← Chapters

ကုမ္ပဏီမှ ဝန်ထမ်းများ ခေါ်ယူ ခြင်း

Vol. 19 Ch. 275

ကုမ္ပဏီမှ ဝန်ထမ်းများ ခေါ်ယူ ခြင်း

Vol. 19 Ch. 275

'ငါတို့လိုလူမျိုးကိုတောင် သူဋေးက ဒီလိုအိမ်မျိုးခွဲပေးတော့မှာလား...'

နှစ်ယောက်သား ဖြစ်နိုင်ခြေကို တွေးပြီး တစ် ယောက်ကိုတစ်ယောက် တိတ်တိတ်ကလေး ကြည့်လိုက်ကြရာ သူတို့ရဲ့မျ က်လုံးများထဲ တွင် စိတ်လှုပ်ရှားမှု့များ မြင်နေရသည်။

ဒါကို သူ တို့နှစ်ဦး ဘယ်တုန်းကမှ မတွေးရဲ ခဲ့တဲ့ကိစ္စပဲ ဖြစ်သည်။

ဒီဟာက စတုရန်းမီတာ ၁၄၀ ကျော် ကျယ် ဝန်းပြီး အခန်းလေးခန်းပါတဲ့ တိုက်ခန်း ကြီးတစ်ခန်းဖြစ်သည်။

ပင်မကုမ္ပဏီရဲ့ မန်နေဂျာအဆင့် အထက် ရှိသူများသာ ဒီလိုအိမ်မျိုးကို ပိုင်ဆိုင် နိုင် ကြသည်။ သူတို့နှစ်ဦးက ကိုယ်ရံတော်နှင့် ယာဉ်မောင်းသာ ဖြစ်ကြသည်လေ။

လျူယောင် ပြုံးပြီးပြောလိုက်သည်။

"ဟုတ်တယ်... မင်းတို့နှစ်ယောက်စလုံးကို အခန်းလေးခန်းပါတဲ့ တိုက်ခန်းတွေ တစ် ယောက်တစ်လုံးစီ ခွဲပေးမှာပါ... မင်းတို့ကို မန်နေဂျာတွေနဲ့ အတူတူပဲလို့ ငါ သတ်မှ တ်ပေးထားပါတယ်"

"ဘုရားရေ တကယ်လား..."

သူတို့နှစ်ဦး လုံးဝစိတ်လှုပ်ရှားသွားကြပြီး တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက် ကြသ ည် ။

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် သူဋေး.."

လျူယောင် ခေါင်းအနည်းငယ်ညိတ်ပြီး စိုးရိမ်တကြီး ပြောလိုက်သည် ။

"ကျိန့်ကန်း အခုဆိုရင် မင်းရဲ့ ဇနီးနဲ့က လေးတွေကို ခေါ်လာခဲ့လို့ ရပြီ.. ဟီချန်း မင်းနဲ့ တူးရွှယ်တို့ရော ဘယ်လို အခြေအနေ ရှိပြီလဲ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး အတူတူ နေကြဖို့ ကြိုးစားကြပေါ့ကွာ..."

"ဟုတ်ကဲ့.. ကျွန်တော် ဇနီးနဲ့ကလေးတွေကို ဒီကို ခေါ်လာခဲ့မှာပါ" ကျိန့်ကန်း ဝမ်းသာအ ားရ ပြန်ဖြေလိုက်သည်။

ဟီးချန်းက ရှက်သွားပုံရပြီး ပြောလိုက် သည်။

"သူဋေး ကျွန်တော်နဲ့ တူးရွှယ်တို့က အခုမှ ဆက်ဆံရေးကို အတည်ပြုထားတာမို့လို့ စောပါသေးတယ်ဗျာ..."

