ရွာသို့ တစ်ခေါက် ပြန်ခြင်း
Vol. 19 Ch. 276
ညနေပိုင်းတွင် ကျိုးရှူယင်း ပြန်လာခဲ့သည်။
မိသားစုအတူတူ ညစာစားပြီးနောက် လျူ ယောင်က သူ့ဖခင်မှာ မာနကြီးပြီး ဒေါသ ထွက်နေဆဲဖြစ်တာကို တွေ့ရှိခဲ့ပေမဲ့ သူ့မိခင် ကတော့ ဘာမှမဖြစ်ခဲ့သလို စကားပြောဆို ကာ ရယ်မောနေခဲ့သည်။
လျူယောင် ညင်သာစွာ မေးလိုက်သည်။
"အဖေ အခုထိ ဒေါသထွက်နေတုန်းလား"
လျူဟုန်ဖူ နှာခေါင်းလေမှုတ်ထုတ်လိုက်ပြီး မျက်နှာထားက အနည်းငယ် လျော့သွား ပုံရ သည်။
လျူယောင် အကြောင်းရင်းကို မမေးခင်မှာပဲ ကျိုးရှူယင်းက စတင် ပြောလိုက်သည် ။
"အိမ်ထောင်ဦးစီး ဒေါသထွက် မနေပါနဲ့ တော့...ကျွန်မ မနက်ဖြန် အဖေ့ဇာတိကို လိုက်ခဲ့ပါ့မယ်၊ဟုတ်ပြီလား..."
ထိုစကားကို ကြားတဲ့အခါ လျူဟုန်ဖူရဲ့ မျက်နှာက ပိုပြေလျော့သွားခဲ့ပြီး မျက်နှာ အသွင်အပြင်က ပိုမိုကောင်းမွန်လာခဲ့သည်။
လျူယောင် တစ်ခုခုကို ခန့်မှန်းမိသလို သူတို့နှစ်ဦးကို စူးစမ်းတဲ့ အကြည့်များဖြင့် ကြည့်လိုက်သည်။
"ဒီလိုဖြစ်ခဲ့တာပါ.. ဒီမနက် မင်း အဖေ့ဦ းလေး ဟုန်ယွမ် ဖုန်းဆက်တယ် ...သူတို့မိ သားစုက လက်ထပ်ကြဖို့အတွက် မဂ်လာ ဆောင်လာဖို့ ဖိတ်ထားတာပါ..."
လျူယောင် ဝမ်းသာအားရ ပြောလိုက် သည်။
" အမေ ဒါ ကောင်းတဲ့ အရာပဲလေ.. "
ကျိုးရှူယင်း ပြောလိုက်သည်။
"ဒါကောင်းတဲ့အရာမှန်း အမေ သိပါ တယ် ...ဒါပေမဲ့ အမေက ညတိုင်း ကကွက် ဆန်းတွေ လေ့ကျင့်နေရလို့လေ အမေရဲ့ အစ်မတွေနဲ့ ရင်ပြင်မှာ ပြိုင်ပွဲဝင်မလို့ ကဖို့ ချိန်းထားတာ ... ဒါကြောင့် မင်း အဖေတစ် ယောက်တည်း သွားလို့ရပါတယ် ...အမေမ လိုက်တော့ဘူးလို့ ပြောလိုက်တာကို ...မင်း အဖေက လူနှစ်ယောက်လုံး အတူတူသွ ားရမယ်ဆိုပြီး ငါ့ကို ဒေါသထွက်မယ်မှန်း ဘယ်သိပါ့မလဲ..."
လျူယောင် ရယ်လိုက်သည် ။
"ဟားဟား အမေကလည်း ရင်ပြင်မှာ သွား ကတာ ကိစ္စ အကြီးကြီးမဟုတ် ပါဘူး ..သူ တို့ကို နှစ်ရက်လောက် ပိတ်ရက်ယူခိုင်း လိုက်ရင် ဘာမှမဖြစ်ပါဘူး..."
"ကျွန်တော်အားလုံး သိပြီးပြီ... ကဲ နှစ်ရက် သုံးရက်လောက် ပိတ်ရက်ယူပြီး အဖေ့ဇာတိ ကို မင်္ဂလာ ဆောင် အတွက် လိုက်ပို့ပေး မယ်..."
