← Chapters

ကံကောင်းသည့် အရူး

Vol. 11 Ch. 151

ကံကောင်းသည့် အရူး

Vol. 11 Ch. 151

အခန်း(၁၅၁)  :  ကံကောင်းသည့် အရူး

မိနစ်အနည်းငယ်ကြာ စူးစမ်းပြီးနောက် လုံအောင်းထျန်းက ဖန်းလီကျွမ်း ပြောပြထားသည့်နည်းလမ်းအတိုင်း သွေးယန်ပျိုနီဟု အမည်ရှိသည့် ဆေးပင်ကို ဂရုတစိုက် တူးလိုက်နိုင်သည်။

ထို့နောက် သူက ပြုံးပြုံးရယ်ရယ်ဖြင့် အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ ဤသည်မှာ ဟွမ်မင်အား ဒီဆေးပင် ကျွေးဖို့ သူ စီစဉ်ထားသည့် နည်းလမ်း ဖြစ်၏။

ထို့နောက် လုံအောင်းထျန်းက သူ့ကိုယ်သူ ပါးပြန်ရိုက်လိုက်ပြီး ရေရွတ်လိုက်သည်  “ငါ ဘယ်လောက်တောင် တုံးနေပါ့လိမ့်။ သားရဲနဲ့ တွေ့တုန်းက ဒီကိုယ်ပျောက်အဆောင်ကို ဘာလို့များ မသုံးခဲ့မိတာလဲ ”

ထို့နောက် လုံအောင်းထျန်းက သူ ပြုတ်ကျလာသည့် တောင်စွန်းမှ ပြန်တက်လာလိုက်သည်။ ထိုနေရာတွင် နတ်ဆိုးသားရဲက ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် သူက ကိုယ်ပျောက်သွားစေသည့် အဆောင်ကို အသက်သွင်းပြီး အဆင့် ၄ နတ်ဆိုးသားရဲနား ချည်းကပ်လာလိုက်သည်။

သို့သော်လည်း သူ နတ်ဆိုးသားရဲနှင့် မီတာအနည်းငယ်အကွာတွင် ထိုအကောင်က တစ်ခုခုကို တုံ့ပြန်လာသည့်အလား ဘေးပတ်လည်ကို စတင်ကြည့်လာသည်။ သို့သော် သားရဲက ဘေးပတ်လည်တွင် ဘာမှရှာမတွေ့ပေ။

ထိုစဉ် လုံအောင်းထျန်းက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤအဆောင်သည် အားအရမ်းမကောင်းကြောင်း သဘောပေါက်သွားပြီး သူသာ အနီးကပ်သွားလျှင် လူတချို့က သတိထားမိနိုင်ကြောင်း သိလိုက်သည်။ အထူးသဖြင့် ဟွမ်မင် ဖြစ်၏။

သို့သော်လည်း သူ့အစီအစဉ်က ဒီဟာကွက်ရှိနေသော်လည်း ဖော်ဆောင်နိုင်ဆဲ ဖြစ်သောကြောင့် ဂရုမစိုက်ပေ။ ထို့အပြင် ဤအဆောင်က မြင်ရသလောက် မရိုးရှင်းကြောင်း သိထားလေသည်။ သူ့အပေါ် စည်းပိတ်ထားသလိုမျိုး အားအပြည့်မပြနိုင်အောင် တစ်စုံတစ်ခုက တားဆီးထားမှန်း သတိပြုမိ၏။

ထိုအကြောင်းကို တွေးလိုက်ပြီးနောက် လုံအောင်းထျန်း အဆင့် ၄ သားရဲနှင့် ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွဲခဲ့သည်။ အတိအကျဆိုရလျှင် သူက အဆောင်ဖြင့် ကိုယ်ပျောက်နေတုန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထိုငှက်ကြီး၏ နောက်ဆုံးထွက်သက်နားတွင် လုံအောင်းထျန်းက သူ့ဆီ အညံ့ခံပြီး ကျွန် ဖြစ်လာလျှင် ကယ်ပေးမည်ဟု ကတိပေးလိုက်သည်။