လျူယောင် ခေါင်းညိတ်ပြီး ဆက် မမေး တော့ပေ။ ထိုနှစ်ယောက်ကို အခန်းလေးခ န်းပါ တိုက်ခန်းတစ်ခုကို လိုက်ပြပြီးနောက် တခြားအိမ်အနည်းငယ်ကိုပါ သူ လိုက် ကြည့်ခဲ့သည်။

အိမ်တစ်အိမ်စီရဲ့ ဒီဇိုင်းက လှပပြီး ခေတ် ဆန်နေကာ အလှဆင်ထားတဲ့ ပစ္စည်းများ ကလည်း အရည်အသွေး ကောင်းမွန်လှ သည်။

လျူယောင် အလွန်ပင် ကျေနပ်နေခဲ့သည်။

ထိုရက်များတွင် Universal ကုမ္ပဏီ မှ ဝီချက် gp တွင် အိမ်ကိစ္စ စကား ပြောနေသူ များနဲ့ ပြည့်လျှံနေခဲ့ပြီး လူတိုင်းက ရူးသွပ်နေ ခဲ့ကြသည်။

ဝန်ထမ်းများက အိမ်အသစ်ခွဲ ဝေပေးတဲ့ ကိစ္စကို ဆွေးနွေးနေကြကာ ဓာတ်ပုံအများ အပြားကိုလည်း အဖွဲ့ မျက်နှာပြင်တစ်ခုလုံ းနီးပါး လျှောက်ပြနေကြသည်။

"ဝိုး.. ဒါက ကျွန်တော်တို့ကုမ္ပဏီက ဆောက် ထားတဲ့ အိမ်လား ..အရမ်းလှတာပဲဗျာ..."

"ကုမ္ပဏီကို ကျေးဇူး တင်ပါတယ် ...နောက် ဆုံးတော့ ကျွန်တော် ဟွာဟိုင်းမြို့မှာ ကိုယ် ပိုင်အိမ်လေး ရတော့မယ်.."

"အလှဆင်ထားတဲ့.. ဒီဇိုင်းက အရမ်းပရော် ဖက်ရှင်နယ်ကျတာပဲ အတွင်းဘက်ကိုတော့ မရောက်သေးဘူး...အချိန်ရရင် သွားကြည့် ဦးမှ..."

ဝန်ထမ်းတစ်ဦးကလည်း ပြောလိုက်သည်။

"ကျွန်တော့်ရည်းစားကို ကုမ္ပဏီက အိမ်ခွဲ ပေးတဲ့အကြောင်း ပြောပြလိုက်တာ အိမ်ဓာ တ်ပုံတွေ မြင်တာနဲ့ လက်ထပ်ခွင့်တောင်း တာကို သဘောတူလိုက်တာလေ... သူမ အရမ်းပျော်နေတယ်..."

Universal ရဲ့ ဝီချက်အဖွဲ့မှ လူတိုင်းက ဒီကိစ္စကိုသာ စိတ်အားထက်သန်စွာ ပြောဆိုနေကြသည်။

ဒါပေမဲ့ ဝန်ထမ်းများက အိမ်ကို စောစောစီ းစီး ခွဲဝေပေးရန် မျှော်လင့်နေကြတာ သေ ချာပါသည်။

တကယ်တော့ ဒီကိစ္စအပြင် Universal အတွက် အရေးကြီးဆုံးအရာမှာ ကမ္ဘာတ စ်ဝန်းလုံးမှ အလုပ်သမားများ ခေါ်ယူမှု့ပင် ဖြစ်သည်။

အများသိအောင်လုပ်ဆောင်မှု့တွင် ကောင်း မွန်လှပြီး ကုမ္ပဏီရဲ့ လူ့စွမ်းအား အရင်း အမြစ်ဌာနက နေရာမျိုးစုံမှ ကိုယ်ရေး အချက်အလက်များစွာကို လက်ခံ ရရှိခဲ့ကြ သည်။ လျှောက်လွှာစာရွက်များအပြင် အီးမေးလ်မှ ကိုယ်ရေးအချက် အလက်များ ကလည်း ပိုများလာသည်။

လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဝန်ထမ်းမျ ားက အလွန်အလုပ်များနေခဲ့ကြပြီး သူတို့ ကို ပို၍အံ့အားသင့်စေတာက နိုင်ငံ ခြားမှ ကိုယ်ရေးအချက် အလက် များစွာ လက်ခံ ရရှိကြခြင်းပင်ဖြစ်သည်။ ကိုယ်ရေးအ ချက် အလက်များပေါ််မှ နိုင်ငံခြားသားများရဲ့ မျက်နှာများကို မြင်ရ တဲ့အခါ သူတို့ကိုသူတို့ မယုံနိုင် ခဲ့ကြ ပေ။

'ငါတို့ကုမ္ပဏီက နေ့တွင်းချင်း လူ့စွမ်း အားအရင်းအမြစ်ဈေးကွက်မှာ လူကြိုက် များတဲ့နေရာတစ်ခု ဖြစ်သွားတာပဲ..."