" ပြီးတော့ ကျွန်တော်ပြောမလို့ကျန်သေးတာ ရှိသေးတယ်.. ကျွန်တော်တို့ရဲ့ ဇာတိမှာ အိမ် ဆောက်တာ ပြီးသွားပြီ.. ကျိုးကျင်းကန်းက အိမ်လာကြည့်ဖို့ ပြောထားလို့ ကျွန်တော် ကတိပေးပြီးပြီ..ကဲ..မနက်ဖြန် ကျွန်တော်တို့ သုံးယောက်အတူတူ ပြန်သွားကြမလား... လျူလန်ကတော့ ကျောင်းတက်ရမှာမို့လို့ ထားလိုက်တော့..."
လျူယောင်ကို အံ့အားသင့်စွာ လျူဟုန်ဖူ ကြည့်လိုက်သည်။
"ရှောင်ယောင် ဒါဆို ငါတို့သုံးယောက် မနက်ဖြန် အတူတူ ပြန်ကြမယ်ပေါ့..."
"ဟုတ်တယ် အဖေ မနက်ဖြန်မနက် စော စောထွက်ကြတာပေါ့..."
ချက်ချင်းပင် လျူဟုန်ဖူ လုံးဝပျော်ရွှင်သွား ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် ။
"အချစ် သွားပြီး ဝိုင်တစ်လုံးယူလာပေး ရှောင်ယောင်နဲ့ ငါ သောက်ကြမယ်.."
ကျိုးရိူ့ယင်း ပြုံးကာ လျူဟုန်ဖူကို မဲ့ပြီးကြည့်လိုက်သည် ။
"အခုလေးတင် မာနကြီးနေတာ ဘယ်သူလဲ.. ရုတ်တရက်ဆိုသလို အရမ်း ပျော်ရွှင် သွား တယ် အပြောင်းအလဲ အတော်မြန်ပါ့ တော် ..."
လျူဟုန်ဖူနှင့် လျူယောင်တို့ နှစ်ဦးစလုံး ရယ်မောလိုက်ကြသည်။ လျူယောင်က မောက်ထိုင်ဝိုင် ပုလင်းကို ဖွင့်လိုက်ကာ ဝိုင်နှစ်ခွက်ငှဲ့လိုက်ပြီး သူ့ဖခင်နှင့်အတူ စကားပြောရင်း ရယ်မောလိုက်ကြသည်။
မနက်ဖြန် ဇာတိကိုပြန်ရတော့မှာမို့လို့ ကားကို ပြင်ဆင်ထားရမည်။ လျူယောင် စီစဉ်ထားတာက ရိုးလ်ရွိုက်စ်ကားနှစ်စီးကို ကျိန့်ကန်းနဲ့ဟီချန်း တို့ မောင်းရန်ပင်ဖြစ် သည်။
လျူဟုန်ယွမ်နှင့် လျူဟုန်ဖူတို့မှာ ဝမ်းကွဲ များဖြစ်ကြတာ ကြောင့် သူနဲလည်း အဘိုး တော်စပ်ကြသည်။
ဆွေမျိုးတော်စပ်တာကြောင့် မိသားစုက သားမက်ကို လက်ခံတဲ့အခါ သူတို့ကို အထူး ဖိတ်ကြားကြတာဖြစ်လို့ မင်္ဂလာလက်ဖွဲ့ငွေမျ ား ပေးရတော့မှာပဲ ဖြစ်သည်။
"ရှောင်ယောင် ငါတို့ မင်္ဂလာလက်ဖွဲ့ငွေ ဘယ်လောက် ပေးသင့်လဲ...ယွမ်တစ် သောင်းဆိုရင် တော့လုံလောက်ပါတယ်..."
