← Chapters

ဒီလို ကိစ္စမျိုးလဲ ရှိတာကိုး

Vol. 19 Ch. 279

ဒီလို ကိစ္စမျိုးလဲ ရှိတာကိုး

Vol. 19 Ch. 279

နောက်တစ်နေ့တွင်.....

ယနေ့က လျူဟုန်ယွမ် သားဖြစ်သူ မင်္ဂလာ ပွဲနေ့ဖြစ်ပြီး တစ်ရွာလုံး အတော်ပင် စည် ကား လှသည်။ အထူးသဖြင့် လျူဟုန်ယွမ်ရဲ့ အိမ်တံခါးဝတွင် ပိုမို၍ စည်ကားနေသည်။

လျူယောင် အခုမှပင် အိပ်ရာက နိုးလာ ခဲ့သည်။

ဒီဗီလာကြီးမှာ နေထိုင်ရတာ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။ မနေ့က ရွာသားများ တစ်ဦးပြီးတစ်ဦး ညနေစောင်း မှသာ ပြန်သွားကြပြီး ဗီလာကြီးရှေ့ ခြံဝင်း ကလည်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ခရိုင် အုပ်ချုပ်ရေးမှူးဝမ်နှင့် သူ့လူများ က တော့ စောစောစီးစီးပင် ပြန်သွားခဲ့ကြပြီး လျူယောင်နဲ့ ရှေ့ခြံဝင်းတွင် နာရီဝက်ခန့် ထိုင်ကာ အကြောင်းအရာအချို့ကို စကား ပြောခဲ့ကြသည်။

အဓိကပြောတဲ့အကြောင်းအရာကတော့ခရိုင်စက်မှုဥယျာဉ်မှာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေပြီး လျူယောင်ကို ထိုနေရာ တွင် ရင်းနှီးမြှုပ်နှံကာ စက်ရုံတစ်ရုံ တည် ဆောက်စေလိုသည့်အကြောင်းပင်။

လျူယောင်က စက်ရုံတစ်ခုဆောက်ရန် ရင်းနှီးမြှုပ်နှံမည်ဆိုပါက သူ့အနေနှင့် ပိုက်ဆံရှားပါးခြင်းမရှိပေမဲ့ နည်းပညာပိုင်း တွင် အားနည်းနေသဖြင့် မည်သည့် စက်ရုံမျိုးကို တည်ထောင်ရမည်ကို သူ မသိပဲ ဖြစ်နေသည်။

ခရိုင်အုပ်ချုပ်ရေးမှူးဝမ်က လျူယောင်ထံမှ ရင်းနှီးမြှုပ်နှံမှု မရရှိသဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့ပေမဲ့ ပြန်သွားတဲ့ အခါတွင် တော့ လျူယောင်နှင့် စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက်ကာ အချိန်ရတဲ့အခါ သူ့ရုံးခန်းသို့ လာရန် နွေးထွေးစွာဖိတ် ခေါ်သွားခဲ့သည်။

သူ နံနက်နိုးလာတဲ့အခါတွင် အုပ်ချုပ်ရေး မှူးဝမ်ရဲ့စိတ်ပျက်အားငယ်နေသော အမူ အရာကို ပြန်လည်အမှတ်ရပြီး လျူယောင် အနည်းငယ်ပြုံးလိုက်မိသည်။

အပေါ်ထပ်မှ လှုပ်ရှားသံကို ကြားဟန် တူတာကြောင့် ကျိုးရိူးယင်းက အောက်ထပ် မှ လှမ်းအော်လိုက်သည်။

“ရှောင်ယောင် ထတော့ မနက်စာစားဖို့ လုပ်တော့...”

လျူယောင် အောက်ထပ်သို့ ဆင်းလာပြီး သန့်ရှင်းရေးလုပ်ကာ စားပွဲတွင်ဝင်ထိုင်ပြီး မနက်စာစားလိုက် သည်။ စားရင်းဖြင့်လည်း ချီးကျုးလိုက်သည်။

“အမေ အမေမှာထားတဲ့ ခေါက်ဆွဲက အရမ်းကောင်းတာပဲဗျာ...”

