အဲ့တာ ဘာကြီးလဲ ဆိုတာ ငါ့ကို ပြောကြစမ်း
Vol. 19 Ch. 271
" အဲဒါဟုတ်တယ် ... "
"ငါရှာနေတာ အတိအကျပဲ"
လိပ်ကြီး ပြောပြီး ကြီးမားတဲ့ လှံကိုကိုင်ကာ တိတ်တိတ်လေး မိကျောင်းကြီးဆီကို ကူးခတ်သွားသည်။
ရေအောက် ဆယ်မီတာ မှာ ရှိနေတဲ့ လိပ်ကြီးအား ထိုမိကျောင်းကြီး မမြင်နိုင်တာ သေချာသည်။
.......
ပင်လယ် ရေမိုင်ပေါင်းများစွာအကွာမှာ တည်ရှိတဲ့ Fast ကုမ္ပဏီ ရဲ့ လျှို့ဝှက် ကျွန်းစခန်းတစ်ခုတွင်ဧရာမ ထိန်းချုပ် ခန်းထဲမှ လူအုပ်ကြီး တစ်အုပ်က အလုပ် ရှုပ်နေကြပြီး နည်းပညာရှင်များ ၊ဝတ်ရုံဖြူ များဝတ်ထားတဲ့ သိပ္ပံပညာရှင်အချို့ နဲ့ ရမ်စကော့လည်း ထိုနေရာတွင် ရှိနေသည်။
တိုင်းတာရေး ကိရိယာများမှာ အလုပ် လုပ်နေကြပြီး နံရံ မျက်နှာပြင်ရဲ့ ဖန်သား ပြင်များပေါ်တွင် အမျိုးမျိုးသော အချက် အလက်များ၊ ရုပ်ပုံများ ကို ပြသနေသည်။
အကြီးဆုံးနှင့် အထင်ရှားဆုံး ပြသထားတဲ့ ဖန်သားပြင်မှာ Universal မှ "ဆုတောင်း "ကုန်တင်သင်္ဘောကို ပြသထားတဲ့ ဂြိုလ်တုပုံရိပ်ပင် ဖြစ်သည်။
လက်အောက်ငယ်သားတစ်ဦးက အစီ ရင်ခံလိုက်သည်။
“ အကြီးအကဲ .. နံပါတ် ၁ နဲ့ နံပါတ် ၂ ရဲ့ အချက်အလက်တွေက ပုံမှန်ပါပဲ ... နံပါတ် ၂ က သင်္ဘောနဲ့ ပင်လယ်မိုင် ၂ မိုင်အကွာ မှာ ရှိပြီး နံပါတ် ၁ က ပင်လယ်ရေမိုင် ၈ မိုင် အကွာမှာ ရှိပါတယ်....”
ရမ်စကော့က စိတ်ကျေနပ်စွာ ခေါင်းညိတ် ပြပြီး အသံကျယ်ကျယ် ပြောလိုက်သည်။
“ငါတို့က နံပါတ် ၂ ကို တိုက်ခိုက်ဖို့ အမိန့် ပေးရင် နံပါတ် ၁ က ပြီးခဲ့တဲ့ တစ်ခေါက် တုန်းကလို ကောင်းမွန်စွာ ဆောင်ရွက် နိုင်ပါ့မလား.."
သူ့ဘေးနားမှာရှိတဲ့ ဝတ်ရုံဖြူဝတ် သိပ္ပံပ ညာရှင်တစ်ဦးက ဝင်ပြောလိုက်သည်။
“ လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါ တယ်. ..နံပါတ် ၂ က ကျွန်တော်တို့ကို စိတ်ပျက် အောင်လုပ်မှာ မဟုတ်ပါဘူး... ပြီးခဲ့တဲ့ တစ်ခေါက်က နံပါတ် ၁ လိုမျိုး သူတို့က အဲဒီ့ သင်္ဘောကို နစ်မြုပ်အောင်လုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံပါတယ်...”
