ပါရှန်း ပင်လယ်ကွေ့
Vol. 19 Ch. 282
လူတိုင်းက သူ့ကို အံ့အားတကြီး ကြည့်နေတာ ကို မြင်တဲ့အခါ လျူယောင် ပြုံးကာ ပြန် ဖြေလိုက်သည်။
“ဟုတ်တယ်.. ငါပဲ မင်းတို့ပြောနေတဲ့ Universal က လျူယောင်...”
“ဘာ ”
“မင်းက တကယ်ပဲ အဲဒီ့လျူယောင်လား..."
လူတိုင်း ပိုလို့ပင် အံ့အားသင့်သွားသည်။ အချို့ က ပါးစပ်ကို ဟစိဟစိဖြင့် ကြောင်နေကြသည်။
မန်ဟဲရှင်းလည်း ကြောင်နေသည်။ ပြီးနောက် သူ့မျက်နှာက ပူနွေးလာသည်။ သူက Universal ရဲ့ သူဋေးကို အကြိမ်များစွာ တွေ့ဖူးပြီး အသက် သုံးဆယ်ကျော်ဖြစ်တယ်လို့ပင် ပြောလိုက် မိ သည်။
လျူယောင်ကတော့ တက္ကသိုလ်မှ ဘွဲ့ရပြီး နှစ် နှစ်သာရှိသေးသည်။ ဒီနှစ်တွင် သူက ၂၄ နှစ် ကျော် သာရှိသေးပြီး ၂၅ နှစ်ပင် မပြည့် သေး ပေ။
လူတိုင်းက ဒီလို အံ့သြစရာကောင်းတဲ့ အခြေ အနေတွင် နစ်မြုပ်နေသည်။
“ဘုရားရေ ငါ့အတန်းဖော်က Universal ရဲ့ ပိုင် ရှင်ဖြစ်နေတာလား မယုံနိုင်စရာပဲ”
လုရွှီကျဲက တိတ်ဆိတ်မှု့ကို ဦးဆုံးချိုး ဖျက် လိုက်ပြီး ပြောလိုက်သည်။
“လျူယောင် မင်းက တကယ်မိုက်တာပဲ ယွမ် သန်းပေါင်းများစွာရှိတဲ့ သူဋေး ကြီးတစ် ယောက်ပါလား”
“လျူယောင်.စာအိတ်နီတွေ ပို့ပေးပါဦး ငါတို့ စာအိတ်နီ ဆွဲချင်တယ်...”
“ဟုတ်တယ်.အဲဒီအကြီးစား စာအိတ်ကို ထပ်ပို့ ပေးပါဦး...”
အတန်းဖော်များက တစ် ယောက်ပြီး တစ် ယောက် တောင်းဆိုနေကြသည်။
“ပြဿနာမရှိပါဘူး အားလုံး အသင့်ပြင်ထား ငါ စာအိတ်နီပို့တော့မယ်”
လျူယောင် ပြန်ဖြေလိုက်သည်။
အသက်နှစ်ဆယ်ကျော်အရွယ် လူများအားလုံး ဖုန်းများကို ထုတ်ကြသည်။ တစ်ယောက်က Group ထဲတွင် အော်လိုက်သည်။
“အားလုံး အသင့်ပြင်ထား မစ္စတာလျူက အ ကြီးစားစာအိတ်နီပို့တော့မယ်...”
လျူယောင် သူ့ဖုန်းကို ထုတ်ပြီး ယွမ် ၂၀၀၀ တန် စာအိတ်နီ အစောင် ၃၀ ပို့လိုက်သည်။
၅ စက္ကန့်အတွင်းမှာပင် စာအိတ်နီ အစောင် ၃၀ လုံး အကုန် ဆွဲယူသွားကြသည်။
“ဟေး ငါလည်း ၁၀၀ ကျော်ရတယ်..”