အဆင့် ၄ လင်းယုန်က မလိုလားသော်လည်း လုံအောင်းထျန်းနှင့် သားရဲစာချုပ် ချုပ်ဆိုကာ သူ့သားရဲ ဖြစ်လာလိုက်ရသည်။

ထို့နောက် လုံအောင်းထျန်းက မိုးကြိုးလင်းယုန်ကို စီးနင်းကာ ဟွမ်အံ့ဖွယ်တိုင်းပြည်ရှိရာဘက် သွားလိုက်သည်။ သူ့အနေနှင့် လက်ရှိအခြေအနေကို သဘောပေါက်ဖို့ ခဏမျှသာ ကြာမြင့်ခဲ့သည်။ ထို့ကြောင့် သူက ဟွမ်မင်ကို ပို၍ ဒေါသထွက်လာသည်။

အထူးသဖြင့် သူ့ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းသည် ပြိုလဲလုနီးပါး ဖြစ်နေသည့်အချက်ကို သိပြီးသည့်နောက်တွင် လုံအောင်းထျန်းက ဟွမ်မင်ကို သတ်ဖြတ်လိုစိတ်က ပိုမိုကြီးမားလာသည်။

ထိုသတင်းကိုကြားကာ သူက ဟွမ်မင်ရှိရာဆီ အလျှင်အမြန် သွားခဲ့သည်။ သူ့ကိုယ်ပျောက်အဆောင်ဖြင့် စစ်တန်းလျားထဲ ခိုးဝင်နိုင်ခဲ့သည်။ လုံအောင်းထျန်းက သူ့သင်ခန်းစာကို သင်ယူထားပြီး ဟွမ်မင်ဆီ တည့်တိုးပြေးမသွားခဲ့ပေ။

သူက ရက်အနည်းငယ် အချိန်ယူ၍ ဟွမ်မင်၏ နေ့စဉ်အချိန်စာရင်းကို လေ့လာခဲ့သည်။ ထို့နောက် သူက ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ရှာတွေ့သွားသည်။

တစ်ညကျ ဟွမ်မင်သည် လက်ထဲတွင် သဘောအကျဆုံး ကိုယ်လုပ်တော်တစ်ယောက်ကို ပွေ့ဖက်ရင်း သေရည်သောက်နေလေသည်။ သူက ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းကို အုပ်စိုးနိုင်တော့မည် ဖြစ်၍ စိတ်အခြေအနေ အတော်လေး ကောင်းနေ၍ ကိုယ့်ဘာသာ ဆုချဖို့ ဆုံးဖြတ်လိုက်သည်။

သူ့လက်တစ်ဖက်က ကိုယ်လုပ်တော်၏ ဝတ်စုံထဲ ရောက်နေပြီး တစ်ဖက်က သေရည်ခွက် ကိုင်ကာ သောက်နေသည်။ သူက သောက်ပြီးသည့်အခါ ကိုယ်လုပ်တော်လေးက ချက်ချင်း လောင်းထည့်ပေးလေသည်။ ဟွမ်မင်က သူမ ရိုကျိုးပုံကိုကြည့်ကာ အတော်လေး စိတ်ပျော်နေသည်။

ခွက်ဒါဇင်အနည်းငယ် သောက်ပြီးသည့်နောက် ဟွမ်မင်က ရီဝေဝေ ဖြစ်လာသည်။ အစပိုင်း သူက အသောက်များသွား၍ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ သို့သော် သူ ရုတ်ချည်း သွေးအန်ပြီးသည့်နောက် ကိစ္စများက အလှည့်အပြောင်း ဖြစ်သွားလေသည်။

အခြေအနေတင်းမာမှုကို သတိပြုမိကာ သူက မူလချီကို ချက်ချင်း လှည့်ပတ်၍ အဆိပ်ကို ဖယ်ရှားဖို့ လုပ်လိုက်သည်။ သို့သော်လည်း အသုံးမဝင်ပေ။ အချုပ်အားဖြင့် အဆိပ်က ပို၍ပင် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသေးသည်။

