ကံကောင်းသည့် အရူး
Vol. 11 Ch. 148
အခန်း(၁၄၈) : ကံကောင်းသည့် အရူး
လုံအောင်းထျန်းက အသံကြားရာဘက် ခက်ခက်ခဲခဲ ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ဘဝ၌ မြင်ဖူးသမျှအထဲ အလှဆုံးမိန်းကလေးကို မြင်လိုက်ရသည်။
သူမက တရုတ်ရိုးရာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မြင့်မြတ်လှသည့် ဟန်ပန်တို့ကို ပြသနေသည်။ သူမအကြည့်များက အေးစက်နေပြီး သူမအပြုံးတစ်ပွင့်ဖြင့် ယောက်ျားသားတိုင်းကို သူမအတွက် ဘာမဆိုလုပ်ပေးချင်စိတ်ပေါက်လာအောင်အထိ လုပ်နေသည်။
“ မင်းက နတ်မိမယ်လေးလား … မဟုတ်သေးဘူး နတ်ဘုရားမလား” လုံအောင်းထျန်းက ဖန်းလီကျွမ်းကို မြင်ပြီးနောက် ရေရွတ်လိုက်သည်။
“အဲလို ပြောလို့ရပါတယ် ” သူမက အေးစက်စက် အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။ သို့သော်လည်း လုံအောင်းထျန်းက ဂရုမစိုက်ပေ။ သူမက အေးစက်လေလေ သူ့အနေနှင့် သူမအပေါ် ပို၍ လွှမ်းမိုးချင်လေလေ ဖြစ်၏။
ဖန်းလီကျွမ်းက လုံအောင်းထျန်း အကြည့်ထဲမှ ပိုင်စိုးပိုင်နင်း လုပ်လိုသည့် သဘာဝကို မြင်တွေ့နေရသော်လည်း သူမက ဂရုမစိုက်ပေ။ သူမ တွေ့သည့် ယောက်ျားအများစုက ဒီလိုအကြည့်မျိုး ရှိကြသည် ဖြစ်ရာ သူမအနေနှင့် ကျင့်သားရနေလေပြီ။
“ ရှင် မလှုပ်ရှားသင့်သေးဘူး။ မဟုတ်ရင် ဒဏ်ရာတွေ ပြန်ပွင့်သွားလိမ့်မယ် ” ဖန်းလီကျွမ်းက လုံအောင်းထျန်းတစ်ယောက်က ကုတင်ပေါ်မှ ထဖို့ ကြိုးစားနေသည်ကို မြင်လိုက်သည့်အခါ ပြောလိုက်သည်။ သို့သော်လည်း သူက သူမစကားကို နားမထောင်ပေ။
သူ့အနာဂတ် ဇနီးကို ဒီလိုမျိုး အားနည်းသည့်အခြေအနေ မည်သို့ပြနိုင်မည်နည်း။
ထို့ကြောင့် လုံအောင်းထျန်းက ထဖို့ အဆင်ပြေကြောင်း ပြသလိုသည်။ သို့သော် ကံဆိုးစွာဖြင့် သူက အတော်လေး အခြေအနေဆိုးရွားနေခဲ့၏။ သူ ဖြတ်သန်းလာခဲ့သည့် အာကာပြင်သည် တည်ငြိမ်သော်လည်း သူ့အတွက် မထိမခိုက် အသက်ဆက်ရှင်ဖို့ မလုံလောက်ပေ။ ထို့ကြောင့် လုံအောင်းထျန်းက ဖရိုဖရဲ အာကာပြင် ရွေ့ပြောင်းမှုအတွင်း အမှုန့်အဖြစ် အကြိတ်ခံလုမတတ် ဖြစ်ခဲ့ရသည်။
သူက မတ်တတ်ရပ်ဖို့ ကြိုးစားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ ပတ်တီးများမှ သွေးများ စတင်ထွက်လာပြီး သူ့ဒဏ်ရာများ ပြန်ပွင့်သွားကြောင်း ပြသနေသည်။
ဖန်းလီကျွမ်းက ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့အနားသို့သွားကာ ပတ်တီးများကို လဲပေးလိုက်သည်။
ထိုအပြုအမူက လုံအောင်းထျန်းအား ပြုံးဖြီးသွားစေသည်။ သို့သော်လည်း ဖန်းလီကျွမ်းက ပတ်တီးလဲပေးနေတုန်း ဘာတစ်ခွန်းမှ မပြောပေ။