သူတို့အားလုံး ထိုသို့ တွေးခဲ့ကြသည်။

လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဟွာယွမ် ရွှမ်းက အလုပ်သင်ကာလပြီးနောက် အချိန် ပြည့်ဝန်ထမ်းဖြစ်လာတဲ့ ဝန်ထမ်းအသစ် တစ်ဦး ဖြစ်သည်။

သူက နိုင်ငံခြားစာများကို လက်ခံခြင်းနှင့် စီစစ်ခြင်းအတွက် တာဝန်ယူထားသည်။ ထိုနိုင်ငံခြားသားများ ပေးပို့ထားတဲ့ ကိုယ် ရေးအချက်အလက်များကို မြင်တဲ့အခါ သူ အံ့သြသွားပြီး အနည်းငယ် စိတ်လှုပ်ရှား နေခဲ့သည်။

Universal ကို ဝင်ရောက်ခြင်းမှာ မိမိဘဝ တွင် ပြုလုပ်ခဲ့တဲ့ အကောင်းဆုံးရွေးချယ်မှု့ ဖြစ်တာပဲလို့ သူ စိတ်ထဲကနေ တွေးမိ လိုက်သည်။

.....

အနောက်တိုင်းအစွန်အဖျားမှ နိုင်ငံတစ် နိုင်ငံ တွင်ဖြစ်သည်။

အဲ့နေရာက ကြီးမားတဲ့ ရေကြောင်း ပို့ဆေ ာင်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံခြားသ ားများစွာက တိတ်တိတ်ကလေး စကား ပြောနေကြသည်။

"ပီတာ... မင်းတကယ်ပဲ ယန်နိုင်ငံကိုသွားပြီး Universal ရဲ့ ကပ္ပတိန်လုပ်ဖို့ စီစဉ်နေတ ာလား..."

ပီတာဆိုသူက ပြန်ဖြေလိုက်သည်။

"အင်း ငါ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပို့ပြီးပြီ တခြားတစ်ဖက်က ငါ့ကို အလုပ်ခန့် ဖို့ သဘောတူတာနဲ့ ငါချက်ချင်း ယန်နိုင်ငံကို သွားမှာ"

"ဒါပေမဲ့..."

ပီတာက သူ့သူငယ်ချင်းရဲ့ ပခုံးကို ညင်သ ာစွာ ပုတ်ပြီး ဖြတ်ပြောလိုက်သည်၊

"သူငယ်ချင်း စိုးရိမ်စရာ ဘာမှမရှိဘူး... ငါက Universal အဖွဲ့အကြောင်း သေသေချာချာ လေ့လာထားပြီးသား... သူတို့ စတင်တာ တစ်နှစ်မပြည့်သေးပေမဲ့ တိုးတက်မှု့က အရမ်းမြန်တယ်.. ငါထင်တယ် ဒီ ကုမ္မဏီကတိုးတက်ဖို့အတွက် တောက်ပတဲ့ အနာဂတ်ရှိလိမ့်မယ်ဆိုတာ..."

"ဒါပေမဲ့ သူတို့ရဲ့ လုပ်အားခက..."

"လုပ်အားခကလည်း မဆိုးပါဘူး.. ကပ္ပတိန် ရဲ့ လစဉ်လစာက ယူရို ၃၀,၀၀၀ ကျော်ရ တယ်.. ပြီးတော့ တခြားအကျိုးခံစားခွင့် တွေလည်း ရှိသေးတယ်.. အရေးအကြီးဆုံ းကတော့ သူတို့က အိမ်တောင် ပေးထ ားသေးတယ်... ၁၄၀ စတုရန်းမီတာ ကျော်တဲ့ အိမ်ကြီးတစ်လုံးပဲ...."

