ကျောင်းသားဟောင်းများနဲ့ တွေ့ဆုံခြင်း
Vol. 19 Ch. 280
လျူရှင်းကျွဲ ဆိုသူက ဒေါင်းမင်းရွာမှဖြစ်ပြီး အိမ်ကလည်း သိပ်မဝေးသလို လျူဟုန် ယွမ်နဲ့လည်း တစ်ရက်ကွက်တည်း ဖြစ် သည်။
လျူရှင်းကျွဲက ဒေါင်းမင်းရွာတွင် နာမည် ကြီးသည် ။ သူ နာမည်ကြီးရတဲ့ အကြောင်း အရင်းမှာ အရက်စွဲနေတာကြောင့် ဖြစ် သည်။ မနက်စာဖြစ်စေ၊ နေ့လယ်စာဖြစ်စေ၊ ညစာဖြစ်စေ အစားစားတိုင်း အရက် သောက်လေ့ရှိသည်။
သူက မိသားစုတွင် တတိယမြောက် အကြီး ဆုံးဖြစ်ပြီး အသက် ခြောက်ဆယ် ကျော်ရှိ နေပြီဖြစ်လို့ ရွာရှိ လူလတ်ပိုင်းများက သူ့ကို
“တတိယအဘိုး” လို့ ခေါ်ကြသည်။
အခြားသူများလိုပင် လျူရှင်းကျွဲလည်း မင်္ဂလာဆောင် စားပွဲဝိုင်းတွင် ထိုင်နေသည်။ စားပွဲပေါ်ရှိ အရက်ပုလင်းကို မြင်တဲ့အခါ သူ့ရဲ့ မျက်လုံးများက အရောင် တောက် လာ၏။
“ကြည့်ရတာ ဒီအရက်က အရမ်း ကောင်းမဲ့ ပုံပဲ…”
စားပွဲမှ လူငယ်တစ်ယောက်က ပြောလိုက် သည်။
“တတိယအဘိုး ဒါ မောက်ထိုင်ပါ စူပါ မား ကတ်မှာဆို တစ်ပုလင်းကို ယွမ် ၂၀၀၀ ကျော် ကျပါတယ်”
လျူရှင်းကျွဲ အံ့သြသွားသည်။
“ဒါ တကယ် မောက်ထိုင်လား...”
သူ မောက်ထိုင်ကို တစ်ခါမှ မသောက် ဖူး ပေမဲ့ မကြားဖူးတာတော့ မဟုတ်ပေ။
သူ စိတ်လှုပ်ရှားစွာနဲ့ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။
“ဒါက တကယ် မောက်ထိုင်လား မင်းတို့ လူငယ်တွေ ငါ့လို လူအိုကြီးကို လိမ်တာ မဟုတ်ပါဘူးနော်..”
“တတိယဦးလေး ဒါ မောက်ထိုင်ပါဗျာ သာမန်မောက်ထိုင်တောင် မဟုတ်ဘူး နှစ်ချို့အရက်ပါ ၁၀ နှစ်သား မောက်ထိုင် တစ်ပုလင်းကို ယွမ် ၂၀၀၀ ကျော် ရှိတယ်..”
“အိုး..တကယ် မောက်ထိုင်ပါလား...”
လျူရှင်းကျွဲ ပိုပို စိတ်လှုပ်ရှားလာသည်။သူ အရက်ကိုယူပြီး ထပ်ခါထပ်ခါ ကြည့်နေ သည်။ ထို့နောက် အရက်ပုလင်းကိုဖွင့်ပြီး ဖန်ခွက်ထဲ အရင်ဆုံး ဖြည့်လိုက်သည်။
ပြီးနောက် ဖန်ခွက် ကိုကိုင်ကာ လျူရှင်းကျွဲ အားရပါးရ ပြောလိုက်သည်။
“တစ်ယောက်ယောက် သောက်ဦးမလား အရသာခံကြည့်ကြ ဒီဟာက ကောင်းတဲ့ အရက်ပဲ..”