ထို့နောက် လုံအောင်းထျန်းက သူမ သတိပေးချက်ကို အတည်ယူကာ လှုပ်နေမည့်အစား ကောင်းကောင်းအနားယူလိုက်သည်။
ထိုစဉ် ဖန်းလီကျွမ်းက သူမအခန်းထဲ ထိုင်ကာ စောစောလေးက လဲပေးလာသည့် ပတ်တီးစများကို ကြည့်နေမိသည်။
“ကံကြမ္မာသားတော်ဆိုတဲ့အတိုင်းပဲ … သူ့ကို တွေ့တာ စက္ကန့်ပိုင်းလောက်ပဲ ရှိသေးတယ်။ ငါ့ဉာဏ်ရည် ကျဆင်းသွားပုံပဲ။ ငါ ဖန်းလီကျွမ်းက ယောက်ျားတစ်ယောက်ကို ပတ်တီးလဲဖို့ ကူညီပေးတယ်ပေါ့လ ”
ထိုသို့ပြောလိုက်ပြီးနောက် သူမ အကြည့်ထဲ ရက်စက်မှုအပြည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူမက ဉာဏ်များစွာ ပြုံးလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း ဖန်းလီကျွမ်းက လုံအောင်းထျန်း ပြန်ကောင်းလာစဉ်တစ်လျှောက် အဖော်ပြုပေးခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သား ပိုသိကျွမ်းလာခဲ့ကြ၏။ လုံအောင်းထျန်းက သူမသည် နယ်ခြားနတ်ဆိုးဖြစ်ကြောင်း သိသွားစဉ်က အနည်းငယ် အံ့ဩသွားသော်လည်း ဒီလိုမျိုး နောက်ခံတောင့်တောင့် လှပသည့်သူသာ သူ့လို အနာဂတ် မဟာဧကရာဇ် ဖြစ်လာမည့်သူနှင့် ထိုက်တန်ကြောင်း တွေးလိုက်သည်။
ကံဆိုးစွာဖြင့် သူ့ပြန်ကောင်းလာနိုင်စွမ်းက အလွန်နှေးကွေးနေ၏။
တစ်ရက် စကားစမြည်ပြောနေစဉ် ဖန်းလီကျွမ်းက ရုတ်ချည်း သက်ပြင်းချကာ “ဒီနတ်ဘုရားမသာ ခရမ်းရောင် သစ်ကြံ့ပိုးခေါက်ရှိရင် ရှင့်ဒဏ်ရာတွေ ရက်နည်းနည်းနဲ့ ပြန်ကောင်းလာမှာ ”
“အဲဒါဘာလဲ”
“ အဲဒါက ဒဏ်ရာကုသတဲ့နေရာမှာ သုံးတဲ့ အဖိုးတန်ရှားပါး ဆေးပင်လေ။ ကံဆိုးတာက ဒီနတ်ဘုရားမ ကမ္ဘာကနေ မသယ်လာခဲ့မိဘူး ”
လုံအောင်းထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ အဲဒီဆေးပင်ကို ပုံဖော်ပြနိုင်မလား ”
ဖန်းလီကျွမ်းက လုံအောင်းထျန်း၏ စကားကြောင့် ကြောင်အမ်းအမ်း အမူအရာ ဖြစ်သွားသော်လည်း ပုံဖော်ပြလိုက်ပြီး ဘာမှအာရုံမစိုက်နေတော့ပေ။ သို့သော် ဖန်းလီကျွမ်းကို အံ့ဩသွားစေသည်က လုံအောင်းထျန်းသည် သူ့သိုလှောင်လက်စွပ်အတွင်းမှ ထူးထူးဆန်းဆန်း ဆေးပင်တစ်ပင် ထုတ်ကာ သူမဆီ ပေးလာသည်။ သူမက ထိုဆေးပင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် လုံအောင်းထျန်း၏ လက်အား တအံ့တဩ သွားကိုင်မိသွားသည်။
“ဒါ ခရမ်းရောင် သစ်ကြံ့ပိုးခေါက်လား။ ဘယ်လိုလုပ် ဒီဟာရှိနေတာလဲ။ ဒီဆေးနဲ့ဆိုရင် ရှင့်ဒဏ်ရာတွေ မြန်မြန် ပြန်သက်သာလာမှာ” ဖန်းလီကျွမ်းက အပြုံးလေးနှင့် ပြောလိုက်သည်။ သို့သော်လည်း သူမ၏ အပြုအမူက မည်မျှရဲတင်းနေကြောင်း သတိပြုမိသွားကာ ရှက်ရွံ့စွာဖြင့် ချောင်းဟန့်လိုက်သည်။ ထို့နောက် သူမက မျက်နှာနီရဲနေရင်း လက်ကို ပြန်ရုတ်လိုက်သည်။
