← Chapters

ရူးနှမ်းသော အကြံအစည်

Vol. 12 Ch. 155

ရူးနှမ်းသော အကြံအစည်

Vol. 12 Ch. 155

အခန်း (၁၅၅) : ရူးနှမ်းသော အကြံအစည်

သုံ့လီဖန်းက နတ်ဆိုးသားရဲများအားလုံးကို မြောက်ဖက်ရှိ လျှို့ဝှက်အခရာလွင်ပြင်ထဲသို့ မောင်းသွင်းရန် တစ်ညလုံး အချိန်ယူခဲ့ရသည်။  ထို့နောက် ဝမ်ဝေ့ဆီမှာ ရှိနေသော ကျင့်ကြံသူများက မြေဓာတ်ဂါထာများ အသုံးပြုကာ အတားအဆီးများ ဖန်တီးလိုက်ပြီး အထဲရှိ နတ်ဆိုးသားရဲများ ထွက်ပြေးလွတ်မြောက်ခြင်းမှ ကြိုတင် ကာကွယ်လိုက်သည်။

ပျံသန်းနိုင်သော သားရဲများကြောင့် ပြဿနာ ပိုမဖြစ်စေရန် ဝမ်ဝေ့  ကိုယ်တိုင် သတ်ထားလိုက်သည်။

ကီလိုမီတာအနည်းငယ်မြင့်သော တံတိုင်းကြီး၏ ထိပ်တွင် ဝမ်ဝေ့က သားရဲများကို ထားရန် ကိုယ်တိုင်ရွေးချယ်ထားသည့် နေရာတစ်ခုဖြစ်သော လျှို့ဝှက်အခရာလွင်ပြင်ထဲရှိ နတ်ဆိုးသားရဲများအားလုံးကို စိုက်ကြည့်လိုက်သည်။

ထိုသားရဲများ၏ များပြားမှု အရေအတွက် အဆုံးသတ်ကို မမြင်နိုင်သည့်အတွက် သက်ပြင်းချလိုက်သည်။

နတ်ဆိုးသားရဲတွေ ဘယ်နှစ်ကောင်လောက်တောင် ရှိနေလဲဆိုတာ သိချင်လိုက်တာ။

ဘီလီယံလား ထရီလီယံလား။ အင်း အရေအတွက် ဘယ်လောက်ပဲ ဖြစ်ဖြစ်ပါ အဖြေကတော့ အမြဲတမ်း အရမ်းများတယ်ဆိုတဲ့ အဖြေပဲရှိတယ်

တံတိုင်း၏ ထိပ်တွင် သုံ့လီဖန်းက သားရဲအုပ်ကြီးကို ဖြူဖျော့နေသော မျက်နှာဖြင့် စိုက်ကြည့်နေသည်။ သူမ ယခုလိုဖြစ်နေရခြင်း အကြောင်းက ယခင်ညက သူမ လုပ်ခဲ့သည့် အလုပ်များအားလုံးကြောင့် ဖြစ်နိုင်သလို ပြင်းထန်သော ကြောက်လန့်မှုကြောင့်လည်း ဖြစ်နိုင်သည်။

ဤသားရဲအုပ်ကို လွင်ပြင်ဆီ ရောက်အောင် ဦးဆောင်ခဲ့သူ တစ်ယောက်အနေဖြင့် သူတို့၏ ကြောက်စရာကောင်းမှုကို သူမကိုယ်တိုင် မြင်တွေ့ပြီးပြီဖြစ်သည်။ ထိုသားရဲများက စိတ်လွတ်နေပုံပေါ်ပြီး သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ သိတော့သည့် စွမ်းအားကြီး သတ်ဖြတ်ရေး စက်ရုပ်များကဲ့သို့ ဖြစ်လာသည်။

“ ဒါမျိုးကို ဘယ်သူက လုပ်မှာလဲ။ ပြီးတော့ ဘယ်လိုအကြောင်းမျိုးအတွက်လဲ” သုံ့လီဖန်းက ဖြူဖျော့နေသော မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်ထားရင်း ပြောလိုက်သည်။