“အရသာရှိတယ်ဆိုရင် များများစားလေ”

လျူယောင် ခေါက်ဆွဲများကို မြန်မြန်စား နေရင်း အပြင်မှ ဆူညံသံများ ကြားတာ ကြောင့် ပြောလိုက်သည်။

“အမေ ဦးလေးဟုန်ယွမ်တို့ မိသားစုက ဒီနေ့ သတို့သမီးလက်ခံနေတာ ကျွန်တော် လက်ဖွဲ့ ငွေ သွားပေးလိုက်ဦးမယ်...”

“အင်း သွားလေ ငါတို့ကတော့ နေ့လည်မှ ထမင်းသွားစားမယ် နင့်ဦးလေးဟုန်ယွမ်က မျက်နှာကြီးလိုချင်တဲ့သူဆိုတော့ လူများ များလာတာကိုပဲ မျှော်လင့်နေတာ...”

မနက်စာစားပြီး ခဏနားပြီးနောက် လျူ ယောင် နံနက် ၉:၃၀ နာရီခန့်တွင် လျူဟုန် ယွမ်ရဲ့ အိမ်ကို လမ်းလျှောက်သွားခဲ့သည်။

ထိုနေရာတွင် အလွန်စည်ကားနေပြီး လူအ များအပြားလည်း ရှိနေကြသည်။ ထိုသူများ ထဲမှ အများစုက လျူယောင် အား စိတ်အား ထက်သန်စွာ နှုတ်ဆက်ကြသည်။

“မစ္စတာလျူ လာပြီလား....”

“လျူယောင် မင်းက အခုတကယ်ကို ချမ်း သာနေပြီနော်...”

လူတိုင်း စိတ်အားထက်သန်မှု့ကို ရင်ဆိုင်ရ တဲ့အခါ လျူယောင် ပြုံးပြီး အနည်းငယ် ခေါင်းညိတ် ပြလိုက်သည်။ ပြီးနောက် လက် ဖွဲ့ငွေ စာရင်းလက်ခံနေသူကို တွေ့လိုက် ရတာကြောင့် ထိုသူထံ လျှောက်သွားလိုက် သည်။

လူအချို့ကလည်း လျူယောင် ငွေ မည်မျှသုံးစွဲမည်ကို သိလိုတာကြောင့် အနီးသို့ ဝိုင်းအုံလာကြသည်။

“လျူယောင်က သူဋေးကြီးပဲဆိုတော့ ၂၀၀၀ ဒါမှမဟုတ် ၃၀၀၀ လောက် လှူလိမ့်မယ်...”

“ဒါထက်ပိုမယ်လို့ ငါ ထင်တယ် ၅၀၀၀ လောက်တော့ ရှိလိမ့်မယ်....”

“ကျွန်တော့်အထင်တော့ ၁၀၀၀၀ လောက် ဆိုတဲ့ ဂဏန်းပြည့် လှူလိမ့်မယ်...”

တိတ်ဆိတ်နေတာကြောင့် အသံအချို့က လျူယောင်ရဲ့ နားထဲ ရောက်ရှိလာပြီး ရွာသားများက သူ မည်မျှလှူမည်ကို ဆွေးနွေးနေကြသည်။

ယွမ် ၁၀၀၀၀ သာ လက်ဖွဲ့မည်ဆိုပါက ရွာသားအများအပြားရဲ့ အတွင်းစိတ်ထဲမှပင် အံ့အားသင့်နေကြလိမ့်မည်။ဒေါင်းမင်းရွာတွင် ဘယ်သူမှမင်္ဂလာဆောင်အတွက် ထို လောက်ငွေများများ မပေးဖူးသေးချေ။

လျူယောင် ငွေစာရင်းလက်ခံနေရာကို လျှောက်သွားပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက် သည်။ ပတ်ဝန်းကျင်ရှိ လူများကတော့ လျူယောင် ၂၀၀၀ သို့မဟုတ် ၃၀၀၀ သာ လှူ နိုင်မယ်လို့ ချက်ချင်းရိပ်မိသွားကြသည်။

ဘာကြောင့်လဲဆိုတော့ သူ့ပိုက်ဆံအိတ်ထဲ တွင် ငွေသားများစွာ မပါဝင်ဘဲ ဖောင်းကြွ နေခြင်းမရှိ မရှိတာကြောင့်ပင်။