ထိုစဉ် လုံအောင်းထျန်းက ဖန်းလီကျွမ်း၏ အပြုံးထဲ နှစ်မျှောသွားသည်။ သူ့အတွက် သူမအပြုံးက နေမင်းကြီးထက် ပိုတောက်ပနေသေးကာ မိုးမြေမှ ဖန်တီးထားသော အလှပဆုံး ပန်းပွင့်လေးထက် ပို၍ လှပနေသေးသည်။ လရောင်အောက် ကခုန်နေသည့် နတ်မိမယ်ထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
သူမလက်မှ ချောမွတ်နေမှုနှင့် ပျော့ပျောင်းမှုကို ထည့်မပြောရသေးပေ။ ထိုစဉ် သူက တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားရသလို ခံစားလိုက်ရသည်။ ထိုစက္ကန့်ပိုင်းလေး၌ စကြဝဠာထဲ ဘယ်ကိစ္စမှ အရေးမပါတော့သလို ခံစားလိုက်မိသည်။
သူ့အသိပြန်ဝင်လာဖို့ စက္ကန့်ပိုင်းလေးကြာမြင့်သွားပြီးနောက် ဖန်းလီကျွမ်းက ဘာမှမဖြစ်သည့်အလား ဟန်ဆောင်ကာ ပြောလိုက်သည် “ ဒီဆေးပင်နဲ့ဆိုရင် ရှင့်ဒဏ်ရာ ရက်ပိုင်းနဲ့ သက်သာလာစေနိုင်မဲ့ ဆေး ဖော်စပ်နိုင်ပြီ ”
လုံအောင်းထျန်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူမက အခန်းမှ ထွက်သွားလေသည်။
သို့သော်လည်း သူမ မျက်နှာအထက် ရှက်ရွံ့ကာ ပျော်ရွင်နေသည့် အမူအရာက ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စက် အမူအရာသာ အစားထိုးဝင်ရောက်လာသည်။
သူမက လက်ထဲမှ ခရမ်းရောင် သစ်ကြံ့ပိုးခေါက်ကို ကြည့်ကာ ရေရွတ်လိုက်သည် “ မျိုးတုန်းဆေးပင်ကို ဒီလိုကမ္ဘာငယ်လေးမှာ ရှာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကို ကံကြမ္မာသားတော် ပီသတာပဲ။ ဘာမှမမျှော်လင့်ထားဘဲ စမ်းကြည့်လိုက်တာ …သူ့ဆီမှာ တကယ်ကြီး ရှိနေလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ ”
ထိုသို့ပြောပြီးနောက် ဖန်းလီကျွမ်းက ဆေးပင်ကို အစိမ်းလိုက် မျိုချလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။ နာရီအနည်းငယ် ကြာမြင့်သွားပြီးနောက် သူမက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်လုံးဖွင့်လိုက်သည်။
သူမ မျက်လုံးက အဖြူရောင် ပြောင်းနေပြီး သူမ သွေးမျိုးဆက် အပြည့်အဝ အသက်ဝင်လာကြောင်း ပြသနေသည်။ ဖန်းလီကျွမ်းက လီကျွင်းနှင့် တိုက်ခိုက်စဉ်အခါက သွေးမျိုးဆက် တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာမှာ ပြန်ကောင်းမွန်လာပြီ ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။
