အနိဋ္ဌာရုံတစ်ခု၏ နောက်ဆက်တွဲ
Vol. 11 Ch. 144
အခန်း(၁၄၄) : အနိဋ္ဌာရုံတစ်ခု၏ နောက်ဆက်တွဲ
နှင်းကျားတောင် …
လျို့ဝှက်နယ်မြေထဲ မဝင်ကြသည့် လူများက အပျက်အစီးကို တုန်လှုပ်အံ့ဩစွာ ကြည့်နေကြသည်။ လူတချို့ကသာ နောက်ကွယ်မှ ပေါက်ကွဲမှုကို သတိပြုမိပြီး ချက်ချင်း ထွက်ပြေးကြသည်။
ထိုစဉ် နှင်းကျားတောင်ထိပ် တိမ်တိုက်များကြား ဝမ်ဝေ့က လေထဲမှတဆင့် သူ့လက်ရာကောင်းကို ရှုစားနေသည်။ ဆွေကြီးမျိုးကြီး မဟာမိတ်အဖွဲ့မှ သဘာဝလွန်အဆင့် ကျင့်ကြံသူများ သူ့ကို ခြိမ်းခြောက်နေကတည်းက သူ့အနေနှင့် ဒီအစီအစဉ်အတွက် အချိန်နှစ်နှစ် ယူကာ ပြင်ဆင်ထားခဲ့ရသည်။
သုံ့မိသားစု တစ်ခါက ပိုင်ဆိုင်ဖူးသည့် လျို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့သွားပြီးနောက် ဒီကစားပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်၏။ မည်သူမှ သူ့အကြံအစည် မပေါက်ကြားစေရန်အတွက် ထိုလျို့ဝှက်နယ်မြေနှင့် သက်ဆိုင်သည့် မှတ်တမ်းအားလုံးကို ဖျက်ပစ်ခဲ့သည်။ ထိုအကြောင်းသိထားသူများကိုပင် မှတ်ဉာဏ်ဖျောက်ပစ်ခဲ့သည်။
အစပိုင်း ထိုအစီအစဉ်ကို ကျန့်၊ လန်နှင့်ချန် မိသားစုတို့မှ သဘာဝလွန်အဆင့် ကျင့်ကြံသူအားလုံးကို သတ်ပစ်ရန်အတွက် ဖန်တီးထားခြင်း ဖြစ်သော်လည်း ဝမ်ဝေ့က သဘာဝလွန်အဆင့် ကျင့်ကြံသူအနည်းငယ်အတွက် လျို့ဝှက်နယ်မြေတစ်ခုလုံး အသုံးပြုပစ်ရမည်ကို နှမြောလာမိသည်။ ထို့ကြောင့် သူက သူ့အစီအစဉ်ကို တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ကျက်လိုက်ခြင်း ဖြစ်၏။
ထိုအဖြစ်အပျက်ကြောင့် ကမ္ဘာပေါ်ရှိ လက်ရွေးစင်အများစု အသတ်ခံလိုက်ရသောကြောင့် အင်အားစုအသီးသီးက အားလျော့သွားပေမည်။ ထိုအဖြစ်အပျက်အတွင်း သဘာဝလွန်အဆင့် ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရသည့်အကြောင်း ထည့်မပြောရသေးပေ။
လွန်ခဲ့သည့် နှစ်နှစ်ခန့် အဖြစ်အပျက်က ဝမ်ဝေ့အား ထိုလူများသာ ပူးပေါင်းလိုက်လျှင် သူ့ဆီ ပြဿနာများယူဆောင်ပေးလာနိုင်ကြောင်း သင်ကြားပေးထားသည်။ သူတို့အများစုက တစ်ကိုယ်တော် ဖြစ်ကြသော်လည်း သူတို့ပြဿနာဖြစ်စေမည်လား၊ မဖြစ်စေဘူးလား ဆုံးဖြတ်ဖို့ သူတို့အလိုပေါ် မူတည်မနေစေလိုပေ။
ထို့ကြောင့် သူက ကြိုတင်လက်ဦးမှု ရယူကာ ပြဿနာကောင်များကို ရှင်းထားလိုက်သည်။ ထိုသို့လုပ်ဖို့ရာအတွက် သူ့အနေနှင့် မဟာရှားတိုင်းပြည်လည်း ခံရသူ ဖြစ်ကြောင်း ပြသဖို့ လိုသည်။ ထို့ကြောင့် သူက လျို့ဝှက်နယ်မြေထဲ လက်ရွေးစင်အဖွဲ့ကို စေလွှတ်ခဲ့၏။