ထို့နောက် ဟွမ်မင်က မြေပြင်ပေါ် အသက်ရှုရခက်စွာဖြင့် လဲကျသွားပြီး သူ့မျက်လုံးမှ သွေးနက်များ စီးထွက်လာကာ နာကျင်မှုလည်း ပြင်းထန်လာသည်။ သူက အော်ခေါ်ဖို့ ကြိုးစားသော်လည်း သူ့လည်ချောင်းမှ အသံထွက်မလာပေ။

ထို့ကြောင့် သူ့အနေနှင့် သူ့ကိုယ်လုပ်တော်က အကူအညီတောင်းဖို့ အမြန်သွားခေါ်ပေးလိုပေးငြား ကြည့်လိုက်မိသည်။ ကံဆိုးသည်က သူ့ကိုယ်လုပ်တော်က သူ့အား အမုန်းတရားအပြည့်ဖြင့် ကြည့်နေလေသည်။

ထို့နောက် ကိုယ်လုပ်တော်က ဟွမ်မင်ပေါ် တံတွေးထွေးကာ  သူ့အောက်ပိုင်းအား စတင်ကန်တော့သည်။ ဟွမ်မင်က ထပ်မံ အော်ဟစ်ဖို့ ကြိုးစားသော်လည်း မရပေ။

ထိုစဉ် ကိုယ်လုပ်တော်က မျက်ရည်အပြည့်ဖြင့် ဟွမ်မင်ကို သတ်ဖို့ ကြိုးစားရင်း အော်ဟစ်နေသည်။

“ ရှင်ပဲ ကျွန်မဆီက အကုန်ယူသွားခဲ့တာ။ ကျွန်မခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ မိသားစုတောင် ချန်မပေးဘူး။ ဒီလိုဆိုးဆိုးရွားရွားတွေလုပ်ပြီး ကျွန်မ ဖြူစင်မှုကို ညစ်ညမ်းစေခဲ့တာ … ရှင်က ဒီထက် ဆိုးဆိုးရွားရွား သေဆုံးပါစေလို့တောင် ဆုတောင်းနေတာ ”

ထိုစဉ် ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေသည့် ဟွမ်မင်က သူ့နောက်ဆုံးအင်အားတချို့ဖြင့် သွေးမျိုးဆက်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ့လက်တစ်ချက်အဝေ့တွင် အားကောင်းသည့် အင်အားတစ်ခုပေါ်လာပြီး သူ့ကိုယ်လုပ်တော်အား လွှင့်စင်သွားစေသည်။

သို့သော်လည်း ဟွမ်မင်၏ အခြေအနေက ရုတ်ချည်း ပိုဆိုးလာသည်။ အဆိပ်က တစ်ခုခုကို တွေ့သွားသည့်အလား သူ့သွေးမျိုးဆက်အတွင်း ဝင်ရောက်ကာ သူ့လမ်းကြောင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

ထို့ကြောင့် ဟွမ်မင်၏ မျက်နှာက ပိုဆိုးလာသည်။ သူက တုံ့ဆိုင်းမနေဘဲ လျှာကိုက်ကာ သွေးစက်တချို့ကို ချလိုက်ပြီး သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ ထို့နောက် သူက အဆောင်တစ်ရွက် ယူကာ ချက်ချင်း ခြေမွပစ်လိုက်သည်။ ထိုစဉ် အက်ကြောင်းတစ်ခု ပေါ်လာပြီး သူ့အား ဝါးမျိုသွားလေသည်။

ထိုစဉ် လုံအောင်းထျန်းက အထဲက အသံကို ကြားလိုက်သောကြောင့် ချက်ချင်း ပြေးဝင်လာသည်။ သူက ဟွမ်မင် အာကာပြင် အက်ကြောင်းထဲ ဝင်သွားသည်ကို အချိန်မီ မြင်လိုက်ရသည်။

သူက တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ် လဲနေသည့် ကိုယ်လုပ်တော်ကို ပွေ့ကာ မူလချီ ထည့်သွင်းပေးလိုက်သည်။ သို့သော် သူ့မခန္ဓာကိုယ် အတွင်းအင်္ဂါအများစုက အရည်ဖြစ်နေကြောင်း သတိထားမိလိုက်၏။