လွန်ခဲ့တဲ့ လဝက်ခန့်က သူတို့ဟာ ရီရှန်း မှ သင်္ဘောကြီးတစ်စင်းကို နစ်မြုပ်စေခဲ့ရာ စံကွန်တိန်နာ ထောင်ပေါင်းများစွာ ရေထဲ နစ်မြုပ်သွားခဲ့ရပြီး သင်္ဘောသား ၃၀ ကျော် သေဆုံးခဲ့ရသည်။
"ဘယ်လောက်ကြာသေးလို့လဲ " ၇၀ မီတာ ရှည်တဲ့ မိကျောင်းကြီးက ဧရာမ ကုန်တင်သ င်္ဘောကြီးတစ်စင်းကို နစ်မြုပ်စေ နိုင်လား ဆိုတာကို သူတို့က နောက်တစ်ကြိမ် စမ်းသပ်မှု့မျိုး ထပ်မံပြုလုပ်တော့မည်။
ရမ်စကော့က "ဆုတောင်း "ကုန်တင် သင်္ဘောကို ဂရုမစိုက်ပေ။ သင်္ဘောပေါ်ရှိ သင်္ဘောသား နှစ်ဆယ်ကျော်ရဲ့ သေခြင်း ရှင်ခြင်း ကိုပင် ဂရုစိုက်ခြင်း မရှိခဲ့ချေ။
သူ တစ်ခုတည်း ဂရုစိုက်တာက နံပါတ် ၁ လို သင်္ဘောကြီးတစ်စင်း နစ်မြုပ်စေလိမ့်မယ် ဆို တာကိုသာ မျှော်လင့်နေပြီး နံပါတ် ၂ ရဲ့ စမ်းသပ်မူ့ ရလဒ်များသာ ဖြစ်သည်။
သူတို့က ဂြိုလ်တုကနေ ပင်လယ်ရေပြင်ကို ရိုက်ထုတ်လွှင့်နေတာကို စောင့်ကြည့် နေကြသည်။ သူတို့ရဲ့ နည်းပညာရှင်များနှင့် သိပ္ပံပညာရှင်များကလည်း မိကျောင်း ၂ ကောင်မှ ပြန်ပို့လာတဲ့ အချက်အ လက်များ ကို ဂရုစိုက်ကာ ကြည့်ရှုနေကြသည်။
မကြာမီပင် တိုက်ခိုက်ရန် ကုဒ် အမိန့်ကို ထုတ်ပြန်လိုက်သည်။
သူတို့က တိုက်ရိုက် ထုတ်လွှင့်မှု မှတစ်ဆင့် ရွက်လွှင့်နေတဲ့ ဆုတောင်း သံသတ္တု သင်္ဘော ကြီးဆီကို ၇၀ မီတာ ရှည်လျားတဲ့ မိကျောင်း ကြီးကို အဝေးကနေ ကူးခတ် သွားနေတာ မြင်နိုင်ကြသည်။
ရေအောက်ဆယ်မီတာတွင် လက်နက် တစ်ခုကို ကိုင်ထားတဲ့ လိပ်ကြီးက သူတို့ရဲ့ မိကျောင်းကြီးဆီ တိတ်တိတ်လေး ကူးခတ် နေတာကို သူတို့ ဘယ်လိုမှ မသိခဲ့ကြပေ။
လိပ်ကြီးက သတိထားပြီး တိတ်ဆိတ်စွာပင် ထို မိကျောင်းနောက်မှ လိုက်ပါသွားရာ အကွာအဝေးက တဖြည်းဖြည်း နီးကပ် လာသည်။
"ဒီကောင်က ငါတို့ရဲ့ ဆုတောင်းသင်္ဘောဆီ ကူးခတ်နေပြီး သင်္ဘောကို တိုက်ခိုက် ချင်ပုံ ရတယ်... "
"ဟွန့်...ငါရှိနေသရွေ့ မင်း စိတ်ကူးတောင် ယှဥ်လို့ ရမှာမဟုတ်ဘူး... "
လိပ်ကြီး ဒါသထွက်ကာ ပြောပြီးနောက် သူ့ အရှိန်ကို အနည်းငယ် တင်လိုက်ရာ မိ ကျောင်းကြီးနဲ့ တဖြည်းဖြည်း နီးကပ် လာသည်။
လိပ်ကြီးကို လုံးဝသတိမထားမိဘဲ 'ဆုတောင်း " ဆီကိုသာ မိကျောင်းကြီးက ဆက်လက်ကူးခတ်နေသည်။
