← Chapters

ဘယ်လိုလုပ်နိုင်တာလဲ

Vol. 11 Ch. 145

ဘယ်လိုလုပ်နိုင်တာလဲ

Vol. 11 Ch. 145

အခန်း(၁၄၅)  :  ဘယ်လိုလုပ်နိုင်တာလဲ

မဟာကျိုးတိုင်းပြည် စစ်သားများက မဟာဝူကို အုပ်စိုးဖို့ မဆုတ်မနစ် ကြိုးစားခဲ့ကြသည်။ အထူးသဖြင့် သူတို့အုပ်စိုးသူအရှင် ကျီစုန့် ဖြစ်၏။

သူက သားရေချပ်ဝတ်ဖြင့် မဟာဝူစစ်တပ်ရှေ့ မတ်မတ်ရပ်နေသည်။ သူက တုံ့ဆိုင်းမနေဘဲ လေထဲ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုစဉ် သူ့ဆီမှ မီးလျှံ ဥက္ကာပျံတစ်ခု ထွက်လာကာ တစ်ဖက်စစ်သားများဆီ တရှိန်ထိုးပြေးဝင်သွားသည်။

ဥက္ကာပျံက လမ်းတစ်လျှောက် အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။ မဟာဝူ စစ်သားများက သူတို့အပေါင်းအပါတချို့ကား တစ်ယောက်နှင့် တစ်ယောက် ဘယ်သူမှန်း ခွဲခြားဖို့ပင် မဖြစ်နိုင်လောက်တော့သည့်အထိ ချပ်ဝတ်နှင့်အတူ အသား အရည်ပျော်ကျသည့်အထိ လောင်မြိုက်ခံလိုက်ရသည်ကို သိသွားလေသည်။

ပထမတိုက်ခိုက်မှုအပြီးတွင် ကျီစုန့်က မရပ်တန့်သွားပေ။ သူက လေထဲ လက်သီးချက်များ ပစ်ခွင်းကာ ဥက္ကာပျံများ ဖန်တီးနေသည်။ ထိုတိုက်ခိုက်မှု ပြီးဆုံးသွားသည့်အခါ ကျန်ရှိနေသော စစ်သားများထံ သူ့ပါးစပ်ကို ဖွင့်၍ ချော်ရည်ပူများ ပန်းထုတ်လိုက်သည်။

သူတစ်ယောက်တည်းဖြင့် စစ်သား သုံးသိန်းကို ဖယ်ရှားပစ်လိုက်သည်။ ဤတစ်ကြိမ် ကျီစုန့်က မည်သူမှ အသက်ရှင်လျက် မထားပေ။ သူ့တိုက်ခိုက်မှုအပြီးတွင် ကြောက်ကြောက်လန့်လန့် ကြည့်နေကြသည့် စစ်သားများကို တိုက်ပွဲအပြီး အကြွင်းအကျန်များကို ရှင်းဖို့ အမိန့်ပေးလိုက်သည်။ ထို့နောက် သူက နောက်ဦးတည်ရာဆီ သွားလိုက်သည်။

ဤသို့ဖြင့် ကျီစုန့်က မဟာဝူတိုင်းပြည်၏ မြို့တော်အထိ လမ်းတစ်လျှောက်လုံး သတ်ဖြတ်လာခဲ့သည်။ ကံဆိုးစွာဖြင့် သူ မြို့တော်ဆီ ရောက်လာသည့်အခါ ပြဿနာနည်းနည်း ကြုံလိုက်ရသည်။

စွင်းဝမ်က တိုင်းပြည်၏ ကျန်ရှိနေသော ကံကောင်းမှုကို အသုံးချကာ လက်ကျန်ပိုင်နက်ကို ကာကွယ်ဖို့ အားပြင်းသည့် အစီအရင်တစ်ခု ဖန်တီးထား၍ မဟာဝူတိုင်းပြည်က အပြည့်အဝ မကျရှုံးသေးပေ။

ကျီစုန့်က မြို့တော်ပတ်လည်ရှိ သင်္ကေတများကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး စတင် တိုက်ခိုက်တော့သည်။

မီးလျှံ ဥက္ကာပျံများစွာက အကာအကွယ်ပေါ် ဆက်တိုက်ကျရောက်လာလေသည်။ ကံဆိုးစွာဖြင့် အကာအကွယ်က အနည်းငယ် တုန်ခါသွားရုံမှအပ အစီအရင်က အကောင်းအတိုင်း ကျန်ရှိနေသေး၏။ ကျီစုန့်က မျက်မှောင်ကြုတ်ကာ ပိုမိုအားကောင်းသည့် တိုက်ကွက်များ ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူက ထိုအစီအရင်ကို မဖျက်ဆီးနိုင်လိမ့်မည်ဟု မယုံပေ။