ဒါက တကယ်ကို ကောင်းတဲ့အရက်ပဲ ဖြစ်သည် ။အနည်းဆုံးတော့ သူ လျူရှင်းကျွဲ တစ်ခါမှ မသောက်ဖူးတဲ့ အရက် ဖြစ်သည် လေ။
ဒါက ကောင်းတဲ့ အရက်ဖြစ်တာကို လူတိုင်း သိကြသည်။ထို့ကြောင့် အရက် သောက် တတ်သူများက ဖန်ခွက်ကို အပြည့်ဖြည့် လိုက်ကြသည် ။အရက်မသောက် တတ် သူများပင် အရသာခံရန် အနည်းငယ်စီ လောင်းထည့်လိုက်သည်။
မင်္ဂလာပွဲမစတင်မီတွင် လျူရှင်းကျွဲက ဖန်ခွက်ထဲမှ အရက်ကို တစ်ငုံသောက်ကာ ဖြည်းဖြည်းချင်း အရသာခံ သောက်နေ သည်။
တဖြည်းဖြည်းနှင့် သူ့မျက်လုံးများ အရောင် တောက်လာပြီး ချီးကျူးလိုက်သည်။
“အား မောက်ထိုင်က တကယ်ကောင်းတာပဲ ကွာ ငါကိုယ်တိုင် လုပ်ထားတဲ့ ဆန်အရက် ထက် အဆပေါင်းများစွာ ပိုကောင်းတယ်...”
ဘေးနားမှ လူများစွာ ရယ်မော လိုက်ကြ သည်။ဒါက မောက်ထိုင်ဖြစ်သည်။ ကိုယ်တိုင်ချက်ထားသော ဆန်အရက်နှင့် ဘယ်လိုမှ နိူင်းယှဥ်လို့ မရပေ။
မင်္ဂလာပွဲစတင်ပြီးနောက် အငွေ့အသက်က ပိုမိုနွေးထွေးလာသည်။
ကျုံဟွားဆေးလိပ်နဲ့ မောက်ထိုင်အရက်က မင်္ဂလာပွဲရဲ့ အငွေ့အသက်ကို အမြင့်ဆုံး ပို့ဆောင်ပေးနေသည်။ ကံကောင်းတာ မောက်ထိုင်ပုလင်းများက လုံလောက် ခဲ့သည်။ စားပွဲတစ်ဝိုင်းကို နှစ်ပုလင်းနှင့် အဆင်ပြေ လေသည်။
ပွဲ့ရဲ့ အငွေ့အသက်ကို ခံစားရပြီး အမျိုးသမီး အချို့ပင် မောက်ထိုင် အရသာခံနေတာကို မြင်တဲ့အခါ လျူယောင် ပျော်ရွှင်စွာ ပြုံး လိုက်သည်။
လျူယောင်ကို ရှက်စေတာက လူအများအ ပြား သူ့ကို အရက်လာတိုက်ကြတာပဲ ဖြစ် သည်။ ယနေ့ပွဲရဲ့ အဓိကဇာတ်ဆောင်က မင်္ဂလာဆောင်တဲ့ သတို့သား၊ သတို့သမီး မဟုတ်ဘဲ သူ လျူယောင် ဖြစ်နေတယ်လို့ ထင်ရသည်။
နေ့လည်ပိုင်းတွင် နေ့လယ်စာက စုစုပေါင်း စားပွဲသုံးဆယ် ဖြစ်သည်။
ညပိုင်းတွင်လည်း ညစာစားပွဲရှိသည် ။စားပွဲ ဝိုင်း ခုနစ်ဝိုင်း ရှစ်ဝိုင်းခန့်သာ ရှိပြီး အဓိက အားဖြင့် ဆွေမျိုးများနှင့် သူငယ်ချင်းများ အတွက် ဖြစ်သည်။
လျူဟုန်ယွမ်တို့ ဇနီးသည်ရော သတို့သား နှင့် သတို့သမီးတို့က လျူယောင်ကို ကျေး ဇူးတင်စကား ထပ်ခါထပ်ခါ ပြောပြီး အရက် လာတိုက်ကြသည်။
နေ့လယ်စာစားပြီးနောက် လျူယောင် အိမ် ကို မပြန်ခင် လျူဟုန်ယွမ်ရဲ့ အိမ်တွင် ထပ်မံထိုင်နေသေးသည်။
......