သူမကို ကယ်တင်ဖို့ မဖြစ်နိုင်ကြောင်း သိသော်လည်း ကြိုးစားနေသေးသည်။ သူက ချန်ရှီးရေစင်ကို ထုတ်တိုက်လိုက်သည်။ အစက်အနည်းငယ် တိုက်လိုက်ပြီးနောက် သူမ အသိပြန်လည်လာသည်။ သို့သော်လည်း လုံအောင်းထျန်းက သူမ ကြာကြာမနေနိုင်တော့ကြောင်း သိလိုက်သည်။

“ သူနဲ့ ဘာလို့ ထိပ်တိုက်ရင်ဆိုင်ရတာလဲ။ အစီအစဉ်အတိုင်းသာ လုပ်ပြီး တံခါးနားမှာသာ နေရင် အဲဒီကောင် သေသွားတာကို ကြည့်နေရုံပဲလေ” လုံအောင်းထျန်းက အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။

“ သူ့ကို ကျွန်မကိုယ်တိုင် ရင်ဆိုင်ချင်တာ ” ကိုယ်လုပ်တော်က သွေးအန်လိုက်ပြီးနောက် ပြောလိုက်သည်  “ အဲဒီခွေးသား သေတာကို ကြည့်နေရတာ အကျေနပ်ဆုံးပဲ”

“မင်း သေဖို့ တန်လို့လားကွာ ”

“ဒါပေါ့ ”သူမက အပြုံးလေးဖြင့်   “ပြီးတော့ … တော့ ကျွန်မ …မ အတွက် သေခြင်းတရားက စိတ်ချမ်းသာရာ ဖြစ်နေနိုင်တယ် ”

ထို့နောက် သူမက လက်ကိုမြောက်ကာ လုံအောင်းထျန်း မျက်နှာအား အသာထိလိုက်ပြီး  “ ကျွန်မအတွက် လက်စားချေဖို့ အခွင့်အရေးပေးခဲ့တာ ကျေးဇူးပါ ”

ထို့နောက် သူမလက်က ပြုတ်ကျသွားပြီး နောက်တစ်ခါ လှုပ်ရှားလာခြင်း မရှိတော့ပေ။

လုံအောင်းထျန်းက သူ့ရင်ခွင်ထဲမှ  သူမ မသေဆုံးခင် အပြုံးကို ကြည့်လိုက်သည်။ သူမပါးစပ်က သွေးများအပြည့် ရှိနေသေးသော်လည်း သူမ အပြုံးက တက်ကြွမှုအပြည့် ဖြစ်နေသည်။ ပို၍ အရေးကြီးသည်က တကယ်ကို ငြိမ်းချမ်းလှ၏။

သူက သက်ပြင်းချလိုက်သည်။ သူမအတွက် နဂိုအစီအစဉ်မှာ သေရည်ထဲ အဆိပ်ခတ်ကာ ဟွမ်မင် သေသည့်အထိ စောင့်ဖို့ ဖြစ်သည်။ လုံအောင်းထျန်းက နောက်ပိုင်းတွင် သူမကို ဇနီးထဲမှ တစ်ယောက်အဖြစ် ဂရုစိုက်ပေးမည်ဟု ကတိပေးထားခဲ့သည်။

အကယ်၍ သူမ အလိုမရှိလျှင်  တစ်ဘဝလုံး ဘာမှကြောင့်ကြစရာ မလိုဘဲ အေးအေးလူလူ ချမ်းချမ်းသာသာ နေနိုင်မည့် ဥစ္စာပစ္စည်းများ ပေးလိုက်မည်။

သူမအတွက် အုတ်ဂူတည်ပေးပြီးနောက် လုံအောင်းထျန်းက သက်ပြင်းထပ်ချလိုက်သည်။ သို့သော်လည်း သူ့နတ်ဘုရားမနှင့် အတူတူ ရှိနေနိုင်တော့မည့် အချက်ကို စဉ်းစားကြည့်မိလိုက်သည့်အခါ ဖန်းအံ့ဖွယ်တိုင်းပြည်ဆီ ခပ်သုတ်သုတ် ပြန်လာလိုက်သည်။