လက်ဖွဲ့ငွေစာရင်းကို လျူဟုန်ယွမ်ရဲ့ ဆွေ မျိုး တစ်ဦးက တာဝန်ယူ လုပ်ဆောင် နေ ခြင်းဖြစ်သည်။ သူက လည်ပင်းကို ဆန့်ကာ လျူယောင်ရဲ့ ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။

အိတ်အတွင်းရှိ ငွေသားက ၃၀၀၀ သို့မဟုတ် ၄၀၀၀ ခန့်ရှိတာကို မြင်လိုက်ရတဲ့အခါ သူ အနည်းငယ် စိတ်ပျက်သွားသည်။

သို့သော်လည်း အထဲတွင် အမျိုးအစား အမျိုးမျိုးရှိတဲ့ ဘဏ်ကတ်များ အများ အပြားပါရှိပြီး ရွှေရောင်ဘဏ်ကတ်များ သို့မဟုတ် အနက်ရောင်ဘဏ်ကတ်များ ဖြစ်တာကိုတော့ သူ မသိခဲ့ပေ။

အနည်းငယ် စိတ်ပျက်အားလျော့နေတဲ့ သူက ဘောပင်ကိုကောက်ကိုင်ကာ လျူ ယောင်နာမည်ကို ရေးပြီး လျူယောင် ငွေ သားထုတ်ပေးတာကို စောင့်ဆိုင်း နေခဲ့ သည်။

လျူယောင်က ပြင်ဆင်ထားတဲ့ ငွေသားချ က်လက်မှတ်ကိုသာ ထုတ်လိုက်ပြီး ငွေသား တစ်ပြားမှ မယူလာတာကို သူ ဘယ်လိုလုပ် သိမှာလဲ။

သူက အသက်ငါးဆယ်ကျော် ရှိပြီဖြစ်တာ ကြောင့် ငွေသားချက် လက်မှတ်အ ကြောင်း ကို မသိရှိပေ။ချက်လက်မှတ်ကို ရရှိပြီး နောက် ထို လက်ဖွဲ့ငွေ ကိုင်သူက ရှုပ်ထွေးနေ တဲ့မျက်နှာထားဖြစ်သွားသည်။

“ဒါက ဘာလဲ..”

“ဒါက ဘယ်လောက်လဲဟ...”

တစ်ဖက်တွင်လည်း သူ့ဘေးနားရှိ လူငယ် တစ်ဦးက နည်းနည်းနားလည်သည်။ သူက လည်ပင်းကိုဆန့်ပြီး ကြည့်ကာ ရှင်းပြလိုက် သည်။

“ဒါက ငွေသားချက်လက်မှတ်ပါ ဘဏ်ကိုသွ ားပြီး ငွေထုတ်လို့ရတဲ့ အမျိုးအစားပါ...”

“မြန်မြန်ကြည့်ပါဦး အဲဒါမှာ ဘယ်လောက် လို့ ရေးထားလဲဆိုတာ...”

လက်ဖွဲ့ငွေစာရင်းကို တာဝန်ယူသူက မျက် မှန်ကို တပ်ပြီး ထိုငွေသားချက်လက်မှတ်ကို ကြည့်လိုက်သည်။

“ရှစ်သောင်းရှစ်ထောင် တဲ့ ” သူ အသံထွက် ဖတ်လိုက်သည်။

“ဘာ..."

" ရှစ်သောင်းရှစ်ထောင်လား... ."

"ဘုရားရေ လျူယောင်က တကယ်ကို ရက်ရောတာပဲ ..."

လူတိုင်းက သုံးထောင် ဒါမှမဟုတ် ငါးထော င်လောက်လို့ မှန်းထားကြပြီး အများဆုံးဆို ၁၀၀၀၀ လို့ မှန်းထားကြတာပဲ ဖြစ်သည်။

"တကယ့်ကို ချမ်းသာလိုက်တာ တကယ်ကို ချမ်းသာတာပဲဗျာ...”