နောက်တစ်နေ့ မနက်စောစောတွင်…
မိသားစုနဲ့အတူ လျူယောင် မနက်စာစား နေသည်။ မိဘနှစ်ပါးက ဟွာဟိုင်းမြို့ကို ပြန်လိုစိတ်မရှိတာကို မြင်တဲ့အခါ သူ အန ည်းငယ် အံ့သြသွားသည်။
“အဖေနဲ့အမေ ဟွာဟိုင်းမြို့ကို မပြန်ခင် ရွာမှာ ရက်အနည်းငယ်နေဖို့ စီစဉ်ထား တာလား..”
လျူဟုန်ဖူ ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် သည်။
“အင်း မင်းအမေနဲ့ငါက အတူတူ စဥ်းစား ထားတာ... ပြန်လာဖြစ်ဖို့က ရှားတယ် လေ...အိမ်ကလည်း ဒီလိုခမ်းခမ်းနားနား ဆောက်ထားတာဆိုတော့ ရွာမှာ ခဏနေပြီးမှ ပြန်ဖို့ စဥ်းစားထားတယ်”
“ဟုတ်ကဲ့ ဒါဆို ဟွာဟိုင်းမြို့ကို ပြန်ချင်ရင် ကြိုပြောပေးအုံး... ကျွန်တော် ကားတစ်စီး ပို့ပြီး လာခေါ်ပေးမယ်...”
သက်ကြီးရွယ်အိုနှစ်ဦး ဟွာဟိုင်းမြို့သို့ ပြန်တာတဲ့အခါ လက်မှတ်ဝယ်ရန်မလိုပေ။ ကုမ္ပဏီတွင် ကားရှိတာကြောင့် ကားတစ် စီးပို့ပေးရန် အဆင်ပြေပေသည်။
မနက်စာစားပြီးနောက် လျူယောင် ဟွာဟိုင်း မြို့ကို ဘယ်အချိန် ပြန်ရမလဲဆိုတာကို စဥ်းစားနေသည်။
"ငါ ဒီနေ ပြန်ရင်ကောင်းမလား ဒါမှမဟုတ် နောက် တစ်ရက်၊ နှစ်ရက်လောက် နေပြီး မှ ပြန်ရမလား"
ဘယ်အချိန် ပြန်ပြန် သူ့မှာ အချိန်များစွာ ရှိသည်။ ကုမ္ပဏီက စိုးရိမ်စရာမလိုချေ။ ရွာတွင် ရက်အနည်းငယ်ကြာအောင် နေလည်းပြဿနာမရှိပေ။
" တင်.."
ထိုအချိန် သူ့ရဲ့ WeChat မှ မက်ဆေ့ချ် တစ်စောင် ဝင်လာသည်။ လျူယောင် ဖုန်း ကိုယူကြည့်လိုက်တဲ့အခါ နှစ်ပေါင်းများ စွာ အဆက်အသွယ်မရှိတဲ့ အထက်တန်း ကျောင်းသားဟောင်းထံမှ ဖြစ်နေသည်။ သူတို့နှစ်ဦးက မကြာသေးမီကမှ WeChat ထည့်ထားခဲ့သည်။
“လျူယောင် ဒီနေ့ ဆရာကျန့်ရဲ့ ၆၀ နှစ်ပြည့် မွေးနေ့ပဲ မင်း ဟွာဟိုင်းမြို့မှာရှိပေမယ့် အခု ရွာ ပြန်ရောက်နေတာမို့လား...”