လျို့ဝှက်နယ်မြေထဲ ဝင်သွားကြသည့် စစ်သားများမှာ တကယ်တော့ မဟာရှားတိုင်းပြည်၏ လက်ရွေးစင်များ မဟုတ်ဘဲ သူတို့ယခင်က ဝံပုလွေရိုင်းတိုင်းပြည်ဆီ ကျူးကျော်မှုအတွင်း ဖမ်းဆီးထားသည့် ဆွေကြီးမျိုးကြီးများ ဖြစ်ကြသည်။
ထို့နောက် သူက ဈေးအကြီးဆုံး ချပ်ဝတ်များကို ဆင်ပေးထားပြီး သူတို့ကို လက်ရွေးစင်များနှင့် တူစေရန် လအနည်းငယ် လေ့ကျင့်ပေးခဲ့သည်။ ထို့နောက် လီကျွင်းက သူတို့ တိုက်ပွဲများစွာ ဖြတ်သန်းလာရသလို မြင်ရစေရန် သူတို့ခန္ဓာကိုယ်ပေါ် သတ်ဖြတ်ရေးချီကို ပို့လွှတ်ထားခဲ့သည်။
တကယ်တော့ ဝမ်ဝေ့က သတိကြီးကြီးထားဖို့ရာအတွက် သူ့ပစ္စည်းများကိုပင် ပြန်မသိမ်းထားခဲ့ပေ။ ထို့အစား အားလုံးကို ကျင့်ကြံသူများနှင့် အတူ ပျက်စီးသွားစေလိုက်သည်။ သို့မဟုတ် သူ ထိုသို့ တွေးခဲ့လေသည်။
သူ့လက်ရာကောင်းကို သေချာကြည့်လိုက်ပြီးနောက် ဝမ်ဝေ့က နှင်းကျားတောင်မှ အနီးဆုံးမြို့ဆီ ပျံသန်းလာလိုက်ပြီး စိစစ်ရေးမှူးချုပ် ဝမ်ကျူနှင့် တွေ့ဆုံလိုက်သည်။
“အရာအားလုံး ပြီးသွားပြီလား” သူက သူမကို မေးလိုက်သည်။
“ ဟုတ်ကဲ့ အရှင် … အရှင်ရဲ့ အမိန့်အတိုင်း ကံကြမ္မာအရိပ်အဖွဲ့ဝင်တွေအားလုံး တခြာအင်အားစုက အရာရှိအားလုံးကို လုပ်ကြံနေပါပြီ။ စစ်သူကြီးဖြစ်ဖြစ်၊ ပညာသင်သားဖြစ်ဖြစ် ဒါမှမဟုတ် ဆေးပညာရှင်ဖြစ်ဖြစ် အဲဒီတိုင်းပြည်ရဲ့ နောက်ခံကျောရိုးဖြစ်တဲ့ လူအားလုံးကို ပစ်မှတ်ထားပြီးပါပြီ။ အထူးသဖြင့် သူတို့ကို မသန်မစွမ်း ဖြစ်သွားစေဖို့ ရည်ရွယ်ထားပါတယ် ”
“ရလဒ်ကရော ” ဝမ်ဝေ့က အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
“ကျွန်မတို့ ဖန်းအံ့ဖွယ်တိုင်းပြည်၊ ဟွမ်အံ့ဖွယ်တိုင်းပြည်၊ ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းနဲ့ မဟာဝူတို့မှာ အောင်မြင်မှုကြီးမားပါတယ်။ မဟာရှုတိုင်းပြည်မှာလည်း အောင်မြင်မှုတချို့တော့ ရလာပေမဲ့ ကျွန်မတို့ရဲ့ လွှမ်းမိုးမှုနည်းတော့ ရလဒ်က ထင်ထားသလောက် ကျေနပ်စရာမကောင်းဘူး။
ဒါပေမဲ့ မဟာကျိုးက လူတွေက ကျွန်မတို့ တိုက်ခိုက်မှုကို သတိထားမိတော့ ကျရှုံးသွားပါတယ်။ တကယ်တော့ ကျွန်မတို့အဖွဲ့ဝင်တချို့ အသတ်ခံလိုက်ရပါတယ် ”