“ လူကို ခန့်မှန်းဖို့အတွက် လွယ်ကူပါတယ်” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။

“ မွေးမြူရေးတောင်ကြားက လူတွေပဲ ဒီလောက်များတဲ့ နတ်ဆိုးသားရဲတွေကို ပျိုးထောင်ဖို့ စွမ်းရည်ရှိမှာ”

“ မွေးမြူရေးတောင်ကြားလား။ နင်တို့ရဲ့ ဇာတိကမ္ဘာက နောက်ထပ်ဂိုဏ်းတစ်ခုလား”

“ ဟုတ်တယ်။ မွေးမြူရေးတောင်ကြားဆိုတာက မဟာဧကရာဇ်တစ်ယောက်ထဲပဲရှိတဲ့ ဧကရာဇ်မျိုးရိုးလေ” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။

“ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကမ္ဘာမှာ နတ်ဆိုးသားရဲတွေ ရောင်းချခြင်းအပါအဝင် စီးပွားရေး ၇၀ရာခိုင်နှုန်းက သူတို့ရဲ့ လက်ထဲမှာ ရှိတော့ ကျော်ကြားတယ်။ အဲဒါကြောင့်ပဲ သူတို့က မြောက်ပိုင်းကုန်းမြေမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်နဲ့ ဆက်ဆံရေး မကောင်းတာလေ”

“ ကိစ္စတွေက မြင်နေရသလိုမျိုး မရိုးရှင်းလောက်ဘူး” လီကျွင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ မွေးမြူရေးတောင်ကြားရဲ့ ကောင်းကင်ရွေးချယ်ခံက ဒီလောက်များတဲ့ နတ်ဆိုးသားရဲတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီထက်ပိုပြီးအရေးကြီးတာက ဒီကမ္ဘာမှာ ဒီလောက်များတဲ့ နတ်ဆိုးသားရဲတွေ ရှိမနေသင့်ဘူး။ မဟုတ်ရင် သားရဲတွေနဲ့ လူသားတွေရဲ့ ကြားထဲက ဟန်ချက်ညီမှု ပျောက်ဆုံးသွားပြီးတော့ စစ်ပွဲဆီ ဦးတည်သွားလိမ့်မယ်”

“ ဒါဆိုရင် ရှင် ပြောချင်တာက တစ်စုံတစ်ယောက်က လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီးတော့ အဲဒီနတ်ဆိုးသားရဲတွေအားလုံးရဲ့ သားဖွားနှုန်း မြင့်အောင် လုပ်နေတယ်လို့ ပြောချင်တာလား။ သူတို့ ဘယ်နေရာကနေ ဒီလောက်များတဲ့ အရေအတွက်ကို ရှာတွေ့ခဲ့တာလဲ။ ဒီထက်ပိုပြီးအရေးကြီးတာက ဒီလိုမျိုး ကောင်းကင်သွေဖယ်နေတဲ့ ကျင့်စဉ်က ဘယ်မှာများ ရှိနေမှာလဲ” သုံ့လီဖန်းက မေးလိုက်သည်။

“ အဲဒီသားရဲတွေကို တောင်ပိုင်းဒေသတွေမှာ ရှာတွေ့တတ်တယ်။ အဲဒီနေရာက သူတို့ရဲ့ နေထိုင်ကျက်စားရာဒေသလည်း ဟုတ်တယ်လေ” လီကျွင်းက ပြန်ဖြေလိုက်သည်။

“ သားပေါက်နှုန်း ပိုကောင်းလာဖို့အတွက်တော့ သားရဲတွေအနေနဲ့ သူတို့ရဲ့ သက်တမ်းကို စတေးလိုက်ဖို့ပဲ လိုအပ်တယ်။ ဒါဆိုရင် ပိုပြီးတော့ မြန်မြန် သားပေါက်လိမ့်မယ်”