ဆရာကျန့် ဘယ်သူဆိုတာကို လျူယောင် သိသည်။ အထက်တန်းကျောင်း သုံးနှစ် လုံးတွင် သူ့ရဲ့ အတန်းပိုင်ဆရာ ဖြစ်သည်။
အချိန်ကုန်တာ အရမ်းမြန်လှသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဆရာကျန့်က အသက် ၆၀ ပြည့်သွားပြီ။ လျူယောင် အထက်တန်းကျောင်းမှ ဆရာကျန့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပြန်မြင်ယောင်မိသည်။
တက္ကသိုလ်ဝင်ပြီးနောက် လျူယောင်က ဆရာကျန့်ကို တစ်ခါမှ မတွေ့ဖူးသလို အထ က်တန်းကျောင်းမှ သူငယ်ချင်း ဟောင်းများ နဲ့လည်း သူ အဆက်အသွယ်မရှိတော့ပေ။
လုရွှီကျဲ အမည်ရှိတဲ့ ထိုအထက်တန်းကျေ ာင်းသားဟောင်းကလည်း သူ့ဖုန်းနံပါတ်ကို တစ်နေရာရာမှ ရပြီးနောက် WeChat ထဲ ထည့်လိုက်ခြင်း ဖြစ်လိမ့်မည်။
ဒီ လုရွှီကျဲက သူ့အကြောင်းကို မသိဘဲ ဟွာဟိုင်းမြို့တွင် အလုပ်လုပ်နေတာလို့သာ ထင်နေသည်။
"အင်း ဒီနေ့က ဆရာကျန့်ရဲ့ ၆၀ နှစ်ပြည့် မွေးနေ့ဆိုတော့ ..ငါ လည်း ရွာ ပြန်ရောက် နေတာနဲ့ အရက်တစ်ခွက်တော့ သွားသော က်ရမယ် ..."
လျူယောင် ခန စဥ်းစားပြီး စာပြန်ပို့ လိုက် သည်။
“ ဟုတ်တယ် ငါ ရွာကို ပြန်ရောက်နေတာပဲ ချက်ချင်းလာခဲ့ပါ့မယ်..”
တစ်ဖက်မှ လုရှင်းကျဲ ဆီက စာပြန် ဝင်လာ သည်။
“ငါတို့ အရင်ဆုံး ဆရာကျန့်အိမ်ကို သွားမယ် ဆရာ့ကို အိမ်မှာ သွား တွေ့ပြီးမှ နေ့လည်စာ စားဖို့ ဟိုတယ်ကို သွားကြမယ်..”
လျူယောင် စာ ပြန်ပို့လိုက်သည်။
“ကောင်းပြီ ဒါဆို ငါ ဆရာကျန့် အိမ်ကို တိုက်ရိုက်လာခဲ့မယ်...”
စာ အပြန်ပြန်အလှန်လှန် ပို့ပြီးနောက် လု ရွှီးကျဲက လျူယောင်ကို အထက်တန်း ကျောင်း၏ အတန်း Group ထဲ ထည့်လိုက် သည်။
အတန်းထဲတွင် ကျောင်းသား ၅၂ ယောက် ရှိကာ လျူယောင်က အယောက် ၅၀ မြောက်အဖြစ် Group ထဲ ဝင်ရောက် လာ ခြင်း ဖြစ်သည်။ အခြားကျောင်းသားနှစ်ဦး ကတော့ Group ထဲ ဝင်ရောက်လာခြင်း မရှိသေးပေ ။ဒါက သူတို့နှင့် အဆက်အ သွယ်မရသေးဘူးလို့ ခန့်မှန်းရသည်။
လျူယောင် Group ထဲဝင် ရောက်တာ နဲ့ချက်ချင်းဆိုသလို စည်ကားသွားသည်။
“ဝိူး လျူယောင် မင်း နောက်ဆုံးတော့ ပေါ် လာပြီ”
“ငါတို့ရဲ့ ယောင်ညီလေးက လျှို့ဝှက် ချက် တွေများလိုက်တာ မကြာသေးခင်ကမှ ဘယ်မှာ ချမ်းသာလာတာလဲ”
“လျူယောင်. မင်း ဟွာဟိုင်းမြို့မှာရှိတယ်လို့ ကြားတယ် ငါလည်း ဟွာဟိုင်း မြို့မှာပဲ. နောက်ဆို အဆက်အသွယ်လုပ်ရအောင်...”