သို့သော်လည်း သူ့အစ်ကိုကြီးက တားလာသည်။ ထို့နောက် ကျီစုက တိုင်းပြည်၏ ချီကံကောင်းမှုဖြင့် ထိုအစီအရင်ကို တန်ပြန်တိုက်ခိုက်ဖို့ သတိပေးလာ၏။

ထိုအခါမှ ကျီစုန့်က သူ့အပြုအမူများသည် မည်မျှတုံးအနေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူက နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်ကို ထုတ်ကာ မဟာကျိုးတိုင်းပြည်၏ ချီနဂါးအား အသက်သွင်းလိုက်သည်။

မဟာဝူတိုင်းပြည် မြို့တော်အထက် ရွှေနဂါးတစ်ကောင် ရုတ်ချည်း ထွက်ပေါ်လာသည်။ ထိုနဂါး၏ နဖူးအထက် ကျိုး ဟူသော ရေးထွင်းထားသော စာလုံးပါရှိ၏။ ထိုနဂါး ပေါ်ထွက်လာပြီးနောက် ကောင်းကင်ဆီ ဟစ်ကြွေးလိုက်ပြီး ဘယ်သူက ပိုသာလဲ ပြသလိုက်သည်။

ထို့နောက် သူက မဟာဝူတိုင်းပြည်၏ ရေနဂါးဆီ ပြေးသွားကာ စတင်တိုက်ခိုက်ကြသည်။

ကျီစုန့်က တိုက်ပွဲကို ပြုံးလျက် ကြည့်နေလေသည်။ သူက သူ့တိုင်းပြည် ကံကောင်းမှုသည် နောက်ဆုံးအနိုင်ရသူ ဖြစ်မည်မှန်း ခံစားမိနေ၏။ သို့သော်လည်း ရေနဂါးဘက်တွင် ထောက်ပံ့ပေးထားသည့် အစီအရင်စွမ်းအား ရှိနေသောကြောင့် ဖြစ်စဉ်က အနည်းငယ် ကြာမြင့်လေသည်။ သို့သော် ကျီစုန့်က စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။

..............

ထိုစဉ် ဖန်းအံ့ဖွယ်တိုင်းပြည်ထဲ ဖန်းလီကျွမ်းက နယ်စပ်မြို့မှ မဟာရှားနှင့် ရင်ဆိုင်နေသည့် တိုက်ပွဲအား ကြည့်နေသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း သူမ၏ ပိုင်နက် လေးပုံတစ်ပုံ ထပ်မံ ဆုံးရှုံးလိုက်ရပြန်လေပြီ။

သူမ၏ သွေးမျိုးဆက် တန်ပြန်သက်ရောက်မှုက အပြည့်အဝ ပြန်မကောင်းသေးသည့် အချက်ကြောင့် သူမအင်အားက အတော်လေး လျော့ကျသွားသည်။ သူမလက်ရှိ အခြေအနေဖြင့် သူမတွင် အင်အားရှိနေလျှင်ပင် အရေးမပါတော့ချေ။

သူမ၏ အရာရှိနှင့် အမတ်အများစုလည်း အသတ်ခံလိုက်ရပြီး စစ်တပ် ဖရိုဖရဲ ဖြစ်နေသည့် တိုင်းပြည်သာ ကျန်ရှိတော့သည်။ သူမက လီကျွင်းကို တားဆီးနိုင်စွမ်း ရှိနေလျှင်ပင် သူမစစ်တပ်က မဟာရှားစစ်တပ်နှင့် ရင်ဆိုင်နိုင်မည့် အခြေအနေတွင် ရှိမနေပေ။

ထို့အပြင် ဟွမ်အံ့ဖွယ်တိုင်းပြည်မှ သူမ တောင်းဆိုထားသည့် တပ်ကူများကလည်း သူတို့ပိုင်နက်ထဲ ခပ်မြန်မြန် ပြန်သွားကြလေသည်။ သူတို့ဆီတွင်လည်း လူလိုအပ်နေ၍ ဖြစ်သည်။

ထိုစဉ် ဖန်းလီကျွမ်းက ဒီစစ်ဆေးမှု ရှုံးနိမ့်သွားကြောင်း အသိအမှတ်ပြုလိုက်ရတော့သည်။ သူမတိုင်းပြည် ပျက်စီးသွားပြီး တိုက်ပွဲတိုင်းပြည်ကမ္ဘာမှ ထွက်သွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