ဝမ်ဝေ့က ထိုအရာကိုကြားပြီး ခေါင်းညိတ်လိုက်သည်။ သူက ထိုရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ သူ့ပြိုင်ဘက်အားလုံးက ငတုံးများဖြစ်လိမ့်မည်ဟု ထည့်မတွက်ထားပေ။ ကျီစု၏ ဉာဏ်ရည်အရ တူညီသောနည်းလမ်းတွင် နှစ်ခါခံမည် မဟုတ်ပေ။
ထို့အပြင် ယနေ့ မဟာကျိုးက ဝင်ခွင့်အများစုကို မဟာဝူတိုင်းပြည်မှ လူများထံ ပေးအပ်လိုက်ကြောင်း မြင်လိုက်သည့်အခါ သူ့အစီအစဉ်ကို သတိထားမိသွားကြောင်း ပိုသေချာသွားသည်။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ ကျီစုက သူ့ကစားပွဲကို ဖော်ထုတ်လိုက်လျှင်ပင် သူ့အနေနှင့် လျို့ဝှက်နယ်မြေထဲ တခြားလူများကို မျှားခေါ်နိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။
အကယ်၍ ထိုအရာအားလုံး ကျရှုံးသွားလျှင်ပင် သူက သူ့တိုင်းပြည်မှ မဟာမိတ်အဖွဲ့အစည်း၏ လူများကို ရှင်းထုတ်နိုင်လိုက်သည့်အတွက် ကျေနပ်နေမိဆဲ ဖြစ်၏။
“ဘာတင်ပြစရာ ရှိသေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ ခေါင်းဆောင်ကျန့်ယုံက အဖမ်းခံရပြီးတဲ့နောက်ပိုင်း တွေ့ခွင့်တောင်းနေပါတယ်။ အရှင် သူနဲ့ စကားပြောချင်သေးလား ”
“မလိုတော့ဘူး။ တခြားခေါင်းဆောင်တွေနဲ့အတူ သုတ်သင်ပစ်လိုက်တော့ … သူတို့မျိုးနွယ်ထဲ တစ်ယောက်မှ အရှင်မထားနဲ့” ဝမ်ဝေ့က လက်ဝေ့ကာ ပြောလိုက်သည်။
အစည်းအဝေးအပြီးတွင် ဝမ်ဝေ့က နှင်းကျားတောင်ဆီ ထပ်မံ ပြန်လာလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် လူအများစုက ထွက်ပြေးသွားကြပြီ ဖြစ်၏။ ဝမ်ဝေ့က လက်ဝေ့လိုက်သည့်အခါ အစီအရင်များစွာ အသက်ဝင်လာပြီး ပေါက်ကွဲမှုအပြီးတွင် ကျန်ရှိနေသည့် စွမ်းအား သို့မဟုတ် မတည်မငြိမ် အာကာပြင်တို့ကို သီးခြားခွဲထုတ်လိုက်သည်။
ထို့နောက် သူ့အကြည့်တို့ လင်းလက်သွားသည်။ သူ ဒီနည်းလမ်းဖြင့် သတ်ဖြတ်ဖို့ ရွေးချယ်ရသည့် အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ အတွက် ဖြစ်၏။
ဤနှစ်များတစ်လျှောက် ဝမ်ဝေ့က ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကို အချိန်ယူ၍ သူ့အရိုးများကို ပြုပြင်ခဲ့သည်။ သို့သော်လည်း ဖြစ်စဉ်က နှေးကွေးလွန်းနေသည်။
လျို့ဝှက်နယ်မြေကို ရှာတွေ့သွားပြီးနောက် မတည်မငြိမ် အာကာပြင်စွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံဖို့ တွေးမိလာသည်။ တခြားလူများ ထိုနေရာထဲ မဝင်လာနိုင်စေရန် အစီအရင်များ ခင်းကျင်းပြီးနောက် မတည်မငြိမ် အာကာပြင်စွမ်းအားတို့ဖြင့် သူ့ခန္ဓာကိုယ်ကို စတင်သန့်စင်မွမ်းမံလိုက်သည်။