လိပ်ကြီးက ၇၀ မီတာ ရှည်တဲ့ မိကျောင်း ကြီးနှင့် မီတာ ၂၀၀ ခန့်သာ ကွာဝေးတော့ သည်။ ဒီ အကွာအဝေးက လုံလောက်ပြီး ပိုနီးကပ်ရန် မလိုအပ်တော့ပေ။
"တဟုန်ထိုးပြေးခြင်းစွမ်းရည်ကို သုံးမယ်... "
လိပ်ကြီး ပစ်မှတ်ကို မြင်လိုက်ရတဲ့အခါ တုံ့ဆိုင်းခြင်းမရှိဘဲ တဟုန်ထိုး အရှိန် မြှင့် လိုက်ပြီး အရိပ်တစ်ခုလို မိကျောင်းကြီးဆီ ကို အပြေးအလွှား ဝင်တိုက်လိုက်သည်။
ဧရာမလှံရဲ့ ထိပ်ဖျားက မိကျောင်းကြီးဆီ တည့်တည့် တိုးဝင်သွားသည်။
"ဒုန်း..."
ဆိုတဲ့ သံကြီးနှင့်အတူ လှံထိပ်ဖျားက ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြီး မိကျောင်းကြီးရဲ့ ခန္ဓာကိုယ်ညာဘက်ခြမ်းကို ဖောက်ဝင်သွားကာ ဘယ်ဘက်ခြမ်းမှ ထွက်လာသည်။လှံက ညတိုက်ရိုက် ဖောက်ထွက်သွားတာပဲ ဖြစ်သည်။
တစ်ချက်တည်းဖြင့် မိကျောင်းကြီး သေဆုံး သွားခဲ့သည်။
လှံထိပ်ဖျားက မိကျောင်းကြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှ ထွက်လာကာ အသားနှင့် သွေးများစွာကို ယူဆောင်လာခဲ့ပြီး ပင်လယ် ရေများ ချက်ချင်း နီရဲသွားသည်။
"ဟ ဟ အေးဆေးပဲ သေပြီလား ချာတိတ် လေး "
ထို အခြေအနေကိုမြင်လိုက်ရတဲ့အခါ လိပ် ကြီး အလွန်ပျော်ရွှင်နေပြီး အော်ပြော လိုက် သည်။
"ဟမ့် ဒီမိကျောင်းမိုက်ကောင် နောက်ဆုံး တော့ သေပြီလား..”
လိပ်ကြီး လွန်ခဲ့တဲ့ ရက် ၂၀ ခန့်က ထိုမိ ကျောင်းနှင့် တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို သတိရမိသည်။ ထိုအချိန်က သူ အနည်း ငယ်သာ အသာစီးရခဲ့ပြီး မိကျောင်းကြီးကို သတ်ရန် အလွန်ခက်ခဲခဲ့သည်။
ယခုမူကား တစ်ဟုန် ထိုးတိုက် ခိုက်လိုက်ခြ င်းဖြင့် တိုက်ပွဲပြီးဆုံးသွားသည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဖြစ်ပေမဲ့ လိပ်ကြီးရဲ့ တိုက်ခိုက်နိုင်စွမ်း များစွာ တိုးတက်လာတာကိုလည်း ပြသနေ သည်။ပထမတစ်ကြိမ်က တစ်မီတာသာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး လှံထိပ်ဖျားက နှစ်မီတာသာ နစ်ဝင်သွားခဲ့သည်။
ယခုမူကား ဒီမိကျောင်းကြီးကို တစ်ချက် တည်းဖြင့် သတ်ပစ်လိုက်သည်။
လိပ်ကြီး အလွန်အေးဆေးတည်ငြိမ်နေပြီး မိကျောင်းကြီးကိုကြည့်ကာ သူ့ရဲ့ဧရာမလှံကို ဆွဲထုတ်လိုက်သည်။