ဖန်းလီကျွမ်းက နောက်ထပ် ဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ် ကံကြမ္မာအရိပ်လက်ချက်အောက် အသက်ရှင်ကျန်ရစ်သည့် စစ်မက်ရေးရာ အမတ်က စစ်တန်းလျားထဲ ဝင်လာကာ လာအကြောင်းကြားသည်။

“နတ်ဘုရားမ … ကျွန်မတို့ ကင်းထောက်ထဲက တစ်ယောက်က စစ်တန်းလျားအနားမှာ ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက် တွေ့လိုက်တယ်ဆိုပြီး သတင်းပို့လာပါတယ်” စစ်မက်ရေးရာ အမတ်က ပြောလိုက်သည်။

“မဟာရှားဘက်ကနေ တစ်ယောက်ယောက်က ကျူးကျော်လာတာလား ”

“အဲလိုတော့ မဟုတ်ပါဘူး ”

“ ကံကြမ္မာအရိပ်အဖွဲ့ဝင်လား  ”

“ အဲလိုလည်း မဟုတ်ပါဘူး ”

“ အဲဆို ကြုံရာကျပန်း ဒဏ်ရာရနေတဲ့ လူတစ်ယောက်အတွက် ဒီနတ်ဘုရားမကို ခေါင်းလာရှုပ်စေတာလား” ဖန်းလီကျွမ်းက နားမလည်နိုင်ဟန် ပြောလိုက်သည်။

“ကျွန်မာ်တို့သတင်းရထားသလောက် အဲဒီလူက ဒီအနားမှာ ရုတ်တရက် ပေါ်လာတာပါတဲ့ … ”

“အိုး …” ဖန်းလီကျွမ်းက အနည်းငယ် စိတ်ဝင်စားသွားသည်။ အကယ်၍ ထိုလူတွင် မှော်နည်းလမ်းများရှိနေလျှင် ဒီတိုက်ပွဲ အခြေအနေကို ပြောင်းပစ်နိုင်လိမ့်မည်။

“အဲဒီလူက ဘယ်သူလဲ ”

“ ကျွန်မတို့ သူ့ကို ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်း ခေါင်းဆောင် လုံအောင်းထျန်းလို့ သိရပါတယ် ”

ဖန်းလီကျွမ်းက ထိုရလဒ်ကို မမျှော်လင့်ထားသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ဒီကဒေသခံ လူတစ်ယောက်က ဘယ်လိုလုပ် မှော်နည်းလမ်းတွေ ရှိနေနိုင်မှာလဲ …

သို့သော်လည်း သူမက သူ့ကို တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

သိပ်မကြာခင် သစ်သားကုတင်ပေါ် လဲနေသည့် လူတစ်ယောက်ကို ဖန်းလီကျွမ်းရှေ့ သယ်ဆောင်လာသည်။ သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအမြောက်အများ ရှိနေပြီး တချို့မှာ သူ့အရိုးများ သို့မဟုတ် အတွင်းအင်္ဂါများကို မြင်နိုင်သည့်အထိ နက်လှသည်။

ဖန်းလီကျွမ်းက ထိုလူ၏ အသက်ရှုသံသည် တိုးလျနေပြီး သိပ်မကြာခင် သေဆုံးသွားနိုင်လောက်ကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမက လက်ဝေ့ကာ ပြောလိုက်သည်  “သူက အသုံးမဝင်ဘူး။ သူ့ကို ပစ်ထားလိုက်တော့ ”

စစ်မက်ရေးရာ အမတ်က ခေါင်းညိတ်ကာ ကုတင်ကို သယ်ဖို့ အမိန့်ပေးတော့မည့်ဆဲဆဲတွင်

“ခဏနေဦး ” ဖန်းလီကျွမ်းက တားလိုက်သည်  “သူက လျို့ဝှက်နယ်မြေထဲ ဝင်တဲ့အထဲက တစ်ယောက်မလား ”

“ဟုတ်ပါတယ်” စစ်မက်ရေးရာ အမတ်က ဖြေလိုက်သည်။

လုံအာင်းထျန်းသည် အုပ်ချုပ်သူတစ်ယောက်ဖြစ်လျက်နှင့် ကိုယ်တိုင်ဝင်ရောက်သည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း သူ့အပြုအမူအသေးစိတ်ကို သူမဆီ တင်ပြဖူးလေသည်။