လူအချို့က ကြောင်နေကြပြီး အချို့က အံ့အားသင့်နေကြကာ အချို့ကတော့ မနာလိုဖြစ်နေကြသည်။

လျူယောင် အနည်းငယ်ပြုံးပြလိုက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ လျူဟုန်ယွမ်ကို လှမ်းမြင်လိုက် ရသည်။ သူက ဖုန်းပြော နေဟန်တူနေတာကြောင့် လျူယောင် နှုတ် ဆက်ရန်အတွက် လမ်းလျှောက် သွား လိုက်သည်။

လျူဟုန်ယွမ် ဖုန်းပြောနေခြင်းမှာ အမှန်ပင် ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက အတော်ပင်စည်ကားနေပြီး ဆူညံသံများစွာ ရှိနေတာကြောင့်ပင်။

ဖုန်းထဲတွင် သူက တစ်စုံတစ်ဦးနှင့် စကား များနေဟန်တူပြီး မျက်နှာကလည်း နီရဲနေ ကာ လည်ပင်းမှာလည်း ထူပူနေသည်။

လျူဟုန်ယွမ်ရဲ့ ဇနီးလည်း ဘေးတွင်ရှိ နေ သည်။ လျူယောင် သူမထံကို လျှောက်သွား ပြီး နူတ်ဆက်လိုက်သည်။

“အန်တီ ဂုဏ်ယူပါတယ်...”

လျူဟုန်ယွမ်ရဲ့ ဇနီးသည် အလွန် စိတ် အား ထက်သန်နေပြီး လျူယောင်ကို ရေနွေး ကြမ်းတစ်ခွက်ပေးကာ စားပွဲတွင် ထိုင်ခိုင်း လိုက်သည်။

ဖုန်းပြောနေတဲ့ လျူဟုန်ယွမ်ကို ကြည့်ပြီး လျူယောင် မေးလိုက်သည်။

“အန်တီ ဘာဖြစ်နေတာလဲ ဦးလေးဟုန်ယွမ် က တစ်ယောက်ယောက်နဲ့ စကားများနေပုံ ပဲ...”

လျူဟုန်ယွမ်ရဲ့ ဇနီးသည်က ဝမ်းနည်းစွာ ပြန်ဖြေလိုက်သည်။

“ဒီလိုပါ .. ရွာကသူတွေက. ပွဲ အတွက် ဆေးလိပ်နဲ့ အရက်ကို ကြိုမှာထားတာ...အခု ဆေးလိပ်နဲ့ အရက်လာပို့တဲ့သူက ဆေးလိပ် တွေ ဈေးတက်သွားပြီမို့လို့... ဆေးလိပ်တစ် ဘူးကို ၁၅ ယွမ် ထပ်ပေးရမယ်တဲ့...”

" ဒီလိုကိစ္စမျိုးလဲ ရှိတာကိုး..."

ဘာဖြစ်နေလဲဆိုတာကို လျူယောင် နား လည်သွားပြီး ဒီလို လုပ်ငန်းမျိုးက တ ကယ်ကို ကျင့်ဝတ်သိက္ခာမရှိဘူးလို့ တွေးမိသည်။ဘာကြောင့်လဲဆိုတော့ ညှိနှိုင်းပြီးသားဖြစ်တာကြေင့် ဈေးနှုန်းကို ချက်ချင်း မတိုးသင့်ပေ။

လျူဟုန်ယွမ် ဖုန်းပြောပြီးနောက်တွင်တော့ သက်ပြင်းကို ညင်သာစွာ ချလိုက်ကာ သူ့ စိတ်ထဲတွင် စိတ်ပျက်သွားပြီး ဆေးလိပ် စုစုပေါင်း ဘူး ၆၀ ရှိ၍ တစ်ဘူးလျှင် ၁၅ ယွမ် ထပ်ပေးရပါက စုစုပေါင်း ၉၀၀ ယွမ် ကုန်ကျမည်ဟု တွက်ချက်လိုက်သည်။

“အာ ရှောင်ယောင် မင်းရောက်လာပြီလား..”