ဆရာကျန့်ရဲ့ အခန်းထဲတွင် လူတိုင်းက စာအိ တ်နီများရပြီး ပျော်ရွှင်နေကြသည်။ မန်ဟဲရှ င်းတစ်ယောက်သာ ရှက်ရွံ့သော မျက်နှာဖြင့် ရှိနေသည်။
အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားသည်၊ လူတိုင်းက သူ့ကို အဓိကထားတော့ခြင်းမရှိဘဲ အခု လျူယောင်သာလျှင် အဓိက ပုဂ္ဂိုလ် ဖြစ် နေသည်။
ဒီလိုစာအအိတ်နီ အကြီးစား ပေးလိုက်တဲ့အခါ Group က ပြောင်းလဲသွားသည်။ အတန်း ထဲ တွင် ၅၂ ယောက်ရှိပြီး ဆယ်ဂဏန်း လောက် သာ လာနိုင်ခဲ့သည်။ အများစုမှာ အကြောင်း အမျိုးမျိုးကြောင့် ဆရာကျန့်ရဲ့ ၆၀ နှစ်ပြည့် မွေးနေ့ပွဲကို မလာနိုင်ကြပေ။
“ဘယ်လိုအခြေအနေလဲ”
" ငါ ယွမ်သန်းတစ်ရာလောက် လွဲသွားသလို ခံစားရတယ်”
“ ဟာကွာ ဒီလောက်ကြီးတဲ့ စာအိတ်နီကို ငါ မရ လိုက်ဘူး”
“မစ္စတာလျူ နောက်တစ်ခုထပ်ပို့ပေးပါအုံး နောက် တစ်ခုထပ်ပို့ပေးပါ”
Group ထဲတွင် နောက်တစ်ခုထပ်ပို့ရန် အသံ များ ဆူညံလာသည်။ လျူယောင်က နှမြော တွန့်တိုသူ မဟုတ်ပေ။ သူက လူတိုင်းရဲ့ တောင်းဆိုမှု့ကို တုံ့ပြန်ပြီး ပြောလိုက်သည်။
“အားလုံး အာရုံစိုက်ပါ... ကျွန်တော် စာအိတ် နီထပ်ပို့တော့မယ်...”
လျူယောင် အဲ့လိုပြောလိုက်တဲ့အခါ Group တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။
လျူယောင်ဘေးနားက ကျောင်းသား ၂၀ ခန့်မှာ ဖုန်းများကို ထုတ်ပြီး တစ်ခုချင်းစီကို စောင့် ဆိုင်းနေကြသည်။လွတ်သွားမှာကို ကြောက် တာကြောင့်ပင်။
လျူယောင်က ယွမ် ၂၀၀၀ တန် စာအိတ်နီကိုပင် အစောင် ၃၀ ထပ်ပို့လိုက်သည်။ ဆွဲ မမိသူများ က လျူယောင်ကို အပြစ်တင်လို့ မရပေ။
၃ စက္ကန့်အတွင်းမှာပင် စာအိတ်နီ အစောင် ၃၀ လုံး ကုန်သွားသည်။
Group က တစ်ဖန် ပြန်လည်ဆူညံသွားသည်။
ဆရာကျန့်က အချိန်ကိုကြည့်ပြီး ပြုံးကာ ပြော လိုက်သည်။
“အားလုံးပဲ လျူယောင်ကို စာအိတ်နီ ထပ်ပို့ ခိုင်းမနေနဲ့တော့ ငါတို့ ဟိုတယ်ကို သွားရအောင် ...”
“ ဟုတ်ကဲ့.. ဟိုတယ်သွားကြမယ်...”