ပီတာ့ သူငယ်ချင်း လူဖြူက အံ့အားသင့်စွာ ထပ်မေးလိုက်သည်။

"တကယ်လားဟ..."

ပီတာက အတည်ပြုပြီးပြောလိုက်သည် ။

"ဒါအမှန်ပဲ Universal က ဟွာဟိုင်းမှာ ဝန်ထမ်းတွေအတွက် အိမ်ရာကြီးတွေ ဆောက်ထားပြီး ပတ်ဝန်းကျင်ကလည်း အရမ်းကောင်းတယ်..."

"မင်း တကယ်ပဲ ဟွာဟိုင်းမြို့ကို သွားမှာ လား..."

ဒီမြို့က သန်း ၂၀ ကျော်တဲ့ လူဦးရေ နေထိုင် တဲ့ အပြည်ပြည်ဆိုင်ရာ မြို့ကြီးဖြစ်ပြီး ပထ မတန်းစား လူနေမှုပတ်ဝန်းကျင်၊ အလွန် ဖွံ့ဖြိုးတိုးတက်​တဲ့ မြို့ဖြစ်တာကို သူတို့သိ ထားကြသည်။

"ပီတာ ငါက ပထမအရာရှိအဖြစ် လုပ်ခဲ့တာ ဆိုတော့ ငါ့ကိုယ်ရေးအချက် အလက်တွေ ရော တင်လို့ရမယ်လို့ မင်းထင်လား.."

"ရတာပေါ့ဟ ငါက Universal ရဲ့ ကပ္ပတိန် ဖြစ်လာပြီး မင်းကတော့ ငါ့ရဲ့ ပထမအ ရာရှိဖြစ်လာရင် ကောင်းတာပေါ့..."

ဒီ ပထမအရာရှိများ အပြင် တခြားလူ အနည်းငယ်ကလည်းလည်း လျှောက်ထား လိုစိတ်များ ရှိကြသည်။

ကုမ္ပဏီ က လစာကောင်းတဲ့အပြင် အလုပ်ခွ င်ကလည်း ဟွာဟိုင်းမြို့တွင်ဖြစ်ပြီး သူတို့ သွားတာနဲ့ အိမ်တစ်လုံးရမည် ဖြစ်ရာ အလွ န်ဆွဲဆောင်မှု့ ရှိနေသည်။

ရုံးခန်းထဲတွင် လျူယောင် ဖုန်းပေါ်မှ စာတို ကို ဖတ်နေခဲ့သည်။ ဒီစာက သူ့ရဲ့ အလယ် တန်းကျောင်းနေဖက်ဖြစ်တဲ့ ကျိုးကျင်း ကန်းထံမှ စာနှင့် ဓာတ်ပုံများစွာ ဖြစ်သည်။

"အစ်ကိုယောင် မင်းရဲ့ ဗီလာ ကြီးဆောက် လို့ပြီးသွားပြီ...ဘယ်တော့ ပြန်လာ ကြည့်မ လဲ..."

ပြီးခဲ့သည့်နှစ်က အိမ်ပြန်တုန်းက လျူယေ ာင် ဇာတိမြို့က အိမ်ကို ဖြိုချကာ အဲ့နေရာ တွင် ဗီလာကြီးတစ်လုံး ဆောက်လုပ် ခဲ့သ ည်။ ကျိုးကျင်းကန်းကို ဒီကိစ္စ သူ တာဝန်ပေးထားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျိုးကျ င်းကန်း က တာဝန်များကို လျူယောင် စိတ်ပူ စရာမလိုအောင် လုပ်ဆောင်ပေးခဲ့ရာ ဗီလာ က နောက်ဆုံးတွင် ဆောက်လုပ်ပြီး စီးသွား ခဲ့သည်။

သူက လျူယောင်ရဲ့ လိုအပ်ချက်များ အ တိုင်း ဗီလာကို လှပစွာ အလှဆင်ပေးခဲ့ ယုံသာမက နေ့စဉ်သုံးပစ္စည်းများဖြစ်တဲ့ အိုးများ ဒယ်အိုးများ၊ အိပ်ရာခင်းများ၊ အိမ်သာသုံးပစ္စည်းတို့ကိုပါ ဝယ်ထား ပေးခဲ့ရာ ချက်ချင်း ဝင်နေနိုင်သည်။

