← Chapters

အခန်း (၁၅၃၂)

Vol. 110 Ch. 1532

အခန်း (၁၅၃၂)

Vol. 110 Ch. 1532

ကျူးရုန်ဖြစ်စေ သို့မဟုတ် သူ့အနောက်မှ မိစ္ဆာသားရဲစစ်သည်တော်များဖြစ်စေ သူတို့က ခေါင်းမော့ထား၍ အရှေ့သို့ ရိုးရှင်းစွာ ချီတတ်သွားကြသည်။

သူတို့က တိမ်ကျတောင်၏ ဘေးပတ်ဝန်းကျင်မှာရှိသော နတ်သားရဲများကို အမြစ်ဖြတ်သုတ်သင်လိုက်သည်။

အလျင်ကို အထူးပြုသော နတ်သားရဲများသည်တော့ သေဘေးမှ လွတ်မြောက်ရန် အခွင့်အလမ်းတစ်ခု ရှာဖွေနိုင်ကြလိမ့်မည်။

သို့မဟုတ်ဘဲ နောက်ကျကျန်နေမည်ဆိုလျှင် ၎င်းတို့က သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ဤအခိုက်အတန့်မှာ ပထမဆုံးအကြိမ်အဖြစ် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများက အမဲလိုက်ခံနေရသည်။

“ ဘာတွေ ဖြစ်ကုန်တာလဲ ”

အနက်ရောင်တောင်ထိပ်ပေါ်မှာ ရပ်နေသော သံမဏိစားခိုက မျက်လုံးပြူးကျယ်သွားပြီး အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။

၎င်းက ကျူးရုန်ကို မှတ်မိသည်။

ကျူးရုန်၏ အနောက်မှ ဝံပုလွေများကိုလည်း ၎င်းမှတ်မိသည်။

သူတို့ ဝတ်ဆင်ထားကြသော အနက်ရောင်ချပ်ဝတ်များကိုလည်း ၎င်းရင်းနှီးကျွမ်းဝင်သည်။

မည်သို့ဖြစ်ပါစေ ထိုချပ်ဝတ်များကို တိမ်ကျတောင်မှ လွင့်မျောတိမ်သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါလော။

သံမဏိစားခိုသည် ထိုလွင့်မျောတိမ်သံမဏိကို စားဖူးသည်။ ယင်းက ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။ ၎င်း၏ ခန္ဓာကိုယ်သည်ပင် အရွယ်အစား ပိုကြီးမားလာသည်။

သို့သော်လည်း လွင့်မျောတိမ်သံမဏိဖြင့် ထိုသို့ချပ်ဝတ်များ ဖန်တီးနိုင်ကြောင်းကို ၎င်းမသိပေ။

“ ရှေးဦးအပျက်အစီးတောအုပ်က ပြောင်းလဲတော့မယ်… ”

သံမဏိစားခိုက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်ထက်တွင် အလင်းစီးကြောင်းများက တလက်လက် ထွန်းလင်းနေသည်။

တိမ်ကျတောင်မှ နတ်သားရဲအားလုံးက အသက်လု၍ ထွက်ပြေးသွားကြသည်။

ကျူးရုန်က လှံရှည်ကို ဆုပ်ကိုင်လျက် အော်ပြောလိုက်သည်။

“ တိုက်ကြ ”

အရေအတွက်ရှစ်ရာရှိသော မီးခိုးရောင်ဝံပုလွေများက စတင်လှုပ်ရှားလိုက်ကြသည်။

မိုးမြေစွမ်းအားက ၎င်းတို့အပေါ်သို့ ဆင်းသက်လာသည်။

မိုးမြေက ကောင်းချီးပေးလိုက်သည်။

ရှေးဦးအပျက်အစီးတောအုပ်က သူတို့ကို ကောင်းချီးပေးလိုက်သည်။

“ လူသားမျိုးနွယ်က မြင့်တတ်လာတော့မှာလား ”

“ ဒီလိုတိုက်ခိုက်စွမ်းအားနဲ့ဆိုရင် အဆင့်မြင့်နတ်သားရဲတွေတောင် ရင်ဆိုင်ရလွယ်ကူမှာ မဟုတ်ဘူး ”

အဝေးမှ စောင့်ကြည့်နေကြသော နတ်သားရဲများက မယုံကြည်နိုင်စွာ တီးတိုးပြောလိုက်ကြသည်။

ယခင်က ၎င်းတို့၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်မျှသာရှိသော လူသားများက ထိုသို့စွမ်းအားကို ပိုင်ဆိုင်သွားသည်လော။