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး အောက်ထပ်ကို ဆင်းရန် ပြင်လိုက်ကြသည်။ အခု သူတို့ ဟိုတယ် သွားပြီး စားဖို့ ပြင်ဆင်နေ ကြသည်။
အောက်ထပ်ကိုရောက်တဲ့အခါ ကျောင်းသား အချို့ ကားမောင်းလာကြသည်။
ဥပမာအားဖြင့် မန်ဟဲရှင်းက ယွမ် ၃ သိန်းတန် လမ်းကြမ်းကားကို မောင်းလာပြီး ယီမင်က တော့ ပြည်တွင်းထုတ်ကားကို မောင်းလာသည်။
လျူယောင် သာမပါရင် မန်ဟဲရှင်းက ဒီနေရာရဲ့ အဓိကအာရုံစိုက်ခံရတဲ့လူ ဖြစ်နေမည်မှာ သေ ချာသည် ။ ယွမ် ၃ သိန်းကျော်တန် လမ်းကြမ်း ကားက သူတို့ကားများထဲမှ အကောင်းဆုံး ဖြစ်တာ သေချာပေသည်။ဒါပေမဲ့ ဒီအချိန်တွင် Rolls-Royce ကားတစ်စီးကသာ လူတိုင်းရဲ့ အကြည့်များကို ဆွဲဆောင်ထားခဲ့သည်။
“ဝါး ဘယ်က Rolls-Royce လဲ..”
“လျူယောင် ဒါက မင်းကားလား”
လျူယောင် ခေါင်းညိတ်ပြီး ကားတံခါးကို ဖွင့် လိုက်၍ ဖိတ်ခေါ်လိုက်သည်။
“ဆရာနဲ့ ဆရာကတော် ကျွန်တော့်ကားနဲ့ လိုက် ခဲ့ပါလား ခဗျ ”
ဆရာကျန့်နှင့် ဇနီးသည်တို့က ပျော်ရွှင်စွာ ကား ပေါ် တက်လိုက်ကြသည်။ အခြားကျောင်းသား များက ခဏတာ မနာလိုဖြစ်နေကြသည်။
ရဲရင့်တဲ့ အမျိုးသမီးကျောင်းသူ တစ်ယောက်က ဝင်ပြောလိုက်သည်။
“လျူယောင် ငါလည်း နင့်ကားနဲ့ လိုက်မယ် ရမ လား”
သူမလည်း Rolls-Royce ကို တစ်ခါမှ မစီးဖူး တာကြောင့် အရသာခံချင်တာ သေချာသည်။ ထိုကျောင်းသူရဲ့ တောင်းဆိုမူ့အတွက် လျူ ယောင် သဘောတူလိုက်သည်။
“ကားပေါ်တက်လိုက် နေရာကျန်ပါ သေးတယ် နောက် ဘယ်သူတက်ဦးမလဲ”
သူ စကားမဆုံးမီ နောက်ထပ် အမျိုးသမီး ကျောင်းသူတစ်ယောက်က ပျော်ရွှင်စွာ ကားပေါ် တက်လိုက်သည်။ အခြားသူများက မနာလို ဖြစ် နေပြီး အနည်းငယ်နှေးကွေးသွားကြသည်။
ယီမင်က ဒီ Rolls Royce ကို တစ်ခါမှ မမြင်ဖူး သလို ကြောင်နေသည်။
လူတိုင်း ဟိုတယ်ကို သွားလိုက်ကြသည်။
ဟိုတယ်တွင် လျူယောင်က အမြဲတမ်း အဓိက ပုဂ္ဂိုလ်ဖြစ်နေသည်။ ကျောင်းသားများစွာက သူ့နှင့်ရင်းနှီးလာကြသည်။ အချို့က " မစ္စ တာလျူ သင်္ဘောသားအဖြစ် အလုပ်လုပ် နိုင်မလား" ဟုပင် မေးကြသည်။
နေ့လယ်စာစားပြီးနောက် လျူယောင် ချက် ချင်းအိမ်ကို မပြန်ဘဲ သူ့ရဲ့အနာဂတ် ယော က္ခမနှင့် ယောက္ခထီး အိမ်ကိုသွားပြီး ထိုနေရာတွင် ညစာစားပြီးမှ ပြန်လာခဲ့သည်။
.......