“ ရှင် ပြောတာ မှန်ရင်မှန်လိမ့်မယ်။ ဒါပေမဲ့ မေးခွန်းတွေ အများကြီးရှိနေသေးတယ်။ အဲဒီလူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်များတဲ့ နတ်ဆိုးသားရဲတွေကို ထိန်းချုပ်နိုင်ရတာလဲ။ ပြီးတော့ သူ ဒါမှမဟုတ် သူမက ဘာရည်ရွယ်ချက်နဲ့ အခုလိုမျိုး လုပ်ရတာလဲ” ယန်းလီလင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“ အဲဒီမေးခွန်းနှစ်ခုရဲ့ အဖြေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်” ရုတ်တရက် ဝမ်ဝေ့က ဝင်ပြောလိုက်သည်။

“ အော် အစ်ကိုကြီးက ဒီကောင်းကင်ရွေးချယ်ခံရဲ့ ရည်ရွယ်ချက်ကို ရှာတွေ့ခဲ့ပြီလား”

“ မင်းတို့ကို မေးပါရစေ။ တစ်စုံတစ်ယောက်ရဲ့ ကံကို တိုးလာအောင် လုပ်ဖို့ တခြားနည်းလမ်းတွေ သိထားကြလား”

ထိုမေးခွန်းကို ကြားပြီးနောက် သူတို့ စတင်ပြီး စဉ်းစားကြတော့သည်။ ထို့နောက် စကားပြောနေစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဝမ်ကျူက ရုတ်တရက် အတွေးတစ်ခု ရကာ ဝင်ပြောလိုက်သည်

“ ကမ္ဘာကို အန္တရာယ်ထဲမှ ကယ်တင်ခြင်း”

ဝမ်ဝေ့က သူမကို စိုက်ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အရိပ်အဖြစ် လေ့ကျင့်ပေးခံထားရသူ ဖြစ်သည့်အတွက် သူမ၏ အလုပ်က အချက်အလက်များကြား ဖြတ်သန်းကာ  အရေးကြီးသော အချက်အလက်များကို စစ်ထုတ်ပြီး ပဟေဠိအပိုင်းအစများကို တစ်ခုတည်းဖြစ်အောင် စုစည်းပေးခြင်း ဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က နားမလည်သေးသူများကို ဆက်လက်ရှင်းပြလိုက်သည်

“ ချီကံကောင်းမှုကို စုဆောင်းဖို့အတွက် နည်းလမ်းထဲကတစ်ခုက ကမ္ဘာတစ်ခု ပျက်စီးခါနီး၊ ပျောက်ကွယ်ခါနီးမှာ ကယ်တင်ပေးလိုက်တာပဲ။ ပြင်ပဖိအားကြောင့်ဖြစ်စေ၊ အဲဒီနေရာမှာ နေထိုင်တဲ့သူတွေကြားက အတွင်းပိုင်းဖိအားကြောင့်ဖြစ်စေ တစ်စုံတစ်ယောက်ကသာ ကမ္ဘာကို ကယ်တင်ပေးလိုက်ရင် ကောင်းကင်တာအိုက အဲဒီလူကို များပြားတဲ့ ကံကောင်းမှုနဲ့ ဆုချီးမြှင့်လိမ့်မယ်”

“ အဲလိုဆိုရင် အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဂိုဏ်းအများစုက အဲဒီကမ္ဘာတွေဆီ သူတို့ရဲ့ ကောင်းကင်ရွေးချယ်ခံကို စေလွှတ်ပြီး ကံကောင်းမှုကို စုဆောင်းခိုင်းလိမ့်မယ်။ အဲဒီဂိုဏ်းတွေက ကံကောင်းမှုကို စုဆောင်းဖို့အတွက် ကမ္ဘာကို ကယ်တင်ဖို့လိုအပ်တဲ့ အခြေအနေတစ်ခု ဖန်တီးလိမ့်မယ်”

“ နေပါဦး ဖန်တီးလိမ့်မယ်ဟုတ်လား။ ဒါဆိုရင် အရှင်မင်းမြတ် ပြောချင်တာက…”

“ ဟုတ်တယ် တချို့ဂိုဏ်းတွေက ဒီကမ္ဘာတွေကို တမင်ပျက်စီးအောင် လုပ်ပြီးတော့ သူတို့ရဲ့လူတွေကို ကယ်တင်ရှင်အမည်တပ်ပြီး ဒီကမ္ဘာက မျိုးနွယ်တွေကို ကယ်တင်ပေးခိုင်းမှာလေ”