အသက်မဲ့နေတဲ့ မိကျောင်းကြီးက ရုတ်တရက် ဖြူလာပြီး ပင်လယ်ကြမ်းပြင်ရဲ့ အနက်ပိုင်းကို နစ်မြုပ်သွားခဲ့သည်။
လိပ်ကြီးရဲ့ ထိုတိုက်ခိုက်မှုကြောင့် ကုမ္ပဏီ ရဲ့ ကျွန်းစခန်းမှာ ပေါက်ကွဲနေကြတာကိုတော့ ဘယ်သူ့မှ မသိပေ။
" ဘော် ဘော် ဘော် "
သူတို့ရဲ့ ကြီးမားတဲ့ ထိန်းချုပ်ခန်းထဲတွင် အရေးပေါ်ဥဩသံများ ပြင်းထန်စွာ မြည်နေပြီး အဓိက အချက် အလက်ပြ သထားတဲ့ ဖန်သားပြင်အားလုံးက အနီရောင်ကို လုံးဝပြောင်းသွားခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အနီရောင် အလင်းမှာ အလွန်တောက်ပနေသည်။
ဒီ ပရောဂျက်ရဲ့ခေါင်းဆောင်သာမက သိပ္ပံပညာရှင်ချုပ်လည်း ဖြစ်တဲ့ လူဖြူ ဘိတ်အီဝမ် ရဲ့ မျက်နှာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။
“နံပါတ် ၂ သေသွားပြီ .. နံပါတ် ၂ က သေသွားပြီပဲ…”
သူ စိတ်ပျက်စွာ အော်ဟစ်လိုက်သည်။
"ဘာ..."
ရမ်စကော့က သူ့ရဲ့ထိုင်ခုံမှ ခုန်ထပြီး ခေါင်းတခါခါကာ အော်ပြောလိုက်သည်။
“အိုး ဘုရားရေ ဒါက အမှန်မဟုတ်ဘူး ဒါက လုံးဝအမှန်မဟုတ်ဘူး...”
သူက ရုတ်တရက် ဘိတ်အီဝမ် ဘေးကို လျှောက်သွားကာ အချက်အလက်ပြသတဲ့ ဖန်သားပြင်ပေါ်မှ တောက်ပနေတဲ့ အနီရောင် အချက်ပြများကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။
“ဘာတွေဖြစ်နေတာလဲ ဒါ ဘာတွေ ဖြစ်နေတာလဲ”
သူ ဒေါသတကြီး မေးလိုက်သည်။
ဘိတ်အီဝမ်က ချက်ချင်းပင် ညွှန့်ကြား လိုက်သည်။
“ဂြိုလ်တုပုံရိပ်ကို ပြန်ဖွင့်ပါ အခုလေးတင် ဘာဖြစ်သွားလဲဆိုတာ ကြည့်ရအောင်..."
ချက်ချင်းဆိုသလို နည်းပညာရှင်များက ရုပ်ပုံကို ပြန်ဖွင့်ပေးလိုက်ကြသည်။
ထို့နောက်တွင် သူတို့က နံပါတ် ၂ သေဆုံး သွား ချိန် မတိုင်မှီ လေးက ရေမျက်နှာ ပြင်ပေါ်တွင် လှိုင်းလုံးများ ရှိနေပုံရပြီး တစ်စုံတစ်ခုက နံပါတ် ၂ ဆီကို လျင်မြန်စွာ ရောက်ရှိလာပုံရတာကို တွေ့လိုက် ကြရ သည်။
" ဒါ တော်ပီဒိုလား..."
"ဖြစ်နိုင်ချေ မရှိဘူး တော်ပီဒိုဆိုရင် အကုန် ပေါက်ကွဲသွားမှာ..."
ရေထဲက လှုပ်ရှားမှု့ ကိုကြည့်ရင် ဒါက တော်ပီဒိုထက် အများကြီးပိုကြီးသည်။
" ဒီလောက်ကြီးတဲ့ တော်ပီဒိုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ.."