ဟွားဟိုင်မြို့ကို လျူယောင် ပြန်ရောက် လာ ခဲ့သည်။သူ့ အဖေနဲ့ အမေတို့က ရွာတွင် ခဏ နေဦးမည်ဟု ပြောတာကြောင့် လျူယောင် က ပျော်သလောက် နေပါလို့ မှာခဲ့လိုက်သည်။
အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး သွား သည်။
Universal က ချီဒုံ သင်္ဘောကျင်းမှ နောက်ထပ် သင်္ဘောကြီးတစ်စင်းကို ရရှိလိုက်သည်။ အဲဒါ က တန်ချိန် ၂ သိန်းကျော်ရှိတဲ့ ရေနံတင်သင်္ဘော ကြီးတစ်စင်းပဲ ဖြစ်သည်။
Universal ရဲ့ ရေနံစိမ်းသယ်ယူပို့ဆောင်ရေး က ပိုတိုးလာပြီး စီးပွားရေးအခြေအနေကလည်း ပိုမိုတိုးတက်လာခဲ့သည်။
........
အရှေ့အလယ်ပိုင်း ပါရှန်းပင်လယ် ကွေ့အနီး တွင်..
ရေနံတင်သင်္ဘောတစ်စင်းက ပါရှန်းပင်လယ် ကွေ့ ဘက်ကို ရွက်လွှင့်နေသည်။ ဒါက ပရိုတွန် အဖွဲ့ရဲ့ တန်ချိန် ၁ သိန်းရှိတဲ့ ရေနံတင်သင်္ဘော ဖြစ်ပြီး ပါရှန်း ပင်လယ်ကွေ့ကို ဦးတည် နေ သည်။သူတို့က ပါရှန်း ပင်လယ်ကွေ့ နားမှာရှိတဲ့ ရေနံစိမ်းဆိပ်ကမ်းတစ်ခုကို ရောက်တော့ မှာ ဖြစ်သည်။
သင်္ဘောပေါ်တွင် ကပ္ပတိန်ကွမ်းယွမ်ခိုင် စိတ်ထဲ ကနေ တွေးလိုက်သည်။
“ငါတို့ မနက်ဖြန်ဆိုရင် ပါရှန်းပင်လယ်ကွေ့ကို ရောက်ပြီပဲ ”
သူ အဝေးက ပင်လယ်ပြင်ကို လျင်မြန်စွာ ကြည့် လိုက်တဲ့အခါ အနက်ရောင်အစက် သုံးစက်က သူတို့ နေရာကို ချဥ်းကပ်လာတာကို မြင်ခဲ့ရ သည်။အဲ့ဒါက မော်တော်ဘုတ် သုံးစီးပဲ ဖြစ်သည်။
“ဒါ ပင်လယ်ဓားပြတွေဖြစ်ရမယ်...”
သူ့ရင်ထဲတွင် တင်းကျပ်သွားပြီး မှန်ဘီလူးကို လျင်မြန်စွာ ကောက်ယူ၍ အဝေးကို ကြည့်လို က်ရာ သူ့ မျက်နှာက ရုတ်တရက် ပြောင်းလဲ သွားသည်။
“ဟုတ်တယ် ဒါ ပင်လယ်ဓားပြတွေ ဖြစ်ရ မယ်...”
မှန်ဘီလူးမှတဆင့် မော်တော်ဘုတ်ပေါ်မှ လူများ က လက်နက်များ ကိုင်ဆောင်ထားတာကို ရှင်း လင်းစွာ မြင်ခဲ့ရသည်။ဒါက ပင်လယ်ဓားပြ များ ဖြစ်တာ သေချာလှသည်။
“ပင်လယ်ဓားပြတွေ လာနေပြီ ..ပင်လယ်ဓားပြ တွေ လာနေပြီ”
သူ အမြန် အော်ဟစ်လိုက်သည်။ မကြာခင်မှာပဲ သင်္ဘောပေါ်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာ ခဲ့သည်။ ဒီနေရာတွင် ပင်လယ်ဓားပြများနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားကြပေ။
ဒါပေမဲ့ သူတို့ ကံမကောင်းခဲ့ပေ။
ပင်လယ်ဓားပြ မော်တော်ဘုတ် သုံးစီးက အရှိန် ပြင်းပြင်းဖြင့် မောင်းလာပြီး မကြာမီ သင်္ဘောကို ဝိုင်းရံထားကြသည်။ကိစ္စက ပုံမှန် အားဖြင့် ရင်ခုန်စရာမရှိတော့ပေ။
နာရီဝက်ခန့်သာ ကြာပြီးနောက် သင်္ဘောကို ပင်လယ်ဓားပြများက ထိန်းချုပ်လိုက်ပြီး လမ်းကြောင်းပြောင်းကာ အခြား နေရာကို ဦးတည်သွားကြသည်။
ကပ္ပတိန် ကွမ်းယွမ်ခိုင်အပါအဝင် သင်္ဘောပေါ် က သင်္ဘောသားများအားလုံးကို ပင်လယ်ဓားပြ များက အလယ်တွင် ထိန်းချုပ်ထားကြသည်။ ပြီးခဲ့တဲ့ နာရီဝက်က သူတို့ဟာ ပရိုတွန်အဖွဲ့ရဲ့ သင်္ဘောသားများဖြစ်သည်။ဒါပေမဲ့ အခုတော့ ပင်လယ်ဓားပြများရဲ့ လက်ထဲတွင် ဓားစာခံများ ဖြစ်နေသည်။
.....