ကျေးလက်ဒေသများတွင် မင်္ဂလာဆောင်မျ ားအတွက် လူတိုင်း လက်ဖွဲ့ငွေပမာဏမှာ များသောအားဖြင့် ယွမ်တစ်ရာ နှစ်ရာသာ ဖြစ်ပြီး ဆက်ဆံရေး အနည်းငယ်ပိုကောင်း ပါက သုံးရာ ဒါမှမဟုတ် ငါးရာသာ ဖြစ် သည်။
လျူဟုန်ဖူနှင့် လျူဟုန်ယွမ်တို့ရဲ့ ဆက်ဆံ ရေးအရ လျူယောင်က မချမ်းသာခင်တုန်း ကဆို ယွမ်ငါးရာ၊ ခြောက်ရာ ဆို လုံလောက် သည်။ လျူဟုန်ဖူက သတ္တိရှိရှိဖြင့် ယွမ်တစ် သောင်း ပေးလိုက်မယ်လို့ ပြောနေသည်။
လျူယောင် ပြုံးလိုက်ပြီး ပြန်ဖြေ လိုက် သည်။
"အဖေ ဦးလေးဟုန်ယွမ်မိသားစုနဲ့ ကျွန် တော်တို့က ဆက်ဆံရေး ကောင်းပါတယ် ဒါကြောင့် ပိုယဉ်ကျေးချင်တယ်ဆိုရင် ယွမ် ၈၈,၀၀၀ ပေးကြတာပေါ့..."
"ကောင်လေး တကယ်ပဲ ယွမ် ၈၈,၀၀၀ လက်ဖွဲ့ပေးမယ်ပေါ့..."
လျူဟုန်ဖူ သတိပေးလိုက်သည် ။
"ဒါက အရမ်းများနေတာ မဟုတ်ဘူးလား"
လျူယောင် ပြောလိုက်သည် ။
"ရပါတယ် ယွမ် ၈၈,၀၀၀ က ကျွန်တော် တို့အတွက် ဘာမှမဟုတ်ပေမဲ့ ဦးလေးဟုန် ယွမ်မိသားစုအတွက်တော့ ငွေအများကြီးပဲ ...ဒါက သူတို့ရဲ့ ပြဿနာ တချို့ ကို ဖြေရှင်း နိုင်ဖို့ လုံလောက်ပါတယ်"
ကျိုးရှူယင်းလည်း သဘောတူလိုက်သည်။
"မိသားစုအကြီးအကဲ... ရှင့်သားရဲ့စကားကို နားထောင်လိုက်ပါ... ယွမ် ၈၈,၀၀၀ လက်ဖွဲ့ ပေးလိုက်ပါ... ကျွန်မကြားရတာ ဒီသားမ က်ကို လက်ထပ်ဖို့အတွက် ဟုန်ယွမ်တို့က အိမ်ထောင်ပရိဘောဂတောင် မရှိဘူးတဲ့... ဒါကြောင့် ယွမ် ၃ သိန်းတန် အိမ်ထောင် ပရိဘောဂကို ရဖို့အတွက် နေရာအနှံ့ကနေ ငွေချေးခဲ့ရတယ်တဲ့..."
"ကောင်းပြီလေ ဒါဆိုရင် ယွမ် ၈၈,၀၀၀ ပေးလိုက်ကြမယ်"
လျူဟုန်ဖူ သဘောတူကာ ပြောလိုက် သည်။
ကျေးလက်ဒေသတွင် ထိုကဲ့သို့ ကြီးမား တဲ့မင်္ဂလာလက်ဖွဲ့ ပေးခြင်းမှာ မျက်နှာပန်း လှတဲ့ ကိစ္စဖြစ်သည်။ လျူဟုန်ဖူက ဒီအ ကြောင်းကို ကောင်းစွာသိတာကြောင့် ချက်ချင်းပင် သူ့ရဲ့မျက်နှာက နီရဲနေခဲ့သည်။
ညစာစားပြီးနောက် မိသားစုက စူပါမားက တ်ကြီးတစ်ခုကို သွားပြီးအရက်၊ ဆေးလိပ်၊ သကြားလုံး၊ သစ်သီးများ စသဖြင့် ပစ္စည်း များစွာကို ဝယ်ယူခဲ့ကြသည်။ဒါတွေကို မနက်ဖြန် ယူဆောင်သွားကြမည်ဖြစ်သည်။
.....
နောက်တစ်နေ့ .. နံနက်စောစောတွင်....