ရှေးဦးအပျက်အစီးတောအုပ်က အမှန်တကယ် ပြောင်းလဲသွားတော့မည်။

နတ်သားရဲများ ထွက်ပြေးသွားသည့်အခါ တိမ်ကျတောင်၏ ကပ်ဘေးက ပြီးဆုံးသွားသည်။

ဟန်မူယဲ့က သူ့အရှေ့မှ ရွှေရောင်အလင်းလွှာကို ပိတ်လိုက်ပြီး ကျောက်တုံးအိမ်ဆီသို့ ပြန်သွားသည်။

ဆယ်ရက်ကြာပြီးနောက် သတ္ထုတူးဖော်ရေးအဖွဲ့က ပြန်ရောက်လာသည်။

သူတို့ချည်းသာ မဟုတ်ပေ။ ကျူးရုန်နှင့် တခြားလူများ၏ စောင့်ကြပ်မှုအောက်မှာ တခြားလူသားမျိုးနွယ်စုများသည်လည်း လိုက်ပါလာကြသည်။

သူတို့ကိုးကွယ်သော တိုတမ်နတ်သားရဲများက သေဆုံးသွားကြပြီး တခြားတိုတမ်နတ်သားရဲများက သူတို့ကို စွန့်ပစ်သွားကြလေရာ ယခု သူတို့က ကူကယ်ရာမဲ့ဘဝသို့ ရောက်ရှိနေကြသည်။

အမှန်မှာ လျောင်ယွမ်မျိုးနွယ်စု၏ အင်အားကို မြင်တွေ့ပြီးနောက် သူတို့က လျောင်ယွမ်မျိုးနွယ်စု၏ လက်အောက်ထဲသို့ ဝင်ရောက်ရန် အတွေးရလာကြသည်။

ထိုလူများက အရေအတွက်ထောင်ချီလေရာ လျောင်ယွမ်မျိုးနွယ်စုထဲမှ လူတိုင်းက အလုပ်များသွားကြသည်။

မည်သို့ဖြစ်ပါစေ လူအရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ စားစရာ၊ သောက်စရာနှင့် နေထိုင်စရာ နေရာအများကြီးကို ပိုပြီးလိုအပ်လာလိမ့်မည်။

မှန်ပေသည်။ အပြန်အလှန်အနေဖြင့် အမဲလိုက်ခြင်းနှင့် လက်နက်သန့်စင်ခြင်းတွင် လူပိုများလာသည့်အခါ ပိုပြီးအလုပ်တွင်ကျယ်လာသည်။

လျောင်ယွမ်မျိုးနွယ်စုထဲတွင် အရာအားလုံးကို စီစဉ်နိုင်ပေသည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ အနက်ရောင်ချပ်ဝတ်များနှင့် လက်နက်များအပေါ် နတ်ဘုရားအင်းသင်္ကေတများ ထွင်းထုပေးမည့် လူအရေအတွက် မလုံလောက်ခြင်း ဖြစ်၏။

မည်သူကမှ ဟန်မူယဲ့ထံ အကူအညီမတောင်းဝံ့ကြချေ။

ဟန်မူယဲ့က လျောင်ယွမ်မျိုးနွယ်စုထဲတွင် နတ်ဘုရားတစ်ပါးနှင့် မခြားပေ။ လူတိုင်းက သူ့ကို ကြည်ညိုလေးစားကြသည်။

နောက်ဆုံးမှာတော့ ကျူးရုန်က ဟန်မူယဲ့ကို အသနားခံလိုက်သည်။ သူက မျိုးနွယ်စုထဲမှ ပါရမီကောင်းမွန်ပြီး အရည်အချင်းရှိသော လူအုပ်စုကို ရွေးချယ်၍ နတ်ဘုရားအင်းသင်္ကေတများထွင်းထုသည့် ပညာရပ်ကို ဟန်မူယဲ့ထံမှ သင်ယူစေသည်။

ထိုလုပ်ငန်းစဉ်က မလွယ်ကူပေ။

နတ်ဘုရားအင်းသင်္ကေတ၏ စွမ်းအားက လူသားများ အလွယ်တကူ နားလည်နိုင်သောအရာ မဟုတ်ပေ။ ထိုအတွက် သင့်တော်သော သွေးမျိုးဆက်၊ မူလစွမ်းအားနှင့် သာလွန်ထူးခြားသော ထိန်းချုပ်နိုင်မှုကို လိုအပ်သည်။

