သစ်ပင်က ညိမ်သက်ချင်ပေမဲ့ လေကတော့ မတိုက်ပဲ မနေပေ
Vol. 19 Ch. 281
ဒေါင်းမင်းရွာကနေ ကောင်တီမြို့ လမ်းကို ကျွမ်းကျင်တာကြောင့် လျူယောင် သူ့ဘာသာ ကားမောင်း လာခဲ့ သည်။
လုရွှီကျဲက တည်နေရာကို ပို့ပေးပေမဲ့ လျူ ယောင် လမ်းညွှန်စနစ် မသုံးဘဲနှင့်ပင် သိသည်။
နေရာက ကျောင်းရှေ့ရှိ အိမ်ယာတစ်ခုတွင် ဖြစ် ပြီး ဆရာကျန့်က ထိုနေရာတွင် အိမ်အသစ်ဝယ် ထား သည်။
လျူယောင် မိနစ် ၂၀ မှ ၃၀ အတွင်းတွင် ကျောင်းတံခါးဝကို ရောက်ရှိလာသည်။ သူ သုံးနှစ်တက်ခဲ့သည့် အထက်တန်းကျောင်းကို မြင်ရပြီး ကျောင်းရှေ့က အိမ်ရာကိုလည်း မြင်လိုက်ရသည်။
သူ ကားကို ဘယ်ဘက် ကွေ့ပြီး အိမ်ယာထဲ မောင်း ဝင်လာခဲ့သည်။ ဆရာကျန့်အိမ်ရဲ့ အောက်ထပ်တွင် ကားရပ်ရန် နေရာရှာ ပြီး နောက် အပေါ် ကို လျူယောင် မော့ကြည့် လိုက်သည်။
“၁၂၀၁ ဆိုတော့ ၁၂ လွှာဖြစ်ရမယ်...”
ဆရာကျန့်အိမ်ကို ပထမဆုံးအကြိမ် လာတာ ကြောင့် လက်ဗလာဖြင့် မသွားသင့်ပေ ။သူ တစ်ခုခုတော့ ယူသွားရပေမည်။
လျူယောင် ကားနောက်ဖုံးထဲမှ မောက်ထိုင် နှစ်ပုလင်းနှင့် ကျုံဟွားနှစ်ဘူးကို ယူကာ အိတ် ထဲ ထည့်လိုက်သည်။ ပြီးနောက် အိတ်ကိုကိုင် ပြီး အဆောက်အအုံထဲ လျူယောင် ဝင်လာ ခဲ့သည်။
လျူယောင် ဓာတ်လှေကားဖြင့် ၁၂ လွှာကို တက်လာပြီး ဓာတ်လှေကားထဲမှ ထွက်တာနဲ့ ရယ်မောသံများကို သူ ကြားရပြီးအလွန် စည် ကားနေသည်။ အခန်းနံပါတ် ၁၂၀၁ ရဲ့ တံခါးက ပွင့်နေကာ အသံများက ထိုအခန်းမှ လာတာပဲ ဖြစ်သည်။
ကျောင်းသားများစွာ ရောက်နေတာကြောင့် ငါ နောက်ကျသွားပြီလား လို့ လျူယောင် စိတ်ထဲမှ တွေးလိုက်သည်။ သူ အိတ်ကိုကိုင်ပြီး ဝင်လာခဲ့သည်။
သူဝင်လိုက်တာနှင့် လူတိုင်းက လျူယောင်ကို မြင်လိုက်ကြသည်။
ကျောင်းသားတစ်ယောက်က ဝမ်းသာအားရ နူတ်ဆက်လိုက်သည်။
“ဝိူး မတွေ့ရတာ နှစ်အနည်းငယ်ကြာပြီ လျူ ယောင် တော်တော်ပြောင်းလဲသွားတာပဲ... အထက် တန်းကျောင်းတုန်းကထက် မင်း အများကြီး ပိုချောလာတယ်..”
“သူက ပိုချောလာတာတင်မကဘဲ တည် ကြည် တဲ့ အမူအရာလည်း ထပ်တိုးလာတယ်...”
