြောခဲ့၏။ မည်သို့ဆိုဆို သူက ယခု ချမ်းသာနေပြီဖြစ်ရာ သူ ကောင်းကင်ဘုံခုံရုံးသို့ ပြန်ရောက်ပါက သူ့အသက် စွမ်းအားဖြည့်ဆေးတချို့ ဝယ်နိုင်ပေ၏။

စနစ်မှ နုတ်ယူထားသော သက်တမ်းမှာ ပြန်ယူ၍မရနိုင်သော်လည်း အံ့ဖွယ်အယောင်ဆောင် နည်းစနစ်ကို အလွန်အကျွံအသုံးပြုခြင်းဖြင့် ကုန်ဆုံးသွားသော အသက်စွမ်းအားသည် သီအိုရီအရ ပြန်လည်ရရှိရန် ဖြစ်နိုင်နေဆဲဖြစ်ပေ၏။

သူသည် ကောင်းကင်ဘံုခုံရုံးသို့ ပြန်ရောက်ပြီးနောက် ယီရှီအား အသက်စွမ်းအားဖြည့်ဆေးအချို့ကို ဖော်စပ်ပေးရန် တောင်းဆိုမည်ဟု မူလကစီစဉ်ထားခဲ့၏။ သို့သော် ထိုကဲ့သို့သော အာနိသင်ရှိသော အင်မော်တယ်ဆေးတောင့်ကို ရရှိလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

“ကဲ၊ ဒီအဆင့်မြင့် အင်မော်တယ် ဆေးတောင့်က ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ ကြည့်ကြတာပေါ့။”

အန်လင်းသည် တောက်ပနေသော အဖြူရောင် အင်မော်တယ်ဆေးပြားကို မဆိုင်းမတွပင် မျိုချလိုက်လေ၏။

---------------

All Chapters