ဟန်မူယဲ့က ထိုလူများကို တစ်ခဏ သင်ကြားပေးပြီးနောက် ကျူးရုန်ကို ခေါ်လိုက်သည်။

“ ကျူးရုန်… မျိုးနွယ်စု ပိုပြီးအင်အားကြီးမားလာဖို့အတွက် မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကို စတေးဖို့ ဆန္ဒရှိလား ”

ဟန်မူယဲ့က ကျူးရုန်ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ မေးသည်။

ကိုယ်ပိုင်စွမ်းအားကို စတေးရမှာလား။

ကျူးရုန်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။

သူက မျိုးနွယ်စု၏ ကောင်းကျိုးကိုသာ အမြဲရှေးရှုသည်။

ယနေ့ကဲ့သို့ အလွန်မြင့်မားသော နေရာထိ သူရောက်လာလိမ့်မည်ဟု တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးပေ။

“ ကောင်းပြီ… ဒါဆိုရင် မင်းကို လျောင်ယွမ်မျိုးနွယ်စုတစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာစေမယ်… တိုတမ်အသစ် ဖြစ်လာစေမယ် ”

ဟန်မူယဲ့၏ စကားက ကျူးရုန်ကို တုန်ယင်သွားစေပြီး မျက်လုံးပြူးကျယ်သွားစေသည်။

တိုတမ်အသစ်လား… ။

လျောင်ယွမ်မျိုးနွယ်စုထဲမှာ တိုတမ်တစ်ခု လစ်ဟနေသည် မဟုတ်ပါလော။

သူတို့၏ လျောင်ယွမ်မျိုးနွယ်စုက ရှေးဟောင်းလမ်းစဉ်များနောက်သို့ ဆက်မလိုက်တော့ရန် ဆုံးဖြတ်ခဲ့သည်မဟုတ်ပါလော။

“ မင်းက မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာပြီး တိုတမ်အသစ်ဖြစ်လာမယ်… မင်းက မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားကို ကိုယ်စားပြုလိမ့်မယ်… အဲ့ဒီနည်းနဲ့ဆိုရင် မင်းရဲ့ စွမ်းအားကို လူတိုင်းဆီ ချေးငှားပေးနိုင်လိမ့်မယ်… ပြီးတော့ မျိုးနွယ်စုထဲက လူတွေလည်း နတ်ဘုရားအင်းသင်္ကေတတွေကို ထွင်းထုနိုင်ကြလိမ့်မယ် ”

“ အပြန်အလှန်အနေနဲ့ မင်း အရေးကြုံလာတဲ့အခါ မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားကို ချေးငှားယူနိုင်လိမ့်မယ် ”

ဟန်မူယဲ့က ကျူးရုန်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာက ပိုပြီးတည်ကြည်လာသည်။

“ အဲ့ဒီအခါကျရင် မင်းက အဆင့်မြင့်နတ်သားရဲတွေကိုတောင် အလွယ်တကူ သုတ်သင်နိုင်လိမ့်မယ် ”

“ မျိုးနွယ်စုက အင်အားပိုကြီးမားလာပြီး လူအရေအတွက်ပိုများပြားလာတာနဲ့ မင်းက ပိုပြီးသန်မာလာလိမ့်မယ်… အနာဂတ်မှာ မင်းက အုပ်ချုပ်သူတစ်ပါးကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ် ”

အုပ်ချုပ်သူ… ။

လက်ရှိရှေးဦးအပျက်အစီးတောအုပ်ထဲတွင် အုပ်ချုပ်သူအဆင့် တည်ရှိမှုက မရှိသေးပေ။

အဆင့်မြင့်နတ်သားရဲများသာလျှင် အသန်မာဆုံးတည်ရှိမှု ဖြစ်သည်။

စိတ်လှုပ်ရှားမှုက ကျူးရုန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ဆရာဟန်က သူ့ကို လှည့်စားလိမ့်မည်မဟုတ်ကြောင်း သူသိသည်။

ရက်တစ်ရာကြာပြီးနောက်…

ယခင်က စွန့်ပစ်ထားခဲ့သော ယဇ်ပလ္လင်က နောက်တစ်ကြိမ် ပြန်အသက်ဝင်လာသည်။

ဤအခိုက်အတန့်မှာ ယဇ်ပလ္လင်က အမြင့်ပေသုံးဆယ်ထိ မြှောက်တတ်သွားသည်။ မီးတောက်မီးလျှံများက ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။