“ မွေးမြူရေးတောင်ကြားရဲ့ ကောင်းကင်ရွေးချယ်ခံက တူညီတဲ့နည်းလမ်းကို သုံးနေတာ ဖြစ်နိုင်ချေများတယ်။ ဒီများပြားတဲ့ နတ်ဆိုးသားရဲတွေနဲ့ သူတို့က ဒီကမ္ဘာကိုဖျက်ဆီးဖို့ ကြိုးစားနေတာ။ ပြီးတော့မှ အဲဒီသားရဲတွေအားလုံးကို သတ်ပစ်ပြီးတော့ ကောင်းကင်တာအိုဆီကနေ ကောင်းချီးပေးတဲ့ ကံကောင်းမှုကို လက်ခံမှာ”

အချက်အလက်ကျကျပြောရလျှင် ဤနည်းလမ်းက ယုံကြည်မှုခေတ်နှောင်းပိုင်းတွင် အတော်လေး ကျော်ကြားလာသည်။ ထိုအချိန်တုန်းက ဗုဒ္ဓဂိုဏ်းများသည် ကမ္ဘာများကို အန္တရာယ်ထဲသို့ တွန်းပို့ခဲ့ကြပြီး ယုံကြည်မှုစွမ်းအားကို ပိုမိုကောင်းမွန်စွာ စုဆောင်းနိုင်ရန်အတွက် လာရောက်ကယ်တင်လေ့ရှိကြသည်။

မျှော်လင့်ချက် ကင်းမဲ့နေသော ထိုအခြေအနေများတွင် သာမန်လူများနှင့် ကျင့်ကြံသူများက ဘာသာရေးကို ပိုမိုထိတွေ့သိမြင်လာကြသည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တုန်းက ဗုဒ္ဓဂိုဏ်းများသည် သူတို့၏ ယုံကြည်မှုနှင့် အတွေးအခေါ်ကို ကျယ်ပြန့်စွာ လမ်းလွှဲခဲ့သည့်အတွက် သူတို့၏ ပြီးပြည့်စုံသော ဖျက်ဆီးခြင်းသို့ ရောက်ရှိသွားပြီး ယုံကြည်မှုခေတ်၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ကျူမှလွဲပြီး ကျန်သည့်သူများအားလုံး၏ မျက်နှာတွင် မကျေနပ်မှုများ ထင်ဟပ်သွားသည်။ ဝမ်ကျူကတော့ ဝမ်ဝေ့မှ သူမကို ထိုမေးခွန်း မေးလိုက်စဉ်ကတည်းက ဆင်ခြင်သုံးသပ်ပြီးသား ဖြစ်နေခဲ့သည်။

“ အဲဒီနည်းလမ်းနဲ့သာဆိုရင် အဲဒီလူက နတ်ဆိုးသားရဲတွေအားလုံးကို ထိန်းချုပ်စရာ မလိုတော့ဘူး။ သူ လိုအပ်တာက သားရဲတွေအနေနဲ့ သေခြင်းတရားကို ဖန်တီးပြီး အခြေအနေ ရှုပ်ထွေးသွားဖို့ပဲ” သူက မကျေနပ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ ဒါဆိုရင်တော့ အဲဒီလူက ဒီနတ်ဆိုးသားရဲတွေအားလုံးကို အလျင်အမြန်သတ်နိုင်ဖို့အတွက် နည်းလမ်းကိုလည်း ထည့်သွင်းထားပြီးသားဆိုတဲ့ သဘောပဲပေါ့” ယန်းလီလင်းက ပြောလိုက်သည်။

“ ဒီထက်ပိုပြီးဆိုးတာက အဲဒီလူ အောင်မြင်သွားရင် ကျွန်မတို့အားလုံး ဒီစစ်ဆေးမှုမှာ ရှုံးနိမ့်သွားရလိမ့်မယ်”