ပို၍ အရေးကြီးသည်က ထိုဆေးပင်၏ အာနိသင်အနည်းငယ်မျှသာ ရှိသေးသည်။ ထိုဆေးပင်၏ အဓိကအသုံးဝင်ပုံမှာ သူမ သွေးမျိုးဆက်ကို သန့်စင်ပေးပြီး သူမ၏ ပါရမီနှင့် ခွန်အားကို တိုးမြင့်စေလိမ့်မည်။ ထိုဆေးပင်က အသင်္ချေအင်ပါယာကမ္ဘာတွင် ပျောက်ကွယ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“ဘိုးဘေးတွေက အဆုံးမဲ့လေဟာနယ်ထဲ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတယ်လို့ ပြောတာ လှည့်စားခဲ့တာ မဟုတ်ဘူးပဲ။ ကမ္ဘာတိုင်းက ဘယ်လောက်ပဲ သေးငယ်နေပါစေ သူ့ကိုယ်ပိုင်ဆွဲဆောင်မှုနဲ့သူ ရှိကြတာပဲ ” ဖန်းလီကျွမ်းက ရေရွတ်လိုက်သည်။ ထို့နောက် သူမက အပြုံးဖြင့် ဆေးကုသခန်းဘက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆက်လက်ကျင့်ကြံလိုက်သည်။
သုံးရက်ကြာမြင့်ပြီးနောက် ဖန်းလီကျွမ်းက လုံအောင်းထျန်းကို ထပ်မံ လာတွေ့သည်။ ထိုအပြုအမူက ယခင်ရက်ပိုင်းအတွင်း အလွန်သတိရနေသည့် သူ့စိတ်အား သက်သာရာရသွားစေသည်။
သူက ဖန်းလီကျွမ်းသည် ယခင်ထက် ပိုမိုတက်ကြွကာ အသက်ဝင်နေကြောင်း သတိပြုမိလိုက်၏။ သူမက သူ မြန်မြန်ပြန်ကောင်းလာတော့မည် ဖြစ်၍ ပျော်နေသည်ဟု ထင်မှတ်လိုက်မိသည်။
ထိုစဉ် ဖန်းလီကျွမ်းက လုံအောင်းထျန်းအား ဒီစစ်ဆေးမှုအတွက် ယူဆောင်လာသည့် သူမ၏ မြေကမ္ဘာအလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို တိုက်လိုက်သည်။
ထိုဆေးလုံးသောက်လိုက်ပြီးသည့်နောက် သူက အားကောင်းသည့် စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာကာ သူ့ဒဏ်ရာများကို အမြန်အဆန် ကုသပေးနေသည်ဟု ခံစားလိုက်ရသည်။
လုံအောင်းထျန်းက ဆေးအာနိသင်ကြောင့် အံ့ဩမိသွား၏။ သူက တောထဲမှ ကြုံရာကျပန်း ကောက်လာသည့် ဆေးပင်သည် ဒီလောက် အဖိုးတန်နေလိမ့်မည်ဟု မထင်ထားမိပေ။ သူက ဖန်းလီကျွမ်းသည် သူ့သိုလှောင်လက်စွပ်ထဲ သူ မခွဲခြားနိုင်သည့် ဆေးပင်များကို ပိုသိရမည်ဟု တွေးလိုက်မိသည်။
ထို့ကြောင့် သူက ဆေးပင်အပုံလိုက် ထုတ်ကာ သူမအား ပြလိုက်သည်။ သူမက တအံ့တဩဖြင့် သူမ သိထားသည့် ဆေးပင်တချို့ကို ခွဲခြားပြလိုက်ပြီး စမ်းသပ်ကြည့်ဖို့ လိုအပ်နေပြီး မမှတ်မိသည့် ဆေးပင်တချို့ကို ဘေးဖယ်ထားလိုက်သည်။
သူမက အလုပ်ပြီးသည်နှင့် သက်ပြင်းချကာ စစ်ပွဲအတွင်း ကျရောက်နေ၍ လုံအောင်းထျန်းအား ဆေးလုံးဖော်စပ်ပေးဖို့ရာ အချိန်မရှိကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် သူက သူမအပေါ် ယုံကြည်မှုကို ပြသရန် သူမအား ပစ္စည်းအားလုံးကို သိမ်းထားဖို့ ပြောခဲ့သည်။