လျောင်ယွမ်မျိုးနွယ်စုထဲမှ လူအားလုံးက မြေကြီးပေါ်မှာ ပြွတ်သိပ်စွာ စုဝေးနေကြသည်။

အချင်းဆယ်မိုင်ကျယ်ဝန်းသော ဧရိယာထဲမှာ မျိုးနွယ်ဝင်ငါးသောင်းဖြင့် ပြည့်နှက်နေသည်။

ဆယ်မိုင်အဝေးတွင် မီးခိုးရောင်ဝံပုလွေအုပ်စုနှင့် နွားမိစ္ဆာအုပ်စုတို့ ရှိသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ခေါင်းမော့ထားကြပြီး အပေါ်သို့ ကြည့်နေကြသည်။

ယဇ်ပလ္လင်ထံမှ ပေါ်လျှိုးထွက်လာသော စွမ်းအားကို ၎င်းတို့ အာရုံခံနိုင်ကြသည်။

“ ဝှစ် ”

နှဲမှုတ်သံ ပဲ့တင်ထပ်သွားသည့်အခါ လူတိုင်းက ခေါင်းမော့လိုက်ကြသည်။ သူတို့က ယဇ်ပလ္လင်ပေါ်မှ ကျူးရုန်ကို မြင်သွားကြသည်။ သူက ရွှေနီရောင် မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲမှာ လှံရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။

သူ၏ ဘေးမှာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က မတ်တတ်ရပ်နေသည်။

ဟန်မူယဲ့က ကျူးရုန်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ ကျူးရုန်… မင်းရဲ့ မျိုးနွယ်စုအတွက် အရာအားလုံးကို စတေးဖို့ တကယ်ပဲ မင်းဆန္ဒရှိသလား ”

ဟန်မူယဲ့၏ အသံက အချင်းမိုင်တစ်ထောင် အကွာအဝေးထိ ပဲ့တင်ထပ်သွားသည်။

လူတိုင်းက အသက်မရှူဝံ့ကြတော့ချေ။

“ ငါ့ရဲ့ မျိုးနွယ်စုအတွက် အရာအားလုံးကို စတေးဖို့ ငါဆန္ဒရှိပါတယ် ”

ကျူးရုန်က မြေပြင်ပေါ်မှ မျိုးနွယ်ဝင်အားလုံးကို ကြည့်လိုက်သည့်အခါ စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူက တမူထူးခြားသော စွမ်းအားက လေထဲမှာ စုဝေးသွားနေကြောင်း ခံစားမိသွားသည်။

ကျူးရုန်၏ စကားဆုံးသွားသည့်အခါ မူလလျောင်ယွမ်မျိုးနွယ်ဝင်များက တင်းကျပ်စွာ လက်သီးဆုပ်လိုက်ကြသည်။

သူတို့၏ မျိုးနွယ်စုက အတိတ်မှာ မည်မျှများပြားသော အခက်အခဲများကို တွေ့ကြုံခဲ့ရကြောင်း သူတို့သိထားကြသည်။

“ ကျူးရုန်… မင်းရဲ့ စွမ်းအားကို မျိုးနွယ်ဝင်တွေဆီ မျှဝေပေးဖို့ မင်းဆန္ဒရှိသလား… လူတိုင်းကို မင်းလိုမျိုး အစွမ်းထက်လာစေချင်သလား ”

ဟန်မူယဲ့က ထပ်မေးသည်။

စွမ်းအားကို ဝေမျှခြင်းလား… ။

ယနေ့ ပွဲအခမ်းအနားကို မည်သည့်အတွက်ကြောင့် ကျင်းပခြင်းဖြစ်ကြောင်း မျိုးနွယ်ဝင်အားလုံး သိထားသော်လည်း ဟန်မူယဲ့က ထိုမေးခွန်းကို မေးလိုက်သည့်အခါ လူတိုင်း အံ့ဩသွားကြသည်။

ကျူးရုန်က မည်မျှအစွမ်းထက်လိုက်သနည်း။

သူက နတ်သားရဲများကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်သည်။

အကယ်၍ သူတို့သာ ကျူးရုန်၏ အစွမ်းကို အပုံတစ်ထောင်ပုံတစ်ပုံ ရရှိမည်ဆိုလျှင် မည်မျှအစွမ်းထက်လာလိမ့်မည်နည်း။