သူ ပြန်ရောက်လာသည့်နောက် ဖန်းလီကျွမ်းက သူ့အား စောင့်နေသည်ကို မြင်လိုက်ရ၍ ပြေးသွားကာ ဖက်လိုက်ပြီး ဟွမ်မင်အား မည်သို့သတ်ခဲ့ကြောင်း အသေးစိတ်ရှင်းပြလိုက်သည်။ ထိုစဉ် ဖန်းလီကျွမ်းက ပျော်ရွင်စွာဖြင့် ခေါင်းညိတ်ပြလေသည်။

ထို့နောက် လုံအောင်းထျန်းက ရုတ်ချည်း ပြောလိုက်သည်  “ကျွမ်းအာ … အခု ကိုယ်တို့အတူတူရှိမှာကို တားနိုင်မဲ့လူ မရှိတော့ဘူး။ ကိုယ်တို့ လင်မယားအရာ အထမြောက်စေလိုက်ရင် ဘယ်လိုလဲ ”

ဖန်းလီကျွမ်းက အရှက်သည်းပြီး ခေါင်းငုံ့သွားကာ  “ အခုလား… တို့တွေ အရမ်းမမြန်လွန်ဘူးလား ”

“ဘယ်မြန်ရမှာလဲကွာ … မင်းက ကိုယ့်ကို ချစ်တယ်။ ကိုယ်ကလည်း မင်းကို ချစ်တယ်။ ဒါပဲလေ ”

ဖန်းလီကျွမ်းက ရှက်ရွံ့စွာ ခေါင်းလေးငုံ့လိုက်သည်။ ထို့နောက် လုံအောင်းထျန်း ခေါ်ရာနောက် သူတို့နေထိုင်သည့် စံအိမ်မှ သူမအခန်းဆီ ရောက်လာသည်။

ထိုနေရာတွင် လုံအောင်းထျန်းက ဖန်းလီကျွမ်းကို ချစ်ရမ္မက် ပြင်းပြစွာ နမ်းရှိုက်လိုက်သည်။ သို့သော် သူက သူမအဝတ်အစားများကို ဖယ်တော့မည့်ဆဲဆဲတွင် သူမက တားလိုက်ပြီး “ခဏ … ကျွန်မကို ပြင်ဆင်ဖို့အတွက် အချိန်ပေးပါဦး ”

ထို့နောက် သူမက အဝတ်အစားလဲဖို့ ဝင်သွားခဲ့သည်။ လုံအောင်းထျန်းက သူ့အဝတ်များကို ဖယ်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းလီကျွမ်းက သူ့မ နှုတ်ခမ်းအထက် တောက်ပနေသည့် မဟူရာအရောင်ကို ခြယ်သရင်း ခန္ဓာကိုယ်တွင် လေတိုက်ရုံဖြင့် လွှင့်ထွက်သွားနိုင်လောက်အောင် ပါးလွှာနေသည့် ဝတ်စုံကိုသာ ဝတ်ထားလေသည်။

ထို့နောက် သူမက အဝတ်စလေးကို မချွတ်ပစ်ခင် လုံအောင်းထျန်းဆီ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။ သူမက ကုတင်ပေါ်မှ သူ့ကို မှီလိုက်ရင်း နက်ရှိုင်းသည့် အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထိုအပြုအမူက လုံအောင်းထျန်းအား စိတ်လှုပ်ရှားလာစေသည်။

ပြင်းပြနက်ရှိုင်းသည့် အနမ်းအပြီးတွင် လုံအောင်းထျန်းက ပိုလိုချင်လာသည်။ ထို့ကြောင့် သူမ၏ တားမြစ်နေရာနှင့် မို့ဖောင်းနေသည့် နေရာနှစ်ခုအား ထိတွေ့ဖို့ လုပ်လိုက်သည်။ သို့သော် အလယ်တစ်ဝက်၌ သူ့ခေါင်းက မူးလာကာ ဘာမှမလုပ်နိုင်ဘဲ သတိမေ့သွားတော့သည်။