ဝမ်ဝေ့က ထိုသို့လုပ်ရဲခြင်းမှာ ကမ္ဘာငယ်ရှိ အာကာပြင်အဆင့်က အလွန်အားပျော့၍ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အိမ်မှာသာ ဒီလိုမျိုး ကြိုးစားကြည့်လျှင် အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်သည်။
နှင်းကျားတောင်မှ ကီလိုမီတာအနည်းငယ်အကွာတွင် ခေါင်းဆောင်းနှင့် အမျိုးသားတစ်ယောက်က မျက်နှာကို ဖုံးကာ နတ်ဆိုးသားရဲပေါ်တွင် ရပ်နေသည်။ ထိုနတ်ဆိုးသားရဲက ထုတ်လွှင့်နေသော အရှိန်အဝါအရ အဆင့် ၄ ဖြစ်၏။
ထိုလူက အဆောင်တစ်ရွက်ကို ထုတ်လိုက်ပြီးနောက် နှင်းကျားတောင်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
“ ကမ္ဘာက လက်ရွေးစင်အားလုံးကို မင်းရဲ့ အနာဂတ်အုပ်စိုးမဲ့ လမ်းကြောင်းအတွက် သတ်ပစ်တာလား။ ဒီဝမ်ဝေ့က အကြီးအကဲတွေ ပြောသလိုမျိုး မရိုးရှင်းဘူးပဲ။ ဒါပေမဲ့ ဒါက ငါ့အတွက် အဆင်ပြေတယ် ”
ခေါင်းဆောင်းနှင့် အမျိုးသားက သက်ပြင်းချကာ နတ်ဆိုးသားရဲကို ရွေ့လျားစေလိုက်သည်။ ထို့နောက် ငှက်နှင့်တူသည့် နတ်ဆိုးသားရဲက ကိုယ်ပျောက်သွားလေသည်။ အတိအကျပြောရမည်ဆိုလျှင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ရောနှောသွားလေသည်။ ထို့ကြောင့် ခေါင်းဆောင်းအမျိုးသားကိုပါ ကိုယ်ပျောက်သွားစေသည်။ ထို့နောက် သူတို့က ဦးတည်ရာတစ်ခုဆီ ထွက်သွားကြ၏။ သို့သော်လည်း ထိုအမျိုးသားက ထွက်မသွားခင် ရေရွတ်နေသေး၏။
“ငါ့အစီအစဉ်တွေ အကုန်အဆင့်သင့် မဖြစ်သေးတာ ကံဆိုးလိုက်တာ ”
.............
ထိုစဉ် မဟာကျိုးတိုင်းပြည် စစ်တန်းလျားထဲ၌ ကျီစုန့်က သတင်းကို ဖတ်ကာ ဒေါသတကြီး ဖြစ်နေသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ရင်း သူ့နှာခေါင်းမှ အခိုးအငွေ့များပင် ထွက်လာသလို ထင်မှတ်ရလေသည်။
သူ့နဖူးမှ သွေးကြောများပင် ထင်းထွက်လာသည်။ ထို့နောက် သူက လက်ထဲမှ အဆောင်စာရွက်ကို ခြေမွပစ်လိုက်သည်။ ထို့နောက်ချက်ချင်းဆိုသလို သူ့အကြည့်ထဲ သွေးဆာသည့် အရိပ်အယောင်များစွာ ထွက်ပေါ်လာသည်။ အစည်းအဝေးခန်းမရှိ စစ်သူကြီးအားလုံးက ခေါင်းငုံ့ထားလိုက်ပြီး ဘယ်သူမှ မော့မကြည့်ရဲကြပေ။
ကျီစုန့် ဒေါသထွက်နေသည့် အကြောင်းအရင်းမှာ လူတစ်ယောက်တည်းထံ တူညီသည့် ထောင်ချောက်အတွင်း နှစ်ခါမိတော့မလို ဖြစ်ခဲ့၍ ဖြစ်သည်။ အကယ်၍ သူ့အစ်ကိုကြီးသာ သူ့ကို မတားခဲ့လျှင် လျို့ဝှက်နယ်မြေထဲ ဝင်ရောက်ပြီးနောက် ဘာဖြစ်သွားမည်မှန်း ကောင်းကင်ဘုံသာ သိလိမ့်မည်။