လျူယောင် လူတိုင်းကို ပြန်ပြုံးပြပြီး နှုတ် ဆက်တဲ့အနေနဲ့ လက်ဝှေ့ယမ်းလိုက်သည်။ ဧည့်ခန်းထဲက ဆရာကျန့်ကို မြင်တဲ့အခါ သူ လျှောက်လာပြီး ပြောလိုက်သည်။
“ဆရာ မွေးနေ့မှစ၍ ပျော်ရွှင်ပါစေ”
ဆရာကျန့်က အိတ်ကိုယူပြီး ဝမ်းသာအားရ ပြော လိုက်သည်။
“လျူယောင် ဘာတွေဝယ်လာတာလဲ နောက် တစ်ခါ ဆရာ့အိမ်လာရင် ဒီလိုမလုပ်နဲ့တော့”
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ဆရာက အရက်နှစ်ခွက်လောက် သောက်ရတာ ကြိုက်တယ်လေ ဆေးလိပ်လည်း သောက် တတ်တာမို့လို့ ဝိုင်နှစ်ပုလင်းနဲ့ ဆေးလိပ်နှစ်ဘူး ပဲဟာကို...”
ဆရာကျန့်က အိတ်အတွင်းမှ ပစ္စည်းများကို မြင်တဲ့အခါ အံ့အားသင့်သွားပြီး ငြင်းလိုက် သည်။
“အာ ဒီပစ္စည်းတွေက အရမ်းဈေးကြီးတယ် မင်း ပြန်ယူသွားလိုက်...”
“ဆရာ.. ကျွန်တော် အကုန်ယူလာပြီးပြီမို့လို့.. လက်ခံပေးပါ..ကျွန်တော့်ကို ပြန်ယူ မသွားခိုင်း ပါနဲ့...”
ဆရာကျန့်က အရက်နှင့်ဆေးလိပ်ကို ကြိုက်ပုံ ရသည်။ သူ ပြုံးပြီး ပစ္စည်းများကို အခန်းထဲကို ယူသွားသည်။
“လျူယောင် မင်း ဟွာဟိုင်းမြို့မှာ ကုမ္ပဏီ သေးသေးလေးတစ်ခု ဖွင့်ထားတယ်လို့ ကြား တယ်ကိုယ်ပိုင်စီးပွားရေး စလုပ်နေပြီပေါ့...”
ပြောလိုက်သူက မန်ဟဲရှင်းဖြစ်သည်။ သူက အထက်တန်းကျောင်းတုန်းက အမှတ် ကောင် းပြီး ဟွာဟိုင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။
လျူယောင် အနည်းငယ်ပြုံးပြီး ဖြေလိုက် သည်။
“ဟုတ်တယ် ...ငါ ဟွားဟိုင်မြို့မှာ ဖွင့်ထား တာ ပါ..အခုမှ စတင်တဲ့ ကာလလို့ ပြောရမှာပဲ...”
“ငါလည်း ဟွာဟိုင်းမြို့မှာ ကုမ္ပဏီဖွင့်ထားတာ.. ဒါ ငါ့ရဲ့ အဆက်အသွယ်အချက်အလက်တွေ” မန်ဟဲရှင်းက ဝမ်းသာအားရ စိတ်အပြည့်ဖြင့် ပြောပြီးနောက် သူက လျူယောင်ကို ကြေးညို ရောင် ရေးထွင်းထားတဲ့ အလွန်လှပပြီး စတိုင် ကျတဲ့ နာမည်ကဒ်ပြားတစ်ခု ပေးလိုက်သည်။
လျူယောင် နာမည်ကဒ်ပြားကို ယူပြီး သူ့အိတ် ကပ်ကို စမ်းကြည့်သည်။ သူက နာမည်ကဒ်ပြား သိပ်မဆောင်တတ်သဖြင့် တောင်းပန်တဲ့ အပြုံး ကိုသာ ပြုံးလိုက်သည်။
ဘေးနားမှာရှိတဲ့ ကျောင်းသားတစ်ယောက်က ဝင် ပြောလိုက်သည်။
“လျူယောင်... အစ်ကိုမန်ရဲ့ စီးပွားရေးက အခု အရမ်းကြီးတာနော်.. ဟွာဟိုင်းမြို့မှာ နိုင်ငံတက ာကုန်သွယ်မှု့ လုပ်နေတာ တစ်နှစ်ကို ကုန်သွယ် မှု့ပမာဏ ယွမ်သန်းပေါင်းများစွာရှိတယ်”
ပတ်ဝန်းကျင်တွင် မနာလိုတဲ့ မျက်လုံးများ ပေါ် လာသည်။
မန်ဟဲရှင်းက ကျေနပ်စွာ ပြုံးပြီး ရှင်းပြ လိုက် သည်။
“နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းမှာ ကုန် သွယ်မှု့ပမာဏ သန်းပေါင်းများစွာက ဘာမှ မဟုတ်ပါဘူး”
“အစ်ကိုမန် သန်းပေါင်းများစွာဆိုတာ အရမ်း များတာပေါ့..အမြတ်တင် အနည်းဆုံး သန်း အနည်း ငယ်တော့ ရှိရမယ်.. မင်းက တကယ်ကို အောင်မြင်တဲ့သူပဲ.. ငါတို့ဆို တစ်လကို ယွမ်အ နည်းငယ်ပဲရတဲ့ အချိန် ပိုင်းအလုပ်တွေပဲ လုပ် နေရတုန်းပဲ..”
“ဟုတ်တယ်... အစ်ကိုမန်က ငါတို့အတန်းထဲမှာ အအောင်မြင်ဆုံးပဲ.. မင်းကို တကယ်မနာလို ဖြစ်မိတယ်...”
အတန်းဖော်များရဲ့ ချီးမွမ်းမှု့ကို ရင်ဆိုင်ရ တဲ့ အခါ မန်ဟဲရှင်း အနည်းငယ်ပြုံးလိုက်သည်။
“ငါတစ်ယောက်တည်း အောင်မြင် တာမဟုတ် ပါဘူး ယီမင်လည်း သူ့ ကိုယ်ပိုင် စက်ရုံဖွင့် ထား တယ်”
ယီမင် ခေါင်းခါကာ အမြန်ပြောလိုက်သည်။
“ကျွန်တော်က အစ်ကိုမန်နဲ့ မယှဥ်နိုင်ပါဘူး. ..ကျွန်တော်က ဝမ်းစာရှာနေရုံပါပဲဗျာ..”
အခန်းတစ်ခုလုံးမှ ကျောင်းသားများက မန်ဟဲ ရှင်းကို ဗဟိုပြုပြီး ချီးကျူးစကားများနှင့် ပကာသနစကားများ ပြောနေကြသည်။
မန်ဟဲရှင်းကတော့ ဒီလိုချီးကျူးမှု့မျိုးကို အသားကျနေပုံရပြီး လူတိုင်းက သူ့ကို အဓိကထားတာကို လိုချင်နေပုံရသည်။
ခဏအကြာတွင် ဆရာကျန့် အခန်းထဲမှ ထွက် လာခဲ့သည်။ လူတိုင်းက မန်ဟဲရှင်းကို ချီးကျူး နေတာကို ကြားတဲ့အခါ သူ ပြုံးကာ ခေါင်းခါ လိုက်သည်။
ကျောင်းသားများက လူ့အဖွဲ့အစည်းကို ဝင် ရောက်ပြီးနောက် တဖြည်းဖြည်း ပြောင်းလဲ သွားပုံရ သည်။ အထက်တန်းကျောင်းတုန်းက စိတ်သဘောထား ဖြူစင်မှု့ကို ဆုံးရှုံးပြီး လူမှု့ ရေးနှင့် လောက ဝတ်များ ပိုမို ရလာကြပုံရ သည်။
လျူယောင် တစ်ယောက်တည်း ဘေးတွင် ထိုင်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေသည်။ လူတိုင်းရဲ့ စကားများက သူ့ကို အနည်း ငယ်မျှပင် ထိခိုက်ပုံမရပေ။
တဖြည်းဖြည်းနဲ့ လူတိုင်းက Universal အ ကြောင်း ပြောလာကြသည်။
“အားလုံးသိကြလား ငါတို့ ကောင်တီမှာ နာမည် ကြီးပုဂ္ဂိုလ်တစ်ယောက်ရှိတယ် Universal ဆို တာကို ကြားဖူးလား”
ကျောင်းသားတစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကြားဖူးတာပေါ့ကွ ယွမ်သန်းပေါင်းများ စွာတန်တဲ့ ကုမ္ပဏီကြီး တစ်ခုပဲ လွန်ခဲ့တဲ့ တစ်ကြိမ်တုန်းက ကောင်တီတစ်ခုလုံးက သင်္ဘောသားတွေ ခေါ်ခဲ့တယ် ...ကံမကောင်း တာက ငါက အပြင်မှာ အလုပ်လုပ် နေတာမို့ လို့ကွာ.. ဒီတစ်ကြိမ်မှာလည်း နောက်ထပ် သင်္ဘောသားတွေ ထပ်ခေါ်မယ်လို့ ကြား တယ်...”