ယန်းလီလင်းက ထိုစကားကို ပြောရင်း ဝမ်ဝေ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမက ပါးနပ်သူတစ်ယောက် ဖြစ်သည့်အတွက် ဝမ်ဝေ့၏ ချီကံကောင်းမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ယခင်က သူမ ဖြစ်နိုင်ချေကိုသာ ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် မနေ့က ဝမ်ဝေ့က သူကိုယ်တိုင် လုပ်ရမည့်အစား တိုင်းပြည်၏ ကံကောင်းမှုကို သုံးရန် သုံ့လီဖန်းအား ပြောခဲ့သည့်အတွက် သူမ၏ ခန့်မှန်းချက် မှန်ကန်နေမှန်း ယန်းလီလင်း သိလိုက်ရသည်။

မဟာရှားတိုင်းပြည်၏ ပိုင်နက်က သူမနှင့် လီကျွင်းနှစ်ယောက်လုံး ခရမ်းရွှေရောင် ကံကောင်းမှု ရရှိနိုင်လောက်သည်အထိ ကျယ်ဝန်းသည်။ သို့သော် သူတို့အစ်ကိုကြီးအတွက်တော့ ထပ်တူမဖြစ်နိုင်ပုံပေါ်သည်။

ထို့ကြောင့် မွေးမြူရေးတောင်ကြားမှ ကောင်းကင်ရွေးချယ်ခံသာ ဤရူးသွပ်သော အကြံအစည် အောင်မြင်သွားပါက သူတို့ စစ်ဆေးမှုမှာ ရှုံးသွားနိုင်သည်ဟု သူမ ပြောလိုက်ရခြင်း ဖြစ်သည်။

“ ရှင်တို့တွေအားလုံးက ဒီစစ်ဆေးမှုကို ဂရုစိုက်နေသေးတာလား။ ကျွန်မရဲ့ ကမ္ဘာက ပျက်စီးတော့မယ်လေ” သုံ့လီဖန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့ကြောင့် ယန်းလီလင်း ကိုယ့်ကိုယ်ကို ရှက်မိကာ ခေါင်းငုံ့ထားလိုက်သည်။

“ ကိစ္စတွေက အဆုံးသတ်ချိန်မတန်သေးလို့ မင်းရဲ့ ကမ္ဘာက အဆင်ပြေမှာပါ” ဝမ်ဝေ့က ပြောလိုက်သည်။

ဝမ်ဝေ့က ထိုစကားကို စစ်ဆေးမှု မပြီးဆုံးသေးသည့်အတွက် ပြောလိုက်ခြင်း မဟုတ်ပေ။

သူက သူ စတင်ထားသည့်အရာအား အဆုံးထိလုပ်ဆောင်ရသည်ကို ကြိုက်နှစ်သက်သောသူ ဖြစ်သလို အကောင်းဆုံးလည်း လုပ်တတ်သည်။ ထို့ကြောင့်လည်း မဟာရှားရှိ တိုင်းသူပြည်သားများ၏ နေထိုင်မှုဘဝကို အဆင့်မြှင့်တင်ပေးသည့်နေရာတွင် အချိန်အများကြီး အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဘုရင်တစ်ယောက်အနေဖြင့် သူ့အလုပ်က ဘဝများကို ပိုမိုကောင်းမွန်လာစေရန် အကောင်းဆုံးနည်းလမ်းများဖြင့် ထောက်ပံ့ပေးရမည်ဖြစ်သည်။ ထို့ကြောင့် သူလုပ်ပေးခဲ့သည်က ဤစစ်ဆေးမှုထက်ပင် ကျော်လွန်နေသည်။

သူက အစားအသောက်၊ အဝတ်အစားများနှင့် မြေများကို ထောက်ပံ့ရုံသာမက သူတို့ကို ပညာသင်ပေးပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလည်း ထောက်ပံ့ပေးသည်။ သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက သူတို့လိုချင်သည့်အရာများပေါ်တွင် သုံးစွဲနိုင်ရန်အတွက်လည်း ထောက်ပံ့ထားသည်။