ကျီစုန့်က ထိုအကြောင်းတွေးမိလေလေ ပိုဒေါသထွက်လာလေလေ ဖြစ်၏။ ထို့နောက် သူ့အောက်မှ ထိုင်ခုံသည် စတင်၍ အရည်ပျော်ကျလာတော့သည်။
“ ရှောင်စုန့် ကိုယ့်ဘာသာ ထိန်းစမ်း” ကျီစုက ကျီစုန့်အား အနည်းငယ် အော်လိုက်သည်။
သူက သူ့ထိုင်ခုံ အရည်ပျော်ကျသွားသည်ကို လျစ်လျူရှုထားပြီး ကိုယ့်ဘာသာ စိတ်ငြိမ်လာဖို့ အသက်ပြင်းပြင်း ရှုထုတ်နေရသည်။ သူက အစ်ကိုကြီးကို ကြည့်ကာ မေးလိုက်သည် “ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ ”
“ ကံကောင်းတာက ငါ ဒီရလဒ်ကို ခန့်မှန်းမိလို ငါတို့ဆုံးရှုံးမှုက သိပ်မများဘူး” ကျီစုက ပြောလိုက်သည်။ သူ လျို့ဝှက်နယ်မြေထဲ လွှတ်လိုက်သူများက သူ အဆိပ်ဖြင့် တိတ်တဆိတ် ထိန်းချုပ်ထားသည့် သုံ့ပန်းများ ဖြစ်လေသည်။
တစ်ခုတည်းသော ခြွင်းချက်က ခေါင်းဆောင် ဖြစ်၏။ သို့သော်လည်း ကျန်းချီက သူ အသက်ရှင်လျက် ပြန်မလာနိုင်လောက်ကြောင်း ကောင်းကောင်းသိထားသည်။ ကံကောင်းစွာဖြင့် သူက ကံကြမ္မာအရိပ်အဖွဲ့ လက်ထဲမှ လွတ်မြောက်နိုင်ခဲ့သည်။
“ အခု မဟာဝူတိုင်းပြည်ရဲ့ လက်ရွေးစင်အားလုံး အသတ်ခံလိုက်ရပြီဆိုတော့ ငါတို့ သူတို့ပိုင်နက်ကို သိမ်းလိုက်ဖို့ အကောင်းဆုံးအချိန်ပဲ ”
ကျီစုန်က ခေါင်းညိတ်လိုက်ပြီး စစ်ပွဲအတွက် စတင်ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ် မဟာကျိုးတိုင်းပြည်က ပိုမို ပြင်းထန်လာသည်။ သူတို့တပ်များကို အလျှင်အမြန် ပို့ဆောင်လှုပ်ရှားနိုင်ရန် ကျီစုက နတ်ဆိုးသားရဲအရေအတွက် အမြောက်အများကို အသုံးပြုခဲ့သည်။
ထိုနတ်ဆိုးသားရဲများက နေ့နေ့ညည မနားဘဲ ဆက်တိုက်ခရီးနှင်လာရသည်။ သူတို့ကန့်သတ်ချက် ရောက်လာသည့်အခါ ကျီစုက သက်ရှိများသိမ်းထားနိုင်သည့် လက်စွပ်ထဲ ထည့်ကာ နတ်ဆိုးသားရဲအသစ်များဖြင့် အစားထိုးလိုက်သည်။
ဤနည်းဖြင့် မဟာကျိုးတိုင်းပြည်၏ ကူးသန်းပို့ဆောင်ရေး စနစ်သည် မဟာရှားတိုင်းပြည်၏ ယာဉ် သို့မဟုတ် ရုပ်သေးရုပ်များ ၇၀ ရာခိုင်နှုန်းလောက်ကို မီလာခဲ့သည်။
မဟာကျိုးတိုင်းပြည်တစ်ခုတည်း နယ်မြေများကို အုပ်စိုးဖို့ အလျှင်လိုနေခြင်း မဟုတ်ပေ။ လျို့ဝှက်နယ်မြေ အဖြစ်အပျက်အပြီးတွင် လီကျွင်းက ဖန်းအံ့ဖွယ်တိုင်းပြည်ကို ပိုမို၍ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့သည်။