“ငါလည်း Universal ရဲ့ သင်္ဘောသားအဖြစ် အလုပ်လုပ်ချင်တယ်.. ကံကြမ္မာ ပါမပါတော့ မသိသေးဘူးကွာ "
ကျောင်းသားအချို့က သင်္ဘောသား ဖြစ်ချင် စိတ်ကို ထုတ်ဖော်ခဲ့ကြသည်။ဒီအလုပ်က အ ချိန်ပိုင်းအလုပ်များထက် အများကြီး ပိုကောင်း တာကို သူတို့အားလုံး သိကြသည်လေ။
အတန်းထဲတွင် ကျောင်းသား ၅၂ ယောက်ရှိပြီး အများစုက အချိန်ပိုင်းအလုပ်များသာ လုပ် ကြသည်။ မန်ဟဲရှင်းလို လူမျိုး တစ်ယောက်မှ မရှိသလောက်ပင်။
သင်္ဘောသားဖြစ်ချင်စိတ်ကို ဖော်ပြပြီးနောက် သူတို့က ဒီအကြောင်းအရာကို ဆက်လက် ဆွေး နွေးကြသည်။
ကျောင်းသား တစ်ယောက်က ပြောလိုက်သည်။ “Universal ရဲ့ သူဋေးက ငါတို့ ကောင်တီကပဲ... သူက အရမ်းငယ်သေးတယ်လို့ ငါ ကြားတယ်”
“အကိုမန် မင်းက ..ဟွာဟိုင်းမြို့မှာ ကုမ္ပဏီ ထူထောင်ထားတာဆိုတော့ Universal လည်း ဟွာဟိုင်းမြို့မှာပဲရှိတာ ...အဲ့ ကုမ္ပဏီရဲ့ သူဋေး ကို မသိဘူးလား..."
မန်ဟဲရှင်းကို လူတိုင်း ကြည့်နေကြသည်။ လူတိုင်းက အဲ့ဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ သူဋေး ကို အလွန်စိတ်ဝင်စားနေ ပုံရသည်။
မန်ဟဲရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ Universal ရဲ့သူဋေးကို သိတာပေါ့.. သူနဲ့ အကြိမ်အနည်းငယ် စကားပြောဖူးတယ်”
“အာ..”
“အစ်ကိုမန် မင်းက အရမ်းမိုက်တာပဲ..”
ကျောင်းသားတစ်ယောက် က အားကျစွာနဲ့ မေး လိုက်သည်။
“အစ်ကိုမန် Universal ရဲ့သူဋေးက အသက် ငယ်သေးတယ်ဆို ဟုတ်လား”
မန်ဟဲရှင်းက ဂုဏ်ယူနေပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်..Universal ရဲ့သူဋေးက အသက် သုံးဆယ်ကျော်ပဲရှိသေးတယ် သူ့နာမည်က လျူယောင်တဲ့..”
“သူ့နာမည်က လျူယောင် ဟုတ်လား..”
ကျောင်းသားများက ထောင့်တွင် လက်ဖက် ရည်သောက်နေတဲ့ လျူယောင်ကို ကြည့် လိုက် ကြပြီး တစ်ယောက်က အော်ပြောလိုက်သည်။
“လျူယောင် Universal ရဲ့သူဋေးက မင်းနဲ့ နာ မည်တူနေတာပဲ”
" ဟား ဟား ဟား.."
