← Chapters

ယာယီအရှုပ်အထွေး

Vol. 11 Ch. 152

ယာယီအရှုပ်အထွေး

Vol. 11 Ch. 152

အခန်း (၁၅၂) :  ယာယီအရှုပ်အထွေး

စစ်မက်ရေးရာ အမတ်က လုံအောင်းထျန်း၏ မံမီလို ခန္ဓာကိုယ်အား ကြည့်လိုက်ပြီး သိပ်မအံဩသွားပေ။ လူများစွာက သူတို့နတ်ဘုရားမ ကမ္ဘာငယ်မှ ဒေသခံနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်နေကြသော်လည်း သူမက ဘယ်တုန်းကမှ စိတ်မပူခဲ့ပေ။

သူမက အံ့ဖွယ်သမီးတော်သည် လုံအောင်းထျန်းနှင့် ချစ်ကြည်နူးနေရသည့် အကြောင်းအရင်းကို မသိသော်လည်း သူမအနေနှင့် သူ့ကို ချစ်မိသွားလိမ့်မည်ဟု နည်းနည်းလေးမှ မယုံပေ။

ဖန်းလီကျွမ်း ကြီးပျင်းလာသည်ကို ကြည့်ရှုခဲ့သူတစ်ဦးအနေနှင့် စစ်မက်ရေးရာ အမတ်က အံ့ဖွယ်သမီးတော်သည် မည်မျှမာနကြီး၍ အထက်စီးဆန်ကြောင်း သိထားလေသည်။ ဖန်းလီကျွမ်းက အမျိုးသားရော အမျိုးသမီးကိုပါ ငုံ့ကြည့်ချင်သည့် အမျိုးသမီးမျိုး ဖြစ်လေသည်။

အံ့ဖွယ်သမီးတော်က ရည်မှန်းချက်အလွန်ကြီးကြောင်း သိထားသည်။ ထို့ကြောင့် သူမက အကြောင်းအရင်းမရှိဘဲ တစ်ယောက်ယောက်နှင့် အနီးကပ်နေမည် မဟုတ်ပေ။

ထို့ကြောင့် အခန်းထဲဝင်လိုက်ပြီးနောက် လုံအောင်းထျန်း ခန္ဓာကိုယ်ကို တွေ့လိုက်ရသော်လည်း သူမက တစ်ချက်သာကြည့်လိုက်ပြီး ဖန်းလီကျွမ်းဆီသာ အစီရင်ခံစာ တင်ပြလိုက်သည်။

“နတ်ဘုရားမ … အရေးပေါ်သတင်းရောက်လာလို့ပါ။ မဟာရှားတိုင်းပြည်က ဆိပ်ကမ်းကို ဖြတ်ပြီး မြို့တော်ကို သိမ်းပိုက်လိုက်ပါပြီ။ အခု သူတို့ ဒီမြို့ထဲ ကျူးကျော်လာပြီးတော့ စံအိမ်ဆီ ဦးတည်လာနေကြပါပြီ ”

ထိုအရာကို ကြားပြီး ဖန်းလီကျွမ်းက ဘာခံစားချက်မှ မပြဘဲ လုံအောင်းထျန်း ခန္ဓာကိုယ်ကို လှည့်ကြည့်ကာ ရေရွတ်လိုက်သည်။

“ တကယ်ကို ကံကြမ္မာသားတော်ပဲ”

တကယ်တော့ ဖန်းလီကျွမ်းက သူမခန္ဓာကိုယ်ကို ပြသရလောက်အောင်အထိ လုံအောင်းထျန်းနှင့် ရင်းနှီးအောင်လုပ်သည့် အကြောင်းအရင်းတစ်ခု ရှိနေသေးသည်။

ကံကြမ္မာသားတော်များက သတ်ရခက်သော လူစားများ ဖြစ်၏။ သူမ အိမ်တွင် ဖတ်ထားဖူးသည့် စာတမ်းများအရ ကံကြမ္မာသားတော်ကို သတ်ဖို့ရာ နည်းလမ်းသုံးခု ရှိလေသည်။ ပထမတစ်ခုက သူ့ထက် အင်အားကျော်လွန်နေပြီး ချက်ချင်း သတ်ပစ်တာမျိုး၊ ဒုတိယတစ်ခုက ကံကောင်းမှု သို့မဟုတ် ကံကြမ္မာကို တားဆီးဖြတ်တောက်တာမျိုးနှင့် နောက်ဆုံးမှာ စိတ်ခံစားချက် လှုံ့ဆော်မှုမျိုး အသုံးပြုခြင်း ဖြစ်ပေသည်။