အတန်း Group တစ်ခုလုံး စိတ်လှုပ်ရှားမှု့ များဖြင့် ပြည့်နှက်နေသည်။ နည်းလမ်းအ မျိုးမျိုးဖြင့် နှုတ်ဆက်ခဲ့ကြပြီး လျူယောင် အခုမှ Group ထဲ ဘာကြောင့်ဝင် လာရလဲ ဆိုတာကို အံ့သြနေကြသည်။
လူအချို့က ပြောလိုက်သည်။
“သူဋေးကြီးဆီက အကြီးဆုံး စာအိတ်နီကို မျှော်လင့်နေတယ်…”
လျူယောင် ပြုံးပြီး စာအိတ်နီတစ်စောင် ပို့ လိုက်သည်။ ဖိအားမရှိတာကို ဖော်ပြရန် ယွမ် ၂၀၀၀ တန် စာအိတ်နီ စုစုပေါင်း အ စောင် ၅၀ ပေးလိုက်ရာ လူတိုင်း ရရှိခဲ့ ကြ သည်။
ဆယ်စက္ကန့်အတွင်းမှာပင် စာအိတ်နီများ အား လုံး ကုန်သွားသည်။
မကြာမီ လူတစ်ယောက်က အံ့သြသွား သည်။
“ဝါး.ဒီလောက်ကြီးတဲ့ စာအိတ်နီလား...”
“ဘုရားရေ ငါ ၈၉.၆၀ ယွမ် ဆွဲမိတယ် ငါ့ ဘဝမှာ ဒါက အကြီးဆုံး စာအိတ်နီပဲ...”
“သူဋေးကြီးက တကယ့်ကို တန်ခိုးကြီးတယ် ဗျာ..”
အတန်း Group က ပိုမို စည်ကားလာသည်။ လျူယောင်ရဲ့ ရက်ရောတဲ့ သုံးစွဲမှု့ကို မြင် တော့ လူအချို့က သိချင်စိတ်ဖြင့် မေးမြန်း ကြသည်။
“လျူယောင် မင်း ပိုက်ဆံအ များကြီး ရ ထားပုံပဲ...မင်း ဟွာဟိုင်းမြို့မှာ ဘာအလုပ် လုပ်လဲ ပြောပြပါဦး..”
“ဟုတ်တယ်..ငါ့ကျောင်းသားဟောင်း မင်း ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်လဲဆိုတာ ငါ လည်းသိချင်တယ်...”
လူတိုင်း စုံစမ်းမေးမြန်းမှု့ကို မခံနိုင် တာ ကြောင့် လျူယောင် Group ထဲတွင် ပြန်ဖြေ လိုက်သည်။
“ ငါ ဟွာဟိုင်းမြို့မှာ ကုမ္ပဏီ တစ်ခုဖွင့်ထား တာပါ...သိပ်တော့မဆိုးပါဘူး”
“အော် ဒါကြောင့်ကိုး”
လူသုံးလေးငါးယောက်သာ ရှိတဲ့ ကုမ္ပဏီငယ် လေးတစ်ခုကိုသာ လျူယောင် ဖွင့်ထားတာလို့ လူအချို့က ထင်မြင် နေကြသည်။ အချို့ကမူ လျူယောင်က ကြီးမားတဲ့ စာအိတ်နီ ပေးပို့ခြင်း မှာ ကြွားဝါခြင်းသာ ဖြစ်တယ်လို့ ထင်နေကြ သည်။
လျူယောင် ပြန်ဖြေပြီးနောက်တွင်တော့ လူတိုင်းရဲ့ အတွေးများကို သူ ဂရုမစိုက် တော့ပေ။
ဖုန်းကို အိတ်ထဲထည့်ပြီး ဆရာကျန့်အိမ်ကို သွားရန် ပြင်ဆင်လိုက်သည်။
သူဋေး ထွက်ခွာတော့မှာကို မြင်တဲ့အခါ ကျိန့်ကန်းနဲ့ဟီချန်းတို့နှစ်ဦးသား ကားထု တ်ရန် သူဋေးနားကို ရောက်လာကြသည်။
လျူယောင် လက်ဝှေ့ယမ်းလိုက်ပြီး ပြော လိုက်သည်။
“မလိုဘူး ငါ့အထက်တန်းကျောင်းတုန်းက အတန်းပိုင်ဆရာရဲ့ ၆၀ နှစ်ပြည့် မွေးနေ့ပွဲ သွားမလို့ ...ငါ ကိုယ်တိုင် မောင်းပြီး သွားလိုက်မယ်..”