ထိုအပြုအမူက ဖန်းလီကျွမ်းအား ရှက်သွေးဖြာသွားစေပြီး အခန်းထဲမှ ပစ္စည်းများနှင့်အတူ ထွက်လာလိုက်သည်။
လုံအောင်းထျန်းက အပြုံးဖြင့်သာ ကြည့်နေလေ၏။ သူ့အိပ်မက်ထဲမှ နတ်ဘုရားမလေးအား အပိုင်သိမ်းဖို့ ခြေတစ်လှမ်း နီးကပ်လာကြောင်း သိလိုက်သည်။
လုံအောင်းထျန်းက တခြားအမျိုးသမီးနှင့် ကလူကြည်စယ်နေသည့်အချိန်တွင် ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်းထဲ သူ့ဇနီးဖြစ်သူ မင်းသမီးလင်းဟွာက စိုးရိမ်ကြောင့်ကြစွာ ရှိနေသည်။
သူမခင်ပွန်းဖြစ်သူက သူမနှင့် မိသားစုဆီ ထူးကဲအဆောင်တစ်ရွက် ချန်ရစ်ထားခဲ့သည့် အချက်ကြောင့် ကံကြမ္မာအရိပ်အဖွဲ့ လုပ်ကြံမှုအောက်မှ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းကို အုပ်စိုးနေသည့် တခြားသော တော်ဝင်မိသားစုများအတွက်တော့ အတူတူ မဟုတ်လောက်ပေ။
ထို့ကြောင့် မင်းသမီးလင်းဟွာက အဖွဲ့အစည်းကို တာဝန်ယူထားရသည်။ ကံဆိုးစွာဖြင့် အဖွဲ့အစည်းခေါင်းဆောင်က လျို့ဝှက်နယ်မြေထဲ ဝင်ကာ သေဆုံးသွားခဲ့သည့်အကြောင်က တိုင်းပြည်တစ်လျှောက် ပျံ့နှံ့သွားခဲ့၍ ဖရိုဖရဲ ဖြစ်ကုန်သည်။
လင်းဟွာက မဟာမိတ်အဖွဲ့အစည်းအား သူ့ယောက်ျား မသေဆုံးသေးကြောင်း ဒဏ်ရာအပြင်းအထန် ရထား၍ ပြန်လည်အားမွေးနေတုန်းဟုသာ ပြောထားခဲ့သည်။ ထိုအပြုအမူက လူများကို အနည်းငယ် ငြိမ်သက်သွားစေသည်။ သို့သော်လည်း သူမက သက်ပြင်းမချနိုင်ခင် နောက်ထပ် ပြဿနာကြီး ပေါ်ပေါ်လာ၏။
ဟွမ်အံ့ဖွယ်တိုင်းပြည်၏ အုပ်ချုပ်သူက ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်ရမည့်အစား သူတို့ပိုင်နက်ကို စတင်တိုက်ခိုက်လာခဲ့သည်။ လင်းဟွာက ဟွမ်မင်သည် သူ့အမတ်များနှင့် လက်ရွေးစင်အများစု ဆုံးရှုံးလိုက်ရ၍ အချိန်ယူဦးမည်ဟု တွက်ဆထားခဲ့သော်လည်း သူမ မှားယွင်းခဲ့သည်။
အချုပ်အားဖြင့် ဟွမ်မင်က ပို၍ ရက်စက်လာသည်။ သူက သာမန်လူများကို တပ်ဖွဲ့အတွင်း ခေါ်သွင်းကာ လေ့ကျင့်မှုမရှိဘဲ ရှေ့တန်းဆီ စေလွှတ်ခဲ့သည်။
သူက ပိုင်နက်အများစုကို မြန်မြန်အုပ်စိုးနိုင်ဖို့ သေဆုံးသူအရေအတွက်များများ အသုံးပြုဖို့ ဆုံးဖြတ်ထားပုံရသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း လူဦးရေ ငါးသန်းကျော် အသတ်ခံလိုက်ရပြီး ဟွမ်အံ့ဖွယ်တိုင်းပြည်မှ ၇၀ ရာခိုင်နှုန်းကျော် ပါဝင်သည်။
ကံဆိုးစွာဖြင့် ထိုနည်းလမ်းက အလုပ်ဖြစ်နေခဲ့ပြီး ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်း၏ ပိုင်နက်များက ဟွမ်အံ့ဖွယ်တိုင်းပြည်လက်ထဲ ဆက်တိုက်ကျရောက်သွားခဲ့သည်။