“ ငါ့ရဲ့ စွမ်းအားက မျိုးနွယ်စုဆီကနေ ရလာတာပါ… ဒါပေါ့… ငါ့ရဲ့ စွမ်းအားကို မျိုးနွယ်ဝင်တွေဆီ ပြန်ဝေမျှပေးဖို့ ငါဆန္ဒရှိပါတယ် ”

ကျူးရုန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ကျူးရုန်က သူ့ရဲ့ စွမ်းအားကို မျိုးနွယ်ဝင်တွေဆီ ဝေမျှပေးမှာလား… ။

ဘယ်လိုမျိုးလဲ… ။

လူတိုင်းက အုပ်စုတစ်စုထံသို့ ခေါင်းမော့ကြည့်လိုက်ကြသည်။ ထိုလူအုပ်စုက ဟန်မူယဲ့ထံမှ နတ်ဘုရားအင်းသင်္ကေတများ ထွင်းထုသော ပညာရပ်ကို သင်ကြားနေကြသူများ ဖြစ်သည်။ သို့သော်လည်း သူတို့၏ စွမ်းအားက မလုံလောက်သောကြောင့် မအောင်မြင်ခဲ့ပေ။

ဤအခိုက်အတန့်မှာ ထိုလူအုပ်စုက ကျောက်တုံးစင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေကြသည်။

ကျူးရုန်က လက်မြှောက်လိုက်သည့်အခါ မီးဘောလုံးများက ထိုလူများပေါ်သို့ ကျဆင်းသွားသည်။

မီးဘောလုံးများက ထိုလူများ၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ရွှေရောင်မီးတောက်ပုံစံ အမှတ်အသားတစ်ခုက သူတို့၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

ယခုအချိန်မှစ၍ ထိုမီးတောက်အမှတ်အသားက လျောင်ယွမ်မျိုးနွယ်စု၏ နတ်ဘုရားအင်းသင်္ကေတ ဖြစ်လာလိမ့်မည်။ ယင်းကို တိုတမ်စွမ်းအားဟုလည်း ခေါ်ဆိုနိုင်ပေသည်။

မီးတောက်နတ်ဘုရားအင်းသင်္ကေတက သူတို့၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည့်အခါ မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသော်လည်း သူတို့က မည်သည့်အပူဒဏ်ကိုမှ မခံစားရပေ။ သူတို့၏ ခန္ဓာကိုယ်က မီးတောက်ကြောင့် လောင်ကျွမ်းပြာကျသွားခြင်း မရှိပေ။ ယင်းအစား သူတို့အားလုံးက ဝမ်းသာပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

ထို့နောက် မျိုးနွယ်ဝင်တစ်သုတ်ပြီးတစ်သုတ်က အရှေ့သို့ ချီတတ်လာကြသည်။

ကျူးရုန်က မီးတောက်ဘောလုံးများကို ဖွဲ့စည်းလိုက်ပြီး ထိုလူများကို အစွမ်းဝေမျှပေးလိုက်သည်။

မီးတောက်အမှတ်အသားကို ရရှိသွားသော လူတိုင်းက မီးတောက်မူလစွမ်းအား တစ်စွန်းတစ်စကို ပိုင်ဆိုင်သွားကြသည်။

ဟန်မူယဲ့က ထိုအဖြစ်အပျက်ကို ဘေးမှ စောင့်ကြည့်နေသည်။

လူတိုင်းက ထိုနတ်ဘုရားအင်းသင်္ကေတမှတဆင့် ကျူးရုန်၏ စွမ်းအားကို ချေးငှားနိုင်သကဲ့သို့ ကျူးရုန်သည်လည်း ထိုလူများထံမှ စွမ်းအားကို ပြန်ချေးငှားနိုင်ပေသည်။ ထိုအကြောင်းကိုတော့ ဟန်မူယဲ့က ထုတ်မပြောခဲ့ပေ။

ထို့ပြင် ဤသို့လုပ်ဆောင်လိုက်သည့်အခါ မျိုးနွယ်စုအတွင်းမှ မည်သူမှ ကျူးရုန်၏ စွမ်းအားထက် ကျော်လွန်နိုင်တော့မည် မဟုတ်ချေ။

ယင်းက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ သွေးမျိုးဆက်ဖိနှိပ်မှုနှင့် ဆင်တူပေသည်။

ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ စိတ်ခံစားမှုအရိပ်အယောင်က ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