ထိုနည်းပညာရှင်များက တစ်ယောက် ပြီးတစ်ယောက် စိတ်ရှုပ်ထွေးနေကြပြီး သူတို့ရဲ့ မိကျောင်းကြီးကို မည်သည့်အရာက တိုက်ခိုက်ခဲ့လဲဆိုတာကို ခန့်မှန်းနေကြ သည်။
“ပုံကို ချဲ့ပြီး ပိုနှေးအောင် လုပ်လိုက်...."
ရုပ်ပုံကို အကြိမ်ပေါင်းများစွာ ချဲ့လိုက်ပြီး ပြတဲ့အရှိန်ကိုလည်း ၄ ဆ လျှော့ချ လိုက် ပေမဲ့ သူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင် ကြသေးပေ။ အရှိန် ၁၆ ဆအထိ လျှော့ ချလိုက်မှသာ သူတို့က ဝိုးတိုးဝါးတား မြင်နိုင်ကြသည်။
ရေအောက်တွင် ဧရာမ အရိပ်မည်း ကြီး တစ်ခုက ကြောက်စရာကောင်း လောက် အောင် လျင်မြန်တဲ့ အရှိန်ဖြင့် မိကျောင်း ကြီးဆီ အပြေးအလွှားလာပုံရသည်။
ထိုအရိပ်မည်းကြီးက ရေအောက်တွင် ရှိနေကာ ပင်လယ်ရေဖြင့် ဖုံးအုပ်ထား တာကြောင့် ဂြိုလ်တု ရိုက်ချက်တွင် ဘယ် အရာမျိုးလဲဆိုတာ လုံးဝမမြင်နိုင်ခဲ့ပေ။
သူတို့က အရိပ်မည်းရဲ့ ခန့်မှန်းခြေ အရွယ် အစားကိုသာ မြင်နိုင်ပြီး အဲ့တာက ပေ ၅၀ မှ ၆၀ ခန့် ရှည်ပြီး အနံ ၁၀ မီတာကျော် ရှိပုံ ရသည်။
ရမ်စကော့က တုန်လှုပ်ချောက်ချားသွားပြီး အော်ပြောလိုက်သည်။
“ဘုရားသခင်...အဲဒါ ဘာကြီးလဲဆိုတာ ငါ့ကို ပြောပြစမ်း..."
သူ့ဘေးနားမှာရှိတဲ့ ဘိတ်အီဝမ်က သတိ ပေးလိုက်သည်။
“ဘောစ့် ကျွန်တော် စမ်းသပ်မှု့ကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အဲဒီ သင်္ဘောကို တိုက်ခိုက်တာ လက်လျှော့ပြီး ...ကျွန်တော်တို့ရဲ့ နံပါတ် ၁ ကို မြန်မြန်ပြန်လာဖို့ အကြံပြုလိုပါတယ် အဲဒီ့နေရာက အရမ်းအန္တရာယ် များပါတယ် ...”
နံပါတ် ၁ ပါ တိုက်ခိုက်ပြီး သေဆုံးသွားခဲ့ရင် သူတို့ ၁၀ ဘီလီယံကျော် သုံးစွဲခဲ့ရပြီး ၅ နှစ် ကြာခဲ့တဲ့ ပရောဂျက်မှာ လုံးဝ ပျက်စီးသွား မည်ဖြစ်ကာ အားလုံး အလကား ဖြစ်သွား မှာပဲ ဖြစ်သည်။
“ကောင်းပြီ ငါတို့ရဲ့ နံပါတ် ၁ ကို ပြန်လာခိုင်းလိုက်”
ရမ့်စကော့ အမိန့်ပေးလိုက်သည်။
လိပ်ကြီးက တစ်ချက်တည်းနဲ့ မိကျောင်း ကို သေအောင်တိုက်မယ်လို့ ယုံကြည်ထား ကာ တစ်ကယ်လည်း နောက်ဆုံးတွင် မီတာ ၇၀ရှည်တဲ့ မိကျောင်းကြီးကို သတ်လိုက်နို င်တာကြောင့် သူ့ သခင်ကို ဂုဏ်ယူစွာ သတင်းပို့လိုက်သည်။