“အဲဆို သူက ပေါက်ကွဲမှုကနေ ဘယ်လိုအသက်ရှင်နေတာလဲ” ဖန်းလီကျွမ်းက မေးလိုက်သည်။

စစ်မက်ရေးရာ အမတ်လည်း ခေါင်းပေါက်မတတ် စဉ်းစားနေ၏။

ခဏကြာ စဉ်းစားနေပြီးနောက် ဖန်းလီကျွမ်းက ဆက်ပြောလိုက်သည်။

“သူ့ကျင့်ကြံဆင့်ကို ပိတ်ထားပြီးတော့ သူ့ကို နိုးလာစေမဲ့ ဆေးလုံး တိုက်ထားလိုက် … ဒါပေမဲ့ ပြန်ကောင်းလာဖို့အထိတော့ မဟုတ်ဘူး။ ပြီးတော့ လုံအောင်းထျန်းနဲ့ ပတ်သက်သမျှ စုဆောင်းထားတဲ့ သတင်းတွေ ပို့ထား ”

မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် ဖန်းလီကျွမ်းက သူမတိုင်းပြည်တွင် လုံအောင်းထျန်းနှင့် ပတ်သက်သမျှ သတင်းအချက်အလက်အားလုံးကို ဖတ်လိုက်သည်။ သူ့ဇစ်မြစ်က မိသားစုငယ်လေးမှ ဖြစ်သော်လည်း ရုတ်ချည်း ကျင့်ကြံဆင့် မြင့်တက်လာကာ ကျရှုံးသွားသော တိုင်းပြည်မှ မင်းသမီးတစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး ကောင်းကင်ရွေးချယ်ခံများကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဟွမ်မင်နှင့် ဖြစ်၏။

သူမက လုံအောင်းထျန်းထံ ဖြစ်ခဲ့သည့် ကိစ္စတချို့မှာ မည်မျှ ယုတ္ထိမတန်ကြောင်း တွေးမိလိုက်၍ အံ့အားသင့်သွားလေသည်။ ခဏကြာသည့်အခါ သူမက သူလျိုအဖွဲ့က အမှားတစ်ခုခု လုပ်ကာ သူမအား ပညာရှင်တစ်ယောက်ယောက် ရေးထားသားသည့် ဒဏ္ဍာရီလာဇာတ်ကောင်အကြောင်း ဝတ္ထုဖြင့် မှားပေးသည်ဟု ထင်မိတော့သည်။

ဖန်းလီကျွမ်းက ရုတ်ချည်းဆိုသလို ဟိုးတုန်းက သူမမိသားစုထဲ ဖတ်ထားဖူးသည့် အကြောင်းအရာတချို့ကို သတိရသွားကာ ရေရွတ်လိုက်သည်  “ကံကြမ္မာသားတော်လား ”

ဤလုံအောင်းထျန်းက သူမမျိုးနွယ်မှ မှတ်သားထားသည့် ကံကြမ္မာသားတော်၏ လိုအပ်ချက်များနှင့် အားလုံးကွက်တိ ကိုက်ညီနေသည်။ ထိုအရာကို တွေးမိလိုက်လျှင် သူမစိတ်ထဲ အကြံအစည်တစ်ခု ရုတ်ချည်း ပေါ်လာ၏။

အကယ်၍ သူမ အောင်မြင်လျှင်  စစ်ဆေးမှု ကျရှုံးမည် မဟုတ်တော့ပေ။ အချုပ်အားဖြင့် သူမက အံ့အားသင့်စရာ အကျိုးမြတ်တချို့ကိုပင် ရရှိလာလိမ့်မည်။

……………

မဟာဝူတိုင်းပြည်၊ တော်ဝင်နန်းတော်အတွင်း

စွင်းဝမ်က နဂါးပလ္လင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်နေလေသည်။ အခန်းတစ်ခုလုံးက သူ့ဒေါသကြောင့် ဖျက်ဆီးခံထားရသည်။ ထိုစဉ် သူက သူ ကျရှုံးသွားကြောင်း သိလိုက်မိသည်။

သူတို့ ဒီစစ်ဆေးမှုကို ကျရှုံးသွားလျှင်ပင် ဒုတိယအခွင့်အရေး ပေးခံရမည့် တခြားသော ကောင်းကင်ရွေးချယ်ခံများနှင့် မတူဘဲ စွင်းဝမ်က ကွဲပြားလေသည်။ သူ့တွင် မောင်နှမများစွာ ရှိထားသောကြောင့် ဒီစစ်ဆေးမှု တက်ရောက်ခွင့်ရဖို့ ရွေးချယ်ခံဖြစ်ခဲ့သည်မှာ ကံကောင်းလှသည်။