ရိုးလ်ရွိုက်စ်ကားနှစ်စီးက စတင်ထွက်ခွာ လာခဲ့သည်။ ရှေ့မှတစ်စီးကို ဟီချန်းက မောင်းကာ လျူဟုန်ဖူနှင့် ကျိုးရှူယင်းတို့က ကားထဲတွင် ရှိနေကြသည်။
နောက်မှတစ်စီးထဲတွင် လျူယောင် စီးလာ ပြီး မှန်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်ကာ စိတ်ထဲမှာ တွေးနေခဲ့တာက သူ့ရဲ့ဇာတိကို လအနည်းငယ်ကြာအောင် မပြန်ဖြစ်ခဲ့တာ ကြောင့် ဇာတိမြို့က ဘယ်လောက်ပြောင်း လဲသွားပြီလဲဆိုတာပဲ ဖြစ်သည်။
ဟွာဟိုင်းမြို့မှ ပြန်လာရာတွင် ခရီးတစ်ခု လုံးနီးပါးက အမြန်လမ်းပေါ်တွင်ဖြစ်ပြီး နှစ်နာရီခွဲခန့်အကြာတွင် အမြန်လမ်းမှ ခွဲထွက်ကာ မကြာမီ မြို့ကို ရောက်ရှိ လာကြ သည်။
မြို့ထဲတွင် ဈေးရှိ ပေသည်။
စျေးထဲတွင် လူများစွာရှိနေပြီး လမ်း ရဲ့ ဘေးနှစ်ဖက်တွင် ကားများစွာ ရပ်ထား ကြသည်။ ကားငယ်များလည်း ရှိကြပေမဲ့ အဓိကအားဖြင့် သုံးဘီးဆိုင်ကယ် များဖြ စ်ကြပြီး ကားငယ်အများစုမှာ ဗင်ကားများ ဖြစ်ကြသည်။
ရုတ်တရက် ရိုးလ်ရွိုက်စ်ကားနှစ်စီး ရောက်လာတဲ့အခါ လူများစွာရဲ့ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။
"ဒါဘယ်လိုကားမျိုးလဲ..အရမ်းကောင်းတာပဲဟ..တခြားသူတွေပြောတဲ့ ဇိမ်ခံကားလား"
လူတစ်ဦးက ကားတန်ဖိုးကို သိတာကြောင့် ဝင်ပြော လိုက်သည်။
"ဒါက ရိုးလ်ရွိုက်စ်ပဲ...ကားတစ်စီးက အနည်းဆုံး ယွမ်ခြောက်သန်း သို့မဟုတ် ခုနစ်သန်းတန်တယ်...လမ်းဖယ်ပေးလိုက်ကြ သွားပြီး မထိမိစေနဲ့..."
နောက်တစ်ယောက်က အံ့အားသင့်ကာ ပြောလိုက်သည်။
"ကျွန်တော့် အမေရေ ဒီလောက်စျေးကြီးတဲ့ ကား..ငါတို့ရွာမှာ အဲ့ဂွေ တစ်ခုတည်းတင် ယွမ်လေးသောင်းကျော်နဲ့ ဗင်ကားအသစ် တစ်စီး ဝယ်လို့ရတယ် "
ဒီကားနှစ်စီးရဲ့ တံဆိပ်ကို မသိကြပေမဲ့လ ည်း ကြည့်ရှုနေကြတဲ့လူများက ပိုပိုများလာ ခဲ့ကြသည်။ အချို့က သူတို့ရဲ့ လည်ပင်းများ ကိုပင် ဆန့်ထုတ်ကာ ခြေဖျားထောက်ပြီး ကြည့်နေကြသည်။
"ဒါ ဘယ်သူလဲ အရမ်းမောက်မာတာပဲ..."
"ဟုတ်တယ်.. ရိုးလ်ရွိုက်စ်တစ်စီး တည်းဆို ရင် တောင် ကြောက်စရာကောင်းနေတာ.. ငါ့ကောင်ရေ တစ်ခါတည်းကို နှစ်စီးတော င်မှဗျာ.."
"ကားထဲကတစ်ယောက်က ဩဇာကြီးတဲ့ လူတစ်ယောက် ဖြစ်ရမယ်..."