ထိုစဉ် ဖန်းလီကျွမ်းက အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်ပြီး “ ရှင်က ဒီနတ်ဘုရားမရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို မြင်ဖူးတဲ့ တစ်ဦးတည်းသော ယောက်ျားပဲ။ ကံဆိုးတာက ဒီကိစ္စကို တမလွန် ယူဆောင်သွားရတော့မယ် ”

သူမ လက်တစ်ချက်အဝေ့တွင် များပြားစွာသော စက်ဝန်းများစွာက ပေါ်ထွက်လာသည်။ ဤသည်က အစီအရင်တစ်ခု ဖြစ်၏။

ဤအစီအရင်တွင် ရည်ရွယ်ချက်တစ်ခုသာ ရှိပြီး လူတစ်ယောက်၏ ကံကောင်းမှုကို စုပ်ယူကာ တစ်ခြားတစ်ယောက်ဆီ လွဲပြောင်းပေးဖို့ ဖြစ်၏။ ဤအစီအရင်က ကံကြမ္မာသားတော်အတွက် ပုံစံဖန်တီးထားခြင်း ဖြစ်သည်။

ဖန်းလီကျွမ်းက ထိုအကြံအစည်ကို လုံအောင်းထျန်းက ဒီတိုက်ပွဲတိုင်းပြည်ကမ္ဘာမှ ကံကြမ္မာသားတော် ဖြစ်ကြောင်း သတိပြုမိကတည်းက လုပ်ဆောင်ထားခြင်း ဖြစ်၏။ ဟွမ်မင်၏ သေဆုံးမှုအတွက်ကိုတော့ သူမက စေ့စပ်ပွဲ ပျက်သွားပြီး သူမလွတ်လပ်မှု ပြန်ရဖို့ အကြောင်းပြချက်တစ်ခု လိုချင်ခဲ့၍သာ ဖြစ်သည်။

ခဏကြာ တွေးလိုက်ပြီးနောက် ဖန်းလီကျွမ်းက အစီအရင်အသက်သွင်းမှု ပြီးဆုံးသွားလေသည်။ လုံအောင်းထျန်း ခန္ဓာကိုယ်ထဲမှ ရွှေရောင်စွမ်းအားအများအပြားက သူမခန္ဓာကိုယ်ထဲ စီးဝင်လာသောကြောင့် သူမချီနဂါးက ခရမ်းရောင်မှ ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။

သူမ ကူးပြောင်းမှု ပြီးဆုံးပြီးသည့်နောက် ဖန်းလီကျွမ်းက ကောင်းကောင်းဝတ်ဆင်လိုက်ပြီး လုံအောင်းထျန်း၏ မံမီခန္ဓာကိုယ်လို ရှုံ့တွနေသည့် ခန္ဓာကိုယ်မှ လက်စွပ်ကို ချွတ်ယူလိုက်သည်။

သူက သေဆုံးသွားပြီဖြစ်၍ လက်စွပ်နှင့် ဆက်နွယ်မှုမှာလည်း ပြတ်တောက်သွားပြီ ဖြစ်၏။ ထို့ကြောင့် ဖန်းလီကျွမ်းက အလွယ်လေး ရယူနိုင်လိုက်သည်။ ထိုအထဲတွင် ထူးထူးဆန်းဆန်း ရှားပါးအရာများစွာ တွေ့ရပြီး သူမအာရုံကို ဖမ်းစားသွားသည့်အရာမှာ အဆောင်တစ်ရွက် ဖြစ်နေသည်။

သူမက ထိုအရာကို စစ်ဆေးလိုက်ပြီးနောက် ရေရွတ်လိုက်သည်  “ဒါက … ”

သို့သော်လည်း သူမ ဘာမှမပြောနိုင်ခင် စစ်မက်ရေးရာ အမတ်က အခန်းထဲ သတင်းဆိုး သယ်ဆောင်လာလေသည်။

All Chapters