ဤကျရှုံးမှုဖြင့် မဟာဝူတော်ဝင်တိုင်းပြည်အတွင်း သူ့အဆင့်အတန်းက အန္တရာယ်ကျရောက်လာနိုင်သလို ဉာဏ်များလှသည့် သူ့မောင်နှမများက သူ့ကို အိမ်ရှေ့စံရာထူးမှ ထုတ်ပယ်ဖို့ တုံ့ဆိုင်းနေကြမည် မဟုတ်ပေ။

ထို့အပြင် ဒီမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ကောင်းကင်ဘုံသွေဖယ်နေသည့် ပါရမီရှင်များစွာဖြင့် ပြည့်နှက်နေမှန်း သိ၍ မဟာဝူတော်ဝင်တိုင်းပြည်က ပါဝင်ဖို့ သိပ်စိတ်မဝင်စားပေ။

သူတို့က ဉာဏ်သုံးတိုက်ခိုက်သည့်အချက်ကြောင့် မဟာဝူတော်ဝင်တိုင်းပြည်အနေနှင့် ကောင်းကင်ဘုံ သွေဖယ်သည့် ပါရမီရှင်များ ပြည့်နှက်နေသည့် ခေတ်ကာလက သူတို့အတွက် အခွင့်အရေးမရှိကြောင်း သိထားလေသည်။

ထိုသို့ဆိုလျှင်ပင် ဤစစ်ဆေးမှုအား အသုံးချ၍ သူတို့အတွက် အခွင့်အရေးရှိလား စမ်းကြည့်ချင်ကြသည်။ သို့သော်လည်း ယခု သူတို့ တွေးထားသည်က အမှန်ဖြစ်နေသည်။ ဤကျရှုံးမှုဖြင့် စွင်းဝမ်က သူ့ဧကရာဇ်လမ်းစဉ်လည်း အဆုံးသတ်သွားကြောင်း သိလိုက်တော့သည်။

“ ကျီစုန့်နဲ့ နောက်ဆုံးတိုက်ပွဲ ဘာလို့ မတိုက်တာလဲ။ တကယ်လို့ ရှုံးနိမ့်သွားရင်တောင် ဂုဏ်ကျက်သရေရှိရှိ ရှုံးတာပေါ့” စွင်းကျောင်းလုံက သူ့အစ်ကိုကြီးကို ပြောလိုက်သည်။

သို့သော်လည်း စွင်းဝမ်က သူ့ကို မထီမဲ့မြင့်ကြည့်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပလ္လင်အခန်း ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူက မြို့တော်အတွင်း ရုတ်ရုတ်သည်းသည်း ဖြစ်နေသည့် လူများကို မြင်လိုက်ရသည်။ ထိုလူများကြား အခြေအနေကို အခွင့်ကောင်းယူကာ မုဒိမ်းကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်နေသည်များလည်း ပါဝင်သည်။

သူ့မျက်နှာအထက် ဘာအမူအရာမှ မပြောင်းလဲဘဲ  “ ဂုဏ်ကျက်သရေရှိတာ ဘာလုပ်နိုင်လို့လဲ။ သူတို့က မှော်ဆန်ဆန် ဒီတိုင်းပြည်ကို ကယ်နိုင်လို့လား ”

စွင်းဝမ် ပြောပြီးနောက် အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။ အခန်းတစ်ခုလုံး စိတ်ပျက်လက်ပျက် လေထုမျိုးသာ လွှမ်းခြုံသွားသည်။

စက္ကန့်ပိုင်းလေး ကြာမြင့်ပြီးနောက် စွင်းဝမ်က နောက်ကျောဘက်မှ သူ့နှလုံးသားကို ထိုးဖောက်သွားသလို ခံစားလိုက်ရပြီးနောက် သက်ပြင်းချသံကို ကြားလိုက်ရသည်။

သူက သွေးအန်လိုက်ပြီး ရင်ဘတ်မှ ထွက်နေသည့် အချွန်ကို ကိုင်ထားလိုက်မိသည်။ သူ့မျှခြေကို ထိန်းထားရင်း သံချေးတက်နေသည့် ဓားတစ်လက်နှင့် သူ့ကို ထိုးနေသည့် မျက်ရည်များဖြင့် သူ့ညီငယ် စွင်းကျောင်းလုံကို လှည့်ကြည့်လိုက်သည်။

သူ့မျက်နှာအထက် တုန်လှုပ်စွာဖြင့်  “ဘယ် … ဘယ်လိုလုပ် … လုပ်နိုင်ရတာလဲ … ”

All Chapters