ဒီလိုကိစ္စမျိုးနှင့် ကြုံတွေ့ရပြီး လျူဟုန်ယွမ် စိတ်ထဲတွင် သက်တောင့်သက်သာ မရှိပေမဲ့ လျူယောင်ကို တော့ နွေးထွေးစွာ နှုတ် ဆက် ခဲ့သည်။

လျူယောင် အကြံပေးလိုက်သည်။

“ဦးလေးဟုန်ဟွမ် တခြားသူက ဆေးလိပ်နဲ့ အရက်ကို ဈေးတက်လိုက်တာပဲ ... သူတို့ ကတိမတည်ရင် မယူပါနဲ့....”

လျူဟုန်ယွမ်က အနည်းငယ် စိတ်ပူစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဟူး မယူရင်လဲ ဆေးလိပ်နဲ့ အရက် အများကြီးကို ဘယ်ကသွားရှာရမှာလဲ ပွဲက ၂ နာရီအတွင်း စတော့မယ်....”

“ကျွန်တော့်မှာ ဆေးလိပ် ဘူး ၁၀၀ နီးပါးနဲ့ ဝိုင်ပုလင်း အလုံး ၆၀ လောက် ရှိပါတယ် စားပွဲတစ်လုံးကို ဝိုင် ၂ ပုလင်းဆို လုံလောက် ပါတယ်...”

လျူယောင် ပြန်ပြောလိုက်သည်။

“မင်းမှာ အရက်နဲ့ ဆေးလိပ်တွေ ရှိတယ် ဟုတ်လား..”

လျူဟုန်ယွမ် ချက်ချင်းသ ဘောပေါက် သွားသည်။ လျူယောင်ရဲ့ ကား ၂ စီးနောက် ဖုံးတွင် ဆေးလိပ်နဲ့အရက်များ ပြည့်နေပြီး ဆေးလိပ်က ကျုံဟွားဆေးလိပ်ဖြစ်ကာ အရက်ကတော့ မောက်ထိုင်ပင်။

ဒီအဆင့်အတန်းက အလွန်မြင့်မားလှသည်။

သူက ခေါင်းကို အလျင်စလို ခါယမ်းကာ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး ငါ တို့ ဒီလောက် ဈေးကြီး တဲ့ဟာမျိုး မတတ်နိုင်ဘူး...”

လျူယောင် ပြုံးကာ ပြောလိုက်သည်။

“ဒါတွေက အစ်ကိုတစ်ယောက်အနေနဲ့ပါ... ညီအစ်ကိုဖြစ်တဲ့ အကိုဝမ် မင်္ဂလာ ဆောင် တာကို ထောက်ပံ့တာပါ... ဘာမှမဟုတ်ပါ ဘူး..”

လျူယောင်ရဲ့အတင်းအကြပ်ပြောဆိုမှု့ဖြင့် နောက်ဆုံးတွင် လျူဟုန်ယွမ်က သဘောတူ ခဲ့ပြီး စိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။

နေ့လယ်တွင် မင်္ဂလာပွဲစတင်ပြီးနောက် မင်္ဂလာစားပွဲလည်း စတင်ခဲ့သည်။

စားပွဲပေါင်း ၃၀ ရှိပြီး အလွန်စည်ကားလှ၏။

မင်္ဂလာပွဲသို့ တက်ရောက်လာသူများက စားပွဲများပေါ်တွင် ကျုံဟွားဆေးလိပ်နှင့် မောက်ထိုင်ဝိုင်များ ပါဝင်တာကို တွေ့ရှိ ခဲ့ကြ သည်။

လူအများအပြားက သူတို့မှားယွင်းမြင် နေတာလို့ ထင်ခဲ့ကြသည်။ ဒေါင်းမင်းရွာတွင် ဒီလို ကောင်းမွန်တဲ့ပစ္စည်းများကို မင်္ဂလာ ဆောင်အတွက် အသုံးပြုတဲ့သူ ဘယ်သူမှ မရှိခဲ့ဖူးပေ။

ဒီလို ကောင်းမွန်တဲ့အရာနှင့်အတူ မင်္ဂလာ ပွဲကို တက်ရောက်လာသူများ အားလုံးက စိတ်အားထက်သန်လာကြပြီး အထူးသဖြင့် မောက်ထိုင်ဝိုင် သောက်သုံးလိုသူများပင် ဖြစ်သည်။

All Chapters