လူများက တစ်ယောက်တစ်ပေါက် ပြောနေ ကြသည်။
ဒီလိုကားနှစ်စီး မြို့ထဲကို ရောက်လာတာနဲ့ လူများစွာရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်နို င်ခဲ့ကြသည်။
မော်ရီမင်က သူ့ဇနီးကို မနေ့က ဇာတိကို ပြန်ခေါ်လာခဲ့သည်။ ယနေ့ မြို့ထဲတွင် ဈေးရှိ တယ်လို့ ကြားတဲ့အခါ စိတ်လှုပ်ရှားမှုကို ခံစားနိုင်စေရန် ပျော်ပွဲရွှင်ပွဲကို ဇနီးသည် အား လိုက်ပါစေခဲ့သည်။
ဇနီးသည်က ကားမောင်းနေပြီး တွဲဖက်ယ ာဉ်မောင်းထိုင်ခုံတွင် ထိုင်နေတဲ့ မော်ရီမင် က အနည်းငယ် စိုးရိမ်နေကာ ဖြည်းဖြည်း မောင်းရန် သတိပေးနေခဲ့သည်။ ဒါမှသာ တခြားသူများကို မတိုက်မိစေရန် နဲ့ ကားကို မခြစ်မိစေရန် ဖြစ်သည်။
သူ့ဇနီးက နှုတ်ခမ်းကိုစူကာ မျက်နှာပျက်တဲ့ အမူအရာဖြင့် ပြောလိုက်သည် ။
"သိပါတယ် အရမ်းစိတ် အနှောင့်အယှက် ဖြစ်စရာပဲ ကျေးဇူးပြုပြီး စကားမပြော ပါနဲ့တော့.."
မော်ရီမင် ဘာမှမပြောတော့ပေ။ ရုတ်တရက် ရိုးလ်ရွိုက်စ်ကားနှစ်စီးကို တစ်တန်းတည်း မောင်းနှင်လာတာကို တွေ့လိုက်ရသည်။ အရှိန်က မမြန်ပေမဲ့ သူ့နှလုံးခုန်နှုန်းကတော့ မြန်လာခဲ့သည်။
ဒါက ဇိမ်ခံကားဖြစ်ပြီး ဒါကို ခြစ်မိလို့ မရ ချေ။မဟုတ်ပါက သူတို့ ကားကို ရောင်း လိုက် ရင်တောင် လျော်ကြေးပေးနိုင်မည် မဟုတ် ပေ။
"ဖြည်းဖြည်းမောင်းဟ လမ်းဘေးကပ်ပြီး သူတို့ကို အရင်သွားခိုင်းလိုက်"
သူဇနီးသည်က ဒေါသတကြီးဖြင့် ပြောလိုက် သည် ။
"မဖြစ်ဘူး ဘာလို့ သူတို့ကို သွားခိုင်းရ မှာ လဲ.."
မော်ရီမင်က ဖြေးဖြေးမောင်းသွားရန် ဆန္ဒရှိ နေပေမဲ့ သူ့ဇနီးသည်က သွားခွင့် မပေးလို တာကြောင့် သူ့ မျက်နှာက ချက်ချင်းပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။
"မင်းသရဲမ မင်း ကျားတစ်ကောင်လား.. ဒါတွေက ဇိမ်ခံကားတွေကွ ကားတစ်စီးက အနည်းဆုံး ယွမ်ခြောက်သန်း. .ခုနစ်သန်း တန်တယ်.. မင်းထိလိုက်မိလို့ မင်းကို ရောင်းလိုက်ရင်တောင် မတတ်နိုင်ဘူး"
မော်ရီမင် ဒေါသထွက်ကာ အော်ပြောလိုက် သည်။
သူ့ဇနီးသည်က ကားတံဆိပ်များ အကြောင်း ကို အတုံးဆုံး ဖြစ်သည်။ သူမဟာ မူလက သူ့ကားသာ ပိုကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ ကားတစ်စီးကို ယွမ်ခြောက်သန်း၊ ခုနစ်သန်း တန်တယ်လို့ ကြားတဲ့အခါ အလွန်ပင် ကြောက်လန့်သွားခဲ့ပြီး ဘရိတ်ကိုရပ်ဖို့ အသုံးပြုလိုက်ပေမဲ့ လီဗာကို မှားနင်း မိတာ ကြောင့် ကားက အရှိန်ပိုတိုးသွားသည်။