ပထမနည်းလမ်းနှစ်ခုက တည့်တိုးဆန်ပြီး အောင်မြင်ဖို့ ခက်ခဲလှသည်။ ကံကြမ္မာသားတော်ကို အသက်ရှုပေါက် ပေးလိုက်သည်နှင့် သူတို့က ပိုးဟပ်များထက်ပင် သတ်ရခက်စွာဖြင့် ထွက်ပြေးသွားလိမ့်မည်။

သူတို့ကံကောင်းမှုကို ဖြတ်တောက်ရန်အတွက်မူ သီးသန့်နည်းစနစ်တစ်ခုခု သို့မဟုတ် ကျင့်စဉ်တစ်မျိုးမျိုး လိုအပ်လေသည်။ သို့သော် ထိုပညာရပ်များ ထုတ်သုံးသည့်အတွက် တန်ပြန်သက်ရောက်မှု ခံစားရမည် ဖြစ်၏။

နောက်ဆုံးနည်းလမ်းက သက်ရောက်မှုအရှိဆုံး ဖြစ်သော်လည်း အစီအစဉ်များ လိုအပ်လေသည်။ ကံကြမ္မာသားတော်ကို ဖယ်ရှားပစ်နိုင်သည့် နောက်နည်းလမ်းမှာ သူ့စိတ်ကို လွှမ်းမိုးတာမျိုး သို့မဟုတ် ဖန်းလီကျွမ်း လုပ်ခဲ့သလိုမျိုး ရမ္မက် ဒါမှမဟုတ် ဒေါသလိုမျိုး စိတ်ခံစားချက်မျိုးကို နှိုးဆော်ရန် ဖြစ်သည်။

ထိုပြင်းထန်သည့် စိတ်ခံစားချက်များဖြစ်နေစဉ် ကံကြမ္မာသားတော်၏ အကဲဖြတ်နှုန်းက နိမ့်ကျသွားလိမ့်မည် ဖြစ်၍ အဆိပ်၊ ရုတ်ချည်း တိုက်ခိုက်မှု သို့မဟုတ် ထောင်ချောက်အစီအရင်လိုမျိုး ထောင်ချောက်အတွင်း အလွယ်တကူ ကျရောက်သွားနိုင်သည်။ သို့သော် ထိုဖြစ်စဉ်အတွင်း ကံကြမ္မာသားတော်ကို မြန်မြန်ဆန်ဆန် သတ်ပစ်ရမည်။ ထိုသို့မဟုတ်ပါက ကံကြမ္မာသားတော်ကို အချိန်ပေးလိုက်သည်နှင့် လွတ်မြောက်သွားနိုင်သည်။

ထိုစဉ် တိုက်ခိုက်မှုက မြို့ထဲ ဖြစ်လာသည်။ ဖန်းလီကျွမ်းက သူမသာ နောက်ထပ်အချိန်ဖြုန်းနေလျှင် မဟာရှားတိုက်ခိုက်မှုက လုံအောင်းထျန်းကို နိုးထစေပြီး လွတ်မြောက်သွားစေမည့် အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း သိထားသည်။

ထိုအရာကိုတွေးမိလိုက်ပြီး ဖန်းလီကျွမ်းက လက်ဝေ့လိုက်ပြီး လုံအောင်းထျန်း၏ ခန္ဓာကိုယ်ကို အပြာရောင် သလင်းကျောက်ထဲ ထည့်လိုက်သည်။ ထို့နောက် လေထုထဲ ပြန့်ကျဲသွားသည့် သတင်းကျောက်အမှုန့်အဖြစ် ပြောင်းသွားလေသည်။

သူမက နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်ကို ထုတ်ကာ သူမတိုင်းပြည်၏ ကံကောင်းမှုကို စစ်ဆေးကြည့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်း သူမ ချီနဂါးက နောက်ဆုံးထွက်သက်နား ရောက်နေလေပြီ။