တိုင်းသူပြည်သားများအနေဖြင့် စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် တိုင်းသူပြည်သားများ၏ စိတ်ဝိညာဉ်နှင့် ကိုက်ညီမည့် ဖျော်ဖြေမှုအားလုံးကို ဝမ်ဝေ့က ဖန်တီးခဲ့သည်။

တခြားတိုင်းပြည်များနှင့် နှိုင်းယှဉ်လိုက်လျှင် တခြားတိုင်းပြည်များက ရှေးကျပြီး ကျန်နေခဲ့စဉ် မဟာရှားက ခေတ်မီသော တိုင်းပြည်ကဲ့သို့ ဖြစ်နေသည်။

ကို့ရို့ကားရားနိုင်မှု ပြီးဆုံးသွားစဉ် လီကျွင်းက စိတ်ထဲသို့ ရောက်ရှိလာသော မေးခွန်းတစ်ခုကို မေးလိုက်သည်

“ အစ်ကိုကြီး ပြောတာသာ အမှန်ဆိုရင် အဲဒီလူက ကမ္ဘာကို ဖျက်ဆီးလို့ ရရှိလာမဲ့ ဆိုးကျိုးတွေကို ဘယ်လိုမျိုး ရင်ဆိုင်နိုင်မှာလဲ”

ဝမ်ဝေ့က ထိုမေးခွန်းကိုကြားပြီးနောက် ခေါင်းယမ်းရင်း ပြောလိုက်သည်

“ မင်း ဒီကမ္ဘာကို အထင်ကြီးလွန်းသွားပြီ။ ဒီလိုမျိုး ကမ္ဘာငယ်လေးမှာ ကံကြမ္မာဝဋ်စည်းမျဉ်းက စတင်ဖို့အတွက် အတော်လေး အားနည်းတဲ့အတွက် မင်း စဉ်းစားထားသလောက် ပြဿနာများမှာ မဟုတ်ဘူး။ အဲလိုမှမဟုတ်ရင် ငါတို့ကလည်း ဘယ်လိုလုပ်ပြီးတော့ ဒီကမ္ဘာက ကံကောင်းမှုကို ခိုးယူနိုင်မှာလဲ”

“ ပြီးတော့ အဲဒီလူက ကမ္ဘာကို ကယ်တင်လိုက်တာနဲ့ ကောင်းကင်တာအိုက အဲဒီလူကို ကံကောင်းမှုတွေနဲ့ မရေတွက်နိုင်တဲ့ ကုသိုလ်တွေ ပေးလိမ့်မယ်။ အဲဒီကုသိုလ်တွေနဲ့ဆိုရင် သူတို့ ခံစားရတဲ့ ဆိုးကျိုးကို အလွယ်လေး ဆေးကြောပစ်လိုက်လို့ရတယ်။ ပြီးတော့ ကိစ္စများစွာကို အောင်မြင်အောင် လုပ်ဖို့အတွက် ကုသိုလ်တွေ အများကြီးကိုလည်း ပိုင်ဆိုင်သွားတယ်”

ထိုအရာက ကောင်းမွန်ပြောင်မြောက်ကာ သေချာတွေးတောထားသည့် အကြံအစည်ဖြစ်ကြောင်း သတိထားမိသွားကြသည့်အတွက် ဝမ်ဝေ့၏ ဘေးပတ်လည်ရှိ လူအားလုံး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဤအကြံအစည်ကို ကြံစည်သောသူက ရက်စက်ရုံသာမက အရမ်းပါးနပ်မှုရှိကြောင်း ပြောနိုင်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ဝေ့က ပြောလိုက်သည်

“ ကဲပါ စကားပြောတာတွေ အဆုံးသတ်ပြီးတော့ ဒီနတ်ဆိုးသားရဲတွေကို စပြီးတော့ သတ်လိုက်ရအောင်။ ဒါပေမဲ့ ပြီးသွားရင် အလောင်းကောင်တွေကို ငါ စီစဉ်ထားတဲ့အတိုင်း မပျက်စီးအောင် ထားရမဲ့ နည်းလမ်းတစ်ခု ရှာရမယ်”

All Chapters