လျူယောင် စာရွက်စာတမ်းများကို ကြည့်နေ ရင်း ကော်ဖီသောက်နေသည်။ ထိုအချိန် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
" ဒေါက် ဒေါက် ဒေါက်..."
ဟူဂျွန်းရှီ တံခါးခေါက်ပြီး ဝင်လာခဲ့ကာ သ တင်းပို့လိုက်သည်။
“အကိုယောင် ကျွန်တော် ခုလေးတင် သတင်း ရတယ်... ပရိုတွန်အဖွဲ့ရဲ့ ရေနံတင် သင်္ဘောတ စ်စင်းကို ပါရှန်းပင်လယ်ကွေ့အနီးမှာ ပင်လယ်ဓ ားပြတွေက ပြန်ပေးဆွဲသွားတယ်...သူတို့က အမေရိကန်ဒေါ်လာ သန်း ၅၀နဲ့ ပြန်ရွေးဖို့ တောင်းဆိုထားတယ်”
“ပါရှန်း ပင်လယ်ကွေ့အနီး မှာလား ဒါက အေဒ င်ပင်လယ်ကွေ့မဟုတ်ဘူးလေ အဲဒီမှာလည်း ပင်လယ်ဓားပြတွေ ပေါ်လာပြီပေါ့...."
လျူယောင် အံ့အားသင့်စွာ ထပ်မေး လိုက် သည်။
“မင်း သေချာလား... ပါရှန်းပင်လယ် ကွေ့အနီး က ပင်လယ်ပြင်က အမြဲတမ်း ဘေးကင်းတဲ့ ရေပြင်ဖြစ်ခဲ့တာကို....”
ဟူဂျွန်းရှီက သေချာစွာ ပြန်ဖြေလိုက်သည်။
“အကိုယောင် ဒါက တကယ်ကို ပါရှန်းပင်လယ် ကွေ့အနီးက ပင်လယ်ပြင်ဖြစ်ပြီး ပါရှန်း ပင် လယ်ကွေ့နဲ့ ရေမိုင် ၃၀၀ ကျော် ကွာဝေး ပါတယ်”
ဒီစကားကို ကြားတဲ့အခါ လျူယောင်ရဲ့ မျက်နှာ အမူအရာက တဖြည်းဖြည်း တည်ကြည် လာ သည်။ ဒီရေပြင်က Universal ၏ သင်္ဘောများ ဖြတ်သန်းသွားရမဲ့ နေရာဖြစ်ပြီး အဲ့ဒီ့နေရာတွင် ပင်လယ်ဓားပြများ ရှိနေသည် လေ။
ဟူဂျွန်းရှီကလည်း ဒီကိစ္စရဲ့ ဆိုးရွားမှု့ကို သိထားပုံရပြီး အစီရင်ခံလိုက်သည်။
“သင်္ဘောတိုင်းကို သေချာအာရုံစိုက်နေပြီး ပင် လယ်ဓားပြတွေကို သတိထားဖို့တော့ ကျွန် တော် မှာထားပါတယ်....”