ပုံမှန်အားဖြင့် မဟာရှားတိုင်းပြည်မှ လူများ မြို့တော်ထဲ ခြေချလိုက်သည်နှင့် တိုင်းပြည်၏ အုပ်ချုပ်သူအနေနှင့် သူမက သတိထားမိရမည် ဖြစ်သော်လည်း သတိမထားမိခဲ့ပေ။

ဖန်းလီကျွမ်းက ဤကမ္ဘာ၏ ကောင်းကင်တာအိုသည် လုံအောင်းထျန်းကို ကယ်တင်ဖို့အတွက် သူမတိုင်းပြည် ကံကောင်းမှု လှုပ်ရှားပုံကို ပျောက်ကွယ်အောင် လုပ်ထားသည်။ အကယ်၍ သူမသာ မဟာရှားတိုင်းပြည်၏ လှုပ်ရှားမှုအကြောင်း သိထားခဲ့လျှင် လက်ရှိနေရာထဲ တပ်ကူများ ထားထားမည် ဖြစ်၏။

ထိုစဉ် ဖန်းလီကျွမ်းက အားလုံးလုပ်ဆောင်ပြီးသည့်နောက် သူမ ရှိရာ စံအိမ်အနားတွင် အသံကျယ်ကြီးများ ကြားလိုက်ရသည်။

သူမက အချိန်မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း သူမက ဤစစ်ဆေးမှုထဲ တာဝန်ပြီးမြောက်သွားခဲ့ပြီ ဖြစ်၍ စိတ်ထဲမထားတော့ပေ။ ဖန်းလီကျွမ်းက တုံ့ဆိုင်းမနေဘဲ အဆောင်တစ်ရွက်အား ခြေမွလိုက်သည်။ ထို့နောက် အက်ကြောင်းတစ်ခုပေါ်လာကာ သူမနှင့် စစ်မက်ရေးရာ အမတ်တို့အား ဝါးမျိုသွားလေသည်။

အဆုံးမဲ့လေဟာနယ်အတွင်း ဖန်းလီကျွမ်းပေါ်လာသည်နှင့် သူမ၏ တာအိုကာကွယ်သူ ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်။

“အခုပျော်ပြီလား” အံ့ဖွယ်တာအိုမျိုးနွယ်၏ တာအိုကာကွယ်သူက မေးလိုက်သည်။

“ရှင် ဘာပြောတယ်ဆိုတာ မသိဘူး ” ဖန်းလီကျွမ်းက လှပစွာ အေးစက်စက် ပြန်ဖြေလိုက်သည်။

“ မင်းရဲ့ လှည့်ကွက်အသေးစားလေးက ငါတို့မိသားစုပေါ် ဘယ်လိုသက်ရောက်သွားမယ်ဆိုတာ မသိဘူးလား။ ပြီးတော့ အံ့ဖွယ်တာအိုမျိုးဆက်ကရော ”

ဖန်းလီကျွမ်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက အံ့ဖွယ်တာအိုမျိုးနွယ်၏ အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်တည်း ဒီနေရာမှာရှိနေကြောင်း သတိထားမိလိုက်သည်။

“မင်း အဆိပ်က ဟွမ်မင်ကို မသတ်နိုင်ဘူး။ မင်းရဲ့ ရည်မှန်းချက်အစစ်အမှန်က သူ့သွေးမျိုးဆက်ကို ပျက်စီးအောင်လုပ်ဖို့ပဲ မလား။ ငါတို့ရှိနေရင် သူ မသေနိုင်ဘူးဆိုတာ မင်း သိနေပြီးသား … အဲဒါကြောင့် မင်းက သွေးမျိုးဆက်စွမ်းအားကို ပစ်မှတ်ထားတဲ့ ဆေးပင်ကို ရွေးချယ်ခဲ့တာပဲ။ ဟွမ်မင်က အားကောင်းတဲ့ သွေးမျိုးဆက်စွမ်းအား မရှိဘဲ တာအိုသားတော် ရာထူးကို မဆုပ်ကိုင်ထားနိုင်ဘူးဆိုတော့ မင်း သူ့ကို လက်ထပ်စရာ မလိုတော့တာပေါ့”

ဖန်းလီကျွမ်းက ဘာမှမပြောသော်လည်း မတောင်းပန်ပေ။ သူမက ဘယ်တုန်းကမှ သူမအပြုအမူများကို နောင်တမရခဲ့ဖူးပေ။