လူအများအပြားက ရယ်မောခဲ့ကြသည်။
ဆိုလိုရင်းက ရှင်းပါသည်။ နာမည်တူပေမဲ့ ကံ ကြမ္မာက မတူကြပေ၊တစ်ယောက်က ယွမ်သ န်းပေါင်းများစွာရှိတဲ့ သူဋေး ကြီး ဖြစ် သည်။ သူတို့ ရှေ့က လျူယောင် ကတော့ ကုမ္ပဏီဖွ င့်ထားတာလို့ ပြောပေမဲ့ လူသုံးလေး ငါးယောက် သာ ရှိတဲ့ ကုမ္ပဏီ ငယ်လေးဖြစ်နိုင်သည်။
လူတိုင်း ရယ်မောသံကို ကြားရပြီး လူများစွာက သူ့ကို ကြည့်နေတာကို မြင်တဲအခါ လျူယောင် ဒေါသမထွက်ပေ ။သူက တည်ငြိမ်နေပြီး အနည်းငယ်ပြုံးကာ ဖန်ခွက်မှ လက်ဖက်ရည် ကို တစ်ငုံသောက်လိုက်သည်။
"သစ်ပင်က ညိမ်သက်ချင်ပေမဲ့ လေကတော့ မ တိုက်ဘဲ မနေပေ "
လျူယောင် မူလက တိတ်တိတ်လေး နေချင် ပေမဲ့ မန်ဟဲရှင်းက သူ့ကို လွှတ်ပေးမဲ့ ပုံမပေါ် ပေ။
“လျူယောင် မင်းနာမည်လည်း လျူယောင်ပဲ မင်းက ဟွာဟိုင်းမြို့မှာ ဘာကုမ္ပဏီ ဖွင့်ထားတာလဲ ...ဘာလုပ်ငန်းလုပ်တာလဲ...”
မန်ဟဲရှင်းက အထင်သေးစွာ မေးလိုက်သည်။
လူတိုင်း လျူယောင်ကို ကြည့်ကြသည်။
မန်ဟန်ရှင်း၏ ဆိုလိုရင်းကို လျူယောင် သိ သည်။ သူက လူများစွာရှေ့တွင် သာလွန်မှု့ကို ပြချင်ရုံသာဖြစ်သည်။ ဒီ လျူယောင်ရဲ့ ကုမ္ပဏီ က ဝန်ထမ်း သုံးလေးငါးယောက်သာရှိတဲ့ ကုမ္ပဏီငယ်လေးဖြစ်တယ်လို့သာ မန်ဟဲရှင်း ယုံကြည်ထားသည်။
လျူယောင် ဖန်ခွက်ကိုချပြီး ပြုံးကာ ဖြေလိုက် သည်။
“ငါက ဟွာဟိုင်းမြို့မှာ ရေကြောင်း ပို့ဆောင် ရေးလုပ်တယ်...ကုမ္ပဏီနာမည်က Universal ပဲ.."
မန်ဟဲရှင်း အားရပါးရ ရယ်လိုက်သည်။
“ လျူယောင် မင်းရဲ့ကုမ္ပဏီနာမည်ကလည်း Universal လား ကုမ္ပဏီနာမည်ကလည်း တူနေတာပဲ ဟားဟားဟား ”
လူအများအပြားက လျူယောင်ကို အံ့သြစွာကြည့်ပြီး ကုမ္ပဏီနာမည်ဘာကြောင့် တူနေလဲတိုတာ အံ့သြနေကြသည်။
လူအနည်းငယ်သာလျှင် တစ်ခုခုကို သဘော ပေါက်သွားပုံရသည်။
“ဘုရားရေ မဖြစ်နိုင်ဘူး ငါတို့အတန်းထဲက လျူယောင်ဟာ ယွမ်သန်းပေါင်းများစွာရှိတဲ့ လျူယောင် လား"
" ဒါ မဖြစ်နိုင်ဘူး”
သူတို့ စိတ်ထဲကနေ ထိတ်လန့်ကာ ရေရွတ် လိုက် ကြသည်။