သူက လျူယောင့်ထံ ဓာတ်ပုံများစွာကို လည်း ပေးပို့ခဲ့ရာ ဒီဓာတ်ပုံများအရ ဗီလာကြီးမှာ အလွန်လှပတာကြောင့် လျူယောင် ကျေနပ်နေခဲ့သည်။

ပြီးခဲ့သည့်တစ်ခေါက်က အိမ်ပြန်ပြီး မိဘများကို ခေါ်လာခဲ့တဲ့ အချိန်က စပြီး လျူယောင် မပြန်ဖြစ်ခဲ့ပေ။

အခု အချိန်ရနေပြီမို့လို့ ကုမ္ပဏီကိစ္စများကို စိတ်ပူစရာမလို တာကြောင့် လျူယောင်က အသစ်ဆောက်ထားတဲ့ ဗီလာကို ပြန်သွားပြီး ကြည့်ရှုသင့်တယ်လို့ စိတ်ထဲမှ တွေးခဲ့သည်။

ဒါ့ကြောင့် လျူယောင် စာပြန်ပို့လိုက်သည်။

"သူငယ်ချင်း မင်း လွန်ခဲ့တဲ့လ အနည်းငယ် က လုပ်ခဲ့တဲ့အရာတွေကို ငါအမြန်ဆုံး ပြန် လာကြည့်မယ်..."

ကျိုးကျင်းကန် ဆီက ချက်ချင်း စာ ပြန်ဝင် လာသည်။

" ကောင်းပါပြီ အစ်ကိုယောင် မင်း စောစော ပြန်လာတာကို ငါမျှော်လင့်နေပါတယ် မင်းပြန်လာတဲ့အထိ ငါစောင့်နေမှာပါ..."

နေ့လယ်ပိုင်းတွင် လျူယောင် မိဘများ နေတဲ့ အိမ်ကို ပြန်လာခဲ့ပြီး ယွမ် သန်း 100 ဖြင့် အသစ်ဝယ်ထားတဲ့ အိမ်ကြီးသို့ မသွားခဲ့ပေ။

လျူယောင် တံခါးကို ဖွင့်ပြီး ဝင်လိုက်တာနဲ့ သူ့ဖခင်က ဧည့်ခန်းမှ ဆိုဖာပေါ်တွင် ဆေး လိပ်သောက်နေကာ ညှိုးငယ်တဲ့ ပုံစံနှင့် ထိုင်နေတာကို တွေ့လိုက်ရသည်။

လျူယောင် ချက်ချင်းပဲ စိုးရိမ်တကြီး မေးလိုက်သည်၊

" အဖေ ဘာဖြစ်နေတာလဲ ပျော်ရွှင်ပုံ မရ ဘူး.."

လျူဟုန်ဖူက ဒေါသတကြီး ပြောလိုက် သည်။

"ဒါ မင်းအမေကြောင့်ပဲ..."

"အာ အဖေ ဘာဖြစ်တာလဲ အမေနဲ့ ရန်ဖြစ် ထားတာလား..."

လျူယောင် ဆက်မေးလိုက်သည်။

လျူဟုန်ဖူ နှာခေါင်းက လေကို မှုတ်ထုတ် လိုက်ပြီး အဲ့အကြောင်းကို မပြောခဲ့ပေ။ ဒါကို မြင်တဲ့အခါ လျူယောင် ခေါင်းခါကာ ခါးခါးသီးသီး ပြုံးလိုက်သည်။

သူ့မိဘများက ဆက်ဆံရေး အလွန်ကောင်း မွန်ကြပေမဲ့ တစ်ခါတစ်ရံတွင် အနည်းငယ် ရန်ဖြစ်ကြပြီး နောက်တစ်နေ့တွင် ပုံမှန်အတို င်း ပြန်လည်သင့်မြတ် သွားတတ်ကြသည်။

"ဒီနေ့ သူတို့နှစ်ဦး ဘာဖြစ်ခဲ့ကြတာလဲ မသိ ဘူး..."

All Chapters