“အခု ဟွမ်မင်မိသားစုက ငါတို့ဖန်းမိသားစုဆီ ဖြေရှင်းချက် တောင်းနေပြီ။ ဒီထက်ဆိုးရင် ငါတို့နဲ့ စစ်ဖြစ်မဲ့အထိပါ ခြိမ်းခြောက်လာလိမ့်မယ်”

“ကျွန်မတို့ ဖန်းမျိုးနွယ်က ဟွမ်မျိုးနွယ်ကို မကြောက်ဘူး” ဖန်းလီကျွမ်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အဲလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်း အားအကောင်းဆုံး အံ့ဖွယ်တာအိုမျိုးနွယ် ၂ခုကြား ဝင်ရှုပ်လိုက်လို့ ဖြစ်လာမဲ့ အကျိုးဆက်ကို စဉ်းစားပြီးပြီလား။ ငါတို့အံ့ဖွယ်မျိုးနွယ် အဆင့်အတန်းက အသင်္ချေအင်ပါယာကမ္ဘာမှာ အမြဲတမ်း မရေမရာ ဖြစ်နေတာ … ငါတို့သာ စစ်ပွဲစလိုက်ရင် ဘယ်လိုဖြစ်သွားမယ် ထင်လဲ ”

ဖန်းလီကျွမ်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်သွားလေသည်။ သူမက ထိုအချက်ကို မတွေးမိပေ။ သူမသိသည်ကား ဟွမ်မင်နှင့် လက်မထပ်ချင်ခြင်းသာ ဖြစ်သောကြောင့် သူ့ကို ဖယ်ရှားဖို့ နည်းလမ်းရှာခဲ့ခြင်း ဖြစ်သည်။

သူမက ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့ခြင်း မဟုတ်၍ လွတ်မြောက်နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် ယခုတွင် ကိစ္စများက သူမ တွေးထားသည့်ထက် ပိုရှုပ်ထွေးဟန်ပေါ်သည်။

အကယ်၍ အခြေအနေတွေသာ သူမတာအိုကာကွယ်သူ ပြောသည့်အတိုင်း ဖြစ်လာခဲ့လျှင် ဟွမ်မိသားစုက မျိုးနွယ်နှစ်ခုကြား ငြိမ်းချမ်းမှုအနေနှင့် သူမကို ထုတ်ပေးဖို့အထိ တောင်းဆိုလာနိုင်သည်။ ထိုအခါ သူမအနေနှင့် ကြုံရာကျပန်းလူတစ်ယောက်နှင့် လက်ထပ်ဖို့ အတင်းကျပ်ဖိအားပေးခံရနိုင်သည်။

သို့သော်လည်း ဖန်းလီကျွမ်းက လုံအောင်းထျန်းဆီမှ ရှာတွေ့ထားသည့် အဆောင်အကြောင်း စဉ်းစားမိသွားသည်။ ထိုအဆောင်သာ သူမ ထင်ထားသည့်အရာ ဖြစ်နေခဲ့လျှင် သူမမျိုးနွယ်က သူမကို တခြားအံ့ဖွယ်မျိုးနွယ်များဆီမှ ဖိအားကို လွတ်မြောက်အောင် ထောက်ပံ့ပေးမည်သာမက ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက်လည်း စွမ်းရည်မြင့်တက်လာလိမ့်မည်။

ထို့ကြောင့် ဖန်းလီကျွမ်းက သူမ အပြုအမူနှင့် ပတ်သက်သည့် နောင်တအနည်းငယ်ကို ချက်ချင်း ဖယ်ရှားကာ ဆုံးဖြတ်ချက် ပိုခိုင်မာလာခဲ့သည်။

သူမ မြေးတူမဖြစ်သူ၏ ခေါင်းမာသည့် မျက်နှာထားကို မြင်ကာ တာအိုကာကွယ်သူက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လေဟာနယ်သင်္ဘောကို ထုတ်ကာ သူမတို့ကို သယ်ဆောင်ကာ အာကာပြင်အက်ကြောင်းဖွင့်၍ အိမ်ပြန်လိုက်တော့သည်။

ထိုစဉ် တိုက်ပွဲတိုင်းပြည်ကမ္ဘာတွင် မဟာရှားတိုင်းပြည်က ဖန်းအံ့ဖွယ်တိုင်းပြည်ကို အုပ်စိုးပြီးစီးစဉ် လျှပ်တစ်ပြက်သတင်းကို ကြားလိုက်ရသည်။

ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းနှင့် ဟွမ်အံ့ဖွယ်တိုင်းပြည်မှ ခေါင်းဆောင်များ အသတ်ခံရသည့်သတင်း ဖြစ်ပြီး ထိုနယ်မြေများက ခေါင်းဆောင်မရှိဘဲ ဖြစ်နေလေသည်။

ဝမ်ဝေ့ မရှိစဉ် အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားရသည့် အမတ်ချုပ်ယန်းလီလင်းက တိုင်းပြည်၏ တပ်ဖွဲ့များအား ထိုနယ်မြေများကို တတ်နိုင်သလောက် မြန်မြန် သိမ်းပိုက်ဖို့ အမိန့်ပေးခဲ့သည်။

ကံဆိုးစွာဖြင့် မဟာရှားတိုင်းပြည်တစ်ခုက ထိုသတင်းကို ရလိုက်ခြင်း မဟုတ်ပေ။ မဟာဝူပိုင်နက်ကို သိမ်းပိုက်ကာ အခြေငြိမ်စ ပြုလာသည့် မဟာကျိုးတိုင်းပြည်ကလည်း ခေါင်းဆောင်မဲ့ နယ်မြေများကို သိမ်းပိုက်ဖို့ စစ်တပ်စေလွှတ်ခဲ့သည်။

ထိုစဉ် မဟာရှုတိုင်းပြည်အတွင်း ဖုန်းဟွမ်က ပြဿနာနည်းနည်းတွေ့နေသည်။ ကံကြမ္မာအရိပ်အဖွဲ့၏ လုပ်ကြံမှုကို ကြုံတွေ့ပြီးနောက် သူ့အရာရှိအချို့ အသတ်ခံလိုက်ရသည်။ သို့သော်လည်း တန်ပြန်သက်ရောက်မှုက တိုင်းပြည်တစ်ခုလုံးပေါ် သက်ရောက်စေဖို့ မလုံလောက်ပေ။

ဖုန်းဟွမ်အတွက် ကံဆိုးသည်က တစ်ယောက်ယောက်က ထိုအခွင့်အရေးကို အရယူကာ တိုင်းပြည်အတွင်း မငြိမ်သက်မှုများ ဖြစ်လာအောင် ဖန်တီးခဲ့သည်။ အရာရှိများနှင့် အမတ်များလည်း အသတ်ခံလိုက်ရပြန်သည်။

ထိုအကြောင်း စုံစမ်းစစ်ဆေးပြီးနောက် သူ့ပြိုင်ဘက်များဆီမှ သူလျိုလက်ချက် ဖြစ်ကြောင်း သတိပြုမိသွားသည်။ ထိုလူများက သူ့စစ်ဆေးမှုကို ဖျက်ဆီးလိုနေကြသည်။

ထိုသူလျိုကိစ္စများ ဖြစ်နေသော်လည်း ထိုအရာက ဖုန်းဟွမ်က အရေးကြီးဆုံး ပြဿနာ မဟုတ်သေးပေ။ သူ့ဆရာ လျို့ဝှက်နယ်မြေမှ ပြန်ရောက်လာပြီးနောက် ဘုရားကျောင်းမှ ယုံကြည်မှုစွမ်းအား ပျောက်ဆုံးနှုန်းက တိုးမြင့်လာကြောင်း သတိပြုမိလိုက်သည်။

ထို့ကြောင့် သူက ထိုသူလျိုများသည် သူတို့အစီအစဉ်ကို ဝင်ရှုပ်နေပြီ ဖြစ်ကြောင်း မှန်းဆမိလိုက်၍ သူတို့ကို ဖမ်းဖို့ အရှိန်မြင့်တင်ဖို့ လိုအပ်နေသည်။

သို့သော်လည်း မဟာရှုတိုင်းပြည်က ထူးဆန်းစွာဖြင့် ကယ်တင်ရှင် မဟာမိတ်အဖွဲ့အစည်းနှင့် ဟွမ်အံ့ဖွယ်တိုင်းပြည်တို့၏ အခြေအနေ၊ သတင်းတို့ကို ဘာမှမသိကြပေ။

All Chapters