နတ်ဘုရားအင်းသင်္ကေတများကို မျှဝေပေးခြင်း၊ မျိုးနွယ်စုတိုတမ်ကို ဖွဲ့စည်းပေးခြင်း အစရှိသော ကိစ္စများက ကမ္ဘာဦးကောင်းကင်ဘုံတာအိုအပေါ် သူ၏ ကတိဖြစ်သည်။ သို့မဟုတ် ယင်းကို ပူးပေါင်းဆောင်ရွက်ခြင်းဟုလည်း ခေါ်ဆိုနိုင်ပေသည်။

သွေးမျိုးဆက်နှင့် မူလစွမ်းအားက ရှေးဦးအပျက်အစီးတောအုပ်၏ အမွေအနှစ်ဖြစ်သည်။

လက်နက်သန့်စင်ခြင်း၊ တိုက်ပွဲဝင်္ကပါများ ဖွဲ့စည်းခြင်း၊ မူလစွမ်းအားကို တိုက်ရိုက် အားဖြည့်ပေးခြင်း ယင်းတို့က ဟန်မူယဲ့၏ လုပ်ဆောင်မှုများ ဖြစ်သည်။

ဟန်မူယဲ့နှင့် ကမ္ဘာဦးကောင်းကင်ဘုံတာအိုသည် အတူတကွ အင်အားပူးပေါင်း၍ ထိုနည်းစနစ်များကို လျောင်ယွမ်မျိုးနွယ်စုပေါ်မှာ အသုံးပြုနေကြသည်။

ယင်းက လူသားမျိုးနွယ်၏ အင်အားကို တစ်ဟုန်ထိုး တိုးမြှင့်လာစေသည်။

အဘယ့်ကြောင့်ဆိုသော် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများက မူလစွမ်းအားကို နောက်ထပ် မထောက်ပံ့ပေးတော့သောကြောင့် ဖြစ်နိုင်၏။ သို့မဟုတ် နတ်သားရဲများက ကမ္ဘာဦးကောင်းကင်ဘုံတာအိုအပေါ် အယုံအကြည်မရှိတော့သောကြောင့် ဖြစ်နိုင်၏။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အစီအစဉ်ကို စဉ်းစားမိသောအခါ ဒုတိယအကြောင်းပြချက်က ပိုပြီးဖြစ်နိုင်ခြေရှိကြောင်း ဟန်မူယဲ့တွေးမိသည်။

နတ်သားရဲများက ရှေးဦးအပျက်အစီးတောအုပ်အပေါ် သစ္စာဖောက်သွားကြသည်။

“ ဗုန်း ”

ပိုမိုများပြားသော လျောင်ယွမ်မျိုးနွယ်ဝင်များက နတ်ဘုရားအင်းသင်္ကေတကို လက်ခံလိုက်သည်နှင့်အမျှ ကျူးရုန်၏ အရှိန်အဝါက စတင်အားနည်းလာသည်။

ဤသည်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပျက်စီးပြိုကွဲတော့မည့်အလားပင်။

သူ၏ ဦးခေါင်းပေါ်တွင် မိုးကြိုးတိမ်တိုက်များက စုဝေးသွားသည်။

ယင်းက ကမ္ဘာဦးလောကထဲမှ စည်းမျဉ်းတစ်ခု ဖြစ်သည်။ နတ်သားရဲများ၏ စွမ်းအားက အကြီးအကျယ် နိမ့်ဆင်းသွားသည့်အခါ ၎င်းတို့က မူလစွမ်းအားကို ထိန်းချုပ်ရန် ထိုက်တန်တော့မည် မဟုတ်ချေ။

အမှန်မှာ ယင်းက နတ်သားရဲကောင်းကင်ကပ်ဘေး ဖြစ်သည်။

ကောင်းကင်ကပ်ဘေး ထွက်ပေါ်လာသည့်အခါ လီသဲဖြစ်စေ၊ အတောင်ပံပါကျားနက်ဖြစ်စေ သို့မဟုတ် မီးခိုးရောင်ဝံပုလွေဖြစ်စေ ၎င်းတို့အားလုံးက ပြင်းထန်စွာ တုန်ယင်သွားကြသည်။

ယင်းက မိုးမြေစွမ်းအားအပေါ် ၎င်းတို့၏ ကြောက်ရွံ့မှု ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လျှောက်လိုက်သည်။

အလွန်အားကောင်းသော မိုးကြိုးစွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ထိုကောင်းကင်ကပ်ဘေးကို သူခုခံလိမ့်မည်။

“ ဂျိန်း ”

“ ဂျိန်း ”

“ ဂျိန်း ”

…..

All Chapters